အခန်း (၁၉၁၄)
Vol. 137 Ch. 1914
အပိုင်း(၁၉၁၄)
“ရည်ရွယ်ချက်...”
သွေးရောင်ဓား၊ နတ်မိမယ် တိတ်ဆိတ်ခြင်းနှင့် မီးခိုးရောင် နှင်းဆီတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့ အားလုံးသည် အန္တရာယ်ရှိသော ခံစားချက်ကို ရရှိထားကြသူများ ဖြစ်သဖြင့် အစောပိုင်းက အပြန်အလှန် ဆဲဆိုနေကြသည်မှာ ‘ခရမ်းရောင် ပင်လယ်က လောကရှန့်ထို၏ အကူအညီဖြင့် အစစ်အမှန် သူတော်စင် အဆင့်သို့ တက်လှမ်းကာ ဂလက်ဆီကို တစ်ဦးတည်း အုပ်ချုပ်တော့မည်’ ဟူသော ယူဆချက်ကြောင့် ဖြစ်သည်။
သို့သော် ယခုမူ... ဝေ့ဝူယင်ကိုယ်တိုင်က ‘ရည်ရွယ်ချက်’ ဟု ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။
အကယ်၍ ဝေ့ဝူယင်သာ စစ်ပွဲဆင်နွှဲပြီး သူတို့၏ ဂလက်ဆီကို သိမ်းပိုက်ရန် ကြံစည်နေပါက မည်သို့လုပ်မည်နည်း။
ထိုသို့ဖြစ်နိုင်ခြေရှိသော်လည်း သူတို့ထဲမှ မည်သူမျှ မိုက်မဲသော အပြုအမူမျိုး မလုပ်ဝံ့ကြချေ။ အကြောင်းကား ဝေ့ဝူယင်သည် သူတို့၏ ကျင့်ကြံခြင်း အခြေခံကို အသေအချာ သိရှိထားလေရာ သူတို့ကို နှိမ်နင်းနိုင်မည့် နည်းလမ်းများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ယခုမူ သူတို့သည် ဟင်းလင်းပြင်ထဲတွင် ပေါ်တင်ရှိနေကြရာ အကယ်၍ အစစ်အမှန် သူတော်စင် တစ်ဦးကသာ လှုပ်ရှားလိုက်ပါက ခရမ်းရောင် ပင်လယ်မှလွဲ၍ ကျန်သူများမှာ ချက်ချင်း ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။
"ဒီရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာ မေးလို့ရမလားရှင်... ကျွန်မတို့ဘက်က ဘာတွေ ကူညီပေးနိုင်မလဲ"
နတ်မိမယ် တိတ်ဆိတ်ခြင်းက အခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်ရန် ရှေ့ဦးစွာ မေးမြန်းလိုက်သည်။
"ခင်ဗျား တစ်ယောက်တည်းတင် မဟုတ်ဘူး... ခင်ဗျားတို့ အားလုံးက ဒီရည်ရွယ်ချက် နှစ်ခုလုံးအတွက် ကူညီပေးနိုင်ပါတယ်"
ဝေ့ဝူယင်က ပြောလိုက်ရာ သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အဂ္ဂိရတ် ပညာရှင်တစ်ဦးက နယ်မြေသိမ်းပိုက်ရန် ကြိုးစားခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ အဂ္ဂိရတ်တာအိုကို လေ့လာလိုက်စားခြင်းသည်ပင် အချိန်ကုန်၍ ခက်ခဲလှသဖြင့် နယ်မြေပိုင်ဆိုင်လိုပါက အုပ်ချုပ်သူများကပင် ရိုသေသမှုဖြင့် လက်ဆောင်အဖြစ် ပေးအပ်လေ့ ရှိကြသည်။
ထာဝရ ကြယ်ကွင်းပြင်မှာ ထိုသို့သော ဥပမာတစ်ခု ဖြစ်သည်။
ထို့ကြောင့်ပင်... ဝေ့ဝူယင်က သူတို့အားလုံး ကူညီနိုင်သည်ဟု ပြောသောအခါ သူတို့ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြသည်။
"ကျွန်တော့်ရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ 'ဂလက်ဆီ အဆင့် လေလံပွဲ' တစ်ခု ကျင်းပဖို့ပါပဲ"
ဝေ့ဝူယင်၏ ပထမဆုံး ရည်ရွယ်ချက်ကြောင့် လျှို့ဝှက် အရှင် အားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြသည်။
ဂလက်ဆီ အဆင့် လေလံပွဲ...
"ကျွန်တော့်မှာ ပိုလျှံနေတဲ့ အဆင့် (၇) ကနေ လျှို့ဝှက်မြေကြီးအဆင့်အထိ ပစ္စည်းတွေကို သတ်မှတ်နှုန်းထားနဲ့ ရောင်းချပေးမှာ ဖြစ်သလို... ကျွန်တော့်ရဲ့ အဂ္ဂိရတ်မျိုးဆက်မှာ အဖိုးတန်ဆုံးဖြစ်တဲ့ လျှို့ဝှက်လောက အဆင့် ထုတ်ကုန်အချို့ကိုလည်း လေလံတင်ပေးမှာပါ... အပြန်အလှန် အနေနဲ့ကတော့ ဒီဂလက်ဆီမှာပဲ ရှိတဲ့ ဒါမှမဟုတ် အလွန်ရှားပါးတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကျွန်တော် လိုချင်ပါတယ်... ဒါမှ ကျွန်တော် ထပ်ပြီး သုတေသန လုပ်နိုင်မှာပါ”
“နောက်ထပ် တစ်ခုကတော့ အဘိဿဲလ် လူမျိုးတွေရဲ့ 'လောက ရှန့်ထို' အဆင့် အဂ္ဂိရတ် မျိုးဆက်ပညာရပ် သုံးခုစလုံးနဲ့ ထူးခြားတဲ့ မြေကြီး အဂ္ဂိရတ် မျိုးဆက်တွေကို အပြည့်အစုံ ဝယ်ယူချင်ပါတယ်... အဘိဿဲလ် လူမျိုးတွေရဲ့ ကျင့်ကြံခြင်း အနက်ရှိုင်းဆုံးနေရာတွေကို သိသွားပြီးနောက်မှာ သူတို့ရဲ့ ဖော်စပ်နည်းတွေကို ကျွန်တော် စိတ်ဝင်စားသွားလို့ပါ..."
ဝေ့ဝူယင်က ပြုံးလျက် ပြောလိုက်သည်။
"..."
လျှို့ဝှက်အရှင် လေးဦးစလုံး တိတ်ဆိတ်သွားကြ၏။
"အကယ်၍ ကံကောင်းရင် လေလံပွဲမှာ ထည့်ဖို့အတွက် အဲဒီ လျှို့ဝှက်လောက အဆင့် ထုတ်ကုန်တွေကိုတောင် ကျွန်တော် ကိုယ်တိုင် ဖော်စပ်ပေးနိုင်ပါတယ်"
ဝေ့ဝူယင်က ထပ်လောင်း ပြောကြားလိုက်ပြန်သည်။
"..."
လျှို့ဝှက်အရှင် လေးဦးစလုံး ထပ်မံ၍ ဆွံ့အသွားကြပြန်၏။ သူတို့၏ အမြင်တွင် လောကရှန့်ထို အဆင့် အဂ္ဂိရတ် မျိုးဆက် ပညာရပ်များမှာ တန်ဖိုးရှိသော်လည်း အောင်မြင်အောင် ဖော်စပ်နိုင်သူ အလွန်နည်းလှသဖြင့် ၎င်းတို့ကို ပေးအပ်ရန် ဝန်မလေးကြချေ။
"ဒုတိယ ရည်ရွယ်ချက်ကိုရော မေးလို့ရမလားရှင်"
မီးခိုးရောင် နှင်းဆီက တိုးတိုးလေး မေးလိုက်သည်။
"ဒုတိယ ရည်ရွယ်ချက်လား... ဟုတ်သားပဲ"
ဝေ့ဝူယင်က ရယ်မောရင်း အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အလယ်ဗဟိုဖြစ်သော 'အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသ' ဆီသို့ လှည့်ကြည့်လိုက်သည်။
"ခင်ဗျားတို့ထဲက တချို့ဟာ ဂလက်ဆီရဲ့ အလယ်ဗဟိုကို ရောက်ဖူးပြီး ကံကောင်းခြင်းတွေ ရရှိခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါကြောင့် ခင်ဗျားတို့ လေးဦးစလုံးကို ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတွေအတွက် လမ်းပြအဖြစ်ရော၊ အစောင့်အရှောက်အဖြစ်ရော ငှားရမ်းချင်ပါတယ်... အဲဒီနေရာကို လေ့လာစူးစမ်းတဲ့အခါ ကျွမ်းကျင်တဲ့သူတွေ ပါတာ အကောင်းဆုံးပဲ မဟုတ်လား"
"..."
လျှို့ဝှက် အရှင် လေးဦးစလုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွား၏။
ဂလက်ဆီ၏ အလယ်ဗဟို....
သွေးရောင်ဓား၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး အလွန်ပင် ကြီးမားလှသည့် အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသဆီသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက သူမ၏ ပုလွေကို တင်းတင်းဆုပ်ကိုင်လိုက်၏။
"ကျွန်မကတော့ အဲဒီကို သွားဖို့ အကြံမပေးချင်ဘူး လောကရှန့်ထို အာရုဏ်ဦး... အဖြူရောင် အဘိဿဲလ်ရဲ့ အန္တရာယ်တွေက တကယ့်ကို ကြောက်စရာကောင်းသလို ခန့်မှန်းရလည်း ခက်ပါတယ်"
"ကျွန်တော် သိပါတယ်... ဒါကြောင့်လည်း ခင်ဗျားတို့ရဲ့ လမ်းညွှန်မှုကို လိုချင်တာပေါ့... အထူးသဖြင့် လျှို့ဝှက်အရှင် နတ်မိမယ် တိတ်ဆိတ်ခြင်းရဲ့ အကူအညီကိုပေါ့လေ"
ဝေ့ဝူယင်သည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အလယ်ဗဟိုသို့ သွားရန် သူ၏ ဆန္ဒကို အခိုင်အမာ ဖော်ပြလိုက်သည်။ သူ၏ အကြည့်ကို ကြည့်ခြင်းအားဖြင့် ငြင်းပယ်ခြင်းကို လက်ခံမည့်ပုံ မပေါ်ချေ။
‘ဒါတွေ အားလုံးက သူ့ရဲ့ ဇနီးသည်တွေ အတွက် ဗဟုသုတ ရှာပေးဖို့ သက်သက်လား...’
သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သက်ပြင်းတစ်ချက် ချလိုက်ကြသည်။
"ကျွန်မ လိုက်ပို့ပါ့မယ်..."
မီးခိုးရောင် နှင်းဆီက ရုတ်တရက် ကြေညာလိုက်၏။ ဤသည်မှာ လောကရှန့်ထို တစ်ဦး၏ ငှားရမ်းခြင်းကို ခံရပြီး မျက်နှာသာ ပိုမိုရရှိနိုင်မည့် အခွင့်အရေး ဖြစ်သည်။ ဝေ့ဝူယင်၏ အသန့်စင်ဆုံး မြူနှင်းများကြောင့် ရရှိခဲ့သော သက်သောင့်သက်သာဖြစ်မှုမှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး ထိုခံစားချက်ကို ထပ်မံ လိုလားနေမိသည်။
ကျန်ရှိနေသော သူများ၏ မျက်လုံးများလည်း ဝင်းလက်သွားကြသည်။
သွေးရောင်ဓားက...
"လောက ရှန့်ထို အာရုဏ်ဦးက တားမရလို့ သွားချင်တယ်ဆိုရင်တော့ ကျွန်တော် တစ်ခါ ရောက်ဖူးတဲ့ နေရာအထိ လိုက်ပို့ပေးနိုင်ပါတယ်... ကျွန်တော့်ရဲ့ ဓားရှိနေသရွေ့ ခင်ဗျားကို ဘယ်အန္တရာယ်မှ မထိခိုက်စေရဘူး"
ခရမ်းရောင် ပင်လယ်ကလည်း...
"ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်... ဒါပေမဲ့ အဘိဿဲလ် လူမျိုးတွေရဲ့ လျှို့ဝှက်အရှင်တွေ ပါလာမယ်ဆိုရင်တော့ ကျွန်မတို့ ကံကောင်းခြင်းတွေ ရှာတွေ့ပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ..."
နတ်မိမယ် တိတ်ဆိတ်ခြင်းကလည်း...
"ကျွန်မလည်း ပူးပေါင်းပါ့မယ်... ဒါပေမဲ့ ထပ်ပြီး သတိပေးပါရစေ၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီရဲ့ အလယ်ဗဟိုက တကယ့်ကို အန္တရာယ်များပါတယ်"
"ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ... ဂလက်ဆီ လေလံပွဲကိုတော့ ခင်ဗျားတို့ရဲ့ လက်ထဲမှာ စိတ်ချလက်ချ အပ်လိုက်မယ်... အကယ်၍ ကျွန်တော် ခုနက ပြောတဲ့ မျိုးဆက် ပညာရပ်တွေကို ကြိုရခဲ့ရင် ကံကောင်းခဲ့မယ် ဆိုရင်ပေါ့လေ... အဲဒီထဲက ပစ္စည်းအချို့ကိုတောင် ကျွန်တော် ဖော်စပ်နိုင်ဦးမှာပါ"
ဝေ့ဝူယင်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တစ်ချက် တီးလိုက်လေတော့သည်။
***