← Chapters

ဖြူလေးဆီမှစမ်းသပ်မှု

Vol. 31 Ch. 408

ဖြူလေးဆီမှစမ်းသပ်မှု

Vol. 31 Ch. 408

ဖြူလေးတစ်ခဏတွေဝေနေပြီး နာခံစွာပဲ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုပြန်ထွေးထုတ်ဖို့ပြင်လိုက်၏။

ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"စားလိုက်ပါ၊ ဒီဆေးလုံးအတွက် ငါတာဝန်ယူတယ်...."

သူက လက်ဆန့်ထုတ်ပြီး နန်းကုန်းရှောင်ယွင်ပါးစပ်ကိုအုပ်လိုက်သည်။

သူမကို နောက်ထပ်စကားမပြောခိုင်းတော့ပေ။

ဖြူလေး ဂျန်ဖန်းကို လေးလေးနက်နက်တစ်ချက်ကြည့်ပြီး ဆေးလုံးကိုဝါးချေလိုက်သည်။

နန်းကုန်ရှောင်ယွင် သူ့ကိုတားဖို့ကြိုးစားလိုက်ပေမယ့် နောက်ကျသွားပြီဖြစ်သည်။

သူမက မျက်လုံးအပြူးသားဖြင့် ဖြူလေးပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုမျိုချတာကို ကြည့်နေဖို့သာတတ်နိုင်၏။

ထို့နောက် အံ့ဖွယ်မြင်ကွင်းတစ်ခု လူအုပ်မျက်စိရှေ့မှာ ဖြစ်ပေါ်လာခဲ့သည်။

အားနည်းပြီးချည့်နှဲ့နေသည့်ဖြူလေး သာမန်မျက်စိဖြင့်မြင်နိုင်သည့်အရှိန်ဖြင့် ပြန်ကောင်းလာခဲ့သည်။

အသက်ရှူသံလည်းပုံမှန်ပြန်ဖြစ်လာပြီး နှလုံးခုန်သံလည်း ပိုသန်မာလာခဲ့သည်။

လက်ဖက်ရည်တစ်ခွက်စာလောက်အချိန်အတွင်း သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလာနိုင်၏။

တစ်နာရီလောက်ကြာပြီးနောက် မတ်တပ်ရပ်လာပြီး ပတ်ပတ်လည်ကို ခုန်ပေါက်သွားလာနေခဲ့သည်။

"သခင်, သခင် ငါအာလုံးပြန်ကောင်းသွားပြီ၊ လုံးဝပြန်ကောင်းသွားပြီ..."

ဖြူလေး ကလေးအသံဖြင့် ညင်သာစွာပြောလိုက်သည်။

နန်းကုန်းရှောင်ယွင်ပျော်လွန်း၍ ငိုမိလိုက်သည်။

သူမက သူမနွားလေး၏ခြေထောက်ရှည်ကိုပွတ်သပ်ပေးလိုက်ပြီး အချိန်တော်ကြာတိတ်တဆိတ်စဥ်းစားနေပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဖြူလေး, ခုကစပြီး နင် သခင်အသစ်နောက်လိုက်ရမယ်..."

သူမက ဂျန်ဖန်းကိုညွှန်ပြပြီး ပြောလိုက်သည်။

"သူက နင့်အသက်ကိုကယ်လိုက်တဲ့သူပဲ..."

"အခု နင့်အသက်ကို သူပိုင်သွားပြီ။ ခုကစပြီး သူ့စကားကိုနားထောင်ရမယ် ကြားလား..."

သူမ တွန့်ဆုတ်နေသော်လည်း....

ဤအရာက ပြန်လည်ရှင်သန်ခြင်းဆေးလုံးအတွက် ပြန်ပေးနိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ဖြူလေး အထိတ်တလန့်ဖြစ်သွားပြီး ပြောလိုက်သည်။

"ဟင့်အင်, ဟင့်အင်, ငါ သူ့ကိုသခင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး...."

ကလန်ကဆန်ပြောပြီးနောက် ဂျန်ဖန်းကို ဒေါသတကြီးကြည့်လိုက်သည်။

"ငါ မင်းကိုမလိုချင်ဘူး..."

"မင်းငါ့ကိုစီးရဲရင်, ငါ.. ငါ မင်းကိုသေတဲ့ထိမီးရှို့ပစ်မယ်...."

ဝှစ်! ဝှစ်! ဝှစ်!

ရုတ်တရက် အနီရောင်မီးတောက်တွေ သူ့ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး အပူရှိန်က ပြင်းထန်လွန်းလှ၏။

သံအပိုင်းအစတစ်ခုပစ်ထည့်လိုက်လျှင်တောင် ချက်ချင်း အရည်ပျော်သွားမည်ဖြစ်သည်။

အကယ်၍တစ်စုံတစ်ယောက်က ဇွတ်တက်စီးဖို့ကြိုးစားလျှင်....

သံသယရှိစရာမလိုအောင် သေမှာဖြစ်သည်။

"ဖြူလေး..."

နန်းကုန်းရှောင်ယွင် ဒေါသထွက်သွား၏။

"မရိုင်းရဘူး...."

သို့ပေမယ့် ဖြူလေး ခေါင်းမာနေဆဲဖြစ်ပြီး ပြန်ပြောလိုက်သည်။

"ငါမလုပ်နိုင်ဘူး။ သေရမယ်ဆိုရင်တောင် မလုပ်ဘူး, ဟမ့်..."

ဂျန်ဖန်း ခပ်ဖွဖွပြုံးပြီးရယ်လိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ အတူတူနေတော့ အတူတူဖြစ်လာတာပဲ။ နန်းကုန်းရှောင်ယွင်နဲ့အနေနီးတဲ့လူတိုင်း သူ့လိုပဲဖြစ်လာတာပါလား..."

"မင်းစိတ်ဓာတ်တောင် သူမနဲ့တစ်ပုံစံတည်းပဲ...."

နန်းကုန်းရှောင်ယွင် မျက်နှာနီရဲသွား၏။

သူမက ခြေဆောင့်လိုက်၏။

"ငါက အဲ့လိုမဟုတ်ပါဘူး..."

ထို့နောက် ဖြူလေးကိုဒေါသတကြီးလှည့်ကြီးပြီး ပြောလိုက်သည်။

"နင် ငါ့စကားနားမထောင်ဘူးဆိုရင် ငါ နင့်ကိုစွန့်ပစ်ပစ်မယ်...."

သူမ တကယ်စိတ်ဆိုးနေတာသိသည့်အခါ...

ဖြူလေး သူ့ကိုယ်ပေါ်ရှိမီးတောက်တွေကိုငြိမ်းသက်လိုက်ပြီး နန်းကုန်းရှောင်ယွင်အနားကပ်လာခဲ့သည်။

ထို့နောက် သူ၏ကြီးမားသည့်ခေါင်းကြီးဖြင့် သူမကိုချစ်ခင်စွာပွတ်သပ်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် ငါနောက်ထပ် သခင်တစ်ယောက်မလိုချင်ဘူး..."

ဂျန်ဖန်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

"မင်း ငါ့သားရဲဖြစ်ချင်ရင်တောင် ငါက လက်မခံပါဘူးနော်..."

"မင်းကိုကယ်တာ ငါ့တာဝန်အတွက်အသုံးပြုနိုင်အောင်သက်သက်ပဲ..."

"သားရဲလှိုင်းပြီးသွားတဲ့အခါ မင်းရဲ့မူလသခင်ဆီပြန်သွားနိုင်တယ်..."

"ဒီအချိန်အတွင်းမှာတော့ ငါ့စကားနားထောင်ရမယ်...."

ဖြူလေးကျေးဇူးတရားကိုမသိတတ်၍ သူက စိတ်မကောင်းမဖြစ်ပေ။

အဆုံးမှာတော့ ဖြူလေးက နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး လူသားတွေ၏လူ့ကျင့်ဝတ်ဆိုတာ သူတို့အပေါ်မှာအသုံးပြုလို့မရပေ။

ပထမစကားကြားတော့ ဖြူလေး၏ကလေးဆန်သည့်အချက်က သူ့အားဤကဲ့သို့ကိစ္စမျိုးကို ပိုပြီးနာလည်ရခက်သွားစေ၏။

"ဘာကိုဆိုလိုတာလဲ, မင်းက ငါ့ကိုအထင်သေးတာလား...."

ဖြူလေး၏အနီရောင်မီးတောက်တွေ နောက်တစ်ကြိမ် တောက်လောင်လာခဲ့သည်။

သို့ပေမယ့် ဂျန်ဖန်း၏နောက်ထပ်စကားကိုကြားသည့်အခါ မီးတောက်တွေကိုငြိမ်းပြီး ပြောလိုက်သည်။

"သားရဲလှိုင်းပြီးရင် ငါ့ကိုပြန်လွတ်ပေးမယ်..."

"တကယ်လား..."

ဂျန်ဖန်း ခပ်ဖွဖွပြုံးလိုက်သည်။

"ဒီတော့, မင်းအခု ငါနဲ့လိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား...."

ဖြူလေး သူ၏နွားနှာခေါင်းကို တရှုံ့ရှုံ့လုပ်လိုက်၏။

ဂျန်ဖန်းစီးနင်းသားရဲဖြစ်ရတာ သူ့အတွက်အကျိုးအမြတ်များတယ်ဆိုတာ သူကောင်းကောင်းသိ၏။

သို့ပေမယ့် ဂျန်ဖန်း၏ယုံကြည်မှုရှိပြီး အရာအားလုံး သူ့ထိန်းချုပ်အောက်မှာရှိသလိုအမူအရာကိုမြင်သည့်အခါ...

ဖြူလေး တိတ်တဆိတ် အာခံလိုက်သည်။

"ငါ မင်းရဲ့စီးနင်းသားရဲယာယီဖြစ်ပေးနိုင်တယ်။ ဒါက ပြဿနာမရှိဘူး...."

ဖြူလေး ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ့အသံက နောက်တစ်ကြိမ်တောင့်တင်းသွား၏။

"ဒါပေမယ့် မင်းခွန်အားက ငါ့ကိုကာကွယ်ဖို့လုံလောက်ရမယ်..."

"နောက်ဆုံးတစ်ခေါက်သိုင်းပညာရှင်လို ဖြစ်လို့မရဘူး...."

"နတ်ဆိုးသားရဲတွေလာတော့ အဲ့ကောင်ငါ့ကိုစွန့်ပစ်ပြီးထွက်ပြေးသွားတယ်လေ။ အဲ့အစားငါ့မှာတော့ ဒီလိုနဲ့အဆုံးသတ်သွားရတယ်..."

ဒဏ်ရာရခဲ့သည့်အတွေ့အကြုံက ယခုချိန်မှာ ဖြူလေးအတွက် စိတ်ဒဏ်ရာဖြစ်နေပြီဖြစ်သည်။

မယုံရသည့်သိုင်းပညာရှင်တစ်ယောက်နှင့်တွေ့ရတာက တကယ်ကို သေသွားနိုင်တာပဲဖြစ်သည်။

ဂျန်ဖန်း စိတ်ဝင်စားသည့်အမူအရာပြသလာ၏။

"ငါခွန်အားက လက်ခံနိုင်တဲ့အနေအထားလို့ပဲပြောနိုင်တယ်...."

"မင်းစမ်းသပ်ချင်သေးလား...."

ဖြူလေး နောက်ကို ကိုက်ဒါဇင်ချီဆုတ်ပြီး သူ့ကိုယ်မှမီးတောက်တွေထွက်ပေါ်လာကာ ပြောလိုက်သည်။

"မင်းငါ့လှုပ်ရှားမှု ၁၀ ကွက်ခုခံနိုင်ရင် မင်းမှာစွမ်းရည်ရှိတယ်လို့ ငါလက်ခံပေးမယ်..."

ပြောပြီးနောက် မျက်စိဖြင့်မြင်နိုင်သည့် နတ်ဆိုးစွမ်းအင်အရှိန်အဝါက သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်းမျက်ခုံးတွေ အံ့အားသင့်မှုကြောင့် တွန့်ကွေးသွား၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ၃...."

ငယ်ငယ်ရွယ်ရွယ်နှင့် ဤအဆင့်ကိုရောက်နေပြီဖြစ်ရာ....

အရွယ်ရောက်လာလျှင် ဘယ်လိုမကောင်းဆိုးရွားမျိုးဖြစ်လာမည်နည်။

ကိုယ်ဖျောက်စွမ်းရည်နှင့် မီးတောက်စွမ်းရည်တွေထပ်ပေါင်းထည့်လျှင်...

ဤဖြူလေးက ကောင်းကင်နှင့်မြေကြီးရှားပါးမျိုးစိတ်တွေထဲက တစ်ခုဖြစ်နိုင်၏။

"ဘယ်လိုလဲ? မင်းကြောက်နေပြီလား..."

ဖြူလေး နှာမှုတ်လိုက်၏။

"မင်း ၁၀ ကွက်မခုခံနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို အရှက်မခွဲနဲ့...."

နန်းကုန်းရှောင်ယွင် အသာအယာအပြစ်ဆိုလိုက်သည်။

"ဖြူလေး, ဆော့မနေနဲ့...."

အမြုတေဖွဲ့စည်းခြင်းအဆင့် ၃၏ လှုပ်ရှားမှု ၁၀ ကွက်ကိုခုခံခြင်း...

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတစ်ခုလုံးရှိ လူငယ်ကျင့်ကြံသူတွေကို ရေတွက်ကြည့်လျှင်တောင် ၂ ယောက်ပြည့်မည်မဟုတ်ပေ။

လန်ဖေးယန် သူ့နှာခေါင်းကိုပွတ်လိုက်ပြီး ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, လေဟာနယ်ကျောက်စိမ်းဖြူနွားက ကောင်းကင်နဲ့မြေကြီးထူးဆန်းမျိုးစိတ်တစ်ခုနော်...."

"ထိန်းကျောင်းဖို့ကမလွယ်ဘူး...."

"ပြန်လည်ရှင်သန်ခြင်းဆေးလုံးအတွက် စီနီယာအမနန်းကုန်းဆီက ဘာလို့အခြားတစ်ခု တောင်းမကြည့်တာလဲ..."

အဆုံးမှာတော့ ဂျန်ဖန်းခွန်အားက သိသိသာသာ မပြောပလောက်ပေ။

အမြုတေဖွဲ့ခြင်းအဆင့် ၃ လေဟာနယ်ကျောက်စိမ်းဖြူနွား၏ လှုပ်ရှားမှု ၁၀ကွက်ကိုတောင့်ခံဖို့က...

သူတောင် ၇၀ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းသုံးမှ အနိုင်နိုင်ခုခံနိုင်မှာဖြစ်သည်။

ကြည့်ရတာ ဂျန်ဖန်းက ဆေးလုံးလည်းကုန်၊ အရှက်လည်းကွဲ ဖြစ်တော့မည်ပင်။

ရှချောင်ကော ညင်သာစွာသက်ပြင်းချလိုက်သည်။

ပြန်လည်ရှင်သန်ခြင်းဆေးလုံးနှင့် ပြဿနာအားလုံးဖြေရှင်းပြီးသွားပြီဟု ထင်ခဲ့၏။

မည်သူသိမည်နည်း။ လေဟာနယ်ကျောက်စိမ်းဖြူနွားဒဏ်ရာရသွားခြင်းက သူ့သခင်မှလွဲပြီး အခြားသူတွေကို ခုခံမှုဖြစ်သွားစေခဲ့သည်။

"ဦးလေး, ကျွန်မ လေဟာနယ်ကျောက်စိမ်းဖြူနွားကို ဦးလေးအတွက်ဖမ်းပေးပြီး တာဝန်မှာလိုက်ပါခိုင်းလိုက်ရင်ကော ဘယ်လိုလဲ...."

ဤအခိုက်အတန့်၌ ထိုအရာက တစ်ခုတည်းသော အလားအလာရှိသောဖြေရှင်းချက်ပင်။

သို့ပေမယ့် ဂျန်ဖန်း သူမကိုယ်ပိုင်တာဝန် နှောင့်နှေးမှာကို ခွင့်မပြုနိုင်ပေ။

ရွှတ်နှောက်နှောက်အပြုံးဖြင့် အာခံနေသည့် လေဟာနယ်ကျောက်စိမ်းဖြူနွားကိုကြည့်ပြီး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါလည်း ငါခွန်အားကိုသိချင်နေတာ...."

"အန္တရာယ်ကြုံလာရင် ပူပေါင်းဆောင်ရွက်ရလွယ်တာပေါ့..."

ဖြူလေးအကြံမပြုလျှင်တောင် ဂျန်ဖန်း သူ့အစစ်အမှန်စွမ်းရည်ကို စမ်းသပ်ဖို့စီစဥ်ထား၏။

ထိုအရာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိ၏။

ဖြူလေးပြောလိုက်သည်။

"ကောင်းတယ်, မင်းသတိတော့ထား။ ငါက တကယ်အစွမ်းထက်တယ်..."

ပြောပြီးနောက် သူ၏ကြီးမားသည့်ခွာကြီးနှင့်လှမ်းကန်လိုက်၏။

သူ၏နွားခြေထောက်က ၂ကိုက်နီးပါးလောက်ရှည်ပြီး လူသားသိုင်းပညာရှင်တွေအပေါ်မှာ သိသိသာသာအားသာချက်ရှိ၏။

ဂျန်ဖန်း ပုံရိပ်တွေသာမြင်လိုက်ပြီး ခွာကြီးက သူ့ခေါင်းပေါ်ရောက်လာခဲ့သည်။

လန်ဖေးယန် တိတ်တဆိတ် ရယ်လိုက်၏။

"ဒီကောင် ခွာတစ်ချက်နဲ့ မသေမရှင်ဖြစ်မသွားဖို့မျှော်လင့်တယ်...."

"အမြုတေအဆင့် ၃ နွားနတ်ဆိုးနဲ့ရင်ဆိုင်တာ အဆင့်တူလူသားသိုင်းပညာရှင်ဆိုရင်တောင် ရုပ်ခန္ဓာနဲ့ မခုခံနိုင်ဘူး..."

ဖြူလေး သတိမမူပဲ ထိန်ချန်မထားပဲတိုက်ခိုက်လိုက်တာမြင်တော့ နန်းကုန်ရှောင်ယွင်နှလုံးသာား ခုန်ပေါက်သွားခဲ့သည်။

ပုံမှန်တည်ငြိမ်နေသည့် ရှချောင်ကောတောင် သူမခါးရှိဓားရိုးကို တိတ်တဆိတ် ဆုပ်ကိုင်မိလိုက်၏။

သူမ၏ညင်သာသည့်မျက်လုံးတွေလည်း ချက်ချင်း ထက်ရှသွားပြီး စူးရှသည့်အလင်းရောင်တစ်ချက်လက်သွား၏။

ဘန်း...

ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏ရင်ဘတ်ကိုဖိချေလိုက်သလိုပင်။

လူအုပ်သေချာကြည့်လိုက်သည့်အခါ သူတို့အမူအရာတွေ ထူးဆန်းသွား၏။

ဂျန်ဖန်း နေရာမှာမတ်တပ်ရပ်နေပြီး လက်တစ်ဖက်နောက်ပစ်ထားခဲ့သည်။

ညာလက်ဖြင့် သူ့ခေါင်းထက်မဆမတန်ကြီးသည့်ခွာကြီးကို တည်ငြိမ်စွာပဲ ရပ်တန့်ထားခဲ့သည်။

ကြီးမားသည့်စွမ်းအားသက်ရောက်မှုကြောင့် လေပြင်းတွေတိုက်ခတ်သွားပြီး သူ၏အနက်ရောင်ဆံပင်နှင့် အဖြူရောင်ဝတ်ရုံက တဖျတ်ဖျတ်လွင့်ပျံနေခဲ့သည်။

သို့ပေမယ့် အမူအရာကတော့ အေးဆေးဖြစ်နေခဲ့သည်။

"ခွန်အားအချို့တော့ရှိသားပဲ, မဆိုးဘူး။ နောက်တစ်ကြိမ်...."

ဘာ?...

နန်းကုန်းရှောင်ယွင်ပါးစပ် မယုံကြည်နိုင်စွာဖြင့် ပွင့်ဟသွား၏။

"သူ... သူတကယ်ပဲ ဒီလောက်တောင်သန်မာတယ်...."

"နေပါအုန်း, သူက တိမ်စိမ်းဂိုဏ်းတပည့်သစ်မဟုတ်ဘူးလား...."

သူမက ယခင်က ဂျန်ဖန်းနှင့်ဆက်ဆံဖူးပြီး သူ၏ထူးခြားမှုကိုသိသော်လည်း ကြောင်အနေဆဲဖြစ်သည်။

လန်ဖေးယန် အေးခဲသွားပြီး မျက်ခွံ့တွေ အပြင်းအထန်တုန်ယင်နေခဲ့သည်။

"ဒီရုပ်ခန္ဓာ, သူက အမြုတေအဆင့် ၃ နတ်ဆိုးသားရဲနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်..."

"ဒါက ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ရှိတဲ့ ရွယ်ဝမ်ချောင်နဲ့ ယှဥ်နိုင်တယ်.... မဟုတ်ဘူး, ရွယ်ဝမ်ချောင်ထက်ကို ပိုအားကောင်းတယ်...."

"ရွယ်ဝမ်ချောင် ဒါကို အလွယ်တကူကိုင်တွယ်နိုင်မှာမဟုတ်ဘူး...."

သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ဤဂျန်ဖန်းက ဤကဲ့သို့ကြောက်စရာရုပ်ခန္ဓာကို ကျင့်ကြံထားနိုင်ခဲ့သည်။

"ကံကောင်းလို့ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိတာ။ သူ့တစ်သက်လုံး ခန္ဓာကိုယ်သန့်စင်ခြင်းကိုပဲအာရုံစိုက်ရမှာ...."

"ဒါ့ပြင် ရုပ်ခန္ဓာအဆင့်မြင့်လေလေ အဆင့်တက်ဖို့ကခက်လေလေပဲ...."

"အဆုံးမှာတော့ သူ့တိုးတက်မှုက ကန့်သတ်မှုရှိလိမ့်မယ်..."

"လက်ရှိအဆင့်ကိုရောက်တာက သူ့ကန့်သတ်ချက်ပဲနေမှာ...."

ထိုအရာကိုတွေးပြီး သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

All Chapters