အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်...
Vol. 70 Ch. 987
" တကယ် ကျယ်ပြောတာပဲ။ " လင်းယွမ်အနေဖြင့် ဖရိုဖရဲဟင်းလင်းပြင်ကို ထိုမျှရှင်းရှင်းလင်းလင်း ခံစားမိသည်မှာ ပထမဆုံး အကြိမ်ပင်ဖြစ်သည်။
" ဟမ် " လင်းယွမ်၏ အကြည့်က အခြားကမ္ဘာတစ်ခုကို လွှမ်းခြုံထားသော ဖရိုဖရဲဟင်းလင်းပြင်၏ တည်နေရာဆုံမှတ်အချို့ပေါ်သို့ ကျရောက်သွားသည်။
" ဒီဆုံမှတ်တွေက အထူးနေရာတွေ ဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။ " အလွှာဆယ့်သုံးအချိန်သက်ရှိတွေက အထူးနေရာတွေကို ဖန်တီးတာဟာ အဲ့ဒီနေရာတွေက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ ချို့ယွင်းချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ပဲ။ "
လင်းယွမ်၏ လက်ရှိအဆင့်က အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ဝေးကွာနေဆဲဖြစ်သော်လည်း သူက အနှစ်သာရများကို ခွဲခြားနိုင်ပြီး ထိုအထူးနေရာများ၏ အသုံးဝင်ပုံကို အနည်းငယ် နားလည်လာခဲ့သည်။
ဖရိုဖရဲဟင်းလင်းပြင်က မည်မျှကျယ်ပြောလှသည်ဖြစ်စေ အမှန်တကယ် ပြည့်စုံနေခြင်းမျိုးမဟုတ်ဘဲ ချို့ယွင်းချက်အချို့ ရှိနေသေးသည်။ ထိုချို့ယွင်းချက်များက အန္တရာယ်မရှိသော်လည်း အမှန်တကယ် တည်ရှိနေခြင်းဖြစ်သည်။
စကြာဝဠာခေတ်သန်းအနည်းငယ်အတွင်း ဖရိုဖရဲဟင်းလင်းပြင်၏ လည်ပတ်မှုကို မယှဉ်နိုင်သော်လည်း အချိန်ကာလများစွာ ကြာသောအခါ ထိုချို့ယွင်းချက်များက ကြီးထွားလာပြီး နောက်ဆုံးတွင် ဖရိုဖရဲဟင်းလင်းပြင်ကို ပျက်စီးခြင်းသို့ပင် တွန်းပို့နိုင်သည်။
ထို့ကြောင့် ဖရိုဖရဲဟင်းလင်းပြင်၏ လည်ပတ်မှုကို ထိန်းသိမ်းရန်အတွက် အလွှာဆယ့်သုံး အချိန်သက်ရှိများက အထူးနေရာများကို ဖန်တီးကာ အဓိကနေရာများကို ဖိနှိပ်ချုပ်ကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ဖယ်ရှားပေးခဲ့သည်။
" အနာဂတ်မှာ ငါက ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုပြီး အထူးနေရာတစ်ခု ပျက်စီးသွားခဲ့အချိန်မှာ အချိန်သက်ရှိတစ်ယောက် ချက်ချင်း ရောက်လာတာ မထူးဆန်းတော့ပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်သုံး အောက်ရှိ သက်ရှိများက အထူးနေရာများကို ဖျက်စီးလိုလျှင်တောင်ဖျက်စီးနိုင်စွမ်းမရှိကြပေ။ သို့သော် လင်းယွမ်က သူ၏ ကြောက်စရာကောင်းသော စွမ်းအားနှင့် အလွှာဆယ့်သုံး ရတနာဖြစ်သော ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုလိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအားက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားပြီး ထိုအထူးနေရာက ချက်ချင်း ပျက်စီးသွားခဲ့သည်။
" ဒါပေမယ့် ဒီအမြင်အရဆို အလွှာဆယ့်သုံးကလည်း အရာအားလုံးကို တတ်နိုင်တာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ သူတို့မြင်ရတဲ့ အနာဂတ်အချိန်းအတိုင်းအတာတွေက အစအဆုံးအကုန်လုံးတော့မဟုတ်ဘူး။ တကယ်လို့ သူတို့က အချိန်အတိုင်းအတာ တစ်ခုလုံးကို မြင်နိုင်ခဲ့ရင် ငါက အဲ့ဒီအထူးနေရာကို ဖျက်စီးဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အခိုက်အတန့်တိုင်းတွင် မရေတွက်နိုင်သော အချိန်အတိုင်းအတာများ ထွက်ပေါ်နေသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများက ထိုအချိန်အတိုင်းအတာများ၏ အစိတ်အပိုင်းအချို့ကိုသာ မြင်တွေ့နိုင်သည်။ ထိုအထူးနေရာ၏ နောက်ကွယ်မှ အလွှာဆယ့်သုံး အချိန်သက်ရှိက လင်းယွမ် ၎င်းကို ဖျက်ဆီးမည့် အချိန်အတိုင်းအတာကို မြင်တွေ့ခြင်းမရှိသလောက်ပင်ဖြစ်သည်။
" ငါ့ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ကို ပုံတူကူးထားတာပဲ။ ဒါ့ကြောင့် ဖရိုဖရဲဟင်းလင်းပြင်က ဖုံးကွယ်နေတဲ့ ချို့ယွင်းချက်တွေက ငါ့ရဲ့ အတွင်းစကြာဝဠာမှာလည်း ရှိနေမှာပဲ။ အထူးနေရာတွေကို ဖန်တီးတာက အတွင်းစကြာဝဠာအတွက် တကယ်အကျိုးကျေးဇူးများလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရတနာများကို ပေါင်းစာ်းရန် ပြောခဲ့ခြင်းမှာ မမှားပေ။
" အပြင်ထွက်ပြီး လမ်းလျှောက်ကြတာပေါ့။ " သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံပြီးနောက် လင်းယွမ်က ဖြည်းညင်းစွာ ထရပ်လိုက်သည်။
ခဏအတွင်း သူက နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေမှ ထွက်ခွာသွားပြီး ဟင်းလင်းပြင်နယ်မြေပေါင်းများစွာ ဝေးသော နေရာတွင် ပေါ်လာသည်။ နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်သောအခါ သူက နောက်ထပ် ဟင်းလင်းပြင်နယ်မြေပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့သည်။
ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ပင် ဟင်းလင်းပြင်နယ်မြေတစ်ခုကို ဖြတ်ကျော်ရန် အချိန်အတော်အတန် ယူရမည်ဖြစ်သည်။ ဟင်းလင်းပြင်နယ်မြေထောင်ချီသောင်းချီကို ဖြတ်ကျော်ရန် နှစ်ပေါင်းတစ်သောင်း သို့မဟုတ် တစ်သိန်း ကြာပေလိမ့်မည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ အရှိန်က အနည်းငယ် ပိုမြန်သော်လည်း အလွန်ဆုံး အချိန်အနည်းငယ် လျော့ချနိုင်ရုံသာဖြစ်သည်။ သို့သော် လင်းယွမ်က ခြေတစ်လှမ်းစီတိုင်းတွင် ဟင်းလင်းပြင်နယ်မြေများစွာကို ဖြတ်ကျော်ပြီး သူ၏ အရှိန်က မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသည်။
" ဟမ် " သုံးလေးလှမ်း ဆက်တိုက်လှမ်းပြီးနောက် လင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် သူနှင့် ဆက်နွယ်နေသော ကြောင်းကျိုးဆက်နွယ်မှုနှစ်ခုကို အာရုံခံမိလိုက်သည်။
" နဝမဖီးနစ် မင်းသေချင်တယ်ဆိုရင်လည်း ငါ့ကို ဆွဲမထည့်နဲ့လေ။ " အနက်ရောင်နှင့် အနီရောင်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံနေသည့်ကြားမှ အရိပ်နတ်ဆိုးမဟာသူတော်စင်က သူ့ကို လိုက်လံတိုက်ခိုက်နေသော နဝမဖီးနစ်မဟာသူတော်စင်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာတွင် နဂါးငွေ့တန်းမဟာသူတော်စင်က သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများအား ဖျက်ဆီးခြင်းကို ကြည့်ခြင်ဖြင့် နဂါးငွေ့တန်းမဟာသူတော်စင်က သူတို့အပေါ် အလွန်မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။
အရိပ်နတ်ဆိုးမဟာသူတော်စင်က အကြောင်းရင်းကို မသိသော်လည်း နဂါးငွေ့တန်းမဟာသူတော်စင်ကဲ့သို့ အစွမ်းထက်သူကို ဒေါသထွက်အောင် လုပ်မိခြင်းက သူ့ကို အလွန်စိုးရိမ်စေခဲ့သည်။ သို့သော် ယခုအချိန်တွင် နဝမဖီးနစ်မဟာသူတော်စင်က သူ့ကို လိုက်လံတိုက်ခိုက်နေရုံသာမက သူမ၏ အော်ရာကိုလည်း တမင်ထုတ်လွှတ်ထားခဲ့သည်။
ထိုအချိန်တွင် နဝမဖီးနစ်မဟာသူတော်စင်က နဂါးငွေ့တန်းမဟာသူတော်စင်၏ အာရုံကို ဆွဲဆောင်ပြီး သေမင်းကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။ ထို့ကြောင့် အရိပ်နတ်ဆိုးမဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာအနီးရှိ ဟင်းလင်းပြင်နယ်မြေနှင့် ဝေးရာသို့ ထွက်ပြေရန် ရွေးချယ်ခဲ့သည်။
ယခုအခါ သူတို့က ရွှမ်ဟွမ်စကြာဝဠာနှင့် ဟင်းလင်းပြင်နယ်မြေ တစ်သောင်းကျော် ဝေးကွာသောနေရာသို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာသို့ရောက်မှ သူ၏ စိတ်ထဲတွင် လုံခြုံမှုရှိသည်ဟု ခံစားခဲ့ရသည်။
" နဝမဖီးနစ် မင်း နဂါးငွေ့တန်းမဟာသူတော်စင်ကို ဆွဲဆောင်ချင်တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် နဂါးငွေ့တန်းမဟာသူတော်စင်က ငါတို့နောက် လိုက်မလာဘူးဆိုတာ ထင်ရှားနေတာပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်က လိုက်လိုက် မလိုက်လိုက်။ ငါက နင့်ကို ဆက်ပြီး တိုက်ခိုက်နေမှာပဲ။ " နဝမဖီးနစ်မဟာသူတော်စင်က ပြတ်သားစွာ ပြောလိုက်သည်။
ယခင် ရွှမ်ဟွမ်စကြာဝဠာတွင် သူတို့က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသောကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူမက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ခဲ့လျှင် သူမ၏ ဆွေမျိုးများကို ပြန်လည်အသက်သွင်းနိုင်မည်ဖြစ်သည်။
" ဒါက အဓိပ္ပါယ်မရှိဘူး။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က နဝမဖီးနစ်ကို အေးစက်စွာ ကြည့်လိုက်သည်။ " ငါလည်း မဟာသူတော်စင်ပဲ။ မင်လည်းမဟာသူတော်စင်ပဲ။ ငါ့ကို တိုက်ခိုက်နေလို့ ဘာထူးမှာလဲ။ နဂါးငွေ့တန်းမဟာသူတော်စင်လို အစွမ်းထက်တဲ့သူတောင် ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုပဲ ဖျက်ဆီးနိုင်မှာ ငါ့ကို လုံးဝသတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ "
ဖရိုဖရဲမဟာသူတော်စင်များက အသက်ကယ်နည်းလမ်းများစွာကို ပြင်ဆင်ထားကြသည်။ မဟာသူတော်စင်တစ်ယောက်ကို အပြီးတိုင် သတ်ဖြတ်ပစ်ရန်မှာ သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်များ တတ်နိုင်သောအရာမဟုတ်ပေ။
နဂါးငွေ့တန်းမဟာသူတော်စင်၏ ရန်လိုမှုကို အာရုံခံမိပြီးနောက် အရိပ်နတ်ဆိုးမဟာသူတော်စင်က စိုးရိမ်ခဲ့ရသည့် အကြောင်းရင်းမှာ နဂါးငွေ့တန်းမဟာသူတော်စင်က သူ့ကို မသတ်နိုင်သော်လည်း သူ၏ ဘဝကို ခက်ခဲအောင် လုပ်နိုင်လေသည်။
နဝမဖီးနစ်မဟာသူတော်စင်က ဘာမှပြန်မပြောဘဲ အရိပ်နတ်ဆိုးမဟာသူတော်စင်ကိုသာ ဆက်လက်တိုက်ခိုက်နေခဲ့သည်။
" အရူးမ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ဒေါသထွက်သွားပြီး ကူကယ်ရာမဲ့သွားသည်။
ဟင်းလင်းပြင်နယ်မြေထောင်ချီအဝေးတွင် လင်းယွမ်က အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲကို စိုက်ကြည့်နေသည်။
" သူတို့နဲ့ လာဆုံလိမ့်မယ်လို့ မထင်ထားဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာမှ ထွက်လာပြီးနောက် သူတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို လင်းယွမ်က ခံစားမိခဲ့သည်။ ထိုစဉ်က သူတို့နောက်သို့ လိုက်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့ခဲ့ရသည်။
အကြောင်းမှာ သူက ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ အလွှာဆယ့်သုံးရတနာ ကောင်းကင်လေဟာနယ်အိုးကို ရရှိထားပြီး အကျိုးအမြတ်များစွာ ရရှိထားပြီဖြစ်သောကြောင့် ကိစ္စများကို ရှုပ်ထွေးအောင် မလုပ်လိုခြင်းဖြစ်သည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူတို့ကို လိုက်လံသတ်ဖြတ်လျှင်တောင် သူတို့က အမှန်တကယ် သေဆုံးမည်မဟုတ်ဘဲ အသက်ကယ်နည်းလမ်းများမှတစ်ဆင့် ပြန်လည်ရှင်သန်လာနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းပြီးနောက် အလွှာဆယ့်သုံးသို့ ခြေလှမ်းတစ်ဝက်ရောက်နေသော ဧကရာဇ်ရွှမ်ဟွမ်ကို မကျော်လွန်သေးသော်လည်း အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့က အဆင့်တက်ခါစ မဟာသူတော်စင်များသာဖြစ်သည်။ လင်းယွမ်က သူတို့ကို အပြီးတိုင်သတ်ဖြတ်နိုင်ရန် ကြိုးစားကြည့်နိုင်လေသည်။
" ကောင်းပြီ။ အဲ့ဒီကြောင်းကျိုးဆက်နွယ်မှုကို အပြီးသတ် ဖြေရှင်းလိုက်ကြတာပေါ့။ " လင်းယွမ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားခဲ့သည်။