လင်းယွမ်၏ အနာဂတ်အပိုင်းအစ....
Vol. 70 Ch. 984
လင်းယွမ်၏ အချိန်ဆွဲထားသော အကြံအစည်မှာ နောက်ဆက်တွဲအခြေအနေများကို စောင့်ကြည့်ရုံသာမက ပို၍ အရေးကြီးသည်မှာ လာမည့်နှစ်တစ်ထောင်အတွင်း သူအဆင့်တက်နိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန်ဖြစ်သည်။
လက်ရှိတွင် လင်းယွမ်အလေးထားသော အဆင့်တက်မှုမှာ သုံးခုသာ ရှိသည်။ ပထမတစ်ခုမှာ အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို အောင်မြင်ရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ဖရိုဖရဲထိုက်ကျိစွမ်းအားကို ဒုတိယအဆင့်သို့ မြှင့်တင်ရန်ဖြစ်သည်။ တတိယတစ်ခုမှာ ရိုဖရဲအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။
ထိုအဆင့်တက်မှုများထဲတွင် မည်သည့်အရာမဆို ဖြစ်လာခဲ့လျှင် လင်းယွမ်၏ စွမ်းအားက သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
" စုယင် အရောင်းအဝယ်ဘယ်လိုလဲ။ " ဒီယင်က မေးလိုက်သည်။
" တဖုရှေးဟောင်းနိုင်ငံဘက်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် လီယန်ရှေးဟောင်းနိုင်ငံဘက်ကတော့ နဂါးငွေ့တန်းက စဉ်းစားဦးမယ်လို့ပြောတယ်။ " စုယင်က ပြန်ဖြေလိုက်သည်။
" ဒါက ပုံမှန်ပါပဲ။ ငါဆိုရင်လည်း စဉ်းစားမှာပဲ။ " ဒီယင်က အံ့ဩခြင်းမရှိဘဲ ပြောလိုက်သည်။
ရှေးဟောင်းနိုင်ငံကြီးနှစ်ခုနှင့် အရောင်းအဝယ်လုပ်မည့် အခြေအနေများကို သူတို့ ရှင်းရှင်းလင်းလင်း သိထားကြသည်။ တဖုရှေးဟောင်းနိုင်ငံအတွက်မူ အလျော့အတင်း လုပ်ပေးနိုင်သော်လည်း လီယန်ရှေးဟောင်းနိုင်ငံအတွက် မည်သည့်အလျော့ပေးမှုမှ လုပ်မည်မဟုတ်ပေ။
" ဒါပေမယ့် သူတို့ ဘယ်လောက်ပဲစဉ်းစားစဉ်းစား။ လီယန်ရှေးဟောင်းနိုင်ငံက ဒီရတနာနယ်မြေကို လိုချင်နေသရွေ့ ငါတို့ကို သဘောတူရမှာပဲ။ " ဒီယင်က ပြုံး၍ ပြောလိုက်သည်။
" မှန်တယ်။ တကယ်တော့ နဂါးငွေ့တန်း ထွက်ပေါ်လာတာက ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံအတွက် ကောင်းတဲ့အချက်ပဲ။ " စုယင်ကလည်း ပြုံးလိုက်သ်
ည်။
အကယ်၍ နဂါးငွေ့တန်းသာ မရှိလျှင် တဖုရှေးဟောင်းနိုင်ငံက အနိုင်ရရှိမည်ဖြစ်ပြီး အခြားရှေးဟောင်းနိုင်ငံများ ပူးပေါင်းလျှင်တောင် တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက်များနေမည်ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက စျေးကြီးကြီးတောင်းဆိုနိုင်မည်မဟုတ်ပေ။ တဖုရှေးဟောင်းနိုင်ငံမှလွဲ၍ အခြားရှေးဟောင်းနိုင်ငံများကလည်း အရေးအဝယ် လုပ်ကြမည်မဟုတ်ပေ။ သို့သော် ယခု နဂါးငွေ့တန်းရှိနေခြင်းက တဖုရှေးဟောင်းနိုင်ငံကို စိုးရိမ်စေပြီး စုယင်၏ တောင်းဆိုချက်များကို သဘောတူရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် လက်ဝါးအရွယ် အိုးလေးတစ်လုံး ပျံဝဲနေသည်။ ၎င်းက အလွှာဆယ့်သုံးရတနာဖြစ်သော ကောင်းကင်လေဟာနယ်အိုးဖြစ်သည်။
အိုးအတွင်း နိယာမများစွာက လည်ပတ်နေပြီး လင်းယွမ်က ၎င်းတို့ကို နားလည်ရန် ကြိုးစားနေသည်။
" အလွှာဆယ့်သုံးရတနာ..." လင်းယွမ်က ဖြည်းညင်းစွာ ပျံဝဲနေသော အိုးလေးကို ကြည့်နေသည်။
ရင်းမြစ်ကမ္ဘာတွင် အလွှာဆယ့်သုံး ရတနာတစ်ခုကို လဲလှယ်ရန်အတွက် စွမ်းဆောင်မှုရမှတ် တစ်ထောင်ဘီလီယံလိုအပ်လေသည်။ ထိုသို့လဲလှယ်ထားသော အလွှာဆယ့်သုံး ရတနာတစ်ခုကို နှစ်ပေါင်း တစ်သောင်းသာ လေ့လာခွင့်ရှိပြီး နှစ်ပေါင်းတစ်သောင်းပြည့်လျှင် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။
လင်းယွမ်က အိုး၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်ပြီး ထိုအလွှာဆယ့်သုံး ရတနာ၏ အခြေခံအုတ်မြစ်မှာ နိယာမများမဟုတ်ဘဲ အတွင်းရှိ သိမ်မွေ့လှသော အချိန်အတိုင်းအတာများဖြစ်ကြောင်း နားလည်သွားခဲ့သည်။
" အချိန်အတိုင်းအတာလား။ " လင်းယွမ်၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားသည်။ သူက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ နယ်ပယ်ကို အမှန်တကယ် ထိတွေ့မိပြီဖြစ်ကြောင်း နားလည်လိုက်သည်။
" အနာဂတ်..." လင်းယွမ်က ထိုအိုးလေး၏ အချိန်အတိုင်းအတာများကို လေ့လာခြင်းဖြင့် ဝေဝါးနေသော ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။
လူသူကင်းမဲ့နေသော ကြယ်တာယာကောင်းကင်တစ်ခုတွင် လူငယ်တစ်ယောက်က သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ အကြည့်က အေးစက်နေပြီး ကောင်းကင်လေဟာနယ်အိုးကို အထူးနေရာတစ်ခုသို့ ပစ်လွှတ်လိုက်သည်။
ကောင်းကင်လေဟာနယ်အိုး၏ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင် ထိုနေရာက တစ်စစီ ပြိုကျသွားခဲ့သည်။ ထိုနေရာ၏ စိတ်ဝိညာဉ်မှာ ရူးသွပ်စွာ ရယ်မောပြီး ပျက်စီးသွားခဲ့သည်။ " ကြီးမြတ်တဲ့ အချိန်သက်ရှိက ငါ့အတွက် လက်စားချေလိမ့်မယ်။ "
ထိုနေရာကို ဖျက်စီးပြီးနောက် လူငယ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဦးတည်ချက်တစ်ခုသို့ လှည့်ကြည့်လိုက်သည်။ ပုံရိပ်များအတွင်းရှိ နေရာအများစုမှာ အလွန်ဝေဝါးနေပြီး ထိုလူငယ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်ဟုသာ လင်းယွမ်က ကောက်ချက်ချနိုင်ခဲ့သည်။ နောက်ဆုံးတွင် လူငယ်က သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ကောင်းကင်လေဟာနယ်အိုးကို စွန့်လွှတ်ကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ပုံရိပ်က ပြီးဆုံးသွားခဲ့သည်။ လင်းယွမ်က အတွေးများထဲတွင် နစ်မြောသွားသည်။ ထိုပုံရိပ်က အနာဂတ်ကို သရုပ်ဖော်ထားခြင်းဖြစ်ပေလိမ့်မည်။ ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုသူမှာ အမှန်တကယ် လင်းယွမ်ပင် ဖြစ်သည်။
သို့သော် သူက အနာဂတ်တွင် ဘာကြောင့် အရာအားလုံးကို စတေးပြီး ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုကာ အထူးနေရာတစ်ခုအား ဖျက်ဆီးခဲ့သည်ကို လင်းယွမ် နားမလည်နိုင်ခဲ့ပေ။
ဖရိုဖရဲဟင်းလင်းပြင်အတွင်း အထူးနေရာများက အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် ပက်သက်နေသည်။ အထူးနေရာတစ်ခုကို ဖျက်ဆီးလိုက်ခြင်းက ၎င်း၏ နောက်ကွယ်မှ အချိန်သက်ရှိကို သေချာပေါက် ရန်စလိုက်ခြင်းဖြစ်သည်။
ပုံရိပ်များ၏ နောက်ဆုံးအခိုက်အတန့်တွက် လူငယ်က သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်ခြင်းမှာ အချိန်သက်ရှိတစ်ယောက် ရောက်လာခြင်းကြောင့်ဟု ယူဆနိုင်သည်။ ပုံရိပ်များထဲတွင် မည်သည့်အချိန်၌ ဖြစ်ပျက်မည်ကို မသိရသော်လည်း သူ၏ တိုးတက်မှုနှုန်းအရ နှစ်အနည်းငယ်အတွင်း သူ၏ စွမ်းအားမှာ အလွှာဆယ့်သုံးအောက်ရှိ အထွတ်အထိပ်သို့ ရောက်ရှိနေပေလိမ့်မည်။ ထိုအချိန်တွင် အနှိုင်းမဲ့မဟာသူတော်စင်များက သူ၏ ရှေ့တွင် ခြိမ်းခြောက်မှုမဖြစ်နိုင်တော့ပေ။
ထိုကဲ့သို့သော အခြေအနေတွင် ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်းမှာ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ ခြိမ်းခြောက်မှုကြောင့်သာ ဖြစ်နိုင်သည်။ လင်းယွမ်က သူ့ကိုသူ ကောင်းစွာနားလည်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးခြင်းမှာ လုံးဝ သေဆုံးသွားခြင်းမဟုတ်ပေ။ ၎င်းက ထွက်ပေါက်တစ်ခု ဆုံးရှုံးသွားရုံသာဖြစ်ပြီး ရင်းမြစ်ကမ္ဘာတွင် သူ၏ မူလခန္ဓာမှာ ကောင်းမွန်စွာ ရှင်သန်နေပေလိမ့်မည်။
" ငါ့ရဲ့ စရိုက်နဲ့ဆိုရင် ဒီလောက် စိတ်လိုက်မာန်ပါ မလုပ်လောက်ပါဘူး။ ကောင်းကင်လေဟာနယ်အိုးကို အတင်းအကျပ် အသုံးပြုခဲ့တဲ့အပြင် အလွှာဆယ့်သုံး အချိန်သက်ရှိနဲ့ ပက်သက်နေတဲ့ အထူးနေရာတစ်ခုကိုပါ လုံးဝ ဖျက်ဆီးပစ်တာလား။ "
ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုခြင်းက ၎င်း၏ ပိုင်ရှင် အလွှာဆယ့်သုံး အချိန်သက်ရှိကို သတိပြုမိစေမည်ဖြစ်ပြီး အထူးနေရာတစ်ခုကို ဖျက်ဆီးခြင်းကလည်း ၎င်း၏ နောက်ကွယ်မှ အလွှာဆယ့်သုံး အချိန်သက်ရှိကို ရန်စလိုက်ခြင်းဖြစ်ကြောင်း လင်းယွမ်သိသည်။
အကျိုးဆက်နှင့် ပေးဆပ်မှုများက လင်းယွမ် ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။ သူက ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သောကြောင့် လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိကို မယှဉ်နိုင်သေးကြောင်း ပြသနေသည်။
" ဒါက ကြီးမားတဲ့ ရန်ငြိုးတစ်ခုခုကြောင့် ဖြစ်နိုင်မလား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ " လူသားမျိုးနွယ်လား။ "
သူက မိတ်ဆွေအများအပြားမရှိဘဲ ဖြစ်နိုင်ခြေရှိသော ရန်ငြိုးမှာ လူသားမျိုးနွယ်နှင့်သာ ဖြစ်နိုင်သည်။ သူက အနာဂတ်တွင် ဖရိုဖရဲဟင်းလင်းပြင်ရှိ အခြေခံအုတ်မြစ်အားလုံးကို စွန့်လွှတ်ပြီး ထိုနေရာကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ခြင်းမှာ သူတို့ကြားရှိ ဖြေရှင်းမရသော ရန်ငြိုးကို ပြသနေသည်။
ရန်ငြိုးတစ်ခုခုကြောင့်မဟုတ်ဘဲ ထိုနေရာ၏ စိတ်ဝိညာဉ်က သူ၏ လျို့ဝှက်ချက်တစ်ခုခုကို သိသွားသောကြောင့်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေအမျိုးမျိုးက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
" ကံမကောင်းတာက ငါက အချိန်သက်ရှိမဟုတ်သေးဘူး။ အနာဂတ်ပုံရိပ်အပိုင်းအစတစ်ခုကို မြင်ရုံနဲ့ တိကျတဲ့ အချက်အလက်တွေကို ဖော်ထုတ်ဖို့ ခက်ခဲနေတုန်းပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
လက်ရှိပုံရိပ်ထဲတွင် ဖော်ပြထားသော အချက်အလက်များက အလွန်နည်းပါးလှသည်။ နေရာများက အလွန်ဝေဝါးနေပြီး သူဖျက်ဆီးခဲ့သာ အထူးနေရာကပင် မထင်မရှားဖြစ်နေသည်။
အကယ်၍ အချိန်သက်ရှိတစ်ယောက်သာဖြစ်လျှင် ထိုအနာဂတ်အချိန်အတိုင်းအတာ၏ အသေးစိတ်အချက်အလက်များအားလုံးကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ အကြောင်းရင်းနှင့် ရလဒ်ကို သိကာ နောက်ဆုံးတွင် တုန့်ပြန်ရန် နည်းလမ်းကို စဉ်စားနိုင်မည် သို့မဟုတ် ထိူအချိန်အတိုင်းအတာအတိုင်း ဆက်သွားမလား မသွားဘူးလား ရွေးချယ်နိုင်လေသည်။
အလွှာဆယ့်သုံး အချိန်သက်ရှိများက သူတို့၏ အနာဂတ်များကို ရွေးချယ်ပိုင်ခွင့်ရှိကြသည်။ ဥပမာအားဖြင့် သူတို့မနှစ်သက်သော အနာဂတ်အချိန်အတိုင်းအတာများကို မြင်လျှင် ထိုအချိန်အတိုင်းအတာကို အမှတ်တစ်ခုမှနေ၍ လုံးဝ ရပ်တန့်ပစ်နိုင်သည်။
လင်းယွမ်က ကောင်းကင်လေဟာနယ်အိုးမှတစ်ဆင့် အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုချင်သော်လည်း ရုတ်တရက် သူ၏ စိတ်ဝိညာဉ်တွင် နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ကြည့်ရှုမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
အနာဂတ်အချိန်အတိုင်းအတာများက အလွှာဆယ့်သုံးနှင့် ဆက်စပ်နေပြီး လင်းယွမ်က ကောင်းကင်လေဟာနယ်အိုးကို အသုံးပြု၍ အနည်းငယ် ထိတွေ့နိုင်ခဲ့သော်လည်း ကြီးမားသော ကန့်သတ်ချက်များ ရှိသောကြောင့် ဆက်တိုက်ကြည့်ရှုနိုင်ခြင်းမရှိပေ။
" ထားလိုက်တော့ " လင်းယွမ်က သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။
အတိတ်က သတ်မှတ်ပြီးသားဖြစ်သော်လည်း အနာဂတ်က အကန့်အသတ်မရှိပေ။ စက္ကန့်တိုင်းက မရေတွက်နိုင်သော အနာဂတ်များကို ဖြစ်ပေါ်စေနိုင်ပြီး အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ပင်လျှင် အနာဂတ်အချိန်အတိုင်းအတာအားလုံးကို မမြင်နိုင်ပေ။