← Chapters

အခန်း (၁၉၁၃)

Vol. 137 Ch. 1913

အခန်း (၁၉၁၃)

Vol. 137 Ch. 1913

အပိုင်း(၁၉၁၃)

“ဒါကြီးက တကယ့်အစစ်လို့ကို မခံစားရဘူး...”

ချောင်စွေ့ဖုန်းက ပြောလိုက်စဉ် စုမေ့က သူမ၏ ရင်ဘတ်ပေါ်သို့ စက္ကူအိတ်တစ်အိတ် ချပေးလိုက်၏။ ထိုအိတ်ထဲမှ ချဉ်ဖြုံ့ဖြုံ့ အနံ့လေး သင်းပျံ့လာသည်။ စုမေ့လည်း စားနေခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ စိတ်ဝင်တစားဖြင့် မျက်နှာပြင်ထက်သို့ စိုက်ကြည့်နေကြ၏။

ချောင်စွေ့ဖုန်းက အိတ်ထဲသို့ လက်နှိုက်ကာ စိမ်းစိုသော ဘယ်ရီသီးတစ်လုံးကို ယူ၍ အသာအယာ ကိုက်လိုက်ရင်း ရှေ့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ် အခြေအနေများကို ကြည့်နေမိသည်။

ယွီစွန်းလီ၏ မျက်ဝန်းများမှာလည်း စိတ်ဝင်တစားဖြင့် တောက်ပနေ၏။ သူမသည် အပေါင်းအသင်း သိပ်မရှိသော်လည်း ဒရမ်မာ ဇာတ်လမ်းများကို အလွန်နှစ်သက်သူ ဖြစ်သည်။ အကျဉ်းကျနေစဉ် ကာလအတွင်းမှာပင် သူရဲကောင်းများ၊ သစ္စာဖောက်မှုများနှင့် စွန့်စားခန်းများအကြောင်း ပါဝင်သည့် စာအုပ်များစွာကို ဖတ်ရှုရင်း အချိန်ဖြုန်းခဲ့ဖူးသည်။

မင်ရှုဖုန်းကမူ အနေရခက်စွာ သက်ပြင်းသာ ချလိုက်၏။

“ရှင်တို့ ထင်သလား... ဝေ့ဝူယင်... အဲလေ အင်ပါယာဝေ့က လိမ်နေတာလားလို့... သူက ကောင်းကင်ရှန့်ထို’ အဆင့်ရဲ့ အစွန်းအဖျားကို ထိတွေ့ထားနိုင်တယ်ဆိုတာလေ”

သူမက မေးလိုက်သည်။ သူမသည် ဝေ့ဝူယင်၏ အမည်ကို တိုက်ရိုက်ခေါ်မိတော့မည့်ဆဲဆဲတွင် လော့နင်၏ စူးစိုက်ကြည့်မှုကို ခံလိုက်ရသဖြင့် အခေါ်အဝေါ်ကို အလျင်အမြန် ပြောင်းလဲလိုက်ရခြင်း ဖြစ်သည်။

မင်ရှုဖုန်းက သင့်တော်သော အခေါ်အဝေါ်အား ပြောင်းလဲ သုံးလိုက်သည်ကို မြင်သောအခါ လော့နင်က စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ...

“အရှင်မင်းကြီးက အဂ္ဂိရတ်တာအိုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး”

ဟု တုံ့ပြန်လိုက်သည်။

“ဒါပေမဲ့... သူက သေမျိုးတစ်ယောက်ပဲ မဟုတ်ဘူးလား”

အခြားသူများ မသိသော်လည်း မင်ရှုဖုန်းမှာမူ လောက အဂ္ဂိရတ် ရှန့်ထိုနှင့် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို ဖြစ်ရန် မည်မျှ ခက်ခဲကြောင်းနှင့် လျှို့ဝှက်ချက်များကိုပါ နားလည်ထားသည်။ ထို့အပြင် ဝေ့ဝူယင်သည် လျှို့ဝှက် ခြေချခြင်း မပြုလုပ်ရသေးသည်မှာ သေချာလှသည်။ အကယ်၍ ပြုလုပ်ခဲ့ပါက သူတို့ ခံစားမိမည် မဟုတ်ပါလား။

“ဒါဆိုလည်း ဘာဖြစ်လဲ... ရှင့်ရဲ့ အသိဉာဏ်နည်းတဲ့ စံနှုန်းတွေနဲ့ အရှင်မင်းကြီးကို လာပြီး မတိုင်းတာပါနဲ့်

လော့နင်က ပြန်လည် ပက်ခနဲ ပြောလိုက်သည်။

“...”

မင်ရှုဖုန်း ဆွံ့အသွားရ၏။

လျူစုယင်ကတော့ သူမ၏ လည်ပတ်ကို အသာအယာ ပွတ်သပ်ရင်း မျက်နှာပြင်ထက်မှ မြင်ကွင်းကို စိုက်ကြည့်နေမိသည်။

သာမန်လူတို့ စိတ်ကူးမယဉ်နိုင်သည့် အာဏာနှင့် စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက်အရှင်ကြီးများက ကလေးငယ်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်နေကြခြင်း...

ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ခဲလှသည်။ ပုံမှန်ဆိုလျှင် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး သွေးမြေကျကြမည်မှာ အသေအချာပင်။

သို့သော်လည်း... ယခုမူ သူတို့သည် ပထမဆုံး တိုက်ခိုက်မှုကို စတင်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။ ဖခင်ဖြစ်သူ၏ ရှေ့မှောက်တွင် မနာခံသော သားသမီးများအဖြစ် အမြင်မခံချင်ကြသဖြင့် ထမရိုက်မိအောင် မနည်း သည်းခံနေရသည့် အလား ဖြစ်နေသည်။

ဤသည်က လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး၏ ဂုဏ်သိက္ခာလော...။ ထာဝရ ဧကရာဇ်မှာ ထိုအဆင့်သို့ ရောက်ရှိပြီးနောက် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်းမှ ထွက်ခွာခွင့်ကို အာဏာပိုင်များက တညီတညွတ်တည်း ကင်းလွတ်ခွင့် ပေးခဲ့ရသည်ဟူသော ပုံပြင်များကို သူမ ကြားဖူးသည်။

ယခုမူ သူမသည် ထိုအစွမ်းထက်လှသော ဂုဏ်သတင်း၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့နေရပြီ ဖြစ်သည်။

ရိုသေမှု...

ကြောက်ရွံ့မှု...

ရိုကျိုးမှု...

ဝေ့ဝူယင် သည်အတိုင်း ရပ်နေရုံမျှဖြင့် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ခရမ်းရောင် အဘိဿဲလ် နယ်မြေကို လက်ဖျားနှင့်ပင် မတို့ဝံ့ကြချေ။

ဝေ့ဝူယင်၏ ပြုံးရွှင်ကာ ပေါ့ပေါ့ပါးပါး နေထိုင်တတ်သည့် အမူအရာမှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။

လျူစုယင်သည် သူမ၏ နှုတ်ခမ်းအောက်ပိုင်းကို အသာအယာ ကိုက်လိုက်မိပြီး ပါးပြင်များမှာလည်း ပန်းရောင်သန်းကာ အတွေးများဖြင့် ရင်ခုန်နေမိတော့၏။

...

“နင်က သူများရဲ့ဟာကို ခိုးတဲ့...”

သွေးရောင်ဓားက မီးခိုးရောင် နှင်းဆီ၏ အတိတ်ကို ပြန်လည် ဖော်ထုတ် ဆဲဆိုနေစဉ်အတွင်းမှာပင်၊ မိုင်ပေါင်း သိန်းချီ ကျယ်ပြန့်သော နေရာတစ်ခုလုံးသို့ အသန့်စင်ဆုံး မြူနှင်းများ ပျံ့လွင့်လာသဖြင့် သူ၏ စကားလုံးများမှာ တစ်ဝက်တစ်ပျက်တွင်ပင် ရပ်တန့် သွားခဲ့သည်။

သူ၏ နှလုံးခုန်သံများမှာ မြန်ဆန်လာပြီး လျှို့ဝှက်ဝိညာဉ်မှာလည်း လောဘတကြီး တုန်ခါလာ၏။ အခြားသူများလည်း ထိုနည်းတူပင်။ သူတို့သည် ဆဲဆိုနေမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည့် လှပလှသော ခုနစ်ရောင်ခြယ် မြူခိုးများကို ကြည့်ကာ မှင်တက်သွားကြသည်။

ထိုမြူခိုးများထဲတွင် မည်သည့် ရန်လိုမှု သို့မဟုတ် အန္တရာယ်ပြုနိုင်စွမ်းမျှ မပါဝင်ချေ။ သို့သော်လည်း... ထိုအငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လွန်းရကား သူတို့၏ ချွေးပေါက်များမှာ အလိုအလျောက် ပွင့်သွားပြီး လျှို့ဝှက်ဝိညာဉ်များမှာလည်း ထူးဆန်းစွာ ဆာလောင်လာကြ၏။ သူတို့သည် ဟင်းလင်းပြင်ထဲတွင် ရှိနေသော်လည်း မသိစိတ်ကပင် ထိုမြူခိုးများကို အားပါးတရ ရှူရှိုက်လိုက်ကြလေသည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အဂ္ဂိရတ် အကြွင်းအကျန်များမှာ အခြေခံအဆင့်မှ စတင်၍ ပြိုကွဲသွားပြီး စွမ်းအင်များနှင့် အာနိသင်များအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုတစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့်ပင် သူတို့၏ သွေးကြောများနှင့် ထျန်းတျန်များမှာ အနည်းငယ် ပိုမို ကျယ်ပြန့်လာပြီး နှစ်ပေါင်း သောင်းချီ၊ သိန်းချီ၍ စုဆောင်းထားသော အညစ်အကြေးများမှာလည်း သန့်စင်သွားသည်။ တစ်ကိုယ်လုံးရှိ ဆဲလ်တိုင်းတွင် တစ်ခါမျှ မခံစားဖူးသော နေသာထိုင်သာရှိမှုကို ခံစားလိုက်ရသည်။

“အာ့...”

မီးခိုးရောင် နှင်းဆီထံမှ ဆွဲဆောင်မှုရှိသည့် ညည်းတွားသံလေး ထွက်ပေါ်လာ၏။ သူမ ရင်သားနှင့် ဝမ်းဗိုက်ကို အသာအယာ ကိုင်လိုက်မိသည်။ သူမ ခံစားနေရသည့် ယင်အရင်းအမြစ် မသက်မသာဖြစ်မှုများနှင့် သေမျိုးများကိုပင် တဒင်္ဂ အတွင်း သေစေနိုင်သည့် နာကျင်မှုများမှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာ ဖြစ်မှုများသာ ကျန်ရစ်ခဲ့သည်။ ၎င်းမှာ နတ်ဘုရားတို့၏ နှိပ်နယ်မှုကို ခံယူလိုက်ရသလိုပင်။

“အား... အမလေး...”

သူမ ယခင်ထက် ပိုမို ကျယ်လောင်စွာ ညည်းတွားလိုက်ပြန်သည်။ ထိုအချိန်တွင်ပင်... ရေလှိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ နူးညံ့သော တုန်ခါမှုတစ်ခုက သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသည်။ သူတို့၏ အာရုံအားလုံးမှာ အဂ္ဂိရတ် ကြယ်တာရာများ တောက်ပနေသည့် ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားကြသည်။ သူက စက္ကူအိတ်ကို သိမ်းဆည်းလိုက်ပြီး မီးခိုးရောင် နှင်းဆီ၏ ညည်းတွားသံများကို လျစ်လျူရှုကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ခင်ဗျားတို့ရဲ့ အငြင်းပွားမှုတွေကို ဆက်ပြီး နားထောင်ချင်ပေမဲ့ ကျွန်တော့်အနေနဲ့ ကြားဖြတ် ပြောရတော့မယ် ထင်တယ်”

ရုတ်ချည်းပင် အသန့်စင်ဆုံး မြူနှင်းများမှာ လျင်မြန်စွာ ပြန်လည် ဆုတ်ခွာသွားပြီး ဝေ့ဝူယင်၏ အင်္ကျီ လက်အိုးများနှင့် ပါးစပ်ထဲသို့ ပြန်လည် စီးဝင်သွားတော့သည်။

ထိုခံစားချက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်အရှင် လေးပါး၏ လျှို့ဝှက်ဝိညာဉ်များမှာ ပြန်လည်၍ မသက်မသာ ဖြစ်သွားကြရသည်။

မီးခိုးရောင် နှင်းဆီသည် သွားများကို တင်းတင်းစေ့ထားလိုက်သည်။ နာကျင်မှုများမှာ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ နေရာလပ် မကျန် ပြန်လည် ရောက်ရှိလာပြီး ဝိညာဉ်ထဲအထိ စူးဝင်လာသောကြောင့် ညည်းတွားသံကို အတင်းအကြပ် ထိန်းထားရသည်။

သူမသည် ဝေ့ဝူယင်ကို ခဏမျှ ဒေါသတကြီး ကြည့်လိုက်မိသော်လည်း ချက်ချင်းပင် အကြည့်ကို ပြင်လိုက်ကာ ချိုသာစွာ ပြန်လည် ပြုံးလိုက်၏။

သွေးရောင်ဓားမှာမူ အခြား လျှို့ဝှက် အရှင် နှစ်ဦး၏ စိတ်ထဲတွင် ရှိနေမည့် စကားလုံးများအား အော်ဟစ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရသည်။

နတ်မိမယ် တိတ်ဆိတ်ခြင်းနှင့် ခရမ်းရောင် ပင်လယ်တို့မှာမူ မီးခိုးရောင် နှင်းဆီကို ဂရုမစိုက်တော့ဘဲ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က သူတို့ ဂလက်ဆီသို့ ဆင်းသက်လာခဲ့သည့် ဤလူသား လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်ကိုသာ အာရုံစိုက်လိုက်ကြသည်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်... ကျွန်တော် အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို လာတာက ကျွန်တော့်ရဲ့ ဇနီးတွေကို ပြင်ပကမ္ဘာရဲ့ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းသစ်တွေနဲ့ မိတ်ဆက်ပေးဖို့နဲ့ လေ့လာရေး ခရီးထွက်ဖို့ ဖြစ်ပါတယ်... သူတို့က အတွေ့အကြုံ နည်းသေးတော့ အကုန် လိုက်ပြပေးချင်လို့ပါ”

“လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်ကတော့ ကျွန်တော်တို့ကို ခရမ်းရောင် အဘိဿဲလ် နယ်မြေအနှံ့ လိုက်ပြပြီး အပြစ်ပြောစရာ မရှိအောင် ဧည့်ခံပေးခဲ့ပါတယ်”

ဝေ့ဝူယင်က ခရမ်းရောင် ပင်လယ်ကို တစ်ချက် ကြည့်လိုက်ရာ သူမသည် စိတ်အားထက်သန်စွာဖြင့် သူ့ကို ပြုံးပြလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို လာရတဲ့ အဓိက ရည်ရွယ်ချက် နှစ်ခု ရှိပါတယ်”

***

All Chapters