လင်းယွမ်၏ စွမ်းအား...
Vol. 70 Ch. 991
အခြားနတ်ဘုရားအရှင်သခင်များနှင့်ယှဉ်လျှင် ဖုရှုမှာ ကိုင်တွယ်ရပိုမိုခက်ခဲသည်။ ထို့ကြောင့် လင်းယွမ်က ယခုအချိန်တွင် ဖုရှု၏ မူလခန္ဓာကိုယ်ကို ရှာဖွေနေခြင်းဖြစ်သည်။
ဖုရှုက ထိုနေရာတွင် ရပ်နေသော်လည်း သူ၏.မူလခန္ဓာကိုယ်မှာ အချိန်လေဟာနယ်အလွှာများအတွင်း ရောနှောနေပြီး တဖုရှေးဟောင်းနိုင်ငံမှ အစွမ်းထက်လက်နက်များ၏ စွမ်းအားနှင့် ဖုံးကွယ်ထားသောကြောင့် လင်းယွမ်အနေဖြင့် ၎င်းကို ကြိုးစားရှာဖွေနေရသည်။
ဘိုးဘေးများဖန်တီးခဲ့သော အမွေအနှစ်လက်နက်များက ဖုရှုကဲ့သို့ အသန်မာဆုံးနတ်ဘုရားအရှင်သခင်၏ လက်ထဲတွင် ပို၍ မြင့်မားသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
" အမြုတေတိုင်အားလုံးကို လွှဲပြောင်းပေးရမှာလား။ " ဖုရှု၏ အမူအရာက ပြောင်းလဲသွားသည်။ " ဒါက မဖြစ်နိုင်ဘူး။ "
အမြုတေတိုင်အားလုံးကို လွှဲပြောင်းပေးခြင်းက ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မှုကို လက်လျှော့လိုက်ခြင်းပင်ဖြစ်သည်။ ဖုရှုအနေဖြင့် ထိုရလဒ်ကို လက်မခံနိုင်ပေ။
" မဖြစ်နိုင်ဘူးဆိုတော့လည်း သေလိုက်တော့။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ ညာလက်ဖြင့် ဖုရှုကို လှမ်းဖမ်းလိုက်သည်။
ဝုန်း...
အချိန်လေဟာနယ်စွမ်းအားတစ်ခုက ဖြတ်သန်းသွားသည်။ ဖုရှု၏ အမူအရာက လုံးဝ ပြောင်းလဲသွားပြီး အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ သူ၏ မူလခန္ဓာကိုယ်ကို နဂါးငွေ့တန်းက ရှာတွေ့သွားပြီး ပစ်မှတ်ထားလိုက်သည်ကို ချက်ချင်း သိလိုက်သည်။
" နဂါးငွေ့တန်းက ငါ့ရဲ့ မူလခန္ဓာကိုယ်ကို ဒီလောက်အလွယ်တကူ ရှာတွေ့သွားတာလား။ " ဖုရှုက မယုံကြည်နိုင်ဖြစ်နေသည်။ သူက တဖုရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်လက်နက်ကို အသုံးပြု၍ သူ၏ တည်နေရာကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး အဆင့်တူ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များပင် ရှာမတွေ့နိုင်ပေ။
နဂါးငွေ့တန်း၏ စွမ်းအားက အသန်မာဆုံး နတ်ဘုရားအရှင်သခင်များထက် ကျော်လွန်နေသည်။ ဖုရှုက ထိုနည်းလမ်းဖြင့် နဂါးငွေ့တန်းကို တိုက်ခိုက်ရန် မရည်ရွယ်ထားသော်လည်း အနည်းဆုံးတော့ အချိန်ဆွဲနိုင်ရန် မျှော်လင့်ခဲ့သည်။ သို့သော် အသက်ရှူကြိမ် အနည်းငယ်အတွင်း နဂါးငွေ့တန်းက ရှာတွေ့သွားခဲ့သည်။
" ခုခံစမ်း " ဖုရှု၏ အော်ရာက ပေါက်ကွဲလာပြီး စွမ်းအားများက မြင့်တက်လာခဲ့သည်။ ထိုစွမ်းအားက တဖုရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်လက်နက်မှ လာခြင်းဖြစ်ပြီး လင်းယွမ်၏ ဖမ်းဆီးမှုကို ပြန်လည်ခုခံရန် ကြိုးစားခြင်းဖြစ်သည်။
သို့သော် ကံမကောင်းစွာပင် ထိုစွမ်းအားများက လင်းယွမ်၏ ဖမ်းဆုပ်မှုအောက်တွင် ကြေမွပျက်စီးသွားခဲ့သည်။ သို့သော် ၎င်းက ဖုရှုကို အချိန်အနည်းငယ် ရရှိသွားစေခဲ့သည်။ အသန်မာဆုံးနတ်ဘုရားအရှင်သခင်အနေဖြင့် သူက အခြားသူများထက် သာလွန်သောကြောင့် လင်းယွမ်၏ ပထမဆုံး လှုပ်ရှားမှုတွင် မကျဆုံးသွားခဲ့ပေ။
" မင်းတို့ အခုမလှုပ်ရှားရင် ရတနာနယ်မြေက နဂါးငွေ့တန်းလက်ထဲကို ရောက်သွားလိမ့်မယ်။ " ဖုရှုက အခြားနတ်ဘုရားအရှင်သခင်များကို ပြောလိုက်သည်။
ထိုမတိုင်မီ ရှေးဟောင်းနိုင်ငံများက ကုန်သွယ်မှုပြီးမြောက်သွားခဲ့ပြီး အတူတူပူးပေါင်းခဲ့ကြပြီဖြစ်သည်။ အကယ်၍ တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို ရရှိလျှင် ရွှမ်ယင်နှင့် တလင်းရှေးဟောင်းနိုင်ငံတို့က အကျိုးအမြတ် ရရှိမည်ဖြစ်သည်။
သို့သော် လီယန်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို ရရှိသွားလျှင် သူတို့ အကျိုးအမြတ် ရရှိရန် မပြောနှင့် အသက်ရှင်လျက် ထွက်သွားနိုင်ရန်ပင် မသေချာပေ။
" ဖုရှု စိတ်မပူနဲ့။ ငါတို့မူလခန္ဓာကိုယ်တွေလည်း လာနေပြီ။ " လင်းယု၊ စုယင်နှင့် အခြားသူများက လေးနက်စွာ ပြောလိုက်ကြသည်။
ယခုအချိန်တွင် သူတို့က အတော်လေး နောင်တရနေကြပြီဖြစ်သည်။ နဂါးငွေ့တန်းက ထိုမျှသန်မာသည်ကို သိလျှင် သူတို့က ထိုကဲ့သို့ လွန်ကဲသော တောင်းဆိုမှုများကို ပြုလုပ်ကြမည်မဟုတ်ပေ။ သို့သော် အရာအားလုံးက ဖြစ်ပျက်သွားပြီဖြစ်သောကြောင့် သူတို့က ရွေးချယ်စရာမရှိပေ။
ဖုရှုနှင့် ပူးပေါင်းပြီး တိုက်ခိုက်ရုံသာရှိတော့သည်။ တဖု၊ ရွှမ်ယင်၊ တလင်းနှင့် ကျင်းလဲ့ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များက ပူးပေါင်ပြီး အမွေအနှစ် လက်နက်များနှင့် နဂါးငွေ့တန်းကို ရင်ဆိုင်ကြမည်ဖြစ်သည်။
ဝုန်း ဝုန်း...
လင်းယု၊ စုယင်နှင့် အခြားနတ်ဘုရားအရှင်သခင်များက အမွေအနှစ်လက်နက်များကို အသုံးပြု၍ လင်းယွမ်ကို အဝေးမှ တိုက်ခိုက်လိုက်ကြသည်။ ကြောက်စရာကောင်းသော စွမ်းအားများက ထွက်ပေါ်လာပြီး အချိန်လေဟာနယ်ဧရိယာများစွာကို ဖျက်ဆီးသွားသည်။ နတ်ဘုရားအရှင်သခင်များက ဘာမှမချန်ဘဲ အစွမ်းကုန်တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
" ဟမ် " လင်းယွမ်၏ ပတ်ဝန်ကျင်မှ အချိန်လေဟာနယ်က တွန့်လိမ်သွားပြီး တိုက်ခိုက်မှုအားလုံးက ပင်လယ်ထဲသို့ ကျရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူက အဝေးမှ နတ်ဘုရားအရှင်သခင်များကို ကြည့်လိုက်သည်။
" ဘာမှအသုံးမဝင်ဘူးလား။ " လင်းယု၊ စုယင်နှင့် အခြားနတ်ဘုရားအရှင်သခင်များက တုန်လှုပ်သွားကြသည်။
ဖုရှုက နဂါးငွေ့တန်းကို ထိန်းထားချိန်တွင် သူတို့က အခွင့်ကောင်းယူကာ အလစ်ငိုက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နဂါးငွေ့တန်း၏ အင်္ကျီစကိုပင် လှုပ်ခါနိုင်စွမ်းမရှိခဲ့ပေ။ ၎င်းက သူတို့အားလုံးကို စိတ်ပျက်အားငယ်သွားစေခဲ့သည်။
ယခင် နဂါးငွေ့တန်းက သူတို့သန့်စင်ထားသော အမြုတေတိုင်များကို လုယူချိန်တွင် သူတို့က နဂါးငွေ့တန်း၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို မြင်တွေ့ခဲ့ရသည်။ သူတို့က အမွေအနှစ်လက်နက်များကို အသုံးပြု၍ ခုခံခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။
ယခုအခါ နဂါးငွေ့တန်း၏ ကြောက်စရာကောင်းသော ခုခံနိုင်စွမ်းကိုပါ မြင်တွေ့လိုက်ရပြီဖြစ်သည်။ သူတို့၏ အစွမ်းကုန်တိုက်ခိုက်မှုများကို နဂါးငွေ့တန်းက အလွယ်တကူ ပိတ်ဆို့ခဲ့သည်။
၎င်းက ရှောင်တိမ်းခြင်းမဟုတ်ဘဲ တိုက်ရိုက်ခုခံလိုက်ခြင်းသာဖြစ်သည်။ နဂါးငွေ့တန်းက သူတို့၏ တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသည်။
" နဂါးငွေ့တန်း... " ဖုရှုကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများအတွင်း ရွှေရောင်အလင်းများ ဝေ့ဝဲနေပြီး သူ၏ ပတ်ဝန်းကျင်ရှိ အချိန်စွမ်းအားများက ဖရိုဖရဲဖြစ်လာသည်။
၎င်းက သူ၏ အစွမ်းထက်ဆုံး နည်းစနစ်တစ်ခုဖြစ်ပြီး အလွှာဆယ့်သုံး နည်းလမ်းနှစ်ခုကို ပေါင်းစည်းထားခြင်းဖြစ်သည်။ အပြည့်အဝ ပေါင်းစည်းထားခြင်းမဟုတ်သော်လည်း ၎င်း၏ စွမ်းအားက အလွှာဆယ့်သုံး နည်းလမ်းတစ်ခုထက် များစွာ သာလွန်သည်။
" အချိန်..." ထိုနည်းစနစ်ကို အသက်သွင်းပြီးသောအခါ သန့်စင်သော အချိန်စွမ်းအားမျှင်များက ဖုရှု၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုစွမ်းအားက တဖုရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်မှ လာခြင်းဖြစ်ပြီး တဖုဘိုးဘေးကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။
" ဒါက ငါ့ရဲ့ အသန်မာဆုံးနည်းစနစ်ပဲ။ " ဖုရှုက လင်းယွမ်ကို ကြည့်လိုက်သည်။ ဖရိုဖရဲဖြစ်နေသော အချိန်စွမ်းအားများက လင်းယွမ်ဆီသို့ ပျံ့နှံ့သွားသည်။
" အချိန်စွမ်းအားလား။ " လင်းယွမ်က ဖရိုဖရဲဖြစ်နေသော အချိန်ကို အာရုံခံမိလိုက်သည်။
သာမန်အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များအတွက်မူ ထိုအချိန်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ချက်ချင်း ရှုံးနိမ့်သွားနိုင်ပြီး အပြင်တွင် ခဏအချိန်က သူတို့အတွက် နှစ်တစ်ထောင်ကြာမြင့်သွားသကဲ့သို့ ခံစားရပေလိမ့်မည်။
အသန်မာဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ပင်လျှင် သက်ရောက်မှုရှိနိုင်ပြီး မထင်မှတ်ဘဲ ရှုံးနိမ့်သွားနိုင်သည်။ အကြောင်းမှာ ထိုနည်းစနစ်က ဖုရှု၏ စွမ်းအားတစ်ခုတည်းမဟုတ်ဘဲ ဘိုးဘေးသန့်စင်ထားသော အချိန်ရင်းမြစ်၏ စွမ်းအားကိုပါ ငှားရမ်းအသုံးပြုထားသောကြောင့် ဖြစ်သည်။
သို့သော် လင်းယွမ်အတွက်မူ ဖရိုဖရဲဖြစ်နေသော အချိန်စွမ်းအားများက သူ့အပေါ်သို့ ဖြတ်သန်းသွားသော်လည်း အနည်းငယ်မျှ မလှုပ်ရှားစေနိုင်ခဲ့ပေ။
" ငါ့ကို အချိန်နဲ့သက်ရောက်အောင် လုပ်ချင်တာလား။ ဘိုးဘေးကိုယ်တိုင်လာမယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူ၏ အခြေခံစွမ်းအားက အလွန်နက်ရှိုင်းပြီး အချိန်နှင့်ပက်သက်သော နည်းစနစ်များကို အတိအကျ တန်ပြန်နိုင်ခြင်းဖြစ်သည်။ အချိန်က စီးဆင်းနေသော မြစ်တစ်ခုနှင့် တူပြီး သက်ရှိတစ်ယောက်၏ အခြေခံစွမ်းအားမှာ ထိုမြစ်အတွင်းမှ အလေးချိန်နှင့် တူညီလေသည်။
" အခုထိ အသုံးမဝင်ဘူးလား။ " ဖုရှုက တုန်လှုပ်ခြင်းမရှိဘဲ ရပ်နေဆဲ ဖြစ်သော နဂါးငွေ့တန်းကို ကြည့်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ လှည့်ပြေးလေတော့သည်။ သူ၏ အသန်မာဆုံးနည်းစနစ်ပင် နဂါးငွေ့တန်းအား သက်ရောက်မှုမရှိသည်ကို မြင်သောအခါ ဖုရှုက ရတနာနယ်မြေကို သိမ်းပိုက်ရန် မျှော်လင့်ချက်မရှိကြောင်း သိလိုက်ပြီဖြစ်သည်။
ယခုအချိန်တွင် ဖုရှုက ရတမာနယ်မြေအတွင်းမှ အန္တရာယ်ကင်းစွာ ထွက်သွားနိုင်ရန်သာ မျှော်လင့်တော့သည်။ ယခုအချိန်တွင် သူက ရတနာနယ်မြေကို မသိမ်းပိုက်နိုင်ရုံသာမက သူ၏ အဓိကတိုက်ခိုက်ရေးခန္ဓာကိုပါ ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။
ဝှစ် ဝှစ် ဝှစ်....
အဝေးတွင် နတ်ဘုရားအရှင်သခင်များကလည်း စတင်ထွက်ပြေးကုန်ကြသည်။
" မင်းတို့အားလုံး ငါ့ကို တိုက်ခိုက်ခဲ့ကြတာဆိုတော့ ဒီမှာပဲ နေခဲ့ကြတော့။ " လင်းယွမ်၏ အတွေးများက ပြောင်းလဲသွားပြီး သူ၏ ပုံရိပ်က ရုတ်တရက် တောက်လောင်နေသော နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အချိန်လေဟာနယ်စွမ်းအားများက အရပ်မျက်နှာအနှံ့ လွှမ်းခြုံသွားသည်။
ဖုရှုကလည်း အဝေးသို့ မရောက်မီ ထိုစွမ်းအားများ၏ တားဆီးခြင်းကို ခံလိုက်ရပြီး မကြာမီ လင်းယွမ်၏ တိုက်ခိုက်မှုအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ အခြားနတ်ဘုရားအရှင်သခင်များကလည်း ထိတ်လန့်သွားကြသည်။ ထိုအချိန်လေဟာနယ်စွမ်းအားအောက်တွင် သူတို့က ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်ခြင်းမရှိတော့ပေ။
" နဂါးငွေ့တန်း ငါ ရတနာနယ်မြေကို လက်လျှော့လိုက်ပါပြီ။ "
" ငါတို့ကို လွှတ်ပေးပါ။ "
နတ်ဘုရားအရှင်သခင်များက အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။ သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာကို ဆုံးရှုံးခြင်းက အမှန်တကယ် သေဆုံးခင်းမဟုတ်သော်လည်း အဓိကတိုက်ခိုက်ရေးခန္ဓာကို ပြန်လည်ပျိုးထောင်ရန် မလွယ်ကူကြောင်း သူတို့သိသောကြောင့်ဖြစ်သည်။
ထို့အပြင် ထိုခန္ဓာကိုယ်များနှင့်အတူ လက်နက်များ၊ ရတနာများနှင့် ရတနာနယ်မြေမှ ရရှိထားသော အကျိုးအမြတ်များ ပါဝင်နေသောကြောင့် ဖြစ်သည်။