← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆) - ကူကယ်ရာမဲ့ခြင်း

~"ခန်းမသခင်... ဟို နတ်ဆိုးမျိုးနွယ်က လူကြီး ရောက်လာပြီ"

"ဒုက္ခတော့ ရောက်ပြီ"

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ဟွမ်ယန်နှင့် အခြားသူများ ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားပြီး သွားချင်းရိုက်သံများ ထွက်ပေါ်လာ၏။

"သေစမ်း... ငါတို့ သူ့ကို ဒီကို ခေါ်လာမိသလို ဖြစ်သွားပြီ"

ကျန်းကျွင့်လန်၏ မျက်နှာ ပျက်သွား၏။

ကောင်းကင်ယံထက်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။ စောစောက သူတို့နှင့် တွေ့ခဲ့သော နတ်ဆိုးမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ပင် ဖြစ်သည်။

ထိုလူ ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် လူသတ် အရှိန်အဝါများ ယန်ဟွမ် သဲကန္တာရ တစ်ခုလုံး လွှမ်းခြုံသွား၏။ လေထုကြီး ခဲသွားသကဲ့သို့ ခံစားရပြီး ကြီးမားသော ဖိအားများက ဖုန်းဝူချန်တို့ကို ဖိနှိပ်ထားလိုက်၏။

ထိုလူသည် သဲကန္တာရအနှံ့ လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ ဖုန်းဝူချန်နှင့် ယင်ယန်ကျွင်းတို့၏ တိုက်ပွဲ အရှိန်အဝါကို အာရုံခံမိမှသာ ဒီနေရာကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုလူသည် ရောက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း တိုက်ပွဲကို အမှောင်ထဲမှ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်ဘုံလူသား ပဉ္စမအလွှာလောက်နဲ့ နဝမအလွှာကို သတ်နိုင်တယ် ဆိုတာ တကယ့်ကို မယုံနိုင်စရာပဲ။ ပိုအံ့သြဖို့ ကောင်းတာက မင်းမှာ နဂါးမျိုးနွယ် သွေးမျိုးဆက်ရော၊ ရှေးဦး ကမ္ဘာဦး စွမ်းအားရော ရှိနေတာပဲ။ ပြီးတော့ အဲဒီနှစ်ခုကို ပေါင်းစပ်ထားနိုင်သေးတယ်"

ထိုလူက လောဘရိပ်သန်းသော မျက်လုံးများဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

ပြောပြီးသည်နှင့် ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် စွမ်းအင်ကြီးတစ်ခု ပေပေါင်း သောင်းချီသော နေရာလပ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

"အခု မင်းတို့ ဘယ်ပြေးမလဲ"

ထိုလူက ရက်စက်စွာ ပြုံးရင်း မေးလိုက်၏။

ထို့နောက် လင်ရှောင်ရှောင်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။

"ကောင်းကင် နတ်ဆိုး သူတော်စင်မလေး... ငါ မင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပေမဲ့ မင်းရဲ့ နောက်ခံ အစောင့်အရှောက်တွေကို ဆင့်ခေါ်မယ်လို့တော့ စိတ်ကူးမယဉ်နဲ့။ ဒီနေ့ နတ်ဘုရား လက်နက်ကို မပေးရင် ဘယ်သူမှ ပြန်မသွားရဘူး"

ထိုစကားကို ကြားသောအခါ လင်ရှောင်ရှောင်၏ မျက်နှာ မည်းမှောင်သွားပြီး သွေးမျိုးဆက် စွမ်းအားကို အသုံးပြုကာ ဆင့်ခေါ်ရန် ကြိုးစားလိုက်၏။ သို့သော် မအောင်မြင်ခဲ့ပေ။

"သူတော်စင်မလေး... အချိန်ဖြုန်းမနေပါနဲ့တော့"

ထိုလူက ရင်ဘတ်ကို လက်ပိုက်ကာ မောက်မာစွာ ပြောလိုက်၏။

"နဂါးမျိုးနွယ်က ကောင်လေး... နတ်ဘုရား လက်နက်ကို ပေးလိုက်စမ်း။ မင်းက နဂါးမျိုးနွယ် ဖြစ်နေလို့ မင်းကို အသက်ချမ်းသာပေးလိုက်မယ်"

ထိုလူက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။ သူ့အသံတွင် လူသတ် အရှိန်အဝါများ ပြည့်နှက်နေ၏။

ဖုန်းဝူချန်က ထိုလူကို ခံစားချက်မဲ့စွာ ကြည့်ပြီး ခဏအကြာမှ ပြောလိုက်၏။

"ခင်ဗျားက ကျွန်တော် နဂါးမျိုးနွယ် ဖြစ်လို့ မသတ်တာ မဟုတ်ပါဘူး။ ကျွန်တော့်ကို အသုံးချပြီး ယင်ယန်မိသားစုနဲ့ ရန်တိုက်ပေးချင်လို့ပါ။ နဂါးမျိုးနွယ်ကို သုံးပြီး ယင်ယန်မိသားစုကို နှိမ်နင်းချင်နေတာလေ။ ဒါပေမဲ့ စိတ်မကောင်းစရာက ခင်ဗျားရဲ့ အကြံအစည် မအောင်မြင်နိုင်ဘူး။ ကျွန်တော်က နဂါးမျိုးနွယ်နဲ့ ဘာမှ မပတ်သက်ဘူး... သွေးမျိုးဆက် ရထားရုံလေးပါပဲ"

ထို့နောက် ဖုန်းဝူချန်က လင်ရှောင်ရှောင်ဘေးသို့ သွားရပ်လိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော်တို့ အင်အားနဲ့ ခင်ဗျားကို မယှဉ်နိုင်ဘူး။ ထွက်ပြေးလို့လည်း မရဘူး။ ဒါပေမဲ့ ခင်ဗျားလည်း ရှောင်ရှောင့်ရဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ အကာအကွယ်ကို မဖျက်ဆီးနိုင်ဘူး။ ဒါကြောင့် ဒီမှာပဲ ယင်ယန်မိသားစုက လူတွေ ရောက်လာတာကို အတူတူ စောင့်ကြတာပေါ့။ ကျွန်တော် ယင်ယန်ကျွင်းကို သတ်လိုက်ပြီ... ယင်ယန်မိသားစုက သိပြီးလောက်ပြီ"

လင်ရှောင်ရှောင်က

"သူက ကျွန်မ အကာအကွယ်ကို ဖျက်ဆီးနိုင်လို့လား"

ဟု အထင်သေးစွာ ပြောလိုက်ပြီး အစိမ်းရောင် အကာအကွယ် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်၏။

"မင်းသဘောပဲလေ။ ယင်ယန်ကျွင်းကို သတ်တာ ငါမှ မဟုတ်တာ... ယင်ယန်မိသားစုက ငါ့ကို ဘာလုပ်လို့ရမှာလဲ"

ဟု ထိုလူက ဂရုမစိုက်သလို ပြောလိုက်၏။

"ယင်ယန်မိသားစုက ကျွန်တော့်ကို ယုံမလား၊ ခင်ဗျားကို ယုံမလား စဉ်းစားကြည့်လေ။ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ရှိတဲ့ ကျွန်တော်က ယင်ယန်ကျွင်းကို နိုင်ပါ့မလား။ ကျွန်တော်တို့မှာ အကာအကွယ် ရှိပေမဲ့ ခင်ဗျားမှာ မရှိဘူးလေ။ တကယ်လို့ ယင်ယန်မိသားစုက နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာလောက် လွှတ်လိုက်ရင်... ခင်ဗျားကို သတ်ဖို့က လွယ်လွယ်လေး မဟုတ်ဘူးလား"

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။

"မင်း ထွက်ပြေးလို့ ရမယ် ထင်နေလား"

ထိုလူ၏ မျက်နှာ မည်းမှောင်သွားပြီး ပိုမို ရက်စက်လာ၏။

ဖုန်းဝူချန်က လက်ကာပြပြီး ပြောလိုက်၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဖြစ်ပြီးတော့... နတ်ဘုရားအသွင်ပြောင်းဘုံ အကာအကွယ်ရဲ့ အစွမ်းကို မသိဘူးလား"

ထိုလူ စကားမပြောနိုင်တော့ပေ။ ဒေါသကြောင့် မျက်နှာကြွက်သားများ တုန်ယင်နေ၏။

"ရှောင်ရှောင်... အောက်ဆင်းကြစို့။ ဒီမှာပဲ ကျင့်ကြံရင်း ယင်ယန်မိသားစုက လူတွေကို စောင့်ကြတာပေါ့။ ဒီလူကြီးကို အစောင့်အဖြစ် သုံးရတာ အခွင့်အရေး ကောင်းပဲ"

ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်၏။

ဖုန်းဝူချန်နှင့် အဖွဲ့သားများ အောက်သို့ ဆင်းသက်ကာ တကယ်ပဲ ကျင့်ကြံလိုက်ကြ၏။

"သေစမ်းကွာ"

ထိုလူက ဒေါသတကြီး အံကြိတ်လိုက်၏။ ဖုန်းဝူချန်ကို အမှုန့်ကြိတ်ပစ်ချင်စိတ် ပေါက်နေ၏။

သို့သော် နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာသာ ရှိသော သူသည် လင်ရှောင်ရှောင်၏ အကာအကွယ်ကို မဖျက်ဆီးနိုင်ပေ။ လင်ရှောင်ရှောင်၏ အကာအကွယ်သည် နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာအထိ ခံနိုင်ရည်ရှိသည်။

‘စောစောကတည်းက ဒီကောင်လေးကို ဖမ်းထားသင့်တာ’

ထိုလူ နောင်တရနေမိသည်။

“ယင်ယန်မိသားစုက လူတွေ မကြာခင် ရောက်လာတော့မယ် ထင်တယ်”

ဟု ဖုန်းဝူချန်က အောက်မှနေ၍ လှောင်ပြောင်လိုက်၏။

‘ဒီကောင်လေးက နတ်ဘုရား လက်နက် သတင်းကို အပြင်လူ သိအောင် လုပ်မှာ မဟုတ်ဘူး။ နတ်ဘုရား လက်နက်က သူ့ဆီမှာ ရှိနေမှတော့ ငါ လောစရာ မလိုပါဘူး။ နောက်မှ အခွင့်အရေး ရှာပြီး ယူလို့ ရတယ်။ အခု လောလောဆယ် သူ ဘယ်မှာ နေလဲ ဆိုတာ အရင် စုံစမ်းရမယ်’

ထိုလူက စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်၏။ နောက်တစ်ခါ တွေ့ရင် အသေဖမ်းမည် ဟု တေးထားလိုက်၏။

ထို့နောက် အချိန်မဖြုန်းတော့ဘဲ အစိမ်းရောင် စွမ်းအင်ကြီးကို ပြန်ရုပ်သိမ်းလိုက်၏။

"ကောင်လေး... နောက်တစ်ခါကျရင် ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး"

ထိုလူက အေးစက်စွာ ပြောပြီး နေရာမှ ပျောက်ကွယ်သွား၏။

"ဟူး... တော်ပါသေးရဲ့။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်က တကယ် ကြောက်စရာ ကောင်းတာပဲ"

ရွှယ်ဖုန်းက သက်ပြင်းချရင်း ချွေးသုတ်လိုက်၏။

"ရှောင်ရှောင့် အကာအကွယ်သာ မရှိရင် ငါတို့ သေပြီ"

လွမ်ရှန်းက ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်၏။

"သတိမလွတ်ကြနဲ့ဦး... သူ ငါတို့ကို မျှားခေါ်ပြီး တိုက်ခိုက်မလို့ ဖြစ်နိုင်တယ်"ဟု

ကျန်းကျွင့်လန်က သတိပေးလိုက်၏။

"သူ့ကို ဂရုမစိုက်နဲ့တော့"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ အသံတိတ် စကားပြောနည်းဖြင့် ပြောလိုက်၏။

"မင်းတို့ အရှိန်အဝါတွေကို ဖုံးကွယ်ထားကြ။ ငါတို့ စောစောက ဂူထဲကို ပြန်သွားပြီး ကျင့်ကြံကြမယ်။ အဲဒီနေရာက အလုံခြုံဆုံးပဲ။ ပြီးတော့ ရတနာတွေလည်း အများကြီး ကျန်သေးတယ်လေ။ သူ မယူသွားတော့ ငါတို့အတွက် အကွက်ပဲ"

"ရွှစ်"

လင်ရှောင်ရှောင်က အတွေးတချက်ကို အသုံးပြုပြီး ဖုန်းဝူချန်နှင့် အဖွဲ့သားများကို 'နေရာရွှေ့ပြောင်းခြင်း' ဖြင့် ခေါ်ဆောင်သွားလိုက်၏။

ဖုန်းဝူချန်တို့ ပျောက်သွားပြီး မကြာမီမှာပင် စောစောက ထွက်သွားသော နတ်ဆိုးမျိုးနွယ် ပညာရှင် ပြန်ပေါ်လာ၏။ ကျန်းကျွင့်လန် ထင်ထားသည့်အတိုင်း သူ တကယ် မထွက်သွားသေးပေ။

"နေရာရွှေ့ပြောင်းခြင်း ဟုတ်လား။ ပါးနပ်တဲ့ ကောင်လေး... အရှိန်အဝါကိုပါ ဖျောက်သွားသေးတယ်"

ထိုလူ၏ မျက်နှာ မည်းမှောင်သွား၏။

နေရာရွှေ့ပြောင်းခြင်းကို ဆက်တိုက် အသုံးပြုပြီးနောက် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ယခင်က ရောက်ခဲ့သော ရှေးဟောင်း မြို့ပျက်ကြီးဆီသို့ ပြန်ရောက်လာကြ၏။

သို့သော် ရောက်ရောက်ချင်း သူတို့၏ မျက်နှာများ ပျက်သွားကြ၏။

"သဲဘီလူး"

ကျန်းကျွင့်လန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ဒါ... ဒါ သဲဘီလူးကြီးလား"

"သဲကန္တာရကြီး ပျက်စီးသွားပြီကို... သဲဘီလူးက ရှိနေသေးတာလား"

ဟွမ်ယန် တစ်ကိုယ်လုံး တုန်ယင်နေ၏။ ရွှယ်ဖုန်းနှင့် နွမ်ဆန်းတို့လည်း ကြောက်လွန်းလို့ မလှုပ်ရဲကြတော့ပေ။

သူတို့ရှေ့တွင် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ကြီးမားလှသော သဲမုန်တိုင်းကြီး တစ်ခု ရှိနေ၏။ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေပြီး သဲမှုန်များ လွင့်ပျံနေသဖြင့် မျက်လုံးဖွင့်၍ပင် မရပေ။ ကြီးမားသော လေပွေမုန်တိုင်းကြီးတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မီးစွမ်းအင်များ ပါဝင်နေပြီး ကမ္ဘာပျက်မတတ် အရှိန်အဟုန်ဖြင့် ရွေ့လျားနေ၏။

ဒါက သဲကန္တာရ၏ ကပ်ဘေး... သဲဘီလူး ပင် ဖြစ်သည်။

ဖုန်းဝူချန်က မလှမ်းမကမ်းရှိ ရှေးဟောင်း မြို့ပျက်ကြီးကို လှမ်းကြည့်လိုက်ပြီး နှိုးဆော်လိုက်၏။

"မြန်မြန်... အောက်ဆင်းကြ။ အချိန်မီလောက်ပါသေးတယ်။ မြန်မြန်လုပ်"

ဤကဲ့သို့ ကြောက်မက်ဖွယ် သတ္တဝါကြီးနှင့် ရင်ဆိုင်ရချိန်တွင် ပုန်းမလား၊ သေမလား နှစ်လမ်းပဲ ရှိသည်။

အခန်း (၅၈၇) - ကျင့်ကြံခြင်း

~ကြောက်မက်ဖွယ် ကောင်းသော သဲဘီလူး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပျက်စီးနေသော သဲကန္တာရသည် မျက်စိတစ်မှိတ်အတွင်း မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာ၏။

နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများနှင့် အက်ကြောင်းများသည်ပင် လျင်မြန်စွာ ပြန်လည် ပြည့်သွား၏။

သဲဘီလူးသည် ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေပြီး ဖျက်ဆီးရန်အတွက် မွေးဖွားလာခြင်း ဖြစ်သည်။

သဲဘီလူး ပေါ်လာသည်နှင့် ယန်ဟွမ် သဲကန္တာရ တစ်ခုလုံး ဆူပွက်လာပြီး မီးစွမ်းအင်များ အလွန် ပြင်းထန်လာ၏။

ဒါက အလွန် ကြောက်မက်ဖွယ် ကောင်းသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်သည်။ လင်ရှောင်ရှောင်၏ နတ်ဘုရား အကာအကွယ်ပင် ခံနိုင်ရည် ရှိမရှိ မသေချာပေ။

"နေရာရွှေ့ပြောင်းခြင်း"

ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် အစွမ်းကုန် ထုတ်သုံးကာ နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို ဆက်တိုက် အသုံးပြုနေကြ၏။

"ရွှစ်... ရွှစ်... ရွှစ်"

လူရိပ် (၁၀) ယောက်ကျော်သည် အဆက်မပြတ် လှုပ်ရှားနေကြ၏။ အစစ်အမှန်ယွမ်များကို အသည်းအသန် ထုတ်ဖော်ကာ အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနေကြသဖြင့် ပုံရိပ်ယောင်များ ကျန်ရစ်နေ၏။

"မြန်မြန်လုပ်ကြ"

ဖုန်းဝူချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

ယခုအချိန်တွင် သူတို့သည် သေမင်းနှင့် ပြေးပွဲဝင်နေကြရသည်။

သဲဘီလူးသည် တဖြည်းဖြည်း နီးကပ်လာပြီး ဖုန်းဝူချန်တို့ အဖွဲ့သည် အလွန် ပြင်းထန်သော မီးစွမ်းအင်များကို ခံစားနေကြရသည်။ အကယ်၍ မမြန်ဆန်ပါက အရှင်လတ်လတ် မီးကင်ခံရရုံမက မီးသွေးတုံးများ ဖြစ်သွားနိုင်သည်။

ပူပြင်းသော အပူလှိုင်းများ ရိုက်ခတ်လာသဖြင့် တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားနေရသည်။

"ခန်းမသခင်... အချိန်မမီတော့ဘူး"

နျဲ့ကျုံးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"မြန်လွန်းတယ်... ကျွန်တော်တို့ မမီနိုင်တော့ဘူး"

ခွမ်းကျန့်က လက်လျှော့ချင်စိတ်ဖြင့် အော်ဟစ်လိုက်၏။ သူတို့သည် ကောင်းကင်ဘုံလူသား အဆင့် မဟုတ်ကြသဖြင့် သဲဘီလူးကို မယှဉ်နိုင်ပေ။

သဲဘီလူး နီးကပ်လာသည်နှင့်အမျှ ရွှယ်ဖုန်းနှင့် အခြားသူများ မျှော်လင့်ချက်မဲ့လာကြ၏။

"ချီလင် ချပ်ဝတ်... နဂါးနတ်ဘုရား အရိပ်"

ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး ချပ်ဝတ်ကို ဆင့်ခေါ်ကာ ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်၏။

"ငါ့လက်ကို ကိုင်ထား"

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။ သေရေးရှင်ရေး အခြေအနေတွင်ပင် အတူတူ ဖြတ်သန်းလာသော ညီအစ်ကိုများကို စွန့်ပစ်မည် မဟုတ်ပေ။

ဖုန်းဝူချန်သည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားပြီး တစ်စက္ကန့်အတွင်း လူတစ်ယောက်စီ၏ လက်ကို ဖမ်းဆုပ်ကာ ခေါ်ဆောင်သွား၏။

"ရွှစ်... ရွှစ်... ရွှစ်"

ဖုန်းဝူချန်၏ အရှိန်သည် ချက်ချင်း အဆများစွာ မြင့်တက်သွား၏။ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုပြီး ရွှယ်ဖုန်းနှင့် အခြားသူများကို ခေါ်ဆောင်ကာ အောက်သို့ ထိုးဆင်းလိုက်၏။

အကယ်၍ သဲဘီလူး မရောက်လာခင် ရှေးဟောင်း မြို့ပျက်အောက်သို့ မရောက်ပါက အားလုံး သေဆုံးသွားမည် ဖြစ်သည်။

"ရှောင်ရှောင်... ရှောင်ကျန်း... မြန်မြန်"

ဖုန်းဝူချန်က ထပ်မံ အော်ဟစ်လိုက်၏။

သဲဘီလူးသည် နတ်ဆိုးမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။

"ရွှစ်... ရွှစ်... ရွှစ်"

သဲဘီလူးသည် ရှေးဟောင်း မြို့ပျက်နှင့် မီတာ ဆယ်ဂဏန်းအကွာသို့ ရောက်ရှိလာချိန်တွင် ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် အဖွဲ့သားများသည် အသက်ကိုရင်းကာ အောက်သို့ ထိုးဆင်းလိုက်ကြ၏။ အမည်းရောင် လျှပ်စီးများအလား ပြေးဝင်သွားကြ၏။

သူတို့ အရင်က ဖွင့်ခဲ့သော လမ်းကြောင်းတစ်ခု ရှိနေပြီး ထိုလမ်းကြောင်းထဲသို့ တိကျစွာ ဝင်ရောက်သွားကြ၏။

"ဝီ... ဝီ"

ဖုန်းဝူချန်တို့ လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီး စက္ကန့်ဝက်အကြာတွင် ရှေးဟောင်း မြို့ပျက်ကြီးသည် သဲဘီလူး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကြီးမားသော သဲမုန်တိုင်းကြီးသည် ကြောက်မက်ဖွယ် အရှိန်ဖြင့် ရွေ့လျားသွား၏။ အကယ်၍ စက္ကန့်ဝက်သာ နောက်ကျခဲ့ပါက သူတို့အားလုံး သဲမှုန်များအဖြစ် ပြောင်းလဲသွားနိုင်သည်။

လမ်းကြောင်းအတွင်းသို့ သဲများ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ဖုန်းဝူချန်တို့ကို အရှင်လတ်လတ် မြှုပ်နှံတော့မည့်အလား ထင်ရသည်။

ရှေးဟောင်း မြို့ပျက်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး မြေအောက်ခန်းများ စတင် ပြိုကျလာ၏။

"မြန်မြန်... အခန်းထဲ ဝင်ပြီး သဲတွေကို ပိတ်လိုက်"

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။ အခန်းမပြိုကျမီ အခန်းထဲ ဝင်ရောက်ပြီး အကာအကွယ် ဖန်တီးနိုင်ပါက ဘေးကင်းမည် ဖြစ်သည်။

အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ဖုန်းဝူချန်က အချိန်မီ လှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ခွမ်းကျန့်နှင့် အခြားသူများ သဲဘီလူး၏ ဝါးမြိုခြင်းကို ခံလိုက်ရနိုင်သည်။

အခန်းထဲသို့ ရောက်သည်နှင့် ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို အသုံးပြုကာ ပြိုကျနေသော အခန်းကို ထောက်ကန်ထားလိုက်ပြီး ဝင်ပေါက်ကို ပိတ်ဆို့လိုက်၏။

"ဟူး... လွတ်ပြီဟေ့... လွတ်ပြီ"

ခွမ်းကျန့်က ရင်ဘတ်ကို ပုတ်ရင်း သက်ပြင်းချလိုက်၏။ သူ့မျက်နှာတွင် ထိတ်လန့်မှုများ အထင်းသား ပေါ်နေ၏။

"သေခါနီးပြီလို့ ထင်လိုက်တာ... ကြောက်စရာ ကောင်းလိုက်တာ"

လွမ်ရှန်း၏ မျက်နှာ ဖြူလျော်နေ၏။

ရွှယ်ဖုန်းက တံတွေးမျိုချရင်း ပြောလိုက်၏။

"ခန်းမသခင်သာ မကယ်ရင် ကျွန်တော်တို့ သေပြီ"

"သဲဘီလူးက တကယ် ကြောက်စရာ ကောင်းတာပဲ"

လိန်မူချန်မှာ ချွေးစေးများ ပြန်နေ၏။

ဖုန်းဝူချန် ကိုယ်တိုင်လည်း သက်ပြင်းချလိုက်မိသည်။

သေမင်းနှင့် ပြေးပွဲဝင်ခဲ့ရသလိုပါပဲ။

အသက်ဝဝရှူပြီးနောက် ဖုန်းဝူချန်သည် အစစ်အမှန်ယွမ်များကို ထုတ်ဖော်ကာ လက်သင်္ကေတများ ပြုလုပ်လိုက်၏။

"ရှေးဦး ဝိညာဉ် ကိုယ်ပွား သိုင်းကွက်"

တဆက်တည်း၌၊ ရှေးဦး ဝိညာဉ် ကိုယ်ပွား (၁၂) ခု ပေါ်လာတော့သည်။

"ရှေးဦး ဝိညာဉ် ကိုယ်ပွား သိုင်းကွက်ပါလား"

ကိုယ်ပွား (၁၂) ခုကို မြင်လိုက်ရသောအခါ ဟွမ်ယန်တို့ ဝမ်းသာသွားကြ၏။

"သဲကန္တာရရဲ့ မီးစွမ်းအင်တွေကို ကောင်းကောင်း အသုံးချပြီး ကျင့်ကြံကြ။ အချိန် သိပ်မရဘူး။ မြန်မြန်လုပ်ကြ။ ပြီးတော့ မင်းတို့ လက်နက်တွေကို ငါ့ဆီ ပေးပါ... ပြုပြင်ပေးမယ်"

ဖုန်းဝူချန်က ညွှန်ကြားလိုက်၏။

"လက်နက် ပြုပြင်ပေးမယ် ဟုတ်လား... ကောင်းလိုက်တာ"

ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

အားလုံးက အင်မော်တယ် လက်နက်များနှင့် ဝိညာဉ် လက်နက်များကို ဖုန်းဝူချန်ရှေ့တွင် ချပေးလိုက်ပြီး ကိုယ်ပွားများ၏ အကူအညီဖြင့် မီးစွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံကြတော့သည်။

ကိုယ်ပွားများ၏ အကူအညီကြောင့် ဟွမ်ယန်တို့၏ ကျင့်ကြံမှုနှုန်းသည် အဆများစွာ မြန်ဆန်လာပြီး ကောင်းကင်ဘုံလူသား အဆင့်သို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် မျှော်လင့်ချက် ရှိလာ၏။

အချိန်မရှိသဖြင့် ဖုန်းဝူချန်သည် အခန်းထဲမှ ရရှိထားသော လက်နက်များနှင့် ပစ္စည်းများကို စုစည်းပြီး ချက်ချင်း ပြုပြင်ခြင်း လုပ်ငန်း စတင်လိုက်၏။

'ကိုးထပ် ချန်ခွင်း မျှော်စင်'အား ယူမလာမိတာ နှမြောစရာပါပင်။ ပါလာလျှင် အချိန်တွေ အများကြီး သက်သာမည်လေ။

ဖုန်းဝူချန်အတွက် လက်နက်ပြုပြင်ခြင်းက သာမန် ကိစ္စလေး တစ်ခုပါ။

ထို့ကြောင့် ဖုန်းဝူချန်သည် လက်နက်များကို အရင် ပြုပြင်ပြီးမှ ကျင့်ကြံရန် စီစဉ်လိုက်၏။

ဒီကို မလာခင် လေလံပွဲမှ ပစ္စည်းတွေ အများကြီး ဝယ်ထား၍ လက်နက်ပြုပြင်တာ အချိန်မကြာပါချေ။

ဖုန်းဝူချန်၏ နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်များကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်နေ၏။ အဆင့်မြင့်လေ ၊ စွမ်းအား ပိုကြီးလေ ဖြစ်သည်။

...

တစ်ချိန်တည်းမှာပင်... ဖုန်းဝူချန်တို့ သဲဘီလူးလက်မှ လွတ်မြောက်သွားပြီး မကြာမီ... သဲကန္တာရထဲတွင် လဲလျောင်းနေသော ယင်ယန်ကျွင်း၏ အလောင်းနားသို့ ကြီးမားသော သဲမုန်တိုင်းကြီး ချဉ်းကပ်လာ၏။

"ရွှစ်"

လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ယင်ယန်ကျွင်း၏ အလောင်းဘေးတွင် ရပ်လိုက်၏။

ထိုသူသည် လူလတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်း၍ မရနိုင်ပေ။ သေချာတာတစ်ခုကတော့ အလွန် ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။

မလှမ်းမကမ်းတွင် သဲဘီလူးကြီး ရှိနေသော်လည်း ထိုလူ၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။ သဲဘီလူးကို မမြင်သလို၊ သို့မဟုတ် သူ့ကို ဘာမှ မလုပ်နိုင်ဟု ယုံကြည်နေသလိုပင်။

ထိုလူက ဒူးထောက်ထိုင်ချလိုက်ပြီး ယင်ယန်ကျွင်း၏ ရင်ဘတ်မှ ဓားဒဏ်ရာကို စစ်ဆေးကြည့်လိုက်၏။

"အဆင့်မြင့် ဝိညာဉ် ဓားပျံ ... ဒီဓားက သာမန် မဟုတ်ဘူး။ နဂါးမျိုးနွယ်ရဲ့ အရှိန်အဝါ ပါနေတယ်။ ဒီဓားကို သုံးတဲ့သူက ဓားသိုင်းပညာမှာ ထိပ်ဆုံးရောက်နေပြီ။ သူ့လက်ချက်နဲ့ သေရတာ မတန်ဘူးတော့ မဆိုနိုင်ဘူး"

"တကယ်ပဲ အင်မော်တယ် ကျင့်စဉ်ကိုး။ ဒီလူက ရိုးရှင်းမနေဘူး"

"ပြီးတော့ နတ်ဆိုးမျိုးနွယ်ရဲ့ အရှိန်အဝါလည်း ရှိနေတယ်။ သူတို့လည်း နတ်ဘုရား လက်နက်ကို လိုက်ရှာနေကြတာပဲ"

ထိုလူက မတ်တတ်ပြန်ရပ်လိုက်ပြီး အဝေးမှ သဲဘီလူးကို လှမ်းကြည့်လိုက်၏။

"ဘယ်လို ပါရမီရှင်မျိုးက ဒီလောက် ထက်မြက်တဲ့ ဓားသိုင်းကို ပိုင်ဆိုင်ထားတာလဲ။ သူ့ရဲ့ ဓားချီက လောကကြီးကို အထင်သေးနေသလိုပဲ"

"ဒါပေမဲ့... မင်းက နဂါးမျိုးနွယ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ... ယင်ယန်မိသားစုရဲ့ မျိုးဆက်ကို သတ်ရဲမှတော့... သွေးကြွေး ပြန်ဆပ်ရမယ်"

ရုတ်တရက်၊ ထိုလူ၏ မျက်လုံးများ ရုတ်တရက် ရက်စက်သွားပြီး ကြောက်မက်ဖွယ် လူသတ် အရှိန်အဝါများ ဝင်းလက်သွား၏။

လက်ကို ဝှေ့ယမ်းလိုက်ရာ ယင်ယန်ကျွင်း၏ အလောင်း ပျောက်ကွယ်သွားပြီး ထိုလူလည်း လေထဲတွင် ပျောက်ကွယ်သွားလေသည်။

အခန်း (၅၈၈) - ခန့်မှန်းချက်

~သဲဘီလူးကြီးသည် နေရာအနှံ့ လွှမ်းခြုံသွားပြီး ကောင်းကင်ကြီးတစ်ခုလုံးကို စောင်တစ်ထည်လို ဖုံးလွှမ်းသွား၏။

သူဖြတ်သန်းသွားသော နေရာတိုင်းတွင် ပျက်စီးနေသော သဲကန္တာရသည် မူလပုံစံအတိုင်း ပြန်လည် ဖြစ်ပေါ်လာ၏။

ကြမ်းတမ်းပြီး ပြင်းထန်သော မီးစွမ်းအင်များသည် ရှိမြဲအတိုင်း ရှိနေပြီး သဲဘီလူး ပေါ်လာသော်လည်း လျော့နည်းသွားခြင်း မရှိပေ။

အချိန်များ ကုန်ဆုံးသွားပြီးနောက် ယန်ဟွမ် သဲကန္တာရကြီး ပြန်လည် ငြိမ်သက်သွား၏။

ရှေးဟောင်း မြို့ပျက်ကြီးသည် သဲအလွှာများအောက်တွင် နက်ရှိုင်းစွာ နစ်မြုပ်သွားပြီး ဖုန်းဝူချန်နှင့် အဖွဲ့သားများသည်လည်း မြေအောက်ခန်းထဲတွင် ပိတ်မိနေကြ၏။

လမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် မြေအောက်ခန်းထဲတွင် အသက်ရှူရန် လုံလောက်မှု မရှိနိုင်ပေ။

ထို့ကြောင့် ဖုန်းဝူချန်သည် လမ်းကြောင်းများကို အရင် ရှင်းလင်းပြီး လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ပြီးမှ လက်နက် ပြုပြင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်၏။

...

လျှို့ဝှက်ဆန်းကြယ်သော နေရာလပ်တစ်ခုရှိ ကြီးမားခမ်းနားသော နန်းတော်ကြီး တစ်ခုတွင်...

ခန်းမကြီးထဲ၌ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အလောင်းတစ်ခုနှင့်အတူ ရုတ်တရက် ပေါ်လာ၏။ အသံမကြားရသလို ခြေရာလက်ရာလည်း မကျန်ခဲ့ပေ။

ထိုလူလတ်ပိုင်း အမျိုးသားသည် ယန်ဟွမ် သဲကန္တာရမှ ယင်ယန်ကျွင်း၏ အလောင်းကို ယူဆောင်လာသူ ဖြစ်သည်။ အလောင်းမှာ ယင်ယန်ကျွင်း၏ အလောင်းပင်။

ထိုကြီးကျယ်ခမ်းနားသော နန်းတော်ကြီးသည် ယင်ယန်မိသားစု၏ နန်းတော် ဖြစ်သည်။

"ငါတို့ တစ်လှမ်း နောက်ကျသွားပုံရတယ်"

အဓိက ထိုင်ခုံတွင် ထိုင်နေသော ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူ့ထံမှ ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

"သူတော်စင်... ဘယ်သူ့လက်ချက်လဲ"

အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်နေ၏။

ထိုအခါ၊ သူတော်စင်က ခေါင်းခါရင်း ပြောလိုက်၏။

"ယင်ယန်ကျွင်း ပို့လိုက်တဲ့ သတင်းအရ... အဲဒီလူက နဂါးမျိုးနွယ် သွေးမျိုးဆက်နဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ပဲ သိရတယ်။ နာမည် မပါဘူး။ ပြီးတော့ အဲဒီလူက နဂါးမျိုးနွယ်နဲ့ မပတ်သက်ဘူးတဲ့... သွေးမျိုးဆက်ကို မတော်တဆ ရထားတာတဲ့။ အဲဒီအပြင် တခြား အသေးစိတ် အချက်အလက် မပါဘူး။ အဲဒီအချိန်က အခြေအနေ တော်တော် ဆိုးရွားနေပုံရတယ်"

"နဂါးမျိုးနွယ် သွေးမျိုးဆက် ရှိပေမဲ့ နဂါးမျိုးနွယ်နဲ့ မပတ်သက်ဘူး ဟုတ်လား"

အဓိက ထိုင်ခုံမှ လူကြီးက ထပ်မံ မျက်မှောင်ကြုတ်လိုက်၏။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြားဖူးပေ။

"ယင်ယန်ကျွင်းကို သတ်နိုင်တယ် ဆိုကတည်းက အဲဒီလူရဲ့ စွမ်းအားက ထင်ရှားနေတာပဲ။ ထျန်းကျီဘုံကို ရောက်နေလောက်တယ်။ ဒဏ်ရာတွေကို ကြည့်ရတာ... အဲဒီလူရဲ့ ဓားသိုင်းပညာက အရမ်း မြင့်မားတယ်။ ဒီလို ပြင်းထန်တဲ့ ဓားဒဏ်ရာမျိုးက သာမန်လူတစ်ယောက်ရဲ့ လက်ချက် မဟုတ်ဘူး"

လူလတ်ပိုင်း အမျိုးသားက ယင်ယန်ကျွင်း၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် သုံးသပ်လိုက်၏။

"သူတော်စင် ပြောတာ မှန်တယ်။ ဒီလူရဲ့ ဓားသိုင်းပညာက ပြိုင်ဘက်ကင်းပဲ။ ယင်ယန်မိသားစု တစ်ခုလုံးမှာတောင် ဒီလို ပါရမီရှင်မျိုး ရှာမတွေ့နိုင်ဘူး"

သူတော်စင်က ခေါင်းညိတ်ထောက်ခံလိုက်၏။

"ယန်ဟွမ် သဲကန္တာရထဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့ အရှိန်အဝါကိုလည်း ခံစားမိတယ်။ သူတို့လည်း နတ်ဘုရား လက်နက်ကို လိုချင်နေတာ သေချာတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ယင်ယန်ကျွင်းရဲ့ အလောင်းပဲ ကျန်တော့တယ်။ လူအရိပ်အယောင် မတွေ့ရဘူး။ နတ်ဘုရား လက်နက်ကို နတ်ဆိုးမျိုးနွယ် ယူသွားမှာ စိုးရိမ်ရတယ်"

"နတ်ဆိုးမျိုးနွယ်က နတ်ဘုရား လက်နက်ကို လိုချင်တာ... မျိုးနွယ်စုခေါင်းဆောင် နေရာကို လုချင်လို့ပဲ နေမှာပါ။ သူတော်စင် အငယ်စား... မင်း နတ်ဆိုးမျိုးနွယ်ဆီ သွားလိုက်။ တကယ်လို့ သူတို့က နတ်ဘုရား လက်နက်ကို ပေးမယ်လို့ သဘောတူရင်... ယင်ယန်မိသားစုက သူတို့ကို မျိုးနွယ်စုခေါင်းဆောင် နေရာရအောင် ကူညီပေးမယ်လို့ ပြောလိုက်"

သူတော်စင်က အေးစက်စွာ အမိန့်ပေးလိုက်၏။ နတ်ဆိုးမျိုးနွယ်၏ ပြည်တွင်းရေးကို ကူညီပေးခြင်းသည် သူ့အတွက် အသေးအဖွဲ ကိစ္စသာ ဖြစ်သည်။

"ဟုတ်ကဲ့ပါ... သူတော်စင်"

သူတော်စင် အငယ်စားက ရိုသေစွာ အမိန့်ခံယူလိုက်၏။

"ဒါနဲ့... ယင်ယန်ကျွင်းကို သတ်လိုက်တဲ့လူက ကောင်းကင် နတ်ဆိုး သူတော်စင်မလေး လင်ရှောင်ရှောင်နဲ့ ရင်းနှီးပုံရတယ်။ အဲဒီအချိန်က လင်ရှောင်ရှောင်လည်း ယန်ဟွမ် သဲကန္တာရထဲမှာ ရှိနေတာ။ အဲဒီလူက နဂါးမျိုးနွယ်နဲ့ မပတ်သက်ဘူးလို့ ပြောပေမဲ့ လိမ်တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် သူက ကောင်းကင် နတ်ဆိုး သူတော်စင်မလေးကို ဘယ်လိုလုပ် သိမှာလဲ"

"ရှောင်ရှောင် ဟုတ်လား"

သူတော်စင်၏ စကားကို ကြားသောအခါ အံ့သြတကြီး အသံတစ်ခု ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။

"သခင်လေး"

ထိုအသံကို ကြားသည်နှင့် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှလွဲ၍ ခန်းမထဲရှိ လူအားလုံး ဒူးထောက် အရိုအသေ ပေးလိုက်ကြ၏။

"ဝုန်း"

ကြောက်မက်ဖွယ် လူသတ် အရှိန်အဝါများ ခန်းမတစ်ခုလုံး လွှမ်းခြုံသွားပြီး ယင်ယန်ကျွင်း၏ အလောင်းသည် မီးတောက်များ လောင်ကျွမ်းကာ မျက်စိတစ်မှိတ်အတွင်း ပြာကျသွား၏။

"ရှောင်ရှောင် ရှိနေတာကို သိရဲ့သားနဲ့ လှုပ်ရှားရဲတယ်ပေါ့။ သေသင့်တာပေါ့"

ယင်ယန်မိသားစု၏ သခင်လေးက အေးစက်စွာ ပြောလိုက်၏။

"ရှောင်ရှောင် ရှေ့မှာ မင်းတို့ထဲက ဘယ်သူမဆို လှုပ်ရှားရဲတယ်လို့ ငါ ထပ်ကြားရင်... ယင်ယန်ကျွင်းလိုပဲ စံပြအဖြစ် သတ်ပစ်မယ်"

သခင်လေး၏ အေးစက်သော အသံနှင့်အတူ ကြောက်မက်ဖွယ် ဖိအားများ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားရာ လူတိုင်း ကျောချမ်းသွားကြ၏။

"ဟုတ်ကဲ့ပါ သခင်လေး"

သူတော်စင်နှင့် အခြားသူများ ကြောက်လန့်တကြား ပြန်ဖြေလိုက်ကြ၏။

"စိတ်လျှော့ပါ သားလေး"

အဓိက ထိုင်ခုံမှ လူကြီးက ဝင်ပြောလိုက်မှ ဖိအားများ ပျောက်ကွယ်သွား၏။

"နတ်ဆရာကြီး.. ရှောင်ရှောင့်ဘေးမှာ ဘယ်သူရှိနေလဲ ဆိုတာ အခုချက်ချင်း စုံစမ်းခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ သခင်လေး"

နတ်ဆရာကြီးက ရိုသေစွာ အမိန့်ခံယူလိုက်၏။

...

ရှေးဟောင်း မြို့ပျက်အောက်ရှိ ဂူထဲတွင်...

"အဆင့် (၆) ရောက်ပြီ"

ဖုန်းဝူချန် ပြုံးလိုက်၏။

နဂါးနတ်ဘုရား ဓားသည် အဆင့် (၂) မှ အဆင့် (၆) သို့ (၄) ဆင့်တိုင်တိုင် မြင့်တက်သွားပြီ ဖြစ်ရာ စွမ်းအားများလည်း နှစ်ဆ တိုးလာပြီ ဖြစ်သည်။

ထို့အပြင် လင်ရှောင်ရှောင်နှင့် အခြားသူများ၏ လက်နက်များကိုလည်း အဆင့် (၅) အထိ မြှင့်တင်ပေးလိုက်၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့် မတိုးတက်သေးလျှင်တောင် တိုက်ခိုက်စွမ်းရည်ကတော့ နှစ်ဆ တိုးလာမည်မှာ သေချာသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဖုန်းဝူချန်သည် လက်နက်အားလုံးကို အဆင့် (၅) အထိ မြှင့်တင်ပေးနိုင်ခဲ့သည်။

"ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာကို ရောက်ဖို့ အချိန်လိုသေးတယ်"

ဖုန်းဝူချန် ရေရွတ်လိုက်ပြီး လင်ရှောင်ရှောင်တို့ကို လှမ်းကြည့်လိုက်၏။

'လုံလောက်ပါတယ်'

ဟွမ်ယန်နှင့် အခြားသူများ ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရန် အနည်းဆုံး (၂) လ ကြာလိမ့်မည်။ ဖုန်းဝူချန်၏ ကိုယ်ပွားများ ကူညီပေးနေသည့်တိုင် အချိန်ယူရမည်။

(၂) လ အတွင်း ဖုန်းဝူချန်၏ ပါရမီနှင့်ဆိုလျှင် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ ရောက်ရှိရန် လုံလောက်သည်။

ဖုန်းဝူချန်သည် တန်ဖိုးရှိသော ဆေးဝါးများနှင့် ရတနာများကို ထုတ်ယူလိုက်ပြီး 'အထွတ်အထိပ် နဂါးနတ်ဘုရား ကျင့်စဉ်' ကို လည်ပတ်ကာ ပြင်းထန်သော မီးစွမ်းအင်များကို စုပ်ယူလိုက်၏။ စွမ်းအင်နှစ်မျိုး ပေါင်းစပ်လိုက်သဖြင့် ဖုန်းဝူချန်၏ ကျင့်ကြံမှုနှုန်းသည် အလွန် မြန်ဆန်လာ၏။

"ဒီလောက် ဆေးဝါးတွေနဲ့ဆိုရင်... ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာကို ရောက်ဖို့ မခဲယဉ်းပါဘူး"

...

"နဂါးမျိုးနွယ် ဟုတ်လား"

လျှို့ဝှက်ဆန်းကြယ်သော နန်းတော်တစ်ခုတွင် မျက်မှောင်ကြုတ်ထားသော အကြီးအကဲတစ်ဦး ထိုင်နေ၏။

လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဟုတ်ပါတယ်။ သူ့မှာ နဂါးမျိုးနွယ် သွေးမျိုးဆက် ရှိတယ်။ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာပဲ ရှိပေမဲ့ နဝမအလွှာ ရှိတဲ့ ယင်ယန်ကျွင်းကို သတ်နိုင်ခဲ့တယ်"

"ပဉ္စမအလွှာက နဝမအလွှာကို သတ်နိုင်တယ် ဟုတ်လား"

အကြီးအကဲ၏ မျက်နှာတွင် အံ့သြမှုများ ပေါ်လာ၏။

"တကယ်ပါ... ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ။ သူ့မှာ ရှေးဦး ကမ္ဘာဦး စွမ်းအားနဲ့ နတ်ဘုရား လက်နက်လည်း ရှိတယ်။ အဲဒီအချိန်တုန်းက ကောင်းကင် နတ်ဆိုး သူတော်စင်မလေးလည်း ရှိနေပြီး သူမက နတ်ဘုရား အကာအကွယ် လုပ်ထားလို့ ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ဘူး"

"ငတုံး... အဲဒီကောင်လေးကို ဖမ်းပြီး ကိစ္စဖြတ်လိုက်ရမှာပေါ့"

အခြား အကြီးအကဲတစ်ယောက်က ဆူပူလိုက်၏။

" ကျွန်တော်လည်း အဲဒီလို တွေးမိပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက အရမ်း ဉာဏ်များတယ်။ ကျွန်တော် မလှုပ်ရှားခင်မှာပဲ သူက အကာအကွယ်ထဲ ဝင်သွားတော့ ဘာမှ လုပ်လို့ မရတော့ဘူး"

"သူက ဉာဏ်များတာ မဟုတ်ဘူး... မင်းက တုံးတာ"

"ကျွန်တော်... ကျွန်တော် သူ ဒီလောက် ဉာဏ်များမယ်လို့ မထင်ထားဘူးလေ"

"ဟွန့်"

အဓိက ထိုင်ခုံမှ အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလိုက်၏။

"အဲဒီကောင်လေးအကြောင်း အခုချက်ချင်း စုံစမ်းခိုင်းလိုက်။ နတ်ဘုရား လက်နက်ကို အမြန်ဆုံး ပြန်ယူရမယ်"

"ဟုတ်... ဟုတ်ကဲ့ပါ"

"ဒီ အသုံးမကျတဲ့ကောင်ကို လွှတ်လိုက်မိတာ မှားတာပဲ"

အကြီးအကဲတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။

"နဂါးမျိုးနွယ်မှာ ဒီလို ပါရမီရှင်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ။ တခါမှ မကြားဖူးပါဘူး။ ပြီးတော့ ကောင်းကင် နတ်ဆိုး သူတော်စင်မလေးက သူ့နောက် လိုက်နေတယ် ဆိုတော့... ဒါ ဖြစ်နိုင်ပါ့မလား"

မိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိလေသည်။

All Chapters