အမြုတေတိုင်များကို လွှဲပြောင်းပေးခြင်း...
Vol. 70 Ch. 992
လင်းယွမ်က သနားညှာတာခြင်းမရှိပေ။ သူက တလင်းရှေးဟောင်းနိုင်ငံနှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံတို့၏ အဆမတန်တောင်းဆိုမှုများကို မှတ်မိနေသဖြင့် သူတို့အပေါ်တွင် စေတနာမရှိပေ။ မကြာမီ နတ်ဘုရားအရှင်သခင်များက လျင်မြန်စွာ ကျဆုံးသွားကြသည်။
ချီယန်က ထိုမြင်ကွင်းကို မှင်သက်စွာ ကြည့်နေမိသည်။ သူနှင့်အဆင့်တူသော အမြင့်ဆုံး နတ်ဘုရားအရှင်သခင်များက လင်းယွမ်၏ ရှေ့တွင် ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွားကြသည်။
" ဘယ်လိုဖြစ်တာလဲ။ " လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အသိဝင်လာကြပြီး နတ်ဘုရားအရှင်သခင်များ၏ အော်ရာများ ပျောက်ကွယ်သွားကြသည်ကို အာရုံခံမိလိုက်သည်။
မန်ခွန်းကလည်း တဖုရှေးဟောင်းနိုင်ငံကို ကိုင်တွယ်ရန်အတွက် နဂါးငွေ့တန်းနှင့် ဆွေးနွေရန် စီစဉ်နေချိန်တွင် ထိုအဖြစ်အပျက်ကို သိလိုက်ရသည်။ " ဒါက နဂါးငွေ့တန်းလား။ "
လင်းယွမ်က လီယန်နေမင်းအလား ရပ်နေပြီး ကမ္ဘာနတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် နတ်ဘုရားအရှင်သခင်များက တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြသည်။ ခဏအတွင်း ပတ်ဝန်းကျင်က ရှင်းလင်းသွားပြီး လေထဲတွင် လွင့်မျောနေသော ရတနာများနှင့် လက်နက်များသာ ကျန်ရစ်ခဲ့သည်။
" ဖရိုဖရဲအဆင့်ကို မရောက်ခင် ငါ့ရဲ့ စွမ်းအားက ဖုရှုလို အသန်မာဆုံးနတ်ဘုရားအရှင်သခင်နဲ့ တစ်တန်းတည်းပဲ ရှိခဲ့တယ်။ ပိုသန်မာလည်း နည်းနည်းပေါ့။ ဒါပေမယ့် ဖရိုဖရဲအဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာ ငါ့ရဲ့ အသက်အနှစ်သာရက ပြောင်းလဲသွားပြီ။ အသန်မာဆုံး နတ်ဘုရားအရှင်သခင်တွေက ငါ့ကို ယှဉ်နိုင်စရာအကြောင်းမရှိတော့ဘူး။ "
ရတနာနယ်မြေအတွင်းရှိ အချိန်လေဟာနယ်က သီးခြားလည်ပတ်နေခြင်းမဟုတ်လျှင် ကမ္ဘာနတ်စွမ်းရည်ကို အချိန်ကြာမြင့်စွာ အသက်သွင်းထားခြင်းက အတွင်းရှိ အချိန်စီးဆင်းမှုကို ထိခိုက်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် ရတနာနယ်မြေအတွင်းမှ ရတနာများ ထွက်ပေါ်လာမှုကို ထိခိုက်စေနိုင်သည်။
လင်းယွမ်အနေဖြင့် အမြုတေတိုင်တစ်ခုစီကို သန့်စင်နေရန် မလိုအပ်ပေ။ သူ၏ ပြင်ပကမ္ဘာဖြင့် ရတနာနယ်မြေတစ်ခုလုံးကို တိုက်ရိုက်လွှမ်းခြုံနိုင်သောကြောင့်ဖြစ်သည်။ ကမ္ဘာနတ်စွမ်းရည်ကို ခဏသာ အသက်သွင်းခဲ့ခြင်းနှင့် လင်းယွမ်၏ ဂရုစိုက်မှုတို့ကြောင့် ရနမာနယ်မြေကို သက်ရောက်မှုမရှိခဲ့ပေ။
လင်းယွမ်က အတွေးတစ်ချက်ဖြင့် ပြင်ပကမ္ဘာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျဆုံးသွားသော နတ်ဘုရားအရှင်သခင်များ၏ ရတနာများကိုပါ သိမ်းဆည်းလိုက်သည်။
ယခုအချိန်တွင် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော စွမ်းအားကို ပြသခဲ့ပြီးဖြစ်ရာ လင်းယွမ်က ၎င်းကို ဘိုးဘေးသွေးမျိုးဆက်ကြောင့်ဟု အကြောင်းပြရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဤရင်းမြစ်ကမ္ဘာတွင် ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ပထမဆုံး ထုတ်ဖော်နိုင်သူဖြစ်သောကြောင့် ထိုအဆင့်၏ အကျိုးသက်ရောက်မှုကို လင်းယွမ်မှလွဲ၍ အခြားသူများမသိပေ။ ထို့ကြောင့် အရာအားလုံးကို လင်းယွမ်က စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။
အမှန်တကယ်တွင် ဘိုးဘေးသွေးမျိုးဆက်ကို အကြောင်းပြချက်အဖြစ် အသုံးမပြုလျှင်တောင် လင်းယွမ်ကို မည်သူမျှမေးခွန်းထုတ်ရဲမည်မဟုတ်ပေ။ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတွင် စွမ်းအားကိုသာ အလေးထားကြပြီး ဘိုးဘေးများကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင် နတ်ဘုရားအရှင်သခင်များက သူ၏ ရှေ့သို့ ထွက်လာရဲမည်မဟုတ်ပေ။
လင်းယွမ်က ရတနာများကို သိမ်းဆည်းပြီးနောက် ချီယန်၏ ရှေ့တွင် ပေါ်လာသည်။
" နဂါးငွေ့တန်း..." ချီယန်က ထိတ်လန့်တုန်လှုပ်နေပြီး လင်းယွမ်ကို ရိုသေစွာ ကြည့်လိုက်သည်။
" နဂါးငွေ့တန်းရဲ့ စွမ်းအားက ဖုရှုနဲ့ အခြားနတ်ဘုရားအရှင်သခင်တွေကို တစ်ယောက်တည်းနဲ့ ရှင်းထုတ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဧကရာဇ်က နဂါးငွေ့တန်းအကြောင်း ပြောတုန်းက ငါသံသယဝင်ခဲ့မိတယ်။ အခုတော့ ငါက တကယ်ရူးမိုက်ခဲ့တာပဲ။ "
" ဒါက ဘာမှမဟုတ်ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" ဟမ် " ချီယန်က အထက်သို့ မော့ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၂ ယောက် ပေါ်လာခဲ့သည်။
ဤနေရာမှ တိုက်ပွဲအရှိန်အဝါများကို အာရုံခံမိပြီးနောက် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက မယုံကြည်နိုင်ဖြစ်နေသော်လည်း ထိုနေရာသို့ လာရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူတို့သာမလာလျှင် နဂါးငွေ့တန်းက သူတို့ဆီသို့ ရောက်လာနိုင်သည်။
" နဂါးငွေ့တန်း..." မန်ခွန်းက ထိတ်လန့်နေမိသည်။ သူက အော်ရာများကို အာရုံခံမိလိုက်သည်နှင့် ဖုရှုနှင့် အခြားနတ်ဘုရားအရှင်သခင်များက နဂါးငွေ့တန်း၏ ရှင်းထုတ်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သူသိလိုက်သည်။ ၎င်းက လုံးဝရှင်းထုတ်လိုက်ခြင်းဖြစ်သည်။
" မန်ခွန်း " လင်းယွမ်ကလည်း မန်ခွန်းကို ကြည့်လိုက်သည်။
မန်ဟွမ်းရှေးဟောင်းနိုင်ငံက သိမ်းပိုက်ထားသော အမြုတေတိုင်များက ရတနာနယ်မြေ၏ အထက်ပိုင်းဒေသတွင် စုစည်းနေသည်။ လင်းယွမ်က ထောင့်စွန်းမှ စတင်ရှင်းထုတ်လာစဉ် မန်ဟွမ်ရှေးဟောင်းနိုင်ငံက သိမ်းပိုက်ထားသော အမြုတေတိုင်များကို မတွေ့ခဲ့ရပေ။
" နဂါးငွေ့တန်း ငါတို့ မန်ဟွမ်ရှေးဟောင်းနိုင်ငံရဲ့ အမြုတေတိုင်တွေကို လွှဲပြောင်းပေးဖို့ အဆင်သင့်ပါပဲ။ " မန်ခွန်းက ပြောလိုက်သည်။
" ကောင်းပြီ။ အခုထွက်သွားလို့ရပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး မန်ခွန်းကို ခက်ခဲအောင် မလုပ်ပေ။
ရွှမ်ယင်၊ တလင်းနှင့် အခြားရှေးဟောင်းနိုင်ငံများကို ညှာတာခြင်းမရှိခဲ့သည့် အကြောင်းရင်းမှာ သူတို့က လီယန်ရှေးဟောင်းနိုင်ငံကို ရန်လိုခဲ့ကြပြီး အမြုတေတိုင်များအတွက် အဆမတန် နောင်းဆိုခဲ့ကြသောကြောင့် ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်။ " မန်ခွန်းက အနည်းငယ် စိတ်သက်သာရာရသွားသည်။
အနည်းဆုံးတော့ ရတနာနယ်မြေပြိုင်ပွဲတွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အကျိုးအမြတ်အချို့ ရရှိခဲ့ပြီး အရှုံးမရှိခဲ့ပေ။
အတိတ်မှ ရတနာနယ်မြေယှဉ်ပြိုင်မှုများတွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ ပါဝင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခြင်းဖြင့်သာ ရင်ဆိုင်ခဲ့ရသဖြင့် မကျေနပ်မှုများ ရှိခဲ့သည်။ ယခုအခါ သူတို့အားလုံးက အမှန်တကယ် ကံကောင်းသည်ဟု ခံစားနေရသည်။
နဂါးငွေ့တန်း၏ ခွင့်ပြုချက်ဖြင့် မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ရတနာနယ်မြေ၏ ဝင်ပေါက်သို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
အဝေးတစ်နေရာတွင် လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၀ ယောက်က လင်းယွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ ထိုအောင်ပွဲက အလွန်လွယ်ကူပြီး မယုံကြည်နိုင်စရာကောင်းလှသည်။
" နဂါးငွေ့တန်းက ငါနဲ့တုန်းက အကြာကြီးယှဉ်ပြိုင်ခဲ့တာပဲ။ " ဟုန်လျန်က သက်ပြင်းချလိုက်သည်။ ရတနာနယ်မြေသို့ မဝင်မီ သူက နဂါးငွေ့တန်းနှင့် ယှဉ်ပြိုင်ပြီး သရေကျခဲ့သည်။ ယခုကြည့်ရသည်မှာ နဂါးငွေ့တန်းက သူ့ကို အပျော်သက်သက်ဖြင့် ကစားခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။
" ဖုရှုလို အသန်မာဆုံးနတ်ဘုရားအရှင်သခင်တောင် နဂါးငွေ့တန်းရှေ့မှာ ခုခံနိုင်စွမ်းမရှိခဲ့ဘူးပဲ။ နဂါးငွေ့တန်းရဲ့ စွမ်းအားက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ သူက အသန်မာဆုံးနတ်ဘုရားအရှင်သခင် တစ်ယောက်လား။ " အမြင့်ဆုံးနတ်ဘုရားအရှင်သခင်ဖြစ်သော ကွမ်လဲ့နှင့် ဟန်ယန်တို့က နက်ရှိုင်းစွာ တွေးနေကြသည်။
တဖုရှေးဟောင်းနိုင်ငံ ထွက်ပေါ်လာချိန်မှစ၍ အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဆိုသည်မှာ ဘိုးဘေးများအောက် အကြီးမားဆုံးစွမ်းအားဖြစ်ပြီး နတ်ဘုရားအရှင်သခင်များအတွက် အမြင့်ဆုံးကန့်သတ်ချက်ဖြစ်သည်။
ယခုတွင်မူ နဂါးငွေ့တန်းက ထိုစည်းမျဉ်းကို သိသိသာသာ ချိုးဖျက်ခဲ့သည်။ သူ့ကို အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဟု ခေါ်ဆိုရန် မသင့်တော်ပေ။
တဖုမြို့တော်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှေးကျသော တည်ရှိမှုများက ထိတ်လန့်သွားကြသည်။ ဘိုးဘေးအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေကြပြီး ပြင်ပလောကမှ ပျောက်ကွယ်နေကြသော ပုဂ္ဂိုလ်များစွာက ရုတ်တရက် မျက်လုံးများဖွင့်ပြီး သူတို့၏ စိတ်အသိမျှင်များကို စေလွှတ်လိုက်ကြသည်။
" အဲ့ဒီနဂါးငွေ့တန်းလား။ " ဖုရှုက သူတို့ကြားတွင် ရပ်နေပြီး နဂါးငွေ့တန်းက ရတနာနယ်မြေ၏ ထောင့်တစ်နေရာရှိ အမြုတေတိုင်မှစ၍ စတင်ရှင်းလင်းလာသည့်မြင်ကွင်းများကို ကြည့်နေကြသည်။ နောက်ဆုံးတွင် လီယန်နေမင်းအဖြစ် ပြောင်းလဲပြီး ဖုရှုနှင့် နတ်ဘုရားအရှင်သခင်များကို ချေမှုန်းလိုက်သည်အထိ ဖြစ်သည်။
" ဖုရှု မင်းရှုံးသွားတာလား။ "
" မင်းရဲ့ စွမ်းအားနဲ့ တကယ်ပဲရှုံးနိမ့်သွားတာလား။ " အသန်မာဆုံးနတ်ဘုရားအရှင်သခင်များက ပြောလိုက်ကြသည်။
အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဆိုသည်မှာ နတ်ဘုရားအရှင်သခင်အဆင့်တွင် အမြင့်ဆုံးနေရာ၌ ရှိနေသော်လည်း မရှုံးနိမ့်နိုင်ဟုမဆိုလိုပေ။ သို့သော် ဖုရှု၏ ရှုံးနိမ့်မှုက အလွန်ရိုးရှင်းလွန်းနေသည်။ အမွေအနှစ်လက်နက်ကို အသုံးပြုသည့်တိုင်အောင် ရှုံးနိမ့်သွားခဲ့သည်။
" ကြည့်ပါဦး။ " ဖုရှု၏ စိတ်က တည်ငြိမ်နေပြီး အေးစက်နေသည်။ အကယ်၍ သူက အခြားအသန်မာဆုံးနတ်ဘုရားအရှင်သခင်များကို ရှုံးနိမ့်ခဲ့လျှင် နောက်တွင် မည်သို့ပိုကောင်းအောင်လုပ်မည်ကို သုံးသပ်နိုင်ပေလိမ့်မည်။ သို့သော် နဂါးငွေ့တန်းကို ရှုံးနိမ့်ပြီးနောက် ဖုရှုက စိတ်ပျက်အားငယ်မှုမှလွဲ၍ ဘာမှမခံစားခဲ့ရပေ။
နဂါးငွေ့တန်းနှင့် သူ၏ တိုက်ပွဲမှာ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသောကြောင့် ပြန်လည်ဆန်းစစ်ရန် မလိုတော့ပေ။
တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကလည်း မြင်းကွင်းများကို သေချာစောင့်ကြည့်နေကြသည်။ မကြာမီ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များက မြင်ကွင်းများအားလုံးကို ကြည့်ရှုပြီးသွားကြပြီဖြစ်သည်။ သူတို့က မတူညီသော အော်ရာမျာယ၊ ဖရိုဖရဲလမ်းစဉ်စွမ်းအားများနှင့် အလွှာဆယ့်သုံး အမွေအနှစ် အမျိုးမျိုးကို ပိုင်ဆိုင်ထားကြသည်။
သို့သော် ထိုမြင်ကွင်းများကို ကြည့်ပြီးနောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့က တိုက်ပွဲတွင် ရှိမနေဘဲ မြင်ကွင်းများကိုသာ မြင်တွေ့ရခြင်းဖြစ်သော်လည်း ထိုအသန်မာဆုံးနတ်ဘုရားအရှင်သခင်များက နဂါးငွေ့တန်းဆီမှ အနှိုင်းမဲ့ဖိအားကို ခံစားလိုက်ရသည်။