← Chapters

ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း...

Vol. 70 Ch. 988

ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း...

Vol. 70 Ch. 988

အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့က တိုက်ခိုက်နေကြချိန်တွင် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ရွေ့လျားသွားပြီး ကြောက်စရာကောင်းသော ဖိအားတစ်ခုက သူတို့အပေါ်သို့ ဆင်းသက်လာသည်ကို ခံစားလိုက်ရသည်။

" ဘယ်သူလဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က အလွန်ထိတ်လန့်သွားသည်။ ထိုကဲ့သို့သော စွမ်းအားက ယခင်က နဂါးငွေ့တန်းထက်ပင် ကျော်လွန်နေသည်။

နဝမဖီးနစ်မဟာသူတော်စင်ကလည်း သတိထားစောင့်ကြည့်နေသည်။ ထိူအချိန်တွင် လေထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မဟာသူတော်စင်နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်လား။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က မှင်သက်သွားခဲ့သည်။ သူက နဂါးငွေ့တန်းနှင့် မည်သည့်ကြောင်းကျိုးဆက်နွယ်မှုကိုမှ အာရုံမခံမိခဲ့ပေ။

" နဂါးငွေ့တန်းမဟာသူတော်စင် " နဝမဖီးနစ်မဟာသူတော်စင်က များစွာကြောက်ရွံ့ခြင်းမရှိပေ။ အနည်းဆုံးတော့ နဂါးငွေ့တန်းမဟာသူတော်စင်၏ လက်ထဲတွင် အရိပ်နတ်ဆိုးရော သူမပါ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်းမဟာသူတော်စင် ကျုပ်မင်းကို ဘယ်တုန်းက စော်ကားမိလဲမသိပေမယ့် အဲ့ဒီအမှားအတွက် ဘယ်လိုတန်ဖိုးမျိုးပဲ ပေးရပေးရ ပြန်လျော်ပေးဖို့ အဆင်သင့်ပါပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ချက်ချင်း ပြောလိုက်သည်။

ထိုရုပ်ခန္ဓာ သေဆုံးသွားခြင်းက အမှန်တကယ် သေဆုံးခြင်းမဟုတ်သော်လည်း ထိုကဲ့သို့ ဆက်ဖြစ်နေလျှင် နည်းလမ်းမရှိပေ။ နဂါးငွေ့တန်းမဟာသူတော်စင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်နှင့် ရန်သူဖြစ်နေခြင်းက သူ့ကို ဘာမှမလုပ်နိုင်သကဲ့သို့ ခံစားရစေသည်။

" ပြန်လျော်ပေးမှာလား။ " လင်းယွမ်က အရိပ်နတ်ဆိုးမဟာသူတော်စင်ကို တစ်ချက်ကြည့်ပြီး ပြုံး၍ ပြန်ပြောလိုက်သည်။ " မလိုဘူး။ "

နောက်ခဏတွင် အရိပ်နတ်ဆိုးမဟာသူတော်စင်၏ အမြင်အာရုံများက ဝေဝါးလာခဲ့သည်။

" ဘာလဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ဦးရေပြားများ ထုံကျဉ်သွားခဲ့သည်။ ထိုခဏအတွင်း သူ၏ ကြောက်ကျိုးဆက်နွယ်မှုများအားလုံး အသက်ကယ်နည်းလမ်းများအပါအဝင် အားလုံးမှာ စတင်ကွယ်ပျောက်နေသည်ကို အာရုံခံမိလိုက်သည်။

" ငါတကယ်ပဲ သေရတော့မှာလား။ " ထိုအတွေးမှာ အရိပ်နတ်ဆိုးမဟာသူတော်စင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သူက ချက်ချင်း ရုန်းကန်ကာ ပြန်လည်ဝင်စားခြင်းအတွက် သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို လွတ်မြောက်အောင် ကြိုးစားလိုက်သည်။

သို့သော် ထိုခဏတွင် အရိပ်နတ်ဆိုးမဟာသူတော်စင်၏ စိတ်အသိတစ်ခုလုံးက လုံးဝ ပြိုလဲသွားခဲ့ပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ဆက်စပ်သမျှ အရာအားလုံးက သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

" သေသွားပြီလား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက သူ၏ စွမ်းအားအားလုံးကို အသုံးပြုပြီး အရိပ်နတ်ဆိုးမဟာသူတော်စင်၏ ကြောင်းကျိုးဆက်နွယ်မှုအားလုံးကို ချက်ချင်း ပိတ်ဆို့ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

" အရိပ်နတ်ဆိုး..." ဘေးမှ နဝမဖီးနစ်မဟာသူတော်စင်က မှင်သက်နေသည်။ အရိပ်နတ်ဆိုးမဟာသူတော်စင်သေဆုံးသွားခြင်းကို သူမ မအံ့ဩပေ။

နဂါးငွေ့တန်းမဟာသူတော်စင် ရွှမ်ဟွမ်စကြာဝဠာတွင် ပြခဲ့သော စွမ်းအားအရ သာမန်မဟာသူတော်စင်ကြီးများဖြစ်သော သူတို့နှစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ သာမန်ကိစ္စသာဖြစ်သည်။ သို့သော် နဝမဖီးနစ်မဟာသူတော်စင်ကို ထိတ်လန့်သွားစေသည်မှာ အရိပ်နတ်ဆိုးမဟာသူတော်စင် သေဆုံးသွားပြီးနောက် ကြောင်းကျိုးဆက်နွယ်မှု အားလုံး လုံးဝ ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။

၎င်းက ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။ တစ်ခုမှာ အရိပ်နတ်ဆိုးမဟာသူတော်စင်က အမှန်တကယ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တစ်ခုမှာ သူက အရာအားလုံးကို စွန့်လွှတ်၍ ပြန်လည်ဝင်စားသွားခြင်းဖြစ်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင် အရိပ်နတ်ဆိုး သူ..." နဝမဖီးနစ်မဟာသူတော်စင်က ကြောက်ရွံ့ခြင်းမရှိဘဲ လင်းယွမ်ကို ကြည့်လိုက်သည်။

" လုံးဝ သေဆုံးသွားပါပြီ။ " လင်းယွမ်က နဝမဖီးနစ်မဟာသူတော်စင်ကို ကြည့်လိုက်သည်။ သူက သူမ၏ ကြောင်းကျိုးဆက်နွယ်မှုအားလုံးကို ပိတ်ဆို့ထားပြီဖြစ်သောကြောင့် သူမကို အတွေးတစ်ချက်နှင့် အပြီးတိုင် ဖျက်ဆီးပစ်နိုင်သည်။

" သေပြီ သေပြီ ဟားဟားဟား.... ကောင်းတယ် သေတာကောင်းတယ်...." နဝမဖီးနစ်မဟာသူတော်စင်က ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူမ၏ စိတ်ကူးထဲတွင် မြင်ချင်ခဲ့သော မြင်ကွင်းက ယခုအခါ အမှတ်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။

" ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းမဟာသူတော်စင်။ " နဝမဖီးနစ်မဟာသူတော်စင်၏ အမူအရာက တည်ငြိမ်သွားပြီး အေးချမ်းမှုနှင့် လွတ်လပ်မှု အရိပ်အယောင်များ ပေါ်လာသည်။ " အခု နဂါးငွေ့တန်းမဟာသူတော်စင် ကိုယ်တိုင်လှုပ်ရှားဖို့ မလိုတော့ပါဘူး။ "

ထို့နောက် နဝမဖီးနစ်မဟာသူတော်စင်၏ ခန္ဓာကိုယ်တစ်ခုလုံးက လောင်ကျွမ်းသွားခဲ့သည်။ သူမ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်အသိအားလုံးက လောင်ကျွမ်းသွားခဲ့သည်။ သူမ၏ မူလခန္ဓာကိုယ်သာမက သူမ၏ အသက်ကယ်နည်းလမ်းများအားလုံး လောင်ကျွမ်းသွားခဲ့သည်။

" အကိုတို့ အမတို့... ညီမလေး လာပါပြီ။ " အဆုံးမရှိ မီးတောက်များ၏ လောင်ကျွမ်းပြီး နဝမဖီးနစ်မဟာသူတော်စင်က သူမကိုသူမ လုံးဝ ဖျက်စီးသွားခဲ့တော့သည်။

" ကိုယ့်ကိုကိုယ် ဖျက်ဆီးသွားတာလား။ " လင်းယွမ်က တဖြည်းဖြည်း လွင့်ပျံသွားသော မီးတောက်များကို ကြည့်ပြီး သူ၏ အတွေးများက လှုပ်ရှားသွားသည်။

မဟာသူတော်စင်တစ်ယောက်က ကိုယ့်ကိုကိုယ် ဖျက်ဆီးရန် အလွန်ခက်ခဲလှသည်။ ထိုကဲ့သို့ အစွမ်းထက်သူများကို သတ်ဖြတ်နိုင်သည်၊ ဖိနှိပ်နိုင်သည်။ သို့သော် သူတို့ကိုယ်တိုင်လိုလိုလားလားနှင့် ကိုယ့်ကိုကိုယ် ဖျက်ဆီးသွားရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

သို့သော် နဝမဖီးနစ်မဟာသူတော်စင် သူမနှင့် ကြောင်းကျိုးဆက်နွယ်မှုများအားလုံးအပါအဝင် အသက်ကယ်နည်းလမ်းများကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

" ကံကြမ္မာက ပြီးဆုံးသွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ပင်မစကြာဝဠာက ပျက်စီးသွားခဲ့ပြီး လူသားမျိုးနွယ်က ဖရိုဖရဲဟင်းလင်းပြင်သို့ ခက်ခဲစွာ ပေါင်းစည်းခဲ့သည်အထိ အားလုံးက ထိုမဟာသူတော်စင်နှစ်ယောက်ကြောင့်ဖြစ်သည်။ ယခုအခါ တစ်ဖက်က လုံးဝကျဆုံးသွားပြီဖြစ်သောကြောင့် သူတို့ကြားမှ ရန်ငြိုးများကလည်း ပြေလည်သွားခဲ့ပြီဖြစ်သည်။

ဖရိုဖရဲမီးတောက်များက ပျောက်ကွယ်သွားပြီး အနီရောင်သလင်းကျောက်တစ်ခု ပေါ်လာသည်။ လင်းယွမ်က ၎င်းကို တစ်ချက်ကြည့်ပြီး ထိုအနီရောင်သလင်းကျောက်ကို ဖမ်းယူလိုက်သည်။

ထိုသလင်းကျောက်အတွင်း၌ ဖရိုဖရဲမီးတောင်မျှင်လေးများ ပါဝင်နေသည်။ ၎င်းက မများသော်လည်း အလွန်သန့်စင်လှသည်။

" ဒါက နဝမဖီးနစ်မဟာသူတော်စင်ရဲ့ ဖရိုဖရဲမီးတောက်လား။ " လင်းယွမ်က သလင်းကျောက်ကို ကြည့်လိုက်သည်။

အခြားအင်အားကြီးသူများက ထိုသလင်းကျောက်နှင့် ပေါင်းစပ်နိုင်လျှင် နဝမဖီးနစ်မဟာသူတော်စင်၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို လျင်မြန်စွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော ရတနာမျိုးကို လင်းယွမ်က ကြားသာကြားဖူးပြီး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် ၎င်းကို မမြင်ဖူးခဲ့ကြပေ။

" တစ်စုံတစ်ယောက်ရဲ့ တာအိုက ဆက်လက်တည်ရှိနေရင် ဒါက လုံးဝပျက်စီးသွားတယ်လို့ ပြောလို့မရဘူး။ " လင်းယွမ်က အနီရောင်သလင်းကျောက်ကို အတွင်းစကြာဝဠာထဲတွင် သိမ်းဆည်းပြီး ဖရိုဖရဲကုန်းမြေသို့ ပြန်သွားခဲ့သည်။

ရင်းမြစ်ကမ္ဘာ ရတနာနယ်မြေအတွင်း၌ လင်းယွမ်ကလည်း ဖရိုဖရဲအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။

" အချိန်လေဟာနယ်..." လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားများကို ခံစားနေသည်။

ဖရိုဖရဲအဆင့်ကို တက်လှမ်းပြီးနောက် အသက်အနှစ်သာရက ပြောင်းလဲသွားပြီး အဆင့်အတန်းကလည်း မြင့်မားသွားခဲ့သည်။ ထိုရတနာနယ်မြေ၏ အချိန်လေဟာနယ် ဖိနှိပ်မှုက သူ့အပေါ် မရှိသလောက်ဖြစ်သွားခဲ့သည်။

" ရင်းမြစ်ကမ္ဘာရဲ့ မူလနယ်မြေတွေ..." လင်းယွမ်၏ အကြည့်က နက်ရှိုင်းလာပြီး ရတနာနယ်မြေမှတစ်ဆင့် အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာများကို မြင်လိုက်ရသည်။

အကယ်၍ ရင်းမြစ်ကမ္ဘာကို မြင့်မားသော သစ်ပင်ကြီးတစ်ပင်အဖြစ် နှိုင်းယှဉ်လျှင် ရတနာနယ်မြေက ထိုအပင်၏ အသီးနှင့်တူသည်။ ထိုသစ်ပင်မှ ကြွေကျလာသော အသီးများက ထိုရတနာနယ်မြေများ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ စုယင်၏ ကိုယ်ပွားတစ်ခု ဆင်းသက်လာခဲ့သည်။

" နဂါးငွေ့တန်း မင်းစဉ်းစားပြီးပြီလား။ " " စုယင်က အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။

သူက လွန်ခဲ့သော နှစ်ခြောက်ရာခန့်က အမြုတေတိုင်များကို အသုံးပြုပြီး နဂါးငွေ့တန်းနှင့် ကုန်သွယ်ရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် နဂါးငွေ့တန်းက သူတစ်ယောက်တည်း ဆုံးဖြတ်၍ မရဟုဆိူကာ စဉ်းစားနေခဲ့သည်မှာ ယခုတိုင်အောင်ဖြစ်သည်။

နှစ်ခြောက်ရာ ကြာသည်အထိ နဂါးငွေ့တန်းက စဉ်းစားဦးမည်ဟုသာ ပြောနေခဲ့သည်။ ရိုးရှင်းသော ကုန်သွယ်မှုတစ်ခုကို နဂါးငွေ့တန်းက နှစ်ပေါင်းခြောက်ရာအထိ အချိန်ဆွဲနေခဲ့သည်။

ထိုအချက်က စုယင်၏ စိတ်ရှည်မှုကို လုံးဝ ကုန်ဆုံးသွားစေခဲ့သည်။ အကယ်၍ လီယန်ရှေးဟောင်းနိုင်ငံကို တောင်းဆိုထားသော အခြေအနေများက တဖုရှေးဟောင်းနိုင်ငံထက် များစွာ သာလွန်နေခြင်းကြောင့်သာမဟုတ်လျှင် စုယင်က တဖုရှေးဟောင်းနိုင်ငံနှင့် အရောင်းအဝယ် ပြုလုပ်ပြီးခဲ့ပြီဖြစ်သည်။

All Chapters