← Chapters

အားလုံးကို ရှင်းပစ်လိုက်ရုံပေါ့...

Vol. 70 Ch. 989

အားလုံးကို ရှင်းပစ်လိုက်ရုံပေါ့...

Vol. 70 Ch. 989

" ဘာကိုစဉ်းစားရမှာလဲ။ " လင်းယွမ်က စုယင်ကို တစ်ချက်ကြည့်လိုက်သည်။

" ဘာ..." စုယင်က အံ့အားသင့်သွားခဲ့သည်။

" နဂါးငွေ့တန်း ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်။ " စုယင်က စိတ်ထဲမှ ဒေါသကို ထိန်းချုပ်လိုက်သည်။

နဂါးငွေ့တန်းက အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဖြစ်သော်လည်း စုယင်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ နဂါးငွေ့တန်း၏ တုန့်ပြန်မှုက သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။

" ငါ့ကို ဒီလိုအမူအရာနဲ့ စကားပြောရဲတယ်ပေါ့။ " လင်းယွမ်က စုယင်ကို ကြည့်လိုက်သည်။

ဝုန်း...

လင်းယွမ်က လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံဖြင့် အချိန်လေဟာနယ်လှိုင်းတစ်ခုက စုယင်၏ ကိုယ်ပွားကို တိုက်ရိုက် ချေမှုန်းသွားခဲ့သည်။

" နဂါးငွေ့တန်း မင်း..." မကြာမီ စုယင်က နောက်ထပ် ကိုယ်ပွားတစ်ခုကို ထပ်မံစုစည်းလိုက်သည်။ သူက လင်းယွမ်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေသည်။

အကယ်၍ ၎င်းက ရတနာနယ်မြေ၏ အပြင်ဘက်တွင်ဖြစ်လျှင် အသန်မာဆုံးနတ်ဘုရားအရှင်သခင်ကို ထိုကဲ့သို့ ပြောခြင်းက သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်သည်။ သို့သော် ယခုက ရတနာနယ်မြေအတွင်းဖြစ်ပြီး လီယန်ရှေးဟောင်းနိုင်ငံက ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အကူအညီကို လိုအပ်နေသည်။

" ငါလိုချင်တဲ့အရာကို အရောင်းအဝယ်လုပ်ပြီး ရယူဖို့ မလိုဘူး။ " လင်းယွမ်က စုယင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ထွက်သွားတော့။ "

ဝုန်း...

စုယင်၏ ကိုယ်ပွားက နောက်တစ်ကြိမ် ပေါက်ကွဲသွားခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် သူက ပြန်ပေါ်မလာတော့ပေ။

" ကောင်းတယ် ကောင်းတယ်။ " ရွှမ်ယင်ရှေးဟောင်းနိုင်ငံဘက်တွင် စုယင်၏ မျက်လုံးများက ခက်ထန်နေသည်။

နဂါးငွေ့တန်း၏ လုပ်ရပ်နှင့် စကားများကြောင့် သူတို့၏ အရောင်းအဝယ်က ပျက်စီးသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ နဂါးငွေ့တန်းက ထိုသို့လုပ်ရသည့် အကြောင်းရင်းကို သူမသိသော်လည်း တဖုရှေးဟောင်းနိုင်ငံနှင့် အရောင်းအဝယ်ကို အမြန်ပြီးပြတ်အောင် လုပ်ရမည်ဖြစ်သည်။

အကယ်၍ တဖုရှေးဟောင်းနိုင်ငံက ၎င်းကို သိသွားလျှင် လီယန်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို စွန့်လွှတ်လိုက်ပြီဟု ထင်ကာ သူ၏ တောင်းဆိုချက်များကို လျှော့ချပစ်နိုင်လေသည်။

" နဂါးငွေ့တန်း " စုယင်က သက်ပြင်ချလိုက်ပြီး ကိုယ်ပွားတစ်ခုကို တဖုရှေးဟောင်းနိုင်ငံသို့ စေလွှတ်လိုက်သည်။

စုယင်ကို မောင်းထုတ်ပြီး မကြာမီ တလင်းရှေးဟောင်းနိုင်ငံမှ လင်းယုကလည်း ရောက်ရှိလာသည်။

" နဂါးငွေ့တန်း စဉ်းစားပြီးပြီလား။ " လင်းယုကလည်း ကုန်သွယ်မှုအတွက် လာရောက်တိုင်တွန်းခြင်းဖြစ်သည်။ ရတနာနယ်မြေအတွက် ယှဉ်ပြိုမှုက အဆုံးသတ်ခါနီးပြီဖြစ်သောကြောင့် သူက ကူန်သွယ်မှုကို အမြန်အပြီးသတ်လိုနေသည်။

" စဉ်းစားနေဖို့မလိုတော့ဘူး။ " လင်းယွမ်က လင်ယုကို ကြည့်ပြီး တိုက်ရိုက်ပြောလိုက်သည်။ " မင်း တဖုရှေးဟောင်းနိုင်ငံနဲ့ ကုန်သွယ်ချင်ရင် သွားလုပ်လိုက်တော့။ "

" မင်း..." လင်းယုက မှင်သက်သွားပြီး ထိုစကားကို နားမလည်နိုင်ဖြစ်သွားသည်။

အကယ်၍ တလင်းရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံနှင့် ကုန်သွယ်မှုပြီးမြောက်သွားလျှင် တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို ရရှိရန် သေချာသလောက်ဖြစ်သွားပြီဖြစ်သည်။ လီယန်ရှေးဟောင်းနိုင်ငံအတွက် ဘာမျှော်လင့်ချက်မှ ကျန်တော့မည်မဟုတ်ပေ။

" ထွက်သွား " လင်းယွမ်က လက်ဝှေ့ရမ်းလိုက်ရာ လင်းယု၏ ကိုယ်ပွားကလည်း ချက်ချင်း ပျက်စီးသွားခဲ့သည်။

" နဂါးငွေ့တန်း ဘာဖြစ်လို့လဲ။ " ချီယန်က ထွက်လာခဲ့သည်။ လင်းယွမ်၏ လုပ်ရပ်များကို သူကလည်း နားမလည်ခဲ့ပေ။

" သူတို့နဲ့ ကုန်သွယ်ဖို့ မလိုတော့ဘူး။ " လင်းယွမ်က ချီယန်ကိုကြည့်ပြီး ပြောလိုက်သည်။ " သူတို့က ဘယ်လိုတောင်းဆိုရမလဲဆိုတာပဲသိကြတယ်။ "

" တောင်းဆိုချက်တွေက တကယ်ပဲ လွန်ကဲလွန်းတယ်။ " ချီယန်ကလည်း တိတ်ဆိတ်သွားသည်။

ရွှမ်ယင်နှင့် တလင်းရှေးဟောင်းနိုင်ငံများ၏ တောင်းဆိုချက်များက လွန်ကဲသည်ကို သူတို့သိသော်လည်း ရတနာနယ်မြေကို ရယူလိုလျှင် လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

" ဟမ် " ချီယန်က စကားပြောရန် ပြင်လိုက်စဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ " တဖုရှေးဟောင်းနိုင်ငံက ရွှမ်ယင်၊တလင်းတို့နဲ့ ကုန်သွယ်မှုလုပ်ပြီးသွားပြီ။ "

" အခုတော့ အားလုံးပြီးဆုံးသွားပြီ။ " ချီယန်က သက်ပြင်းချလိုက်သည်။

ထိုရှေးဟောင်းနိုင်ငံသုံးခု၏ ကုန်သွယ်မှုက လျို့ဝှက်ချက်တစ်ခုမဟုတ်သည့်အပြင် ဖုရှုက ထိုသတင်းကို တမင်ဖြန့်လိုက်ခြင်းဖြစ်သည်။

" ဒီရှေးဟောင်းနိုင်ငံသုံးခုမှာ အမြုတေတိုင်တွေက ၁၀၈တိုင်နီးပါး ရှိတယ်။ ဒါက စုစုပေါင်း အမြုတေတိုင်ရဲ့ တစ်ဝက်ကျော်ပဲ။ ပြီးတော့ ကျင်းလဲ့ရှေးဟောင်းနိုင်ငံက အမြုတေတိုင်တွေလည်း ရှိသေးတယ်။ " ချီယန်က စိတ်ပျက်သွားခဲ့သည်။

" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံနဲ့ ရတနာနယ်မြေအတွက် ဘယ်လိုယှဉ်နိုင်တော့မှာလဲ။ "

ယခုအခြေအနေတွင် လီယန်ရှေးဟောင်းနိုင်ငံက ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။ အကယ်၍ မန်ဟွမ်ရှေးဟောင်းနိုင်ငံနှင့် လီယန်ရှေးဟောင်းနိုင်ငံတို့ ပူးပေါင်းလျှင်တောင် တစ်ဖက်ကို ယှဉ်နိုင်စွမ်းမရှိတော့ပေ။

" ဒါက ရိုးရှင်းပါတယ်။ " လင်းယွမ်က ချီယန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " အားလုံးကို ရှင်းပစ်လိုက်ရုံပေါ့။ "

ထိုစကားများက ချီယန်ကို တုန့လှုပ်သွားစေခဲ့သည်။ အားလုံးကို ရှင်းထုတ်ပစ်မှာလား။ လင်းယွမ်၏ စွမ်းအားက အမှန်တကယ် ခန်းမှန်းရခက်လှပြီး ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များနှင့် တစ်တန်းတည်းရှိနေသည်။

သို့သော် ဖုရှုကလည်း အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဖြစ်သောကြောင့် သူတို့ကြားတွင် ကွာဟချက်ရှိလျှင်တောင် ကြီးကြီးမားမားရှိမည်မဟုတ်ပေ။ ချီယန်၏ အမြင်တွင် အန်မာဆုံး နတ်ဘုရားအရှင်သခင်များက ဘိုးဘေးအောက်တွင် အသန်မာဆုံးဖြစ်ပြီး သူတို့ကို ရှင်းပစ်ရန် ဘိုးဘေးတစ်ယောက်သာ တတ်နိုင်ပေလိမ့်မည်။ သို့သော် လင်းယွမ်က ဘိုးဘေးမဟုတ်ပေ။

လင်းယွမ်က ထပ်မံရှင်းပြမနေတော့ဘဲ လက်တစ်ချက်ဝှေ့ရမ်းလိုက်ရာ သူတို့၏ ရှေ့တွင် ရတနာနယ်မြေ၏ မြေပုံတစ်ခုပေါ်လာသည်။ အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေက ကျယ်ပြေလှပြီး အချိန်လေဟာနယ်က အလွန်နက်ရှိုင်းလှသည်။

သို့သော် ရှေးဟောင်းနိုင်ငံခြောက်ခုမှ နတ်ဘုရားအရှင်သခင်များ၏ စူးစမ်းရှာဖွေမှုများ ပြုလုပ်ပြီးနောက် အခြေခံအားဖြင့် ရတနာနယ်မြေ၏ မြေပုံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြေပုံပေါ်တွင် အလင်းစက်ပေါင်း သုံးရာကျော်ရှိနေပြီး ၎င်းတို့အထဲတွင် သုံးစက်မှာ ပို၍ ကြီးနေသည်။

ချီယန်ကလည်း လင်းယွမ်ဖန်တီးလိုက်သော ရတနာနယ်မြေ၏ မြေပုံကို မြင်လိုက်ရသည်။

" ဒီနေရာက စကြတာပေါ့။ " လင်းယွမ်က ရတနာနယ်မြေ၏ မြေပုံကို ကြည့်ပြီး ထောင့်တစ်နေရာမှ အမြုတေတိုင်တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုနေရာမှ စတင်ရှင်းလင်းခြင်းက ရတနာနယ်မြေတစ်ခုလုံးကို အချိန်တိုအတွင်း ပျံ့နှံ့နိုင်လေသည်။

" ငါနဲ့လိုက်ခဲ့။ " လင်းယွမ်က ချီယန်ကို ကြည့်လိုက်သည်။

" ကောင်းပြီ။ " ချီယန်က နားမလည်နိုင်ဖြစ်နေသည်။ သူက လင်းယွမ်၏ ရည်ရွယ်ချက်ကို ရိပ်မိသော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

ဝှစ်...

အချိန်လေဟာနယ်က တွန့်လိမ်သွားပြီး ခဏအတွင်း လင်းယွမ်က ချီယန်ကို ထောင့်တစ်နေရာမှ အမြုတေတိုင်သို့ ခေါ်ဆောင်သွားသည်။

" ဒီလောက်တောင်မြန်တာလား။ " ချီယန်က စိတ်ထဲမှ ထိတ်လန့်သွားသည်။

ထိုအကွာအဝေးမှ ရတနာနယ်မြေ၏ တစ်ဝက်ခန့်မဝေးသော်လည်း အနည်းဆုံး ဆယ်ပုံတစ်ပုံတော့ ဝေးကွာလေသည်။ ထိုအကွာအဝေးကို လင်းယွမ်က ချီယန်ကို ခေါ်ပြီး ချက်ချင်း ရောက်ရှိလာခြင်းဖြစ်သည်။

" နဂါးငွေ့တန်းလား။ " အမြုတေတိုင်ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာပြီး လင်းယွမ်ကို သတိထားပြီး ကြည့်နေသည်။

ထိုအမြုတေတိုင်ကို ကျင်းလဲ့ရှေးဟောင်းနိုင်ငံက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယခု ရောက်ရှိလာသူက ကျင်းလဲရှေးဟောင်းနိုင်ငံ၏ လဲ့စီနတ်ဘုရားအရှင်သခင်ဖြစ်သည်။

" နဂါးငွေ့တန်းမင်းနောက်ကျသွားပြီ။ ငါတို့ ကျင်းလဲ့ရှေးဟောင်းနိုင်ငံက ဖုရှုနဲ့ ကုန်သွယ်ပြီးသွားပြီ။ မင်းနောက်ကျသွားပြီ။ " လဲ့စီက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

လင်းယွမ်က သူတို့သန့်စင်ထားသော အမြုတေတိုင်အတွက် လာရောက်ညှိနှိုင်းခြင်းဖြစ်သည်ဟု ထင်နေခဲ့သည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

ဝုန်း...

ကြီးမားသော အချိန်လေဟာနယ်စွမ်းအားက ရှေ့သို့ ဝင်ရောက်သွားသည်။

ဒုတိယမြောက် အမြုတေတိုင်ကြီးတွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တို့ စုစည်းနေကြသည်။

" တဖုရှေးဟောင်းနိုင်ငံက ရွှမ်ယင်၊ တလင်းရှေးဟောင်းနိုင်ငံတွေနဲ့ သဘောတူညီမှုရသွားပြီ။ " မန်ခွန်းက စိတ်မသက်မသာဖြစ်သွားသည်။

ထိုရှေးဟောင်းနိုင်ငံသုံးခုက တစ်ဖက်တည်းဖြစ်သွားပြီး တဖုရှေးဟောင်းနိုင်ငံ၏ နောက်လိုက်ဖြစ်သော ကျင်းလဲ့ရှေးဟောင်းနိုင်ငံကိုပါ ထည့်ပေါင်းလိုက်လျှင် ယခုအခါ တဖုရှေးဟောင်းနိုင်ငံက ရတမာနယ်မြေတစ်ခုလုံးရှိ အမြုတေတိုင် သုံးပုံနှစ်ပုံကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

" နဂါးငွေ့တန်းက သူတို့နဲ့ သဘောတူညီမှုမရခဲ့ဘူးလား။ " နတ်ဘုရားအရှင်သခင်တစ်ယောက်က မေးလိုက်သည်။

ကျင်းလဲ့ရှေးဟောင်းနိုင်ငံကို ထည့်မတွက်လျှင်တောင် ရွှမ်ယင်နှင့် တလင်းရှေးဟောင်းနိုင်ငံတို့က စျေးနှုန်းပိုပေးသူကို သူတို့ဘက်ပါအောင် ညှိနှိုင်းပေလိမ့်မည်။ သို့မှသာ သူတို့က တဖုရှေးဟောင်းနိုင်ငံကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

" သူတို့တောင်းဆိုတာ အရမ်းများလို့ဖြစ်မှာပေါ့။ " တတိယ နတ်ဘုရားအရှင်သခင်က ခန့်မှန်းလိုက်သည်။

" နှမြောစရာပဲ။ အဲ့ဒီရှေးဟောင်းနိုင်ငံနှစ်ခုက ငါတို့နဲ့ ဆွေးနွေးဖို့တောင် စိတ်မကူးကြဘူး။ " ဒုတိယလူက ထပ်ပြောလိုက်သည်။

တလင်းရှေးဟောင်းနိုင်ငံနှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံတို့က လီယန်ရှေးဟောင်းနိုင်ငံနှင့် တဖုရှေးဟောင်းနိုင်ငံတို့ကိုသာ ညှိနှိုင်းခဲ့ကြပြီး မန်ဟွမ်ရှေးဟောင်းနိုင်ငံကိုတော့ ထည့်မတွက်ခဲ့ကြပေ။

အကြောင်းမှာ မန်ဟွမ်ရှေးဟောင်းနိုင်ငံနှင့် ကုန်သွယ်ခြင်းက စွန့်စားမှုများသောကြောင့်ဖြစ်သည်။ အကယ်၍ ရှေးဟောင်းနိုင်ငံနှစ်ခုက သူတို့၏ အမြုတေတိုင်များကို မန်ဟွမ်ရှေးဟောင်းနိုင်ငံသို့ ပေးခဲ့လျှင်တောင် သူတို့က ရတနာနယ်မြေကို သိမ်ပိက်ရန် မသေချာပေ။

အကယ်၍ နောက်ဆုံးတွင် တဖုရှေးဟောင်းနိုင်ငံ သို့မဟုတ် လီယန်ရှေးဟောင်းနိုင်ငံတို့က ရတနာနယ်မြေကို သိမ်းပိုက်သွားလျှင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုက အချည်းနှီးဖြစ်သွားပေလိမ့်မည်။

All Chapters