လူသားကန့်သတ်ဇုန်
Vol. 31 Ch. 400
တစ်ခဏအလေးအနက်ပြောပြီးနောက် ဂျန်ဖန်းနောက်ဆုံးမှာပြောလိုက်သည်။
"သခင်မလေးယွဲ့, မကြာသေးခင်က မင်းဂိုဏ်းမှာမရှိဘူးမလား..."
"မင်းတို့ဂိုဏ်းချုပ် ငါ့ကိုဖမ်းဖို့ဝရမ်းထုတ်ထားတယ်..."
ယွဲ့မင်ကျူးနှလုံးသား ခုန်ပေါက်သွားပြီး ဤအချက်ကို အခုမှသတိရလိုက်၏။
သူမမျက်နှာနီရဲသွားသည်။
ထိုအချိန်က သူမစိတ်လိုက်မာန်ပါဖြစ်သွားပြီး ဂျန်ဖန်းကိုထိန်းသိမ်းထားချင်ခဲ့ရာ အနည်းငယ်တောင် ဒေါသထွက်ခဲ့၏။
"ဟုတ်လား... နင်ငါတို့ဂိုဏ်းချုပ်ကိုအထင်လွဲနေတာဖြစ်မှာပါ..."
ယွဲ့မင်ကျူး အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။
"သူမက နင်ထင်သလောက်မဆိုးပါဘူး...."
မဆိုးဘူး?....
သူနှင့်ရင်ဆိုင်ဖို့ သူမက ကောင်းကင်တောင်ထွဋ်ပိုးမျှင်တောင် ထုတ်သုံးခဲ့သည်။
ဂျန်ဖန်းစိတ်ထဲမှာရေရွတ်လိုက်သည်။
သို့ပေမယ့် ယွဲ့မင်ကျူးက ရမ္မက်ဂိုဏ်းမှဖြစ်ရာ သူမရှေ့၌ ရမ္မက်ဂိုဏ်းချုပ်မကောင်းကြောင်းပြောဖို့က မသင့်တော်ပေ။
သူက ဝတ်ကျေတမ်းကျေဖြေဖို့သာ တတ်နိုင်၏။
"ဟုတ်မှာပါ...."
"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်, ငါကတော့ ရမ္မက်ဂိုဏ်းကို သွားမှာမဟုတ်ဘူး...."
"ဒါကြောင့် ငါတို့အနာဂတ်မှာတွေ့ဖို့က မလွယ်ဘူး...."
"နှုတ်ဆက်ပါတယ်...."
ဂျန်ဖန်း၏ တဖြည်းဖြည်းထွက်ခွာသွားသည့်နောက်ကျောကိုကြည့်နေရင်း...
ယွဲ့မင်ကျူးမျက်လုံးထဲမှာ ရှုပ်ထွေးသည့်အမူအရာတစ်ခုရှိနေခဲ့သည်။
ဂျန်ဖန်းက ရမ္မက်ဂိုဏ်းကို သွားမည်မဟုတ်ပေ။
ထို့ပြင် သူမလည်း ဂျန်ဖန်းကိုရှာဖို့ တိမ်စိမ်းဂိုဏ်းကို မသွားနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေက သူမ၏အစစ်အမှန်အထောက်အထားကိုသိသောကြောင့်ဖြစ်သည်။
ဂိုဏ်းချုပ်တစ်ယောက်က တပည့်လေးတစ်ယောက်ကိုရှာဖို့ ဘယ်လိုလုပ် မိုင်ထာင်ချီခရီးနှင်နိုင်မည်နည်း။
ထိုအရာက ဂျန်ဖန်းအတွက်မကောင်းပေ။
ထိုအရာကိုနားလည်ပြီး သူမသိလိုက်သည်။
ဂျန်ဖန်းပြောသလိုပင် သူမတို့၏တွေ့ဆုံမှုက ကံကြမ္မာအပေါ်ပဲမှီခိုရမည်ဖြစ်သည်။
ကံမကောင်းလျှင် ဤဘဝ၌ နောက်တစ်ကြိမ်တွေ့ရတော့မည်မဟုတ်ပေ။
အရေးကြီးသည့်တစ်စုံတစ်ယောက်ဆုံးရှုံးသည့်ခံစားချက်က သူမနှလုံးသားထဲမှာ လိမ့်တက်လာခဲ့သည်။
ဂျန်ဖန်းပုံရိပ်လူအုပ်ထဲဝင်ရောက်ပျောက်ကွယ်သွားတော့မည်ကိုကြည့်နေရင်း...
သူမ နှုတ်ခမ်းကို အသာအယာကိုက်ပြီး နောက်မှပြေးလိုက်သွားခဲ့သည်။
"ခဏနေအုန်း...."
ရမ္မက်ဂိုဏ်းက နှလုံးသားကိုကျင့်ကြံသည့်နေရာဖြစ်သည်။
သူတို့၏အမြင့်ဆုံးလိုက်စားမှုက သူတို့ဆန္ဒတွေပြည့်ဝဖို့ဖြစ်သည်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ယွဲ့မင်ကျူးလည်း ချွင်းချက်မဟုတ်ပေ။
"သခင်မလေးယွဲ့မှာ အခြားကိစ္စရှိသေးလို့လား..."
ဂျန်ဖန်း အပြုံးတစ်ခုနှင့်မေးလိုက်သည်။
သူက ဤမိန်းခလေး၏ကြိုတင်ခန့်မှန်းလို့မရသည့်ပုံစံနှင့် အသားကျနေပြီဖြစ်သည်။
ယွဲ့မင်ကျူး ညင်သာစွာနှာမှုတ်လိုက်၏။
"နင်က စီနီယာအမတစ်ယောက်ကို သွားကယ်မလို့မလား..."
"နင် အကူအညီလိုသေးလား, တကယ်အစွမ်းထက်တဲ့အကူအညီမျိုးလေ..."
ဂျန်ဖန်း ကျယ်လောင်စွာရယ်လိုက်၏။
သို့ပေမယ့် သူက ပြတ်ပြတ်သားသားပဲငြင်းဆန်လိုက်သည်။
"ငါ့စီနီယာအမနဲ့ အစွမ်းထက်တပည့်များစွာက အတူတူပျောက်သွားကြတာ။ ဒါကိုကြည့်ချင်းအားဖြင့် သူတို့ကြုံတွေ့ရတဲ့အန္တရာယ်က မသေးဘူးဆိုတာ ပြနေတာပဲ...."
"ငါ့ကိုယ်ငါကာကွယ်နိုင်ဖို့တောင် မသေချာဘူး..."
ယွဲ့မင်ကျူး သူမပါးစပ်ကိုကာလိုက်ပြီး ရယ်လုနီးပါးပင်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမက သူ့အကာအကွယ်လိုမည်လား?...
"စိတ်ချလက်ချနေပါ, ငါတို့အန္တရာယ်နဲ့တွေ့ရင် ဘယ်သူက ဘယ်သူ့ကိုကယ်ရမယ်ဆိုတာ မသေချာပါဘူး...."
သူမက သူမနယ်ပယ်ကိုဖိနှိပ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ အော်ရာကိုထုတ်ပြလိုက်သည်။
ဂျန်ဖန်း သူမအော်ရာကိုခံစားမိပြီး တုန်လှုပ်သွား၏။
"မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ပဲ..."
ယွဲ့မင်ကျူး ဤလောက်ထိအားကောင်းမည်ဟု သူဘယ်တုန်းကမှထင်မထားပေ။
"ဒါထူးဆန်းတယ်, ငါဘာလို့ မင်းနာမည်ကို တစ်ခါမှမကြားဖူးတာလဲ..."
သို့ပေမယ့် အလျှင်အမြန်ပဲ သူနောက်တစ်ကြိမ် ပဟေဠိဖြစ်သွား၏။
ဂိုဏ်းများစွာကိုခရီးသွားပြီးနောက် သူက ဂိုဏ်း ၉ ဂိုဏ်း၏ ထိပ်သီးပါရမီရှင်တွေကို အကြမ်းဖျင်းနာလည်နေပြီဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ တိုင်းက ဂိုဏ်းတစ်ခု၏တပည့်ကြီးတွေဖြစ်သင့်ပြီး အနည်းဆုံး အဆင့် ၂ အဆင့် ၃ လောက်တော့ရှိသည်။
ဤကဲ့သို့လူတစ်ယောက်က ဂိုဏ်း ၉ ဂိုဏ်းမှာ အတော်လေးကျော်ကြားသင့်၏။
သူမကိုတစ်ခါမှမကြားဖူးတာက အဓိပ္ပာယ်မရှိပေ။
ယွဲ့မင်ကျူး တိတ်တဆိတ် လျှာထုတ်လိုက်၏။
"အရူး, သေချာပေါက် နင်မကြားဖူးဘူးပေါ့..."
"ဘာလို့လဲဆိုတော့ ဒီနာမည်က အတုပဲလေ...."
သူမက သာမန်အတိုင်းပြောလိုက်သည်။
"ငါက အမြဲတံခါးပိတ်ကျင့်ကြံနေတာ, အပြင်ကိုထွက်ခဲတယ်...."
"အပြင်ကလူတွေ ငါ့အကြောင်းမကြားဖူးတာ မဆန်းပါဘူး...."
ဂျန်ဖန်း တစ်ခဏစဥ်းစားလိုက်၏။
ဤအရာက နည်းနည်းအတွေးခေါင်သော်လည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။
ဂိုဏ်း ၉ ဂိုဏ်းက ကျယ်ပြောပြီး ဂိုဏ်းတစ်ခု၌ အထူးပါရမီရှိသည့်တပည့် ၁ ယောက် ၂ ယောက်လောက်တိတ်တဆိတ်လေ့ကျင့်ပေးထားတာက မဖြစ်နိုင်တာတော့မဟုတ်ပေ။
"ကောင်ပြီလေ, မင်းကအတင်းလိုက်ချင်နေမှတော့လည်း လိုက်ခဲ့လေ။ ဒါပေမယ့် သတိတော့ထားနော်..."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ က ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လုံလောက်ရုံလောက်ပဲရှိတာ..."
ဂျန်ဖန်း အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။
ယွဲ့မင်ကျူး သူ့ကို အပြစ်တင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်၂က လုံလောက်ရုံပဲ?....
ထိုနေ့ ရမ္မက်ဂိုဏ်းခန်းမ၌ ဂျန်ဖန်း၏အားပြည့်တိုက်ခိုက်မှုက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ပတ်လည်လောက်သာရှိသည်မဟုတ်လား။
"ဟမ့်, လမ်းမှာ ငါနင့်ရဲ့မောက်မာမှုကို ဘယ်လိုရိုက်ချိုးပြမလဲ စောင့်ကြည့်နေလိုက်...."
ဂျန်ဖန်း သူမကို အထင်မသေးဖို့ ကြွားဝါပြဖို့က မလိုအပ်ဟု သူမခံစားမိ၏။
သူတို့က လှည်းတစ်ခုငှားပြီး အလျှင်အမြန်ပဲ ဧရာမဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။
လမ်းတစ်လျှောက်၌ စကားစမြည်ပြောလာခဲကြပြီး ဧရာမဂိုဏ်းမြောက်ဘက်ပိုင်းကို ဦးတည်သွားနေခဲ့သည်။
"ဟေး ဂျန်ဖန်း, နင် တကယ်ပဲ ရမ္မက်ဂိုဏ်းကို ဝင်ဖို့ မစဥ်းစားဘူးလား..."
"မစဥ်းစားဘူး..."
"ရမ္မက်ဂိုဏ်းချုပ်က နင့်အပေါ်မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ သူက နင့်ပါရမီကို သဘောကျရုံပါ။ ငါပြန်ရောက်ရင် သူမကို ဝရမ်းပြန်ရုတ်သိမ်းဖို့ အကြံပြုလိုက်မယ်။ သူမကို ဒေါသမဖြစ်ပါနဲ့ ဟုတ်ပြီလား..."
"နင်က နင့်တို့ဂိုဏ်းချုပ်ကိုတော့ တော်တော်အထင်ကြီးသား။ အမြဲသူ့ကိုကာကွယ်ပေးတယ်နော်။ သူမနဲ့ပတ်သက်ပြီး ဘာကောင်းလို့လဲ...."
"သူမ...သူမက လှတယ်၊အစွမ်းထက်တယ်၊ တက်ကြွပြီးချစ်စရာကောင်းတယ်၊ တစ်ပါးသူကိုကြင်နာတတ်တယ်၊ သစ္စာရှိပြီးဖြောင့်မတ်တယ်၊ ချစ်ခင်တတ်ပြီးပြတ်သားတယ်..."
"နင်ငါ့ကို ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ..."
"တစ်စုံတစ်ယောက် အခြားသူကို ဒီလောက်ထိချီးကျူးနေတာမြင်ဖူးတာ ငါ့အတွက် ဒါပထမဆုံးပဲ။ ပုံမှန်ဆို အဲ့လိုမျိုးက ကိုယ့်ကိုယ်ပဲချီးကျူးကြတာ...."
"နင်...."
"ဒါပေမယ့် တကယ်တော့ ဒီစကားတွေက မင်းနဲ့ပိုလိုက်ဖက်တယ်...."
"အို... ငါက အဲ့လောက်မကောင်းပါဘူး..."
လှည်းဘီးလိမ့်နေပြီး ကျောက်ခဲကျိတ်သံတွေ ထွက်ပေါ်နေခဲ့ကာ လေပြေလေညင်းက လှည်းလိုက်ကာကိုဖြတ်တိုက်နေ၏။
တဖျတ်ဖျတ်လွင့်ပျံနေသည့်လိုက်ကာမှတဆင့် ဆွဲဆောင်မှုရှိသည့်မျက်နှာလေးတစ်ခုကိုမြင်နေရပြီး ရံဖန်ရံခါ ချိုမြိန်မှုတွေ ပေါ်လာတတ်သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
သူတို့ မြောက်ပိုင်းနယ်မြေကို ရောက်လာခဲ့သည်။
ဤအရာက ဧရာမဂိုဏ်း၏ မြောက်ပိုင်းနယ်မြေဖြစ်ပြီ နေရာတိုင်းက နှင်းတွေဖြင့်ဖုံးလွမ်းနေခဲ့သည်။
မြင့်မားသည့်အဖြူရောင်တောင်တန်းကြီးတွေက မြေပြင်နှင့်တစ်သားတည်းဖြစ်နေခဲ့သည်။
ကြည်လင်သည့်ကောင်းကင်ပြာအောက်ရှိ မိုးကောင်းကင်ကိုထိလုမတတ်အကွေ့အကောက်မျဥ်းတွေကြောင့်သာ တောင်တန်းတွေမှန်းခွဲခြားသိမြင်ရတာဖြစ်သည်။
"မိုင်ထောင်ချီနှင်းဖုံးနေပြီး လမ်းတစ်သောင်းချီ လူသူကင်းမဲ့နေတယ်..."
ယွဲ့မင်ကျူး လှည့်ရှေ့မှာထိုင်နေပြီး ပြောလိုက်သည်။
"မြောက်ပိုင်းနယ်မြေကို လူသားကန့်သတ်ဇုန်လို့ခေါ်တာ မဆန်းတော့ပါဘူး.."
"ဒူပေနာပေခံတဲ့နတ်ဆိုးသားရဲတွေကလွဲပြီး အခြားဘယ်သက်ရှိမှ ဒီနေရာမှာ အသက်ရှင်နိုင်မှာမဟုတ်ဘူး...."
ဂျန်ဖန်းလည်း လှည်းပြင်ထွက်လာ၏။
လူသူကင်းမဲ့ပြီး နှင်းတွေဖုံးလွမ်းနေသည့်မြောက်ပိုင်းနယ်မြေကိုကြည့်ပြီး သူမနေနိုင်ပဲ အံ့အားသင့်သွား၏။
မြောက်ပိုင်းနယ်မြေကို လူသားကန့်သတ်ဇုန်ဟု လူတွေအမြဲပြောကြ၏။
ထိုအရာက ချဲ့ကားပြောတာဟု သူအမြဲထင်ထားခဲ့သည်။
သို့ပေမယ့် ယခုတော့ တစ်ချက်ကြည့်ရုံဖြင့်ပင် ပြင်းထန်သည့်ဖိအားကို ခံစားရ၏။
နှင်းတွေသာဖုံးလွမ်းနေသည့်နေရာ၌ လူသားတွေ ဘယ်လိုအသက်ရှင်ရမလဲဆိုတာ တွေးကြည့်ဖို့တောင် ခက်ခဲ၏။
အကန့်သတ်မဲ့နှင်းပြင်ကြီး၏ဆန့်ကျင်ဘက်၌....
မီးခိုးလေးတွေ ထွက်နေပြီး လူတွေ စကားပြောသံတွေနဲ့ စည်ကားနေတဲ့ မြို့လေးတစ်မြို့ဟာ ကျယ်ပြောတဲ့ နှင်းပြင်ကြီးထဲမှာ နှမ်းစေ့လေး တစ်စေ့လို ရှိနေခဲ့သည်။
ယွဲ့မင်ကျူး ရှေ့ကိုညွှန်ပြပြီး ပြောလိုက်သည်။
"အဲ့တာက ငါတို့လူသားမျိုးနွယ်ရဲ့ နောက်ဆုံးစခန်းပဲ...."
"နေဝင်မြို့လို့ခေါ်တယ်..."
"ဒီမြို့ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက နတ်ဆိုးမျိုးနွယ်ကိုခုခံဖို့ တည်ဆောက်ထားတာ..."
"အခုတော့ ဒါက ယာယီစစ်ဆင်ရေးကွပ်ကဲရာမြို့တော်ဖြစ်နေပြီ..."
"လက်ထောက်ခန်းမသခင်တစ်ယောက် ကိုယ်တိုင်လည်း ဒီနေရာမှာရှိတယ်...."
ဤမြို့တော်ခံစားနေရသည့်ကြီးမားသည့်ဖိအားကို ဂျန်ဖန်းခံစားနိုင်၏။
သူတို့ရှေ့၌ အဆုံးမရှိသည့်သားရဲလှိုင်းရှိပြီး နောက်၌ ဂိုဏ်း ၉ ဂိုဏ်းရှိနေခဲ့သည်။
နေဝင်မြို့သာကျသွားလျှင် ဂိုဏ်း ၉ ဂိုဏ်း ယ်မြေ အန္တရာယ်ကျရောက်မည်ပဲဖြစ်သည်။
သူက ခေါင်းညိတ်ပြီးပြောလိုက်သည်။
"မြို့ထဲဝင်ရအောင်။ လိုအပ်တဲ့ပစ္စည်းအချို့နဲ့ စီးစရာမြင်းတွေလဲရမယ်...."
ရှေ့ရှိနှင်းပြင်ကြီးက လှည်းတွေသွားလာဖို့ မသင့်တော်ပေ။
မြင်းစီးသွားလျှင်တောင် သိပ်ပြီးအဆင်ပြေမည်မဟုတ်ပေ။
သူတို့ မြို့ထဲဝင်လိုက်ချိန်မှာပဲ ဂျန်ဖန်း ပြင်းထန်သည့် ပျက်ဆီးခြင်းအငွေ့အသက်ကို ခံစားလိုက်ရသည်။
နေရာအနှံ၌ တည်ကြည်လေးနက်သည့်မျက်နှာနှင့် သိုင်းပညာရှင်တွေကို တွေ့နိုင်ပြီး အများစုက ဒဏ်ရာရနေခဲ့သည်။
သူတို့က စကားအနည်းငယ်သာပြောပြီး အလျှင်အမြန်သွားလာနေကြ၏။
မျက်လုံးတွေထဲ၌လည်း သတ်ဖြတ်လိုသည့်အရိပ်အယောင်တွေရှိနေပြီး မမြင်ရသည့်ဖိအားတစ်ခု ထွက်ပေါ်နေခဲ့သည်။
ဂျန်ဖန်း အသံလေးနက်သွား၏။
"ရှေ့တန်းကတိုက်ပွဲတွေက အတော်လေးပြင်းထန်ပုံရတယ်...."
ယွဲ့မင်ကျူး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်, ဂိုဏ်းအသီးသီးအကြီးအကဲတွေကိုလည်းခေါ်ထားပြီးပြီ။ သူတို့လာတဲ့လမ်းမှာရောက်နေပြီ..."
"ဂိုဏ်းချုပ်အချို့ကိုတောင် အချိန်အတော်ကြာတကည်းက ခေါ်ထားပြီးပြီ..."
ရုတ်တရက်...
သူမ ပုံရိပ်တစ်ခုကို ဖြတ်ကနဲမြင်လိုက်ပြီး ချက်ချင်း လှည်းထဲပြန်ငုံ့ဝင်သွားခဲ့သည်။
ဂျန်ဖန်း ကြောင်သွား၏။
သူမ ဘယ်သူ့ကိုမြင်လိုက်လို့ ဒီလောက်ထိ ပျာယာခတ်သွားသနည်း။