အခန်း (၁၉၀၉)
Vol. 137 Ch. 1909
အပိုင်း(၁၉၀၉)
အခန်းတစ်ခန်းအတွင်း၌...
မင်ရှုဖုန်းသည် ကောင်းကင်ယံအလင်းတန်းများနှင့် ကံကြမ္မာ၏ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ရွှေရောင် ကြယ်တာရာများကြားတွင် လက်ဟန်ချိပ်စည်းတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ ဝေ့ဝူယင် သူမကို ပေးအပ်ခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်းသစ်မှာ အလွန် ဆန်းကြယ်လှပေသည်။ သူမသည် ကောင်းကင်တာအို၏ လွှမ်းမိုးမှုများကို နက်နဲစွာ ခံစားနေရပြီး ဤကဲ့သို့သော နည်းလမ်းကို မည်သူ တီထွင်ခဲ့သနည်းဟုပင် တွေးတောမရ ဖြစ်နေသည်။
ကောင်းကင်တာအို၏ လွှမ်းမိုးမှုမှာ အလွန် သိမ်မွေ့လှသော်လည်း ဤနည်းလမ်းဖြင့် သူမသည် လောကရှန့်ထို တစ်ဦး သို့မဟုတ် ကောင်းကင် ရှန့်ထို တစ်ဦးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။ ထို့အပြင် ကောင်းကင်တာအို၏ အလိုဆန္ဒကို တစ်သက်လုံး စူးစမ်းလာခဲ့ကြသည့် အခြားသော ကောင်းကင် နိမိတ်ဖတ်သူများကိုပင် လှည့်စားနိုင်ပေလိမ့်မည်။ ထိုအတွေးကြောင့် မိန်းကလေး၏ ကျောပြင်မှာ စိမ့်တက်သွားရသည်။
ခရမ်းရောင် ပင်လယ် ကြယ်တာရာ နယ်မြေသို့ မဝင်ရောက်မီ ဝေ့ဝူယင် ပေးအပ်ခဲ့သော အမိန့်ကို သူမ သတိရလိုက်သည်။
အန္တရာယ်ရှိသည့် လက္ခဏာတစ်ခုကို ကံကြမ္မာ စွမ်းအားများဖြင့် စုဆောင်းထားပြီး သူ အချက်ပေးသည့် အချိန်တွင် ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ၏ အုပ်ချုပ်သူများထံသို့ ပေးပို့ရန် ဖြစ်သည်။ ဆိုလိုသည်က အခြား အဘိဿဲလ် လေးခု၏ အုပ်ချုပ်သူ လျှို့ဝှက် အရှင်များ (အာဏာရှင် ရှန့်ထိုများ) ကို အချက်ပေးလိုက်ဖို့ပင်...။
မိန်းကလေးသည် ဝေ့ဝူယင်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ပြီး ယခုအခါ နောက်ထပ် အမိန့်တစ်ခုကို စူးစမ်းနေခဲ့သည်။
၎င်းကား ‘အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အလယ်ဗဟို၊ အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသ သို့ သွားရန်၊ ရည်ရွယ်ချက်မှာ အဖိုးတန်ဆုံး ရတနာကို ရှာဖွေရန်’ ဟူ၍...။
သို့သော်လည်း ဝေ့ဝူယင် ပေးအပ်ထားသည့် အစီအရင်များကို အသုံးချကာ ကောင်းကင်တာအို၏ အလိုဆန္ဒကို စမ်းစစ်ကြည့်သောအခါ သူမ အံ့ဩစရာတစ်ခုကို တွေ့ရှိခဲ့ရသည်။
အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသ၏ အဖိုးတန်ဆုံး ရတနာမှာ... 'အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသ' ကိုယ်တိုင်ပင် ဖြစ်နေခြင်းပင်။
မင်ရှုဖုန်း မျက်လုံးများ ပွင့်လာပြီး ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ ပြင်းထန်လွန်းလှသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီနေခဲ့လေသည်။ သူမသည် ဝေ့ဝူယင် ပေးအပ်ထားသည့် ရှန့်ထိုလက်စွပ်ကို အလျင်အမြန် အသုံးပြု၍ ဝိညာဉ်အာရုံ သတင်းစကား တစ်ခုကို ပေးပို့လိုက်သည်။
ဝေ့ဝူယင်၏ အောက်ဖက်၌ ခရမ်းရောင် ပင်လယ်သည် သူမ၏ ခြေထောက်များဖြင့် ဝေ့ဝူယင်၏ ခါးကို တင်းကြပ်စွာ ရစ်ပတ်ထားပြီး လက်နှစ်ဖက်မှာ ကျောပြင်ကို ဖက်တွယ်ထား၏။ ခရမ်းရောင် ဆိုးထားသည့် သူမ၏ လက်သည်းများမှာ ဝေ့ဝူယင်၏ ကျောပြင်ပေါ်၌ ချိုင့်ဝှမ်းများ ဖြစ်ပေါ်စေရန် ကြိုးစားနေသည့်အလား နစ်မြုပ်နေသည်။ သူမထံတွင် အာဏာရှင် ရှန့်ထို အဆင့် ခွန်အားရှိသော်လည်း ဝေ့ဝူယင်၏ ကျစ်လျစ်ခိုင်မာသော အရေပြားကိုမူ ထိုးဖောက်နိုင်စွမ်း မရှိချေ။ သို့သော်လည်း သူမသည် လက်မလျှော့ဘဲ ဝေ့ဝူယင်ကို သူမနှင့် ပိုမို နီးကပ်လာစေရန်သာ အတင်းအကျပ် ဆွဲဖက်နေမိ၏။
ထာဝရ ရှင်သန်ခြင်းနှင့် ပြန်လည် ကုသခြင်း အငွေ့အသက်များ ကိန်းအောင်းနေသော ပူပြင်းလှသည့် ယန်အမတေများ လွတ်ထွက်သွားချိန်တွင် မျှော်လင့်တောင့်တခဲ့ရသော ကျေနပ်မှုအပြည့်ပါသည့် ညည်းတွားသံကြီး တစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ မာနာစွမ်းအင်များမှာ သူတို့အနားတွင် ကမ္ဘာပျက်မတတ် မုန်တိုင်းတစ်ခုအလား လှည့်ပတ်သွားတော့သည်။
ထိုအချိန်တွင်ပင် ဝေ့ဝူယင်သည် သတင်းစကားကို လက်ခံရရှိလိုက်၏။ သူသည် အချိန် သာမည ဥပဒေသနှင့် ဥပဒေသ အကာအကွယ်တို့ကို သိမ်မွေ့စွာ ရုပ်သိမ်းလိုက်သည်။
ခရမ်းရောင် ပင်လယ်၏ နှုတ်ခမ်းများကို သုံးစက္ကန့်ခန့် ဆက်လက် သိမ်းပိုက်ထားပြီးနောက်တွင်မူ... လူငယ်ထံမှ အလွန် အရေးကြီးသော ဝိညာဉ်သတင်းစကား တစ်ခုမှာ သူမထံသို့ ကူးပြောင်း ရောက်ရှိသွားတော့သည်။
...
ခရမ်းရောင် ပင်လယ်သည် နှစ်ပေါင်းသောင်းချီ သက်တမ်းတစ်လျှောက် တစ်ခါမျှ မခံစားဖူးသေးသည့် သာယာမှုတွင် နစ်မျောနေပြီး အနည်းဆုံး နောက်ထပ် တစ်ပတ်၊ နှစ်ပတ်ခန့် ဆက်လက် ဆင်နွှဲချင်နေသေးသည်။ ဝေ့ဝူယင်၏ ယန်အမတေအတွင်း၌ သူမအတွက် အကျိုးပြုနိုင်သည့် အရည်အသွေးမြင့် စွမ်းအင်များနှင့် လျှို့ဝှက်တာအိုကို ပိုမို နီးစပ်စေမည့် ဆန်းကြယ်သော ဂုဏ်သတ္တိများ ပါဝင်နေပေသည်။
ထိုအခိုက်၌ မိန်းကလေးမှာ သူမ၏ အားနည်းပြီး မပြည့်စုံသေးသည့် အခြေခံများကို တဖြည်းဖြည်းချင်း ပြုပြင်ပေးနေသကဲ့သို့ ခံစားရ၏။ ဤသည်မှာ စစ်မှန်သည့် 'တာအို ဆွေးနွေးပွဲ' ပင် တစ်ခုပင် မဟုတ်ပါလား။
ထို့အပြင် သူမသည် ထူးဆန်းသည့် 'သေမျိုးတာအို' ကိုလည်း ခံစားနေရသည်။ သူတို့ အတူရှိနေစဉ်အတွင်း ဝေ့ဝူယင်၏ ဝိညာဉ်မှာ သေမျိုးတစ်ဦးကဲ့သို့သာ ခံစားရသော်လည်း ၎င်းမှာ နက်နဲလှသော ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း သူမ တွေးတောမိသည်။
အကြောင်းကား... သူ၏ ခန္ဓာကိုယ်မှာ အလွန် တောင့်တင်းခိုင်မာပြီး ယန်အမတေမှာလည်း သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ ညစ်ညမ်းစေခြင်း မရှိဘဲ စင်ကြယ်လွန်းနေသောကြောင့် ဖြစ်သည်။ ထိုမျှသာမက... လူငယ်၏ ယန်အမတေများကြောင့် သူမ၏ သွေးကြောများနှင့် သားအိမ်တို့မှာ ချက်ချင်းပင် ပိုမို ခိုင်မာတောင့်တင်းလာခဲ့သည်။ ထို့ကြောင့် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်ကို ခန့်မှန်းရန် ပို၍ပင် ခက်ခဲသွားရသည်။
သို့သော်လည်း ဝေ့ဝူယင် ပို့လွှတ်လိုက်သည့် ထိတ်လန့်ဖွယ် သတင်းစကားတစ်ခုကြောင့် သူမ၏ မျက်ဝန်းများ ပြူးကျယ်သွားရပြီး သတိပြန်ဝင်လာခဲ့သည်။
သူ ပြောလိုက်သည့် စကားက...
“ငါ ဆုံးဖြတ်လိုက်ပြီ... မင်းကို ‘အစစ်အမှန် သူတော်စင်’ အဆင့်ထိ ရောက်အောင် ငါ ကူညီပေးမယ်... အဲဒီအတွက် အပြန်အလှန် အနေနဲ့ကတော့...”
ဝေ့ဝူယင်က ရှေ့သို့ တိုးကာ သူမ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်၏။ မိန်းကလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ မျက်ဝန်းများမှာလည်း မတည်မငြိမ် ဖြစ်သွားခဲ့သည်။
မိန်းကလေး၏ ချွေးများ စိုရွှဲနေသည့် ဖြူဝင်း နုမွတ်သည့် ခန္ဓာကိုယ်ပေါ်မှ အသာအယာ ခွာလိုက်ရင်း ဝေ့ဝူယင်က ပြုံးလျက် မေးလိုက်သည်။
“ဘယ်လို သဘောရလဲ...”
မိန်းကလေး၏ ဝါဝင်းသော မျက်ဝန်းများမှာ ခဏမျှ စဉ်းစားဟန်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက်... သူမ ခေါင်းညိတ်လိုက်လေတော့သည်။
...
ခရမ်းရောင် ပင်လယ် နန်းတော်တစ်ခုလုံး အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်သည်။
အမိန့်များစွာ ထွက်ပေါ်လာသော်လည်း အထင်ရှားဆုံးကတော့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ၏ နယ်စပ်တွင် အလွန် အားကောင်းသော အော်ရာ သုံးခု ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
“ဓားအဘိဿဲလ်ရဲ့ လီဗီယာသန်ဓားက တွေ့ဆုံခွင့် တောင်းခံပါတယ်”
“ငြိမ်းချမ်းရေး အဘိဿဲလ်ရဲ့ ဒီရေ အမိန့်တော် အဖွဲ့က တွေ့ဆုံခွင့် တောင်းခံပါတယ်”
“အသံမဲ့ အဘိဿဲလ်ရဲ့ အိုရင် မိသားစုက တွေ့ဆုံခွင့် တောင်းခံပါတယ်”
ထို့နောက် သူတို့ အားလုံးသည် ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ တစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် အသံကျယ်ကြီးဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။
“ခရမ်းရောင် အဘိဿဲလ် နယ်မြေရဲ့ လျှို့ဝှက် အရှင် ခရမ်းရောင် ပင်လယ်... တွေ့ဆုံခွင့် ပေးပါ...”
ထိုအသံမှာ ခရမ်းရောင် အဘိဿဲလ် နယ်မြေတစ်ခွင်သို့ ပြင်းထန်မြန်ဆန်လှသော ဝိညာဉ်ခွန်အား မုန်တိုင်းကြီးတစ်ခုအဖြစ် ဖြတ်သန်းသွားသည်။ ၎င်းတို့မှာ မတူညီသော စိတ်ဆန္ဒ သုံးခုမှ ပေါင်းစပ်လာခြင်းဖြစ်ပြီး လျှို့ဝှက်တာအို၏ မယိမ်းယိုင်သော အရှိန်အဝါနှင့် စွမ်းအားတို့ကို အပြည့်အဝ ဖော်ဆောင်နေသည်။ ချက်ချင်းပင် ဂြိုဟ်များ၊ လများ၊ နေများ၊ အာကာသ အိမ်ရာများနှင့် သင်္ဘောများသာမက မရေမတွက်နိုင်သော ဝိညာဉ်များပါ ပြင်းထန်စွာ တုန်လှုပ်သွားရတော့၏။
မရေမတွက်နိုင်သော သေမျိုးများသည် ထိုစွမ်းအားများ ထွက်ပေါ်ရာအရပ်သို့ ဗီဇအသိ အရ လှည့်ကြည့်မိကြသည်။ အချို့မှာ မြေကြီး၏ တုန်လှုပ်မှုကို ကြောက်ရွံ့စွာဖြင့် မြေပြင်ကို စိုက်ကြည့်နေကြပြီး၊ အချို့မှာ ပြိုကျတော့မတတ် တုန်ရီနေသည့်ကောင်းကင်ကြီး မော့ကြည့်နေကြသည်။ အချို့မှာမူ ကောင်းကင်ဘုံ၏ အမျက်ဒေါသ ပြေပျောက်စေရန် ဆုတောင်းနေကြသည်။
ကောင်းကင်အလွှာများမှာ လှိုင်းထန်နေပြီး တိမ်တိုက်များမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်နေခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ တစ်ခါမျှ မကြုံဖူးသေးသော အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် အဖြစ်အပျက်ပင်။
“ကမ္ဘာ ပျက်တော့မယ်...”
လျှို့ဝှက် ဘာသာစကားကို နားမလည်သူများနှင့် လျှို့ဝှက် အာဏာရှင်တစ်ဦး၏ ခွန်အားကို မခန့်မှန်းနိုင်သူများမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း သူတို့ ချစ်ရသူများကို ဖက်ထားလိုက်ကြသည်။
“ဘာတွေ ဖြစ်နေတာလဲ... ဘယ်သူတွေ ငါတို့ကို တိုက်ခိုက်နေတာလဲ”
ကျင့်ကြံခြင်းလမ်းစဉ်တွင် အနည်းငယ် ခရီးရောက်ဖူးပြီး အတွေ့အကြုံရှိသည့် ကျင့်ကြံသူများမှာမူ ဤသည်မှာ အားကောင်းသော ကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုဖြစ်ကြောင်း သိနားလည်သဖြင့် စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်နေကြသည်။
“အဘိဿဲလ်ရဲ့ လျှို့ဝှက်အရှင်တွေလား...”
သေမျိုးတာအိုကို ကျော်လွန်၍ လျှို့ဝှက်တာအိုကို အတိုင်းအတာတစ်ခုအထိ နားလည်ထားကြသည့် ရှန့်ထိုများမှာမူ ထိုစိတ်ဆန္ဒများ၏ ရည်ရွယ်ချက်ကို နားလည်ရုံသာမက... သူတို့ ရှင်သန်ခဲ့သည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဏာရှင် ရှန့်ထိုများ၏ ညီညွတ်မှုကို ခံစားလိုက်ရသဖြင့် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်သော ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရတော့သည်။
တစ်ခါတစ်ရံတွင် မသိနားမလည်မှုသည် မသိကိန်းအပေါ် ကြောက်ရွံ့မှုကို ဖြစ်စေသော်လည်း၊ သိနားလည်မှုသည် ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားလောက်အောင် မခန့်မှန်းနိုင်သည့် ထိတ်လန့်မှုကို ဖြစ်စေသည်။
***