ဒုတိယအမြုတေတိုင်ကြီး...
Vol. 70 Ch. 985
" ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ တတ်နိုင်သမျှ သတိထားပြီး အေးအေးဆေးဆေး နေတာအကောင်းဆုံးပဲ။ အဲ့ဒီအထူးနေရာတွေနဲ့လည်း မပက်သက်ာတ ကောင်းတယ်။ "
ဖရိုဖရဲဟင်းလင်းပြင်မှ အရာအားလုံးကို စွန့်လွှတ်လိုက်ရခြင်းက ကြီးမားသော ဆုံးရှုံးမှုဖြစ်လေသည်။ တတ်နိုင်သမျှ မစွန့်လွှတ်ခြင်းက အကောင်းဆုံးဖြစ်သည်။ သူ၏ အစီအစဉ်အရ အလွှာဆယ့်သုံးသို့ မတက်လှမ်းမီအထိ ကြီးမားသော လှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ပေ။
ရင်းမြစ်ကမ္ဘာ၊ ရတနာနယ်မြေအတွင်း၌ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ တလင်းရှေးဟောင်းနိုင်ငံမှ လင်းယုက လင်းယွမ်ထံသို့ လာပြီး သူတို့သန့်စင်ထားသော အမြုတေတိုင် ၄၅တိုင်ကို လီယန်ရှေးဟောင်းနိုင်ငံနှင့် လဲလှယ်လိုကြောင်း ပြောခဲ့သည်။
ရွှမ်ယင်ရှေးဟောင်းနိုင်ငံနှင့်ယှဉ်လျှင် တလင်းရှေးဟောင်းနိုင်ငံ၏ တောင်းဆိုမှုက ပို၍ပင် လွန်ကဲလှသည်ာယ သူတို့က ရတနာနယ်မြေ၏ ပိုင်ဆိုင်မှုကို နှစ်ပေါင်းတစ်ဆယ်ထရီလီယံအထိ တိုက်ရိုက်လွှဲပြောင်းပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။
၎င်းမှာ လီယန်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် နှစ်ပေါင်းတစ်ဆယ်ထရီလီယံအတွင်း လီယန်ရှေးဟောင်းနိုင်ငံနှင့် သက်ဆိုင်မည်မဟုတ်ဘဲ ထွက်ရှိသမျှ ရတနာအားလုံးမှာ တလင်ရှေးဟောင်းနိုင်ငံက ပိုင်ဆိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
" နဂါးငွေ့တန်း ငါတို့ တလင်းရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၄၅တိုင်ကို သန့်စင်ထားတာပဲ။ အဲ့ဒါတွေကိုသာ မင်းတို့ရလိုက်ရင် တဖုရှေးဟောင်းနိုင်ငံကို တစ်ချက်တည်းနဲ့ ကျော်တက်သွားလိမ့်မယ်။ " လင်းယုက ပြောလိုက်သည်။
ယခုအချိန်တွင် ရတနာနယ်မြေကို သိမ်းပိုက်ရန် ဖြစ်နိုင်ခြေအရှိဆုံးမှာ တဖုရှေးဟောင်းနိုင်ငံနှင့် လီယန်ရှေးဟောင်းနိုင်ငံတို့ဖြစ်ကြပြီး သူတို့၏ နောက်တွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံရှိနေသည်။ ကျန်သော ရှေးဟောင်းနိုင်ငံသုံးခုက အခြေခံအားဖြင့် မျှော်လင့်ချက်မရှိပေ။
" ငါစဉ်းစားလိုက်ပါဦးမယ်။ " လင်းယွမ်က တိုက်ရိုက် ငြင်းဆိုခြင်းမပြုဘဲ ပြေလိုက်သည်။
" ကောင်းပါပြီ။ " လင်းယုက ခေါင်းညိမ့်လိုက်သည်။ အကယ်၍ လင်းယွမ်က ချက်ချင်း သဘောတူလိုက်လျှင် သူက ပို၍ပင် စိတ်မအေးဖြစ်ရပေလိမ့်မည်။
လင်းယုထွက်သွားပြီးနောက် ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ " ရွှမ်ယင်နဲ့ တလင်းတို့က ငါတို့ဆီကို ရာက်လာပေမယ့် ကျင်းလဲ့ရှေးဟောင်းနိုင်ငံက လုံးဝ မလာခဲ့ဘူး။ သူတို့က တဖုရှေးဟောင်းနိုင်ငံဘက်ကို လုံးဝ ပါသွားပြီထင်တယ်။ "
ကျင်းလဲ့ရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၃၈တိုင်ကို သန့်စင်ထားပြီး ၎င်းတို့ကို တဖုရှေးဟောင်းနိုင်ငံဘက်သို့ ပေအပ်လိုက်လျှင် တဖုရှေးဟောင်းနိုင်ငံ၏ အမြုတေတိုင် အရေအတွက်မှာ တစ်ရာကျော်သွားမည်ဖြစ်သည်။
" ကိစ္စမရှိဘူး။ စောင့်ကြည့်ကြတာပေါ့။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး ရုတ်တရက် ထူးခြားသော လှိုင်းတစ်ခုက ရတနာနယ်မြေအနှံ့အပြားသို့ ဖြတ်သန်းသွားခဲ့သည်။ ရှေးဟောင်းနိုင်ငံများမျ နတ်ဘုရားအရှင်သခင်များက ထိုလှိုင်းထွက်ပေါ်ရာသို့ ကြည့်လိုက်ကြသည်။
ဒုတိယအမြုတေတိုင်ကြီးက ထွက်ပေါ်လာခဲ့လေပြီ။
" အမြုတေတိုင်ကြီး..."
" ဒါက ဒုတိယမြောက် အမြုတေတိုင်ကြီးပဲ။ "
နတ်ဘုရားအရှင်သခင်များက ထူးခြားသော လှိုင်းများ ထွက်ပေါ်ရာနေရာသို့ အပြေးအလွှားသွားကြတော့သည်။ ပထမမြောက် အမြုတေတိုင်ကြီး ထွက်ပေါ်လာချိန်တွင် နောက်ထပ်အမြုတေတိုင်ကြီးနှစ်ခု ကျန်နေသေးသောကြောင့် နတ်ဘုရားအရှင်သခင်များက တဖုရှေးဟောင်းနိုင်ငံနှင့် တိုက်ခိုက်ရန် ဝန်လေးနေခဲ့ကြသည်။
သို့သော် ဒုတိယမြောက် အမြုတေတိုင်ကြီး ထွက်ပေါ်လာချိန်တွင် မည်သူမှ အလွယ်တကူလက်လွှတ်ကြတော့မည် မဟုတ်ပေ။ ပထမမြောက် အမြုတေတိုင်ကြီးကို လင်းယွမ်၏ လက်ထဲသို့ ရောက်ရှိသွားသော်လည်း ဖုရှုက ဒုတိယအမြုတေတိုင်ကြီးကို သိမ်းပိုက်ရန် သေချာပေါက် ထပ်မံလှုပ်ရှားလာကြပေလိမ့်မည်။
အချို့နတ်ဘုရားအရှင်သခင်များက ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေကြသည်။ တိုက်ပွဲဝင်ရန် လက်လျှော့ထားသော ရွှမ်ယင်ရှေးဟောင်းနိုင်ငံပင်လျှင် ဤတစ်ကြိမ်တွင် သေချာပေါက် လှုပ်ရှားကြပေလိမ့်မည်။ အကယ်၍ အမြုတေတိုင်ကြီးက သူတို့လက်ထဲသို့ ရောက်ရှိလာလျှင် လီယန်ရှေးဟောင်းနိုင်ငံ၊ တဖုရှေးဟောင်နိုင်ငံတို့နှင့် လဲလှယ်နိုင်ပေလိမ့်မည်။
" ဒီအမြုတေတိုင်ကြီးက ငါတို့ မန်ဟွမ်ရှေးဟောင်းနိုင်ငံအတွက် ဖြစ်ရမယ်။ " ပုံရိပ်တစ်ခုက အချိန်လေဟာနယ်ကို ဖြတ်ပြီး လျင်မြန်စွာ ပြေးထွက်သွားသည်။
" နဂါးငွေ့တန်း ဒုတိယမြောက် အမြုတေတိုင်ကြီး ပေါ်လာပြီ။ " ချီယန်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" အင်း " လင်းယွမ်က ပြောလိုက်သည်။ " ငါသွားကြည့်လိုက်ဦးမယ်။ " ပြောပြီးသည်နှင့် သူ၏ ပုံရိပ်က နေရာမှပျောက်ကွယ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း အသစ်ထွက်ပေါ်လာသော အမြုတေတိုင်ကြီးရှေ့တွင် ပုံရိပ်အချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပထမဆုံးအနေဖြင့် ဖုရှု၊ ထို့နောက် လင်းယွမ်နှင့် နောက်ဆုံးတွင် မြင့်မားသော ပုံရိပ်တို့ ရောက်ရှိလာကြသည်။
" ပထမဆုံးရောက်တာမဟုတ်ဘူးလား။ " လင်းယွမ်က ဖုရှုကို တစ်ချက်ကြည့်လိုက်သည်။
ထိုအမြုတေတိုင်ကြီး ထွက်ပေါ်လာသောနေရာမှာ ပထမတိုက်ထက် ရတနာနယ်မြေ၏ တစ်ဝက်ခန့် ဝေးကွာသော နေရာတွင် ရှိနေသည်။ ထို့ကြောင့် သူက ဖုရှုထက် အနည်းငယ် နောက်ကျနေခဲ့ခြင်းဖြစ်သည်။
" နဂါးငွေ့တန်း မင်းက အမြုတေတိုင်ကြီးတစ်ခု ရပြီးသွားပြီပဲ။ နောက်တစ်တိုင်ကိုပါလုယူဖို့ ကြံစည်နေတာလား။ " ဖုရှုက လင်းယွမ်ကို ပြုံး၍ မေးလိုက်သည်။
အနီးမှ မြင့်မားသော ပုံရိပ်ကလည်း သူတို့နှစ်ယောက်ကို အကဲခတ်နေသည်။
" ငါစမ်းကြည့်ရမှာပေါ့။ " လင်းယွမ်က ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ အကယ်၍ သူက ထိုအမြုတေတိုင်ကို သိမ်းပိုက်နိုင်လျှင် ပို၍ ကောင်းလေသည်။
" မန်ခွန်း မင်း ပထမအမြုတေတိုင်ကြီးဆီကို သွားပြီး စောင့်နေသင့်တယ်လို့ ငါထင်တယ်။ " ဖုရှုက မြင့်မားသော ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။
ထိုပုံရိပ်က မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ ခေါင်းဆောင် မန်ခွန်းပင်ဖြစ်သည်။ ယခုအချိန်တွင် သူ၏ အော်ရာက အချိန်လေဟာနယ်ကို ထိုးဖောက်နေပြီး အသန်မာဆုံးနတ်ဘုရားအရှင်သခင်နှစ်ယောက်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပုံရသည်။ သူက အမွေအနှစ်လက်နက်ကို အသက်သွင်းထားသည်မှာ ထင်ရှားလှသည်။
" ပထမ အမြုတေတိုင်ကြီးဆီသွားပြီး စောင့်နေရမှာလား။ " မန်ခွန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။
ဖုရှုဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်ရန် မခက်ခဲပေ။ ဖုရှုနှင့် လင်းယွမ်တို့ တိုက်ခိုက်နေချိန်တွင် လင်းယွမ်ကို ဖုရှုက ထိန်းချုပ်ထားမည်ဖြစ်သောကြောင့် ထိုအခွင့်အရေးကို အသုံးချပြီး ပထမဆုံး အမြုတေတိုင်ကြီးကို သိမ်းပိုက်ရန်ဖြစ်သည်။
လင်းယွမ်က ဖုရှုကို တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူသန့်စင်ထားသော အမြုတေတိုင်ကြီးအနီးတွင် နတ်ဘုရားအရှင်သခင်များ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။ သူသာ ဤနေရာတွင် ပိတ်မိနေလျှင် သူသန့်စင်ထားသော အမြုတေတိုင်ကြီးက အန္တရာယ်ရှိနိုင်လေသည်။
ချီယန်က ပထမဆုံး အမြုတေတိုင်ကြီးကို ဖုရှုအား အလွယ်တကူ လက်လွှတ်ပေးခဲ့ခြင်းမှာ အမြုတေတိုင်ကြီးတစ်ခုကို သိမ်းပိုက်ထားပြီးသားဖြစ်သော ဖုရှုက ဒုတိယအမြုတေတိုင်ကြီးကို သိမ်းပိုက်နိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။
ဖုရှုက ကိုယ်ပွားများကို စေလွှတ်နိုင်သော်လည်း ထိုကိုယ်ပွားများက သူ၏ မူလခန္ဓာကိုယ်နှင့်ယှဉ်လျှင် အလွန်အားနည်းပြီး ကြာရှည်စွာ ခုခံနိုင်မည်မဟုတ်ပေ။
အမှန်တော့ လင်းယွမ်၏ စွမ်းအားနှင့် အခြေခံအရ သူက အမြုတေတိုင်ကြီးနှစ်တိုင်ကို လုံးဝ ကာကွယ်ထားနိုင်စွမ်းရှိသည်။ သူက ရတနာနယ်မြေအတွင်း၌ ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်နှစ်ခုကို ပြန်လည်စုစည်းကာ ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ပေါင်းစည်းရန်သာ လိုအပ်သည်။
ထိုက်ကျိမူလစိတ်ဝိညာဉ်နှင့် သူ၏ မူလခန္ဓာကိုယ်က အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို တပြိုင်နက်ထုတ်ဖော်နိုင်သည်။ သို့သော် ထိုက်ကျိမူလစိတ်ဝိညာဉ်က သူ၏ ဝှက်ဖဲဖြစ်သည်။ ၎င်းက သူ့ကို ဒုတိယမြောက် အမြုတေတိုင်အား သိမ်းပိုက်ခွင့်ပေးနိုင်သော်လည်း တဖုရှေးဟောင်းနိုင်ငံထက် ပိုမိုများပြားသော အမြုတေတိုင်များကို သန့်စင်စေနိုင်မည်မဟုတ်ပေ။
ထိုက်ကျိမူလစိတ်ဝိညာဉ်ကို အချိန်မတိုင်မီ ထုတ်သုံးလိုက်ခြင်းက အခြားနတ်ဘုရားအရှင်သခင်များကို သတိထားသွားစေနိုင်ပြီး လင်းယွမ်၏ နောက်ဆက်တွဲလှုပ်ရှားမှုများကို အတားအဆီးဖြစ်စေနိုင်သည်။ ထို့အပြင် ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ထုတ်သုံးလိုက်လျှင်တောင် တတိယအမြုတေတိုင်ကြီး ထွက်ပေါ်လာသောအခါ ဖုရှု၏ သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည်မဟုတ်ပေ။
သူ၏ အစီအစဉ်အရ ရတနာနယ်မြေပြိုင်ပွဲပြီးဆုံးချိန်တွင် သူအဆင့်မတက်သေးလျှင် ထိုအချိန်ကျမှ ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ထုတ်ဖော်ကာ အချိန်တိုအတွင်း အမြုတေတိုင်များကို အတတ်နိုင်ဆုံး သိမ်းပိုက်သန့်စင်ရန်ဖြစ်သည်။
" အကြံကောင်းပဲ။ " လင်းယွမ်က ဖုရှုကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ငါမင်းကို ကြည့်မရဘူး။ ဒါကြောင့် ဒီအမြုတေတိုင်ကြီးကို မန်ဟွမ်ရှေးဟောင်းနိုင်ငံကို ပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ။
" နဂါးငွေ့တန်း မင်း..." ဖုရှု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထိုခဏတွင် ဖရိုဖရဲထိုက်ကျိသင်္ကေတက အဆုံးမရှိ ကျယ်ပြန့်လာပြီး ဖုရှုကို အတွင်းတွင် ပိတ်လှောင်ထားလိုက်သည်။
" ဟားဟား ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်း။ " မန်ခွန်းက အလွန်ဝမ်းသာသွားသည်။ နဂါးငွေ့တန်းက ဖုရှုကို တားဆီးထားသောကြောင့် သူက အမြုတေတိုင်ကြီးကို သန့်စင်ရန် အချိန်ရသွားပြီဖြစ်သည်။
မည်သည့်အနှောက်အယှက်မှမရှိသောကြောင့် မန်ခွန်းက အမြုတေတိုင်ကြီးကို ချက်ချင်း သန့်စင်လိုက်သည်။ ထိုအချိန်တွင် လင်းယွမ်က ဖရိုဖရဲထိုက်ကျိသင်္ကေတကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်နှာပျက်နေသော ဖုရှုကို တစ်ချက်ကြည့်လိုက်သည်။
" ဒီအမြုတေတိုင်ကြီးက ပိုင်ရှင်ရှိသွားပြီဆိုတော့ ငါသွားတော့မယ်။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သူသန့်စင်ထားသော အမြုတေတိုင်ကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။