← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈) - ယွင်ကျန်း

~"တစ်ယောက်မှ အရှင်မထားနဲ့တဲ့လား"

ဖုန်းဝူချန်၏ အမိန့်သံကို ကြားသောအခါ လာရောက်ကြည့်ရှုသူများ အံ့အားသင့်သွားကြ၏။

နဂါးနတ်ဘုရား နန်းတော်သည် အင်အားကြီး ဂိုဏ်း (၁၁) ခုကို သွေးချောင်းစီးစေခဲ့သည်မှာ မှန်သော်လည်း ထိုဂိုဏ်းများတွင် အကျော်အမော် ခေါင်းဆောင်များ မရှိသောကြောင့် ဖြစ်သည်။

နဂါးနတ်ဘုရား နန်းတော်သည် အားမနည်းသော်လည်း သန့်ရှင်းသော နေမင်းဂိုဏ်းနှင့် ယှဉ်လျှင် အဝေးကြီး ကွာခြားနေသည်။

ထျန်းကျီဘုံ ပညာရှင် တစ်ယောက်မှ မရှိဘဲနဲ့... ဘယ်လိုလုပ် တစ်ယောက်မှ အရှင်မထားဘဲ သတ်နိုင်မှာလဲ။

လူ (၅၀၀) ကျော်လောက်နဲ့ သန့်ရှင်းသော နေမင်းဂိုဏ်းက တပည့်သောင်းချီကို ဘယ်လို ယှဉ်နိုင်မှာလဲ။

ဟန်ခွန်းက အစွမ်းထက် ပုဂ္ဂိုလ်များကို သိကျွမ်းသည် ဆိုလျှင်တောင် သန့်ရှင်းသော နေမင်းဂိုဏ်းကို တိုက်ခိုက်နိုင်ပါ့မလား။

သန့်ရှင်းသော နေမင်းဂိုဏ်းတွင် ထျန်းကျီဘုံ ပညာရှင် (၆) ဦး၊ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၁၀) ယောက်ကျော်နှင့် ထျန်းယွမ်ဘုံ တပည့် သောင်းချီ ရှိသည်။ ဒီအင်အားကို နဂါးနတ်ဘုရား နန်းတော်က ဘယ်လို ယှဉ်နိုင်မှာလဲ။

ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ဂိုဏ်းဖြစ်သည့်အလျောက် သူတို့၏ အင်အားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖုန်းဝူချန် ဒီလောက် မောက်မာရဲခြင်းမှာ ကျောထောက်နောက်ခံ အင်အားစု ရှိနေသောကြောင့် ဖြစ်မည်မှာ သေချာသည်။ မဟုတ်လျှင် နံပါတ်တစ် ဂိုဏ်းရှေ့တွင် ဒီလောက် ရမ်းကားရဲမည် မဟုတ်ပေ။

ကျန်းမိသားစုက အစွမ်းထက် ပုဂ္ဂိုလ်များ အမှောင်ထဲတွင် ပုန်းအောင်းနေတာများလား။

ကြည့်ရှုသူများ စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေကြ၏။

"ဝီ... ဝီ"

ဖုန်းဝူချန်၏ အေးစက်သော အမိန့်သံအဆုံးတွင် နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် အစစ်အမှန်ယွမ်များကို ထုတ်ဖော်လိုက်ပြီး ဝိညာဉ် လက်နက်များကို ဆင့်ခေါ်လိုက်ကြ၏။ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများနှင့် သွေးဆာနေသော လူသတ် အရှိန်အဝါများသည် သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"သတ်ကြ"

ဟွမ်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နဂါးနတ်ဘုရား နန်းတော် စစ်သည် ရာပေါင်းများစွာကို ဦးဆောင်ကာ သန့်ရှင်းသော နေမင်းဂိုဏ်း တပည့် သောင်းချီကြားသို့ တိုးဝင်သွားသည်။

"သန့်ရှင်းသော နေမင်းဂိုဏ်းက ဘယ်သူ့အနိုင်ကျင့်တာမှ မခံဘူး။ ဂိုဏ်းချုပ်လေးကျန်း... ကျန်းမိသားစုက လူလွှတ်ထားရင်တောင် သန့်ရှင်းသော နေမင်းဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"

ဟု အကြီးအကဲတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။

"သန့်ရှင်းသော နေမင်းဂိုဏ်းသားများ အမိန့်နာခံ... သတ်ကြစမ်း"

ပထမ အကြီးအကဲက အမိန့်ပေးလိုက်၏။ သန့်ရှင်းသော နေမင်းဂိုဏ်း အနေဖြင့် အသက်နှင့်ရင်းပြီး ပြန်တိုက်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

"သတ်ကြ"

တပည့်သောင်းချီက ပြိုင်တူ ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ အရှိန်အဝါသည် ခမ်းနားထည်ဝါပြီး လူသတ် အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားသည်။

နဂါးနတ်ဘုရား နန်းတော် စစ်သည် ရာပေါင်းများစွာသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။

"ရွှစ်... ရွှစ်... ရွှစ်"

စစ်သည် (၅၀၀) ကျော်သည် တပြိုင်နက်တည်း နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုလိုက်ကြ၏။ သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များကို တုန်လှုပ်စေခဲ့သော ထူးဆန်းသည့် မြင်ကွင်းကြီး ထပ်မံ ပေါ်လာသည်။

""

စစ်သည် (၅၀၀) ကျော်သည် ရန်သူများကြားသို့ ရောက်ရှိသွားပြီး သွေးအေးရက်စက်သော သတ်ဖြတ်မှုကြီး စတင်လိုက်၏။ သူတို့ ရောက်လေရာ အရပ်တိုင်းတွင် သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များ အစုလိုက်အပြုံလိုက် လဲကျသေဆုံးကုန်ကြ၏။ သွေးမိုးရွာနေသကဲ့သို့ပင်။

အားနည်းသော တပည့်များသည် ဘာဖြစ်မှန်းတောင် မသိလိုက်ကြပေ။

ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ ရှိသော တပည့်များပင် ချက်ချင်း သတိမထားမိလိုက်ကြပေ။

နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်သည် အလွန် စွမ်းအားကြီးပြီး ထူးဆန်းလွန်းသည်။

"..."

တိုက်ပွဲ စတင်ရုံသာ ရှိသေးသော်လည်း ကြည့်ရှုသူများသည် ကြောက်လန့်တုန်လှုပ်နေကြ၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အားလုံး ကျောက်ရုပ်များ ဖြစ်ကုန်ကြ၏။

သွမ့်ကျုံးနှင့် အကျော်အမော်များလည်း အံ့သြမှင်သက်နေကြ၏။ မိမိတို့၏ တပည့်များ ရက်စက်စွာ သတ်ဖြတ်ခံနေရသည်ကို ပါးစပ်အဟောင်းသား ကြည့်နေမိသည်။

ဤမျှ မြန်ဆန်သော သတ်ဖြတ်မှုမျိုးကို မည်သူမျှ မမြင်ဖူးကြပေ။

နဂါးနတ်ဘုရား နန်းတော်က တစ်ရက်တည်းနှင့် ဂိုဏ်း (၁၁) ခုကို ဘယ်လို သွေးချောင်းစီးစေခဲ့လဲ ဆိုတာ အခုမှ နားလည်သွားကြ၏။

နဂါးနတ်ဘုရား နန်းတော် စစ်သည်တိုင်းသည် လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာများကို ကျွမ်းကျင်ကြပြီး ရန်သူကို တစ်ချက်တည်းဖြင့် အသေ သတ်နိုင်စွမ်း ရှိကြ၏။

ဤသို့ အမြန်နှုန်းနှင့် သတ်ဖြတ်နေမှတော့ လူသောင်းချီ မကလို့ နောက်ထပ် သောင်းချီ ထပ်ရောက်လာလျှင်လည်း အကုန်သေမည်သာ။

"မြန်မြန် တားကြ"

အကြီးအကဲတစ်ယောက်က စိုးရိမ်တကြီး အော်လိုက်၏။ သူ့ရင်ထဲတွင် နာကျင်နေပြီ ဖြစ်သည်။

သွမ့်ကျုံးနှင့် အခြားသူများ၏ မျက်နှာထားများလည်း လေးနက်နေသည်။

သန့်ရှင်းသော နေမင်းဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ ပြိုင်တူ.. ဝင်ရောက် တိုက်ခိုက်လိုက်ကြ၏။

သို့သော် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၁၀) ယောက်ကျော် ရှိသော်လည်း နဂါးနတ်ဘုရား နန်းတော် စစ်သည် (၅၀၀) ကျော်၏ ရူးသွပ်သော သတ်ဖြတ်မှုကို တားဆီးရန် ခက်ခဲနေသည်။

"သူတို့ကို နဂါးနတ်ဘုရား နန်းတော်ကို အထင်မသေးစေနဲ့"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။

"လှုပ်ရှားကြ"

ထိုသို့ ယီထျန်းချင်းက အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးထွက်သွားသည်။

"သတ္တမအလွှာနဲ့ အဋ္ဌမအလွှာတွေကို မင်းတို့ တာဝန်ယူလိုက်။ ကျန်တဲ့ လူတွေကို ငါ ရှင်းမယ်"

လျိုချင်းယန်က အော်ဟစ်ပြီး ဝင်ရောက် တိုက်ခိုက်လိုက်၏။

ယဲ့ထျန်းဝေ၊ လင်ရှောင်ရှောင်၊ ပေတိုယန်နှင့် အခြားသူများလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး သန့်ရှင်းသော နေမင်းဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို ကြားဖြတ် တိုက်ခိုက်လိုက်ကြ၏။

သန့်ရှင်းသော နေမင်းဂိုဏ်းတွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၁၀) ယောက်ကျော် ရှိသော်လည်း သူတို့ အနည်းငယ်မျှ မကြောက်ကြပေ။

"ရွှစ်... ရွှစ်... ရွှစ်"

""

မည်းနက်သော သစ်ရွက်များ လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် အများအပြား ယဲ့ထျန်းဝေ၏ လက်ချက်ဖြင့် သေဆုံးသွားကြ၏။

လင်ရှောင်ရှောင်နှင့် ကျန်းကျွင့်လန်တို့လည်း နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ အားနည်းသော ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို လွယ်ကူစွာ သတ်ဖြတ်နေကြ၏။

ခဏအကြာတွင် ဖုန်းဝူချန်လည်း တိုက်ပွဲထဲ ဝင်ရောက်လာသည်။ နဂါးနတ်ဘုရား ဓားကို ကိုင်ဆောင်ပြီး နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်လိုက်၏။

ဖုန်းဝူချန်၏ နည်းလမ်းများသည် ရက်စက်ပြီး သွေးအေးလှသည်။

ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၁၀) ယောက်ကျော် ချက်ချင်း သေဆုံးသွားသည်။ မည်သူမျှ မတားဆီးနိုင်သော သတ်ဖြတ်မှုကြီးပင်။

"ဟွန့်"

ထျန်းကျီဘုံ ပညာရှင်တစ်ဦးက သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး နှာခေါင်းရှုံ့ကာ ကောင်းကင်သို့ ပျံတက်လာတော့သည်။

တဆက်တည်း၌၊ ထျန်းကျီဘုံ ဒုတိယအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူ့အဆင့်နှင့် ဆိုလျှင် ဖုန်းဝူချန်တို့ကို သတ်ရန်မှာ လက်ဖဝါးလှန်သကဲ့သို့ လွယ်ကူလှသည်။ နဂါးနတ်ဘုရား နန်းတော် စစ်သည်များကို တားဆီးရန်မှာလည်း အလွယ်လေးပင်။

"ဝုန်း"

သို့သော် ထျန်းကျီဘုံ ပညာရှင် ကောင်းကင်သို့ ရောက်သည်နှင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုလူသည် သွေးမြူမှုန်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း အသတ်ခံလိုက်ရခြင်းတည်း။ အစအနပင် မကျန်တော့ပေ။

ရုတ်တရက် ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။

ထျန်းကျီဘုံ ပညာရှင် တစ်ယောက်လေ... မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတာလား။

"ကျန်းမိသားစုလား"

သွမ့်ကျုံး မျက်မှောင်ကြုတ်လိုက်၏။ မျက်နှာ ပျက်နေသည်။

"ထျန်းကျီဘုံ"

အကြီးအကဲကြီးများ၏ မျက်နှာထား လေးနက်သွားသည်။ ထျန်းကျီဘုံ ပညာရှင်တစ်ဦး ကူညီနေကြောင်း ရိပ်မိထားသော်လည်း တကယ် ကြုံတွေ့လိုက်ရသောအခါ တုန်လှုပ်သွားကြ၏။

သွမ့်ကျုံးသည် ထျန်းကျီဘုံ ဆဋ္ဌမအလွှာ ရောက်နေပြီး အလွန် စွမ်းအားကြီးသည်။ သို့သော် သူပင်လျှင် တိုက်ခိုက်သူကို အာရုံမခံမိလိုက်ပေ။ ဆိုလိုသည်မှာ တိုက်ခိုက်သူ၏ စွမ်းအားက အလွန် ကြီးမားလှသည်။

"ကျန်းမိသားစုက အစွမ်းထက် ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။ မမှားနိုင်ဘူး။ သန့်ရှင်းသော နေမင်းဂိုဏ်းလည်း ပျက်စီးတော့မယ် ထင်တယ်"

"ကြောက်စရာ ကောင်းလိုက်တာ... ချက်ချင်း ပျောက်ကွယ်သွားတာပဲ"

"ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ဂိုဏ်းချုပ်သွမ့်ထက်တောင် မြင့်မားလိမ့်မယ်"

ကြည့်ရှုသူများ ကြောက်လန့်တုန်လှုပ်နေကြ၏။

"ဘယ်သူလဲ... ဘာလို့ ကိုယ်ထင်မပြတာလဲ"

သွမ့်ကျုံးက ဒေါသတကြီး မေးလိုက်၏။ ထျန်းကျီဘုံ ဆဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

သွမ့်ကျုံး စကားဆုံးသည်နှင့် ကောင်းကင်ယံထက်တွင် လူရိပ်တစ်ခု တိတ်ဆိတ်ငြိမ်သက်စွာ ပေါ်ထွက်လာသည်။

"ယွင်ကျန်း"

ထိုလူကို မြင်လိုက်ရသောအခါ သွမ့်ကျုံး၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားပြီး အလွန် ကြောက်လန့်သွားသည်။ သူ့ခန္ဓာကိုယ် တုန်ယင်လာသည်။

ထိုလူသည် ကျန်းမိသားစုမှ မဟုတ်ဘဲ အင်မော်တယ် လက်နက် စံအိမ်မှ စစ်သူကြီး ယွင်ကျန်း ဖြစ်နေလိမ့်မည်ဟု သွမ့်ကျုံး လုံးဝ ထင်မထားခဲ့ပေ။

နဂါးနတ်ဘုရား နန်းတော်က အင်မော်တယ် လက်နက် စံအိမ်ရဲ့ ကျောထောက်နောက်ခံကို ရထားတာလား။

"အင်မော်တယ် လက်နက် စံအိမ် စစ်သူကြီး ယွင်ကျန်း..."

အကြီးအကဲကြီး (၃) ယောက် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ မျက်နှာများတွင် အံ့သြမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

"ဘာ... ယွင်ကျန်းလား"

"အင်မော်တယ် လက်နက် စံအိမ်..."

"တကယ်ပဲ အင်မော်တယ် လက်နက် စံအိမ် စစ်သူကြီး ပါလား"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ပွက်လောရိုက်သွားသည်။ မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။

ယွင်ကျန်းကို မြင်လိုက်ရသောအခါ လူတိုင်း ကြောက်လန့်သွားကြ၏။

ယွင်ကျန်းသည် အင်မော်တယ် လက်နက် စံအိမ်၏ စစ်သူကြီး ဖြစ်ပြီး ထျန်းကျီဘုံ အဋ္ဌမအလွှာ ပညာရှင် ဖြစ်သည်။ ဝူကျိနယ်မြေတွင် ဂုဏ်သတင်း ကြီးမားပြီး သူ့နာမည်ကြားရုံဖြင့် လူတိုင်း ကြောက်လန့်ကြ၏။

ယွင်ကျန်းသည် ဝူကျိနယ်မြေ၏ အစွမ်းအထက်ဆုံး စစ်သူကြီး ဖြစ်သည်။

"ရွှစ်... ရွှစ်... ရွှစ်"

ယွင်ကျန်း ပေါ်လာပြီး မကြာမီ နောက်ထပ် လူရိပ် (၁၀) ခု ထပ်မံ ပေါ်လာသည်။ အားလုံးသည် ထျန်းကျီဘုံ ပညာရှင်များ ဖြစ်ကြပြီး အင်မော်တယ် လက်နက် စံအိမ်မှ ဖြစ်ကြ၏။

ထျန်းကျီဘုံ ပညာရှင် (၁၁) ယောက်...

အင်မော်တယ် လက်နက် စံအိမ်က နဂါးနတ်ဘုရား နန်းတော်ကို ကူညီဖို့ ထျန်းကျီဘုံ ပညာရှင် (၁၁) ယောက်တောင် လွှတ်လိုက်တာလား။

အခန်း (၅၉၉) - သန့်ရှင်းသော နေမင်းဂိုဏ်း ကျဆုံးခြင်း

~"ထျန်းကျီဘုံ ပညာရှင် (၁၁) ယောက်... သူတို့အကုန်လုံး အင်မော်တယ် လက်နက် စံအိမ်ကပဲ"

"သန့်ရှင်းသော နေမင်းဂိုဏ်းတော့ ပြီးပြီ..."

ယွင်ကျန်း တစ်ယောက်တည်းနှင့်ပင် လူတိုင်းကို ကြောက်လန့်စေနိုင်နေပြီ ဖြစ်ရာ အင်မော်တယ် လက်နက် စံအိမ်မှ ထျန်းကျီဘုံ ပညာရှင် (၁၁) ယောက် ရောက်ရှိနေခြင်းသည် ဝင်္ကပါပင်လယ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော အင်အားပင် ဖြစ်သည်။

"ဆေးဧကရာဇ်က အင်မော်တယ် လက်နက် စံအိမ်နဲ့ ပတ်သက်နေတာပဲ"

ထျန်းရှန်းဇီနှင့် ဆေးပညာရှင်များ အံ့သြသွားကြ၏။

ဖုန်းဝူချန်က ထျန်းရှန်းဇီတို့၏ အကူအညီကို မလိုအပ်ဘူးဟု ပြောခဲ့ခြင်းမှာ အင်မော်တယ် လက်နက် စံအိမ်၏ ကျောထောက်နောက်ခံ ရှိနေသောကြောင့် ဖြစ်သည်။

"အင်မော်တယ် လက်နက် စံအိမ်က ပညာရှင်တွေတဲ့လား။ ဖုန်းဝူချန်က သူတို့နဲ့ ပတ်သက်နေတာလား"

မိုလင်းအာ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး ခြေထောက်များ ယိုင်နဲ့သွားသည်။

ဖုန်းဝူချန်၏ အဆင့်အတန်းသည် မိုလင်းအာ၏ စိတ်ထဲတွင် နောက်တစ်ဆင့် ထပ်မံ မြင့်တက်သွားပြန်သည်။

ယခုအခါ မိုလင်းအာသည် ဖုန်းဝူချန်ရှေ့တွင် ခေါင်းမော့ရဲတော့ပေ။ သူမ၏ မာန်မာနများအားလုံး အသုံးမဝင်တော့ပေ။

"စစ်သူကြီး ကိုယ်တိုင် လာတာပါလား"

ကျူးကော့လျန်ချန်၏ မျက်နှာ ဖြူလျော်သွားပြီး ကြောက်ရွံ့မှုများ ပေါ်လာသည်။

ထျန်းကျီဘုံ ပညာရှင် (၁၁) ယောက်၏ အရှိန်အဝါသည် သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များကို ကျောက်ရုပ်များ ဖြစ်သွားစေသည်။ ထိတ်လန့်တကြား ထွက်ပြေးချင်နေကြ၏။

နဂါးနတ်ဘုရား နန်းတော်၏ ထူးဆန်းသော ကိုယ်ဖော့သိုင်းကို မကြောက်သော်လည်း အင်မော်တယ် လက်နက် စံအိမ်ကိုတော့ သူတို့ မစော်ကားရဲကြပေ။

နဂါးနတ်ဘုရား နန်းတော် စစ်သည် ရာပေါင်းများစွာသည် ဆက်လက် သတ်ဖြတ်နေကြပြီး မိနစ်ပိုင်းအတွင်း လူ (၅၀၀၀) ကျော် သေဆုံးသွားခဲ့ပြီပင်။

"အစ်ကိုကြီးဖုန်းက အင်မော်တယ် လက်နက် စံအိမ်ရဲ့ အကူအညီကို ရထားတာပဲ"

လျိုချင်းယန်က အံ့သြတကြီး ပြောလိုက်၏။

"စစ်သူကြီး တစ်ယောက်တည်းနဲ့တင် သန့်ရှင်းသော နေမင်းဂိုဏ်းကို ဖျက်ဆီးဖို့ လုံလောက်နေပြီ။ ခန်းမသခင်က (၁၁) ယောက်တောင် ခေါ်ထားတာလား"

နန်းကုန်းကျန့်နှင့် အခြားသူများလည်း ယွင်ကျန်းနှင့် အခြား ထျန်းကျီဘုံ ပညာရှင် (၁၀) ဦးကို ကြည့်ပြီး အံ့သြနေကြ၏။

ယွင်ကျန်းနှင့် အခြားသူများသည် ဖုန်းဝူချန်၏ အမိန့်ကို စောင့်မျှော်ရင်း တိတ်ဆိတ်စွာ နေနေကြ၏။

"ဂိုဏ်းချုပ်သွမ့်... ခင်ဗျားမှာ ရွေးချယ်စရာ မရှိတော့ဘူး"

ဖုန်းဝူချန်က ကြောက်လန့်နေသော သွမ့်ကျုံးကို အေးစက်စွာ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ သွမ့်ကျုံး သတိပြန်ဝင်လာပြီး မျက်နှာ မည်းမှောင်သွားသည်။

ခြေတစ်လှမ်း မှားလိုက်တာနဲ့ ဆက်တိုက် မှားတော့သည်။

သွမ့်ကျုံးက သွမ့်မိုမင် အသက်ကို ကယ်ဖို့ ရွေးချယ်လိုက်တာ ပထမဆုံး အမှားပင်။

သွမ့်မိုမင်ကို ကယ်ဖို့အတွက် သွမ့်ကျုံးက သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံးကို စွန့်လွှတ်လိုက်သည်။

သို့သော်၊ သွမ့်မိုမင်ကိုလည်း မကယ်နိုင်၊ ဂိုဏ်းတစ်ခုလုံးလည်း ပျက်စီးရတော့မည့် အခြေအနေ ရောက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

"ဆေးဧကရာဇ်... မိုမင်ကို လွှတ်ပေးဖို့ ဘာလိုချင်လဲ"

"ကျုပ်က သွမ့်မိုမင်ကို လွှတ်ပေးမယ်လို့ တစ်ခါမှ မပြောဖူးပါဘူး။ နဂါးနတ်ဘုရား နန်းတော်ကို လာတိုက်ကတည်းက ဒီနေ့ ဖြစ်လာမယ် ဆိုတာ သိထားသင့်တယ်"

ပြောရင်းဆိုရင်း ဖုန်းဝူချန်က လက်ကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော စွမ်းအားတစ်ခုက ဒဏ်ရာပြင်းထန်နေသော သွမ့်မိုမင်ကို ဆွဲယူလိုက်၏။

"မိုမင်"

သွမ့်ကျုံး ဝင်ကူညီရန် ကြိုးစားသော်လည်း ယွင်ကျန်း၏ ကြောက်မက်ဖွယ် စွမ်းအားများက သူ့ကို ဖိနှိပ်ထားသဖြင့် လှုပ်ရှား၍ မရပေ။

"ယွင်ကျန်း... ငါ့ကို မတားနဲ့"

သွမ့်ကျုံး ဒေါသတကြီး အော်ဟစ်လိုက်၏။

ယွင်ကျန်းက ဂရုမစိုက်သလို ဟန်ဆောင်နေလေသည်။

သွမ့်မိုမင် ဖုန်းဝူချန်လက်ထဲ ရောက်သွားပြီ ဆိုကတည်းက သေလမ်းပဲ ရှိတော့သည် မဟုတ်ပါလော။

"ဆေးဧကရာဇ်... ကျွန်တော့်ကို သတ်လိုက်ပါ။ မိုမင်ကိုတော့ လွှတ်ပေးပါ"

သွမ့်ကျုံး မှာ အော်ဟစ် တောင်းပန်လိုက်၏။

"ခင်ဗျားက ခင်ဗျား... သွမ့်မိုမင်က သွမ့်မိုမင်ပဲ။ ကျုပ် သတ်မယ်လို့ ပြောရင် ဘယ်သူမှ မကယ်နိုင်ဘူး"

ဖုန်းဝူချန်က သွေးအေးစွာ ပြောလိုက်ပြီး သွမ့်မိုမင်၏ လည်ပင်းကို ညာလက်ဖြင့် ညှစ်လိုက်၏။

ဒဏ်ရာပြင်းထန်နေသော သွမ့်မိုမင်ကို ကြည့်ပြီး ဖုန်းဝူချန်က အေးစက်စွာ ပြုံးလိုက်၏။

"နောက်ဆုံး ဘာမှာချင်သေးလဲ"

"ငါ...မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး..."

သွမ့်မိုမင်က အားနည်းစွာ ပြောလိုက်၏။ အသံတိုးလွန်း၍ မကြားရသလောက်ပင်။

"ရွှပ်"

ဓားမြှောင်တစ်ချောင်းက သွမ့်မိုမင်၏ နှလုံးသားကို ရက်စက်စွာ ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အားလုံး၏ အကြည့်များက သွမ့်မိုမင်ထံသို့ ရောက်ရှိသွားသည်။

"မင်း..."

သွမ့်မိုမင် ရုန်းကန်သော်လည်း မအောင်မြင်ပေ။ မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

"ဟွန့်... နောက်ဘဝကျမှ လက်စားချေဖို့ လာခဲ့"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး လက်ကို လွှတ်လိုက်ရာ သွမ့်မိုမင် မြေကြီးပေါ်သို့ လဲကျသွားသည်။

"မိုမင်"

သွမ့်ကျုံး မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်၏။ ဒေါသများ ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာသည်။

"ဂိုဏ်းချုပ်လေး..."

သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များ ကြောက်လန့်သွားကြ၏။

"အစ်ကိုကြီးသွမ့်..."

မိုလင်းအာ ပါးစပ်ကို အုပ်ထားပြီး တုန်ယင်နေရသည်။

သွမ့်မိုမင်၏ အသက်ရှူသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသက်မရှိတော့ပေ။

"သွမ့်မိုမင် သေပြီ... သေသွားပြီ"

ကြည့်ရှုသူများ အံ့သြမှင်သက်နေကြ၏။

ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင် ကျဆုံးသွားတော့၏။

"အား..."

"ဝီ... ဝီ"

ဝမ်းနည်းပူဆွေးမှုနှင့်အတူ သွမ့်ကျုံး၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံး တုန်ခါသွားပြီး နန်းတော်ဆောင်များ ပြိုကျကုန်သည်။ မျက်လုံးများ သွေးရောင်လွှမ်းသွားပြီး လူသတ် အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ လုံးဝ အသိစိတ် လွတ်သွားပြီ ဖြစ်သည်။

"ကောင်စုတ်လေး... မင်းကို ငါ သတ်မယ်"

သွမ့်ကျုံးက ရူးသွပ်စွာ အော်ဟစ်လိုက်၏။

"ဝုန်း"

ကြောက်မက်ဖွယ် အရှိန်အဝါများ လွှမ်းခြုံလာပြီး သွမ့်ကျုံး ကောင်းကင်သို့ ပျံတက်လာသည်။ မြေကြီးများ ကွဲအက်သွားပြီး ကြီးမားသော တွင်းကြီး ဖြစ်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် သွမ့်ကျုံးသည် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုသကဲ့သို့ ဖုန်းဝူချန်ရှေ့သို့ ရောက်ရှိလာသည်။

သို့သော် ယွင်ကျန်း၏ အမြန်နှုန်းသည် သွမ့်ကျုံးထက် ပိုမို မြန်ဆန်သည်။

သွမ့်ကျုံး လှုပ်ရှားလိုက်သည်နှင့် ယွင်ကျန်း ပေါ်လာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် တိုက်ခိုက်လိုက်၏။

"ဝုန်း"

"အွတ်"

လက်ဝါးတစ်ချက်တည်းဖြင့် ယွင်ကျန်းသည် မိုးကြိုးပစ်သံကဲ့သို့ ပေါက်ကွဲစေခဲ့သည်။ သွမ့်ကျုံး သွေးအန်ကာ အမြောက်ဆန်ပမာ လွင့်စင်သွားရသည်။

"ဂိုဏ်းချုပ်"

အကြီးအကဲ (၃) ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကြ၏။

"တစ်ယောက်မှ အရှင်မထားရဘူး"

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်၏။

"ရွှစ်"

ဖုန်းဝူချန် စကားဆုံးသည်နှင့် ယွင်ကျန်း ချက်ချင်း လှုပ်ရှားလိုက်၏။ ကျန်သော ထျန်းကျီဘုံ ပညာရှင် (၁၀) ဦးလည်း တွန့်ဆုတ်ခြင်း မရှိဘဲ တိုက်ခိုက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း ယွင်ကျန်းသည် သွမ့်ကျုံးရှေ့သို့ ရောက်ရှိသွားပြီး လက်ဝါးဖြင့် သွမ့်ကျုံး၏ ရင်ဘတ်ကို ရိုက်ချလိုက်၏။

သွမ့်ကျုံး၏ မျက်နှာတွင် အံ့သြမှုများ ပေါ်လာသော်လည်း ရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်သည်။

"ဝုန်း"

"အွတ်"

ကြောက်မက်ဖွယ် စွမ်းအင်များ သွမ့်ကျုံး၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားသည်။ သွေးများ ထပ်မံ အန်ထုတ်လိုက်ပြီး ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားကာ ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်လာသည်။

သန့်ရှင်းသော နေမင်းဂိုဏ်းချုပ် ပွဲချင်းပြီး သေဆုံးသွားသည်။

"ဂိုဏ်းချုပ်"

အကြီးအကဲများနှင့် အကျော်အမော်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

"ဂိုဏ်းချုပ်သွမ့် သေပြီ..."

ကြည့်ရှုသူများ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။

ယွင်ကျန်း၏ လက်သီးတစ်ချက်တည်းဖြင့် ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် အရှင်သခင် သေဆုံးသွားခဲ့ရသည်။

အကြီးအကဲ (၃) ယောက်နှင့် အခြား ထျန်းကျီဘုံ ပညာရှင် (၂) ယောက်လည်း ဆက်တိုက် အသတ်ခံလိုက်ရသည်။ အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်များကို သူတို့ မယှဉ်နိုင်ပေ။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများ သေဆုံးသွားသဖြင့် တပည့်များ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။

"ရွှစ်... ရွှစ်... ရွှစ်"

နဂါးနတ်ဘုရား နန်းတော် စစ်သည် ရာပေါင်းများစွာသည် အရိုင်းဆန်စွာ သတ်ဖြတ်နေကြ၏။ မည်သူမျှ မတားဆီးနိုင်ပေ။ ယဲ့ထျန်းဝေသည် 'သစ်ရွက်တစ်သောင်း သိုင်းကွက်' အား ထုတ်ဖော်လျက် သစ်ရွက်တစ်သောင်းဖြင့် ရန်သူများကို တိကျစွာ သတ်ဖြတ်နေသည်။ မြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံး သွေးချောင်းစီးနေသည်။ ခြေလက်အင်္ဂါများ ပြန့်ကျဲနေပြီး အလောင်းများ တောင်လိုပုံနေသည်။ သွေးညှီနံ့များ လေထုထဲတွင် လွှမ်းခြုံနေသည်။

တပည့် သောင်းချီ ရှိသော်လည်း... နဂါးနတ်ဘုရား နန်းတော်ရှေ့တွင် အားနည်းသော သတ္တဝါလေးများသာ ဖြစ်သည်။

နာရီဝက် မပြည့်ခင်မှာပင် သန့်ရှင်းသော နေမင်းဂိုဏ်း တပည့် တစ်ယောက်မှ အရှင်မကျန်တော့ပေ။ အားလုံး သွေးအိုင်ထဲတွင် သေဆုံးကုန်ကြ၏။

ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် အင်အားကြီး ဂိုဏ်း... သန့်ရှင်းသော နေမင်းဂိုဏ်း ပျက်စီးသွားလေတော့၏။

အခန်း (၆၀၀) - အောင်ပွဲခံ၍ ပြန်လာခြင်း

~သွေးညှီနံ့များက လေထုထဲတွင် လွှမ်းခြုံနေပြီး အန်ချင်စရာ ကောင်းလှသည်။

သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံး သွေးချောင်းစီးနေပြီး ကြောက်မက်ဖွယ် မြင်ကွင်းကြီးက လူတိုင်းကို တုန်လှုပ်စေသည်။

အစအဆုံး မြင်တွေ့လိုက်ရသော ကြည့်ရှုသူများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြ၏။ အချို့ဆိုလျှင် သတိမေ့သွားကြ၏။

သန့်ရှင်းသော နေမင်းဂိုဏ်း ပျက်စီးခြင်းသည် အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။

မိုလင်းအာကြောင့် သွမ့်မိုမင် သေဆုံးရရုံမက ဂိုဏ်းတစ်ခုလုံးပါ ပျက်စီးသွားရသည်။

သွမ့်မိုမင်နှင့် သန့်ရှင်းသော နေမင်းဂိုဏ်း၏ ကျဆုံးမှုသည် ကျူးကော့လျန်ချန်အတွက် သတိပေးချက် တစ်ခု ဖြစ်စေခဲ့သည်။

ကျူးကော့လျန်ချန်သည် ဖုန်းဝူချန်ကို ပြဿနာမရှာခဲ့မိသည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်နေမိသည်။ မဟုတ်လျှင် သူ့ကံကြမ္မာသည်လည်း သွမ့်မိုမင်နှင့် အတူတူပင် ဖြစ်သွားမည်။ ကျူးကော့မိသားစု တစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်သည်။

ကျူးကော့မိသားစု အကျော်အမော်များသည်လည်း ဆေးပညာ ပြိုင်ပွဲတွင် ဖုန်းဝူချန်နှင့် ထိပ်တိုက်မတွေ့ခဲ့မိသည့်အတွက် သက်ပြင်းချနေကြ၏။ မဟုတ်လျှင် နဂါးနတ်ဘုရား နန်းတော်၏ လက်ချက်ဖြင့် ပျက်စီးသွားမည်မှာ သေချာသည်။

စစ်ပွဲပြီးဆုံးသွားသောအခါ နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် စစ်မြေပြင်ကို ရှင်းလင်းကြ၏။

"ယွင်ကျန်း... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ပြန်လို့ ရပါပြီ"

ဖုန်းဝူချန်က ယွင်ကျန်းကို ယဉ်ကျေးစွာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ သခင်"

ယွင်ကျန်းနှင့် အခြားသူများ ရိုသေစွာ ခေါင်းညိတ်ပြီး ထွက်ခွာသွားကြ၏။

ယွင်ကျန်းတို့၏ ရိုသေမှုကြောင့် လူတိုင်း ထပ်မံ အံ့သြကြောက်ရွံ့သွားကြပြန်သည်။

"ဒီနေ့ နဂါးနတ်ဘုရား နန်းတော် ဖျက်ဆီးလိုက်တဲ့ ဂိုဏ်းတွေက လွန်ခဲ့တဲ့ (၂) လက ငါတို့ နန်းတော်ကို လာတိုက်ခဲ့တဲ့ ဂိုဏ်းတွေပဲ။ နဂါးနတ်ဘုရား နန်းတော်က ရန်သူကိုပဲ ပစ်မှတ်ထားတာ"

ဖုန်းဝူချန်က လူအုပ်ကြီးကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

ဖုန်းဝူချန်၏ အကြည့်များသည် မိုလင်းအာကို ဖြတ်ကျော်သွားသော်လည်း မရပ်တန့်ခဲ့ပေ။ သူစိမ်းတစ်ယောက်လို ဆက်ဆံသွားသည်။

ဒီတိုက်ပွဲကြောင့် နဂါးနတ်ဘုရား နန်းတော်သည် ဝင်္ကပါပင်လယ်နယ်မြေတွင် အရှိန်အဝါ ကြီးမားလာခဲ့သည်။ အင်အားကြီး ဂိုဏ်း (၁၂) ခုကို ဖျက်ဆီးပစ်လိုက်ခြင်းက မည်သူ့ကိုမဆို ကြောက်ရွံ့စေရန် လုံလောက်သည်။

နဂါးနတ်ဘုရား နန်းတော်၏ ရက်စက်မှုနှင့် သွေးအေးမှုသည် လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

ဒါက ဖုန်းဝူချန် လိုချင်သော ရလဒ်ပင်။ နဂါးနတ်ဘုရား နန်းတော်ကို စော်ကားလျှင် ဘာဖြစ်မလဲ ဆိုတာ လူတိုင်းကို သိစေချင်ခြင်း ဖြစ်သည်။

"ထျန်းရှန်းဇီ၊ စီနီယာတို့နဲ့ တခြားမိတ်ဆွေများ... အားရင် ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ စစ်ပွဲပြီးခါစမို့လို့ ဆက်မနေတော့ပါဘူး"

ဖုန်းဝူချန်က ထျန်းရှန်းဇီတို့ကို ပြုံးပြရင်း ပြောလိုက်၏။

"သေချာပေါက် လာလည်ပါ့မယ်"

ထျန်းရှန်းဇီ ခေါင်းညိတ်လိုက်၏။ ဖုန်းဝူချန်နှင့် အင်မော်တယ် လက်နက် စံအိမ်တို့၏ ပတ်သက်မှုကို သိလိုက်ရသဖြင့် ဖုန်းဝူချန်အပေါ် လေးစားမှု ပိုတိုးလာသည်။

"သွားခွင့်ပြုပါဦး"

ဖုန်းဝူချန်က အရိုအသေ ပေးပြီး နဂါးနတ်ဘုရား နန်းတော် စစ်သည်များကို ဦးဆောင်ကာ ပြန်လည် ထွက်ခွာသွားသည်။

"ဆေးဧကရာဇ် ကောင်းကောင်းပြန်ပါ"

ထျန်းရှန်းဇီတို့ ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏။

ဖုန်းဝူချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း မိုလင်းအာ တစ်စုံတစ်ခု ပြောချင်သော်လည်း စကားလုံးများ လည်ချောင်းဝတွင် ပိတ်ဆို့နေသည်။

နဂါးနတ်ဘုရား နန်းတော်သားများ ထွက်ခွာသွားပြီးနောက် ကြည့်ရှုသူများလည်း ပြန်လည် ထွက်ခွာသွားကြ၏။

ယနေ့ နဂါးနတ်ဘုရား နန်းတော်သည် ဝင်္ကပါပင်လယ်နယ်မြေသို့ ဝင်ရောက်လာပြီး အင်အားကြီး ဂိုဏ်း (၁၂) ခုကို ဖျက်ဆီးပစ်ခဲ့သည်။ မကြာခင် ဒီသတင်းက ဝူကျိနယ်မြေ တစ်ခုလုံးသာမက တိုက်ကြီးတစ်ခုလုံး လွှမ်းခြုံသွားမည်မှာ သေချာသည်။

ထိုအခါ နဂါးနတ်ဘုရား နန်းတော်၏ ဂုဏ်သတင်းသည် နေရာအနှံ့ ကျော်ကြားသွားလိမ့်မည်။

နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် နာမည်ကြားရုံဖြင့် ကြောက်လန့်စေနိုင်သော သတ်ဖြတ်ခြင်း နတ်ဘုရားများ ဖြစ်လာကြလိမ့်မည်။

စစ်ပွဲကြီး ပြီးဆုံးသွားသောအခါ စစ်သည်များသည် အလွန် စိတ်လှုပ်ရှားနေကြ၏။ ရန်သူများကို ရှင်းလင်းနိုင်ရုံမက စစ်နိုင်ပစ္စည်းများစွာလည်း ရရှိခဲ့ကြ၏။

"ခန်းမသခင်... ဒီနေ့ တိုက်ပွဲက တကယ် မိုက်တယ်ဗျာ"

"နဂါးနတ်ဘုရား နန်းတော်ကို လာတိုက်ရဲတဲ့ ကောင်တွေ သေလမ်းပဲ ရှိတယ်"

"ခန်းမသခင်ရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတယ်။ အစကတည်းကသာ 'ဝိညာဉ်ချေမှုန်း ဓားသိုင်း' ကို သုံးလိုက်ရင် ပွဲပြတ်နေပြီ"

"ဟုတ်တယ်... သွမ့်မိုမင်က ခန်းမသခင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"ခန်းမသခင်... ဒီတိုက်ပွဲပြီးရင် နဂါးနတ်ဘုရား နန်းတော်က ဝူကျိနယ်မြေ တစ်ခုလုံး ကျော်ကြားသွားတော့မယ်"

စစ်သည်များ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။ သွေးများဖြင့် ရွှဲနစ်နေသော်လည်း ဂရုမစိုက်ကြပေ။ ဒါက အောင်ပွဲရဲ့ သင်္ကေတလေ။

သူတို့၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ဖုန်းဝူချန် ပျော်ရွှင်စွာ ရယ်မောလိုက်၏။

"ပြန်ရောက်ရင် ကြိုးကြိုးစားစား ကျင့်ကြံကြ။ အားလုံး ကောင်းကင်ဘုံလူသား အဆင့် ရောက်အောင် လုပ်ကြ။ အဲဒီကျရင် နဂါးနတ်ဘုရား နန်းတော်က ပိုစွမ်းအားကြီးလာလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

စစ်သည်များ ဟိန်းဟောက်လိုက်ကြ၏။

လူ (၅၀၀) ကျော်လုံး ကောင်းကင်ဘုံလူသား အဆင့် ရောက်သွားရင်... တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းနေပြီ။

"အစ်ကိုကြီးဖုန်း... အောင်ပွဲရလာတာ ဆိုတော့ ပြန်ရောက်ရင် ပါတီပေးသင့်တယ်မလား"

လျိုချင်းယန်က ပြုံးစစ မေးလိုက်၏။

"ပေးရမှာပေါ့... သေချာပေါက် ပေးရမှာပေါ့"

ဖုန်းဝူချန် ရယ်မောလိုက်၏။

တစ်နာရီအကြာတွင် အောင်ပွဲခံ စစ်သည်တော်များ နဂါးနတ်ဘုရား နန်းတော်သို့ ပြန်လည် ရောက်ရှိလာကြ၏။

နဂါးနတ်ဘုရား နန်းတော်တွင် အောင်ပွဲခံ ပါတီပွဲကြီး ကျင်းပကြ၏။ စစ်သည်များ သွေးများကို ဆေးကြောသန့်စင်ပြီးနောက် လန်းဆန်းတက်ကြွစွာဖြင့် ပါဝင် ဆင်နွှဲကြ၏။

နဂါးနတ်ဘုရား နန်းတော် ပျော်ရွှင်နေချိန်တွင် အင်အားကြီး ဂိုဏ်း (၁၂) ခု ပျက်စီးသွားသော သတင်းသည် လျင်မြန်စွာ လွှမ်းခြုံသွားသည်။

ဝင်္ကပါပင်လယ်နယ်မြေမှ ကြယ်တာရာနယ်မြေ၊ ဝူကျိနယ်မြေ၊ အနောက်ဘက်ဒေသ အထိ လွှမ်းခြုံသွားသည်။

ကျန်းမိသားစု၊ လေလံရုံများ၊ ကောင်းကင်တာအို ဂိုဏ်း ( ထျန်းတောက်ဂိုဏ်း ) ၊ ရှန်ဝူဂိုဏ်း နှင့် အခြား အင်အားကြီး ဂိုဏ်းများသည် သတင်းကြားပြီး အံ့သြထိတ်လန့်နေကြ၏။ နဂါးနတ်ဘုရား နန်းတော်၏ ရက်စက်မှုကြောင့် ကျန်းမိသားစု အကျော်အမော်များပင် ချွေးစေးပျံနေကြ၏။

ခဏအတွင်းမှာပင် နဂါးနတ်ဘုရား နန်းတော်သည် ဝူကျိနယ်မြေ၏ ပြောစမှတ် ဖြစ်လာသည်။

ဝူကျိနယ်မြေကို ခြိမ်းခြောက်နိုင်သော နဂါးနတ်ဘုရား နန်းတော်။

ဂိုဏ်းကြီး ဂိုဏ်းငယ်မရွေး နဂါးနတ်ဘုရား နန်းတော် အကြောင်း ပြောဆိုနေကြ၏။ အထူးသဖြင့် အင်မော်တယ် လက်နက် စံအိမ်၏ ကျောထောက်နောက်ခံ ရှိနေခြင်းက ပိုမို ကြောက်စရာ ကောင်းစေသည်။

*

ကျန်းမိသားစု ခန်းမဆောင်တွင် ကျန်းထျန်းယွင်နှင့် အကြီးအကဲများ သတင်းကြားပြီး လန့်ဖျတ်နေကြတော့၏။

"အင်အားကြီး ဂိုဏ်း (၁၂) ခုလုံး သွေးချောင်းစီးသွားပြီတဲ့။ သန့်ရှင်းသော နေမင်းဂိုဏ်းလည်း ပါသွားပြီ။ ဆေးဧကရာဇ်ရဲ့ နည်းလမ်းတွေက တကယ် ကြောက်စရာ ကောင်းလွန်းတယ်"

ကျန်းထျန်းယွင် မယုံနိုင် ဖြစ်နေသည်။

"ဂိုဏ်း (၁၂) ခု ဆိုတော့... လူဘယ်လောက်တောင် သေသွားမလဲ"

ကျန်းဝူဖုန်း၏ မျက်နှာ ဖြူလျော်နေသည်။

"ဆရာသခင်လေးက အင်မော်တယ် လက်နက် စံအိမ်က ယွင်ကျန်းကို အကူအညီ တောင်းလိုက်တာ။ သန့်ရှင်းသော နေမင်းဂိုဏ်းကို ဖျက်ဆီးရတာ လက်ဖဝါးလှန်သလို လွယ်သွားတာပေါ့။ လူသောင်းချီ သေကုန်ကြပြီ... ဆရာသခင်လေးက တော်ရုံ ရက်စက်တာ မဟုတ်ဘူး"

ချီခုံး၏ အသံများ တုန်ယင်နေသည်။

အကယ်၍ သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရလျှင် နဂါးနတ်ဘုရား နန်းတော် စစ်သည်များ၏ ရူးသွပ်သော သတ်ဖြတ်မှုကြောင့် ပိုမို ကြောက်လန့်သွားကြမည်မှာ သေချာသည်။

သတင်းသည် ဝူကျိနယ်မြေ အပြင်ဘက်သို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။

'လွှမ်းမိုးခြင်း နယ်မြေ' နှင့် 'မြောက်ဘက် ဆန်းကြယ် နယ်မြေ' သို့လည်း လွှမ်းခြုံသွားလေသည်။

သို့သော် ထိုနယ်မြေများမှ ဂိုဏ်းများသည် နဂါးနတ်ဘုရား နန်းတော် အကြောင်း မကြားဖူးကြသဖြင့် အံ့သြနေကြ၏။

ဘယ်ဂိုဏ်းကများ သန့်ရှင်းသော နေမင်းဂိုဏ်းကို သွေးချောင်းစီးစေရဲတာလဲ။ အင်အား အတော် ကြီးရမည် ဖြစ်သည်။

နောက်မှ အင်မော်တယ် လက်နက် စံအိမ်၏ ကျောထောက်နောက်ခံ ရှိကြောင်း သိလိုက်ရသောအခါမှ နဂါးနတ်ဘုရား နန်းတော် စွမ်းအားကြီးတာ မဟုတ်ဘဲ အင်မော်တယ် လက်နက် စံအိမ် စွမ်းအားကြီးတာ ဖြစ်ကြောင်း နားလည်သွားကြ၏။

...

"သခင်လေး... စုံစမ်းလို့ ရပါပြီ"

နတ်ဘုရား ဘုရင် နန်းတော် ၌၊ လူတစ်ယောက် ရောက်လာပြီး တင်ပြလိုက်၏။

"ပြောစမ်း"

တရားထိုင်နေသော လိန်ဟွန်းက မျက်လုံးဖွင့်လိုက်၏။

"သူ့နာမည်က ဖုန်းဝူချန်ပါ။ ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်ရဲ့ ခန်းမသခင်ပါ။ လူတွေက သူ့ကို ဆေးဧကရာဇ်လို့ ခေါ်ကြတယ်။ ထျန်းရှန်းဇီတို့လို ဆေးပညာရှင်တွေက သူ့ကို အရမ်း လေးစားကြပါတယ်"

"အဖွဲ့တစ်ဖွဲ့ ခေါ်ပြီး ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို အခုချက်ချင်း သွား။ ဖုန်းဝူချန်ကို အရှင်ဖမ်းခေါ်ခဲ့ရမယ်"

ဟု လိန်ဟွန်းက အေးစက်စွာ အမိန့်ပေးလိုက်တော့၏။

ထျန်းရှန်းဇီတို့ကို သူက ဂရုမစိုက်ပေ။

All Chapters