← Chapters

မင်းငါ့ကိုခေါ်လိုက်တာလား

Vol. 31 Ch. 409

မင်းငါ့ကိုခေါ်လိုက်တာလား

Vol. 31 Ch. 409

ဖြူလေးလည်း ၎င်း၏ကြီးမားသည့်နွားမျက်လုံးကြီးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

မမျှော်လင့်စွာပဲ လူငယ်သိုင်းပညာရှင်တွေကြား၌ ဂျင်ကျောင်းမင်လိုကြောက်စရာကောင်းသည့်ကောင်အပြင်....

သူ၏တိုက်ခိုက်မှုကို ရုပ်ခန္ဓာဖြင့်ခုခံနိုင်သည့် နောက်တစ်ယောက်ရှိနေခဲ့သည်။

သူက အနည်းငယ်စိတ်တိုသွားပြီး ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို ကျေနပ်မနေနဲ့...."

ဝှစ်!

ကြောက်မက်ဖွယ်မီးတောက်တွေ သူ့ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာပြီး အပူချိန်ကအလွန်မြင့်မားကာ သံတောင်အရည်ဖျော်ပစ်နိုင်၏။

သို့ပေမယ့် သူမီးတောက်တွေဖြင့် မတိုက်ခိုက်နိုင်ခင်....

ဂျန်ဖန်း အရင်တိုက်ခိုက်လိုက်၏။

သူက ကျောရှိ လွမ်းဆွတ်ခြင်းဆီးနှင်းကိုဆွဲယူပြီး လေထဲကိုခုတ်ချလိုက်သည်။

"ကောင်းကင်နဲ့မြေကြီးကြယ်ကြွေခြင်း...."

ဝှစ်!

ပြင်းထန်သည့်လေအေးတွေနှင့်အတူ ထက်ရှသည့်ဓားချီက ဖြူလေးတစ်ကိုယ်လုံးအပေါ် ဖြတ်ပြေးသွားခဲ့သည်။

၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်တစ်လျှောက်တောင်လောင်နေသည့် မီးတောက်တွေ ချက်ချင်းပဲ ရေခဲရုပ်ထုတစ်ခုအဖြစ်အေးခဲသွား၏။

"အာ..."

နန်းကုန်းရှောင်ယွင် အံ့အားသင့်စွာဖြင့် သူမပါးစပ်ကိုကာလိုက်သည်။

သူမမျက်လုံးတွေက သစ်ကြားသီးလို ပြူးကျယ်နေခဲ့သည်။

"နင်က ဖြူလေးရဲ့မီးတောက်ကိုတောင် အေးခဲနိုင်တယ်...."

အံ့ဖွယ်ရေခဲဓားချီ၏စွမ်းအားကို မြေကမ္ဘာအဆင့်ဓားသိုင်းနှင့်ပေါင်းစပ်လိုက်သည့်အခါ လုံးဝကြောက်စရာကောင်းသွားခဲ့သည်။

လန်ဖေးယန် အကြီးအကျယ်တုန်လှုပ်သွား၏။

"ခဏနေပါအုန်း, ဘာဖြစ်သွားတာလဲ..."

"အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်...."

"သူ.. သူက စိတ်ဝိညာဥ်အမြစ်မရှိဘူးမဟုတ်ဘူးလား..."

"ပြီးတော့ ဒီဓားချက်ရဲ့စွမ်းအားက အမြုတေဖွဲ့ခြင်းအဆင့် ၃ တောင် မခုခံရဲဘူး..."

စိတ်ဝိညာဥ်မရှိဘူးဟု သူအထင်သေးနေသည့်တစ်ယောက်က ဤကဲ့သို့ကြောက်စရာခွန်အားကိုဖုံးကွယ်ထားခဲ့သည်။

ခရက်...

ဖြူလေးတစ်ကိုယ်လုံးလှုပ်ခါသွားပြီး ရေခဲအားလုံးကို ခွာချလိုက်သည်။

၎င်း၏မျက်လုံးတွေက ရှက်ရွံ့ဒေါသတွေအပြည့်ပင်။

ဂုဏ်သိက္ခာရှိ အမြုတေဖွဲ့ခြင်းအဆင့် ၃ နွားနတ်ဆိုးက အခြေခံတည်ဆောက်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်၏ အသာအယာဖိနှိပ်ခြင်းကိုခံနေရသည်။

၎င်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"နောက်တစ်ကြိမ်ထပ်တိုက်မယ်..."

"တောရိုင်းတိုက်ခိုက်မှု...."

၎င်းက ခေါင်းငုံ့ပြီး နောက်ခွာဖြင့်မြေကြီးယှက်ကာ ဂျန်ဖန်းဆီအရှိန်ဖြင့်ပြေးဝင်လာခဲ့သည်။

ဂျန်ဖန်း ရယ်လိုက်သည်။

သူတို့က ခွန်အားစမ်းသပ်ဖို့ သဘောတူထားကြ၏။

ဘယ်လိုလုပ်စမ်းသပ်တာကနေ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဖြစ်သွားရသနည်း။

သူက ကြောက်ရွံ့မှုမရှိရင်ဆိုင်လိုက်ပြီး လက်သီးမြောက်ကာ ၎င်း၏ခေါင်းကြီးကိုထိုးချလိုက်သည်။

"ကောင်းကင်ဘုံတိုက်ပွဲ...."

ဘန်း...

ကြောက်မက်ဖွယ်သက်ရောက်အားက နန်းကုန်းရှောင်ယွင်နှင့် လန်ဖေးယန်ကို နောက်သို့ အကြိမ်ကြိမ်ဆုတ်သွားစေခဲ့သည်။

ဖြူလေး၏ ၃ဇန်မြင့်သည့်ခန္ဓာကိုယ်ကြီးက ဂျန်ဖန်းကို နောက်လွင့်မသွားစေပေ။

သို့ပေမယ့် ထိုအစား သူကိုယ်တိုင်တောင် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရ၏။

ဖြူလေး ညည်းညူလိုက်ရသည်။

ရှင်းလင်းစွာပင် တိုက်ခိုက်မှုကြောင့် နာကျင်သွားခဲ့သည်။

"မင်းသုံးကွက်တိုက်ပြီးသွားပြီ, အခုငါ့အလှည့်ရောက်ပြီမလား..."

"နောင်တရနေသောနဂါး..."

ရောင်စုံလက်ချောင်းတိုက်ခိုက်မှုက ဖြူလေးကိုထိမှန်သွားပြီး နာကျင်စွာအော်ဟစ်လိုက်ရသည်။

သို့ပေမယ့် ဂျန်ဖန်းရပ်မည့်အရိပ်အယောင်မပြပေ။

သူတိုက်ခိုက်ပြီဆိုမှတော့ လုံလုံလျားလျားဖိနှိပ်ရမည်ဖြစ်သည်။

"မိုးကြိုးနဂါးလျှပ်စီးခြေထောက်...."

"ကျားနဂါးဟိန်းသံ..."

"အဆိပ်ကိုးမျိုးစစ်မှန်ကျမ်း..."

.....

ဂျန်ဖန်း၏ခွန်အားပြည့်တိုက်ခိုက်မှုတွေအောက်၌....

ဖြူလေးမြေပြင်ပေါ်၌ အလူးအလဲခံနေရပြီး ပြန်တိုက်ခိုက်နိုင်စွမ်းကိုမရှိပေ။

နန်းကုန်းရှောင်ယွင် တုန်လှုပ်မှုကြောင့် အံ့အားသင့်နေခဲ့သည်။

ဤ, ဤကဲ့သို့ကြောက်စရာစွမ်းအား?...

သူက အမြုတေဖွဲ့ခြင်းအဆင့် ၃ နတ်ဆိုးသားရဲတစ်ကောင်ကို တိုက်ရိုက်ပဲဖိနှိပ်နိုင်ခဲ့သည်။

လန်ဖေးယန် နဖူးမှ ချွေးအေးတွေ စီးချလာ၏။

သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ သာရှိ၏။

သူသာ ဖြူလေးနေရာမှာဆိုလျှင် သူ့ကံကြမ္မာက ပိုကောင်းမည်မဟုတ်ပေ။

သေချာပေါက် မြေပြင်ပေါ်အမှောက်သိပ်ခံရပြီး ပြန်တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ပေ။

"ကံကောင်းလို့, ငါသူနဲ့ရန်သူတွေဖြစ်မလာတာ..."

လန်ဖေးယန် တိတ်တဆိတ် သက်သာရာရသွား၏။

သူမှာသာ ဤကဲ့သို့အစွမ်းထက်ရန်သူရှိလျှင် တစ်ယောက်တည်းနှင့်တင် ဦးရေပြားတွေထုံကျဥ်နေပြီဖြစ်သည်။

သူက ဘေးရှိရှချောင်ကောကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် အဝေးကိုခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သိသိသာသာ အကွာအဝေးခြားနားလိုက်၏။

သူက မိန်းမတစ်ယောက်အတွက်နှင့် ဂျန်ဖန်းနှင့်ပြိုင်ပြီး ကိုယ့်ကိုယ်ကို အရှက်မခွဲချင်ပေ။

တစ်ချိန်တည်းမှာပဲ...

ရှချောင်ကော ဂျန်ဖန်းကို ဘာကြောင့်ထူးခြားစွာဆက်ဆံနေလဲ နားလည်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော်...

သူက ထိုအရာအတွက် အရည်အချင်းပြည့်မှီသောကြောင့်ဖြစ်သည်။

ဤအခိုက်အတန့်မှာဂျန်ဖန်းပြခဲ့သည့်ခွန်အားက ဂိုဏ်း ၉ ဂိုဏ်း၌ ရှချောင်ကောတစ်ယောက်သာ ပြိုင်ဘက်ရှိ၏။

ဧရာမဂိုဏ်းတပည့်ကြီးဂျင်ကျောင်းမင်နှင့် သေခြင်းရှင်ခြင်းတိုက်ခိုက်လျှင် သူ့ကိုဖိနှိပ်နိုင်မလားဆိုတာ မသေချာပေ။

ရွက်ဖျင်တဲဘက်၌ ကြမ်းကြုတ်စွာတိုက်ခိုက်နေစဥ်....

ရင်ပြင်၌စုဝေးနေသည့်တပည့်တွေ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။

အဘယ်ကြောင့်ဆိုသော် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု သုံးပေရှည်သည့်အစိမ်းရောင်ဓားကိုကိုင်ကာ ခြိမ်းခြောက်နိုင်သည့်အမူအရာဖြင့် လာနေခဲ့သည်။

"မြန်မြန် သွားစို့, ဒါ မြင့်မြတ်ဂိုဏ်းတပည့်ကြီး ဟွာရှန်ချန်ပဲ...."

"ငါ့အထင် လီရှီချန်း ကြီးမားတဲ့ဆုံးရှုံးမှုခံစားရတော့ မြင့်မြတ်ဂိုဏ်းက တုံ့ပြန်လာတာပဲနေမှာ...."

"ဟွာရှန်ချန် ဒီမှာရှိနေတာ သေချာပေါက် ဂျန်ဖန်းနဲ့ စာရင်းရှင်းဖို့ပဲဖြစ်ရမယ်...."

"သူက အခုချိန်မှာဒေါသထွက်နေတာ, ဝေးဝေးနေမှ, မဟုတ်ရင် အချောင်ကြားညှပ်နေအုန်းမယ်...."

.....

တပည့်တွေ ငှက်တွေကဲ့သို့ ပြန့်ကျဲကုန်ကြ၏။

တစ်ယောက်မှ ဤအချိန်မှာ ဟွာရှန်းချန်ကို ရန်မစရဲကြပေ။

(ရှေ့မှာဟွာရှင်းချန်လို့ရေးမိလားမသိဘူး။ ဟွာရှန်ချန်ကအမှန်ဗျ။)

လီရှီချန်းလည်း သူ့နောက်မှလိုက်လာခဲ့သည်။

သူမ အချိန်အတော်ကြာကတည်းက အငိုရပ်နေပြီး သတိထားပြီး နောက်ကလိုက်လာခဲ့သည်။

အချိန်အတော်ကြာအတူရှိဖူးသည့်အတွက် သူမက ဟွာရှန်းချန်ဒေါသကိုသိ၏။

သူက ပုံမှန်ဆိုယဥ်ကျေးသိမ်မွေ့၏။

ဤကဲ့သို့သွေးရှာသည့်ပုံစံက အလွန်ရှား၏။

ဒါပေါ့, ဟွာရှန်းချန် သူမအတွက်လက်စားချေရုံတင်မဟုတ်ဘူးဆိုတာ သူမသိ၏။

ဂျန်ဖန်းကို အနိုင်ယူပြီး သူ၏အတိတ်ကအရှက်ရမှုကို ဖယ်ရှားဖို့ဖြစ်သည်။

"စီနီယာအကိုဟွာ, ခဏနေလို့ရှိရင် ကျေးဇူးပြုပြီး လက်လွန်ခြေလွန်တွေမလုပ်ပါနဲ့...."

လီရှီချန်း ဟွာရှန်းချန်၏လက်ရှိအခြေအနေကို အနည်းငယ်စိုးရိမ်၏။

တိုက်ခိုက်မှုတွေက ပြင်းထန်လွန်းပြီး ဂျန်ဖန်းသေသွားလျှင် ပြဿနာကြီးပြီဖြစ်သည်။

ဤနေရာကိုစောင့်ရှောက်နေသည့်ယဲ့ချမ်းယွမ်ကိုဘေးဖယ်ထားလျှင်တောင် တိမ်စိမ်းဂိုဏ်းက ဤကိစ္စကို ဘယ်လိုမှလွတ်ပေးမည်မဟုတ်ပေ။

ထိုကိစ္စ၌ သူမလည်းတရားခံအနေဖြင့် လွတ်မြောက်မည်မဟုတ်ပေ။

ဟွာရှန်ချန် လှည့်မကြည့်ပဲ ပြောလိုက်သည်။ သူ့မျက်နှာက သံမဏိလိုအေးစက်နေခဲ့သည်။

"သူက မင်းကို ဒီလိုထိခိုက်အောင်လုပ်လိုက်တာ မင်းက ငါ့ကို လက်လွန်ခြေလွန်မလုပ်ဖို့ပြောနေတာလား..."

လီရှီချန်း ခေါင်းကိုက်သွား၏။

ဒါပေမယ့် နင်က နင့်ကိုယ်ပိုင်အစော်ကားခံမှုအတွက် တိုက်ခိုက်နေတာမဟုတ်ဘူးလား...

တစ်ခုခုသာမှားသွားရင် အပြစ်ပေးခံရတဲ့သူက ငါပဲဖြစ်အုန်းမှာ....

သူမက သတိပေးလိုက်သည်။

"စီနီယာအကိုဟွာ နင်သူ့ကိုကောင်းကောင်းရိုက်နှက်လို့ရတယ်..."

"အရမ်းတော့မပြင်းထန်စေနဲ့...."

"ဘာလို့လဲဆိုတော့ သူ့ဘေးမှာ စီနီယာအမရှရှိတယ်။ အလွန်အကျွံ့လုပ်ရင် သူမဝင်ပါလာလိမ့်မယ်...."

သူမက ဂျန်ဖန်းကို သူနှင့်ထိုက်တန်သည့်တန်ကြေးသာပြန်ပေးဆပ်စေချင်ပြီး သူ့လုပ်ရပ်အတွက် နှောင်တရသွားအောင် မှတ်လောက်သားလောက်အောင်ရိုက်နှက်စေချင်တာဖြစ်သည်။

သို့ပေမယ့် သေစေတဲ့အထိတော့မဟုတ်ပေ။

ဟွာရှန်းချန် ဒေါသတကြီးရယ်လိုက်၏။

"ဂျူနီယာညီမရှ သူ့ကိုကာကွယ်ပေးတော့ကော ဘာဖြစ်လဲ..."

"ဒီနေ့ သူ့ကို ဘယ်သူမှကာကွယ်မပေးနိုင်ဘူး...."

မကြာမီ....

သူတို့က ထောင့်နားရှိ တိုက်ပွဲဆူညံသံ၏အရင်းအမြစ်ကို ရှာတွေ့သွား၏။

သူက ဂျန်ဖန်း၏ရင်းနှီးသည့်အသံကိုကြားလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွား၏။

နောက်ဆုံး....

နောက်ဆုံးတော့, ဤနေ့က ရောက်လာပြီဖြစ်သည်။

သူ၏ယခင်မကျေနပ်ချက်တွေကို ဂျန်ဖန်း၏သနားစရာရှုံးနိမ့်မှုဖြင့် ဆေးကြောရမည်ဖြစ်သည်။

သူက စိတ်လှုပ်ရှားလွန်း၍ မျက်နှာရှိကြွက်သားတွေ တွန့်လိမ်နေပြီး အသွင်အပြင်က မထိန်းချုပ်နိုင်ဖြစ်လာခဲ့သည်။

လီရှီချန်း ထိတ်လန့်လာ၏။

ဤအရာက သေချာပေါက် သေဆုံးမှုရလဒ်တွေဖြစ်လာတော့မည်ဖြစ်သည်။

"စီနီယာအကိုဟွာ, နောက်တစ်ခါမှ ပြန်... ပြန်လာရအောင်လား...."

အခြားတစ်ယောက်ကို ဂျန်ဖန်းနှင့်ရင်ဆိုင်ခိုင်းတာ ပိုကောင်းသည်ဟု သူမတွေးမိ၏။

ဟွာရှန်ချန်း သတ်ဖို့အဆင်သင့်ဖြစ်နေပြီး ဟန်တောင်မဆောင်ပေ။

သူက တစ်ဖက်လှည့်ပြီး ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"စိတ်အနှောက်ဖြစ်စရာတွေပြောတာရပ်လိုက်တော့...."

"ဒီမှာ ငါ့ကိုစောင့်နေ..."

"ငါ့ခွင့်ပြုချက်မရပဲ ဘယ်သူ့ကိုမှဝင်လာခွင့်မပေးနဲ့....."

ထိုသို့ပြောပြီး....

အစိမ်းဓားရိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ကျယ်လောင်သည့်အံ့ကြိတ်သံတွေနှင့် ကြီးမားသည့်တဲကြီးဆီသို့ မုန်တိုင်းတစ်ခုကဲ့သို့ ပြေးဝင်သွားခဲ့သည်။

"ဂျန်ဖန်း...."

သူက ဘယ်သူကိုမှမမြင်ခင် အံ့ကြိတ်ပြီး အသံရှည်ဖြင့် အော်ခေါ်လိုက်၏။

သို့ပေမယ့် ဖြစ်ပျက်နေတာတွေကိုမြင်သည့်အခါ သူ့အမူအရာအေးခဲသွား၏။

သူမြင်လိုက်ရတာက ဂျန်ဖန်း ကြောက်မက်ဖွယ်လှုပ်ရှားမှုတွေဖြင့် တိုက်ခိုက်နေပြီး သူ့ကို အသက်ရှူရပ်သွားစေခဲ့သည်။

သုံးဇန်လောက်မြင့်သည့်နွားကြီးတစ်ကောင်က သနားစရာကောင်းစွာရိုက်နှက်ခံနေရသည်။

သူ ထိုနွားဖြူကြီးကိုမှတ်မိ၏။

ထိုအရာက နန်းကုန်းရှောင်ယွင်၏စိတ်ဝိညာဥ်သားရဲဖြစ်ပြီး လေဟာနယ်ကျောက်စိမ်းဖြူနွားပင်။

၎င်းက အစွမ်းထက်နတ်ဆိုးသားရဲဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ဖြစ်၏။

တစ်ခါက တာဝန်တစ်ခုအတွင်း...

သူ အမြုတေအဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်၏လိုက်သတ်ခြင်းကိုခံခဲ့ရ၏။

ဤလေဟာနယ်ကျောက်စိမ်းဖြူနွားက ဖြတ်သွားရင်း သာမန်အတိုင်း ထိုသားရဲခေါင်းကို ခွာဖြင့် ကြိတ်ခြေသွားခဲ့သည်။

ထိုအချိန်ကတည်းက လေဟာနယ်ကျောက်စိမ်းဖြူနွားက သူ့အပေါ် ဖျောက်ဖျက်မရသည့်ထင်မြင်ချက်တစ်ခုထားခဲ့သည်။

ထိုအကြောင်းကိုတွေးသည့်အချိန်တိုင်း ၎င်း၏ပြိုင်ဘက်ကင်းခွန်အားကြောင့် သူတုန်လှုပ်ခဲ့ရ၏။

သို့ပေမယ့် ယခု သူဘာမြင်နေရသနည်း။

အလွန်သန်မာသည့် လေဟာနယ်ကျောက်စိမ်းဖြူနွားက ယခုတော့ သနားစရာကောင်းစွာ နာကျင်စွာအော်ဟစ်နေခဲ့ရသည်။

"ငါ့ကိုမရိုက်ပါနဲ့တော့, ငါ့ကိုမရိုက်ပါနဲ့တော့, ဘူး...ဟူး..."

လေးဟာနယ်ကျောက်စိမ်းဖြူနွား အမှန်တကယ်ကြောက်သွားပြီး နန်းကုန်းရှောင်ယွင်နောက်၌ပုန်းကာ ဂျန်ဖန်းကို ကြောက်လန့်တကြားကြည့်နေခဲ့သည်။

ဤအရာက ဂျန်ဖန်းခွန်အားကိုစမ်းသပ်တာမဟုတ်တော့ပေ။

ဂျန်ဖန်းက နွား၏အရိုက်ခံနိုင်စွမ်းကို စမ်းသပ်နေတာဖြစ်သည်။

ဂျန်ဖန်း ရပ်တန့်လိုက်ပြီး ကျေနပ်နေခဲ့သည်။

"မင်း ငါ့ဆီကဒီလောက်အရိုက်ခံရတာတောင် ဒဏ်ရာအပြင်းအထန်မရခဲ့ဘူး..."

"မဆိုးဘူး အတော်မာတယ်။ စီးနင်းဖို့ အတော်လေးသင့်တော်တယ်...."

"မင်း အခု နာခံပြီလား...."

လေဟာနယ်ကျောက်စိမ်းဖြူနွား အလျှင်အမြန်ပဲ သူ၏ကြီးမားသည့်ခေါင်းကြီးကို ညိတ်ပြလိုက်သည်။

"ငါ မင်းစကားကို နားထောင်ပါ့မယ်..."

"နောက်ထပ်သာမရိုက်နဲ့တော့...."

၎င်းက ဂျန်ဖန်းရှေ့မှာ ဒူးထောက်ပြီး အညံ့ခံမှုကို ပြသလိုက်သည်။

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

ဤကိစ္စကိုဖြေရှင်းပြီးနောက် သူက ရုတ်တရက်ဝင်ရောက်လာသည့် ဟွာရှန်းချန်ကို ကြည့်လိုက်ပြီး ပဟေဠိဖြစ်သည့်အမူအရာဖြင့် မေးလိုက်သည်။

"ဟွာရှန်ချန်?..."

"စောနက မင်းငါ့ကိုခေါ်လိုက်တာလား..."

All Chapters