← Chapters

အခန်း (၁၈၇၅-၁၈၇၈)

Vol. 100 Ch. 1875-1878

အခန်း (၁၈၇၅-၁၈၇၈)

Vol. 100 Ch. 1875-1878

အခန်း (၁၈၇၅) - ဘာရွန်အင်ဒရူး တစ်ကိုယ်လုံး တုန်ယင်သွားခြင်း

~အာဂျိုင်းဟန်ဆန်ကို ထိုနေရာရှိ လူတိုင်းနီးပါး ရင်းနှီးကျွမ်းဝင်ကြလေ၏။

သူသည် အာဂျိုင်း မြို့စားကြီး မိသားစု၏ အကြီးဆုံး သားဖြစ်ပြီး၊ ဖော့ခ်စီးတီး၏ နာမည်ကျော် သခင်လေး သုံးဦးအနက် တစ်ဦးလည်း ဖြစ်သည်။

သူ၏ ဂုဏ်ဒြပ်သည် ရှိနေသမျှ လူအကုန်လုံးထဲတွင် အမြင့်ဆုံးဟု ဆိုနိုင်သည်။

အန်းကျူ မြို့စားကြီး မိသားစုမှ ဆင်းသက်လာသော အန်းကျူပရင့်စ် ပင်လျှင် သူ့လောက် ဂုဏ်ရှိန်ကြီးသည်ဟု ပြောရန် ခက်ခဲလှပေသည်။

ချဲ့ကားပြောခြင်း မဟုတ်ဘဲ၊ နေမဝင်အင်ပါယာ မင်းသားလေး ကိုယ်တိုင်ပင်လျှင် သူနှင့် အန်းကျူပရင့်စ်ကို မျက်နှာသာ ပေးရလေသည်။

ယခု... သူကပါ ထွက်လာပြီး ယဲ့ဖန်ကို ထောက်ခံအားပေးလိုက်ခြင်းသည် ဖော့ခ်စီးတီး၏ ဩဇာအာဏာ အကြီးမားဆုံးသော ဒုတိယမျိုးဆက် အသိုင်းအဝိုင်း တစ်ခုလုံးက ယဲ့ဖန်ဘက်မှ ရပ်တည်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားတော့၏။

ထို့ကြောင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ လူအုပ်ကြီးကြားထဲတွင် ပွက်လောရိုက်သော ဆွေးနွေးသံများ ထွက်ပေါ်လာကြတော့၏။

"အံ့ဩစရာ မရှိပါဘူး... အန်းကျူပရင့်စ်က နှစ်ပေါင်းများစွာ ရည်းစားမထားဘဲ နေခဲ့တာ... နဂါးနိုင်ငံကို ရောက်သွားပြီး ဒီ နဂါးနိုင်ငံသားကို တွေ့လိုက်တာနဲ့ ချက်ချင်း ကြွေသွားတော့တာကိုး..."

"ယဲ့ဖန်... ဟုတ်လား... ဒီနာမည်ကို ငါ သေချာ မှတ်ထားမှ ရမယ်..."

"သူက တကယ့် အံ့ဖွယ်လူသားပဲ..."

"ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဖော့ခ်စီးတီးမှာ ဒီလောက် အင်အားကြီးတဲ့ ကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ပြီး၊ ထိပ်တန်း အသိုင်းအဝိုင်းတွေ အကုန်လုံး သူ့ဘက်က ရပ်တည်ပေးအောင် စွမ်းဆောင်နိုင်တဲ့ နဂါးနိုင်ငံသား တစ်ယောက်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး..."

"သူ့ဘေးနားမှာ ရပ်နေတဲ့ လူတွေကို ကြည့်လိုက်ပါဦး... အန်းကျူ မြို့စားကြီး မိသားစုရဲ့ သမီးလေး... ဖော့ခ်စီးတီး သခင်လေး သုံးဦးထဲက ဝုဖ်ဂန်း... ဘုရင်မ လမ်းမကြီး နယ်မြေက ဗိုလ်ကျနေတဲ့ မီလီ... နေမဝင်အင်ပါယာ တော်ဝင်အေးဂျင့် အစ္စဘယ်လ်လာ... ပြီးတော့ အာဂျိုင်း မြို့စားကြီး မိသားစုရဲ့ သခင်လေး အာဂျိုင်းဟန်ဆန်..."

"ဒါတောင် မရောက်လာသေးတဲ့ ကြွယ်ဝခြင်း အသင်းက လူတွေကို ထည့်မတွက်ထားသေးဘူးနော်..."

"တခြား ငါတို့ မသိသေးတဲ့ မိတ်ဆွေတွေလည်း အများကြီး ရှိဦးမှာ..."

"ဒီ နဂါးနိုင်ငံသားက... နဂါးနိုင်ငံသားတွေအပေါ် ငါ ထားရှိခဲ့တဲ့ အမြင်တွေကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ..."

"..."

မျက်နှာ ကြွက်သားများ တဆတ်ဆတ် လှုပ်နေသော ဘာရွန်အင်ဒရူးမှာမူ မထိန်းချုပ်နိုင်အောင် တုန်ယင်လာတော့၏။

အန်းကျူပရင့်စ်၊ ဝုဖ်ဂန်း၊ မီလီ၊ အထူးအေးဂျင့် အစ္စဘယ်လ်လာ၊ အာဂျိုင်းဟန်ဆန်... ပြီးတော့ ယဲ့ဖန်၏ 'နေမဝင်အင်ပါယာ တော်ဝင်ဧည့်သည်တော်' နှင့် 'နေမဝင်အင်ပါယာ သူရဲကောင်း' ဆိုသော ဘွဲ့ထူးဂုဏ်ထူးများ...

ချဲ့ကားပြောခြင်း မဟုတ်ဘဲ၊ မင်းသားလေး ကိုယ်တိုင် သူတို့နှင့် တွေ့ဆုံလျှင်ပင် လေးစားမှု ပြသရမည့် အနေအထား ဖြစ်သည်။ သူကဲ့သို့ သာမန် ဘာရွန် အဆင့်နှင့် မင်းသားလေး၏ ငယ်ကစားဖော် ဆိုရုံလောက်ဖြင့် ယှဉ်ပြိုင်နိုင်မည့် အင်အားစု မဟုတ်ပေ။

ထို့ကြောင့် ပေါင်များ တဆတ်ဆတ် တုန်ယင်လာပြီး ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများဖြင့် စိုရွှဲသွားပြီးနောက်၊ သူသည် တုန်ရီသော အသံဖြင့် အတင်း ဟန်လုပ်ကာ ပြုံးလိုက်လေသည်။

"အားလုံးပဲ... အားလုံးပဲ... စိတ်မလှုပ်ရှားကြပါနဲ့..."

"ငါ ပြောချင်တာက... ခုနက လောင်းကြေးက နည်းနည်းတော့ သဘာဝ မကျဘူးလို့ ပြောတာပါ... မစ္စတာယဲ့ကို ကတိပေးခဲ့တဲ့ လောင်းကြေးက နည်းနည်း စဉ်းစားဆင်ခြင်ဉာဏ် နည်းသွားသလားလို့ပါ... ငါ တကယ်ကြီး ငြင်းဆန်ချင်တာ မဟုတ်ပါဘူး..."

ယဲ့ဖန်က သူ့ကို အေးစက်စက်သာ ကြည့်နေလေ၏။

ယဲ့ဖန် ဘာမှ မပြောသဖြင့် အန်းကျူပရင့်စ်နှင့် ကျန်လူများလည်း နှုတ်ဆိတ်နေကြ၏။ သူတို့အားလုံး ဘာရွန်အင်ဒရူးကို အေးစက်သော အကြည့်များဖြင့်သာ စိုက်ကြည့်နေကြ၏။

တစ်ခဏအတွင်းမှာပင် ဘာရွန်အင်ဒရူး၏ နဖူးပေါ်မှ ချွေးသီးများ ပိုမို များပြားလာပြီး၊ အသံများလည်း ပိုမို တုန်ရီလာတော့၏။

"ဘယ်လိုပဲဖြစ်ဖြစ်... ဒီလောင်းကြေးက လူအများကြီးရဲ့ ရှေ့မှောက်မှာ သဘောတူခဲ့ကြတာပဲဟာ... ငါကလည်း နေမဝင်အင်ပါယာရဲ့ မြို့စားမျိုးနွယ် တစ်ယောက်ပါ... ငါ့ကတိ ငါ ဘယ်တော့မှ မဖျက်ပါဘူး..."

"ခုနက ငါ စကားတွေ အများကြီး ပြောခဲ့တာက... မစ္စတာယဲ့နဲ့ ထားခဲ့တဲ့ ကတိကို ဖျက်ချင်လို့ မဟုတ်ပါဘူး... အကြောင်းအရာ တစ်ခုကို ရှင်းပြချင်လို့ပါ... အရင် လောင်းကြေးက ဘယ်လောက်ပဲ သဘာဝ မကျပါစေ... ငါ့ဘက်က ဘယ်လောက်ပဲ မဆင်မခြင် ဆုံးဖြတ်ခဲ့မိပါစေ... ကတိပေးပြီးမှတော့ တည်ရမှာပေါ့... ဒါက နေမဝင်အင်ပါယာ မြို့စားတွေ လိုက်နာရမယ့် ကျင့်ဝတ်ပဲလေ..."

ယဲ့ဖန် ဘာမှ ဝင်မပြောပေ။

ဘာရွန်အင်ဒရူးသည် အနေရခက်သော မျက်နှာထားဖြင့် ရှေ့မှ ဦးဆောင်ကာ လမ်းပြလိုက်တော့၏။

"မစ္စတာယဲ့... ငါ အရှုံးကို ဝန်ခံပါတယ်... ပန်းချီကားချပ် (၁၂) ချပ်ကို ယူသွားလို့ ရပါပြီ..."

ထိုအခါမှ ယဲ့ဖန်၏ မျက်နှာထား ပြေလျော့သွားလေသည်။ အန်းကျူပရင့်စ်နှင့် ကျန်လူများကို ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ ဘာရွန်အင်ဒရူး၏ နောက်သို့ လိုက်ပါကာ ဧည့်ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလိုက်၏။

သူသည် ကျင်လည်စွာဖြင့် 'ချီပိုင်ရှီ၏ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' ကို နံရံပေါ်မှ ဖြုတ်ယူလိုက်ပြီး၊ ဘာရွန်အင်ဒရူး ပြင်ဆင်ပေးထားသော သေတ္တာထဲသို့ သေချာစွာ ထည့်လိုက်လေတော့၏။

အခန်း (၁၈၇၆) - မိန်းမသားတို့၏ အလိုလိုသိစိတ်

~ယဲ့ဖန်သည် 'ချီပိုင်ရှီ၏ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' ကို ဖြုတ်ယူ၍ သေတ္တာထဲသို့ သေသေချာချာ ထည့်ပြီးသွားသည့် အချိန်ကျမှသာ သူ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားလေ၏။

ဘာရွန်အင်ဒရူး၏ အိမ်တော်သို့ လာရောက်ရသည့် သူ၏ အဓိက ရည်ရွယ်ချက်သည် အပြည့်အဝ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ဘာရွန်အင်ဒရူး၏ မျက်နှာပျက်ယွင်းနေမှုကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး၊ သူသည် အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း၊ မီလီ နှင့် အစ္စဘယ်လ်လာ တို့ကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

အာဂျိုင်းဟန်ဆန်ကမူ အေးအေးလူလူပင် တုံ့ပြန်လိုက်၏။

"ငါတို့က သူငယ်ချင်းတွေပဲလေ... အချင်းချင်း ကူညီကြတာက ဖြစ်သင့်တဲ့ကိစ္စပါ..."

ဝုဖ်ဂန်းကမူ ယဲ့ဖန်၏ ရင်ဘတ်ကို ခပ်ဖွဖွ ထိုးလိုက်ပြီး ရယ်မောကာ ပြောလိုက်၏။

"တခါတလေကျရင် ခင်ဗျားကို အမြင်ကပ်မိပေမယ့်... ခင်ဗျားက ကျွန်တော် အလေးစားဆုံး ယောကျာ်း တစ်ယောက်ပါပဲ... သိပ်ပြီး ယဉ်ကျေးမနေပါနဲ့..."

မီလီကမူ ယဲ့ဖန်၏ ဘေးနားမှ အန်းကျူပရင့်စ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ယဲ့ဖန်ကို ပြောလိုက်ရှာသည်။

"ဦး... ဘာပဲဖြစ်ဖြစ်... ဦးက မီလီရဲ့ အိုင်ဒေါလ် ဆိုတာကို မမေ့ပါနဲ့နော်..."

အစ္စဘယ်လ်လာသည်လည်း ယဲ့ဖန်ဘေးနားရှိ အန်းကျူပရင့်စ်ကို လှမ်းကြည့်လိုက်သေး၏။

ထို့နောက် သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ သူမ၏ အမူအရာက ဘာကို ဆိုလိုသလဲ ဆိုတာကိုတော့ မည်သူမျှ အတိအကျ နားမလည်နိုင်ကြချေ။

ယဲ့ဖန်သည်လည်း သိပ်ပြီး အလေးမထားမိပေ။ သူတို့နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် အန်းကျူပရင့်စ်ကို ခေါ်ဆောင်ကာ အိမ်တော်မှ ထွက်ခွာလာခဲ့လေသည်။

သူတို့နှစ်ဦး ဘာရွန်အင်ဒရူး၏ အိမ်တော်မှ ထွက်ခွာလာပြီးနောက်၊ အန်းကျူပရင့်စ်သည် ယဲ့ဖန်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။

"မောင်နဲ့ အေးဂျင့် အစ္စဘယ်လ်လာကြားမှာ ဘာတွေ ဖြစ်နေကြတာလဲဟင်..."

"မောင်က နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့် အချောလေးနဲ့ ဒီလောက်တောင် ရင်းနှီးနေလိမ့်မယ်လို့ အန်းကျူ ထင်မထားမိဘူး..."

ယဲ့ဖန်သည် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။

"တကယ်တော့... တိုက်ဆိုင်သွားတာပါ..."

"အစပိုင်းတုန်းက ကိုယ်နဲ့ သူနဲ့ ဘာမှ မပတ်သက်ပါဘူး..."

"ဒါပေမဲ့ နဂါးနိုင်ငံ ကျန်း‌ကော (ကျန်းနန်) မှာတုန်းက... မင်းတို့ အင်ပါယာကနေ ထွက်ပြေးလာတဲ့ အမျိုးသမီး တစ်ယောက်ကို ကိုယ် ကယ်တင်ပေးခဲ့ဖူးတယ်..."

"အို... ဟုတ်လား..."

အန်းကျူပရင့်စ် စိတ်ဝင်စားသွားသည်။

"တို့ နေမဝင်အင်ပါယာကနေ နဂါးနိုင်ငံအထိ ထွက်ပြေးသွားတာ ဟုတ်လား... သူက ဘယ်သူမို့လို့လဲ..."

"သူကလည်း နေမဝင်အင်ပါယာ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့ဝင် တစ်ယောက်ပါပဲ... ပြီးတော့ အစ္စဘယ်လ်လာရဲ့ အချစ်ဆုံး သူငယ်ချင်းလေ..."

ယဲ့ဖန်သည် အစ္စဘယ်လ်လာနှင့် မည်သို့ ရင်းနှီးသွားရကြောင်း အကျဉ်းချုံး ရှင်းပြလိုက်၏။

အန်းကျူပရင့်စ်၏ အာရုံစိုက်မှုသည် ချက်ချင်း မြင့်တက်လာတော့၏။

"ဒါဆို မောင် ဆိုလိုတာက... နေမဝင်အင်ပါယာ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့အစည်းထဲမှာ သစ္စာဖောက် ရှိနေတယ် ဆိုတဲ့ သဘောလား..."

"တစ်ယောက်ယောက်က ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုနဲ့ ပူးပေါင်းပြီး... ဂျယ်ရီဘားရိုး မိသားစုရဲ့ ပြန့်ကျဲနေတဲ့ ရတနာတွေကို အတုအယောင်တွေနဲ့ လဲလှယ်ပြီး လိုက်သိမ်းပိုက်နေကြတာပေါ့လေ..."

"ကိုယ် ကယ်တင်ခဲ့တဲ့ အေးဂျင့်ရဲ့ ပြောပြချက်တွေနဲ့... ဒီကာလအတွင်း ကိုယ် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအရဆိုရင်... (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက် သေချာတယ်..."

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး၊ လေးနက်သော အကြည့်ဖြင့် ဆက်ပြောလိုက်၏။

"မင်းတို့ နေမဝင်အင်ပါယာရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲက ရေစီးကြောင်းက တော်တော်လေး နက်ရှိုင်းတယ်ကွ..."

"နာရေး အဖွဲ့အစည်း... သက်ရှိသိပ္ပံ သုတေသန အင်စတီကျု... မြို့စားကြီး မိသားစု... တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့... လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတချို့... ပြီးတော့ ရွှေရှာသူ အဖွဲ့အစည်းတွေ..."

"ဂျယ်ရီဘားရိုး မိသားစုရဲ့ ရတနာတွေကို လိုက်ရှာတဲ့ လုပ်ငန်းစဉ်မှာ... သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ သူတို့ကြားက မရေရာတဲ့ ဆက်နွယ်မှုတွေကို ကိုယ် ရိပ်ဖမ်းသံဖမ်း တွေ့နေရတယ်..."

"အန်းကျူ အရင်တုန်းက အတွေးတိမ်ခဲ့မိတာပဲ..."

အန်းကျူပရင့်စ် စကားဆွံ့အသွားရှာသည်။

သူမသည် ယဲ့ဖန်၏ ချစ်သူ ဖြစ်သလို၊ အန်းကျူ မြို့စားကြီး မိသားစု၏ သမီးတစ်ယောက် ဖြစ်သည့်အတွက်... ဤသတင်းအချက်အလက်များကို ရယူနိုင်မည့် နည်းလမ်းများ ရှိနေ၏။

သို့သော် လက်တွေ့တွင်မူ သူမ၏ အာရုံစိုက်မှု အားလုံးသည် ကောင်းမွန်သော အခြမ်းနှင့် သူမ၏ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်၌သာ ရှိနေခဲ့သည်။

အပြင်ပန်းတွင် အေးချမ်းလှပနေသော ဖော့ခ်စီးတီး၏ နောက်ကွယ်တွင် ဤမျှ ရှုပ်ထွေးသော တိုက်ပွဲများ ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မှတ်မထားခဲ့မိပေ။

"အဲ့ဒီ ထွက်ပြေးလာတဲ့ အေးဂျင့် အမျိုးသမီးကြောင့်ပဲ... ကိုယ်နဲ့ အစ္စဘယ်လ်လာ ဆက်သွယ်မိသွားတာပါ..."

ယဲ့ဖန်သည် အန်းကျူပရင့်စ်ကို ဤကိစ္စများထဲသို့ ဆွဲမသွင်းလိုသဖြင့်၊ ခေါင်းအသာညိတ်ပြလိုက်ပြီး သူနှင့် အစ္စဘယ်လ်လာတို့၏ ဇာတ်လမ်းကို ဆက်ပြောပြလိုက်၏။

"နောက်ပိုင်းကျတော့... ဂျယ်ရီဘားရိုး မိသားစုရဲ့ ရတနာတချို့ကို လိုက်စုံစမ်းရင်းနဲ့ ကိုယ်တို့ ထပ်တွေ့ဖြစ်ကြတယ်... ကိုယ် သူ့ကို အကြိမ် နည်းနည်း ကူညီပေးခဲ့ဖူးတယ်... အဲ့ဒီလိုနဲ့ တဖြည်းဖြည်း သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ..."

ထိုစကားကို ကြားသောအခါ အန်းကျူပရင့်စ်သည် ဂျယ်ရီဘားရိုး မိသားစု၏ ရတနာများအကြောင်း အသေးစိတ် ဆက်မမေးတော့ပေ။ ယဲ့ဖန် ပြောပြသည်ကို အဆုံးထိ နားထောင်ပြီးနောက်မှ... ပါးပါးလေး ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"အစ္စဘယ်လ်လာက... မောင့်ကို ချစ်နေမိပြီ ထင်တယ်…”

အခန်း (၁၈၇၇) - အန်းကျူပရင့်စ် စိတ်လှုပ်ရှားနေခြင်း

~"..."

ယဲ့ဖန်၏ မျက်နှာတွင် မေးခွန်းထုတ်သည့် အမူအရာများ ပြည့်နှက်သွားလေ၏။

"အန်းကျူ မနာလို ဖြစ်မိတယ်..."

အန်းကျူပရင့်စ်က ခါးသက်သက် လေသံဖြင့် ညည်းညူလိုက်၏။

"မောင် အန်းကျူကို ပြန်ပြီး အလျော်အစား မပေးရင်... အခု အန်းကျူ စိတ်နည်းနည်း လှုပ်ရှားလာတော့မှာနော်..."

"...."

ယဲ့ဖန် နားမလည်နိုင် ဖြစ်နေဆဲပင်။

သို့သော် အန်းကျူပရင့်စ်၏ လက်တစ်ဖက်ကမူ သူ့ပေါင်ပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းချင်း အပေါ်သို့ တိုးတက် ရွေ့လျားလာတော့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင်... ထိုလက်ကလေးသည် တားမြစ်နယ်မြေသို့ ရောက်ရှိလာခဲ့တော့၏။

"အန်းကျူလေး..."

"ကိုယ် ကားမောင်းနေတယ်လေ..."

ယဲ့ဖန် စိတ်ကို မနည်း ထိန်းချုပ်ကာ သတိပေးလိုက်ရသည်။

သို့သော် အန်းကျူပရင့်စ်သည် ဘယ်အချိန်ကတည်းက ဖြုတ်လိုက်မှန်းမသိသော ထိုင်ခုံခါးပတ်ကို လျှောချလိုက်ပြီး၊ ယဲ့ဖန်၏ နားနားသို့ ကပ်ကာ လေပူလေးများ မှုတ်ထုတ်လိုက်တော့၏။ သူမ၏ နှုတ်ခမ်းအစုံက ညှို့ဓာတ်ပြင်းပြင်းဖြင့်...

"အန်းကျူ အခုချက်ချင်း လျော်ကြေး လိုချင်တယ်..."

ပြောပြောဆိုဆိုနှင့် သူမ၏ ကျန်လက်တစ်ဖက်က ယဲ့ဖန်၏ ရင်ဘတ်ပေါ်သို့ ရောက်ရှိလာပြန်၏။

ထို့နောက် ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ယဲ့ဖန်၏ အင်္ကျီကြယ်သီးများကို တစ်လုံးချင်း ဖြုတ်ပစ်လိုက်လေ၏။

"အိမ်ရောက်တော့မှာပါကွာ..."

ယဲ့ဖန် ထပ်မံ သတိပေးရန် ပြင်လိုက်သော်လည်း၊ မထင်မှတ်ဘဲ အောက်ပိုင်းမှ ထူးဆန်းသော ခံစားမှုတစ်ခုကို ရရှိလိုက်လေသည်။

သူ မတတ်သာတော့ပေ။

စတီယာရင်ကို ရုတ်တရက် လှည့်လိုက်ပြီး လမ်းဘေးရှိ တောအုပ်ငယ်လေး ထဲသို့ ကားကို မောင်းဝင်လိုက်ရတော့၏။

ကားမရပ်တန့်မီမှာပင် အန်းကျူပရင့်စ်သည် သူ့အပေါ်သို့ ကျားရဲတစ်ကောင်အလား ခုန်အုပ်လိုက်လေ၏။

"မောင်..."

"အန်းကျူကို... အားကုန်သုံးပြီး ဆုံးမပေးပါ..."

ယဲ့ဖန်သည် တစ်ကိုယ်လုံး လှည့်လိုက်ပြီး အန်းကျူပရင့်စ်ကို ခရီးသည်ဘက်ခြမ်း ထိုင်ခုံပေါ်သို့ ဖိချလိုက်တော့၏။

"အို... ဘုရားရေ..."

အံ့အားသင့်သော အော်ဟစ်သံများနှင့်အတူ... သူမ၏ တန်ဖိုးကြီး ညနေခင်း ဂါဝန်သည် စုတ်ပြဲသွားရရှာသည်။ လရောင်အောက်တွင် ကားတစ်စီးလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားတော့၏။

တောအုပ်ထဲမှ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အသိုက်ဆောက်ထားသော ရှဉ့်နီလေး တစ်ကောင်သည် ထူးဆန်းသော အသံများကြောင့် သစ်ခေါင်းပေါက်ထဲမှ ခေါင်းပြူထွက်လာသည်။ သို့သော် မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများကို လက်ဖြင့် ကပျာကယာ အုပ်လိုက်ပြီး အထဲသို့ ပြန်ဝင်သွားတော့၏။

အချိန်အတော်ကြာပြီးနောက်...

တောအုပ်ငယ်လေးသည် ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားတော့၏။

အန်းကျူပရင့်စ်သည် ကြောင်လေး တစ်ကောင်အလား ယဲ့ဖန်၏ ရင်ခွင်ထဲတွင် မှီတွယ် လဲလျောင်းနေရှာသည်။ သူမ၏ လက်ချောင်းလေးများဖြင့် ယဲ့ဖန်၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံလေးများ ဆွဲနေရင်း ကျေနပ်အားရစွာ ပြောလိုက်လေသည်။

"မောင်က... တဖြည်းဖြည်းနဲ့ ပိုပိုပြီး စွမ်းလာပါရောလား..."

"ဒါကို ချီးကျူးစကားလို့ သတ်မှတ်လို့ ရမလား..."

ယဲ့ဖန် ပြုံးလိုက်၏။ သူ၏ ရင်ခွင်ထဲတွင် ချွေးများဖြင့် စိုရွှဲနေသော အန်းကျူပရင့်စ်ကို ငုံ့ကြည့်လိုက်ပြီး...

"အိမ်အရင် ပြန်ကြရအောင်... နောက်ကျရင် မင်းက သူရဲကောင်းမလေး လုပ်ရဦးမှာ..."

"မောင်က အရမ်း ဆိုးတာပဲ..."

အန်းကျူပရင့်စ် နှုတ်ခမ်းကို ကိုက်လိုက်၏။

ထိုအမူအရာလေးက ယဲ့ဖန်ကို နောက်တစ်ကြိမ် စိတ်မထိန်းနိုင်အောင် ဆွဲဆောင်နေပြန်၏။

သိပ်မကြာခင်မှာပင်...

ကားစက် ပြန်နှိုးသံ ထွက်ပေါ်လာ၏။

မကြာမီ သူတို့၏ နေအိမ်သို့ ပြန်ရောက်လာကြ၏။

အခန်းထဲသို့ ဝင်ပြီး တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက်... အားအင်များ ပြန်လည် ပြည့်ဖြိုးလာသော အန်းကျူပရင့်စ်သည် ယဲ့ဖန်ကို တံခါးဝရှိ ဖိနပ်စင်ပေါ်သို့ တွန်းလှဲလိုက်လေသည်။ သူမသည် ဘုရင်မတစ်ပါးကဲ့သို့ ယဲ့ဖန်၏ လည်စည်းကို ဆွဲယူလိုက်ပြီး...

...

နောက်တစ်နေ့ မနက်ခင်း...

ကောင်းကင်ကြီး စတင် လင်းလက်လာချိန်...၊

ဘေးနားမှ တစ်စုံတစ်ယောက် စောင်ကို မလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ယဲ့ဖန် နိုးလာခဲ့သည်။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ခရမ်းရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော အန်းကျူပရင့်စ်သည် စောင်အောက်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ယဲ့ဖန် နိုးလာသည်ကို မြင်သောအခါ သူမက အားနာစွာ ပြောလိုက်လေသည်။

"မောင်... ဆောရီးနော်... အန်းကျူ မောင့်ကို နှိုးလိုက်မိပြီ..."

"ရပါတယ်... ကိစ္စမရှိပါဘူး..."

ယဲ့ဖန် ခေါင်းခါလိုက်၏။

"တကယ်တော့ အန်းကျူ မောင်နဲ့အတူတူ ခဏလောက် ထပ်နေချင်ပါသေးတယ်... ဒါပေမဲ့ မောင် သိတဲ့အတိုင်းပဲ... အန်းကျူ ဆေးဘက်ဆိုင်ရာ အုပ်စုက အန်းကျူ့လက်ထဲ အခုမှ ရောက်လာတာဆိုတော့... လုပ်စရာတွေက အရမ်းများနေလို့ပါ..."

အန်းကျူပရင့်စ် မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်၏။

ပြောရင်းဆိုရင်း သူမ၏ မျက်နှာတွင် အားနာရိပ်များ ယှက်သန်းလာ၏။

သူမသည် ကိုယ်ကို ကိုင်းလိုက်ပြီး ယဲ့ဖန်ကို နမ်းရှိုက်လိုက်ကာ ကတိပေးလိုက်၏။

"မောင်... အန်းကျူ အလုပ်တွေ ပြီးရင် မောင့်ကို ကောင်းကောင်းကြီး ပြန်ပြုစုပေးမယ်နော်... ဟုတ်ပြီလား..."

"ကောင်းပြီလေ..."

ယဲ့ဖန် မခိုးမခန့် ပြုံးလိုက်၏။

"ယုန်မလေးလို ဝတ်ပေးကြေးနော်..."

"လူဆိုးကြီး..."

အန်းကျူပရင့်စ်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။

သူမ၏ ရှက်သွေးဖြာနေသော ပုံစံလေးကို ကြည့်ရင်း ယဲ့ဖန် စိတ်လှုပ်ရှားလာပြန်၏။ သို့သော် အန်းကျူပရင့်စ် တကယ် အလုပ်များနေသည်ကို ကိုယ်ချင်းစာမိသဖြင့် စိတ်အာရုံများကို ပြန်လည် ထိန်းချုပ်လိုက်ရ၏။

မကြာမီ အန်းကျူပရင့်စ် အဝတ်အစား လဲပြီးသွားတော့၏။

သူမသည် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်ကာ မှာကြားလိုက်၏။

"မောင်... နည်းနည်းလောက် ထပ်အိပ်လိုက်ဦးနော်... ပြီးတော့ မောင့်အတွက် မနက်စာ ပြင်ဆင်ပေးဖို့ လူတစ်ယောက် မှာခဲ့တယ်... မောင် အေးအေးဆေးဆေး စားလိုက်နော်..."

"အိုကေ..."

ယဲ့ဖန် လက်ပြလိုက်၏။

"တာ့တာ..."

အန်းကျူပရင့်စ် လျင်မြန်စွာ ထွက်ခွာသွားတော့၏။

အန်းကျူပရင့်စ် ထွက်သွားပြီးနောက် ယဲ့ဖန်လည်း အိပ်ရာမှ ထလိုက်လေသည်။ အဝတ်အစားများ ဝတ်ဆင်ပြီး၊ ကိုယ်လက်သန့်စင်ပြီးနောက် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ ထို့နောက် ဖူမာကျန်းဝူထံသို့ ဖုန်းဆက်လိုက်၏။

"သခင်..."

ဖုန်းက ချက်ချင်း ဝင်သွားသည်။

"ငါ့ဆီ လာခဲ့ပါ.."

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဖုန်းချလိုက်၏။ ထို့နောက် ထမင်းစားပွဲဆီသို့ လျှောက်သွားလိုက်၏။ စားပွဲပေါ်တွင် ခမ်းနားထည်ဝါသော နဂါးနိုင်ငံ စတိုင်လ် မနက်စာကို အသင့် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ဤမနက်စာကို မြင်သောအခါ အန်းကျူပရင့်စ်၏ ဂရုစိုက်တတ်ပုံကို ယဲ့ဖန် မချီးကျူးဘဲ မနေနိုင်တော့ပေ။

သူ တူနှင့် ပန်းကန်ကို ကောက်ကိုင်လိုက်၏။

သူ မနက်စာ စားပြီးရုံ ရှိသေးသည်။ ဖူမာကျန်းဝူ ရောက်ရှိလာလေ၏။

အခန်း (၁၈၇၈) - ဖူမာကျန်းဝူရဲ့ သတင်းစကား

"သခင်..."

ဖူမာကျန်းဝူသည် အပြာနှင့် အဖြူ ရောစပ်ထားသော ရေတပ်သား ဝတ်စုံလေးကို လဲလှယ် ဝတ်ဆင်ထားပြီး၊ ခြေအိတ်အဖြူရှည်၊ သားရေဖိနပ်လေးနှင့်အတူ ယဲ့ဖန်၏ ရှေ့မှောက်တွင် တမင်သက်သက် ကိုယ်ကို လှည့်ပတ်ပြလိုက်လေသည်။

သူမ၏ စကတ်လေးသည် လေထဲတွင် ဝဲပျံသွား၏။

"မဆိုးဘူးပဲ..."

ယဲ့ဖန်က ချီးကျူးလိုက်ပြီး ပြုံးလျက် မေးလိုက်လေသည်။

"မနေ့ညက စုံစမ်းခိုင်းတာ ဘယ်လိုလဲ... 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' (Graff Diamonds Hallucination Watch) ကို ရှာတွေ့ခဲ့ပြီလား..."

"သခင်... ဖူမာ တောင်းပန်ပါတယ်..."

"သခင် ပေးလိုက်တဲ့ လိပ်စာအတိုင်း မနေ့ညက သွားခဲ့ပါတယ်..."

ဖူမာကျန်းဝူသည် ရှက်ရွံ့အားနာနေသော မျက်နှာထားဖြင့် ပြောလိုက်ရှာသည်။

"ဒါပေမဲ့... အဲ့ဒီနာရီကို မတွေ့ခဲ့ရပါဘူး... ဖူမာ့ကို အပြစ်ပေးပါ သခင်..."

"ဘာဖြစ်ခဲ့လို့လဲ..."

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်မိသည်။

ဖူမာကျန်းဝူသည် ခါးကို မတ်လိုက်ပြီး ပို၍ အားနာသော ပုံစံဖြင့် ရှင်းပြလေသည်။

"ပေးလိုက်တဲ့ လိပ်စာအတိုင်း သွားကြည့်တော့... နောက်ဆုံး လိပ်စာက ဖော့ခ်စီးတီး မြို့လယ်က 'ကိုဟင် လေလံအိမ်' (Cohen Auction House) ကို ညွှန်ပြနေပါတယ်..."

"ကိုဟင် လေလံအိမ် ဟုတ်လား..."

ထိုစကားကို ကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားရ၏။

"ဟုတ်ပါတယ်..."

ဖူမာကျန်းဝူ ခေါင်းညိတ် အတည်ပြုလိုက်ပြီး ဆက်ပြောလိုက်၏။

"သန်းခေါင်ကျော် အချိန်လောက်မှာ လေလံအိမ်ထဲကို ဖူမာ ခိုးဝင်ခဲ့ပါတယ်... ကံဆိုးတာက တိကျတဲ့ လိပ်စာက လေလံအိမ်ရဲ့ မီးခံသေတ္တာတိုက်ခန်းကို ညွှန်ပြနေတာပါ..."

"မီးခံသေတ္တာရဲ့ လုံခြုံရေးက အရမ်း တင်းကျပ်လွန်းပါတယ်... လုံခြုံရေးတွေကို အသိမပေးမိဘဲ ဝင်ရောက်ဖို့ ယုံကြည်ချက် မရှိတာနဲ့... စွန့်စားပြီး မဖွင့်တော့ဘဲ ပြန်လှည့်လာခဲ့ရတာပါ..."

"မင်း လုပ်တာ မှန်ပါတယ်..."

ယဲ့ဖန် ခေါင်းညိတ် ထောက်ခံလိုက်၏။

ကိုဟင် လေလံအိမ်သည် နေမဝင်အင်ပါယာတွင် အကြီးဆုံး လေလံအိမ် ဖြစ်သည်။ ၎င်း၏ မီးခံတိုက်ခန်း လုံခြုံရေးသည် နေမဝင်အင်ပါယာ ဗဟိုဘဏ်၏ လုံခြုံရေးနှင့် မတိမ်းမယိမ်း ရှိပေလိမ့်မည်။ ဖူမာကျန်းဝူ အနေဖြင့် သတိထား ဆုံးဖြတ်ခဲ့ခြင်းက မှန်ကန်ပေသည်။

"ကျေးဇူးတင်ပါတယ် သခင်..."

ချီးကျူးစကား ကြားရသဖြင့် ဖူမာကျန်းဝူ စိတ်သက်သာရာ ရသွားပြီး ပြုံးကာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ သခင်... လက်ဗလာနဲ့ ပြန်လာခဲ့တာတော့ မဟုတ်ပါဘူး... သတင်းတစ်ခု ကြားခဲ့ရတယ်... သခင်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်..."

"ဘာသတင်းလဲ..."

ယဲ့ဖန် စိတ်ဝင်တစား မေးလိုက်၏။

"ဖူမာ ခိုးဝင်သွားတုန်းက ကိုဟင် လေလံအိမ်က ဝန်ထမ်းတွေ ပြောနေကြတာကို ကြားခဲ့ရတာပါ... သူတို့ ပြောပုံအရဆိုရင် မီးခံသေတ္တာထဲက ပစ္စည်းတွေကို ဒီည လေလံတင် ရောင်းချတော့မှာတဲ့..."

"ပြီးတော့ ဒီည လေလံပွဲက အရမ်း အဆင့်မြင့်တယ်လို့ ပြောကြတယ်..."

"ဧည့်သည်တွေက ဖော့ခ်စီးတီးက အထက်တန်းလွှာတွေ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေက သူဌေးကြီးတွေပဲ လာကြမှာတဲ့... ပြီးတော့ ဒီတစ်ခေါက် ပစ္စည်းတွေက အရမ်း ထူးခြားတယ်လို့လည်း ပြောနေကြတယ်..."

"လေလံပွဲ..."

ယဲ့ဖန် အတွေးနက်သွားလေသည်။

ယုတ္တိသဘောအရ ပြောရလျှင် ဤကဲ့သို့ နာရီမျိုးကို လေလံတင်မည် ဆိုပါက မှောင်ခိုဈေးကွက် တစ်ခုလုံးတွင် သတင်းပျံ့နှံ့နေသင့်ပေသည်။

သို့သော် ယခုမူ ပြင်ပလောကတွင် မည်သည့် သတင်းအစအနမှ မကြားရချေ။

အလွန် ကျယ်ပြန့်သော သတင်းကွန်ရက် ရှိသည့် ဒေသခံများပင်လျှင် မကြားမိကြပေ။

ဆိုလိုသည်မှာ ဤနာရီသည် လေလံပစ္စည်း စာရင်းထဲတွင် ပါဝင်မနေခြင်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် ပို၍ တိတိကျကျ ပြောရလျှင်... ကိုဟင် လေလံအိမ် ကိုယ်တိုင်ကပင် ဤနာရီ ရှိနေမှန်း မသိရှိကြခြင်း ဖြစ်တန်ရာ၏။

"ရုပ်ဖျက်ထားတာများလား..."

ယဲ့ဖန်၏ စိတ်ထဲတွင် နဂါးနိုင်ငံ ရှေးခေတ်လူများ တန်ဖိုးရှိ ပစ္စည်းများကို ကာကွယ်ရန် အသုံးပြုလေ့ရှိသော နည်းလမ်းတစ်ခုကို ရိပ်ခနဲ သတိရလိုက်မိသည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင်... ဒီည လေလံပွဲကို သူ မဖြစ်မနေ တက်ရောက်မှ ရပေတော့မည်။

သို့မဟုတ်ပါက ရတနာသည် အခြားသူ၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။

ဒါကို တွေးမိလိုက်ပြီးနောက်...

ယဲ့ဖန်သည် ဖုန်းကို ထုတ်လိုက်ပြီး အန်းကျူပရင့်စ်ထံသို့ ခေါ်ဆိုလိုက်လေသည်။

"ဘာဖြစ်လို့လဲ မောင်..."

ဖုန်းဝင်သွားသည်နှင့် တပြိုင်နက် အန်းကျူပရင့်စ်၏ ပျင်းရိလေးတွဲ့သော အသံလေး ထွက်ပေါ်လာသည်။

ယဲ့ဖန်က လိုရင်းကိုသာ ပြောလိုက်၏။

"ကိုယ် မင်းနဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စတစ်ခု ရှိလို့..."

"စီးပွားရေး ကိစ္စလား..."

"ဒီည ဖော့ခ်စီးတီးက ကိုဟင် လေလံအိမ်မှာ လေလံပွဲတစ်ခု ရှိတယ်... အဆင့်မြင့် လေလံပွဲလို့ ကြားတယ်... အဲ့ဒါ ကိုယ့်အတွက် ဖိတ်စာတစ်စောင်လောက် ကူညီပြီး ရယူပေးပါလား..."

"ပြဿနာ မရှိပါဘူး..."

အန်းကျူပရင့်စ်က ချက်ချင်း ပြန်ဖြေလိုက်၏။

"အန်းကျူတို့ မိသားစုနဲ့ ကိုဟင် လေလံအိမ် ပိုင်ရှင်နဲ့က ဆက်ဆံရေး အရမ်းကောင်းတယ်လေ... ဖိတ်စာ ရဖို့ဆိုတာ ဖုန်းတစ်ချက် ဆက်လိုက်ရုံပါပဲ... ဖုန်းမချနဲ့ဦးနော်... အန်းကျူ ဖုန်းဆက်လိုက်ဦးမယ်..."

ပြောပြောဆိုဆိုနှင့် တစ်ဖက်မှ အသံ တိတ်ဆိတ်သွားလေသည်။

သိပ်မကြာခင်မှာပင်...

"ရပြီ မောင်ရေ... မောင့်ဆီကို ဖိတ်စာ လာပို့ပေးဖို့ လူလွှတ်လိုက်ပြီ..."

အန်းကျူပရင့်စ်၏ အသံ ပြန်လည် ထွက်ပေါ်လာ၏။

သူမက ဆက်လက်၍ ရယ်မောကာ ပြောလိုက်၏။

"ဒီဖိတ်စာနဲ့ဆိုရင် လေလံပွဲကို အဖော် (၂) ယောက် ခေါ်သွားလို့ ရတယ်နော်... အန်းကျူ အလုပ်ရှုပ်နေလို့... တခြား လိုအပ်တာ ရှိရင် ဖုန်းဆက်လိုက်ဦး..."

"တာ့တာ..."

ယဲ့ဖန် ဖုန်းချလိုက်၏။

ဖုန်းချပြီးနောက် ယဲ့ဖန်သည် ဖူမာကျန်းဝူကို ကြည့်ကာ အမိန့်ပေးလိုက်လေ၏။

"အဝတ်အစား သွားလဲချေ... ဒီည ကိုဟင် လေလံအိမ်က လေလံပွဲကို ကိုယ်နဲ့အတူ လိုက်ခဲ့ရမယ်..."

"ဟုတ်ကဲ့ပါ..."

ဖူမာကျန်းဝူ ခေါင်းညိတ်လိုက်ပြီး ပြင်ဆင်ရန် ချက်ချင်း ထွက်ခွာသွားတော့၏။

All Chapters