← Chapters

အခန်း (၁၈၇၁-၁၈၇၄)

Vol. 100 Ch. 1871-1874

အခန်း (၁၈၇၁-၁၈၇၄)

Vol. 100 Ch. 1871-1874

အခန်း (၁၈၇၁) - မျက်နှာပြောင်လှချည်လား...

~"အင်း... ဟိုလေ..."

ဘာရွန်အင်ဒရူး၏ မျက်နှာထားသည် အတော်လေး ကြည့်ရဆိုးနေသော်လည်း၊ သူသည် လောင်းကြေးကို ဖြေရှင်းပေးရန် ဆန္ဒရှိပုံ မရပေ။

ထိုအမူအရာကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ မျက်နှာထားသည် ချက်ချင်း တင်းမာသွားလေ၏။

"ဒါ ဘာသဘောလဲ..."

"ဘာရွန်အင်ဒရူး... ခင်ဗျား ခုနက ပြောခဲ့တဲ့ စကားတွေကို အလကား စကားတွေလို့ သတ်မှတ်လိုက်တာလား... လူတိုင်းကို သက်သေအဖြစ် ထားခဲ့တာက ကျွန်တော့်ကို တတိယအကြိမ် ထပ်လောင်းချင်လို့ လှည့်စားခဲ့တာ သက်သက်လား..."

"ဒီမှာရှိတဲ့ လူတိုင်း ခင်ဗျား ပြောခဲ့တာကို ကြားတယ်နော်... ဒီလူတွေ အားလုံးက ဖော့ခ်စီးတီး တစ်ခုလုံးရဲ့ မျိုးဆက်သစ် လူငယ် ခေါင်းဆောင်တွေချည်းပဲ..."

ယဲ့ဖန်သည် သူ့ကို အရှက်သိက္ခာ ဆိုတာ ဘာလဲ ဆိုသည်ကို သတိပေးနေခြင်းပင်။

အကယ်၍ ဘာရွန်အင်ဒရူးသာ ယခုအချိန်တွင် ကတိဖျက်လိုက်ပါက၊ ယဲ့ဖန်၏ ရှေ့တွင်သာ မျက်နှာပျက်ရမည် မဟုတ်ဘဲ၊ ဖော့ခ်စီးတီး တစ်ခုလုံးရှိ အထက်တန်းလွှာ လူငယ်များ၏ ရှေ့မှောက်တွင်ပါ အရှက်တကွဲ ဖြစ်ရပေလိမ့်မည်။

မမျှော်လင့်ထားသော အပြောင်းအလဲများ မရှိခဲ့လျှင်၊ သူ၏ "ကတိမတည်သော လုပ်ရပ်" များသည် တစ်ညတည်းနှင့် တစ်မြို့လုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ဘာရွန်အင်ဒရူး၏ မျက်နှာထားမှာ ပို၍ပင် အရုပ်ဆိုးလာတော့၏။ သူသည် ခက်ခက်ခဲခဲဖြင့် ရှင်းပြလိုက်၏။

"ငါ ကတိဖျက်နေတာ မဟုတ်ပါဘူး..."

"ဒါပေမဲ့ ဒီပန်းချီကားချပ် (၁၂) ချပ်က တန်ဖိုး အရမ်းကြီးလွန်းနေလို့ပါ..."

"ပြန်စဉ်းစားမိတာက... ငါ အရင်တုန်းက နည်းနည်း စိတ်လောသွားတယ် ထင်တယ်... ဒီလောက် လောင်းကြေးကြီးကြီး မထားသင့်ခဲ့ဘူး..."

"မင်း သိတဲ့အတိုင်းပဲ... ကမ္ဘာ့ထိပ်တန်း စနူကာ ပြိုင်ပွဲတွေရဲ့ ချန်ပီယံဆုကြေးတောင်မှ နေမဝင်အင်ပါယာ ငွေကြေးနဲ့ဆို သိန်းဂဏန်းလောက်ပဲ ရှိတာလေ... ယွမ်ငွေနဲ့ တွက်ရင်တောင် တစ်သန်းလောက်ပဲ ရှိမှာ..."

"ဒါဆို ခင်ဗျား ဆိုလိုတာက... လောင်းကြေးကို မရှင်းပေးချင်ဘူး ဆိုတဲ့ သဘောပေါ့... ဟုတ်တယ်မလား..."

ယဲ့ဖန်သည် သူ၏ ဆင်ခြေများကို ဆက်လက် နားမထောင်လိုတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့၏။

"ဒါဆိုရင်တော့ ခင်ဗျား သေချာ စဉ်းစားဖို့ လိုပြီ..."

ယဲ့ဖန်၏ မျက်ဝန်းများ အေးစက်သွား၏။

ထိုအချိန်၌ပင် သူ့ကို နံပါတ်တစ် ထောက်ခံအားပေးနေသူ၊ သူ့ချစ်သူ အန်းကျူပရင့်စ် ရောက်ရှိလာလေသည်။

"ငါ အစောပိုင်းက ပြောခဲ့သလိုပဲ... ယဲ့ဖန်က သူ့ကိုယ်သူ ကိုယ်စားပြုရုံတင် မကဘူး... အန်းကျူ မြို့စားကြီး မိသားစုရဲ့ မိတ်ဆွေ... ငါ့ရဲ့ ချစ်သူ... ပြီးတော့ တော်ဝင်မိသားစုရဲ့ အထူးဧည့်သည်တော် တစ်ယောက်..."

"ခုနက မင်းသားလေးရဲ့ မျက်နှာကို ထောက်ပြီး သူက နင့်ကို အခွင့်အရေးတွေ ထပ်ခါထပ်ခါ ပေးခဲ့တယ်... နင့် တောင်းဆိုမှုတွေကို လိုက်လျောပေးခဲ့တယ်... သူက တော်တော်လေး သဘောထားကြီးကြောင်း သက်သေပြခဲ့ပြီးပြီ..."

"အခုကျမှ... နင်က မင်းသားလေးရဲ့ သူငယ်ချင်း ဖြစ်နေတာကို အခွင့်ကောင်းယူပြီး၊ နေမဝင်အင်ပါယာရဲ့ ဘာရွန်တစ်ယောက် ဖြစ်နေတာကို အားကိုးပြီး လူအများကြီးရှေ့မှာ ကတိဖျက်ချင်တယ်ပေါ့လေ... သေချာ စဉ်းစားတာ ကောင်းမယ်နော်... ဒီကိစ္စသာ နိုင်ငံခြားအထိ ပျံ့သွားရင် မင်းသားလေးရဲ့ ဂုဏ်သိက္ခာရော၊ အင်ပါယာ မြို့စားတွေရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်ကုန်လိမ့်မယ်..."

အန်းကျူပရင့်စ်၏ မျက်နှာထားသည် အလွန် အေးစက်နေပြီး၊ သူမ၏ လွှမ်းမိုးနိုင်စွမ်း အရှိန်အဝါကလည်း အတော်လေး ပြင်းထန်လှသည်။ လောင်းကြေး မရှင်းပေးလျှင် နေရာမှာတင် ဘာရွန်အင်ဒရူးနှင့် အပြတ်ဖြတ်တော့မည့် ပုံစံမျိုး ပေါက်နေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖော့ခ်စီးတီး၏ မျိုးဆက်သစ် လူငယ်များနှင့် ဒုတိယ မျိုးဆက် အမွေခံများ၏ မျက်လုံးများထဲတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာကြ၏။

အဘယ်ကြောင့်ဆိုသော် အန်းကျူပရင့်စ်၏ လက်ရှိ အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူမသည် ယဲ့ဖန်ကို အလွန်အမင်း ချစ်မြတ်နိုးနေပြီး၊ သူမ၏ ထောက်ခံအားပေးမှုသည် သာမန်ကာလျှံကာ မဟုတ်ကြောင်း သိသာထင်ရှားနေသောကြောင့် ဖြစ်သည်။

ထို့အပြင် မြို့စားကြီး အန်းကျူပရင့်စ် ကိုယ်တိုင်ကလည်း ယဲ့ဖန်ကို သဘောကျနေသည်ဟူသော ကောလာဟလများကို ပေါင်းစပ်လိုက်သောအခါ... ယဲ့ဖန်၏ တန်ဖိုးသည် အန်းကျူပရင့်စ်၏ ရည်းစားသက်သက် မဟုတ်တော့ဘဲ၊ အန်းကျူ မိသားစု၏ သမက်လောင်း အဖြစ်ပါ သတ်မှတ်ခံရနိုင်ဖွယ် ရှိနေ၏။

အကယ်၍ ထိုအတိုင်းသာ မှန်ကန်ပါက... သူတို့သည် ယဲ့ဖန်ဟု ခေါ်သော နဂါးနိုင်ငံသားကို ပိုမို အလေးထား ဆက်ဆံရပေတော့မည်။

သို့သော် ဧည့်သည်များ အံ့အားသင့်သွားစေရန်အတွက်... အန်းကျူပရင့်စ်၏ ထောက်ခံမှုသည် အစပျိုးရုံသာ ရှိသေး၏။

အန်းကျူပရင့်စ်က ဘာရွန်အင်ဒရူးနှင့် နေရာမှာတင် အပြတ်ဖြတ်ရန် ဝန်မလေးကြောင်း ပြသလိုက်ချိန်တွင်... လူအုပ်ကြီးထဲ၌ ဝိုင်ခွက်ကိုကိုင်ကာ ပေါ့ပျက်ပျက် နေနေသော ဝုဖ်ဂန်းသည် အပြုံးပါးပါးလေးဖြင့် ထွက်ပေါ်လာလေသည်။ သူသည် ယဲ့ဖန်ဘေးတွင် ဝင်ရပ်လိုက်ပြီး ပခုံးကို ရင်းရင်းနှီးနှီး ဖက်လိုက်၏။

"ကျွန်တော့်အစ်မ ပြောတာအပြင်... နောက်ထပ် တစ်ခုလောက် ခင်ဗျားကို သတိရစေချင်တယ် ဘာရွန်အင်ဒရူး... ယဲ့ဖန်က ကျွန်တော့်ရဲ့ ညီအစ်ကိုရင်းလို လူမျိုးပဲ..."

"အရင်တုန်းက သူ ကျွန်တော့်ကို တစ်ကြိမ်မက ကူညီခဲ့ဖူးတယ်..."

"သူ့ကို ပြဿနာရှာတဲ့ ဘယ်သူမဆို... ငါ ဝုဖ်ဂန်းကို ပြဿနာရှာတာနဲ့ အတူတူပဲ..."

သူသည် ယဲ့ဖန်၏ ပခုံးကို ဖက်ထားပြီး အလွန် ရင်းနှီးပုံရသော်လည်း၊ ဘာရွန်အင်ဒရူးကို ပြောလိုက်သော စကားလုံးများမှာမူ ဓားသွားများကဲ့သို့ ထက်ရှလွန်းလှသည်။

ထိုအခိုက်အတန့်၌... ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်နှာထားများ နောက်တစ်ကြိမ် ပြောင်းလဲသွားကြပြန်တော့၏။

အခန်း (၁၈၇၂) - ဒီလူက ဒီလောက်ထိ စွမ်းတာလား

~ဝုဖ်ဂန်းကို ဖော့ခ်စီးတီး တစ်ခုလုံးက အာလ် (Earl) တစ်ဦး၏ သားအဖြစ် ကောင်းကောင်း သိထားကြ၏။

ထို့အပြင် သူသည် အန်းကျူမြို့စားကြီး မိသားစုနှင့်လည်း ခွဲခြား၍မရသော ပတ်သက်ဆက်နွယ်မှု ရှိနေသေး၏။

ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန် နှင့် ဒီဗွန်ရှိုင်းယားဟွတ်ခ်... ဤသုံးဦးကို ဖော့ခ်စီးတီး၏ နာမည်ကျော် "သခင်လေး သုံးဦး" ဟူ၍ လူသိများကြ၏။

ယခု... ဝုဖ်ဂန်းက ယဲ့ဖန်ဘက်မှ မတ်မတ်မတ်မတ် ရပ်တည်ပေးလိုက်ခြင်းသည် ဘာရွန်အင်ဒရူးကို ပြတ်သားစွာ သတိပေးလိုက်ခြင်းနှင့် အတူတူပင်။

အကယ်၍ ဘာရွန်အင်ဒရူးသာ ကတိဖျက်ခဲ့လျှင်၊ ယဲ့ဖန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ရုံသာမက၊ ဝုဖ်ဂန်း၏ မျက်နှာကိုပါ စော်ကားလိုက်ရာ ရောက်ပေလိမ့်မည်။

"ဘုရားရေ... နဂါးနိုင်ငံက လာတဲ့ ယဲ့ဖန်ဆိုတဲ့ကောင်က ဒီလောက်တောင် ညှို့ဓာတ်ပြင်းတာလား..."

"စည်းကမ်းဖောက်ပြီး ထင်ရာစိုင်းတတ်တဲ့ ဝုဖ်ဂန်းလို လူမျိုးက သူ့ကို ညီအစ်ကိုလို့ ခေါ်နေပါလား... ပြီးတော့ သူ့အတွက်နဲ့ ဘာရွန်အင်ဒရူးကိုတောင် ရန်စဖို့ ဝန်မလေးဘူးတဲ့..."

"ငါ ထင်ထားတာက သူက အန်းကျူပရင့်စ်ရဲ့ ယာယီရည်းစားပဲ၊ တစ်နေ့ကျရင် အန်းကျူပရင့်စ်က သူ့ကို ပစ်သွားမှာပဲလို့ တွေးထားခဲ့တာ... ငါ မှားသွားပြီ ထင်တယ်..."

"ဒီ ယဲ့ဖန်က တော်တော်လေး စွမ်းရည်ရှိတဲ့ပုံပဲ..."

လူအုပ်ကြီးထဲတွင် ဆူညံသော ပြောဆိုသံများ ထွက်ပေါ်လာတော့၏။

ဘာရွန်အင်ဒရူး၏ မျက်နှာထားမှာမူ သွေးမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားရှာ၏။

အန်းကျူပရင့်စ် တစ်ယောက်တည်း၏ ဖိအားပေးမှုကပင် သူ့ကို အသက်ရှူကျပ်စေခဲ့ပြီ။ ဤအကျပ်အတည်းမှ လွတ်မြောက်ရန် ခက်ခဲနေချိန်တွင်...

ယခု ဝုဖ်ဂန်းပါ ထပ်တိုးလာပြန်ပြီ။ ဝုဖ်ဂန်း ဆိုသည့်ကောင်က သူ ထိန်းချုပ်၍ ရမည့်သူမျိုး မဟုတ်။ ငယ်စဉ်ကတည်းက သူနှင့် အတူ ကြီးပြင်းလာသော မင်းသားလေး ကိုယ်တိုင်ပင်လျှင် ဝုဖ်ဂန်းကို အလေးထား ဆက်ဆံရသည် မဟုတ်ပါလော။

အခြေအနေက ပို၍ ဆိုးရွားလာခဲ့တော့၏။

သို့သော်လည်း... သူသည် ယဲ့ဖန်အား ပန်းချီကားချပ် (၁၂) ချပ်ကို မပေးလိုသေးပေ။

ထို့ကြောင့် သူ၏ မျက်နှာထား ပျက်ယွင်းနေပြီး၊ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ စီးကျနေသော်လည်း၊ နှုတ်ခမ်းများ လှုပ်ရွရုံမှတစ်ပါး ချက်ချင်း အဖြေမပေးနိုင်ဘဲ ဖြစ်နေရှာသည်။

"ဆောရီးနော်... ကျွန်မ သန့်စင်ခန်း သွားနေလို့ ဒီက အခြေအနေကို အခုမှ သိရတာ..."

ထိုအချိန်၌ပင် လူအုပ်ကြီး၏ နောက်ဖက်ဆီမှ ချိုသာသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထို့နောက် လှပကျော့ရှင်းပြီး ဉာဏ်ရည်ထက်မြက်သည့် ပုံရိပ် တစ်ခုသည် လူအုပ်ကြီးကြားမှ တိုးဝှေ့လျက် ယဲ့ဖန်၏ ဘေးနားသို့ လျင်မြန်စွာ ရောက်ရှိလာ၏။

"အတိုင်းအတာ တစ်ခုထိ ပြောရမယ်ဆိုရင်... ဦးက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ..."

"ဒါကြောင့် ဘယ်သူမဆို ကျွန်မ ဦးကို အနိုင်ကျင့်ရဲရင်... ကျွန်မတို့ မိသားစုနဲ့ ကျွန်မ မီလီကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာကို အရင် စဉ်းစားထားတာ ကောင်းလိမ့်မယ်..."

ဒါကတော့ ညနေခင်း ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော မီလီပင် ဖြစ်ချေသည်။

ယခုတစ်ကြိမ်တွင်တော့ ဘာရွန်အင်ဒရူး တစ်ယောက်တည်း အကျပ်ရိုက်သွားသည် မဟုတ်တော့ပေ။ ဘေးပတ်ဝန်းကျင်ရှိ ဖော့ခ်စီးတီး၏ မျိုးဆက်သစ် လူငယ်များပါ နောက်တစ်ကြိမ် ထပ်မံ မှင်သက်သွားကြရပြန်၏။

"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ..."

"ဒီ ယဲ့ဖန်ဆိုတဲ့ လူ.. ဖော့ခ်စီးတီးမှာ ဒီလောက်တောင် အဆက်အသွယ်တွေ များနေတာလား..."

"အန်းကျူပရင့်စ်ရဲ့ ချစ်သူ ဖြစ်တာက ထားပါတော့... ဝုဖ်ဂန်းက သူ့ကို ညီအစ်ကိုလို့ ခေါ်တယ်... အခု မစ္စစ်မီလီကပါ သူ့ကို ဒီလောက် ရင်းနှီးနေပြန်ပြီ..."

"ဒါနဲ့... မစ္စစ် မီလီ ပြောသွားတဲ့ အသက်သခင် ကျေးဇူးရှင် ဆိုတာ ဘာကို ပြောတာလဲ... မစ္စစ်မီလီ အန္တရာယ် ကြုံခဲ့ဖူးတယ်လို့ ငါ မကြားမိပါဘူး..."

"..."

ယဲ့ဖန်အပြင်၊ သူ့ဘက်မှ ပထမဆုံး ရပ်တည်ပေးခဲ့သော အန်းကျူပရင့်စ်နှင့် သူ့ပခုံးကို ဖက်ထားသော ဝုဖ်ဂန်းတို့သည်လည်း ယဲ့ဖန်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြ၏။

သူတို့သည် ယဲ့ဖန်နှင့် ရင်းနှီးသော်လည်း၊ ဤအကြောင်းကိုမူ မသိရှိခဲ့ကြပေ။

"ပြောရမယ်ဆိုရင်တော့..."

သူတို့၏ အကြည့်များကို မြင်သောအခါ မီလီသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် ထပ်ဖြည့်ပြောလိုက်လေသည်။

"ပိုပြီး တိတိကျကျ ပြောရရင်... ဦးက နေမဝင်အင်ပါယာ တစ်ခုလုံး ကျရောက်မယ့် ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တာပါ..."

"သူက ကျွန်မတို့ အင်ပါယာရဲ့ သူရဲကောင်းလို့တောင် သတ်မှတ်လို့ ရတယ်..."

"ဘာရွန်အင်ဒရူး... ရှင် သူ့ကို အနိုင်ကျင့်တယ် ဆိုတာက အန်းကျူ မြို့စားကြီး မိသားစု၊ သခင်လေး ဝုဖ်ဂန်းနဲ့ ကျွန်မ မီလီတို့ကို မလေးစားတာတင် မကဘူး... နေမဝင်အင်ပါယာရဲ့ အထူးဧည့်သည်တော်နဲ့ သူရဲကောင်းကိုပါ စော်ကားလိုက်တာပဲ…”

အခန်း (၁၈၇၃) - မီလီရဲ့ ထွက်ပေါ်လာခြင်း

~ဤအကြိမ်တွင်မူ... လူအုပ်ကြီးကြားမှ လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်နေသော အသံဗလံများမှာ ယခင်ကထက် ပိုမို ပြင်းထန်လာခဲ့တော့၏။

"နေမဝင်အင်ပါယာရဲ့ သူရဲကောင်းကြီး ဟုတ်လား..."

"ဘာတွေ ဖြစ်ခဲ့လို့လဲ..."

"မစ္စစ်မီလီ ပြောသလိုဆိုရင်... ငါတို့ ဘာလို့ ဘာသတင်းမှ မကြားမိရတာလဲ..."

"စဉ်းစားကြည့်လေ... မစ္စတာယဲ့ဖန်က နေမဝင်အင်ပါယာရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ်ခံရလောက်အောင် ကြီးကျယ်တဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့မယ်ဆိုရင်... ငါတို့ သိသင့်တယ် မဟုတ်လား..."

"..."

ဘာရွန်အင်ဒရူး၏ မျက်နှာထားသည်လည်း ပြောင်းလဲသွားရှာ၏။

"မီလီ... မင်း နောက်နေတာ မဟုတ်ပါဘူးနော်..."

"ယဲ့ဖန်က နေမဝင်အင်ပါယာရဲ့ အလှူပွဲ လေလံပွဲကို တက်ရောက်မယ့်သူမို့လို့... ငါတို့ အင်ပါယာရဲ့ အထူးဧည့်သည်တော်လို့ သတ်မှတ်လို့ ရတာကိုတော့ ငါ လက်ခံပါတယ်... ဒါပေမဲ့ သူက နေမဝင်အင်ပါယာအပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိနေလို့လဲ..."

"ဟွန့်..."

ထိုစကားကို ကြားလိုက်ရသောအခါ မီလီက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

"မကြာသေးခင်တုန်းက... ဘုရင်မ လမ်းမကြီး အပိုင်းမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားပြီး ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာကို မှတ်မိတယ် မဟုတ်လား..."

"အဲ့ဒီ ပေါက်ကွဲမှုကြီးလား..."

ဘာရွန်အင်ဒရူး မျက်မှောင်ကြုတ်လိုက်မိသည်။

"ကြားဖူးတာပေါ့..."

"ကြားတာတော့... နဂါးနိုင်ငံက ‘ကြွယ်ဝခြင်းအသင်း’ ဆိုတဲ့ အဖွဲ့အစည်းက အချိန်မီ သတိပေးပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့လို့... ဖော့ခ်စီးတီးမှာ ထိခိုက်သေဆုံးမှု သိပ်မများခဲ့တာ ဆို..."

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကလည်း ခေါင်းညိတ်ထောက်ခံကြ၏။

"အဲ့ဒီတုန်းက ‘ကြွယ်ဝခြင်းအသင်း’က တော်တော်လေး လုပ်ရည်ကိုင်ရည် ရှိခဲ့တယ်လို့ ကြားတယ်..."

"ကုန်တိုက်ကြီးတွေ အကုန်လုံးမှာ အရေးပေါ် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်... ပြီးတော့ လူတွေကို ချက်ချင်း စေလွှတ်ပြီး လူအုပ်ကြီးကို ထိန်းသိမ်း ကူညီပေးခဲ့တာလေ..."

"သူတို့သာ မရှိခဲ့ရင်... ပေါက်ကွဲမှုရဲ့ ပြင်းထန်ပုံနဲ့ အနီးနားက ကုန်တိုက်တွေမှာ လူတွေ ပြည့်ကျပ်နေပုံအရဆိုရင်... ထောင်နဲ့ချီတဲ့ လူတွေ သေဆုံးထိခိုက်နိုင်တယ်..."

"အဲ့ဒါကြောင့် နေမဝင်အင်ပါယာ တော်ဝင်မိသားစုက ကြွယ်ဝခြင်း အသင်းရဲ့ ဥက္ကဋ္ဌ... နဂါးနိုင်ငံသား မစ္စတာ 'ယွီကျင်းနမ်' ကို အထူးတလည် ခေါ်ယူတွေ့ဆုံခဲ့တယ်လို့တောင် ကြားမိတယ်... ပြီးတော့ သူ့ကို သူရဲကောင်း တံဆိပ် ချီးမြှင့်ဖို့နဲ့... ခြွင်းချက်အနေနဲ့ မျိုးရိုးစဉ်ဆက် ဘာရွန်ဘွဲ့ ပေးဖို့တောင် စဉ်းစားနေကြတာ..."

"ဒါပေမဲ့ မစ္စစ်မီလီ... အဲ့ဒါကို ဘာလို့ ထည့်ပြောနေတာလဲ..."

"ယဲ့ဖန်က နေမဝင်အင်ပါယာရဲ့ သူရဲကောင်း ဖြစ်တယ် ဆိုတာနဲ့... ပြီးတော့ ယဲ့ဖန်က မစ္စစ်မီလီရဲ့ အသက်ကို ကယ်ခဲ့တယ် ဆိုတာနဲ့ ဘာဆိုင်လို့လဲ..."

အားလုံးက ခေါင်းညိတ် ထောက်ခံနေကြသော်လည်း နားမလည်နိုင် ဖြစ်နေကြဆဲပင်။

မီလီက နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြန်၏။

"သဘာဝဓာတ်ငွေ့ ယိုစိမ့်နေတာကို ပထမဆုံး စတွေ့ခဲ့တာက ဦးလေ..."

"ပြီးတော့ ကြွယ်ဝခြင်း အသင်း ဥက္ကဋ္ဌ ယွီကျင်းနမ်က ဦး ပြောလို့သာ လူတွေကို ချက်ချင်းလွှတ်ပြီး တစ်မြို့လုံးကို ရှင်းလင်းခိုင်းခဲ့တာ..."

"ဘာ..."

"မစ္စတာယဲ့က ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကို ဘာလို့ ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့တာလဲ..."

"ဒါက တကယ့် ဂုဏ်ယူစရာကြီးလေ..."

အားလုံး တုန်လှုပ်သွားကြ၏။

ယဲ့ဖန်၏ ဘေးနားရှိ ဝုဖ်ဂန်းနှင့် အန်းကျူပရင့်စ်တို့ ကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင် ဖြစ်နေကြရှာ၏။

"ယဲ့ဖန်... မောင်... မီလီ ပြောတာ တကယ်လားဟင်..."

ယဲ့ဖန် ဘာမှ ပြန်မဖြေခဲ့ပေ။

မီလီက ခေါင်းညိတ်ပြလိုက်၏။

"ဒါပေါ့... တကယ်ပါ..."

"အဲ့ဒီတုန်းက ကျွန်မနဲ့ သူငယ်ချင်းတွေ အနီးနားမှာ ဈေးဝယ်နေကြတာ... ထွက်ပြေးနေရတုန်းမှာ ဦးရဲ့ မိတ်ဆွေတစ်ယောက်နဲ့တောင် နားလည်မှုလွဲပြီး ပြဿနာ ဖြစ်ခဲ့ကြသေးတယ်..."

"ဦး ရောက်လာပြီး ဝင်ဖြန်ဖြေပေးတော့မှ... ‘ကြွယ်ဝခြင်းအသင်း’က လူတွေ ကိုယ်တိုင် ပြောပြခဲ့တာ..."

"မယုံရင် ‘ကြွယ်ဝခြင်းအသင်း’နဲ့ ရင်းနှီးတဲ့သူတွေကို မေးကြည့်လို့ ရပါတယ်..."

"ဦးက မြင့်မြတ်တဲ့ စိတ်ထားရှိပြီး ရိုးသားလွန်းလို့သာ... ကိုယ့်ကောင်းမှု ကိုယ်ဖော်မပြောဘဲ နေခဲ့တာပါ... ‘ကြွယ်ဝခြင်းအသင်း’ နာမည်ရသွားတာကိုပဲ ကြည်ဖြူပေးခဲ့တာလေ..."

"‘ကြွယ်ဝခြင်းအသင်း’ ဥက္ကဋ္ဌ ယွီကျင်းနမ်က အဲ့ဒါကြောင့် ဦးကို အရမ်း အားနာပြီး ကျေးဇူးတင်နေတာ... အခုဆို သူနဲ့ ဦးက ဆက်ဆံရေး တော်တော် ကောင်းနေပြီ..."

"..."

ဘေးပတ်ဝန်းကျင်ရှိ လူများမှာ နောက်တစ်ကြိမ် ကြက်သေသေသွားကြပြန်၏။

များစွာသော လူတို့သည် ဖုန်းများကို ကပျာကယာ ထုတ်လိုက်ကြပြီး၊ ‘ကြွယ်ဝခြင်းအသင်း’နှင့် ရင်းနှီးကျွမ်းဝင်သူ မိတ်ဆွေများကို လှမ်းမေးကြတော့၏။

မေးမြန်းပြီးနောက် ယဲ့ဖန်ကို ပြန်လည် ကြည့်လိုက်ကြသောအခါ... သူတို့၏ မျက်နှာထားများမှာ နောက်တစ်ဖန် ပြောင်းလဲသွားကြပြန်၏။

"မစ္စစ်မီလီ ပြောတာ အမှန်တွေချည်းပဲ..."

"အဲ့ဒီတုန်းက ဘုရင်မ လမ်းမကြီးပေါ်က ထောင်ပေါင်းများစွာသော လူတွေကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း အစစ်က မစ္စတာယဲ့ ဖြစ်နေတာကိုး..."

"ကြွယ်ဝခြင်း အသင်း ဥက္ကဋ္ဌ ယွီကျင်းနမ်က မစ္စတာယဲ့ အထပ်ထပ် တောင်းဆိုလို့သာ လူတွေကို လွှတ်ပြီး ကူညီရှင်းလင်းပေးခဲ့တာတဲ့..."

"ဘာရွန်အင်ဒရူး... တကယ်လို့ ခင်ဗျားက မစ္စတာယဲ့နဲ့ လောင်းထားတဲ့ ကတိကို မတည်ချင်ဘူး ဆိုရင်တော့... နှစ်ခါပြန် စဉ်းစားတာ ကောင်းလိမ့်မယ်..."

“....”

အခန်း (၁၈၇၄) - အစ္စဘယ်လ်လာနဲ့ အာဂျိုင်းဟန်ဆန်တို့ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်လာခြင်း

~ဘာရွန်အင်ဒရူးခမျာ လူအားလုံး၏ အာရုံစိုက်မှုကို ခံနေရသဖြင့် ချွေးသီးချွေးပေါက်များ ဒလဟော စီးကျနေရှာ၏။

အန်းကျူပရင့်စ်နှင့် ဝုဖ်ဂန်းတို့ကပင် သူ့ကို ဖိအားတွေ အများကြီး ပေးထားပြီး ဖြစ်သည်။

ယခု မီလီကပါ မတ်တပ်ရပ်ပြီး ယဲ့ဖန်သည် ဘုရင်မ လမ်းမကြီးပေါ်မှ သဘာဝဓာတ်ငွေ့ ပေါက်ကွဲမှု အန္တရာယ်ကို ကယ်တင်ခဲ့သော သူရဲကောင်းဖြစ်ကြောင်း ပြောလိုက်သောအခါ... သူ၏ ဦးရေပြားများပါ ထုံကျင်သွားရလေသည်။

ယဲ့ဖန်မှာ ဒီလောက် အင်အားကြီးမားသော နောက်ခံအသိုင်းအဝိုင်း ရှိနေမှန်းသာ ကြိုသိခဲ့လျှင်... သူ့ကို ရိုက်သတ်လျှင်တောင်မှ အန်းကျူပရင့်စ်ကြောင့် မနာလိုဝန်တိုပြီး သွားရန်စမိမှာ မဟုတ်ပေ။

တကယ်လို့ သူသာ ယဲ့ဖန်ကို သွားမစမိခဲ့လျှင်... ဒီ စနူကာ လောင်းကြေးကိစ္စ ဖြစ်လာစရာ အကြောင်းမရှိသလို၊ အခုလို ခံစစ်အနေအထားနှင့် အကျပ်ရိုက်စရာ အကြောင်းလည်း ရှိမှာ မဟုတ်တော့ပေ။

"အင်း... ဟိုလေ..."

လူအုပ်ကြီး၏ စူးစိုက်ကြည့်ရှုမှုများ၊ အန်းကျူပရင့်စ်၊ ဝုဖ်ဂန်း နှင့် မီလီတို့၏ စူးရှသော အကြည့်များကို ရင်ဆိုင်နေရသဖြင့် ဘာရွန်အင်ဒရူး စကားဆွံ့အသွားရှာသည်။

ထိုအချိန်၌ပင်... သူနှင့် ယဲ့ဖန်တို့၏ စနူကာပွဲစဉ်တွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးခဲ့သော အစ္စဘယ်လ်လာသည် လျှောက်လှမ်းလာလေ၏။

"နေမဝင်အင်ပါယာ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့ရဲ့ အထူးလုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ကျွန်မ အတည်ပြုခဲ့ပြီးပါပြီ... အဲ့ဒီနေ့က ဘုရင်မ လမ်းမကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အန္တရာယ်ကြီးကနေ နေမဝင်အင်ပါယာကို ကယ်တင်ပေးခဲ့တာ မစ္စတာယဲ့ဖန် ဆိုတာ အမှန်ပါပဲ..."

"ပြီးတော့... ရှင် မသိသေးတဲ့ အကြောင်းတစ်ခု ပြောပြဖို့ မေ့နေတယ် ဘာရွန်အင်ဒရူး... တကယ်တော့ ယဲ့ဖန်က ကျွန်မရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ..."

"ကျွန်မ သူ့ကို အကြွေးတင်နေတာ တစ်ကြိမ်မက ရှိခဲ့ဖူးတယ်..."

"ဒါကြောင့်... ရှင်က သူ့ရှေ့မှာ ကတိဖျက်ချင်တယ် ဆိုရင်တော့... နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်တွေကို သေချာ ထည့်သွင်း စဉ်းစားတာ ကောင်းလိမ့်မယ်..."

"..."

မြင်ကွင်းတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

ထို့နောက်တွင်တော့ ယဲ့ဖန်သည် ဘုရင်မ လမ်းမကြီး အရေးအခင်း၏ သူရဲကောင်းအစစ် ဖြစ်ကြောင်း သိလိုက်ရစဉ်ကထက် ပိုမို ကြီးမားသော လှုပ်လှုပ်ရှားရှား ဖြစ်မှုကြီး ပေါ်ပေါက်လာတော့၏။

"ဘုရားရေ... ငါ မူးနေတာများလား..."

"ငါ အခု ဘာတွေ မြင်လိုက်ရတာလဲ..."

"နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့် အစ္စဘယ်လ်လာကပါ ယဲ့ဖန်ဘက်ကနေ ရပ်တည်ပေးနေပါလား..."

"ပြီးတော့ သူပြောသွားတာ ကြားလား... သူက ယဲ့ဖန်ရဲ့ မိတ်ဆွေဟောင်းတဲ့... ယဲ့ဖန်ကို ကျေးဇူးကြွေးတွေတောင် တင်နေသေးတယ်တဲ့..."

"တော်ဝင်အေးဂျင့် အစ္စဘယ်လ်လာ ဆိုတာက ပေါင်းသင်းဆက်ဆံရ အရမ်းခက်တဲ့သူ မဟုတ်ဘူးလား... သူနဲ့ မိတ်ဆွေဖြစ်ဖို့ ဆိုတာ မလွယ်ဘူးလို့ ကြားဖူးတယ်..."

"ယဲ့ဖန်က ဘယ်လိုလုပ်ပြီး သူနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရသွားတာလဲ..."

"ငါ မေးချင်တာက... ဖော့ခ်စီးတီးမှာ ယဲ့ဖန် မသိတဲ့ အသိုင်းအဝိုင်းများ ရှိသေးရဲ့လားလို့..."

"အန်းကျူ မြို့စားကြီး မိသားစု... သခင်လေး ဝုဖ်ဂန်း... မစ္စစ်မီလီ... အထူးအေးဂျင့် အစ္စဘယ်လ်လာ... ပြီးတော့ တရုတ်လူမျိုးတွေရဲ့ ကြွယ်ဝခြင်း အသင်း..."

"ချဲ့ကားပြောတာ မဟုတ်ဘူးနော်... နေမဝင်အင်ပါယာကို ရောက်လာတာ တစ်လတောင် မပြည့်သေးတဲ့ နိုင်ငံခြားသား တစ်ယောက်က... ဖော့ခ်စီးတီးမှာ နှစ်ပေါင်း (၃၀) ကျော် နေထိုင်လာတဲ့ ငါတို့ ဒေသခံတွေထက်တောင် အဆက်အသွယ် ပိုများနေသေးတယ်..."

"ရူးချင်စရာကြီး..."

"..."

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေး ငြင်းခုံနေကြတော့၏။

ဘာရွန်အင်ဒရူး၏ မျက်နှာထားမှာမူ ယင်ကောင်တစ်ကောင်ကို ဝါးစားမိလိုက်သကဲ့သို့ ရှုံ့မဲ့နေရ၏။

သူသည် ယဲ့ဖန်၏ ဘေးနားသို့ ရောက်ရှိသွားသော အစ္စဘယ်လ်လာကို လှမ်းကြည့်လိုက်၏။ နှုတ်ခမ်းများ ပွင့်ဟလိုက်၊ ပြန်ပိတ်လိုက်နှင့်... ပြောစရာ စကားလုံးများ ပျောက်ရှနေသကဲ့သို့ ဖြစ်နေ၏။ နောက်ဆုံးတွင်တော့ ဘာစကားမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်သွားတော့၏။

သို့သော်၊ ဒါက အဆုံးသတ် မဟုတ်သေးပေ။

သူ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေချိန်မှာပင်...

လူအုပ်ကြီးကြားထဲတွင် ဖော့ခ်စီးတီး၏ နာမည်ကျော် ဆယ်လီများနှင့် အလှမယ်များ ဝိုင်းဝိုင်းလည်နေသော အာဂျိုင်းဟန်ဆန်သည် ချောင်းဟန့်လိုက်ပြီး လမ်းလျှောက်ထွက်လာခဲ့လေသည်။

"ကျွန်တော်လည်း တစ်ခုလောက် ပြောချင်တယ်... ယဲ့ဖန်က ကျွန်တော့် သူငယ်ချင်းပါ..."

"ဒါကြောင့် ဘာရွန်အင်ဒရူး အနေနဲ့ လောင်းကြေးကို ငြင်းဆန်ချင်တယ် ဆိုရင်တော့... ကျွန်တော့်ကိုပါ ထပ်ပြီး ထည့်သွင်း စဉ်းစားပေးပါ..."

"ကျွန်တော်ရယ်... ယဲ့ဖန်ရယ်... ဝုဖ်ဂန်းရယ်... ကျွန်တော်တို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလေ..."

သူ လမ်းလျှောက်ထွက်လာသည့် ပုံစံသည် တမင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လိုက်သည်လား၊ မတော်တဆလားတော့ မသိ။ ယဲ့ဖန်၏ ကျန်ရှိနေသော ဘေးတစ်ဖက်တွင် သွားရောက် ရပ်တန့်လိုက်လေသည်။

ဝုဖ်ဂန်းနှင့် အာဂျိုင်းဟန်ဆန်တို့ ခြံရံလိုက်သောအခါ... ယဲ့ဖန်သည် ကြယ်ရံသော လမင်းကြီးပမာ ဖြစ်သွားပြီး၊ သူတို့ သုံးဦး၏ ဗဟိုချက်မ ဖြစ်သွားတော့၏။

ထိုအခိုက်အတန့်၌... ရှိနေသမျှ လူအားလုံး၏ မျက်နှာထားများ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားကြပြန်တော့၏။

All Chapters