← Chapters

အရည်အချင်းမပြည့်မှီခြင်း

Vol. 31 Ch. 405

အရည်အချင်းမပြည့်မှီခြင်း

Vol. 31 Ch. 405

ယဲ့ချန်ယွမ် တိတ်တဆိတ်နားထောင်နေခဲ့သည်။

သူ့မျက်ခုံးတွေအနည်းငယ်တွန့်ခေါက်နေပြီး တင်းမာစွာပြောလိုက်သည်။

"ငါ ဒုတိယအကြိမ်မပြောချင်ဘူး..."

မမြင်ရသည့်ဖိအားတစ်ခု အခန်းထဲကို ကျရောက်လာခဲ့သည်။

လီရှီချန်း စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သို့ပေမယ့် သူမ ဘယ်လိုလုပ် ဤကဲ့သို့တောင်းပန်နိုင်မည်နည်း။ သူမဂုဏ်သိက္ခာဘယ်ရောက်သွားမည််နည်း။

ဂိုဏ်း ၉ ဂိုဏ်း ပါရမီရှင်တွေဖြစ်သည့် ရှချောင်ကော၊ ဂျင်ကျောင်းမင် ဒါမှမဟုတ် လန်ဖေးယန်တို့ကိုတောင်းပန်ရလျှင် ကိစ္စမရှိပေ။

သူတို့ အဆင့်အတန်းနှင့် ရာထူးက သိသာထင်ရှား၏။

သူတို့ကိုတောင်းပန်ရတာ ရှက်စရာမဟုတ်ပေ။

သို့ပေမယ့် ဂျန်ဖန်းကတော့။ သူက ဘယ်သူနည်း။

စိတ်ဝိညာဥ်အမြစ်မရှိသည့် ဘာကောင်မှမဟုတ်ပေ။

သူ့ကို ဦးညွှတ်ပြီးတောင်းပန်ဖို့က.... မြင့်မြတ်ဂိုဏ်း ပါရမီရှင်သမီးတော်ဆိုသည့် သူမဂုဏ်ပုဒ်ကို ညိုးနွမ်းစေမည်ဖြစ်သည်။

သို့ပေမယ့် ယဲ့ချန်းယွမ် ဂျန်ဖန်းကိုကူညီပြီး သူမကို ဖိအားပေးနေခဲ့သည်။

သူမက ဂျန်ဖန်းကို မကျေမနပ်စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဂျန်ဖန်း, ငါဒီနေ့ နင့်ကိုနားလည်မှုလွဲခဲ့တယ်...."

"ငါတောင်းပန်ဖို့ ဆန္ဒရှိတယ်...."

"ဒါပေမယ့် ဒီနေရာမှာတော့မဟုတ်ဘူး..."

"ငါ နင့်ကိုသီးသန့်တောင်းပန်ပြီး လျော်ကြေးပေးမယ်...."

"နင် ငါ့ကိုနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်...."

ဂျန်ဖန်း စိတ်ပျက်လက်ပျက်ဖြင့် ခါးသီးစွာရယ်လိုက်သည်။

သူက အေးစက်စွာပြောလိုက်၏။

"မင်း ငါ့ကိုမတရားစွပ်စွဲတုန်းက တစ်လောကလုံးကြားအောင် လုပ်ခဲ့တာပါ...."

"အခုတောင်းပန်ရချိန်မှ ငါတစ်ယောက်ပဲကြားစေချင်တာလား..."

သူက ထိုအရာကို တကယ်မမျှော်လင့်ထားပေ။

ရိုးရိုးရှင်းရှင်းတောင်းပန်ရမည့်ကိစ္စက ဤမိန်းမကြောင့် ရယ်စရာဖြစ်လာခဲ့သည်။

သူမသဘောထားသာ အနည်းငယ်ပိုကောင်းခဲ့လျှင် ဂျန်ဖန်း ကိစ္စတွေကိုခက်ခဲအောင်လုပ်နေမည်မဟုတ်ပေ။

သို့ပေမယ့် သူမခေါင်းမာလေလေ ဂျန်ဖန်း သူမကို လွတ်မပေးချင်လေလေဖြစ်သည်။

"အခုချက်ချင်း ဒီနေရာမှာ တောင်းပန်...."

သူ့အသံက အမိန့်ပေးသံကဲ့သို့ ပဲ့တင်ထပ်နေခဲ့သည်။

လီရှီချန်း ဒေါသထွက်သွား၏။

"ဂျန်ဖန်း, ငါ့ကိုအဲ့လောက်တွန်းအားမပေးနဲ့...."

"ငါတို့ဂိုဏ်းချုပ်နဲ့ စီနီယာအကိုတွေ ဒီနေရာမှာရှိတယ်...."

"ရှချောင်ကောနင့်ကို ဆရာဦးလေးလို့ခေါ်တာနဲ့ ငါ့ကိုမောက်မောက်မာမာဆက်ဆံလို့ရမယ်မထင်နဲ့...."

သူမက သူ့ကို ပြောင်းပြောင်းတင်းတင်းတောင် ခြိမ်းခြောက်ရဲ၏။

အာခံသည့်အလင်းတန်းတွေ သူမဆီမှဖြာထွက်နေပြီး ဘယ်လိုနည်းနှင့်မှ ဦးမညွှတ်နိုင်ဟု ပြောနေသလိုပင်။

သို့ပေမယ့်.....

ဤအရာက ယဲ့ချန်ယွမ်ကို လုံးလုံးလျားလျား ဒေါသထွက်သွားစေ၏။

သူ့မျက်လုံးထဲ၌ ဒေါသမီးတွေတောက်လောင်လာပြီး မမြင်ရသည့်အားတစ်ခုကြောင့် ဝတ်ရုံက တဖျတ်ဖျတ်လွင့်ပျံနေခဲ့သည်။

"မောက်မာတဲ့တစ်ယောက်ကမင်းပဲ...."

ကြောက်စရာကောင်းသည့်ဖိအားတစ်ခုက လီရှီချန်းအပေါ် ဆူနာမီကဲ့သို့ ကျဆင်းလာခဲ့သည်။

ဒုန်း...

လီရှီချန်းကျင့်ကြံရေးက အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ ဖြစ်၍ ဤကဲ့သို့အကြွင်းမဲ့စွမ်းအားရှေ့၌ ခွန်အားကင်းမဲ့နေခဲ့သည်။

ချက်ချင်းပဲ မြေပြင်ပေါ် ဖိချခံလိုက်ရ၏။

ကြီးမားသည့်သက်ရောက်မှုကြောင့် သူမ သွေးတစ်လုတ်အန်လိုက်ရသည်။

လီရှီချန်း နာကျင်စွာညည်းညူလိုက်ရပြီး တုန်လှုပ်မှုတွေအပြည့်ပင်။

ယဲ့ချန်ယွမ် တကယ်ပဲ သူမကို ကိုယ်တိုင်တိုက်ခိုက်ခဲ့၏။

သူမ၏အများရှေ့မှာခြိမ်းခြောက်မှုက ယဲ့ချန်းယွမ်အောက်ဆုံးစည်းကိုကျော်သွားပြီဆိုတာ ယခုမှ နားလည်သွား၏။

သူမဒဏ်ရာတွေကိုမေ့ထားလိုက်ပြီး အလျှင်အမြန်ဒူးထောက်ကာ တောင်းပန်လိုက်၏။

"တပည့်.... တပည့် မှားသွားပါတယ်...."

ယဲ့ချန်းယွမ် အေးစက်စွပြန်ပြောလိုက်သည်။

"ငါ့ရှေ့မှာ အခြားတပည့်တစ်ယောက်ကို ခြိမ်းခြောက်တယ်...."

"မင်းတို့ဂိုဏ်းချုပ်နဲ့ စီနီယာအကိုက အရမ်းအထင်ကြီးစရာကောင်းနေလား...."

သူက လက်တစ်ချက်ဝှေ့ယမ်းပြီး စာရင်းစာအုပ်အထူကြီးတစ်အုပ်ကို ဆွဲယူလိုက်သည်။

ဤစာရင်းက တာဝန်ထမ်းဆောင်သည့် ဂိုဏ်းအမျိုးမျိုးမှ တပည့်တွေ၏နာမည်ကို မှတ်တမ်းတင်ထားသည်။

သူ၏အိုမင်းသည့်မျက်လုံးတွေက စာရင်းကိုလှန်လှောကြည့်လိုက်ပြီး နောက်ဆုံး လီရှီချန်းနာမည်မှာရပ်တန့်သွား၏။

ထို့နောက် တွေဝေမနေပဲ သူ့လက်ချောင်းဖြင့်ပြတ်ပြတ်သားသားခြစ်ကာ လီရှီချန်းနာမည်ကို ဖျက်ပစ်လိုက်သည်။

"ဒီနေ့ကစပြီး မင်းတာဝန်ထမ်းဆောင်လို့ရတဲ့ အခွင့်အရေးကို ဖျက်သိမ်းတယ်..."

"မင်းရဲ့မြင့်မြတ်ဂိုဏ်းကိုပြန်တော့...."

ဘာ?....

လီရှီချန်းအမူအရာ တုန်လှုပ်မှုကြောင့် ဖြူဖြော့သွား၏။

သူမ၏တာဝန်ထမ်းဆောင်နိုင်သည့်အခွင့်အရေးကိုဖျက်သိမ်းလိုက်တာက အခြားလူတွေ အကျိုးပြုမှတ်တွေစုဆောင်းပြီး အရင်းအမြစ်တွေနှင့်လဲလှယ်နေစဥ်...

သူမကတော့ အကူအညီမဲ့စွာပဲ ကြည့်နေရမည်ဟု ဆိုလိုနေတာဖြစ်သည်။

သူမထက်သန်မာသူတွေ ပိုသန်မာကုန်ပြီး သူမကိုနောက်ကောက်ချန်ထားခဲ့တော့မည်ဖြစ်သည်။

ပိုအားနည်းသူတွေလည်း အလျှင်အမြန်တိုးတက်လာပြီး သူမကို အလွယ်တကူကျော်တက်ကုန်တော့မည်ဖြစ်သည်။

ဤအရာက သူမကံကြမ္မာကို လုံးဝပြောင်းလဲပစ်လိုက်တာဖြစ်သည်။

ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ချက်ချင်းပဲ တောင်းပန်လိုက်၏။

"လက်ထောက်ခန်းမသခင်ယဲ့, တပည့် အမှားကိုသိပါပြီ။ ဂျန်ဖန်းကို ချက်ချင်းတောင်းပန်လိုက်ပါ့မယ်..."

"ကျေးဇူးပြုပြီး အကြီးအကဲရဲ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပေးပါ..."

သူမ ဤအရာကို ဘယ်တုန်းကမှ စိတ်ကူးမယဥ်ဘူးပေ။

မြင့်မြတ်ဂိုဏ်းပါရမီရှင်သမီးတော်ဆိုသည့်ဂုဏ်ပုဒ်က ယနေ့ သူမအတွက် မည်သည့်အခွင့်ရေးမှာယူလာမပေးနိုင်ခဲ့ပေ။

ထိုအစား ၎င်းက ဤကဲ့သို့ ကြီးမားသည့် အကျိုးဆက်ကို ဖြစ်သွားစေခဲ့သည်။

ယဲ့ချန်ယွမ် အေးစက်စွာပဲ မှတ်တမ်းစာအုပ်ကိုပြန်သိမ်းပြီး ပြောလိုက်သည်။

"မလိုဘူး...."

"မင်းက တောင်းပန်ဖို့ဆန္ဒမရှိမှတော့ ဂျန်ဖန်းအစားမျှတဖို့ အပြစ်ပေးသင့်တယ်..."

လီရှီချန်း ပိုလို့တောင်ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အော်ပြောလိုက်၏။

"ဒါပေမယ့် ဒါက ကျွန်မဘဝကို ဖျက်ဆီးသွားစေလိမ့်မယ်...."

ယဲ့ချန်ယွမ် ထူးမခြားနားစွာပြောလိုက်သည်။

"ကောလဟာလတွေဖြန့်တယ်၊ ပဋိပက္ခတွေဖြစ်စေတယ်၊ အခြားသူကိုပစ်မှတ်ထားတယ်၊ အမှားမှန်းသိတာတောင် တောင်းပန်ဖို့ငြင်းဆန်တယ်...."

"ဒါတွေအားလုံးက မင်းစိတ်ဓာတ် ချို့ယွင်းချက်ရှိတယ်ဆိုတာ ပြနေတာပဲ...."

"ခွင့်မလွတ်နိုင်တဲ့အချက်ကတော့ စွမ်းအားသုံးပြီး အခြားသူကို ခြိမ်းခြောက်တာပဲ...."

"မင်းလိုလူတစ်ယောက်ကို တိုက်ပွဲကွင်းပြင်မှာဆက်ထားရင် အခြားသူတွေကို ထိခိုက်စေလိမ့်မယ်...."

ဤနေရာရှိလူတိုင်းက သူတို့အသက်နှင့်ရင်းပြီး ရှေ့တန်းမှာတိုက်ခိုက်ဖို့လာခဲ့တာဖြစ်သည်။

သူတို့ ရှေ့တန်းမှပြန်ချိန် သွားပုပ်လေလွင့်အတင်းစကားတွေဖြင့် အစော်ကားမခံရသင့်ပေ။

ရိုးရိုးရှင်းရှင်းတောင်းပန်ခိုင်းတာကို ခြိမ်းခြောက်မှုသာ ရလဒ်ထွက်ခဲ့၏။

ခြိမ်းခြောက်မှုကလည်း ကြီးကြပ်ရေးမှူးရှေ့မှာ ပြောင်ပြောင်တင်းတင်းပြုလုပ်ခဲ့တာဖြစ်သည်။

ဤနေရာ၌ အာဏာအရှိဆုံးလူတစ်ယောက်အနေနဲ့....

သူ ထိုအရာကို သည်းမခံနိုင်ပေ။

"ထွက်သွား...."

ယဲ့ချန်းယွမ် အေးစက်စွာ ပြောလိုက်၏။

လီရှီချန်း နှလုံးသားတုန်ယင်သွား၏။

အခြားမြင့်မြတ်ဂိုဏ်းတပည့်များစွာ၏အကူအညီဖြင့် သူမ အလျှင်အမြန်ပဲ ထွက်ခွာသွားခဲ့သည်။

သို့ပေမယ့် မထွက်ခွာခင် ဂျန်ဖန်းကို မကျေနပ်မှုအပြည့်ဖြင့် ကြည့်သွားခဲ့သေးသည်။

ဂျန်ဖန်း၏စိတ်ဓာတ်သေးသိမ်မှုကြောင့်သာမဟုတ်လျှင် ဤကဲ့သို့ဖြစ်လာစရာအကြောင်းမရှိပေ။

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်၏။

"တကယ်ကို ခေါင်းမာတာပဲ...."

"ခုချိန်ထိတောင် အခြားလူမှားတယ်ထင်နေတုန်းပါလား...."

တောင်းပန်မှုကဲ့သို့အသေးအဖွဲ့ကိစ္စကို သူမကိုယ်တိုင်ပဲ တစ်ဆင့်ချင်းပိုဆိုးအောင်လုပ်ခဲ့ပြီး နောက်ဆုံး ယဲ့ချန်ယွမ်စည်းကိုကျော်သွားတာဖြစ်သည်။

အခြားလူကို အပြစ်တင်လို့မရပေ။

ရုတ်တရက် သူ့မျက်လုံးထောင့်မှ ရှချောင်ကော ခေါင်ငုံ့နေပြီး အမူအရာရှုပ်ထွေးနေတာကို သတိထားမိလိုက်သည်။

သူက တောင်းပန်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"ငါ့ကြောင့် မင်းကိုအနေခက်စေမိပြီ...."

"တစ်ဖက်က မင်းရဲ့ဆရာဦးလေးဖြစ်ပြီး အခြားတစ်ဖက်မှာ မင်းရဲ့ဂျူနီယာညီမဖြစ်နေတယ်..."

"ဘယ်ဘက်ကိုမှရပ်တည်ပေးလို့မရပဲ မင်းကို ကြားညပ်သွားစေခဲ့တယ်...."

ရှချောင်ကော ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။

"ကျွန်မ ဆရာဦးလေးကို အပြစ်မတင်ပါဘူး...."

"သူမရဲ့လက်ရှိရလဒ်က မလွဲမသေဖြစ်မှာပါပဲ..."

"ဒီမတိုင်ခင်တုန်းကလည်း သူမက အခြားဂိုဏ်းတပည့်တွေနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး အများစုက သူမရဲ့ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး မာနကြီးတဲ့စရိုက်ကြောင့်ပဲလေ...."

"အချိန်တိုင်း ဂိုဏ်းချုပ်ပဲ အခြားသူတွေကိုဖိနှိပ်ပြီး ဖြေရှင်းပေးခဲ့တာ...."

"ဒါကြောင့်ပဲ ယုံကြည်မှုတွေလွန်ကဲလာပြီး လက်ထောက်ခန်းမသခင်ယဲ့ကို အမှတ်မထင် ဒေါသထွက်အောင်လုပ်မိသွားတာဖြစ်ရမယ်..."

"ကျွန်မက သူ့ပါရမီအတွက်ပဲ နောင်တရတာပါ..."

"ဒီကိစ္စသာ အခြားလူတစ်ယောက်ဆီမှာဖြစ်ရင် ရလဒ်က တူချင်မှတူမှာ...."

တပည့်များစွာ လုံ့လဝီရိယရှိရှိကြိုးစားကြသော်လည်း ပါရမီက အကန့်သတ်ရှိ၏။

လီရှီချန်ကတော့ ထူးချွန်သည့်ပါရမီနှင့်မွေးဖွာလာပေမယ့် ဤကဲ့သို့ဖြုန်းတီးပစ်ခဲ့သည်။

ကိစ္စတွေပြီးသွား၍...

ယဲ့ခန်းယွမ်း ခန်းမသို့ အမူအရာကင်းမဲ့စွာ ပြန်သွားခဲ့သည်။

စုဝေးနေသည့်တပည့်တွေလည်း စိတ်ဝိညဥ်သားရဲကိုယ်စီဖြင့် ထွက်ခွာသွားခဲ့ကြသည်။

ယနေ့သူတို့ရလိုက်သည့်သင်ခန်းစာက ကြက်ကိုသတ်ပြီး မျောက်ကိုသတိပေးလိုက်တာပဲဖြစ်သည်။

အဆင့်အတန်းဘယ်လောက်ပဲမြင့်မြင့် စည်းမျဥ်းတွေကိုဆန့်ကျင်လျှင် တာဝန်ထမ်းဆောင်ခွင့် ပယ်ဖျက်ခံရမည်ဖြစ်ပြီး တစ်ဘဝလုံးနောင်တရနေမည်ဖြစ်သည်။

ခွမ်း!

သီးသန့်ခြံဝန်းတစ်ခုထဲ၌....

ဟွာရှန်ချန် လက်ထဲရှိလက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်ပြီး မျက်နှာ၌ ဒေါသတွေအပြည့်ပင်။

"ဒီလိုအသေးအမွားကိစ္စလေးအတွက် သူက ငါ့ဂျူနီယာညီမကို တာဝန်ထမ်းဆောင်ခွင့်ပယ်ဖျက်အောင်လုပ်ပြီး အနာဂတ်ကိုဖျက်ဆီးလိုက်တယ်ပေါ့..."

လီရှီချန်း မြေပြင်ပေါ်မှာ အားအင်ချိနဲ့စွာပြိုလဲကျနေပြီး အထိန်းကွပ်မဲ့စွာ ရှိုက်ငိုနေခဲ့သည်။

သူမအမူအရာက မကျေနပ်ချက်တွေအပြည့်ပင်။

သူမကို လိုက်ပို့သည့်တပည့်အနည်းငယ်လည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အားလုံး သက်ပြင်းချလိုက်သည်။

စီနီယာအမလီက ဂျန်ဖန်းကို ယဲ့ချန်းယွမ်ရှေ့မှာ ပြောင်ပြောင်တင်းတင်းခြိမ်းခြောက်ခဲ့သည်ဟူသည့်အချက်ကို ထိန်ချန်ပြီးပြောခဲ့တာဖြစ်သည်။

ထိုအရာက သူမတာဝန်ထမ်းဆောင်ခွင့်ဖျက်သိမ်းခံရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။

သို့ပေမယ့် စီနီယာအကိုဟွာဤလောက်ထိဒေါသထွက်နေပုံ၊ ဂိုဏ်းချုပ်မျက်နှာမဲနှက်နေပုံနှင့်...

မည်သူက အမှန်တရားကိုပြောရဲမည်နည်း။

ထို့ပြင် ဂိုဏ်းချုပ်၏ လီရှီချန်းကိုအလိုလိုက်မှုနှင့် သူတို့အမှန်တရားကိုပြောလျှင်တောင် ဂျန်ဖန်းကိုပဲ အပြစ်တင်အုန်းမှာဖြစ်သည်။

အဆုံးမှာတော့ ဝင်ပြောတာက ဘာကိုမှပြောင်းလဲစေမည်မဟုတ်ပေ။

"ဆရာ...."

ဟွာရှင်းချန် ရုတ်တရက် စားပွဲပေါ်မှဓားဆွဲယူပြီး လေးလေးစားစားပြောလိုက်သည်။

"ကျွန်တော်ဂျန်ဖန်းဆီသွားပြီး ဂျူနီယာညီမအတွက် တရားမျှတမှုသွားတောင်းမယ်..."

မြင့်မြတ်ဂိုဏ်းချုပ် အေးစက်စွာမေးလိုက်သည်။

"မင်းမှာ ယုံကြည်ချက်ရှိလို့လား...."

ဟွာရှင်းချန်မေးရိုးတင်းကြပ်သွားပြီး အံ့ကြိတ်ထားလိုက်သည်။

ဤမြင်ကွင်းကို မည်သူမှစိတ်ကူးယဥ်နိုင်မည်မဟုတ်ပေ။

မြင့်မြတ်ဂိုဏ်းချုပ်က သူ၏တပည့်ကြီးကို စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်အား အနိုင်ယူဖို့ယုံကြည်ချက်ရှိလားဟု မေးနေခဲ့သည်။

သို့ပေမယ့် လက်တွေ့က ခါးသီးလှ၏။

သူ, ဟွာရှင်းချန်က ဂျန်ဖန်းဆီမှာ တစ်ကြိမ်ရှုံးနိမ့်ဖူး၏။

ထိုအရာက သူ၏ဝိညာဥ်ထဲမှာစွဲတင်နေသည့် အရှက်ရမှုတစ်ခုဖြစ်သည်။

လွန်ခဲ့သည့်တစ်လလုံး....

အခိုက်အတန့်တိုင်းက အရှက်ရမှုတွေနှင့် နှိပ်စက်ခံနေရတာဖြစ်သည်။

သူ၌ ကလဲ့စားချေဖို့ကလွဲပြီး အခြားမည်သည့်အတွေးမှမရှိပေ။

ယနေ့ အခွင့်အရေးက နောက်ဆုံးမှာ ရောက်လာခဲ့ပြီဖြစ်သည်။

သူ့ဂျူနီယာညီမအတွက်လက်စားချေမည်ဆိုတာက အကြောင်းပြချက်တစ်ခုသာဖြစ်သည်။

အရှက်တရားကိုဆေးကြောတာကမှ သူ၏တကယ့်ရည်ရွယ်ချက်ဖြစ်သည်။

ဟွာရှင်းချန် ကိုယ်ကိုမတ်လိုက်ပြီး လက်ချင်းယှက်ကာ အလေးအနက်ပြောလိုက်သည်။

"ဆရာ, ဆရာဘာတွေပြောနေတာလဲ...."

"တပည့်.... တပည့်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ချိုးဖြတ်ပြီးပြီလေ...."

All Chapters