ရှချောင်ကော
Vol. 31 Ch. 401
ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်ရပ်နေပြီး ကျော၌ ၇စင်ကြယ်ဓားကို လွယ်ထားခဲ့သည်။
သူက နဂါးတစ်ကောင်ကဲ့သို့အသွင်အပြင်နှင့် လျှောက်လမ်းလာပြီး ထူးခြားသည့်အော်ရာတွေထုတ်လွတ်နေခဲ့သည်။
သူ့နောက်၌ တပည့်အုပ်စုတစ်ခုရှိနေပြီး ဖြတ်သွားဖြတ်လာတွေ ဘေးဖယ်ပေးလိုက်ကြပြီး လမ်းပိတ်မထားရဲကြပေ။
"မြင့်မြတ်ဂိုဏ်းချုပ်...."
ဂျန်ဖန်း အမူအရာထူးဆန်းသွား၏။
တစ်ယောက်တည်းဖြင့်ဂိုဏ်း ၉ ဂိုဏ်းတိုင်တန်းမှုကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည့် ဤဂိုဏ်းချုပ်ကို သူကောင်းကောင်းမှတ်မိ၏။
သို့ပေမယ့်....
သူက လှည်းဘက်ကိုတစ်ချက်ကြည့်ပြီး သံသယဖြင့်မေးလိုက်သည်။
"မင်းနဲ့ မြင့်မြတ်ဂိုဏ်းချုပ်မှာ မကျေနပ်ချက်တွေရှိလို့လား..."
ယွဲ့မင်ကျူး သူနှင့် ရန်ငြိုးမရှိပေ။
သူမက သူသူမကိုမှတ်မိသွားမှာ ကြောက်နေရုံသာဖြစ်သည်။
"မရှိပါဘူး, ဒါပေမယ့် ငါသူ့ကိုသဘောမကျဘူး..."
ယွဲ့မင်ကျူး လှည်းလိုက်ကာကြားမှချောင်းကြည့်နေပြီး သူတို့အဝေးကိုလျှောက်သွားတာမြင်မှ သက်သာရာရစွာသက်ပြင်းချလိုက်သည်။
သို့ပေမယ့် သူမချက်ချင်းပဲ နောက်တစ်ကြိမ်စိုးရိမ်သွား၏။
"ဒီမြို့မှာ ဂိုဏ်းချုပ်ဘယ်လောက်များများရှိနေမလဲမသိဘူး...."
"တစ်ယောက်နဲပက်ပင်းတိုးရင်ကို ငါရှင်းပြလို့ရတော့မှာမဟုတ်ဘူး..."
"ဒီမြို့က ကြာကြာနေဖို့ မသင့်တော်ဘူး..."
သူမက လှည်းပေါ်မှခုန်ဆင်းပြီး ပြောလိုက်သည်။
"ငါ အစားအစာနဲ့ရေတစ်ချို့သွားပြင်ဆင်လိုက်အုန်းမယ်။ နင်က မြင်းသွားရှာလာခဲ့..."
"ခဏနေရင် ဒီနေရာမှာပြန်တွေ့ကြမယ်...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
သီးခြားလုပ်တာက အချိန်ကုန်သက်သာစေ၏။
ချက်ချင်းပဲ တစ်ယောက်တည်းလှည်းမောင်းကာ လှည်းနှင့်မြင်းဠာနခွဲသို့ သွားလိုက်သည်။
သူ့ကိုအံ့အားသင့်စွာပဲ...
ထိုနေရာ၌ ရောင်ဖို့ မြင်းတွေမရှိတော့ပေ။
သူ့ရည်ရွယ်ချက်ကိုပြောပြလိုက်သည့်အခါ ဠာနခွဲဆိုင်ရှင်က ပြုံးပြီး ပြောလိုက်သည်။
"သခင်လေး, နေဝင်မြို့ကို ရောက်ဖူးတာ ပထမဆုံးအကြိမ်ထင်တယ်..."
"မင်း မြောက်ပိုင်းနယ်မြေကိုဝင်ရောက်ချင်ရင် မြင်းတွေနဲ့သွားလို့မရဘူး...."
"နေဝင်မြို့တော်ကနေ ၁၀ မိုင်လောက်ကျရင် နှင်းထုက လည်ပင်းလောက်ရောက်နေပြီ...."
"ဒေါင့်အကောင်းဆုံးမြင်းတောင် ခေါင်းပဲပေါ်တော့မှာ..."
ဂျန်ဖန်း ကြောင်သွား၏။
မြောက်ပိုင်းနယ်မြေ၏ပတ်ဝန်းကျင်က ထိုမျှလောက်တောင်ကြမ်းတမ်းသည်လား။
ဂျန်ဖန်း လက်ငင်းပေးချေတာမြင်တော့ ဆိုင်ရှင်ပိုလို့တောင်ရှင်းပြချင်သွား၏။။
"မြောက်ပိုင်းနယ်မြေကိုသွားမယ်ဆိုရင် မင်းက ကြီးမားတဲ့စိတ်ဝိညာဥ်သားရဲတွေကို စီးရလိမ့်မယ်....."
"မင်းရဲ့ဂိုဏ်းက ဘာမှပြင်ဆင်မပေးလိုက်ဘူးဆိုရင် ကွပ်ကဲရေးဠာနကိုသွားပြီး တစ်ကောင်ရနိုင်မလားကြည့်ရမှာပဲ...."
ဂိုဏ်း ၉ ဂိုဏ်း၌ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာသာ စိတ်ဝိညာဥ်သားရဲအချို့ရှိ၏။
အခြားဂိုဏ်းတွေအတွက်တော့ သူတို့တပည့်တွေစီးနင်းဖို့ ဘယ်ကရှာပေးရမည်နည်း။
အများစုက ကွပ်ကဲရေးဠာနကို သွားရမည်ဖြစ်သည်။
နေရာမေးပြီး ဆိုင်ပိုင်ရှင်ကို ကျေးဇူးတင်ပြီးနောက် ဂျန်ဖန်း ကွပ်ကဲရေးဠာနကို အလျှင်အမြန်သွားလိုက်သည်။
ကွပ်ကဲရေးဠာနက နေဝင်မြို့အလယ်ဗဟိုမှာရှိ၏။
အဝေးမှတောင် သူက ကြီးမားသည့်အကောင်ကြီးတွေကိုမြင်နေရပြီး အချို့ဆို ၁၀ ဇန်လောက်တောင်မြင့်မား၏။
အားလုံးကထူးဆန်းသည့်သားရဲကြီးတွေဖြစ်ကြပြီး ၆ဇန်လောက်ရှိသည့်ဦးချိုပါမြင်းဖြူကြီး၊ ကောင်းကင်ပေါ်ကိုဟိန်းဟောက်နေသည့် သမင်ပုံသဏ္ဍာန်စိတ်ဝိညာဥ်သားရဲကြီး၊ ကိုယ့်အချင်းချင်းငြင်းခုန်နေသည့် ခေါင်းနှလုံးပါ ကုလားအုပ်ကြီးတွေ အစရှိသဖြင့် ဖြစ်ကြ၏။
ယေဘူယျပြောရလျှင် အားလုံးကကြီးမားပြီး ကျိုးနွံ့ကြ၏။
"ဆရာဦးလေး..."
အံ့အားသင့်နေသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်းအနည်းငယ်ကြောင်သွာ၏။
ဂိုဏ်း ၉ ဂိုဏ်း၌သူ့ကို ထိုကဲ့သို့ခေါ်တာ လူအနည်းငယ်ပဲရှိ၏။
ကြည့်လိုက်သည့်အခါ ရင်သက်ရှူမောဖွယ်ပုံရိပ်တစ်ခု မြင်ကွင်းထဲဝင်ရောက်လာခဲ့သည်။
ထိုအရာက ရှချောင်ကောပင်။
သူမက ရေပုံဏ္ဍာန်အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သေးသွယ်သည့်ခါးလေး၌ အဖြူရောင်ပိုသားခါးစည်းကိုစည်းနှောင်ထားခဲ့သည်။
အနုပညာလက်ရာမြောက်ဘဲဥပုံမျက်နှာလေးနှင့် အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွေ့နေပြီး စိုတောက်နေ၏။
နှာတံမြင့်မြင့်နှင့် နှင်းဆီရောင်နှုတ်ခမ်းလေးကလည်း ဆွဲမက်ဖွယ်ကောင်းလှပြီး သူမဆံနွယ်တွေတစ်လျှောက် လေပြေလေညင်းလေးတွေဖြတ်တိုက်သွားသည့်အခါ လွတ်လပ်ပေါ့ပါးသည့်အလှတရားက ထွက်ပေါ်လာခဲ့သည်။
နေရောင်ခြည်က သူမပုံရိပ်အပေါ်ဖျာကျနေပြီး ဝေဝါးတဲ့ပန်းချီကားတစ်ချပ်လိုပင်။
သူမက ထိုနေရာ၌မတ်တပ်ရပ်နေပြီး အဝေးရှိကောင်ကင်ပြာ၊ နှင်းဖုံးတောင်တန်းတွေနောက်ခံနှင့် ထားဝရပန်းချီကားတစ်ချပ်လိုပင်။
ဂျန်ဖန်း တစ်ခဏမိန်မောသွားပြီး အပြုံးနှင့်ပြောလိုက်သည်။
"မတွေ့ရတာကြာပြီ, တူမလေး...."
ရှချောင်ကော၏ ကြည်လင်အေးချမ်းသည့်မျက်နှာလေးက အံ့အားသင့်မှု၊ပျော်ရွင်မှုတွေနှင့် တောက်ပနေခဲ့သည်။
စူးစမ်းသည့်အကြည့်တွေအောက်မှာပဲ သူမက ဂျန်ဖန်းဆီကိုပြေးသွားလိုက်သည်။
"ဦးလေးဆရာ, နင် စီနီယာအမယန်ကိုဆူဖို့ စာတစ်စောင်ရေးရမယ်...."
"နင် သူမကိုပေးလိုက်တဲ့စာအုပ်လေ, သူမက အဲ့တာကိုရတနာလိုဆက်ဆံနေပြီး ငါ့ကို တစ်ချိန်မှာတစ်ရွက်ပဲဖတ်ခိုင်းတယ်...."
"အရမ်းကပ်စေးနှဲတာပဲ...."
သူမက ဂျန်ဖန်းကိုဝမ်းနည်းသည့်အမူအရာဖြင့်ကြည့်ပြီး ခြေဆောင့်လိုက်၏။
အဓိပ္ပာယ်ကရှင်းလင်းလှ၏။
ဦးလေးဆရာကဘက်လိုက်သည်ဟူ၍ပင်။
ဂျန်ဖန်း အံ့အားသင့်သွား၏။
ဤမိန်းခလေးက တကယ်ပဲ ကလေးဆိုးတစ်ယောက်ကဲ့သို့ပြုမူနေခဲ့သည်။
သူက ထိုအရာကို သိပ်ပြီးရင်မဆိုင်နိုင်တာမို့ အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ဟုတ်ပါပြီ, ဟုတ်ပါပြီ, ငါ့တာဝန်ကနေပြန်ရောက်တဲ့အခါ မင်းကိုလည်း တစ်ခုရေးပေးပါ့မယ်..."
ရှချောင်ကောပြုံးလိုက်ပြီး မျက်လုံးလေးတွေက လခြမ်းသဏ္ဍာန်ကွေးညွှတ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်,ဦးလေး၊ ဦးလေးက ဘက်မလိုက်ဘူးဆိုတာ ကျွန်မသိသားပဲ...."
ဤမြင်ကွင်း....
ပတ်ဝန်းကျင်ရှိတပည့်တွေ အံ့အားသင့်သွားကြ၏။
"ဒါတကယ် ရှချောင်ကောလား...."
"ငါလည်းသိချင်နေတာ။ ရှချောင်ကောက တသီးတခြားနေပြီး အခြားလူတွေနဲ့စကားပြောခဲတယ်လို့ နာမည်ကြီးတယ်မဟုတ်ဘူးလား...."
"ပြီးတော့ သူမက ကလေးတစ်ယောက်လိုပြုမူနေတယ်? ငါမြင်နေတာ မှန်ပါတယ်နော်...."
.....
တစ်လျှောက်လုံး ရှချောင်ကော အခြားလူတွေကိုပေးခဲ့သည့်အထင်အမြင်က တည်ငြိမ်အေးချမ်းပြီး လောကကြီး၏ကိစ္စတွေမှ တသီးတခြားနေတတ်သည်ဟူ၍ပင်။
သူမက ပြုံးတောင်ပြုံးခဲ၏။
ဤသက်ဝင်လှုပ်ရှားပြီး ကလေးဆန်သည့်အမူအရာက လုံးဝကို အခြားလူတွေ သူမအပေါ်ထင်မြင်ချက်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
၎င်းကြောင့်ဆွေးနွေးသံအနည်းငယ်ထွက်ပေါ်လာပြီး အမျိုးသားတပည့်တွေကြား၌ မနာလိုမှုတွေတောင်ဖြစ်နေခဲ့သည်။
"ဂျူနီယာညီမရှ, ဒီဂျူနီယာညီလေးကဘယ်သူများလဲ။ ဘာလို့ သူ့ကို ဦးလေးဆရာလို့ ခေါ်နေတာလဲ...."
ချောမောသည့်ရွှေရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်၊ အနက်ရောင်ဆံပင်က ပခုံးပေါ်ရေတံခွန်ကဲ့သို့ဖျာကျနေပြီး လျှောက်လမ်းလာခဲ့သည်။
သူက သိချင်စွာဖြင့် မေးလိုက်သည်။
ရှချောင်ကော သူ့ကိုကြည့်လိုက်သည့်အခါ သူမမျက်နှာက နဂိုတည်ကြည်မှုကို ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ဒါက ငါ့ဆရာဦးလေးဂျန်လေ.."
ထို့နောက် ဂျန်ဖန်းကိုပြန်ကြည့်လိုက်ရာ သူမျက်လုံးတွေထဲ၌ အပြုံးတွေအပြည့်ပင်။
"ဦလေးဆရာ, နင်လည်း စိတ်ဝိညာဥ်သားရဲရှာနေတာလား...."
"ဦးလေးရဲ့တာဝန်ကျောက်စိမ်းစာလိပ်မှာ အဆင့်ပါလား..."
"ကွပ်ကဲရေးဠာနက တာဝန်ခက်ခဲမှုအလိုက် စိတ်ဝိညာဥ်သားရဲတွေထုတ်ပေးတာ။ တာဝန်ခက်ခဲလေလေ ပိုကောင်းတဲ့စိတ်ဝိညာဥ်သားရဲရလေလေပဲ...."
ဒီတော့ ကိုယ်ကြိုက်တဲ့စိတ်ဝိညာဥ်သားရဲကို ယူလို့မရဘူးပေါ့...
သို့ပေမယ့် သေချာတွေးကြည့်လျှင် စိတ်ဝိညာဥ်သားရဲတွေက ခရီးအတွက်မရှိမဖြစ်လိုအပ်ဖြစ်ပြီး အလွန်လည်းရှားပါး၏။
စည်းမျဥ်းတွေသာမရှိလျှင် သေချာပေါက် အငြင်းပွားမှုတွေနှင့် တိုက်ခိုက်မှုတွေဖြစ်ကုန်မည်ဖြစ်သည်။
တာဝန်ခက်ခဲမှုအရ စိတ်ဝိညာဥ်သားရဲခွဲဝေပေးတာက မည်သူမှ အထွန့်ထက်တော့မည်မဟုတ်ပေ။
"ငါဘယ်သူ့ဆီစာရင်းပေးရမှာလဲ...."
ဂျန်ဖန်း ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
ရှချောင်ကော စိတ်အားထက်သန်စွာပြောလိုက်သည်။
"ကျွန်မ ဦးလေးကိုခေါ်သွားပေးမယ်...."
ရွှေရောင်ဝတ်စုံနှင့် လူငယ်၏မျက်နှာ နီရဲသွား၏။
လူအများရှေ့၌ ရှချောင်ကောက သူ့ကို ထူးမခြားနားစွာဆက်ဆံခဲ့၏။
သူမက အမြဲထိုကဲ့သို့ဆိုလျှင် သူစိတ်ထဲမထားပေ။
သို့ပေမယ့် ဂျန်ဖန်းနှင့်ကျတော့ သူမမျက်နှာက စာရွက်လှန်လိုက်သလိုပြောင်းလဲသွားပြီး အပြုံးတွေစိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤကဲ့သို့သိသာသည့်ကွာခြားမှုက ပတ်ဝန်းကျင်ရှိတပည့်များစွာကို တိတ်တဆိတ်ရယ်သွားစေခဲ့သည်။
"နွေးထွေးတဲ့မျက်နှာနဲ့သွားပေမယ့် ဖင်အေးနဲ့သွားတွေ့တယ်...."
"သူက အသင်္ချေဓားဂိုဏ်းတပည့်ကြီးမလို့ ရှချောင်ကော အထင်ကြီးမယ်ထင်နေတယ်နဲ့တူတယ်...."
ရွှေရောင်ဝတ်လူငယ် သူ့ဒေါသကို ဖိနှိပ်ထားလိုက်ရသည်။
သူက ထိုအရာကိုမယုံပေ။
ဤတိမ်စိမ်းဂိုဏ်းက တပည့်လေးက တကယ်ပဲ အားကောင်းသည့်နောက်ခံအချို့ရှိသည်လား။
ရှုချောင်ကောကို သူ့အား ဤကဲ့သို့ထူးခြားစွာဆက်ဆံစေ၏။
နူးညံ့ဖော်ရွေသည့်အမူအရာနှင့် နောက်မှအလျှင်အမြန်လိုက်သွားပြီး ပြောလိုက်သည်။
"ဒီက ဂျူနီယာညီလေးဂျန်..."
"ငါက အသင်္ချေဓားဂိုဏ်းရဲ့ လန်ဖေးယန်ပါ။ ညီလေးက တိမ်စိမ်းဂိုဏ်းဘယ်အကြီးအကဲတပည့်လဲ ပြောလို့ရမလား..."
သူက အသင်္ချေဓားဂိုဏ်းတပည့်ဆိုတာ ကြားသည့်အခါ...
ဂျန်ဖန်း ယဥ်ကျေးမှုအချို့ပြသလာ၏။
အဆုံးမှာတော့ အသင်္ချေဓားဂိုဏ်းမှ စီနီယာရှုချင်းယန်က သူ့အပေါ်အတော်လေးကြင်နာ၏။
သူက ခဏရပ်ပြီး လက်ချင်းယှဥ်ကာ ပြောလိုက်သည်။
"စီနီယာအကိုလန်, မင်းက ကြင်နာလွန်းနေပါပြီ...."
"ငါ့ဆရာက တိမ်စိမ်းဂိုဏ်းဂိုဏ်းချုပ်ပါ။ ပြီးတော့ ငါက သူ့ရဲ့အသုံးမကျဆုံးတပည့်ဂျန်ဖန်းပါ..."
အာ?....
လန်ဖေးယန် အံ့အားသင့်သွား၏။
ဂျန်ဖန်း?...
သူက နှစ်အတော်ကြာတံခါးပိတ်နေတာတောင် ဤနာမည်နှင့်အတော်လေးရင်းနှီး၏။
တစ်ခဏစဥ်းစားပြီးနောက် နောက်ဆုံးမှာ ဘယ်သူလဲဆိုတာ အမှတ်ရသွားခဲ့သည်။
ဤကောင်က စိတ်ဝိညာဥ်အမြစ်မရှိသည့်တစ်ယောက်မဟုတ်လား။
ဘာကြောင့် ရှချောင်ကောလို ဂုဏ်ယူရသည့်သမီးတော်က ဤကဲ့သို့လူတစ်ယောက်ကို ထူးခြားစွာဆက်ဆံနေရသနည်း။
အခြားလူတွေကိုရှုံးလျှင် လန်ဖေးယန် လက်ခံနိုင်သေး၏။
ဤလိုလူတစ်ယောက်ကိုရှုံးတာတော့ အတော်ကိုသက်တောင့်သက်သာမရှိလှပေ။
သူက မဝေးသည့်နေရာ ကွပ်ကဲရေးဠာနဝင်ပေါက်ရှိ မကျေနပ်သည့်မျက်နှာဖြင့် စာရေးမလေးကိုတစ်ချက်ကိုကြည့်လိုက်ရာ...
သူ့စိတ်ထဲအကြံတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, မင်းတာဝန်အဆင့်က ဘယ်အဆင့်လဲ..."
"အရမ်းကြီးမမြင့်ရင် အခုကတည်းက ပြဿနာသွားမရှာတာကောင်းတယ်။ အဲ့စာရေးမလေးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တပည့်တစ်ယောက်လေ...."
"ကြည့်ရတာ ခုတစ်လောသူမစိတ်ကြည်ပုံမရဘူး။ မျက်စိထဲကန့်လန့်ဖြစ်နေတဲ့လူတိုင်းကို ဒေါသတွေပုံချနေတယ်...."
"မင်းတာဝန်အဆင့်ကနိမ့်ရင် အချိန်ဖြုန်းလို့ ဆူခံရလိမ့်မယ်...."
"စောနကတင် လူများစွာ အဆူခံရလို့ အရှက်ကွဲပြီးသွားပြီ...."
ထိုအရာကိုကြားသည့်အခါ...
ရှချောင်ကော သတိရသွားပြီး ပြောလိုက်သည်။
"ကျွန်မမေ့တော့မလို့, ဦးလေးဆရာ, ဦးလေဘာတာဝန်ယူခဲ့လဲ..."
"စိတ်ဝိညာဥ်သားရဲတွေ ခုချိန်မှာ ရှားပါးနေတာမို့ ခက်ခဲတဲ့တာဝန်တွေယူထားတဲ့လူတွေပဲပေးနေတယ်...."
ဂျန်ဖန်း သူ့တာဝန်က ခက်ခဲတယ်သတ်မှတ်လို့ ရမရ မသိပေ။
သို့ပေမယ့်....
ကွပ်ကဲရေးဠာနဝင်ပေါက်ကိုကြည့်လိုက်ရာ....
ပါးဖောင်းဖောင်းနှင့်မိန်းခလေးတစ်ယောက် လက်ပိုက်ရပ်နေပြီး မျက်နှာက တစ်လောကလုံးသူမအပေါ်အကြွေးတင်နေသလိုပင်။
သူ တစ်ခဏကြောင်သွား၏။
"ထူးဆန်းတယ်, ငါခုလေးမှ လက်ထောက်ခန်းမသခင်ယို့နဲ့လမ်းခွဲလာတာ...."
"အခု သူ့တပည့်ဆီနောက်တစ်ကြိမ်ပြေးဝင်မိပြန်ပြီ...."