ပြန်လည်ရှင်သန်ဆေးလား? ငါ့မှာရှိတယ်
Vol. 31 Ch. 407
လင်းဂုဟိုင် အသင်္ချေဓားဂိုဏ်း၏ဒုတိယတပည့်ကြီး တာဝန်တစ်ခုအတွင်း အပြင်းအထန်ဒဏ်ရာရခဲ့၏။
ဒဏ်ရာကပြင်းထန်လွန်းသောကြောင့် မည်သည့်ကုသဆေးမှ အလုပ်မဖြစ်ခဲ့ပေ။
သူသေတော့မှာကိုမြင်သည့်အခါ...
ထိုအရေးကြီးအခိုက်အတန့်၌ အသင်္ချေဓားဂိုဏ်းအကြီးအကဲတစ်ယောက် နာနာကျင်ကျင်ပဲ ပြန်လည်ရှင်သန်ခြင်းဆေးလုံးတစ်လုံးထုတ်ကာ တိုက်ခဲ့သည်။
ရလဒ်အနေဖြင့်, တစ်နာရီဆိုသည့်အချိန်တိုအတွင်းမှာ အသက်ရှင်သန်ခဲ့ရုံသာမက အပြည့်အဝပြန်ကောင်းလာခဲ့သည်။
၎င်းက အနည်းငယ်သော အံံ့အားသင့်မှုမဟုတ်ပေ။
လင်းဂုဟိုင်လိုလူတစ်ယောက်ကိုပျိုးထောင်ဖို့ ဂိုဏ်းက အရင်းမြစ်များစွာသုံးစွဲခဲ့ရပြီး သလင်းကျောက်သန်းချီသုံးခဲ့ရသော်လည်း အောင်မြင်ဖို့အာမခံချက်မရှိခဲ့ပေ။
ပြန်လည်ရှင်သန်ခြင်းဆေးလုံးက သလင်းကျောက် ၂သိန်းတန်ပြီး ပေးရသည့်တန်ဖိုးနှင့်ထိုက်တန်ကြောင်း သက်သေပြခဲ့၏။
ထိုမတော်တဆမှုအပြီး၌ ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏ဂုဏ်သတင်းက မိုးပေါ်ခုန်တက်သွားခဲ့သည်။
ဂိုဏ်းပေါင်းများစွာ ကျန်ရှိသည့်ဆေး ၂ လုံးကို အသင်္ချေဓားဂိုဏ်းမှ ဝယ်ယူချင်နေခဲ့သည်။
အချို့ဂိုဏ်းတွေဆို ၁သန်းတောင်ပေးပေမယ့် အသင်္ချေဓားဂိုဏ်းက ပြတ်ပြတ်သားသားပဲ ငြင်းဆန်ခဲ့သည်။
ဤအခိုက်အတန့်၌ ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးက အသက်တစ်တစ်သက်အပိုရှိတာနှင့် ညီမျှနေခဲ့သည်။
၂ သန်း ဒါမှမဟုတ် ၃ သန်းဆိုလျှင်တောင် အသင်္ချေဓားဂိုဏ်း ဘယ်တော့မှရောင်းမည်မဟုတ်ပေ။
လန်ဖေးယန် ဤနေရာမလာချင်ရခြင်းမှာ နန်းကုန်းရှောင်ယွင် ဤကဲ့သို့တောင်းဆိုမှုမျိုး လုပ်မှာစိုး၍ဖြစ်သည်။
သူက ခါးသီးစွာပြုံးပြီး ပြောလိုက်သည်။
"စီနီယာအမနန်ကုန်း, မင်း ငါတို့ဂိုဏ်းအကြီးအကဲကိုမေးပြီးပြီပဲ။ ဘာလို့ ငါ့ကိုနောက်တစ်ကြိမ်မေးနေတာလဲ..."
"အဲ့ဒီပြန်လည်ရှင်သန်ခြင်းဆေး ၂ လုံးက ခုဆို နတ်ဘုရားပစ္စည်းတွေလိုဖြစ်နေပြီ..."
"ငါဆုံးဖြတ်လို့မရဘူး။ ဂိုဏ်းချုပ်တောင် မသုံးခင် မြင့်မြတ်အကြီးအကဲတွေကို မေးချင်မေးရမှာ..."
"ငါက ဂျူနီယာညီလေးလင်လို သေခါနီးအခြေအနေမဟုတ်ရင် ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို တစ်ဘဝလုံးမြင်ရမှာတောင်မဟုတ်ဘူး..."
ရှချောင်ကော ညင်သာစွာသက်ပြင်းချလိုက်သည်။
"စီနီယာအမနန်ကုန်း, စီနီယာအကိုလန်ကို ခက်ခဲအောင်မလုပ်ပါနဲ့...."
"အဲ့ဒီဆေးလုံးက တကယ်ကိုအံ့ဖွယ်ပစ္စည်းလေ။ ဒီအချိန်မှာ နတ်ဘုရားဆေးလုံးလို့ခေါ်ရင်တောင် ချဲ့ကားပြောရာမရောက်ဘူး...."
"အစက, ငါ့ဆရာကိုယ်ဆိုင် သုံးသပ်ပေးခဲ့တာ..."
"ဒါပေမယ့်အခုတော့, သူ နောက်တစ်ကြိမ်ကြည့်ချင်တာတောင် အသင်္ချေဓားဂိုဏ်းက တင်းတင်းမာမာပဲ ငြင်းဆန်ခဲ့တယ်..."
"အဲ့တာကြောင့်ပဲ ငါ့ဆရာ အချိန်အတော်ကြာနောင်တရနေခဲ့တာ။ သူပြောတာ ၂ သိန်းဆိုတဲ့ဈေးကိုကြောက်ပြီး အသင်္ချေဓားဂိုဏ်းလက်ထဲမပေးလိုက်သင့်ဘူးတဲ့..."
ရှချောင်ကော တိမ်စိမ်းမြို့ရှိ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လေလံပွဲကို ပြန်သတိရသွားပြီး လေးပင်စွာသက်ပြင်းချလိုက်သည်။
မည်သူထင်ထားမည်နည်း။
ဤပြန်လည်ရှင်သန်ခြင်းဆေး ၃ လုံးက ယခုချိန်မှာ နတ်ဘုရားပစ္စည်းတွေဖြစ်လာခဲ့သည်။
ထိုအချိန်က အသင်္ချေဓားဂိုဏ်း ၆ သိန်းတည်းဖြင့်ရရှိခဲ့ပြီး များစွာသောလှောင်ပြောင်မှုတွေနှင့်ရင်ဆိုင်ခဲ့ရ၏။
ယခုတော့ လေလံပွဲတက်ခဲ့သည့်ဂိုဏ်းတွေကြား၌ အကြီးအကျယ်နောင်တမရသည့်လူမရှိပေ။
ထိုပြန်လည်းရှင်သန်ခြင်းဆေးလုံးသုံးလုံးက ပြိုင်ဘက်ကင်းဒဏ္ဍာရီဖြစ်လာခဲ့သည်။
ထိုစဥ်ကတည်းက ၎င်းတို့က ဈေးကွက်မှပျောက်ကွယ်သွားခဲ့သည်။
ကျန်ရှိသည့် ၂ လုံးလုံးကလည်း အသင်္ချေဓားဂိုဏ်းပိုင်ဆိုင်မှုတွေဖြစ်သည်။
"ဟူး, ငါသိပါတယ်..."
နန်းကုန်းရှောင်ယွင် ညင်သာစွာ သက်ပြင်းချလိုက်သည်။
ထိုကဲ့သို့နတ်ဘုရားဆေးလုံးက တပည့်တစ်ယောက် မဆုံးဖြတ်နိုင်ဘူးဆိုတာ သူမသိ၏။
သူမဆရာယို့ယွင်ကျီ လူကိုယ်တိုင်တောင်းပန်လျှင်တောင် အသင်္ချေဓားဂိုဏ်း မျက်နှာသာပေးချင်မှပေးမည်ဖြစ်သည်။
"ငါက... အကောင်းဆုံးကြိုးစားကြည့်ချင်ယောင်ဆောင်နေတာပါ..."
သူမမျက်လုံးတွေ နောက်တစ်ကြိမ်မျက်ရည်ဝဲလာပြီး ဖြူလေးရှေ့မှာဒူးထောက်ပြီး ခါးသီးစွာပြုံးလိုက်သည်။
အကူအညီမဲ့မှု၊ ခါးသီးမှု၊ ဝမ်းနည်းမှု၊ အပြစ်ရှိမှု စသည့်ရောထွေးသည့်ခံစားချက်မျိုးစုံ သူမနှလုံးသားထဲမှာ လိမ့်တက်လာခဲ့သည်။
လန်ဖေးယန် သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သူမ သူ့ကိုအပြစ်မတင်တာကောင်း၏။
ထိုဆေးလုံးနှင့်ပတ်သက်ပြီး သူတကယ်ပဲ စွမ်းအားကင်းမဲ့နေခဲ့သည်။
"ပြောပေးလို့ ကျေးဇူးပါပဲ ညီမရှ..."
လန်ဖေးယန် ညင်သာစွာပြောလိုက်သည်။
သူက ဖြူလေးကို မကယ်နိုင်ပေ။
ထိုအရာက သူ၏မပြည့်ဝမှုကြောင့်မဟုတ်ပေ။
မည်သူမှလည်း ထိုအရာကိုလုပ်နိုင်မည်မဟုတ်ပေ။
ရှချောင်ကောလည်း ထိုအရာကို ရှင်းရှင်းလင်းလင်းမြင်၏။
ရှချောင်ကော အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီး သူနှင့်ပတ်သက်၍ စိတ်ထဲအများကြီးမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူမအာရုံတစ်ခုလုံးက ဂျန်ဖန်းအပေါ်မှာပဲ ရှိနေခဲ့သည်။
နန်းကုန်းရှောင်ယွင်၏ငိုသံကိုကြားသည့်အခါ သူမ ညင်သာစွာပဲ ဂျန်ဖန်းကို နှစ်သိမ့်လိုက်သည်။
"ဦးလေး, ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့...."
"ဆေးပညာဆိုတာ အကန့်အသတ်ရှိတယ်လေ။ ပြီးတော့ ဒါက နတ်ဆိုးသားရဲတစ်ကောင်လေ, ကျွန်မတို့ လူသားဆေးပညာတွေက သူတို့အပေါ်မှာ အလုပ်မဖြစ်ဘူး...."
ထိုအရာက ဂျန်ဖန်းတောင်းဆိုမှုကြောင့် လာကြည့်ကြတာဖြစ်သည်။
ယခု မကယ်နိုင်တာမြင်တော့ နန်းကုန်းရှောင်ယွင်ဝမ်းနည်းမှုက ပိုဆိုးလာခဲ့သည်။
သူက အနည်းငယ် အပြစ်ရှိမှုကို သေချာပေါက် ခံစားရမည်ဖြစ်သည်။
"ငါ ဒါကို ဆေးပညာနဲ့ကုမယ်လို့ မပြောမိပါဘူး..."
ဂျန်ဖန်းပြောလိုက်သည်။
ထို့နောက် ဖြူလေးဘေးကိုသွားပြီး ပြောလိုက်သည်။
"စီနီယာအမနန်ကုန်း, ကျေးဇူးပြုပြီး ဘေးခဏဖယ်ပေးအုန်း, ကျွန်တော် ကုသလိုက်အုန်းမယ်..."
ဟမ်?....
နန်းကုန်းရှောင်ယွင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၏။
"နင်ပြောတာ့ မျှော်လင့်ချက်မရှိတော့ဘူးဆို..."
ဂျန်ဖန်း ပြောလိုက်သည်။
"ကျွန်တော်ပြောတာ သူကိုယ်တိုင် မကုသနိုင်တော့ဘူးလို့ပဲပြောတာ...."
"ကျွန်တော့်မှာနည်းလမ်းမရှိဘူးလို့ မပြောမိပါဘူး..."
ဒါ...
လန်ဖေးယန်နှင့် ရှချောင်ကောနှစ်ယောက်လုံး အံ့အားသင့်သွား၏။
လန်ဖေးယန် ရေရွတ်လိုက်သည်။
"ဒီကောင် ဖြူလေးဒဏ်ရာဘယ်လောက်ပြင်းလဲ မသိဘူးလား...."
"ဒီလိုကြွားဝါတဲ့စကားမျိုးတောင်ပြောရဲတယ်..."
"နန်းကုန်းရှောင်ယွင်ကို ဒီလောက်ထိမျှော်လင့်ချက်တွေပေးပြီးမှ စိတ်ပျက်စေရင် သူ့ကိုအပြစ်တင်မှာမကြောက်ဖူးလား...."
ရှချောင်ကော သတိပေးလိုက်သည်။
"ဦးလေး, စီနီယာအမနန်းကုန်း နည်းလမ်းအားလုံး ကြိုးစားကြည့်ပြီးပြီ...."
"ဈေးကွက်ထဲက အကောင်းဆုံးသားရဲကုသဆေးတောင်အပါအဝင်ပဲ...."
"ငါမြင်သလောက်တော့, ပြန်လည်ရှင်သန်ခြင်းဆေးလုံးနဲ့မှပဲ မျှော်လင့်ချက်ရှိလောက်တယ်...."
ဂျန်ဖန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒဏ်ရာတွေအရ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကလွဲပြီး ပိုကောင်းတဲ့နည်းလမ်းမရှိဘူး...."
အာ...
ရှချောင်ကော ပိုလို့တောင် ပဟေဠိဖြစ်သွား၏။
ထိုအရာကိုသိတာတောင် ဘာကြောင့် နန်းကုန်းရှောင်ယွင်ကို မျှော်လင့်ချက်တွေပေးနေရသနည်း။
လန်ဖေးယန် ဆွံ့အသွားပြီး ခေါင်းခါယမ်းလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ငါတို့ဂိုဏ်းရဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုမျှော်လင့်နေတာဆိုရင်တော့ရပ်လိုက်ပါ...."
"အဲ့တာနဲ့ပတ်သက်ပြီး ငါနည်းနည်းမှမကူညီနိုင်ဘူး..."
"ငါကို ခက်ခဲအောင်မလုပ်ပါနဲ့...."
မည်သူသိမည်နည်း။
ဂျန်ဖန်း သူ့အင်္ကျီလက်ထဲ လက်နှိုက်လိုက်သည်။
တစ်ခဏကြာပြီးနောက်...
သူက အစိမ်းရောင်ဆေးတစ်လုံး ထုတ်ယူလိုက်သည်။
၎င်းက သင်ပျံ့သည့်ရနံ့နှင့် အားကောင်းသည့်ရှင်သန်ခြင်းစွမ်းအားတွေ ထုတ်လွတ်နေခဲ့သည်။
မြေပြင်မှာလဲနေပြီး သေခါနီးဖြစ်နေသည့် ဖြူလေး ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။
၎င်းက သူ့အသက်ကိုကယ်နိုင်သည့်ဆေးလုံး၏ထူးခြားမှုကိုခံစားမိပြီး နှာခေါင်းပွရှုံ့ပွရှုံ့လုပ်လိုက်၏။
နန်းကုန်းရှောင်ယွင် စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒါဘာဆေးလုံးလဲ..."
"ဒါလည်း ကုသဆေးပဲလား..."
သူမက ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို တစ်ခါမှမမြင်ဖူး၍ သဘာဝအတိုင်းမသိပေ။
သို့ပေမယ့် ရှချောင်ကောနှင့် လန်ဖေးယန် မြင်ဖူး၏။
ဆေးလုံးထုတ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် နှစ်ယောက်သားကြောင်သွားကြ၏။
ပုံမှန်တည်ငြိမ်နေတတ်သည့် ရှချောင်ကောတောင် အာမေဋိတ်သံပြုလိုက်သည်။
"ပြန်လည်ရှင်သန်ခြင်းဆေးလုံး..."
သူမအမူအရာ ရှုပ်ထွေးသွား၏။
ဂျန်ဖန်းဆီ၌ ဘယ်လိုလုပ် ဤကဲ့သို့ပစ္စည်းမျိုးရှိနေရသနည်း။
လန်ဖေးယန်လည်း တစ်ခဏအေးခဲသွားပြီး အော်ပြောလိုက်သည်။
"မင်း ဒီဆေးလုံး ဘယ်ကရခဲ့တာလဲ...."
သူ၏ပထမဆုံးအတွေးက ဂျန်ဖန်း အသင်္ချေဓားဂိုဏ်းမှ ခိုးလာသည်ဟူ၍ပင်။
သို့ပေမယ့် ထို့နောက် ပြန်တွေးမိလိုက်သည်။
မည်သူက ဤဆေးလုံးကို ခိုးရဲမည်နည်း။
အထူးသဖြင့်, အသင်္ချေဓားဂိုဏ်းတပည့်ကြီးဖြစ်သည့် သူ့ရှေ့မှာ ဘယ်လိုလုပ်လာသုံးမည်နည်း။
ဂျန်ဖန်း သူ့ကိုတစ်ချက်ကြည့်ပြီး ဖြူလေးကိုပြောလိုက်သည်။
"ပါးစပ်ဟ..."
အာ...
ဖြူလေး အလျှင်အမြန်ပဲ ပါးစပ်ဟလိုက်သည်။
ဂျန်ဖန်း သူ့လက်ချောင်းတွေကို လှုပ်ရှားပြီး ဖြူလေးပါးစပ်ထဲ ဆေးလုံးကို ပစ်ထည့်ပေးလိုက်သည်။
"မဟုတ်ဘူး...."
နန်းကုန်းရှောင်ယွင် အော်ပြောလိုက်သည်။
"ဖြူလေး, ထွေးထုတ်လိုက်။ မြန်မြန် ထွေးထုတ်လိုက်...."
ထို့နောက် အပြစ်တင်စွာပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒီလိုအဖိုးတန်ဆေးလုံးကို စိတ်ဝိညာဥ်သားရဲတစ်ကောင်ကို နင်ဘယ်လိုတိုက်နိုင်ရတာလဲ...."
သူမက သူမ၏သားရဲကိုကယ်ဖို့ တစ်လုံးလိုချင်သော်လည်း...
သူမဝယ်ယူထားသည့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို တိုက်ချင်တာဖြစ်သည်။
ဂျန်ဖန်း၏အသက်ကယ်ဝှက်ဖဲကို ဖြုန်းတီးချင်တာမဟုတ်ပေ။
ဉာဏ်နည်းနည်းရှိသူတောင် ဂျန်ဖန်းဆီ၌ အများဆုံး ပြန်လည်ရှင်သန်ခြင်းဆေးလုံး ၁ လုံးသာရှိမှန်းသိနိုင်၏။
သူက ဘယ်လိုတောင် စိတ်ဝိညာဥ်သားရဲတစ်ကောင်ကို ကယ်ဖို့ သုံးနိုင်ရသနည်း။
ရှချောင်ကောလည်း လက်ဆန့်ထုတ်လိုက်ပြီး သူ့ကိုတားချင်ခဲ့၏။
ဂျန်ဖန်းက မဆင်မခြင်လုပ်လွန်းသည်ဟု သူမထင်မိ၏။
ထိုအရာက အသက်ကယ်ပစ္စည်းဖြစ်သည်။
သူ နန်းကုန်းရှောင်ယွင်နှင့် ဘယ်လောက်ပဲရင်းနှီးပါစေ သူမ၏စိတ်ဝိညာဥ်သားရဲပေါ်မှာတော့ မသုံးသင့်ပေ။
လန်ဖေးယန် ပင့်သက်ရှိုက်လိုက်သည်။
"မင်း.. မင်း နွားတစ်ကောင်ကိုပေးပစ်လိုက်တယ်...."
ဂျန်ဖန်း တကယ်ပဲ ရူးသွပ်လွန်းလှ၏။
ဤအရာက နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီး ရွှေထက်ပိုတန်ဖိုးရှိ၏။
ဆေးလုံးတစ်လုံးက ဖြူလေးကဲ့သို့ စိတ်ဝိညာဥ်သားရဲတစ်ကောင်ဝယ်ဖို့ လုံလောက်၏။