အာဏာရှင်မလေး
Vol. 31 Ch. 402
အသင်္ချေဓားဂိုဏ်းတပည့်ကြီးကို စိုးရိမ်သွားစေသည့်မိန်းခလေးမျိုး ဂိုဏ်း ၉ ဂိုဏ်းမှာမရှိပေ။
ဤမိန်းခလေးက အခြားသူမဟုတ်ပေ။
သူမက လျိုချင်းရှန်၏ရန်သူတော်ကြီး နန်းကုန်ရှောင်ယွင်ဖြစ်သည်။
သူမက လျိုချင်းရှန်ဆီမှာ ၂ ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်သည်။
ဂျန်ဖန်း မချိပြုံးပြုံးလိုက်သည်။
"ဒီတစ်ကြိိမ် ဒီငရုတ်ကောင်းမှုန့်လေးကို ဘယ်သူရန်စလိုက်တာလဲမသိဘူး...."
"ဒီလောက်တောင် ဒေါသထွက်နေတယ်...."
သူ့အမြင်၌ ဤမိန်းခလေးက ယို့ယွင်ကျီဘေးနားရှိတာတောင် အလွန်မောက်မာ၏။
ယခု ယို့ယွင်ကျီဘေးမှာမရှိရာ...
ကျားမရှိတော့၍ မျောက်တစ်ကောင်တည်း တောင်ပေါ်မှာသောင်းကျန်းတော့မည်ဖြစ်သည်။
"ဂျူနီယာညီလေးဂျန်, မင်းကြောက်နေတာလား..."
လန်ဖေးယန် အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့, ငါနေဝင်မြို့ကိုရောက်နေတာကြာပြီး၊ သူမနဲ့လည်း အကြိမ်တော်တော်များများပြောဆိုဆက်ဆံဖူးတယ်..."
"မင်းတာဝန်က အရမ်းကြီးမနှိမ့်ရင် သူမ ငါ့ကိုမျက်နှာသာအချို့ပေးပြီး မင်းကို ခက်ခဲအောင်လုပ်မှာမဟုတ်ပါဘူး...."
ထိုအရာကိုကြာသည့်အခါ....
ရှချောင်ကော အနည်းငယ်လက်ချင်းယှက်ပြောလိုက်သည်။
"ဒါဆို ကျွန်မဦလေးဆရာအစား စီနီယာအကိုလန်ကို ကျေးဇူးတင်ပါတယ်...."
သူမ အနည်းငယ်မျက်မှောင်ကြုတ်နေပြီး တကယ်ပဲ ဂျန်ဖန်းတာဝန်အရမ်းနှိမ့်နေမှာ စိုးရိမ်၏။
သူမ သဘာဝအတိုင်း ဂျန်ဖန်းခွန်အားကို ယုံကြည်၏။
အဆုံးမှာတော့ သူက တစ်ယောက်တည်းဖြင့် မြင်မြတ်ဂိုဏ်းပါရမီရှင်အားလုံးကို အနိုင်ယူခဲ့တာဖြစ်သည်။
ဤကဲ့သို့ခွန်အားနှင့် ပထမအဆင့်တာဝန်ယူဖို့က လုံးဝပြဿနာမရှိပေ။
ပြဿနာက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ် ဤတစ်ချိန်လည်း သူ့ကိုအဆင့် ၃ တာဝန်ပေးလိုက်မလားဆိုတာ မည်သူသိမည်နည်း။
ထိုသို့ဆိုလျှင် နန်းကုန်ရှောင်ယွင် သေချာပေါက် ဆူပူကြိမ်းမောင်းမည်ဖြစ်သည်။
နန်းကုန်းရှောင်ယွင်၏စိတ်နေစိတ်ထားကတော့.... ပြောဖို့ခက်၏။
နေဝင်မြို့တစ်ခုလုံး၌ လက်ထောက်ခန်းမသခင်အဆင့်ရှိသည့်လူသာ သူမကို အမိန့်ပေးနိုင်၏။
အခြားလူတွေဆိုရင်တော့ သူမကိုမြင်လျှင်တောင် ရှောင်ဖယ်သွားရမည်ဖြစ်သည်။
သူမက စစ်မှန်သည့်အာဏာရှင်မလေးဖြစ်၏။
ယခု လန်ဖေးယန်ကြားဝင်လာပြီဖြစ်၍ နောက်ထပ်စိုးရိမ်ဖို့မလိုပေ။
သူက နန်းကုန်းရှောင်ယွင်နဲ့စကားပြောနိုင်သည့် လူအနည်းငယ်ထဲက တစ်ယောက်ဖြစ်၏။
လန်ဖေးယန် အသာအယာပြုံးလိုက်သည်။
"ဂျူနီယာညီမရှ, မင်းက ယဥ်ကျေးလွန်းနေပါပြီ...."
"သူက မင်းရဲ့ဦးလေးဆရာဆိုမှတော့ သဘာဝအတိုင်း ငါ့မိတ်ဆွေပဲပေါ့...."
သူက စိတ်ထဲမှာ အနည်းငယ်ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။
ဘာဦးလေးဆရာလဲ။ သူက မှတ်တမ်းတင်ဖို့ ငါ့အကူအညီလိုနေတုန်းပဲမလား....
ကျေးဇူးတင်တာမတင်တာတော့ သူဂရုမစိုက်ပေ။
သူဂရုစိုက်တာက ဂျန်ဖန်းကို မသိမသာ ဖိနှိပ်နိုင်ဖို့ပဲဖြစ်သည်။
ဂျန်ဖန်း သူ နန်းကုန်းရှောင်ယွင်ကိုသိသည်ဟု ပြောဖို့ပြင်လိုက်ပေမယ့် လန်ဖေးယန်၏တိုက်တွန်းမှုကြောင့် ကွပ်ကဲရေးခန်းမကို ပါသွားခဲ့သည်။
နန်းကုန်းရှောင်ယွင် မဲမှောင်သည့်မျက်နှာဖြင့် မတ်တပ်ရပ်နေပြီး လက်ပိုက်ထားခဲ့သည်။
သူမက သူမ၏မျက်လုံးဝိုင်းကြီးတွေဖြင့် ဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။
တစ်စုံတစ်ယောက်ရောက်လာတာကိုသတိထားမိသည့်အခါ မော့တောင်မကြည့်ပဲ နှာမှုတ်လိုက်သည်။
"အဆင့် ၁ အောက်က တာဝန်ဆို ငါ့ကိုလာမနှောက်ယှက်နဲ့..."
ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။
ဤအဖွားလေးက တကယ်ကို သောင်းကျန်းလှ၏။
သူမ၏ဒေါသကလည်း အကန့်အသတ်မရှိပေ။
ရှချောင်ကော စတင်စိုးရိမ်လာ၏။
ကြည့်ရတာ နန်းကုန်ရှောင်ယွင် ယနေ့ ပုံမှန်ထက် စိတ်အခြေအနေပိုဆိုးနေပုံရသည်။
သူမက ဂျန်ဖန်း မြေဇာပင်ဖြစ်ပြီး အဆူမခံရဖို့သာ မျှော်လင့်နေ၏။
မဟုတ်လျှင် ထိုအရာက ရှက်စရာကောင်းလွန်းလှ၏။
ပတ်ပတ်လည်ကိုကြည့်လိုက်ရာ...
လူများစွာ သူတို့ကိုစိုက်ကြည့်ပြီး ပွက်လောရိုက်နေခဲ့သည်။
လန်ဖေးယန်လည်း နန်းကုန်ရှောင်ယွင်၏ ယနေ့ စိတ်အခြေအနေမကောင်းတာကို သတိထားမိ၏။
သူက ပြန်ဆုတ်ချင်နေပြီဖြစ်သည်။
သို့ပေမယ့် ပြောထားပြီးပြီဖြစ်ရာ သူ့ကိုယ်သူအားတင်းပြီး ရှေ့တက်လိုက်၏။
ထို့နောက် လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"စီနီယာအမနန်းကုန်, ကျွန်တော်က လန်ဖေးယန်ပါ...."
နန်းကုန်ရှောင်ယွင် သူ့ကိုတစ်ချက်ကြည့်လိုက်ရာ သူမဒေါသအနည်းငယ် ပြေလျော့သွား၏။
သို့ပေမယ့် မျက်နှာက တင်းမာနေဆဲဖြစ်သည်။
"ဘာကိစ္စလဲ..."
လန်ဖေးယန် ပြောလိုက်သည်။
"ကျွန်တော်မိတ်ဆွေတစ်ယောက်က စိတ်ဝိညာဥ်သားရဲလိုအပ်နေလို့ပါ...."
နန်းကုန်ရှောင်ယွင် လက်ဆန့်ထုတ်လိုက်၏။
"တာဝန်စာလိပ်ငါ့ကိုပြ..."
ထိုအရာကိုမြင်သည့်အခါ လန်ဖေးယန် သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သူမအသံအရ နန်းကုန်းရှောင်ယွင် သူ့ကို မျက်နှာသာအချို့ပေးနေဆဲဖြစ်၏။
တာဝန်က လက်ခံလို့မရလျှင်တောင် အနည်းဆုံး သူမက မည်သည့်မကျေနပ်သည့်စကားမှပြောမည်မဟုတ်ပေ။
"ဂျူနီယာညီလေးဂျန်, တာဝန်စာလိပ်..."
လန်ဖေးယန် တိုက်တွန်းလိုက်၏။
ဂျန်ဖန်း ကြိုတင်ပြင်ဆင်ထားသည့်တာဝန်စာလိပ်ကို နန်းကုန်းရှောင်ယွင်၏ဆန့်ထုတ်ထားသည့်လက်ထဲထည့်လိုက်သည်။
နန်းကုန်းရှောင်ယွင် သူမရှေ့ရှိလူကို တစ်ချက်တောင်မကြည့်ပေ။
သူမက ကျောက်စိမ်းစာလိပ်ကိုယူပြီး အထဲရှိအကြောင်းအရာကို ဖတ်ကြည့်လိုက်သည်။
"တိုင်ဟူရေကန်ကို လူသွားကယ်ဖို့စုံစမ်းခြင်း။ တာဝန်အဆင့် အဆင့် ၁...."
ဖတ်ပြီးနောက် နန်းကုန်းရှောင်ယွင် စားပွဲကိုရိုက်ပြီး ဝှစ်ကနဲ မတ်တပ်ရပ်လိုက်၏။
"နောက်ဆုံးတော့ တစ်စုံတစ်ယောက် ဒီတာဝန်ကို ယူရဲပြီပဲ...."
"ဘယ်သူလဲ...."
သူမက လန်ဖေးယန်ကိုကြည့်လိုက်သည်။
သူ့ဘေးရှိ ရှချောင်ကောကိုမြင်သည့်အခါ အနည်းငယ်ကြောင်သွား၏။
ဘယ်အချိန်က ဤမိန်းမ အခြားသူတွေနှင့်ပတ်သက်ရတာကြိုက်သွားသနည်း။
သို့ပေမယ့် ရှချောင်ကောဘေးရှိ လက်နှောက်ပစ်ထားသည့်ဂျန်ဖန်းကိုမြင်သည့်အခါ....
သူမမျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဂျန်... ဂျန်ဖန်း?..."
ဤအရာက သူမဆရာလက်ခံမည့် ဂျူနီယာမောင်လေးအသစ်ဖြစ်သည်။
သူမဘယ်လိုလုပ်မေ့မည်နည်း။
သူမအပေါ်ထားခဲ့သည့် နက်ရှိုင်းသည့်ထင်မြင်ချက်တွေက ဂျန်ဖန်း၏ပြိုင်ဘက်ကင်းနားလည်နိုင်စွမ်းနှင့် ပါရမီတွေဖြစ်သည်။
သူမနှင့် သူမဆရာ တစ်ခါက သူကို တိမ်စမ်းဂိုဏ်းအကြီးအကဲအဖြစ် ထင်ခဲ့ကြ၏။
ဂျန်ဖန်းပြုံးလိုက်သည်။
"စီနီယာအမနန်းကုန်း, မင်းက အတော်ဒေါသကြီးသားပဲ...."
နန်းကုန်းရှောင်ယွင်အမူအရာ ချက်ချင်း အေးခဲသွားပြီး အတော်လေးအပြစ်ရှိသလို ခံစားလိုက်ရ၏။
"ဂျူနီယာမောင်လေးဂျန်, မဟုတ်ပါဘူး, ဒါမင်းထင်သလိုမဟုတ်ပါဘူး..."
"ငါက ပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး...."
"ဒါ ဘာလို့လဲဆိုတော့ ငါချစ်ရတဲ့ စိတ်ဝိညာဥ်သားရဲဒဏ်ရာရသွားလို့လေ..."
သို့ပေမယ့် ပတ်ဝန်းကျင်မှအံ့အားသင့်သည့်အကြည့်တွေကြောင့် နန်းကုန်းရှောင်ယွင် သူမဆင်ခြေက အရာမထင်ဘူးဆိုတာ နားလည်လိုက်သည်။
သူမ မနေနိုင်ပဲ လက်တွေကိုရင်ဘတ်ရှေ့မှာယှက်ထားပြီး မျက်ရည်လည်နေသည့်မျက်လုံးကြီးတွေဖြင့် ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ကျေးဇူးပြုပြီး ဆရာ့ကို ပြန်မပြောပါနဲ့နော်..."
"သူသာသိသွားရင်, ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကနေလာပြီး ငါ့ဖင်ကိုရိုက်လိမ့်မယ်..."
သူမ ဤနေရာမှာရှိနေရသည့်အကြောင်းရင်းက...
လက်ထောက်ခန်းမသခင်ယို့ သူမ၏စိတ်ကိုလေ့ကျင့်ပေးချင်၍ ဤကဲ့သို့ကြမ်းတမ်းသည့်နေရာမှာထားခဲ့တာဖြစ်သည်။
မည်သူထင်ထားမည်နည်း။ သူမ ပိုလို့တောင်ဆိုးလာခဲ့သည်။
သူမက ဤနေရာမှာ အာဏာရှင်မလေးဖြစ်လာခဲ့ပြီး တပည့်တွေဆီမှတိုင်တန်းမှုတွေကတော့ အဆုံးမရှိပေ။
သို့ပေမယ့် သူတို့ဘယ်လောက်ပဲတိုင်တိုင် နန်းကုန်းရှောင်ယွင်မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ယို့ယွင်ကျီနှင့် လုံးဝမဆက်သွယ်နိုင်သောကြောင့်ပင်။
ဂျန်ဖန်းက ထူးခြား၏။
အနာဂတ်ဂျူနီယာမောင်လေးဖြစ်ပြီး သူမဆရာမျက်လုံးထဲရှိ ပါရမီရှင်ဖြစ်သည်။
သူမအကြောင်းတင်ပြဖို့ သူက အချိန်မရွေးစာရေးလိုက်နိုင်တာပဲဖြစ်သည်။
ဂျန်ဖန်းရယ်လိုက်၏။
"မင်းဆရာက အခု အရေးကြီးကိစ္စနဲ့ အလုပ်များနေတယ်...."
"သူသိရင်တောင်, ခုချက်ချင်းကြီး မင်းဆီလာဖို့ အချိန်မရှိဘူး..."
ထိုအရာကိုကြားသည့်အခါ...
နန်းကုန်းရှောင်ယွင် သက်သာယာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။
သို့ပေမယ့် သူမသိချင်သွား၏။
"နင် ဘယ်လိုလုပ် ဆရာနဲ့တွေ့ခဲ့တာလဲ...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"မကြာသေးခင်ကမှ ဧရာမဂိုဏ်းမှာ လမ်းခွဲလာတာ...."
နန်းကုန်းရှောင်ယွင် ပိုလို့တောင် သတိထားလာပြီး လည်ပင်းကျုံ့ကာ ကောင်းကင်ဆီသို့ လက်နှစ်ချောင်းထောင်လိုက်၏။
"ဂျူနီယာမောင်လေးဂျန်, ငါကျိန်ပါတယ်၊ ငါပြောင်းလဲပါ့မယ်, နောက်ဆို ဘယ်တော့မှ ဒေါသမကြီးတော့ပါဘူး...."
"ဒီနေ့ကစပြီး, နင် ငါ့ကို ကြီးကြပ်ပေးပါ..."
လူအုပ် သုဿန်တစ်စပြင်အလားတိတ်ဆိတ်သွားခဲ့သည်။
မည်သူကိုမှမကြောက်သည့် အာဏာရှင်မလေး...
တကယ်ပဲ အညံ့ခံနေသည်လား။
ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိသည့် တိမ်စိမ်းဂိုဏ်းမှအဖွဲ့ဝင်တစ်ယောက်သာမဟုတ်လား။
ဘယ်လိုလုပ် ဤကဲ့သို့ လွမ်းမိုးနိုင်စွမ်းရှိနေရသနည်း။
ထို့ပြင် သူမပြောပုံအရ သူက လက်ထောက်ခန်းမသခင်ယို့နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပုံပင်။
ဂျန်ဖန်းပြုံးလိုက်သည်။
"မင်းရဲ့စိတ်ကို တကယ်ပဲ ပြင်ဖို့လိုတယ်..."
"လူတိုင်းက ရှေ့တန်းကိုရောက်ဖို့ ခရီးအဝေးကြီးကနေလာခဲ့ရတာ။ တိုက်ပွဲတွေတိုက်ပြီး အန္တရာယ်ရှိတဲ့ တာဝန်တွေလုပ်ဆောင်လာကြရတာဆိုတော့ သူတို့က ပင်ပန်းနေကြပြီ...."
"မင်းရဲ့ကြမ်းတမ်းတဲ့စကားတွေ သူတို့စိတ်ဓာတ်ကို ကျဆင်းစေတယ်...."
လူအများရှေ့မှာ ဝေဖန်ခံရ၍..
နန်းကုန်ရှောင်ယွင် ရှက်ရွံ့စွာခေါင်းငုံ့ထားပြီး နှုတ်ခမ်းဆူလိုက်သည်။
"နောက်မလုပ်တော့ဘူးလို့ ငါ ကျိန်ဆိုပြီးပြီမလား..."
"ဒီအကြောင်းပြောတာ ရပ်လိုက်တော့..."
ဂျန်ဖန်း ပြောစရာရှိတာပြောပြီးပြီဖြစ်၍ သဘာဝအတိုင်း နောက်ထပ်မပြောတော့ပေ။
သူက ပြောလိုက်သည်။
"ဒါဆိုလည်း မြန်မြန် ငါ့တာဝန်ကို မှတ်တမ်းတင်ပေးအုန်း...."
"ငါ မြောက်ပိုင်းနယ်မြေကို အမြန်သွားဖို့လိုနေတယ်..."
နန်းကုန်းရှောင်ယွင် သက်သာယာရသွား၏။
သူမအလျှင်အမြန်ပဲ ဂျန်ဖန်းတာဝန်ကို ရွှေရောင်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ပေးလိုက်သည်။
"မှတ်တမ်းတင်ပြီးပြီ၊ ငါ ဒါကို ကောင်းကင်အဆင့်တာဝန်အောက်မှာ ထည့်ထားတယ်။ ခဏနေရင် ငါ့ဦလေးဆရာကျွမ်း နင့်အတွက် အဆင့်အမြင့်ဆုံး စိတ်ဝိညာဥ်သားရဲထုတ်ပေးလိမ့်မယ်..."
ပြောပြီးသည်နှင့်....
နန်းကုန်းရှောင်ယွင် သူမလက်သီးကိုမြောက်ပြီး လန်ဖေးယန်ရင်ဘတ်ကို အသာအယာထိုးကာ ရယ်ပြီး ဆူပူလိုက်၏။
"နင် ကောင်စုတ်..."
"ငါ့ရဲ့ဂျူနီယာမောင်လေးဂျန်နဲ့သိတာ ဘာလို့စောစောကမပြောတာလဲ...."
"ငါသာ စောစောကသိခဲ့ရင် နင့်ကို ပိုကောင်းကောင်းဂရုစိုက်ခဲ့မှာ...."