← Chapters

အခန်း (၁၈၇၉-၁၈၈၂)

Vol. 100 Ch. 1879-1882

အခန်း (၁၈၇၉-၁၈၈၂)

Vol. 100 Ch. 1879-1882

အခန်း (၁၈၇၉) - ကိုယ် ဘယ်လောက် စွမ်းသလဲဆိုတာ မင်း မသိဘူးလား

~ည ၇ နာရီ...

ဖော့ခ်စီးတီး...

ညဦးယံ၏ အမှောင်ထု လွှမ်းမိုးလာသည်နှင့်အမျှ၊ မြို့လယ်ခေါင်ရှိ ဝီလျံရဲတိုက်ကြီးသည် ရောင်စုံ နီယွန်မီးရောင်များအောက်တွင် တောက်ပစွာ လင်းလက်နေလေသည်။

ဤရဲတိုက်ကြီးသည် နေမဝင်အင်ပါယာ၏ ရှေးအကျဆုံး ရဲတိုက်ကြီးများအနက် တစ်ခုဖြစ်ပြီး၊ ၎င်း၏ သမိုင်းကြောင်းကို ဝီလျံ (၁) ခေတ်အထိ ပြန်လည် ခြေရာခံနိုင်သည်။

ယနေ့ည ကိုဟင် လေလံပွဲကို ဤနေရာတွင် ကျင်းပခြင်း ဖြစ်သည်။

အချိန်စောနေသေးသော်လည်း ရဲတိုက်ဝင်းအတွင်း၌ တန်ဖိုးကြီး ဇိမ်ခံကားများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ဖော့ခ်စီးတီး၏ မြို့စားများ၊ နာမည်ကျော် ဆယ်လီများသည် ရဲတိုက်အဝင်ဝတွင် စုဝေးကာ စကားစမြည် ပြောဆိုနေကြ၏။ ထိုအထဲတွင် သတင်းကောင်း ရယူလိုသော နေမဝင်အင်ပါယာမှ သတင်းထောက်များလည်း ပါဝင်နေ၏။

သူတို့ စကားပြောနေကြစဉ်မှာပင်... အနက်ရောင် ရိုးလ်ရွိုက်စ် ဖန်တွန် ကားတစ်စီးသည် အဝေးမှ မောင်းနှင်လာလေသည်။

ထိုကားကို မြင်လိုက်ရသောအခါ...

အထူးသဖြင့် ကားပေါ်တွင် တပ်ဆင်ထားသော အန်းကျူ မိသားစု၏ အမှတ်တံဆိပ်နှင့် ကားနံပါတ်ပြားကို မြင်လိုက်ရသောအခါ၊ ရဲတိုက်ရှေ့တွင် စုဝေးနေကြသော ဆယ်လီများ၊ သူဌေးကြီးများနှင့် သတင်းထောက်များ အားလုံး၏ အကြည့်များသည် ထိုကားဆီသို့ တညီတညွတ်တည်း ရောက်ရှိသွားကြတော့၏။

"ဟိုက်..."

"AJ00001... ဒါ အန်းကျူ မိသားစုရဲ့ ကား မဟုတ်လား..."

"ရိုးလ်ရွိုက်စ် ဖန်တွန်... ဒီတစ်ခေါက် လေလံပွဲကို အန်းကျူ မိသားစုက ပါဝင်မှာလား... ဘယ်သူ လာတာလဲ... မစ္စစ်အန်းကျူပရင့်စ်များလား..."

"ဖြစ်နိုင်တယ်..."

အားလုံးက ခန့်မှန်း ပြောဆိုနေကြစဉ်မှာပင်... ရိုးလ်ရွိုက်စ် ဖန်တွန် ကားကြီးသည် ရဲတိုက်အဝင်ဝတွင် ငြင်သာစွာ ရပ်တန့်သွားလေသည်။ ထို့နောက် ကားနောက်ခန်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆင်းသက်လာကြ၏။

ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ ရှိနေသမျှ ဆယ်လီများ ခေတ္တမျှ ကြောင်အမ်းသွားကြပြီး၊ ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားကာ လှိုက်လှဲစွာ နှုတ်ဆက်ကြတော့၏။

"ဒါ... မစ္စစ်အန်းကျူပရင့်စ်ရဲ့ ချစ်သူ... ဒဏ္ဍာရီလာ မစ္စတာယဲ့ဖန် ပဲ ဖြစ်ရမယ်..."

"မင်္ဂလာ ညချမ်းပါ မစ္စတာယဲ့..."

"လူကြီးမင်းအကြောင်း သတင်းကြားရတာ များပါပြီဗျာ..."

ထိုစုံတွဲမှာ ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ပင် ဖြစ်ချေသည်။

လူတိုင်း၏ နှုတ်ဆက်စကားများကို ယဲ့ဖန်က ခေါင်းအသာညိတ်ရုံမျှသာ တုံ့ပြန်လိုက်၏။ စကားတစ်ခွန်းမျှ ပြန်မပြောပေ။ ထိုအချိန်တွင် ရှိနေသူများ အားလုံး တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိထားမိလိုက်ကြ၏။

ယဲ့ဖန်၏ ဘေးနားမှ အမျိုးသမီးသည် နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားလေသည်။ မျက်နှာကို သေချာ မမြင်ရသော်လည်း၊ သူမသည် မစ္စစ်အန်းကျူပရင့်စ် မဟုတ်ကြောင်း အားလုံး သိကြပေသည်။

ယဲ့ဖန်သည် ဤအမျိုးသမီး၏ မျက်နှာကို မည်သူ့ကိုမျှ အသိပေးလိုခြင်း မရှိပေ။

ထိုအချက်ကို ရိပ်မိလိုက်သောအခါ သတင်းထောက်များသည် ရှေ့ဆက်မတိုးတော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။ သူတို့သည် တိတ်ဆိတ်စွာပင် လှည့်ထွက်သွားကြပြီး ဖူမာကျန်းဝူ၏ တည်ရှိမှုကို လျစ်လျူရှုလိုက်ကြတော့၏။

ယဲ့ဖန် ရဲတိုက်ထဲသို့ ဝင်ရောက်သွားလေသည်။

"ဘာဖြစ်တာလဲ... မစ္စတာယဲ့ကို ဆက်ပြီး မနှုတ်ဆက်ကြတော့ဘူးလား..."

ဆယ်လီလောကသို့ အသစ်ရောက်ရှိလာသူ တစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ဘေးနားမှ ဝါရင့် ဆယ်လီတစ်ဦးကို နားမလည်နိုင်စွာ မေးလိုက်၏။

လူတိုင်းက သူ့ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ကြ၏။

လူသစ်လေးမှာ ပို၍ပင် မျက်စိလည်သွားရှာ၏။ သူက ဆက်မေးလိုက်၏။

"ခုနက ခင်ဗျားတို့ အရမ်း စိတ်လှုပ်ရှားနေကြတယ် မဟုတ်လား... မစ္စတာယဲ့နဲ့ ရင်းနှီးအောင် မကြိုးစားကြတော့ဘူးလား... သူ ကားပေါ်က ဆင်းလာတော့မှ ဘာလို့ အကုန်လုံး ရပ်တန့်သွားကြတာလဲ..."

"မင်းက တကယ့် လူသစ်ပဲ..."

ဝါရင့် ဆယ်လီက သူ့ကို တရစပ် ကြည့်ပြီး ခေါင်းခါလိုက်၏။

"မင်း ငါတို့ အသိုင်းအဝိုင်းထဲကို ဘယ်လို ရောက်လာတာလဲ... ဘာမှ မမြင်ဘူးလား..."

"နည်းနည်းလောက် လေ့လာမှတ်သားစမ်းပါ..."

"မစ္စတာယဲ့ရဲ့ အဖော် အမျိုးသမီးက နေကာမျက်မှန်နဲ့ နှာခေါင်းစည်း တပ်ထားတယ်လေ... သူက သူ့ရဲ့ ကိုယ်ကို ဖုံးကွယ်ထားချင်လို့ပေါ့... ဒီလို အခြေအနေမျိုးမှာတောင် မင်းက သူတို့နဲ့ သွားရင်းနှီးချင်သေးတယ်လား... မစ္စတာယဲ့ကို ဒုက္ခပေးချင်တာလား... ဒါမှမဟုတ် မင်းကိုယ်မင်း ဒုက္ခရှာချင်နေတာလား..."

"..."

"ခုနက အခြေအနေမျိုးမှာဆိုရင်..."

"ခပ်ခွာခွာ နေပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တာက မစ္စတာယဲ့ကို အလေးစားဆုံး ပြုမူလိုက်တာပဲ... မှတ်ထား... ဒီလောကမှာ စပ်စုလွန်းရင် အသက်တိုတတ်တယ်..."

"နားမလည်ရင် ဟို သတင်းထောက်တွေကို ကြည့်ပြီး အတုယူ..."

"..."

လူသစ်လေး သဘောပေါက်သွားပုံ ရသည်။

သို့သော် သူ့ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။ ယဲ့ဖန် ဝင်သွားပြီးနောက် ရဲတိုက်အဝင်ဝတွင် စကားပြောနေကြသော ဆယ်လီများသည်လည်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် ရဲတိုက်ထဲသို့ ဝင်ရောက်သွားကြတော့၏။

...

ယဲ့ဖန်၏ ဘေးနားတွင်... ဖူမာကျန်းဝူသည် ဒုတိယထပ်ရှိ VIP အခန်းသို့ တိတ်ဆိတ်စွာ လိုက်ပါသွားလေသည်။

အခန်းထဲသို့ ရောက်သောအခါမှ သူမသည် မျက်နှာအား ဖုံးကွယ်ထားသော နှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို ဖယ်ရှားလိုက်၏။

မနေ့ညက သူမသည် ကိုဟင် လေလံအိမ်သို့ အကြိမ်ကြိမ် လာရောက်ခဲ့ဖူးသည်။ ထို့ကြောင့် လူမိမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

အကာအကွယ်များကို ဖယ်ရှားပြီးနောက် ဖူမာကျန်းဝူသည် ယဲ့ဖန်ကို အားကျလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"သခင်..."

"အဲ့ဒီလူတွေက သခင်ကို တော်တော်လေး လေးစားကြတဲ့ပုံပဲနော်..."

ယဲ့ဖန် ပြုံးလိုက်၏။

"ငါ့ကို လေးစားတာက သဘာဝကျပါတယ်... ဘာပဲဖြစ်ဖြစ်... ငါ့မှာ ဘယ်လောက်တောင် စွမ်းရည်ရှိလဲ ဆိုတာကို မင်း မသိဘူးလား..."

"အရမ်း စွမ်းပါတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ဖူမာကျန်းဝူ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။

စကားပြောနေရင်း သူမသည် ယဲ့ဖန်၏ အကြည့်များ ပိုမို ပူလောင်ပြင်းပြလာသည်ကို သတိထားမိလိုက်၏။ ယဲ့ဖန် ဘာတွေးနေသည်ကို သူမ ရိပ်မိလိုက်သဖြင့် ကပျာကယာ စကားလမ်းကြောင်း လွှဲလိုက်လေ၏။

"သခင်... ရေငတ်နေပြီလား... ဖူမာ လက်ဖက်ရည် ငှဲ့ပေးမယ်နော်..."

"ငါ ရေမငတ်ပါဘူး..."

ယဲ့ဖန်သည် ဖူမာကျန်းဝူ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး မခိုးမခန့် ပြုံးလိုက်၏။

"ငါ ဗိုက်ဆာနေတာ…”

အခန်း (၁၈၈၀) - လှဲလိုက်

~"သခင်..."

ဖူမာကျန်းဝူ၏ မျက်နှာလေးမှာ နီရဲနေလျက် ယဲ့ဖန်၏ လက်မောင်းကို အလိုအလျောက် ဖက်တွယ်လိုက်မိသည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်ရှာ၏။

"ဒါက ဒုတိယထပ်ကြီးလေ... မျက်နှာချင်းဆိုင် အထပ်ကလူတွေ ပြတင်းပေါက်ကနေ လှမ်းမြင်ကုန်ပါဦးမယ်..."

"မကြောက်ပါနဲ့..."

ယဲ့ဖန်က လုံးဝ ဂရုမစိုက်ပေ။ ပြုံးလျက် နှစ်သိမ့်လိုက်၏။

"ဒါ ကိုဟင် လေလံအိမ်ရဲ့ VIP အခန်းလေ... ဒီလောက် ကိစ္စလေးကို သူတို့ ထည့်မစဉ်းစားဘဲ နေပါ့မလား... စိတ်မပူနဲ့... ဒီပြတင်းပေါက် မှန်တွေက တစ်ဖက်မြင်မှန်တွေပါ... အပြင်ကလူတွေ အထဲကို မမြင်ရပါဘူး..."

"ပြီးတော့... VIP အခန်းကို ဝင်ခွင့်ရတဲ့သူတွေက ဖော့ခ်စီးတီးရဲ့ အထက်တန်းလွှာတွေချည်းပဲ..."

"အမိန့်မရဘဲနဲ့ ဘယ်သူမှ ဇွတ်ဝင်လာရဲမှာ မဟုတ်ဘူး... စိတ်ချ..."

“ဒေါက်... ဒေါက်... ဒေါက်…”

ယဲ့ဖန်၏လက်က သူမ၏ ပခုံးပေါ်သို့ ရောက်ရှိသွားရုံသာ ရှိသေးသည်၊ စည်းချက်ကျသော တံခါးခေါက်သံ ထွက်ပေါ်လာလေ၏။

ယဲ့ဖန် မတတ်သာတော့ဘဲ ဖူမာကျန်းဝူကို လွှတ်ပေးလိုက်ရသည်။ မျက်မှောင်ကြုတ်လျက်...

"ဝင်ခဲ့ပါ..."

တံခါးပွင့်သွားပြီးနောက် Tuxedoကို သေသပ်စွာ ဝတ်ဆင်ထားသော အာဂျိုင်းဟန်ဆန် ဝင်ရောက်လာလေသည်။

"ယဲ့ဖန်..."

ယဲ့ဖန်ကို မြင်လိုက်ရသောအခါ အာဂျိုင်းဟန်ဆန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် ယဲ့ဖန်၏ ပခုံးကို ရင်းရင်းနှီးနှီး ပုတ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်လေ၏။

"မင်း ရောက်နေတယ်လို့ ကြားတာနဲ့... အောက်ဆင်းပြီး လာကြိုမလို့ လုပ်နေတာ... အခန်းထဲတောင် ရောက်နေပြီလို့ ထင်မထားဘူး..."

ယဲ့ဖန် အနည်းငယ် အံ့အားသင့်သွားသည်။

ဖူမာကျန်းဝူကမူ ကြောင်အမ်းနေရှာ၏။

'ဘာတွေ ဖြစ်ကုန်တာလဲ...'

'ငါ တွေးထားတာနဲ့ ဘာလို့ တခြားစီ ဖြစ်နေရတာလဲ...'

ယခင် ရရှိထားသော သတင်းအချက်အလက်များအရ ဆိုလျှင် အာဂျိုင်းဟန်ဆန်သည် အန်းကျူပရင့်စ်ကို သဘောကျနေသူ ဖြစ်သဖြင့် သူမ၏ သခင်နှင့် ဆက်ဆံရေး မကောင်းလှဟု သိထားသည်။

သို့သော် ယခု အာဂျိုင်းဟန်ဆန်က ဘာကြောင့် သခင်အပေါ် ဤမျှ ကြင်နာနေရသနည်း။ ထို့အပြင် အလွန် စိတ်အားထက်သန်နေသေးသည်။ ရန်သူဟု ခေါ်ရမည့်အစား မိတ်ဆွေရင်းချာ တစ်ယောက်လို ဖြစ်နေ၏။

ပြောရလျှင် အရမ်း ခင်မင်ရင်းနှီးသော သူငယ်ချင်းတွေလိုပင်။

"ဟန်ဆန်..."

ယဲ့ဖန်လည်း အံ့ဩသွားမိသည်။

ယုတ္တိသဘောအရ ပြောရလျှင် ဤလေလံပွဲအဆင့်အတန်းက မြင့်မားသည် ဆိုသော်လည်း၊ လက်တွေ့တွင် လေလံတင်မည့် ပစ္စည်းများသည် ဖော့ခ်စီးတီး၏ တတိယ သခင်လေး အာဂျိုင်းဟန်ဆန် ကိုယ်တိုင် လာရောက်ရလောက်အောင် တန်ဖိုးမရှိလှပေ။

အာဂျိုင်းဟန်ဆန်က ရယ်မောပြီး ရှင်းပြလိုက်၏။

"ဒီည ပျင်းနေတာနဲ့ကွာ... ကိုဟင် လေလံအိမ်က ဖိတ်စာ ရောက်နေတာ တွေ့လို့ ဝင်ကြည့်လိုက်တာ..."

"ဒီည လေလံပွဲက ပျင်းစရာ ကောင်းမယ် ထင်နေတာ..."

"ဒါပေမဲ့ အခုတော့..."

အာဂျိုင်းဟန်ဆန်က ယဲ့ဖန်ကို ကြည့်ကာ ဆက်ပြောလိုက်၏။

"မင်း ရှိနေမှတော့... ဒီည လေလံပွဲက ကြည့်လို့ကောင်းမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာတော့မှာ သေချာတယ်..."

"မင်းက တကယ်ပဲ ပွဲကြည့်ချင်နေတာလား..."

ယဲ့ဖန်က မခိုးမခန့် အပြုံးဖြင့် ပြန်ကြည့်လိုက်၏။

"ပွဲကောင်း ရှိလို့လား..."

အာဂျိုင်းဟန်ဆန် အံ့အားသင့်သွားသည်။

သူက ဝုဖ်ဂန်း ပြောဖူးသော စကားကို ယူသုံးပြီး ယဲ့ဖန်ကို စနောက်လိုက်ခြင်းသာ ဖြစ်သည်။ ယဲ့ဖန်က တကယ်ပဲ ပြဿနာ လာရှာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေ၏။

"ဒါပေမဲ့... နောက်ကျရင် မင်း ငါ့ကို ကူညီဖို့ လိုကောင်း လိုလိမ့်မယ်..."

"ဒါပေါ့... ပြောစရာ လိုသေးလို့လား..."

အာဂျိုင်းဟန်ဆန် စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်၏။

ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ...

သူသည် ဖူမာကျန်းဝူကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ လူမှုရေး နားလည်သူ ပီပီ အလိုက်တသိဖြင့် နှုတ်ဆက်ကာ ထွက်ခွာပေးလိုက်တော့၏။

အာဂျိုင်းဟန်ဆန် ထွက်သွားပြီးနောက်၊ ယဲ့ဖန်၏ အကြည့်များသည် သပ်ရပ်စွာ ဝတ်ဆင်ထားသော ဖူမာကျန်းဝူထံသို့ ရောက်ရှိသွားလေသည်။ သူမ၏ လှပသော ညနေခင်း ဝတ်စုံလေးကို ကြည့်ရင်း...

ယဲ့ဖန် ပြုံးလိုက်၏။

"အဲ့ဒီ စားပွဲပေါ်မှာ လှဲလိုက်..."

...

အချိန်အတော်ကြာပြီးနောက်...

ယဲ့ဖန်သည် ဆိုဖာပေါ်တွင် စိတ်ကျေနပ်အားရစွာဖြင့် ပြန်ထိုင်လိုက်လေသည်။

"အဝတ်အစားတွေ ဝတ်လိုက်တော့... လေလံပွဲ စတော့မယ်..."

"ဟုတ်ကဲ့ပါ သခင်..."

ဖူမာကျန်းဝူ လိမ္မာစွာဖြင့် အဝတ်အစားများကို ပြန်လည် ဝတ်ဆင်လိုက်၏။

အဝတ်အစား ဝတ်ပြီးနောက် ဖူမာကျန်းဝူ မတ်တပ်ရပ်လိုက်ပြီး လိုက်ကာကို ဖွင့်လိုက်၏။ လိုက်ကာ မရှိတော့သဖြင့် ပထမထပ်ရှိ လေလံခန်းမကြီးကို မှန်သားပြင်မှတဆင့် လှမ်းမြင်နေရသည်။

ရုတ်တရက် ဖူမာကျန်းဝူ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာဖြစ်လို့လဲ..."

ယဲ့ဖန် လျှောက်လာခဲ့သည်။ ဖူမာကျန်းဝူ ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ လေလံခန်းမထဲသို့ ဝင်ရောက်လာသော အဆီပြန်နေသည့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးကို တွေ့လိုက်ရ၏။

"မင်း သူ့ကို သိလား..."

ဖူမာကျန်းဝူ ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"မနေ့က လာစုံစမ်းတုန်းက ဒီလူနဲ့ တွေ့ခဲ့တာပါ... သူက ဖူမာ့ကို မြင်ပြီးကတည်းက တောက်လျှောက် နှောင့်ယှက်နေတာ... မယားငယ် အဖြစ် ထားချင်တယ် ဘာညာနဲ့လေ... အရမ်း ရွံဖို့ကောင်းတယ်..."

"ဘာ..."

ယဲ့ဖန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"သူ့နာမည် ဘယ်သူလဲ... ခဏနေကျရင် မင်းအတွက် ငါ အာဃာတ ဖြေပေးမယ်..."

ဖူမာကျန်းဝူ စိတ်လှုပ်ရှား ဝမ်းသာသွားရှာသည်။

"မနေ့က သူပြောတာတော့ သူ့နာမည်က 'ဂျွန်လီ'တဲ့... ဖော့ခ်စီးတီးက 'ဟွေရုံ ကုန်သွယ်ရေး အုပ်စု' ရဲ့ ပိုင်ရှင် ဆိုလားပဲ…”

အခန်း (၁၈၈၁) - ငါ့လူကိုမှ လာပြီး မရိုးမသား ကြံစည်ရဲတယ်ပေါ့

~"ဟွန့်..."

ယဲ့ဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဟွေရုံ ကုန်သွယ်ရေး အုပ်စုဆိုတာ ဘယ်သူ ဂရုစိုက်လို့လဲ... သူဌေးဆိုတာ ဘာအရေးလုပ်ရမှာလဲ... ငါ့လူကိုမှ လာပြီး မရိုးမသား ကြံစည်ရဲတဲ့အတွက်... သူ ပြန်ပေးဆပ်စေရမယ်..."

"သခင်..."

ဖူမာကျန်းဝူ၏ မျက်ဝန်းအိမ်များ နီရဲလာရရှာသည်။

ပထမထပ်တွင်တော့ ဂျွန်လီ ဆိုသောသူသည် မိမိထံသို့ ကံဆိုးမိုးမှောင် ကျရောက်လာတော့မည်ကို အနည်းငယ်မျှပင် ရိပ်စားမိခြင်း မရှိပေ။

ထိုအချိန်တွင် သူသည် လေလံခန်းမထဲမှ ဖော့ခ်စီးတီး၏ နာမည်ကျော် ဆယ်လီများကို မိတ်ဆွေဟောင်းများပမာ လိုက်လံ နှုတ်ဆက်နေလေသည်။ လူအများစုက သူ့ကို မသိကြသော်လည်း၊ အခြေခံ ယဉ်ကျေးမှုအရ တတ်နိုင်သမျှ ပြန်လည် တုံ့ပြန်နေကြ၏။

ထို့ကြောင့် ဂျွန်လီ၏ မျက်နှာထက်မှ အပြုံးပန်းများသည် ပို၍ လန်းဆန်းတောက်ပလာတော့၏။

သူသည် ပြုံးရွှင်သော မျက်နှာထားဖြင့် လေလံခန်းမ၏ ရှေ့ဆုံးတန်းဆီသို့ အေးအေးလူလူ လျှောက်သွားလိုက်၏။ ထို့နောက် မိမိ၏ ထိုင်ခုံနံပါတ်ကို မေ့လျော့သွားသယောင် ဟန်ဆောင်ကာ၊ အင်္ကျီအိတ်ကပ်ထဲမှ ဖိတ်စာကို ဖြည်းဖြည်းချင်း ထုတ်ယူကြည့်လိုက်လေ၏။

ခေတ္တမျှ ကြည့်ရှုပြီးနောက်...

ဂျွန်လီသည် ပထမတန်းရှိ (၅) ခုမြောက် ထိုင်ခုံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော မျက်လုံးများက ဂျွန်လီထံသို့ ရောက်ရှိလာကြတော့၏။

ဂျွန်လီက (၅) ခုမြောက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်ကို မြင်သောအခါ... သူ့နောက်တွင် ထိုင်နေကြသော ဖော့ခ်စီးတီး၏ သူဌေးကြီးများနှင့် နာမည်ကျော်ကြားသူများ သာမက၊ ဒုတိယထပ်မှ ငုံ့ကြည့်နေသော ယဲ့ဖန်ပင်လျှင် အံ့အားသင့်သွားရလေသည်။

ပထမတန်း ဆိုသည်မှာ... လူတိုင်း ထိုင်ခွင့်ရသည့် နေရာ မဟုတ်ပေ။

ကိုဟင် လေလံအိမ်၏ ထိုင်ခုံနေရာများအနက်၊ ခန်းမထဲရှိ ပထမတန်း နေရာများသည် ဒုတိယထပ်ရှိ VIP အခန်းများ၏ အောက်တွင်သာ ရှိသည်။ အများအားဖြင့် ပထမတန်းတွင် ထိုင်ခွင့်ရသူများသည် နေမဝင်အင်ပါယာ၏ ထိပ်တန်း သူဌေးကြီးများ သို့မဟုတ် အားလ် (Earl) အဆင့်အထက် မြို့စားမျိုးနွယ်များသာ ဖြစ်ကြ၏။

ထို့ကြောင့် ဂျွန်လီ ထိုနေရာတွင် ဝင်ထိုင်လိုက်သည်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြခြင်း ဖြစ်သည်။

မိမိအပေါ်သို့ ကျရောက်နေသော အကြည့်များကို ခံစားလိုက်ရသဖြင့် ဂျွန်လီမှာ ပျော်ရွှင်၍ မဆုံး ဖြစ်နေရှာ၏။ သူ ဒီတစ်ခါ လောင်းကြေးထပ်လိုက်တာ မှန်ကန်သွားပြီဟု တွေးလိုက်မိသည်။ အခြားသူတစ်ယောက်ဆီမှ ဒေါ်လာ တစ်သန်း ပေးပြီး ဒီဖိတ်စာကို ဝယ်ယူခဲ့ရသည် မဟုတ်လား။

ဝယ်ယူစဉ်က နှမြောတွန့်တိုခဲ့မိသော်လည်း၊ ယခုမူ ထို ဒေါ်လာ တစ်သန်းသည် တန်ဖိုးရှိလှသည်ဟု ခံစားလိုက်ရသည်။

ဒီလို ဖွင့်ပွဲမျိုးက အရမ်းကို ထင်ပေါ်လွန်းသည်။ ခန်းမထဲရှိ နာမည်ကြီး ပုဂ္ဂိုလ်များ အားလုံး သူ့ကို သိရှိသွားကြပြီ။ တန်ဖိုးကြီး ပစ္စည်းအချို့ကိုသာ လေလံအောင်နိုင်ခဲ့လျှင်... ဖော့ခ်စီးတီး၏ နာမည်ကြီး ပုဂ္ဂိုလ်များ သူ့ကို သေချာပေါက် မှတ်မိသွားကြပေလိမ့်မည်။

ထိုအချိန်ကျလျှင်... ဖော့ခ်စီးတီး၏ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ရေးသည် အိပ်မက် မဟုတ်တော့ပေ။ သူ၏ ဟွေရုံ ကုန်သွယ်ရေး အုပ်စုသည်လည်း ဖော့ခ်စီးတီး အထက်တန်းလွှာ အသိုင်းအဝိုင်းကို အသုံးချကာ နေမဝင်အင်ပါယာတွင် ခြေကုပ်ခိုင်မြဲအောင် တည်ဆောက်နိုင်ပေတော့မည်။

သူ တွေးတောနေစဉ်မှာပင်...

မောင်းသံ တစ်ချက် ထွက်ပေါ်လာလေသည်။

မောင်းသံနှင့်အတူ...

tuxedo အင်္ကျီ (Tuxedo) ဝတ်ဆင်ထားသော လေလံမှူး တစ်ဦး စင်မြင့်ပေါ်သို့ တက်ရောက်လာ၏။

ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက်၊ လေလံမှူးကြီးသည် လုပ်ငန်းစတင်ရန် ပြင်ဆင်လိုက်တော့၏။

"ဒီလေလံပွဲမှာ... ကျွန်တော်တို့ လေလံအိမ်က စုစုပေါင်း ပစ္စည်း (၃၁) မျိုး စီစဉ်ထားပါတယ်... ဒီပစ္စည်း (၃၁) မျိုးလုံးက စစ်မှန်တဲ့ ပစ္စည်းတွေချည်းပါပဲ... လူကြီးမင်းတို့အားလုံး ရတနာ တစ်ခုစီနဲ့ အိမ်ပြန်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်..."

"ကဲ... အခု..."

"ပထမဆုံး ပစ္စည်းကို ကြိုဆိုလိုက်ကြရအောင်..."

"နာမည်ကျော် ပန်းချီဆရာကြီး ‘အန်ဖေးတုတ်’ ရဲ့ 'ဆီးနှင်းလွင်ပြင်' ပန်းချီကားပါ... ဒီပန်းချီကားက အန်ဖေးတုတ်ရဲ့ လက်ရာတွေ အထွတ်အထိပ် ရောက်နေတဲ့ အသက်အရွယ်ကြီးရင့်ချိန်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်... သူ့ရဲ့ လက်ရာတွေထဲမှာ တန်ဖိုးအရှိဆုံး ပန်းချီကားလို့ ဆိုနိုင်ပါတယ်..."

"အဖွင့်ဈေးက... နေမဝင်ပေါင် (၂) သိန်းပါ..."

"ဈေးပြိုင်ခေါ်ယူတိုင်း (၅) သောင်းထက် မနည်းရပါဘူး... အခု စတင်နိုင်ပါပြီ..."

"(၂) သိန်း (၅) ထောင်..."

"(၂) သိန်း (၁) သောင်း (၅) ထောင်..."

"(၂) သိန်း (၂) သောင်း..."

လေလံမှူး စကားဆုံးသည်နှင့် တစ်ပြိုင်နက်... စင်အောက်မှ ဈေးပြိုင်ခေါ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် 'ဆီးနှင်းလွင်ပြင်' ၏ ဈေးနှုန်းသည် (၂) သိန်းခွဲ အထက်သို့ ရောက်ရှိသွားတော့၏။

သိပ်မကြာခင်မှာပင်...

ပန်းချီကားကို နေမဝင်ပေါင် (၂) သိန်း (၇) သောင်း ဆိုသော ဈေးနှုန်းမြင့်မြင့်ဖြင့် လေလံအောင်သွားလေသည်။

ပထမဆုံး လေလံပစ္စည်း အောင်မြင်စွာ ရောင်းချပြီးသွားသည်နှင့်အမျှ၊ လေလံပွဲ၏ လေထုအခြေအနေသည်လည်း စတင် အရှိန်ရလာတော့၏။

သို့သော်...

ဒုတိယထပ်တွင် ရှိနေသော ယဲ့ဖန်ကမူ လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်သေးပေ။

ဘေးနားမှ...

ဖူမာကျန်းဝူ တစ်ယောက် နားမလည်နိုင် ဖြစ်နေရှာ၏။

ယုတ္တိသဘောအရ ပြောရလျှင်...

သူမ၏ သခင်သည် 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ကို လာရှာခြင်း ဖြစ်သော်လည်း၊ အဘယ်ကြောင့် စိုးရိမ်ပူပန်ပုံ မရဘဲ အေးဆေး တည်ငြိမ်နေရသနည်း။

သူမ စိတ်ထဲတွင် တွေးတောနေမိသည်။

သို့သော် အကင်းပါးသော ဖူမာကျန်းဝူသည် နှုတ်မှ ထုတ်ဖော် မမေးမြန်းခဲ့ပေ။

သိပ်မကြာခင်မှာပင်...

အောက်ထပ်တွင် လေလံပစ္စည်း (၃) ခုသာ ရှိတော့၏။ ပထမ ပစ္စည်းဖြစ်သော အန်ဖေးတုတ်၏ 'ဆီးနှင်းလွင်ပြင်' အပြင်၊ ဒုတိယ ပစ္စည်းဖြစ်သော 'မူဂယ် ရွှေတံဆိပ်တုံး' နှင့် တတိယ ပစ္စည်းဖြစ်သော 'အင်ကာ ဝံပုလွေခေါင်း ကြေးဓား' တို့သည်လည်း မဆိုးသော ဈေးနှုန်းများဖြင့် ရောင်းထွက်သွားခဲ့တော့၏။

(၃) ချီ ပြီးဆုံးသွားသောအခါ...

လေလံပွဲ အငွေ့အသက်သည် ပိုမို သက်ဝင် လှုပ်ရှားလာတော့၏။

လေလံမှူးက ကြေညာလိုက်၏။

"လူကြီးမင်းတို့ခင်ဗျာ..."

"နောက်ထပ် ကျွန်တော်တို့ လေလံတင်မယ့် ပစ္စည်းကတော့ ရတနာ တစ်ပါးပါပဲ... လူကြီးမင်းတို့ လေလံစာရင်းထဲမှာ တွေ့ပြီးသား ဖြစ်မှာပါ..."

"ဟုတ်ပါတယ်..."

"ဒီပစ္စည်းကတော့... စာရင်းရဲ့ အဆင့် (၃) နေရာမှာ ရှိနေတဲ့ ‘မင် မင်းဆက် ကျန်းတယ် ဟဲထျန် ကျောက်စိမ်းဘုရား’ ပဲ ဖြစ်ပါတယ်..."

"ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေ လေ့လာချက်အရ... ဒီကျောက်စိမ်း ဘုရားဆင်းတုတော်ကို နဂါးနိုင်ငံ မင်း မင်းဆက်ရဲ့ 'မင်ဝူကျန်းတယ် ဧကရာဇ်'က သူ့ရဲ့ မယ်တော်ကြီး 'ကျန်း မိဖုရားကြီး' အတွက် အထူးတလည် ပြုလုပ်ပေးခဲ့တာပါ... အသုံးပြုထားတဲ့ ကုန်ကြမ်းတွေရော၊ လက်ရာတွေပါ အဲ့ဒီခေတ်ကာလရဲ့ အကောင်းဆုံး အဆင့်အတန်းတွေချည်းပါပဲ..."

"ဝမ်းနည်းစရာ ကောင်းတာကတော့... ကျန်းတယ် ဧကရာဇ်က အသက်ငယ်ငယ်လေးနဲ့ နတ်ရွာစံသွားခဲ့ရရှာပါတယ်..."

ဒီလေလံမှူးက ပုံပြောကောင်းရုံသာမက၊ ပရိသတ်၏ စိတ်ခံစားမှုကိုပါ လှုံ့ဆော်နိုင်စွမ်း ရှိသူ ဖြစ်သည်။ သူက သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်၏။

"ကျန်းတယ် ဧကရာဇ် နတ်ရွာစံပြီးတဲ့နောက်... မယ်တော်ကြီး ကျန်း ဟာ သားတော် မောင် ပြုလုပ်ပေးခဲ့တဲ့ ကျောက်စိမ်း ဘုရားလေး၊ ဆီမီးတိုင်လေး၊ ရှေးဟောင်း ဘုရားလေးတွေနဲ့အတူတူ... သူ နတ်ရွာစံတဲ့ အချိန်အထိ နေထိုင်သွားခဲ့ရှာပါတယ်..."

"ဒါကြောင့်... လူကြီးမင်းတို့ အနေနဲ့ အခု ဝယ်ယူမယ့် ပစ္စည်းဟာ ကျောက်စိမ်းဘုရား တစ်ဆူတည်း မဟုတ်ပါဘူး... သမိုင်းကြောင်း တစ်ခုကိုပါ ဝယ်ယူလိုက်တာပါ..."

"ဒါက မင်ဝူကျန်းတယ် ဧကရာဇ်က မယ်တော်ကြီး ကျန်း ကို ပေးအပ်ခဲ့တဲ့ အဆင့်မြင့် ဟဲထျန် ကျောက်စိမ်းဘုရား ဖြစ်ပါတယ်... အဖွင့်ဈေးကတော့ နေမဝင်ပေါင် (၃) သန်းပါ... ဈေးပြိုင်ခေါ်ယူတိုင်း (၅) သောင်းထက် မနည်းရပါဘူး... လေလံပွဲကို အခု စတင်ပါတော့မယ်..."

"(၃) သန်း (၁) သိန်း..."

"(၃) သန်း (၁) သိန်း (၅) သောင်း..."

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက်... ဈေးခေါ်သံများ ထွက်ပေါ်လာတော့၏။

နေမဝင်အင်ပါယာက လူများသည် နိုင်ငံခြား တော်ဝင်မိသားစု၏ ပစ္စည်းများကို သဘာဝအလျောက် စိတ်ဝင်စားလေ့ ရှိကြ၏။ နိုင်ငံခြား တော်ဝင်မိသားစု ဆိုသည့် အချက်က နေမဝင်အင်ပါယာ မြို့စားများအတွက် အပိုဆုကြေး တစ်ခုလိုပင်။

ထို့အပြင် လေလံမှူး ပြောပြသော ဇာတ်လမ်းကလည်း တကယ်ပင် ထိရှ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ထိုအချိန်၌ပင်... ရှေ့ဆုံးတန်းမှ ပုံရိပ်တစ်ခု ရုတ်တရက် မတ်တပ်ထရပ်လိုက်လေ၏။

"(၅) သန်း…”

အခန်း (၁၈၈၂) - သူ့ကို အရှက်ကွဲအောင် ကူညီပေးလိုက်စမ်းပါ

~လေလံခန်းမ တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေ၏။

"လူကြီးမင်း..."

လေလံမှူးကြီးလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ဂျွန်လီကို ထပ်မံ အတည်ပြုမေးမြန်းလိုက်လေသည်။

"တောင်းပန်ပါတယ် လူကြီးမင်း... ခုနက ခေါ်လိုက်တဲ့ ဈေးနှုန်းကို နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါလား ခင်ဗျာ..."

"နေမဝင်ပေါင် (၅) သန်း..."

ဂျွန်လီက ပြုံးလျက် ထပ်ပြောလိုက်၏။

"(၅) သန်း..."

"နံပါတ် (၅) ထိုင်ခုံရှင်က (၅) သန်း ပေးပါတယ်..."

ခေတ္တမျှ အံ့အားသင့်သွားပြီးနောက်၊ လေလံမှူးကြီးသည် သူ၏ ပရော်ဖက်ရှင်နယ် ဆန်မှုကို ပြန်လည် ထိန်းချုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဝှေ့ယမ်းကာ ဘေးပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများကို အော်ဟစ်မေးမြန်းလိုက်တော့၏။

"ဒီထက် ပိုပေးမယ့်သူ ရှိပါသေးလားခင်ဗျာ..."

"လူကြီးမင်းတို့..."

"စိတ်မဝင်စားကြတော့ဘူးလား..."

ရှိနေသမျှ အထက်တန်းလွှာ အားလုံးက မျက်လုံးများကိုသာ လှိမ့်လိုက်ကြတော့၏။

သူတို့သည် လေလံအိမ်ကြီးများသို့ မကြာခဏ သွားရောက်လေ့ ရှိသူများ ဖြစ်သဖြင့်၊ ဤ ရှေးဟောင်းပစ္စည်းများ၏ ဈေးနှုန်းကို ကောင်းစွာ နားလည်ထားကြ၏။

ဒီကျောက်စိမ်းဘုရားဆင်းတုတော်သည် သမိုင်းကြောင်း ကြီးမားသည် ဆိုသော်ငြားလည်း၊ အများဆုံး တန်ဖိုးရှိလှမှ နေမဝင်ပေါင် (၄) သန်း သို့မဟုတ် ယွမ်ငွေ သန်း (၄၀) ခန့်သာ ရှိပေမည်။

(၅) သန်း ဆိုတာကတော့... အရူးမှသာ လိုက်ပေးမည့် ဈေးနှုန်းပင်။

သူတို့ ချမ်းသာကြသည်မှာ မှန်သော်လည်း... သူတို့ မတုံးကြပေ။

ထို့အပြင် သူတို့ သတိထားရမည့် အချက်တစ်ခု ရှိနေသေးသည်။

ဂျွန်လီသည် လုံးဝ သူစိမ်းဆန်သော မျက်နှာသစ် တစ်ဦး ဖြစ်သည်။ သို့သော် သူသည် တန်ဖိုးအကြီးမားဆုံး ပထမတန်းရှိ (၅) ခုမြောက် ထိုင်ခုံတွင် ဝင်ထိုင်နေ၏။ ဂျွန်လီ၏ နောက်ခံကို အတိအကျ မသိရသေးမီ စပ်ကြား... ကျောက်စိမ်းဘုရားကို လိုချင်နေသည့်တိုင် မည်သူမျှ သူ့ကို စော်ကား ရန်စလိုစိတ် မရှိကြချေ။

ထို့ကြောင့် လူတိုင်း နှုတ်ဆိတ်နေလိုက်ကြတော့၏။

ထိုအခြေအနေကို မြင်သောအခါ လေလံမှူးကြီးက လက်မလျှော့လိုသေးပေ။

"ဝါး..."

"ကျွန်တော် စိတ်ဝင်စားစရာ အချက်လေး တစ်ခု တွေ့လိုက်ရပါတယ်..."

"နံပါတ် (၅) ဧည့်သည်တော်က နဂါးနိုင်ငံက လာတဲ့ပုံပါပဲ... ဒီကျောက်စိမ်းဘုရားမှာ ကျွန်တော်တို့ ကျွမ်းကျင်ပညာရှင်တွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေများ ရှိနေမလား... နဂါးနိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့ ပစ္စည်းအကြောင်း ကိုယ် အသိဆုံးပဲ ဖြစ်မှာပါ..."

"ကဲ... လူကြီးမင်းတို့... ဒီထက် ပိုပေးမယ့်သူ ရှိပါသေးလား..."

သူ ဇွဲမလျှော့တမ်း အော်ဟစ်နေဆဲပင်။

သို့သော် ဧည့်သည် အထက်တန်းလွှာများကမူ အခြေခံအားဖြင့် လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ အချို့ဆိုလျှင် တိုးတိုးတိတ်တိတ်ပင် ဆွေးနွေးနေကြတော့၏။

"ဒါနဲ့... မင်းတို့ထဲက ဘယ်သူများ VIP နံပါတ် (၅) ကို သိလဲ..."

"ငါတော့ မသိဘူး... တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမဲ့ ပထမတန်း (၅) ခုမြောက် ထိုင်ခုံအတွက် ဖိတ်စာ ရထားတယ်ဆိုတော့... သူ့နောက်ခံက သေချာပေါက် ကြီးမှာပဲ... တတ်နိုင်ရင် သူ့ကို မစော်ကားမိတာ အကောင်းဆုံးပဲ..."

"ဒီလောက် ဈေးအကြီးကြီး ပေးဝံ့တာကတော့ တကယ် အံ့ဩစရာပဲ..."

"နောက်ကျရင် သူ့ကို မိတ်ဆက်လို့ ရမလား ကြည့်ရမယ်..."

"အင်း... ဟုတ်တယ်..."

ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလိုက်ရသောအခါ ဂျွန်လီ၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ပြုံးလိုက်မိသည်။

‘အရာအားလုံး သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ပြီ။’

ဒီလေလံအိမ်မှာ ကြီးကြီးမားမား လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ရုံဖြင့်၊ ဖော့ခ်စီးတီးရှိ နာမည်ကြီး ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ရယူရန် လုံလောက်ပေသည်။

ဒီလို ဂုဏ်သတင်းမျိးနှင့်ဆိုလျှင်... ဖော့ခ်စီးတီး အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ဝင်ရောက်ဖို့ ဆိုတာ လွယ်ကူသွားပြီ မဟုတ်ပါလော။

သို့သော် ဂျွန်လီ မသိရှာသည်မှာ... သူ၏ အိပ်မက်များ မကြာမီ ပျက်စီးတော့မည် ဆိုတာပင်။

ဒုတိယထပ် VIP အခန်းထဲတွင်...

ယဲ့ဖန်သည် ပထမထပ်မှ အခြေအနေကို အပေါ်စီးမှ ငုံ့ကြည့်နေလေသည်။ ဂျွန်လီ၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ဂျွန်လီ ဘာကြံစည်နေသည်ကို သူ ရိပ်မိလိုက်၏။

‘အရှိန်အဝါ တည်ဆောက်မယ်...

ပြီးရင် အသိုင်းအဝိုင်းထဲ ဝင်မယ်ပေါ့...။’

တကယ်တော့ ဂျွန်လီသာ မနေ့က ဖူမာကျန်းဝူကို မနှောင့်ယှက်ခဲ့ဘူး ဆိုလျှင်၊ သူ ဘာလုပ်လုပ် ယဲ့ဖန် ဂရုစိုက်မိမည် မဟုတ်ပေ။

သို့သော် မနေ့က ဖြစ်ပျက်ခဲ့သည်များ ရှိနေပါလျက်နှင့် ယဲ့ဖန်က ဂျွန်လီကို စိတ်တိုင်းကျ ဖြစ်ခွင့်ပေးပါ့မလား။

ဒါကို တွေးမိလိုက်ပြီးနောက်...

ယဲ့ဖန် ဖုန်းကို ထုတ်လိုက်ပြီး အာဂျိုင်းဟန်ဆန်ထံသို့ စာတိုတစ်စောင် ပေးပို့လိုက်လေသည်။

'ငါ့ကို ကူညီတဲ့အနေနဲ့... သူ့ကို အရှက်ကွဲအောင် လုပ်ပေးလိုက်စမ်းပါ...'

စာပို့ပြီးနောက် ယဲ့ဖန် ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။ သူ ရေရေရာရာ မပြောခဲ့သော်လည်း အာဂျိုင်းဟန်ဆန် ဘာလုပ်ရမည်ကို သိလိမ့်မည်ဟု ယုံကြည်သည်။

ဂျွန်လီ ဘာကြံစည်နေသလဲ ဆိုတာကို အာဂျိုင်းဟန်ဆန် မသိနိုင်စရာ အကြောင်းမရှိပေ။

အောက်ထပ်တွင် လေလံမှူးကြီးက အော်ဟစ်နေဆဲပင်။

"လူကြီးမင်းတို့..."

"နေမဝင်ပေါင် (၅) သန်းပါ..."

"ဧည့်သည်တော် နံပါတ် (၅) က (၅) သန်း ပေးထားပါတယ်... ဒီထက် ပိုပေးချင်တဲ့သူ ရှိပါသေးလား..."

"မရှိတော့ဘူးလားခင်ဗျာ..."

မကျေနပ်သော်လည်း လေလံမှူးကြီးသည် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်ရတော့၏။ သူ လေလံတူကို ကိုင်လိုက်ပြီး စားပွဲကို ခေါက်လိုက်၏။

"(၅) သန်း... ပထမအကြိမ်..."

"ရှိပါသေးလား..."

"လူကြီးမင်းတို့..."

"ဒီကျောက်စိမ်းဘုရားက တစ်ခုတည်းသော အဖိုးတန် ရတနာပါ... လက်မလွတ်စေနဲ့နော်..."

ဒုန်း...။

လေလံမှူးကြီးက တူကို ဒုတိယအကြိမ် ထပ်ခေါက်လိုက်၏။

"(၅) သန်း... ဒုတိယအကြိမ်..."

"ဟားဟားဟား..."

"ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့..."

လေလံတူ ဒုတိယအကြိမ် ခေါက်လိုက်သည်ကို မြင်လိုက်ရပြီး၊ ကျောက်စိမ်းဘုရား သူပိုင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သေချာသွားသောအခါ... ဂျွန်လီသည် မျက်နှာရနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံတော့ပေ။ သူ မတ်တပ်ထရပ်လိုက်ပြီး ရှိနေသော အထက်တန်းလွှာများကို ကျေးဇူးတင်စကား ဆိုလိုက်တော့၏။

သို့သော်...

ထိုအချိန်၌ပင်...

ဒုတိယထပ်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

"(၅) သန်း (၅) သောင်း..."

"(၅) သန်း...တတိယအကြိမ်..အာ့."

ထိုအသံကို ကြားလိုက်ရသောအခါ လေလံမှူး၏ မြှောက်ထားသော တူသည် လေထဲတွင် တောင့်ခဲ ရပ်တန့်သွားသည်။ ဂျွန်လီ၏ ပြုံးနေသော မျက်နှာထားသည်လည်း တူနှင့်အတူ အေးခဲသွားရရှာ၏။

"ဒုတိယထပ်က အသံပဲ..."

"ဒုတိယထပ်က VIP အခန်း နံပါတ် (၃)..."

"အဲ့ဒါ အာဂျိုင်း မိသားစုရဲ့ သီးသန့်အခန်းလေ... ခုနက အသံက သခင်လေး အာဂျိုင်းဟန်ဆန်နဲ့ တူလိုက်တာ... သူလည်း ဒီကျောက်စိမ်းဘုရားကို စိတ်ဝင်စားနေလိမ့်မယ်လို့ ထင်မထားဘူး..."

ထိုအချိန်တွင် ရှိနေသော အထက်တန်းလွှာများ သတိပြန်ဝင်လာကြ၏။

"ဘာ..."

"အာဂျိုင်း မိသားစုက အာဂျိုင်းဟန်ဆန် ဟုတ်လား..."

အာဂျိုင်းဟန်ဆန် ဆိုသော နာမည်ကို ကြားလိုက်ရသောအခါ ဂျွန်လီ၏ မျက်နှာသည် စိမ်းပုပ်သွားတော့၏။

သူသည် နေမဝင်အင်ပါယာသို့ စီးပွားရေး လာရောက်ချဲ့ထွင်သူ ဖြစ်ပြီး၊ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ဝင်ရောက်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားနေသူ ဖြစ်သည်။

အာဂျိုင်းဟန်ဆန်၏ နာမည်ကို သူ မသိဘဲ နေပါ့မလား။

သူ တွန့်ဆုတ်မနေတော့ပေ။

ဂျွန်လီသည် အပြုံး တစ်ခုကို အမြန်ဆုံး ဆင်မြန်းလိုက်လေ၏။

All Chapters