ဖုယင်...
Vol. 70 Ch. 995
နတ်ဘုရားအရှင်သခင်များအတွက် နှစ်ပေါင်းတစ်သောင်းက ခဏသာဖြစ်သည်။ သူတို့ တစ်ခါအိပ်စက်လျှင်တောင် နှစ်ပေါင်းတစ်သောင်းကျော်ကြာတတ်သည်။ သို့သော် လင်းယွမ်အတွက် ၎င်းက ကျေနပ်စရာပင်ဖြစ်သည်။
" အချိန်လေဟာနယ်အပေါ် နားလည်နိုင်စွမ်းက ပိုမြန်လာတယ်လို့ ခံစားရတယ်။ နှစ်တစ်ထောင်အတွင်းမှာ နဝမအဆင့် အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်။ နှစ်တစ်သောင်းဆိုရင် နဝမအဆင့်ရဲ့ အကန့်အသတ်ကိုတောင် ကျော်သွားနိုင်တယ်။ " အက်ကြောင်းကို ကြည့်နေစဉ် လင်းယွမ်က တွေးလိုက်သည်။
အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ်က ပြိုင်ဘက်ကင်းနတ်ဘုရားအရှင်သခင်များသာ ရရှိနိုင်သောအဆင့်ဖြစ်သည်။ လင်းယွမ်၏ တိုက်ခိုက်နိုင်စွမ်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို များစွာကျော်လွန်နေသော်လည်း ၎င်းမှာ ဖရိုဖရဲထိုက်ကျိစွမ်းအားနှင့် အတွင်းစကြာဝဠာတို့ကြောင့် ဖြစ်သည်။ အချိန်လေဟာနယ်အပေါ် နားလည်မှုက နဝမအဆင့် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
လင်းယွမ်က နဝမအဆင့်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းရာဂဏန်းသာရှိသေးပြီး သူ၏ ကြိုးစားမှုများကို ဖရိုဖရဲထိုက်ကျိစွမ်းအားကို နားလည်ရန်သာ အသုံးပြုခဲ့သည်။ ထို့ကြောင့် အချိန်လေဟာနယ်အပေါ် တိုးတက်မှုက အနည်းငယ် နှေးကွေးသွားခဲ့သည်။
" အချိန်လေဟာနယ် နဝမအဆင့်ကို ကျော်လွန်မယ်။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။
ယခုအချိန်ထိ ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ ရင်းမြစ်ကမ္ဘာတွင်ဖြစ်စေ အလွှာဆယ့်သုံးအောက်တွင် အချိန်လေဟာနယ်၏ အမြင့်ဆုံး ကန့်သတ်ချက်မှာ နဝမအဆင့် အထွတ်အထိပ်သာ ဖြစ်သည်။
ဧကရာဇ်ရွှမ်ဟွမ်က ခြွင်းချက်ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပိုင်စုဆောင်းမှုများနှင့် သူပိုင်ဆိုင်ထားသော အလွှာဆယ့်သုံးရတနာ ကောင်းကင်လေဟာနယ်အိုးတို့ကို လေ့လာခြင်းဖြင့် အချိန်လေဟာနယ်၏ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
" အချိန်လေဟာနယ် နဝမအဆင့်ကို ကျော်လွန်သွားနိုင်ရင် ငါ့ရဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားအပေါ်မှာလည်း နက်ရှိုင်းတဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ " လင်းယွမ်၏ လက်ရှိအဆင့်က မည်သည့်ကဏ္ဍကိုမဆို မြှင့်တင်ခြင်းဖြင့် အခြားကဏ္ဍများကိုလည်း သက်ရောက်နိုင်သည်။
ရတနာနယ်မြေအတွင်း၌ ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို နားလည်ရန် ကြိုးစားနေစဉ် လင်းယွမ်က ကိုယ်ပွားတစ်ခု စေလွှတ်ပြီး နေရာအနှံ့မှ ရွှေရောင်မြူခိုးများကို စုဆောင်းခဲ့သည်။ ရွှေရောင်မြူခိုးများက ရတနာနယ်မြေမှ ထွက်သော ရတနာများဖြစ်ပြီး လျို့ဝှက်နေရာများတွင် ပျံ့နှံ့နေသည်။
ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များက နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း ရှာမတွေ့သေးသော အစိတ်အပိုင်းများစွာ ရှိနေသည်။ သို့သော် လင်းယွမ်က ရတနာနယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် လျို့ဝှက်နေရာများတွင် ဖုံးကွယ်နေသော ရွှေရောင်မြူခိုးများကို တွေ့ခဲ့ရသည်။
" ဒီလက်နက်တွေနဲ့ ရတနာတွေက..." ဘင်းယွမ်က ကျဆုံးသွားသော ရှေးဟောင်းနိုင်ငံအသီးသီးမှ နတ်ဘုရားအရှင်သခင်များ၏ ရတနာများကို ထုတ်လိုက်သည်။
" ဒီနတ်ဘုရားအရှင်သခင်တွေကို အရှင်ဖမ်းလို့မရတာ နှမြောစရာပဲ။ မဟုတ်ရင် သူတို့ကို ပြန်ပေးဆွဲပြီး ပြန်ရွေးခိုင်းလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
များပြားလှသော ရတနာများထဲတွင် ရွှေရောင်မြူခိုးများလည်း ပါဝင်နေသည်။ ၎င်းက ရတနာနယ်မြေမှ ထွက်ရှိသော ရတနာများဖြစ်သောကြောင့် မည်သူမဆို စုဆောင်းထားကြသည်။
လင်းယွမ်က ရှေးနိုင်ငံမှ အမွေအနှစ်လက်နက်များကို ကြည့်လိုက်သည်။ ရတနာနယ်မြေထဲသို့ မဝင်မီ ရှေးဟောင်းနိုင်ငံ အသီးသီးမှ နတ်ဘုရားအရှင်သခင်များကို အမွေအနှစ်လက်နက်များ ပေးထားခဲ့သည်။ ထိုလက်နက်များက ဘိုးဘေးများထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အလွှာဆယ့်သုံးလက်နက်များထက် နိမ့်ကျပေသည်။
"တဖုရှေးဟောင်းနိုင်ငံက အမွေအနှစ်လက်နက်တွေ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
တဖုရှေးဟောင်းနိုင်ငံမှ အမွေအနှစ်လက်နက်များက ဖုရှုထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ သူက ရတနာနယ်မြေအတွက် ယှဉ်ပြိုင်ရာတွင် အသန်မာဆုံးဖြစ်ပြီး အစွမ်းထက်ဆုံး အမွေအနှစ်လက်နက်များကို ယူဆောင်လာခဲ့သည်။
" တဖုဘိုးဘေး " လင်းယွမ်က သစ်သားဓားတစ်ချောင်းကို ကြည့်လိုက်သည်။ ၎င်းက အလွန်ရိုးရှင်းသော်လည်း အလွန်ထက်ရှမှုကို ပိုင်ဆိုင်ထားသည်။ လင်းယွမ်ပင်လျှင် ထိုဓား၏ တိုက်ခိုက်မှုကို ရှောင်ရှားရမည်ဖြစ်သည်။
" ဒီသစ်သားဓားက တဖုဘိုးဘေးကိုယ်တိုင် ဖန်တီးခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။ သူက ထိုဓားအတွင်းမှ ထက်မြက်သော အရှိန်အဝါ၏ အရင်းအမြစ်ကို အတိအကျ မသိသောကြောင့် ၎င်းကို မစမ်းသပ်ကြည့်ရန် အကောင်းဆုံးဖြစ်သည်။
" တဖုရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်လက်နက်တွေက အဲ့ဒီနိုင်ငံကသူတွေပဲ အသုံးပြုလို့ရတယ်။ ငါ့လက်ထဲမှာ ရှိနေလည်း အသုံးမဝင်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်လက်နက်များတွင် သက်ဆိုင်ရာဘိုးဘေးများ၏ အော်ရာများ ပါဝင်နေသည်။ ထိုဘိုးဘေးများ၏ မျိုးဆက်များမှလွဲ၍ အခြားသူများက ထိုလက်နက်များကို အသုံးမပြုနိုင်ပေ။
" တခြားရတနာတွေနဲ့ လဲလှယ်ဖို့ သိမ်းထားလိုက်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
အမွေအနှစ်လက်နက်များက သူ့အတွက် အသုံးမဝင်သော်လည်း သက်ဆိုင်ရာရှေးဟောင်းနိုင်ငံများကမူ ၎င်းတို့ကို ပြန်လည်ရယူလိုကြသည်မှာ သေချာသည်။ သူတို့၏ အမွေအနှစ်လက်နက်များက အပြင်လူလက်ထဲသို့ ရောက်ရှိသွားခြင်းမှာ ရှေးဟောင်းနိုင်ငံများအတွက် အရှက်ရစရာပင်ဖြစ်သည်။
လင်းယွမ်က ထိုအခွင့်အရေးကို အသုံးချပြီး ကြီးမားသော တောင်းဆိုမှုများကို ပြုလုပ်နိုင်လေသည်။
ရတနာနယ်မြေပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပေါင်းနှစ်ရာသာ လိုတော့သည်။ ရတနာနယ်မြေထွက်ပေါ်လာသည့် အချိန်တိုင်း ရှိတတ်သာ စည်းမျဉ်းများအရ ထိုအချိန်ကာလအတွင်း ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များက အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်ထားတတ်ကြသည်။ သို့သော် ယခုအခါ ရတနာနယ်မြေအတွင်း လီယန်ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များသာ ရှိတော့သည်။
" ရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တွေအားလုံး ဆုတ်ခွာသွားကြပြီ။ " ချီယန်က ခဏစောင့်ကြည့်ပြီး ပြောလိုက်သည်။
" နဂါးငွေ့တန်းရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းတယ်။ သူက အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်လို့ ခေါ်ဖို့ တကယ်ထိုက်တန်တယ်။ " ချီယန်က လေးစားမှုများဖြင့် ပြောလိုက်သည်။ သူက လင်းယွမ်နှင့် ပထမဆုံး တွေ့ခဲ့ဖူးသူဖြစ်သောကြောင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်ရလေသည်။
" မှန်တယ်။ အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်ပဲ။ " အခြားနတ်ဘုရားအရှင်သခင်များကလည်း အံ့အားသင့်နေကြသည်။
အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်ဆိုသည်မှာ နယ်ပယ်အဆင့်တစ်ခုမဟုတ်ဘဲ ဘွဲ့အမည်တစ်ခုသာဖြစ်သည်။ နဂါးငွေ့တန်းအတွက် ဘွဲ့အမည်တစ်ခုဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် ကောင်းကင်လေဟာနယ်အိုးတစ်လုံး လွင့်မျောနေသည်။
ရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်က မူလရင်းမြစ်၏ လည်ပတ်ပုံကို နားလည်ရန် ကြိုးစားနေစဉ် ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်က ကောင်းကင်လေဟာနယ်အိုးအတွင်းမှ နိယာမလည်ပတ်မှုများကို နားလည်ရန် ကြိုးစားနေသည်။
အလွှာဆယ့်သုံးရတနာဖြစ်သော ထိုရတနာအတွင်း၌ နိယာမလည်ပတ်မှုများက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်၏ လည်ပတ်ပုံကို မှီခိုထားခြင်းဖြစ်သည်။ ၎င်းကို နားလည်ရန် ကြိုးစားခြင်းက ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ် လည်ပတ်ပုံကို တိုက်ရိုက်နားလည်ရန် ကြိုးစားသကဲ့သို့ မထိရောက်သော်လည်း အလားတူပင် အကျိုးရှိလှသည်။
" ရင်းမြစ်ကမ္ဘာ၊ ဖရိုဖရဲဟင်းလင်းပြင်..." လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံနှင့် နှိုင်းယှဉ်ရင်း ကောင်းကင်လေဟာနယ်အိုးကို လေ့လာခြင်းဖြင့် သူ၏ စိတ်ထဲတွင် အသိအမြင်များစွာ ပေါ်လာခဲ့သည်။
" အချိန်လေဟာနယ်ရဲ့ ကွဲပြားတဲ့ ရှုထောင့်တွေကို မြင်တွေ့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ မြို့တော်၏ အပြင်ဘက်တွင် ကျောက်စိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။
" ဒီကိုမရောက်တာတောင် တော်တော်ကြာသွားပြီပဲ။ " သူမက အဝေးမှ ကျယ်ပြောလှသော မြို့ကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။
သူမ၏ အမည်မှာ ဖုယင်ဖြစ်ပြီး တဖုရှေးဟောင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နတ်ဘုရားအရှင်သခင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူမက တဖုရှေးဟောင်းနိုင်ငံကို ကိုယ်စားပြု၍ လင်းယွမ်နှင့် ညှိနှိုင်းရန် လီယန်မြို့တော်သို့ ရောက်လာခြင်းဖြစ်သည်။
" နဂါးငွေ့တန်း... ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ တော်ဝင်မျိုးဆက်..." ဖုယင်က နဂါးငွေ့တန်းနှင့် ပက်သက်သော အချက်အလက်များကို တွေးလိုက်သည်။
" နဂါးငွေ့တန်းနဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်ကိုကိုယ် နှိမ့်ချထားရမယ်။ " ဖုယင်က စိတ်ထဲမှ တွေးလိုက်သည်။
တဖုရှေးဟောင်းနိုင်ငံ၏ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များက အခြားအဆင့်တူများကို ရင်ဆိုင်သည့်အခါ အမြဲတမ်းမောက်မာသော ခံစားချက်မျိုးရှိသည်။ ထိုမာနက ဤရင်းမြစ်ကမ္ဘာ၏ ပထမဆုံး ဘိုးဘေးထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် နဂါးငွေ့တန်းနှင့် ရင်ဆိုင်ရာတွင် ထိုမောက်မာမှုကို ဘေးဖယ်ထားရမည်ဖြစ်သည်။