အခန်း (၁၉၁၇)
Vol. 137 Ch. 1917
အပိုင်း(၁၉၁၇)
ဝေ့ဝူယင်က ဝိုင်ခွက်ကို ကိုင်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လော့နင်ဆီသို့ လျှောက်သွားလိုက်သည်။ တစ်ချိန်က ခြောက်သွေ့သေဆုံးလုနီးပါး ဖြစ်ခဲ့သော လော့နင်၏ ခန္ဓာကိုယ်သည် ယခုအခါ ငယ်ရွယ်နုပျိုမှု၊ စွမ်းအားနှင့် အလားအလာသစ်များဖြင့် ပြန်လည်ရှင်သန်နေပြီ ဖြစ်သည်။ သူက ဝိုင်ခွက်ကို သူမ၏ ရင်ဘတ်နားသို့ ကပ်ပေးလိုက်၏။
“သောက်လိုက်ပါဦး”
“...”
လော့နင် ခေါင်းပို မော့ကြည့်လိုက်ရာ ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများထဲတွင် ချက်ချင်းပင် နစ်မျောသွားသော်လည်း နှလုံးခုန်သံ မြန်လာရမည့်အစား တည်ငြိမ်သွားသည်။ သူမသည် မငြင်းပယ်ဝံ့ပဲ ဝိုင်ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သောက်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှာ ကောင်းကင်ဘုံက ရက်လုပ်ထားသည့် ပိုးထည်များဖြင့် ပတ်ထားသကဲ့သို့ လန်းဆန်းသော ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။
ချက်ချင်းပင် သူမ၏ ကျင့်ကြံခြင်း အခြေခံ၊ စွမ်းအင် သွေးကြောများ၊ အသိစိတ်ပင်လယ်နှင့် ဆဲလ်များအားလုံး အခြေခံအဆင့်မှ မြင့်တက်လာသည်ဟု ခံစားရသည်။ သူမ အငမ်းမရ ဆက်သောက်လိုက်ရာ သူမ၏ ထျန်းတျန်မှ နှလုံးသားဆီသို့ ပူနွေးသည့် အရှိန်အဝါတစ်ခု မြင့်တက်လာ၏။ လော့နင် တစ်ယောက် ချက်ချင်းပင် ယစ်မူးသွားတော့သည်။
ဝေ့ဝူယင်သည် သူမ၏ နှုတ်ခမ်းမှ ခွက်ကို ပြန်ယူလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ကျင့်ကြံတော့”
လော့နင်မှာ စိတ်လွတ်နေသူတစ်ဦးကဲ့သို့ မသိစိတ် အတွင်း လှုပ်ရှားလိုက်သည်။ သူမသည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး ပုံမှန်ထက် ၁၂၀ ရာခိုင်နှုန်း ပိုမိုအားစိုက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူမ၏ အော်ရာမှာ စက္ကန့်နှင့်အမျှ မြင့်တက်လာနေ၏။
ဤဝိုင်မှာ သာမန် 'လျှို့ဝှက်လောက' အဆင့်နိမ့် ဆေးရည်တစ်ခုနှင့် ညီမျှသဖြင့် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသည့် လော့နင်အတွက်မူ အကျိုးကျေးဇူးမှာ မယုံနိုင်လောက်အောင် ကောင်းမွန်လှပေသည်။
ဝေ့ဝူယင်သည် သူမကို စက္ကန့်အနည်းငယ်မျှ စောင့်ကြည့်နေပြီးနောက် ဝိုင်မှရရှိသော အကျိုးကျေးဇူးအားလုံးကို ချေဖျက်နိုင်စေရန် အဂ္ဂိရတ် ကြယ်တာရာစွမ်းအား ကို အသုံးပြု၍ ကူညီပေးလိုက်သည်။ ထို့နောက် သူမအတွက် အကာအကွယ် အစီအရင်တစ်ခု ချထားပေးခဲ့ပြီး လူသားအများစု နေထိုင်ရာ စည်ကားလှသော မြို့ကြီးကို အပေါ်စီးမှ မြင်နေရသည့် ဝရံတာသို့ ထွက်လာခဲ့သည်။
၎င်းမှာ ဟဲလစ်ကမ္ဘာ၏ ကိုးခုမြောက်မြို့တော် သို့မဟုတ် ဗဟို ဟဲလစ်ပင် ဖြစ်သည်။
ဤဒေသသည် အခြားသူများ အထူးသဖြင့် အဘိဿဲလ်လူမျိုးများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အင်အားအကောင်းဆုံး လူသားများ မွေးဖွားရာအရပ် ဖြစ်သည်။
သူ၏ ငွေရောင်မျက်ဝန်းများမှာ တည်ငြိမ်အေးဆေးနေ၏။
"ဟင်းလင်းပြင်ယဇ်ပလ္လင်ဆိုတာ ငါ့ရဲ့ ဂလက်ဆီအဆင့် ဩဇာကို တည်ထောင်ဖို့နဲ့ အလွန်အကျိုးအမြတ်များတဲ့ စီးပွားရေးတစ်ခုကို ဖန်တီးဖို့ပဲ လော့နင်... နောက်ပြီး စစ်ပွဲကလည်း... အဲဒါက..."
အချိန်အတော်ကြာပြီးနောက် ဝေ့ဝူယင်က အပျင်းဆန့်လိုက်၏။ သူ၏ကျင့်ကြံမှုမှာ သေမျိုးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ကြယ်တာရာ ဆင်းတု အခြေအနေ...”
ဝေ့ဝူယင် ကြယ်တာရာ ဝိညာဉ် လေးကောင်ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
"ကလန့်..."
ဘုရင်က စိတ်ပျက်လက်ပျက် အသံဖြင့် ချက်ချင်း ပြန်ဖြေသည်။
"ကြီးတယ်... ကြီးတယ်... အရမ်းကြီးတယ်... ဖီဆန်လေးက အရမ်းကြီးလွန်းနေတယ်..."
အိုရီက ဖီဆန်လေးကို အပြစ်တင်ရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ဝေ့ဝူယင်သည် ဖီဆန်လေး၏ မကျေမနပ် ပြန်လည်တုံ့ပြန်မှုကို ခံစားလိုက်ရ၏။ ၎င်းသည် မိမိ၏ ဝင်ရိုးပေါ်တွင် အနည်းငယ် ပိုမြန်အောင် လည်ပတ်လိုက်ပြီး ထျန်းတျန်ဆီသို့ ဦးတည်ကာ နေရောင်ခြည် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ အိုရီသည် ထိုနေကြယ် အမတေများကို ဝါးမျိုရင်း အနည်းငယ် တုန်ခါသွား၏။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိသည်။ 'ကြယ်တာရာ ဆင်းတု' ဆိုသည်မှာ သေမျိုးနယ်ပယ်၏ ပြီးပြည့်စုံသည့် ကျင့်ကြံခြင်း အုတ်မြစ်များ ပေါင်းစပ်ထားသော ကိုယ်စားပြုမှုဖြစ်သည်။ ယခုအခါ၌ သူ၏ ရုပ်ခန္ဓာမှာ ကြယ်တာရာအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီး၊ သူ၏ ကြယ်တာရာ အမြုတေ များမှာလည်း အရွယ်အစားနှင့် စွမ်းအင် အထွတ်အထိပ်သို့ ရောက်ရှိနေသည့်တိုင်၊ ဧဒင် ၏ အဆိုအရ သူတို့သည် ဝိညာဉ် ရှုထောင့်ကို အပြီးသတ်ရန်အတွက် အရာအားလုံးကို တစ်ခုတည်းအဖြစ် မပေါင်းစပ်နိုင်သေးချေ။
ပြဿနာမှာ အရာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အရာအားလုံးကြောင့် ဖြစ်နေခြင်းပင်...။
သူတို့အားလုံး ပေါင်းစည်းလိုက်ပါက အလွန်အမင်း အားကောင်းလွန်း နေသည်။
ကြယ်တာရာ ဆင်းတုကို အောင်မြင်စွာ ဖန်တီးပြီးမှသာ သူသည် ကျင့်ကြံခြင်း၏ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ အရေးကြီးဆုံးက သူသည် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်း နိုင်တော့မည်ဖြစ်သည်။
ဝေ့ဝူယင်သည် ကြယ်တာရာ ဝိညာဉ်များ၏ ကျင့်ကြံမှုကို သူတို့ဘာသာ လွှတ်ထားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အကြံတစ်ခု ရလာသည်။
"ဖီဆန်လေး... မင်း ကိုယ့်ကိုယ်ကိုယ် လေးပိုင်း ခွဲနိုင်မလား..."
"..."
ဖီဆန်လေးမှာ ထူးဆန်းစွာပင် သူ၏ ကြယ်တာရာ ဝိညာဉ်များကဲ့သို့ပင် အသိဉာဏ်ရှိသော ဆန္ဒတစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်တက်ကြွပြီး ကာကွယ်လိုစိတ် ပြင်းပြကာ မိခင်ကောင်းတစ်ဦး၏ နူးညံ့မှုနှင့် ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်မှုကို ပေးစွမ်းနေသည်။ ၎င်းတွင် ‘နေကြယ် ဝိညာဉ်' ပင် ရှိပြီး ၎င်းမှာ သာမန်ကြယ်တာရာ ဝိညာဉ်များထက် များစွာ ပိုမို ဖွံ့ဖြိုးပြီးသား ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဖီဆန်လေးမှာ ဝေခွဲမရ ဖြစ်နေ၏။ ၎င်းသည် ဝေ့ဝူယင် ဘာလိုချင်သည်ကို သိနေ၏။ သူသည် ဝေ့ဝူယင်၏ သိစိတ်ပင်လယ်အတွင်း တည်ရှိနေသဖြင့် သူ၏ စိတ်နှင့် ဝိညာဉ် လှုပ်ရှားမှုတိုင်းကို သိမြင်နေခြင်း ဖြစ်သည်။
သူ့အနေဖြင့် ဖီဆန်ပေါက်စလေးများကို ဖန်တီးနိုင်သော်လည်း ၎င်းမှာ ဝေ့ဝူယင် လိုချင်သည့်အရာနှင့် အနည်းငယ် ကွဲပြားနေသည်။ ဝေ့ဝူယင်က ကောင်းကင် နှလုံးသား ချီကျင့်စဉ်ကို အတုယူကာ ဖီဆန်လေး လေးခု ဖန်တီးရန် စဉ်းစားနေခြင်း ဖြစ်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် ဖီဆန်လေးက "ဖြစ်နိုင်ပါတယ်" ဟူသော လှိုင်းကို ပေးပို့လိုက်သည်။
"သေချာလို့လား"
ဧဒင်က မေးသည်။ ခရာတိုမှာလည်း ထူးဆန်းစွာ စိတ်လှုပ်ရှားနေသဖြင့် ဝေ့ဝူယင်၏ နှလုံးသားမှာ တုန်ခါနေခဲ့၏။ ဝေ့ဝူယင် သံသယဖြင့် စမ်းစစ်ကြည့်လိုက်သည်။
"မင်းတို့ ဒါကို စဉ်းစားထားပြီးသားလား... ဘာဖြစ်လာမလဲဆိုတာ ငါ့ကို ပြောပြဦး..."
အကယ်၍ ဧဒင်နှင့် ခရာတိုတို့က ကြိုတင် စဉ်းစားထားသည်ဆိုလျှင် ၎င်းမှာ သူ မသိသေးသော အစီအစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့သည် အစဉ်အလာကို အံတုသည့် နောက်ထပ် လောင်းကြေးတစ်ခုကို ထပ်မံ ထပ်ချင်နေကြပြီး သူ့ကို သဘောတူအောင် မြူဆွယ်နေကြခြင်း ဖြစ်သည်ဟု သူ မသိစိတ်မှ ခံစားလိုက်ရသည်။
"..."
ခရာတို၏ စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ အကြံအစည်များ ဗူးပေါ်သလို ပေါ်သွားသဖြင့် ဧဒင်၏ စိတ်အခြေအနေမှာ အနည်းငယ် ပျက်စီးသွား၏။
"ကျွန်တော်တို့ အဲဒီအကြောင်း စဉ်းစားဖူးပါတယ်... ကျွန်တော်တို့ရဲ့ အစောပိုင်း 'နေကြယ် အမြုတေ ကြယ်တာရာ ကပ်ဘေး’ အဆင့်တွေကို အတုယူပြီး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ်..."
ချက်ချင်းပင် ဝေ့ဝူယင် သူတို့ ဘာလုပ်ချင်သည်ကို သဘောပေါက်သွားတော့သည်။ အလွန် ရူးသွပ်သော အရာပင်...။
"နောက်ဆက်တွဲ အကျိုးဆက်တွေ... ပွင့်ပွင့်လင်းလင်း ပြော..."
ဝေ့ဝူယင်က ပြင်းပြင်းထန်ထန်ပင် တောင်းဆိုလိုက်သည်။
"ဘာ အကျိုးဆက်လဲ... ဒါက ကောင်းတဲ့အရာပဲလေ... ရား...”
ခရာတိုက ဟိန်းဟောက်ရင်း တက်ကြွစွာဖြင့် ဆိုလိုက်၏။
"ဟုတ်တယ်... ကောင်းတာတွေချည်းပဲ..."
အိုရီကလည်း ဝေ့ဝူယင် ယုံကြည်လာအောင် စိတ်မရှည်စွာ ဝင်ပြောသည်။
"မင်းတို့ အားလုံးလား..."
ထိုအစီအစဉ်တွင် ဧဒင်နှင့် ခရာတိုတို့သာ မကပဲ သူတို့ လေးယောက်လုံး ပါဝင်ပတ်သက်နေကြောင်း ဝေ့ဝူယင် သတိပြလိုက်မိ၏။
မဟုတ်သေး....
ရုတ်တရက်... ဝေ့ဝူယင်သည် ဖီဆန်လေးထံမှ စိတ်လှုပ်ရှားမှုများကို ခံစားလိုက်ရ၏။ ထိုအထဲ၌ ဖုံးကွယ်ထားသော အနည်းငယ် အပြစ်ရှိသလို ခံစားနေရမှုကိုပါ တွေ့လိုက်ရသည်။
"ရှေ့ကိုပဲ သွားမယ်"
ဘုရင်က ခိုင်ခိုင်မာမာ ကြေညာလိုက်သည်။
"..."
ဝေ့ဝူယင်သည် ရူးသွပ်မှု အနည်းငယ် ပါဝင်သော အပြုံးဖြင့် ပြုံးလိုက်၏။
"လုပ်ကြတာပေါ့... သေမျိုးတစ်ယောက်အနေနဲ့ နောက်ဆုံး လောင်းကြေးတစ်ခုပေါ့..."
...
ကောင်းကင်နှလုံးသား ဂလက်ဆီအတွင်း၌ ကောင်းကင်ဘုံ၏ အငွေ့အသက်တစ်ခုမှ တစ်စုံတစ်ခု မွေးဖွားလာခဲ့သည်။
...
[ညာဘက်လက်မောင်း]
ကမ္မတန်ဖိုး .... ၂၁၂,၅၃၀.၅
ပထမကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း ... ၁/၁
တတိယကပ်ဘေး အောင်မြင်ခြင်း ... ၃/၃
စတုတ္ထကပ်ဘေး တားဆီးခြင်း - ၁ နှစ်
[ဘယ်ဘက်လက်မောင်း]
ကမ္မ တန်ဖိုး ... ချိတ်ပိတ်ထားဆဲ၊ သွေးမျိုးဆက် တည်နေရာ - ပေးပို့ပြီး
ပထမကပ်ဘေး ...
***