← Chapters

ဖရိုဖရဲအဆင့်သို့ တက်လှမ်းခြင်း...

Vol. 70 Ch. 986

ဖရိုဖရဲအဆင့်သို့ တက်လှမ်းခြင်း...

Vol. 70 Ch. 986

လင်းယွမ်က အမြုတေတိုင်ကြီးအနီးသို့ ပြန်ရောက်လာချိန်တွင် လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက စိတ်အေးသွားကြသည်။

" နဂါးငွေ့တန်း မင်းလုပ်တာမှန်တယ်။ " ချီယန်က ပြောလိုက်သည်။ သူကလည်း ဒုတိယမြောက် အမြုတေတိုင်ကြီးမှ အချက်အလက်များကို ရရှိထားပြီးဖြစ်သည်။

ဖုရှုက လင်းယွမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း လင်းယွမ်တွင် ရွေးချယ်စရာများ ရှိနေသည်။ သူက ဖုရှုကို တားဆီးပြီး မန်ခွန်းကို အကျိုးရှိစေခြင်းဖြင့် ဖုရှု၏ အစီအစဉ်ကို ဖျက်စီးလိုက်ခြင်းဖြစ်သည်။

" ဟားဟား နဂါးငွေ့တန်း ဒီရတနာနယ်မြေကို ဘယ္သူပဲရရ ပြန်ရောက်တဲ့အခါ ငါမင်းကို ဧည့်ခံဦးမယ်။ " မန်ခွန်းထံမှ သတင်းစကားတစ်ခုကို လင်းယွမ်က ရရှိလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " မင်း ဖုရှုကို တားဆီးနိုင်ပါ့မလား။ "

" ပြဿနာမရှိဘူး။ " မန်ခွန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ဒုတိယမြောက် အမြုတေတိုင်ကြီးရှေ့တွင် ဖုရှုက မန်ခွန်းကို စိုက်ကြည့်နေသည်။

" ဖုရှု မင်းသာ ငါ့ကို အစွမ်းကုန်တိုက်ခိုက်ရင် တဖုရှေးဟောင်းနိုင်ငံက သန့်စင်ထားတဲ့ အခြားအမြုတေတိုင်တွေ လုယူခံရမွာ မကြောက်ဖူးလား။ " မန်ခွန်း၏ ရှေ့တွင် နှလုံးသားတစ်ခု ပေါ်လာပြီး ၎က ပြန့်ကားလာကာ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို ကာကွယ်ထားလိုက်သည်။

" ဟမ်း " ဖုရှုက အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့သည်။

အကယ်၍ သူက ဤနေရာတွင် အစွမ်းကုန် တိုက်ခိုက်နေလျှင် လီယန်ရှေးဟောင်းနိုင်ငံမှ နဂါးငွေ့တန်းက ထိုအခွင့်အရေးကို အသုံးချပြီး တဖုရှေးဟောင်းနိုင်ငံမှ အမြုတေတိုင်များကို လုယူသွားနိုင်ခြေများလေသည်။

တဖုရှေးဟောင်းနိုင်ငံက သန့်စင်ထားသော အမြုတေတိုင်များမှာ လီယန်ရှေးဟောင်းနိုင်ငံထက် သာလွန်နေပြီး ပုံမှန်အားဖြင့် သူစောင့်ကြပ်နေလျှင် နဂါးငွေ့တန်းအတွက် အခွင့်အရေးမရှိပေ။ သို့သော် သူက ဤနေရာတွင် ပိတ်မိနေလျှင် နဂါးငွေ့တန်းက ငြိမ်နေမည်မဟုတ်ပေ။

ဖုရှုထွက်သွားသည်ကို မြင်သောအခါ မန်ခွန်းက စိတ်သက်သာရာရသွားသည်။

" မန်ခွန်း " မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ အခြားနတ်ဘုရားအရှင်သခင်များက စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်လာကြသည်။

" ဒီတစ်ခါ အမြုတေတိုင်ကြီးကို သိမ်းပိုက်နိုင်တာက နဂါးငွေ့တန်းရဲ့ ကျေးဇူးကြောင့်ပဲ။ " မန်ခွန်းက ပြောလိုက်သည်။

နဂါးငွေ့တန်းက ဖုရှုကို မတားဆီးပေးခဲ့လျှင် မန်ခွန်းအနေဖြင့် အောင်မြင်ရန် အာမခံချက်မရှိပေ။ နဂါးငွေ့တန်းက ဆုတ်ခွာခြင်းမရှိဘဲ ဖုရှုကို တားဆီးခဲ့သောကြောင့် သူက နဂါးငွေ့တန်းကို အလွန်ကျေးဇူးတင်မိလေသည်။

" တကယ်လို့ ဒီတစ်ခါ ငါတို့ မန်ဟွမ်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးဆိုရင် ငါပိုင်တဲ့ အမြုတေတိုင်အားလုံးကို နဂါးငွေ့တန်းနဲ့ပဲ လဲလှယ်လိုက်တော့မယ်။ " မန်ခွန်းက စိတ်ထဲမှ တွေးလိုက်သည်။ ၎င်းမှာ နဂါးငွေ့တန်းက သူ့ကို ကူညီခဲ့ပြီး တဖုရှေးဟောင်းနိုင်ငံနှင့် ရန်ငြိုးရှိသောကြောင့် ဖြစ်သည်။

မကြာမီ မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ ဒုတိယမြောက်အမြုတေတိုင်ကြီးကို သန့်စင်လိုက်သည့်သတင်းက ရတနာနယ်မြေအတွင်းရှိ နတ်ဘုရားအရှင်သခင်များကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

" မန်ခွန်းပ ဒုတိယမြောက် အမြုတေတိုင်ကြီးကို သန့်စင်လိုက်ပြီလား။ "

" ဟားဟား အဲ့ဒီအကြောင်းငါသိတယ်။ ဖုရှုကို နဂါးငွေ့တန်းက တမင်တားဆီးပေးခဲ့လို့ မန်ခွန်းက သန့်သင်နိုင်ခဲ့တာပဲ။ "

" နဂါးငွေ့တန်းက တဖုရှေးဟောင်းနိုင်ငံကို ရန်စမိသွားမှာမကြောက်ဘူးလား။ "

" ရန်စမိတော့ရော ဘာဖြစ်လဲ။ နဂါးငွေ့တန်းရဲ့ စွမ်းအားနဲ့ တဖုရှေးဟောင်းနိုင်ငံကို ကြောက်စရာမလိုဘူး။ "

" အဲ့ဒါလည်း ဟုတ်တာပဲ။ သူက အသန်မာဆုံးနတ်ဘုရားအရှင်သခင် တစ်ယောက်ကိုး။ " နတ်ဘုရားအရှင်သခင်များက အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့က အမြုတေတိုင်ကြီးအတွက် ယှဉ်ပြိုင်ရန် သွားခဲ့ကြသော်လည်း သူတို့မရောက်မီ အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းခြောက်ရာ ကြာသွားခဲ့သည်။ ထိုအချိန်အတွင်း တတိယမြောက် အမြုတေတိုင်ကလည်း ထွက်ပေါ်လာခဲ့ပြီး ဖုရှုက သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ရတနာနယ်မြေ၏ အမြုတေတိုင်ကြီး သုံးတိုင်ကို လီယန်ရှေးဟောင်းနိုင်ငံ၊ မန်ဟွမ်ရှေးဟောင်းနိုင်ငံနှင့် တဖုရှေးဟောင်းနိုင်ငံတို့က ပိုင်ဆိုင်သွားခဲ့သည်။

အမြုတေတိုင်ကြီး သုံးတိုင်လုံးထွက်ပေါ်လာပြီးနောက်တွင် ရတနာနယ်မြေအတွင်းမှ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ အခြေအနေက တင်းမာလာခဲ့သည်။ ရတနာနယ်မြေပြိုင်ပွဲက နောက်ဆုံးအဆင့်သို့ ရောက်လာသည်နှင့်အမျှ တိုက်ပွဲများက ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး ဖရိုဖရဲထိုက်ကျိစွမ်းအားကို နားလည်ရန် ကြိုးစားနေသည်။

" ဟမ် " လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ အော်ရာက တဖြည်းဖြည်း ပြည့်စုံလာပြီး အထွတ်အထိပ်သို့ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်။

" ငါ ကဏ္ဍာအားလုံးမှာ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။ " ဖရိုဖရဲအဆင့်ကို တက်လှမ်းဖို့ အချိန်ကျပြီ။ "

လင်းယွမ်၏ နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကြောင့် လွှမ်းမိုးခြင်းအဆင့်မှ ဖရိုဖရဲအဆင့်သို့ တက်လှမ်းခြင်းက မည်သည့်အခက်အခဲမှ ရှိမနေပေ။ ယခုအချိန်ထိ ကြာနေခြင်းမှာ သူက ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ ရောက်ရန် စောင့်ဆိုင်းနေသောကြောင့်ဖြစ်သည်။

" တိုက်ရိုက်ပဲတက်လှမ်းလိုက်တော့မယ်။ " လင်းယွမ်က တွန့်ဆုတ်မနေတော့ဘဲ သူ၏ အသက်အနှစ်သာရကို မြှင့်တင်ရန် စတင်လိုက်သည်။

ဝုန်း...

လင်းယွမ်၏ စိတ်စွမ်းအားများက အတားအဆီးများကို ထိုးဖောက်လိုက်သကဲ့သို့ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သူ၏ ရုပ်ခန္ဓာကလည်း အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်ကလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ သူ၏ အတွင်းစကြာဝဠာကလည်း အလားတူ ဆင့်ကဲပြောင်းလဲလာခဲ့သည်။

ထိုတိုးတက်မှုက လွှမ်းမိုးခြင်းအဆင့်မှ ဖရိုဖရဲအဆင့်သို့ ရောက်ရှိရုံသာမက လွှမ်းမိုးခြင်းအဆင့်မှ ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်းဖြစ်သည်။

လင်းယွမ်က ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲပြီးသားဖြစ်သောကြောင့် ဖရိုဖရဲအဆင့်သို့ တက်လှမ်းလိုက်သည်နှင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်းဖြစ်သည်။ သူက ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန် ရွေးချယ်လိုက်သောအခါ သူ၏ အတွင်းစကြာဝဠာက ထပ်မံကျယ်ပြန့်လာပြီး အချိန်လေဟာနယ်က ပိုမိုပြည့်စုံလာကာ ဖရိုဖရဲဟင်းလင်းပြင်နှင့် ပိုတူလာခဲ့သည်။

ကျောက်စိမ်းဘူးသီးခြောက်လေးက တုန်ခါသွားပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အနီးတွင်ရပ်လျက် သူ၏ အတွင်းစကြာဝဠာ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။

" နောက်ဆုံးတော့ ဖရိုဖရဲအဆင့်ကို ရောက်သွားပြီပဲ။ " အနီရောင်ဝတ်စုံနှင့်မိန်းကလေးက သက်ပြင်းချလိုက်သည်။

အကယ်၍ လင်းယွမ်သာ ဖရိုဖရဲအဆင့်သို့ မရောက်လျှင် သူမ၏ နားလည်ထားမှုများကို သူမကိုယ်တိုင် သံသယဝင်မိပေလိမ့်မည်။

" သူက ဖရိုဖရဲအဆင့်ကို ရောက်သွားပြီဆိုတော့ ဘယ်လောက်တောင် သန်မာသွားပြီလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေမိသည်။ " ထူးခြားတာ ဘာမှဖြစ်မလာဘူးဆိုရင် သူက အဆုံးမဲ့ဟင်းလင်းပြင် ကျင့်ကြံသူတွေထဲမှာ အစွမ်းထက်ဆုံးသူတစ်ယောက် ဖြစ်လာမှမဟုတ်လား။ "

လင်းယွမ်၏ အတွင်းစကြာဝဠာက အဆုံးမဲ့ဟင်းလင်းပြင်၏ ဆဋ္ဌမအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူမက တွေးမိသည်။ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်သာရှိသေးပြီး စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်တို့ ကျန်ရှိနေသေးသည်။ ထို့ကြောင့် တိုးတက်ရန် နေရာများစွာ ရှိနေသည်။

" အပြည့်အဝ မဖြစ်ပေါ်သေးတဲ့ အထူးနေရာတွေ..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အတွင်းစကြာဝဠာအတွင်းမှ အထူးနေရာများကို ကြည့်လိုက်သည်။ အတွင်းစကြာဝဠာကြီးထွားလာသည်နှင့်အမျှ ထိုအထူးနေရာများကလည်း လျင်မြန်စွာ ပြောင်းလဲနေကြသည်။

" အချိန်သက်ရှိတွေက အမြင့်ဆုံးမှာ ရှိနေတာပဲ။ သူတို့က အထူးနေရာတွေကို ဖွင့်လှစ်ပေးခဲ့တာက ပျင်းလို့မဟုတ်ဘူး။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးကတွေးလိုက်သည်။

အချိန်သက်ရှိများက အလွှာဆယ့်သုံးအောက်မှ ကိစ္စရပ်များကို ဂရုစိုက်မည်မဟုတ်ပေ။ သူတို့ချန်ခဲ့သော အမွေအနှစ်များကိုပင် ဂရုစိုက်မည်မဟုတ်သော်လည်း အထူးနေရာများကိုမူ ဂရုစိုက်ကြသည်။

လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းချိန်တွင် ပိုမိုတည်ငြိမ်နေပြီး စွမ်းအားလှိုင်းများ ထွက်ပေါ်ခြင်းမရှိခဲ့ပေ။ သူ၏ အသက်အနှစ်သာရ ပြောင်းလဲမှုနှင့် အဘက်ဘက်မှ တိုးတက်မှုအားလုံးက တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့သည်။

" ဖရိုဖရဲအဆင့် " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ အမြင်တွင် ဖရိုဖရဲဟင်းလင်းပြင်က တဖန်ပြောင်းလဲသွားခဲ့ပြန်သည်။ အချိန်လေဟာနယ်၏ အနှစ်သာရ၊ နိယာမများ၏ လည်ပတ်မှုများကို အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်သည်။

" ဖရိုဖရဲဟင်းလင်းပြင် " လင်းယွမ်က မရေတွက်နိုင်သော သက်ရှိများကို မွေးထုတ်ပေးသော ဖရိုဖရဲဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များအတွက်ပင် ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြောလှပြီး တစ်သက်လုံးခရီးနှင်လျှင်တောင် နေရာအနှံ့ရောက်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ဖရိုဖရဲဟင်းလင်းပြင်က နယ်နိမိတ်များ ရှိနေသည်ကို လင်းယွမ်က အာရုံခံမိလိုက်ပြီး ထိုနယ်နိမိတ်များက မည်သည့်နေရာတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရှိနေသည်မှာ သေချာသည်။

All Chapters