← Chapters

တိုင်းကြားခြင်း၊ ဂျန်ဖန်းအဆက်အသွယ်အသုံးပြုသည်

Vol. 31 Ch. 403

တိုင်းကြားခြင်း၊ ဂျန်ဖန်းအဆက်အသွယ်အသုံးပြုသည်

Vol. 31 Ch. 403

လန်ဖေးယန် ကြောင်သွားပြီး အားတင်းပြုံးလိုက်သည်။

ဘယ်လိုလုပ် ဤကဲ့သို့ဖြစ်သွားရသနည်း။

သူ့အစီအစဥ်အရ သူလန်ဖေးယန်၏အကူအညီရသည့်အတွက် ပျော်ရမည့်သူက ဂျန်ဖန်းပင်။

သို့ပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျန်ဖန်းနှင့်တွေ့တာ လန်ဖေးယန်အတွက် မဟာကံကောင်းမှုကြီးဖြစ်နေခဲ့သည်။

လုံးဝကိုဆန့်ကျင်ဘက်ပင်။

သူ ထိုအရာကိုလက်မခံနိုင်ပေ။

မဟုတ်ဘူး....

စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်က ဘယ်လိုလုပ်ဤကဲ့သို့ဖြစ်နိုင်မည်နည်း။

ဘာကြောင့် နန်းကုန်းရှောင်ယွင် သူ့ကို ဤလောက်ထိ လေးစားနေရသနည်း။

လန်ဖေးယန်ကို ပိုပြီး မကျေမနပ်ဖြစ်သွားစေတာက...

ရှချောင်ကောမျက်လုံးတွေ စကားပြောနေစဥ် စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေတာပဲဖြစ်သည်။

"ဆရာဦလေး, နင်ကတကယ်ကိုထူးခြားတာပဲ...."

"စောနက ချောင်ကော မလိုအပ်ပဲ စိုးရိမ်နေတာပဲ...."

ထိုအရာက လန်ဖေးယန်ကို အတော်လေးအရှက်ရသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မလိုအပ်ဟူသောစကားက ရှချောင်ကော၏စိုးရိမ်မှုသက်သက်မဟုတ်ပေ။

၎င်းက လန်ဖေးယန်၏ ကိုယ့်ကိုယ်အထင်ကြီးမှုတွေပါ အပိုဖြစ်ကုန်တာဖြစ်သည်။

ဂျန်ဖန်း နှိမ့်ချစွာပြောလိုက်သည်။

"ငါက စီနီယာအမနန်းကုန်းနဲ့ သိရုံပါ..."

"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ...."

လူအုပ်တိတ်တဆိတ် သူတို့ကိုယ်သူတို့ ကျိန်ဆဲလိုက်ကြသည်။

လူများစွာ နန်းကုန်းရှောင်ယွင်ကိုသိသည်ဟု အခိုင်အမာပြောကြ၏။

သို့ပေမယ့် မည်သူမှ သူမကို ဤလောက်ထိနူးညံ့ပြီးငြိမ်ကုတ်သွားသည့်မိန်းခလေးတစ်ယောက်အဖြစ် ပြောင်းလဲမသွားစေပေ။

သူတစ်ယောက်သာ လုပ်နိုင်တာဖြစ်၏။

ထိုစဥ်....

နောက်တစ်ဖွဲ့ရောက်လာပြီး စိတ်ဝိညာဥ်သားရဲတစ်ကောင်တောင်းလိုက်၏။

သူတို့၏အမူအရာတွေကထူးခြားပြီး ဖြတ်သွားရာနေရာတိုင်း တပည့်တွေလမ်းဖယ်ပေးလိုက်ကြ၏။

ဂျန်ဖန်း ဘေးတိုက်တစ်ချက်ကြည့်လိုက်ရာ မြင့်မြတ်ဂိုဏ်းတပည့်တွေဆိုတာ မြင်လိုက်၏။

ခေါင်းဆောင်ကို ဂျန်ဖန်းသိ၏။

မြင့်မြတ်ဂိုဏ်း၏တတိယအဆင့်တပည့်ပင်။

သို့ပေမယ့်....

လီရှီချန် သိသိသာသာပြောင်းလဲသွားခဲ့သည်။

မကြာသေးခင် မြင့်မြတ်ဂိုဏ်းပြိုင်ပွဲ၌ သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သာရှိသေး၏။

ရှေ့တန်းစမ်းသပ်မှုတွေကို တောင့်ခံပြီးနောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင်ချိုးဖျက်နိုင်ခဲ့သည်။

ဤအခိုက်အတန့်၌ သူမက အစွမ်းထက်တပည့်များစွာကိုဦးဆောင်ပြီး ကွပ်ကဲရေးခန်းမကိုလာနေခဲ့သည်။

သူမ ချက်ချင်းပဲ ရှချောင်ကောကို မှတ်မိသွား၏။

ထို့ပြင်လေးလေးစားစားပဲ နှုတ်ဆက်လိုက်၏။

"စီနီယာအမရှ, အမ နောက်ထပ်တာဝန်တစ်ခုယူနေတာလား..."

ရှချောင်ကောခွန်အားက မြင့်မြတ်ဂိုဏ်းမှာသာမက ဂိုဏ်း ၉ ဂိုဏ်းမှာပါ ပြိုင်ဘက်ကင်း၏။

နေဝင်မြို့ကိုရောက်ကတည်းက သူမစွမ်းဆောင်ရည်က ထူးခြားလွန်းနေခဲ့သည်။

တာဝန်တွေတစ်ခုပြီးတစ်ခုယူပြီး မည်သည့်အခက်အခဲမှမရှိပဲ အကောင်းဆုံးပြီးမြောက်ခဲ့သည်။

ထိုအရာက မြင့်မြတ်ဂိုဏ်းကို များစွာဂုဏ်ဆောင်ပေး၏။

လီရှီချန်း မာနကြီးသည့်သဘာဝရှိသော်လည်း ရှချောင်ကောနှင့်ဆိုလျှင်တော့ လုံးဝခြားနား၏။

မနာလိုမှုမရှိရုံသာမက သူမကိုယ်သူမ ရှချောင်ကောနှင့်တောင်မယှဥ်ပြိုင်ပေ။

သူမတို့နှစ်ယောက်ကြားက ကွာဟချက်က ရိုးရှင်းစွာပဲ ကျော်လွားလို့မရပေ။

ရှချောင်ကော ပုံမှန်အတိုင်း ထူးမခြားနားစွာခေါင်းညိတ်ပြလိုက်၏။

"အင်း..."

လီရှီချန်း နှုတ်ခမ်းတွေ တွန့်လိမ်သွား၏။

ရှချောင်ကောက သူမ၏တသီးတခြားနေမှုမှလွဲ၍ အရာရာတိုင်းမှာ ပြီးပြည့်စုံ၏။

ထိုအရာကြောင့်ပဲ သူမက သေမျိုးကမ္ဘာနှင့်မသက်ဆိုင်သည့်အလားဖြစ်နေခဲ့သည်။

သို့ပေမယ့် နောက်တစ်ခဏ၌ သူမလုံးလုံးလျားလျား ကြောင်အသွား၏။

ရှချောင်ကော တစ်ဖက်လှည့်၍ တောက်ပသည့်မျက်လုံးတွေနှင့် ဂျန်ဖန်းကိုကြည့်ပြီး ပြောလိုက်သည်။

"ဦးလေးဆရာ, ကျွန်မတို့စောင့်ရမဲ့အတူတူ ဘာလို့ ကျွန်မအတွက် မှတ်စုမရေးပေးတာလဲ..."

ဂျန်ဖန်း အတော်လေးဆွံ့အသွား၏။

"မင်းက တကယ်ပဲ ဒီလောက်တောင်အလျှင်လိုနေတာလား...."

ရှချောင်ကော သူ့လက်မောင်းကိုချိတ်လိုက်ပြီး ချွဲနွဲ့ပြောလိုက်၏။

"ဆရာဦးလေး...."

နောက်တစ်ကြိမ်ကလေးဆန်သည့်အမူအရာပင်။

ဂျန်ဖန်း အရှုံးပေးလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ, ကောင်းပါပြီ ငါ ခုချက်ချင်းရေးပေးမယ်...."

ဟမ်?....

လီရှီချန်း နေရာမှာပဲ အေးခဲသွား၏။

ဤကလူတုတုလုပ်နေသည့်အမျိုးသမီးက ဘယ်သူနည်း။

သူမ အတော်လေးမရင်းနှီးသလို ခံစားနေရ၏။

ထို့ပြင် ထိုယောက်ျား၏အသံ....

သူမ အသံလာရာကိုကြည့်လိုက်ရာ....

သူမမှတ်ဉာဏ်ထဲမှာစွဲမြဲနေသည့်မျက်နှာတစ်ခု.... သူမကို အရှက်တရားတွေနှင့်ပြည့်နှက်သွားစေသူ- မြင်ကွင်းထဲကိုဝင်ရောက်လာခဲ့သည်။

"ဂျန်ဖန်း...."

သူမ အသံခပ်နှိပ်နှိပ်ဖြင့် မာန်ဖီလိုက်ပြီး ဒေါသထွက်နေခဲ့သည်။

ထိုနေ့ သူမ၏ရှုံးနိမ့်မှုက အတော်လေးစော်ကားခံရမှုတစ်ခုဖြစ်သည်။

ဂျန်ဖန်း ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။

"မတွေ့တာကြာပြီ, စီနီယာအမလီ...."

လီရှီချန်း သူမဓားရိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။

သူမက ဂျန်ဖန်းကို တစ်ချက်တည်းဖြင့် ခုတ်လိုက်ချင်၏။

သူက ငါ့ကို မတွေ့ကြာပြီလို့ပြောဖို့ ဘယ်လိုတောင် သတ္တိရှိရတာလဲ...

"စီနီယာအမ, စိတ်အေးအေးထားပါ, ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ...."

သူမနှင့်အတူပါလာသည့်တပည့်တွေ အလျှင်အမြန်ပဲ သူမကိုဖျောင်းဖျဖို့ ကြိုးစားလိုက်၏။

လီရှီချန်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ရောက်နေပြီဖြစ်သော်လည်း သူမ၌ ဂျန်ဖန်းကိုနိုင်ဖို့ အခွင့်ရေးမရှိပေ။

အဆုံးမှာတော့ ထိုစဥ်က ဂျန်ဖန်း အမြုတေဖွဲ့စည်းခြင်းအဆင့် စီနီယာအကိုကြီးဟွာရှန်ချန်ကို အသာအယာအနိုင်ယူခဲ့သည်။

သူတို့သာတကယ်တိုက်ခိုက်လျှင် လီရှီချန်း သူမကိုယ်သူမ နောက်တစ်ကြိမ် အရှက်ခွဲရုံသာဖြစ်မည်ဖြစ်သည်။

ထိုအရာကိုနားလည်ပြီး လီရှီချန်း အံကြိတ်ပြီး ဆုပ်ကိုင်ထားသည့်လက်ကို ဖြေလျော့လိုက်သည်။

ထို့နောက် တင်းမာသည့်အမူအရာဖြင့် ပြောလိုက်သည်။

"နင်နဲ့ငါရဲ့ ရန်ငြိုးကို တစ်နေ့နေ့တော့ ရှင်းရအုန်းမှာပါ..."

ပြောပြီးနောက် ခြေဆောင့်ကာ နန်းကုန်းရှောင်ယွင်ဆီသို့ မှတ်တမ်းတင်ဖို့သွားလိုက်သည်။

ပတ်ဝန်းကျင်ရှိတပည့်တွေကြည့်နေကြပြီး လုံးဝစိတ်ရှုပ်နေကြသည်။

ဘာကြောင့် လီရှီချန်း ဂျန်ဖန်းကို ဤလောက်ထိသတိထားနေရသနည်း။

လန်ဖေးယန်တောင် ပဟေဠိဖြစ်သည့်အမူအရာ ပြသလိုက်၏။

"လီရှီချန်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ..."

"ဘာလို့ ဂျန်ဖန်းကို ကြောက်နေပုံပေါ်နေရတာလဲ..."

"ဖြစ်နိုင်တာ ဂျန်ဖန်းက တကယ်ပဲ အားကောင်းတာလား..."

သို့ပေမယ့် ဂျန်ဖန်း၏စိတ်ဝိညာဥ်အမြစ်မရှိမှုကို စဥ်းစားမိသည့်အခါ ခေါင်းခါယမ်းလိုက်၏။

သူ့စိတ်ထဲ၌ မသေချာမှုတွေရှိနေခဲ့သည်။

နန်းကုန်းရှောင်ယွင် တာဝန်တွေကိုအသေးစိတ်မှတ်တမ်းတင်ပြီး လီရှီချန်းတာဝန်ကို ငွေရောင်စာရွက်ပေါ်မှာ ရေးပေးလိုက်သည်။

လီရှီချန်း ထိုအရာကို မကန့်ကွက်ပေ။

သို့ပေမယ့် ဂျန်ဖန်းနာမည် ရွှေရောင်စာရွက်ပေါ်မှာရေထားတာမြင်သည့်အခါ သူမမနေနိုင်ပဲ အံ့အားသင့်စွာပြောလိုက်သည်။

"ဂျူနီယာညီမနန်ကုန်း, တစ်ခုခုများမှားနေတာလား...."

"ဘယ်လိုလုပ် ဂျန်ဖန်းတာဝန်က ကောင်းကင်အဆင့်ဖြစ်နေရတာလဲ...."

"သူ့ခွန်အားက အရည်းအချင်းတောင်ပြည့်မှီိလို့လား..."

အဆင့်တူညီသည့်တာဝန်တွေထဲမှာတောင် ခက်ခဲမှုတွေက မတူပေ။

ပိုပြီးစိန်ခေါ်မှုများသည့်အမျိုးအစားဖြစ်လေလေ ပိုပြီးအန္တရာယ်များလေလေဖြစ်သည်။

ဂျန်ဖန်း၏ယခင် စိတ်ဝိညာဥ်သားရဲဂိုဏ်းမှ ရမ္မက်ဂိုဏ်းသို့ သားရဲပို့ဆောင်ပေးသည့်တာဝန်ကဲ့သို့ပင်။

အချို့ကတော့ အန္တရာယ်နည်းသည့်အမျိုးအစားတွေဖြစ်ကြ၏။

ဥပမာ ရှေ့တန်းရှိ တိကျသည့်အဆင့်ရှိသားရဲတွေကို သတ်ဖြတ်ခြင်းမျိုးပင်။

တာဝန်တွေကို ကောင်ကင်၊မြေကြီး၊ သိမ်မွေ့အဆင့်ဟု ခက်ခဲမှုပေါ်မူတည်ပြီး ခွဲခြားထား၏။

ကောင်းကင်အဆင့်တာဝန်တွေက စိန်ခေါ်မှုအပြင်းဆုံးဖြစ်ပေမယ့် အကျိုးပြုမှတ်အများဆုံးရသည့်အရာတွေလည်းဖြစ်သည်။ အကျိုးပြုမှတ် ၃၀၀ ပင်။

မြေကမ္ဘာအဆင့်အတွက်တော့ ၂၀၀ ဖြစ်၏။

သိမ်မွေ့အဆင့်နှင့် သာမန်တာဝန်တွေကတော့ အကျိုးပြုမှတ် ၁၀၀ ဖြစ်၏။

တိုင်ဟူရေကန်မှ အဖွဲ့ကယ်ဆယ်ရေးတာဝန်က ကြိုတင်ခံမှန်းလို့မရပြီး မည်သည့်တပည့်မှ လက်မခံရဲပေ။

၎င်း၏ခက်ခဲမှုက မေးခွန်းထုတ်စရာမလိုအောင် ကောင်းကင်အဆင့်ဖြစ်၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ တပည့်တောင် ဤကဲ့သို့တာဝန်ကို ဂရုတစိုက် လုပ်ဆောင်ရ၏။

ဂျန်ဖန်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ လား?....

သံသယတွေမြင့်တက်လာသည်နှင့်တစ်ပြိုင်နက်....

နန်းကုန်းရှောင်ယွင် ဒေါသမီးတွေတောက်လောင်လာခဲ့သည်။

သို့ပေမယ့် အနားမှာဂျန်ဖန်းရှိနေတာ သတိရသွားပြီး ဒေါသကိုဖိနှိပ်ကာ ပြောလိုက်သည်။

"နင် မကျေနပ်ရင် လက်ထောက်ခန်းမသခင်ယဲ့ကို သွားတိုင်လေ...."

လီရှီချန်း နှုတ်ခမ်းတင်းတင်းစေ့ထားပြီး နောက်ထပ်မပြောရဲတော့ပေ။

ဤအာဏာရှင်မလေး? သူမက ဘယ်နေရာမှာမဆိုပြဿနာရှာရဲရာ ရန်မစတာကောင်း၏။

ယခုချိန်မှာတော့ သူမသံသယတွေကိုမြိုသိပ်ထားပြီး လူအုပ်ကိုကြည့်လိုက်သည့်အခါ အရာအားလုံး သဘောပေါက်သွား၏။

သူမထင်သည့်အတိုင်းပင် ဂျန်ဖန်းနှင့် နန်းကုန်းရှောင်ယွင်က ရင်းနှီးသည့်ဆက်ဆံရေးရှိနေခဲ့သည်။

"ဒီတော့ ဒါကြောင့်ကိုး...."

လီရှီချန်း နောက်ဆုံးမှာ နားလည်သွား၏။

"တိုက်ပွဲကွင်းပြင်မှာတောင် အဆက်အသွယ်သုံးနေတယ်- အတော်ရှက်စရာကောင်းတာပဲ...."

သူမက ဂျန်ဖန်းကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်နာရီလောက်ကြာပြီးနောက်....

မွန်းတည့်ချိန်, အမြန်တည်ဆောက်ထားရသည့်နန်းတော်ပုံစံကွပ်ကဲရေးဠာနအတွင်း၌...

ပိန်ပါးပြီးတည်ကြည်သည့်အမူအရာနှင့်အကြီးအကဲတစ်ယောက် လျှောက်ဝင်လာခဲ့သည်။

ကိုယ်ပေါ်၌ ချပ်ဝတ်အပြည့်အစုံကိုဝတ်ဆင်ထားပြီး ပတ်ဝန်းကျင်၌ သွေးရောင်အော်ရာတွေ ခပ်ရေးရေးမြင်နေရ၏။

ထိုအရာက မရေမတွက်နိုင်သည့်သတ်ဖြတ်မှုတွေမှရလဒ်ဆိုတာ မမှားနိုင်ပေ။

မြင်ကွင်းက လူတိုင်း၏ကျောရိုးတွေကို တုန်ယင်သွားစေ၏။

ဒီလိုဖြစ်စဥ်မျိုးဖန်တီးဖို့ နတ်ဆိုးသားရဲဘယ်လောက်တောင်သတ်ခဲ့တာလဲ....

"လက်ထောက်ခန်းမသခင်ယဲ့, ဒီနေ့ရဲ့ စိတ်ဝိညာဥ်သားရဲယူတဲ့စာရင်းပါ...."

နန်းကုန်းရှောင်ယွင် နာနာခံခံပဲ လက်နှစ်ဖက်ဖြင့် စာအုပ်ကို ကမ်းပေးလိုက်သည်။

ဤလူက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလက်ထောက်ခန်းမသခင်လေးယောက်ထဲက တစ်ယောက်မှလွဲပြီး အခြားသူမဟုတ်ပေ။

ယဲ့ချန်းယွမ်...

ယဲ့ချန်းယွမ် စာအုပ်ကို အမူအရာကင်းမဲ့စွာယူလိုက်ပြီး အကြောင်းအရာတွေကိုဖတ်ပြီး ပြောလိုက်သည်။

"ဒီနေ့ရဲ့စိတ်ဝိညာဥ်သားရဲထောက်ပံ့မှုက အကန့်အသတ်ရှိတယ်။ ၁၀ ကောင်ပဲရမယ်။ ခက်ခဲမှုအမြင့်ဆုံးအရ စီစဥ်ပေးလိုက်...."

၁၀ ကောင်?....

လက်ရှိစောင့်နေသည့်တပည့်အရေအတွက်က အသာလေး ၃၀ ကျော်၏။

ရှချောင်ကော အများကြီးရှင်းပြဖို့အစီအစဥ်မရှိပေမယ့် ဂျန်ဖန်းကိုသတိထားမိသည့်အခါ ရှင်းပြလိုက်၏။

"ဆရာဦလေး, မကြာသေးခင်က ရှေ့တန်းမှာ သားရဲလှိုင်းတွေမြင့်တက်လာတော့ စိတ်ဝိညာဥ်သားရဲအများအပြားဒဏ်ရာရကုန်တယ်လေ..."

"တစ်နေ့မှာ အသုံးပြုနိုင်တဲ့ သားရဲအရေအတွက်က တဖြည်းဖြည်းနည်းလာပြီ..."

"စိတ်ဝိညာဥ်သားရဲဂိုဏ်းကသာ အကူအညီထုတ်မပေးဘူးဆိုရင် လက်ရှိအခြေအနေက တိုးတက်ဖို့ မဖြစ်နိုင်ဘူး....."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

အစောပိုင်း နန်းကုန်းရှောင်ယွင် သူမစိတ်ဝိညာဥ်သားရဲ ဒဏ်ရာရကြောင်းကို ငိုယိုပြီးပြောခဲ့၏။

ကြည့်ရတာ စိတ်ဝိညာဥ်သားရဲတွေ တကယ်ပဲ ရှားပါးနေပုံရ၏။

"မြေကမ္ဘာအဆင့်တာဝန်တွေအတွက်- ကိုးနေရာ..."

"ရှချောင်ကော, ဦးချိုတစ်ချောင်းစိတ်ဝိညာဥ်မြင်းရမယ်..."

"လန်ဖေးယန်, လေပြင်းစိတ်ဝိညာဥ်သမင်..."

....

"ကျန်းချင်, မီးတောက်အမြီးသိုး...."

လီရှီချန်းမျက်နှာ ပျက်သွား၏။

သူမအဆင့်က မြေကမ္ဘာအဆင့်ကို မှီရုံလေးမှီတာဖြစ်သည်။

သို့ပေမယ့် သူမတာဝန်က အလျှင်လိုနေပြီး အခွင့်ရေးက မနက်ဖြန်ဆို ရှိတော့မည်မဟုတ်ပေ။

ယနေ့မပြီးမြောက်လျှင် နောက်နေ့ဆို အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။

သူမအလှည့်ရောက်ဖို့ တစ်နေရာပဲလိုတော့ချိန်

ထိုအခိုက်အတန့်မှာပဲ....

ယဲ့ချန်ယွမ်အသံ နောက်တစ်ကြိမ်ပဲ့တင်ထပ်သွား၏။

"ကောင်းကင်အဆင့်တာဝန်အတွက်- တစ်နေရာ..."

"ဂျန်ဖန်း, ငါးရောင်စပ်စစ်မြင်း..."

လူအုပ်အကြည့်တွေ မနာလိုဖြစ်သွားကြ၏။

ငါးရောင်စပ်စစ်မြင်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲဖြစ်၏။

၎င်း၏ခွန်အားနှင့် အရှိန်က ပြောစရာမလိုအောင်ပင်။

နေဝင်မြို့ရှိအကောင်းဆုံး စိတ်ဝိညာဥ်သားရဲလည်းဖြစ်၏။

ပုံမှန်ဆို အန္တရာယ်အရှိဆုံးတာဝန်တွေလုပ်ဆောင်မည့်တပည့်တွေကိုပဲပေးတာဖြစ်သည်။

ထိုအရာကိုကြားသည့်အခါ...

လီရှီချန်း မကျေနပ်မှုတွေ အထွတ်အထိပ်ရောက်လာခဲ့သည်။

ဂျန်ဖန်း အဆက်အသွယ်အားကိုးဖြင့် ငါးရောင်စပ်စစ်မြင်းကိုရသွားခဲ့သည်။

ထို့ပြင် သူသာ သူမရှေ့မှာမရှိခဲ့လျှင်...

လီရှီချန်း ၁၀ကောင်မြောက်သားရဲကိုရပြီး ယနေ့တာဝန်ကို ပြီးမြောက်နိုင်မည်ဖြစ်သည်။

စည်းမျဥ်းတွေကိုလျစ်လျူရှုပြီး သူမတာဝန်ကိုပါထိခိုက်စေတာ....

လီရှီချန်း ဘယ်လိုလုပ် ဤကဲ့သို့လက်မခံနိုင်စရာကိစ္စမျိုးကို သည်းခံနိုင်မည်နည်း။

တွေဝေမနေပဲ ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယဲ့..."

"တပည့်လီရှီချန်း ဂျန်ဖန်းအဆက်အသွယ်သုံးတယ်လို့ တိုင်တန်းချင်ပါတယ်...."

"အကြီးအကဲသေချာစုံစမ်းပေးပြီး တရားမျှတအောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်...."

All Chapters