← Chapters

အခန်း (၁၉၁၂)

Vol. 137 Ch. 1912

အခန်း (၁၉၁၂)

Vol. 137 Ch. 1912

အပိုင်း(၁၉၁၂)

“ရက်သတ္တပတ်တွေ အတွင်း...”

အဘိဿဲလ်၏ လျှို့ဝှက်အရှင် သုံးဦးစလုံးသည် ခရမ်းရောင် ပင်လယ်ကို တစ်ပြိုင်နက်တည်း စူးစိုက်ကြည့်လိုက်ကြ၏။ သူတို့၏ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ အဘယ်ကြောင့် ထိတ်လန့်တကြား အော်ဟစ်နေကြသနည်းဆိုသည်ကို သူတို့ ယခုမှ ကောင်းကောင်း သဘောပေါက်သွားတော့သည်။

ဝေ့ဝူယင်အပေါ် ရန်လိုမှု ပြသရန်လား...။ သူတို့ထဲတွင် မည်သူမျှ ထိုမျှ မိုက်မဲခြင်း မရှိချေ။ အကယ်၍ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံမှာ သူတို့နှင့် တန်းတူ အာဏာရှင် ရှန့်ထိုအဆင့် မဟုတ်ခဲ့လျှင်ပင် သူ့ ဘေးတွင် ထိုအဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အစောင့်အရှောက် ရှိနေမည်မှာ အသေအချာပင်။ မည်သူမျှ သေတွင်းထဲ ခုန်မဆင်းချင်ကြချေ။

လျှို့ဝှက်အာဏာရှင် အဆင့် တစ်ခုချင်းစီသည် ကျော်လွှားရန် ခက်ခဲလှသော အဘိဿဲလ်ကြီးများကဲ့သို့ပင်။ သို့သော်လည်း... ထိပ်တန်း လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦး ပျိုးထောင်ပေးထားသည့် ရှန့်ထို သို့မဟုတ် သူတော်စင် တစ်ဦးဆိုလျှင်မူ... ထူးခြားပြောင်မြောက်သော ခွန်အားရှိမည်မှာ ဧကန်မလွဲပေ။

ခရမ်းရောင် ပင်လယ်မှာ အခြားလူများ၏ ဒေါသတကြီး အကြည့်များကို ဂရုမစိုက်ချေ။

"ကျွန်မအနေနဲ့ ခရမ်းရောင် အဘိဿဲလ် နယ်မြေရဲ့ တောက်ပမှုတွေနဲ့ ပျော်ရွှင်မှုတွေကို ပြသပေးဖို့ မပျက်ကွက်ခဲ့ပါဘူး... ဒါကြောင့် ရှင်တို့ စိတ်ပူစရာ မလိုပါဘူး..."

သူမက ပြုံးလျက် ပြောလိုက်၏။ သူမသည် ဝေ့ဝူယင်ကို ခရမ်းရောင် အဘိဿဲလ် နယ်မြေ၏ တောက်ပမှုများကိုသာမက 'ခရမ်းရောင် ပင်လယ်' ၏ အနက်ရှိုင်းဆုံးသော နေရာများကိုပါ လေ့လာခွင့် ပေးခဲ့သည် မဟုတ်ပါလား။

သွေးရောင်ဓားက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ သို့သော်လည်း... ယခုအကြိမ်တွင်မူ လောကကို တုန်ခါစေမည့် ခွန်အားလှိုင်းများ ပါမလာချေ။ ဝေ့ဝူယင် ဤနေရာတွင် ရှိနေသည်ကို သိသွားပြီးနောက် သူသည် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် သူ့ကို စိတ်အနှောင့်အယှက်ပေးရန် မဝံ့ရဲတော့ချေ။

"လောကရှန့်ထို အာရုဏ်ဦး... ခင်ဗျား ခရမ်းရောင် အဘိဿဲလ် နယ်မြေမှာပဲ ရက်သတ္တပတ် အနည်းငယ် ကုန်ဆုံးစေခဲ့မယ်ဆိုရင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီရဲ့ အနှစ်သာရတွေကို အပြည့်အဝ ခံစားရဦးမှာ မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ ဓားအဘိဿဲလ်ကို ကြွရောက်ဖို့လည်း ဖိတ်ခေါ်ပါတယ်... ကျွန်တော်တို့ရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု၊ ရိုးရာတွေနဲ့အတူ အကောင်းဆုံးသော အစားအသောက်တွေကို တည်ခင်း ဧည့်ခံပါ့မယ်..."

သွေးရောင်ဓားက သူ၏ ခက်ထန်သော မျက်နှာကို ဖျောက်ဖျက်ပစ်ကာ ချက်ချင်းပင် ဖိတ်ခေါ်စကား ဆိုလိုက်သည်။

"လောကရှန့်ထို အာရုဏ်ဦး... ကျွန်မတို့ရဲ့ အသံမဲ့ အဘိဿဲလ်ကလည်း..."

"လောကရှန့်ထို အာရုဏ်ဦးရှင်..."

မီးခိုးရောင် နှင်းဆီကလည်း သူမ၏ ရင်သားများကို အနည်းငယ် ပေါ်လွင်အောင် ပြုမူရင်း ဆွဲဆောင်မှုရှိသော အသံဖြင့်

"ကျွန်မရဲ့ ငြိမ်းချမ်းခြင်း အဘိဿဲလ်က..."

ဤသို့နှင့် လျှို့ဝှက် အရှင် သုံးဦးစလုံးသည် ဝေ့ဝူယင်ကို သူတို့၏ နယ်မြေများသို့ အပြိုင်အဆိုင် ဖိတ်ခေါ်နေကြတော့သည်။ ခရမ်းရောင် ပင်လယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အထူးသဖြင့် မီးခိုးရောင် နှင်းဆီ၏ ဖိတ်ခေါ်မှုကို ကြည့်ကာ မကျေမနပ် ဖြစ်သွားသည်။

"ရှင်တို့အားလုံးက ကျွန်မရဲ့ နယ်မြေကို တိုက်ခိုက်ခဲ့ကြတယ်... လောကရှန့်ထို အာရုဏ်ဦးရဲ့ ကျင့်ကြံမှုကို အကြောင်းမဲ့ နှောင့်ယှက်ခဲ့ကြတယ်.... ပြီးတော့မှ ရှင်တို့ရဲ့ ရိုင်းစိုင်းတဲ့ နယ်မြေတွေကို ဖိတ်ခေါ်နေကြတာလား... တကယ်ကို ရယ်စရာကောင်းလိုက်တာ... ဟမ့်...”

သူမက ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။ အခြား လျှို့ဝှက်အရှင်သခင်များ၏ ပျာပျာသလဲ ဖြစ်နေသော အမူအရာများကို မြင်သောအခါ ဝေ့ဝူယင်မှာ မည်မျှ တန်ဖိုးရှိသည်ကို သူမ ထပ်မံ သတိပြုမိသွားသည်။ သူမက ဝေ့ဝူယင်ကို မျက်တောင်လေး ခတ်ကာ ချိုချိုသာသာလေး ကြည့်လိုက်ပြီးနောက် အခြား လျှို့ဝှက်အရှင် သုံးဦးဘက်သို့ ဒေါသတကြီး ပြန်လှည့်ကြည့်လိုက်သည်။

"ဖိတ်ခေါ်တဲ့ ကိစ္စတွေ ထားဦး... အဲဒီ မတိုင်ခင် သူတို့ ဘာကြောင့် ရှင့်ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်ပြီး တိုက်ခိုက်ခဲ့ကြသလဲဆိုတာကို ရှင်းပြချက်ပေးဖို့ လောကရှန့်ထို အာရုဏ်ဦးက ကျွန်မကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်... ဖြစ်နိုင်တာက သူတို့ ရှင်ရှိနေတာကို သိလို့ ရှင် အသက်အန္တရာယ်ရှိအောင် ကြံစည်တာလည်း ဖြစ်နိုင်တာပဲ..."

ခရမ်းရောင် ပင်လယ်၏ စွပ်စွဲချက်ကြောင့် သူတို့ သုံးဦးစလုံး ဆွံ့အသွားကြ၏။ အကယ်၍ သူတို့သာ ဝေ့ဝူယင်ကို သတ်ချင်သည်ဆိုလျှင် (သူတို့ထက် ခွန်အားသာနိုင်သူ သို့မဟုတ် အစောင့်အရှောက် ပါလာနိုင်သူကို သတ်နိုင်၊ မသတ်နိုင် ထားလိုက်ပါဦး) အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။

အမှန်စင်စစ် စောစောက သူတို့၏ တိုက်ခိုက်မှုများမှာ အစစ်အမှန် ခွန်အား၏ ဆယ်ပုံတစ်ပုံမျှပင် မရှိခဲ့ချေ။

"အလိမ်အညာတွေ..."

မီးခိုးရောင် နှင်းဆီက ဝေ့ဝူယင် ကြားအောင် အော်ဟစ်လိုက်၏။

"လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်... မင်းက လောကရှန့်ထို အာရုဏ်ဦးရဲ့ သတင်းအချက်အလက် အားလုံးကို ဖုံးကွယ်ထားတာပဲ... ငါတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ... အကယ်၍ ငါသာ သိခဲ့မယ်ဆိုရင် ဒီမိန်းမယုတ် နှစ်ယောက်ရဲ့ ခေါင်းတွေကို ဖြတ်ပြီးတော့တောင် ငါ တားဆီးမိမှာ..."

သွေးရောင်ဓားကလည်း အလျင်အမြန် ကြေညာလိုက်၏။

နတ်မိမယ် တိတ်ဆိတ်ခြင်းကလည်း...

"နင် တစ်ခုခု ကြံစည်နေတယ်ဆိုတဲ့ သတင်းကို ကြားလို့ ငါ နောက်ကျသွားမှာစိုးလို့ ချက်ချင်း ရောက်လာခဲ့တာ... ဒီလောက်ပါပဲ... လောကရှန့်ထို အာရုဏ်ဦး... ကျွန်မသာ သိခဲ့ရင် ရှင့်ရဲ့ ကျင့်ကြံမှုကို ဘယ်တော့မှ နှောင့်ယှက်မှာ မဟုတ်ပါဘူး... ကောင်းကျိုးပေးတဲ့သူအပေါ်မှာတောင် လှည့်စားတတ်တဲ့ လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်ရဲ့ ကောက်ကျစ်တဲ့ သဘာဝကြောင့် ကျွန်မ မနေနိုင်ဘဲ လာရောက် စုံစမ်းရခြင်း ဖြစ်ပါတယ်..."

"လျှောက်မစွပ်စွဲကြနဲ့..."

ခရမ်းရောင် ပင်လယ်က အော်ဟစ်လိုက်သည်။ သူမ၏ လျှို့ဝှက်အော်ရာမှာ ဆူပွက်လာသော်လည်း ဝေ့ဝူယင်ကို အနှောင့်အယှက်ဖြစ်စေမည် စိုးသောကြောင့် မပေါက်ကွဲအောင် ထိန်းထားရသည်။

"တကယ်တော့ နင်က..."

ခရမ်းရောင် ပင်လယ်က နတ်မိမယ် တိတ်ဆိတ်ခြင်း၏ နယ်မြေအတွင်းရှိ သစ္စာဖောက်မှုများနှင့် သေဆုံးမှုများအကြောင်းကို ပြန်လည် ဖော်ထုတ်ရင်း တုံ့ပြန်လိုက်သည်။ မီးခိုးရောင် နှင်းဆီကမူ ထိုမြင်ကွင်းကို ကြည့်ကာ သဘောကျစွာ ပြုံးနေလေ၏။

တစ်ချိန်တည်း၌.... သွေးရောင်ဓားကလည်း အခွင့်ကောင်းယူကာ...

"ကျွန်တော် ဒီမှာ ရှိနေတာ တော်သေးတာပေါ့ လောကရှန့်ထို အာရုဏ်ဦး... အမျိုးသားတွေကို ရက်ရက်စက်စက် ဝါးမျိုတတ်တဲ့ ဒီမိန်းမတွေက ခင်ဗျားကို..."

မကြာမီမှာပင် ထိုအုပ်စုသည် တစ်ဦးနှင့်တစ်ဦး အပြစ်ပုံချကာ နှစ်ပေါင်းများစွာက ဖုံးကွယ်ထားည့် အပုပ်နံ့များကို အပြိုင်အဆိုင် ဖော်ထုတ်နေကြတော့သည်။

ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အခြောက်လှန်းထားသည့် သစ်သီးအချို့ပင် ထုတ်စားချင်စိတ် ပေါ်လာသည်။

သူသည် ချက်ချင်းပင် လျှို့ဝှက် မြေကြီးအဆင့် သစ်သီးများကို စက္ကူအိတ်ထဲမှ ထုတ်ကာ ဝါးစားရင်း ပွဲကြည့်စင်ပေါ်မှ ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ ထိုလျှို့ဝှက်အရှင်ကြီးများ၏ ရန်ပွဲကို အေးအေးဆေးဆေး ကြည့်ရှုနေလေတော့သည်။

...

တစ်ချိန်တည်း၌ အမျိုးသမီး သီးသန့် အပန်းဖြေစခန်းအတွင်း၌ ဝိညာဉ် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခုပေါ်တွင် ခရမ်းရောင် အဘိဿဲလ် နယ်မြေ၏ လျှို့ဝှက် အရှင်ကြီး လေးဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲဆိုရိုင်းစိုင်းကာ အပြန်အလှန် စွပ်စွဲနေကြသည့် မြင်ကွင်းကို ထုတ်လွှင့်ပြသနေလေသည်။

“ဒါကြီးက တကယ့်အစစ်လို့ကို မခံစားရဘူး...”

***

All Chapters