အခန်း (၁၉၁၈)
Vol. 137 Ch. 1918
အပိုင်း(၁၉၁၈)
"ငါတို့ မနက်ဖြန်ကျရင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီရဲ့ နှလုံးသားဖြစ်တဲ့ အဖြူရောင် အဘိဿဲလ် ဆီကို ထွက်ခွာကြမယ်"
ဝေ့ဝူယင်က ကြေညာလိုက်သည်။ ထိုအချိန်တွင် သူ၏ အလှလေးများသည် သက်သောင့်သက်သာရှိလှသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ကျွမ်းကျင်နူးညံ့သော လက်များရှိသည့် မိန်းမပျိုလေးများ၏ အနှိပ်ကို ခံယူရင်း အပန်းဖြေနေကြသည်။
ယွီစွန်းလီ၏ ဝတ်ရုံမှာ သူမ၏ ခါးတွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားပြီး ဖွံ့ဖြိုးသော ရင်သားအစုံမှာ ဝတ်ရုံအပြင်ဘက်သို့ ထွက်ပေါ်လုနီးပါး ဖြစ်နေသည်။ သူမ၏ ပုခုံးကို နှိပ်ပေးနေသော မိန်းမပျိုလေးမှာမူ အနည်းငယ် ပါးပြင်နီမြန်းလျက် မနာလိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူမသည် အလှအပနှင့် ခန္ဓာကိုယ်ပိုင်းတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု မပျောက်ဆုံးစေဖို့ အတွက် အောက်ဖက်သို့ မကြည့်မိအောင် အစွမ်းကုန် ကြိုးစားနေရ၏။
ချင်းချူမူ၏ သွယ်လျသော ကိုယ်လုံးလေးမှာမူ စားပွဲတစ်ခုပေါ်တွင် မှောက်လျက် လှဲလျောင်းနေပြီး အမျိုးသမီး နှစ်ဦးက သူမ၏ ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ သူမ၏ ရင်ဘတ်မှာ စားပွဲနှင့် ထိကပ်နေ၏။ ဆီတစ်မျိုးကို အသုံးပြုထားသဖြင့် သူမ၏ အသားအရေမှာ ထူးခြားသော အလင်းရောင်ဖြင့် တောက်ပနေသည်။ မိန်းကလေးသည် ဝေ့ဝူယင်၏ စကားကို အာရုံစိုက်နားထောင်ရင်း သူ၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာမူ ပျော့ပျောင်းသော ကုလားထိုင်များတွင် ထိုင်ကာ သစ်သီးဖျော်ရည်များကို ဝါးပိုက်ဖြင့် သောက်နေကြသည်။ သူတို့သည် အလေ့အကျင့်တူသော ညီအစ်မများကဲ့သို့ ရှိနေကြသည်။
"အဲဒီနေရာက အန္တရာယ်များမလား မသိဘူး..."
ယွီစွန်းလီက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ သူမသည် ကြောက်ရွံ့ခြင်း မရှိချေ။ ဝေ့ဝူယင် ရှိနေသရွေ့ မည်သည့် ရုန်းရင်းဆန်ခတ်မှုမဆို လေပြေအေးလေး တိုက်ခတ်သကဲ့သို့သာ သူမ ခံစားရသည်။ ထို့အပြင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များမှ အနုပညာ စိတ်ကူးစိတ်သန်းများစွာ ရရှိခဲ့သဖြင့် သူမသည် နောက်ထပ် စူးစမ်းလိုစိတ်များ ပြင်းပြနေ၏။ စကြဝဠာ၏ အပြောကျယ်လှသော ရှုခင်းများထဲသို့ ထွက်ခွာရမည်ဟူသော အတွေးက သူမ၏ နှလုံးသားကို တဒိတ်ဒိတ် တုန်ခါစေသည်။
"ကျွန်မတို့ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ"
ချောင်စွေ့ဖုန်းက ဖျော်ရည်ကို သောက်ရင်း မေးလိုက်ပြီး လျူစုယင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ တစ်ဖက်တွင်လည်း သူမသည် 'အသက်အကြီးဆုံး ဇနီး' ပီပီ တာဝန်ယူလိုစိတ်ဖြင့် မေးခွန်းထုတ်ကာ အလေးအနက်ထားဟန် ဆောင်နေသည်။ 'အဖြူရောင် အဘိဿဲလ်' ဆိုသည်မှာ အလွန်အမင်း ဘေးအန္တရာယ်များသော နေရာအဖြစ် ကျော်ကြားသော်လည်း၊ ဂလက်ဆီ၏ ထိပ်တန်းကျင့်ကြံသူများကမူ ၎င်းကို ကံကောင်းခြင်းများ ရရှိနိုင်သည့် နေရာအဖြစ် ကိုးကွယ်ကြသည်။ သို့သော်လည်း... ကံကောင်းခြင်း ရသူထက် အသက်ဆုံးရှုံးရသူ အရေအတွက်မှာ ဘီလီယံပေါင်းများစွာ ပိုများကြောင်း သူမ စုံစမ်းသိရှိထားသည်။
သို့သော်လည်း 'အဖြူရောင် အဘိဿဲလ်' ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာသူတိုင်းမှာ တားဆီးမရနိုင်အောင် အရှိန်အဟုန်ဖြင့် တိုးတက်လာကြသည်မှာ အမှန်ပင်။ 'သွေးရောင်ဓား' နှင့် 'ခရမ်းရောင်ပင်လယ်' တို့မှာ အကောင်းဆုံး ဥပမာများ ဖြစ်ကြသည်။ သွေးရောင်ဓားကို အာဏာရှင် ရှန့်ထို လေးဦးထဲတွင် အားအကောင်းဆုံးဟု သတ်မှတ်ကြပြီး၊ ခရမ်းရောင်ပင်လယ်၏ စွမ်းအားများမှာမူ ဆန်းကြယ်ကာ ထူးခြားလှသည်။
ဂြိုဟ်ထက်ရှိ ခရမ်းရောင်ရေများသည် သူမ၏ ကျင့်ကြံမှု၊ ရေ ဥပဒေသ၊ ရေနှလုံးသား ရည်ရွယ်ချက်နှင့် လောက သင်္ကေတများပေါ်တွင် အခြေခံကြောင်း အများစုက သိထားကြသော်လည်း သူမ၏ ရွှေရောင်စွမ်းအားမှာမူ အခုထိ လျှို့ဝှက်ချက် ဖြစ်နေဆဲ ဖြစ်သည်။
အချို့က ၎င်းမှာ ကောင်းကင်ရတနာ အပိုင်းအစတစ်ခုကို သန့်စင်ထားခြင်းကြောင့်ဟု ထင်ကြပြီး၊ အချို့ကမူ အခြားသော ထူးဆန်းသည့် အယူအဆများကို တွေးတောကြသည်။ အမှန်တရားကို သိရန် ခက်ခဲသော်လည်း သူမတွင် ကြီးမားသော ခွန်အားရှိသည်မှာမူ သေချာသည်။
ဝေ့ဝူယင်က သူ၏ ဇနီးသည်များ၏ အလှကို အားပါးတရ ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"ပြင်ဆင်စရာ ရှိတာတွေကို ငါပဲ ကိုင်တွယ်ပါ့မယ်... မင်းတို့ကတော့ တိုက်ခိုက်ဖို့ ဒါမှမဟုတ် ထွက်ပြေးဖို့ပဲ အသင့်ပြင်ထားပါ"
"ထွက်ပြေးဖို့..."
ယွီစွန်းလီက ပြုံးလိုက်၏။ ဝေ့ဝူယင်၏ စကားကို သူမ လုံးဝ မယုံကြည်ချေ။ အာရုဏ်ဦး အာဏာရှင် အင်ပါယာသည် မည်သည့်အရာမှ ထွက်ပြေးဖူးသနည်း။ တစ်ဂလက်ဆီလုံးကို စိုးမိုးထားသော အာဏာရှင် ရှန့်ထို လေးဦးပင်လျှင် သူ့ ရှေ့တွင် ရိုရိုသေသေနှင့် အလေးအနက်ထား ပြောဆိုနေကြသည် မဟုတ်ပါလား။ ဤအတွေးကြောင့် သူမ၏ ဂုဏ်ယူစိတ်များ ပိုမို ကြီးထွားလာခဲ့သည်။
ဝေ့ဝူယင်က သူမကို ထွက်ပြေးရမည့် အခြေအနေအထိ ရောက်အောင် ခွင့်ပြုမည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။ ယွီစွန်းလီတင် မဟုတ်ဘဲ ချောင်စွေ့ဖုန်းပင် ထိုသို့ ယုံကြည်နေခြင်း ဖြစ်သည်။
အန္တရာယ်လား...
အကယ်၍ ဝေ့ဝူယင်က အန္တရာယ်ရှိသည်ဟု ထင်ပါက သူ ပုံမှန် ပျော်ပါးနေသည့် သူမတို့၏ ခန္ဓာကိုယ်များကို ဘေးဒုက္ခ မရောက်စေဖို့ မည်သည့်နည်းနှင့်မျှ ခေါ်သွားမည် မဟုတ်ချေ။ ဤသည်မှာ ဝေ့ဝူယင်အပေါ် သူတို့ ထားရှိသော လွန်ကဲသည့် ယုံကြည်မှုပင် ဖြစ်သည်။
ဝေ့ဝူယင်မှာ မိန်းကလေးများ၏ စိတ်လှုပ်ရှားမှုများကို ခံစားမိသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။ သူ ဝန်ခံရမည့် အချက်တစ်ခုက သူတို့ တွေးသည်မှာ မှန်နေခြင်းပင်။
ဝေ့ဝူယင်သည် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ဖူးသဖြင့် သူ၏ ဇနီးများကို သူ မကိုင်တွယ်နိုင်သည့် အန္တရာယ်များထဲသို့ တိုက်ရိုက် ပို့ဆောင်မည် မဟုတ်ချေ။ သို့သော်လည်း မမျှော်လင့်ထားသော အခြေအနေများ အမြဲ ရှိနေနိုင်သည်။ သို့သော်လည်း... သူ အယုံကြည်ဆုံးသော အချက်မှာ ၎င်းမှာ 'အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသ' ဖြစ်နေခြင်းပင်။
သူ၏ မူလ အာရုဏ်ဦး နန်းတော်မှာ ထိုဒေသမျိုးထဲတွင် ရှိနေသလို၊ သူကိုယ်တိုင်လည်း တစ်ခုကို ဖန်တီးခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူသည် မည်သည့် အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသကိုမျှ မကြောက်ချေ။
မင်ရှုဖုန်းသည်လည်း ဘေးမှ ကြည့်နေ၏။ သူမသည် စုမေ့နှင့်အတူ ရေကန်ငယ်လေးတစ်ခုထဲတွင် ရေကူးနေကြခြင်း ဖြစ်သည်။ သူမတို့ နှစ်ဦးစလုံးသည် ယဉ်ကျေးသော ရေကူးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ရေမျက်နှာပြင်ပေါ်တွင်တော့ ဝိညာဉ်အာရုံဖြင့် ကြည့်မှသာ မြင်နိုင်မည့် မြူခိုးပါးပါးလေးများ ရှိနေ၏။
"အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး..."
စုမေ့က မိန်းကလေးများ၏ အမူအရာများကို ကြည့်ကာ ပြောလိုက်သည်။ ဤ 'ဇနီးသည်' လေးဦးစလုံးသည် ဝေ့ဝူယင်၏ စွမ်းဆောင်ရည်များကြောင့် အလွန်အမင်း ယုံကြည်မှု လွန်ကဲနေကြသည်။ ၎င်းမှာ လျှို့ဝှက်ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်သည်။ သူတို့ ကိုယ်တိုင်လည်း နိုးနိုးကြားကြား ရှိရန် လိုအပ်သည်။
ချောင်စွေ့ဖုန်းက စုမေ့ကို လှည့်ကြည့်၏။
စုမေ့က ရေထဲမှ ဖြည်းညှင်းစွာ ထလာပြီး ကန်ဘောင်ပေါ်တွင် ထိုင်လိုက်သည်။
"အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသဆိုတာ ကောင်းကင်ဘုံနဲ့ လောကစွမ်းအားတွေက စွန့်ပစ်ထားတဲ့ နေရာပဲ... အဲဒီမှာ အလင်း၊ လေနဲ့ နွေးထွေးမှုတွေ မရှိဘူး... ပတ်ဝန်းကျင်ကလည်း အပျက်အစီး မန်နာတွေကြောင့် ဖိအားတွေ တအား ပြင်းထန်တယ်... ကောင်းကင်ဘုံက အဲဒီနေရာကို စွန့်ပစ်လိုက်ပြီး စွမ်းအင်နဲ့ အမတေ ပုံစံအားလုံးကို ဖယ်ရှားပစ်လိုက်တယ်လို့ ဆိုကြတယ်"
ချင်းချူမူ၏ မြစိမ်းရောင် မျက်ဝန်းများက ဝင်းလက်သွား၏။
"ဒါက အဓိပ္ပာယ် မရှိဘူးလေ... စွမ်းအင်နဲ့ အမတေတွေ မရှိတော့ဘူးဆိုရင် အမြဲတမ်း ရှိနေတတ်တဲ့ အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအင်တွေကော ဘယ်လိုဖြစ်မလေ... ပြီးတော့ အဖြူရောင် အဘိဿဲလ်ကနေ ထွက်ပေါ်လာတဲ့ ဆန်းကြယ်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့ ရတနာတွေအကြောင်းလည်း ခဏခဏ ကြားနေရတာပဲ... အဲဒီနေရာက ကောင်းကင်ဘုံရဲ့ စွန့်ပစ်ခြင်းကို ခံထားရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဒီဂလက်ဆီရဲ့ အာဏာရှင်တွေတောင်မှ သူတို့ရဲ့ အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသက ဘာကြောင့် ဒီလို ဖြစ်နေရသလဲဆိုတာကို နားမလည်ကြဘူး... အဲဒါကြောင့်ပဲ အဲဒီနေရာက ပိုပြီး အန္တရာယ်များပြီး ခန့်မှန်းရ ခက်ခဲနေတာပေါ့... ငါတို့ သိထားတဲ့ အကြွင်းမဲ့ ဟင်းလင်းပြင် အကြောင်းတွေဟာ လက်တွေ့မှာ ရှိနေတဲ့ အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်တယ်"
မင်ရှုဖုန်းက သူမ၏ အတွေးများကို ပြောပြလိုက်သည်။ သူမသည် ထိုနေရာနှင့် ပတ်သက်၍ နိမိတ်ဖတ်ဖို့ ကြိုးစားခဲ့သော်လည်း 'အဖြူရောင် အဘိဿဲလ်သည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အကြီးမားဆုံးသော ရတနာဖြစ်သည်' ဟူသော အချက်မှလွဲ၍ မည်သည့် ရှေ့နောက်ညီညွတ်သော အချက်ကိုမျှ မရရှိခဲ့ချေ။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ စုမေ့၊ ချင်းချူမူနှင့် မင်ရှုဖုန်းတို့ ပြောသည်မှာ တစ်ဦးချင်းစီ မှန်ပေသည်။ အတိတ်ကာလမှာတုန်းက မိမိဘာသာ အကြွင်းမဲ့ ဟင်းလင်းပြင်ကို ဖန်တီးပြီးနောက်တွင် သူသည် ဤဆန့်ကျင်ဘက် ဖြစ်ရပ်များကြောင့် ဇဝေဇဝါ ဖြစ်ခဲ့ရသည်။
ထိုစဉ် အိုရီက ဤသို့ ပြောပြခဲ့ဖူးသည်။
"အဲဒီနေရာမှာ အရေးကြီးတဲ့ ဥပဒေသတွေ မရှိဘူးလို့ ငါ ထင်တယ်... အဲဒါကြောင့်ပဲ ကျင့်ကြံခြင်း လမ်းစဉ်ကို အထောက်အပံ့ မပေးနိုင်တာ... ဒါပေမဲ့... ကောင်းကင်ဘုံကတော့ အဲဒီမှာ ရှိနေတုန်းပဲ၊ ထွက်မသွားသေးဘူး"
အိုရီက ၎င်း၏ မူလ ဥပဒေသကတော့ ဝေ့ဝူယင် ဖန်တီးထားသော အကြွင်းမဲ့ ဟင်းလင်းပြင်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့ဖူးသည်။ ထိုအချက်က ဘာကို ဆိုလိုသနည်း။ ကျင့်ကြံခြင်း လမ်းစဉ်မှာ ပြတ်တောက်နေသော်လည်း၊ အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသများတွင် ကောင်းကင်ဘုံ၊ ဥပဒေသများနှင့် ကမ္ဘာလောက၏ အထောက်အပံ့များ အလွန်နည်းပါးစွာ ရှိနေသေးသည်ဟူသော အချက်ပင် ဖြစ်သည်။
အနည်းဆုံးတော့ အချို့နေရာများတွင် ထိုသို့ ရှိနေတတ်သည်။
အဖြူရောင် အဘိဿဲလ်၏ မူလအစမှာ ယခုအချိန်အထိ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပြီး၊ ၎င်းကို ဖန်တီးထားမှုမှာလည်း ဝေ့ဝူယင် လုပ်ခဲ့သကဲ့သို့ပင် 'အတုအယောင် ဖန်တီးမှု' တစ်ခု ဖြစ်နိုင်ပေသည်။
“အရက်သမားကြီးကိုရော မေးကြည့်ပြီးပြီလား”
ချောင်စွေ့ဖုန်းက မေးလိုက်၏။ သခင်လေးရှန့်သည် ကောင်းချီးခံ ရီအင်ပါယာမှ လာသူဖြစ်သဖြင့် အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသများနှင့် ပတ်သက်သည့် သူ၏ အသိပညာမှာ ပိုမိုနက်နဲသင့်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။
“သူ့ဆီကရတဲ့ အချက်အလက်တွေကလည်း ကျန်တဲ့သူတွေလိုပဲ မပြည့်စုံဘူး... ကောင်းချီးခံ ရီအင်ပါယာနဲ့ တခြားနေရာ တော်တော်များများက အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသတွေကို ရှောင်ကြဉ်ကြတယ်... အဲဒီဒေသတွေမှာ ကန့်သတ်ချက်တွေ ရှိပေမဲ့ လောက ရှန့်ထိုနဲ့ ကောင်းကင် ရှန့်ထိုတွေတောင် ခဏတဖြုတ် အသက်ရှင်နိုင်ကြပါတယ်... ဒါ့အပြင် မင်းတို့အားလုံးကလည်း မူလအဆင့်ကို ရောက်နေကြပြီဆိုတော့ မင်းတို့ရဲ့ မန်နာ ထိန်းချုပ်နိုင်စွမ်းနဲ့ လွှမ်းမိုးမှု ဆိုရင် ပိုပြီး လွတ်လပ်မှု ရှိမှာပါ”
သခင်လေးရှန့်က မည်သည့် အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသမှ တစ်ခုနှင့်တစ်ခု မတူညီကြောင်း ပြောခဲ့သည်။ ၎င်းတို့သည် သဘာဝနှင့် လွန်စွာ ဆန့်ကျင်နေပြီး အသက်ကို နှမြောသည့် အဆင့်မြင့် ကျင့်ကြံသူမျာ် ရှောင်ကြဉ်လေ့ ရှိကြသည်။ အကြောင်းကား ထိုဒေသများတွင် ခန့်မှန်းရခက်သော စွမ်းအားရှင်များနှင့် သတ္တဝါများ နေထိုင်လေ့ ရှိသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့်... ကမ္ဘာဦး သားရဲ ကဲ့သို့ သတ္တဝါများပင်...။
ကမ္ဘာဦး သားရဲများသည် အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသများတွင် နေသားတကျ ရှိကြပြီး ၎င်းတို့အတွက် အထွတ်အမြတ် နယ်မြေများကဲ့သို့ ဖြစ်ကြောင်း ဝေ့ဝူယင် သိထားသည်။
ထိုကဲ့သို့ တွေးမိသော အခါ ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများ ဝင်းလက်သွားသည်။
စုမေ့မှာလည်း ဝေ့ဝူယင်ကို စောင့်ကြည့်နေရင်း မျက်လုံးများ တဖျပ်ဖျပ် တောက်ပသွားခဲ့သည်။ အနည်းငယ်မျှ ဆက်လက် ဆွေးနွေးပြီးနောက် ဝေ့ဝူယင်က ကျန်ရှိနေသော အလုပ်များကို အမြန်လက်စသတ်ရန်နှင့် အီလီစီယမ် အသေးစားတွင် ကျန်သူများနှင့် ဆုံရန် ပြောလိုက်သည်။
လျူစုယင်မှာ ဝေ့ဝူယင်နောက်သို့ လိုက်ရန် ကြိုးစားသော်လည်း ချောင်စွေ့ဖုန်းက တားဆီးလိုက်သည်။
“သူ့မှာ လုပ်စရာတွေ ရှိတယ်... ပြီးတော့ အဲဒီအလုပ်တွေထဲမှာ ငါတို့ မပါဘူး”
လျူစုယင်သည် နှုတ်ခမ်းကို မဲ့လိုက်ကာ ပြန်ထိုင်လိုက်၏။ စုမေ့မူက ဝတ်ရုံတစ်ခုကို ဝတ်ဆင်၍ အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် ဝေ့ဝူယင်၏ ဘေးသို့ ရောက်ရှိလာသည်။
“အရှင်ဝေ့...”
***