← Chapters

ကိုယ်ဖျောက်နိုင်သောစိတ်ဝိညာဥ်သားရဲ

Vol. 31 Ch. 406

ကိုယ်ဖျောက်နိုင်သောစိတ်ဝိညာဥ်သားရဲ

Vol. 31 Ch. 406

အခြားတစ်ဖက်၌...

တပည့်တွေအားလုံး သူတို့၏စိတ်ဝိညာဥ်သားရဲတွေစုဆောင်းနေကြ၏။

ဂျန်ဖန်း ယွဲ့မင်ကျူးနှင့်အလျှင်အမြန်တွေ့ဆုံရမည်ဖြစ်ပြီး အချိန်မဆွဲချင်တော့ပေ။

နန်းကုန်းရှောင်ယွင်၊ ရှချောင်ကောတို့နှင့်အတူ သူက ကွပ်ကဲရေးဠာန အနောက်ဘက်ကိုရောက်လာခဲ့သည်။

သူက အဝေးမှ ခမ်းနားကြီးကျယ်သည့်အရောင်စုံမြင်းကြီးတစ်ကောင်ကိုမြင်လိုက်ရသည်။

၎င်းက ၁၀ ဇန်လောက်မြင့်ပြီး မိုးမျှော်တိုက်တစ်ခုကဲ့သို့ လှုပ်ရှားနေကာ ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းရောင်တွေထုတ်လွတ်နေခဲ့သည်။

ခွန်အားကလည်းအလွန်အမင်းအစွမ်းထက်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ကိုရောက်ရှိနေကာ ဂျန်ဖန်းထက်တောင်ပိုမြင့်၏။

သံသယရှိစရာမလိုအောင် ပြိုင်ဘက်ကင်းအစွမ်းထက်သားရဲတစ်ကောင်ဖြစ်၏။

လူတိုင်း ၎င်းကို စီးချင်ကြ၏။

သို့ပေမယ့်....

နေရောင်အောက်မှာထုတ်လွတ်နေသည့်၎င်း၏ ရောင်စုံအလင်းတန်းကိုကြည့်ပြီး...

ဂျန်ဖန်း မနေနိုင်ပဲ သူ့နှာခေါင်းသူထိလိုက်သည်။

"ဒီစိတ်ဝိညာဥ်သားရဲက အလွယ်တကူကိုင်တွယ်လို့ရလို့လား....."

"အရင်ဒါကိုစီးသွားသူတွေရဲ့ တာဝန်အောင်မြင်မှုနှုန်းက ဘယ်လိုရှိလဲ..."

အနီးနား၌ စိတ်ဝိညာဥ်သမင်ယူနေသည့် လန်ဖေးယန် ဆွံ့အသွား၏။

"ဒါ ဘယ်လိုမေးခွန်းကြီးလဲ..."

"ဒီသားရဲရဲ့ခွန်အားနဲ့ သူ့သခင်တောင်လှုပ်ရှားဖို့မလိုဘူး။ သူကိုယ်တိုင်ကကို နတ်ဆိုးသားရဲအများအပြားကို နင်းချေပစ်နိုင်တယ်...."

"ဘယ်လိုလုပ် ကျရှုံးမှုမျိုးရှိမှာလဲ..."

"ဒီသားရဲနဲ့ဆိုရင်, မင်းအေးအေးဆေးဆေးနေလို့ရတယ်။ သေချာပေါက် အောင်မြင်လိမ့်မယ်...."

ဂျန်ဖန်း တစ်ဖက်လက်နှင့်ကြွားဝါနေတာလား။

ဟမ့်...

သို့ပေမယ့် နန်းကုန်းရှောင်ယွင်မျက်နှာ အနည်းငယ်ထူးဆန်းနေ၏။

"သဘောတရားအရ, ဒီသားရဲကို ဘာကမှမရပ်တန့်နိုင်ဘူး.."

"ဒါပေမယ့် တကယ့်လက်တွေ့မှာတော့, ဒီသားရဲကိုစီးနင်းတဲ့လူတွေရဲ့ တာဝန်တစ်ဝက်လောက်က ကျရှုံးခဲ့တယ်...."

"ကျရှုံးတဲ့နှုန်းက သာမန်သားရဲစီးတဲ့လူတွေထက်တောင် ပိုများသေးတယ်...."

"လက်ထောက်ခန်းမသခင်ယဲ့လည်း ဒါကိုပဲ ပဟေဠိဖြစ်နေတာ..."

အာ....

လန်ဖေးယန် ကြောင်သွား၏။

"ဒီလိုကိစ္စမျိုးရှိတယ်လား...."

ရှချောင်ကောလည်း ပဟေဠိဖြစ်သည့်အမူအရာပြသလာ၏။

"ငါ လူတွေပြောတာကြားတာတော့ ဒီသားရဲက နည်းနည်းနိိမိတ်မကောင်းဘူးတဲ့...."

"ငါစီးတုန်းကတော့ တာဝန်က ချောချောမွေ့မွေ့ပဲ...."

"ဒါပေမယ့် လူများစွာ ဒီသားရဲစီးရင် သူတို့တာဝန်တွေကျရှုံးတယ်လို့ တင်ပြချတယ်..."

မျှော်လင့်ထားသည့်အတိုင်းပင်။

ဂျန်ဖန်း စဥ်းစားပြီး ပြောလိုက်သည်။

"ငါ့အထင် အောင်မြင်ခဲ့တဲ့တာဝန်အမျိုးအစားတွေက မြန်ဆန်တဲ့အမျိုးအစားတွေပဲဖြစ်ရမယ်..."

"ကျရှုံးသွားတဲ့အများစုကတော့ အချိန်ကြာရှည်တဲ့ဟာတွေပဲဖြစ်မယ်...."

ဟမ်?...

နန်းကုန်းရှောင်ယွင် မေးစေ့ပွတ်၍တစ်ခဏစဥ်းစားနေခဲ့သည်။

ထို့နောက် သူမမျက်လုံးတွေ ပြူးကျယ်သွား၏။

"ဒါ အတိအကျပဲ..."

"အလျှင်လိုတဲ့တာဝန်တွေဖြစ်လေလေ အောင်မြင်မှုက ပိုများလေလေပဲ..."

"ကြာရှည်တဲ့တာဝန်အများစုတော့ ကျရှုံးကုန်တယ်...."

"ဂျူနီယာမောင်လေးဂျန်, အဲ့တာဘာလို့လဲ...."

ဂျန်ဖန်း ၎င်း၏ ရောင်စုံအမွေးအမျှင်တွေကို ထိကြည့်ပြီး အတော်လေးအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"ကျယ်ပြောတဲ့နှင်းပြင်မှာ ဒီရောင်စုံအလင်းတန်းတွေက မိုင်းပေါင်းများစွာအဝေးက နတ်ဆိုးသားရဲတွေကို အလွယ်တကူသတိပြုမိစေတယ်...."

"အကယ်၍ အလျှင်အမြန်တိုက်ခိုက်တာဆိုရင်တော့ ဒီသားရဲခွန်အားက သူတို့ကိုရှိန်စေပြီး ဘာပြသနာမှမရှိဘူး...."

"ဒါပေမယ့် ကြာရှည်တဲ့တာဝန်တွေအတွက်ကျတော့ နတ်ဆိုးသားရဲတွေက ပြင်ဆင်ချိန်တွေရပြီး တာဝန်တွေပြီးမြောက်ဖို့ခက်ခဲစေတယ်..."

အို?....

နန်းကုန်းရှောင်ယွင် ရုတ်တရက် နားလည်သွား၏။

ဒီတော့ ပြဿနာက ပတ်ဝန်းကျင်နှင့် ဤနတ်ဆိုးသားရဲ၏အရောင်ကြားမှာရှိနေခဲ့သည်။

၎င်းကိုစီးနင်းသူတွေ တာဝန်ကျရှုံးနှုန်းများနေတာ အံံ့သြစရာမရှိတော့ပေ။

ဤရောင်စုံစိတ်ဝိညာဥ်သားရဲ နှင်းပြင်ပေါ်သွားနေတာက နတ်ဆိုးသားရဲတွေကို တကူးတကကြေညာနေသလိုဖြစ်နေခဲ့သည်။

ငါ မင်းတို့ကိုနှိမ်နှင်းဖို့လာနေပြီဟေ့....

ကောင်းကောင်းပုန်းနေကြ...

မဟုတ်ရင် အာလုံးသေရမယ်...

နတ်ဆိုးတွေသိနေမှတော့ တာဝန်က ဘယ်လိုလုပ်အောင်မြင်မည်နည်း။

ဂျန်ဖန်း မေးလိုက်သည်။

"ငါက တိုင်ဟူရေကန်ကိုသွားမှာ။ အန္တရာယ်က ကြိုမသိနိုင်ဘူး...."

"ဒီသားရဲက သိသာမြင်သာရှိလွန်းနေတယ်။ ဒါကိုစီးတာ အကြံကောင်းမဟုတ်ဘူး..."

"တာတိုမစ်ရှင်ယူတဲ့လူမရှိဘူးလား? ငါသူတို့နဲ့ သားရဲချင်းလှဲနိုင်မလား...."

နန်းကုန်းရှောင်ယွင် ပြဿနာများသွား၏။

"စိတ်ဝိညာဥ်သားရဲတွေခွဲဝေပြီးတဲ့နောက်မှာ ကိုယ်ဘာသာလဲတာတွေကို တားမြစ်ထားတယ်...."

"စိတ်ဝိညာဥ်သားရဲတွေ ဒဏ်ရာရသွားရင် နှစ်ဖက်လုံးရှောင်ထွက်သွားမှာစိုးလို့လေ...."

"တစ်ခါက ငါ့ကိုယ်ပိုင်သားရဲကို တပည့်တစ်ယောက်ဆီငှားလိုက်ဖူးတယ်။ သူက အခြားသူကိုတစ်ဆင့်ထပ်ငှားလိုက်တယ်လေ..."

"အဆုံးမှာ, စိတ်ဝိညာဥ်သားရဲ မတော်တဆ ဒဏ်ရာရလာတယ်။ ကုသစရိတ်ကုန်ကြမှုကများတော့ နှစ်ယောက်လုံး တာဝန်ယူမှုမရှိပဲ ရှောင်ထွက်သွားကြတယ်လေ....."

"ငါကိုယ်တိုင်ပဲ ကုသဖို့ ထုတ်ပေးလိုက်ရတယ်...."

ဂျန်ဖန်း နားလည်သွား၏။

နန်းကုန်းရှောင်ယွင် ယနေ့ စိတ်အခြေအနေမကောင်းပြီး လူတွေ သူမအပေါ်အကြွေးတင်နေသလိုဖြစ်နေတာ မထူးဆန်းတော့ပေ။

လက်စသတ်တော့ တစ်ယောက်ယောက်က တကယ်ပဲ သူမဆီမှာ အကြွေးတင်နေခဲ့သည်။

ဤကဲ့သို့ပြဿနာနှင့်ရင်ဆိုင်ရတာ မည်သူက စိတ်အခြေအနေကောင်းနိုင်မည်နည်း။

"ဒါဆို မင်းစိတ်ဝိညာဥ်သားရဲငါ့ကိုငှားလိုက်..."

ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွား၏။

"ဒဏ်ရာရလာရင် ငါတာဝန်ယူတယ်...."

နန်းကုန်းရှောင်ယွင် ထိုအရာကို ကြားသည့်အခါ ခြေဆောင့်လိုက်၏။

"ငါက အဲ့လောက်စိတ်ထားသေးသိမ်လို့လား.."

"အဲ့နှစ်ကောင် တာဝန်ယူစိတ်မရှိလို့ ငါက ဒေါသထွက်ရုံပဲ..."

"ဒါ့ပြင် ငါတို့ဆက်ဆံရေးနဲ့ နင့်ဆီက လျှော်ကြေးမတောင်းပါဘူး...."

ခဏရပ်လိုက်ပြီ...

သူမ နောက်တစ်ကြိမ်သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် ငါ့စိတ်ဝိညာဥ်သားရဲအကြောင်း မေ့လိုက်ပါ..."

"သူ အသက်ရှင်မရှင်က သူ့ကံကြမ္မာပေါ်မှာပဲ မူတယ်နေတယ်..."

ဟမ်?..

"ဒဏ်ရာက အတော်ပြင်းလို့လား..."

ဂျန်ဖန်းအံ့အားသင့်စွာမေးလိုက်သည်။

ရှချောင်ကော အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ငါစစ်ဆေးခဲ့သေးတယ်။ ဒဏ်ရာက တကယ်ဆိုးတယ်...."

"နတ်ဆိုးသားရဲတစ်ကောင် တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်။ သူ့နှလုံးသားကကြေမွသွားပြီ..."

"သူ့ရဲ့သန်မာတဲ့ရုပ်ခန္ဓာကြောင့်သာ နေဝင်မြို့ကို ပြန်ရောက်တယ်ဆိုရုံလေး ပြန်လာနိုင်ခဲ့တာ...."

"ဒါပေမယ့် အခြေအနေက စိုးရိမ်ရတယ်။ အခုတော့ လူသားကုသဆေးတွေနဲ့ အသက်ဆက်နေရတာ..."

"ပြန်ကောင်းမကောင်းကတော့ သူ့ရဲ့ကိုယ်ပိုင်ကုသနိုင်စွမ်းပေါ်ပဲ မှီခိုရမှာ...."

နတ်ဆိုးသားရဲတွေ ဒဏ်ရာရသည့်အခါ လူသားတွေကဲ့သို့ ကုသဆေးလုံးတွေအပေါ်မှာ မှီခိုလို့မရပေ။

နှိုင်းယှဥ်ကြည့်ရလျှင် နတ်ဆိုးသားရဲတွေက ပြန်လည်ကုသနိုင်စွမ်းက လူသားတွေထက် အများကြီးပိုကောင်း၏။

သို့ပေမယ့် မတူညီသည့်နတ်ဆိုးသားရဲတွေ၌ မတူညီသည့် ပြန်လည်ကုသနိုင်စွမ်းအဆင့်တွေရှိ၏။

ထိုအရာကိုကြားသည့်အခါ နန်းကုန်းရှောင်ယွင် ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။

"အဲ့သားရဲက ငါကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို မဝင်ရောက်ခင် အမေက လက်ဆောင်ပေးလိုက်တာ...."

"သူမပြောတာ သူသာငါ့အနားမှာရှိနေရင် အထီးမကျန်ရတော့ဘူးတဲ့...."

"ငါ အမြဲသူ့ကို တယုတယစောက်ရှောက်ခဲ့တာ..."

"မမျှော်လင့်ထားတာက...."

ပြောနေရင်းဖြင့် သူမမျက်လုံးတွေ မျက်ရည်ဝဲလာပြီး အသံက ရှိုက်သံပါလာခဲ့သည်။

ဂျန်ဖန်း သူမခေါင်းကို ပုတ်ပေးလိုက်သည်။

"ငါကြည့်ကြည့်ပါအုန်းမယ်...."

"ငါ သူ့ကိုကုပေးနိုင်ရင်ကုပေးနိုင်မှာ...."

ဟမ်?...

ရှချောင်ကော ပဟေဠိဖြစ်သွား၏။

ဦးလေးသင်ထားတဲ့ဆေးပညာက လူသားတွေအတွက်ပဲလေ။

နတ်ဆိုးသားရဲတွေ၏ ခန္ဓာကိုယ်က ထူးဆန်းပြီး အမျိုးမျိုးကွဲပြားကြ၏။

၎င်းက လုံးဝမတူသည့်နယ်ပယ်တစ်ခုဖြစ်ပြီး လူသားဆေးပညာတွေက အသုံးဝင်မည်မဟုတ်ပေ။

ဖြစ်နိုင်တာ... ဦလေးက တိရိစ္ဆာန်ကုဆေးဆရာလည်းဖြစ်နေတာလား....

နန်းကုန်ရှောင်ယွင်၏မျက်လုံးတွေ မျက်ရည်တွေပြည့်နှက်နေပြီး အဆက်မပြတ်ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ, ငါ့နောက်လိုက်ခဲ့...."

အုပ်စု ကွင်ပြင်၏ ထောင့်တစ်နေရာကိုရောက်လာခဲ့သည်။

လန်ဖေးယန် ခေါင်းကုတ်လိုက်ပြီး သွားဖို့ အတော်လေးတွန့်ဆုတ်နေခဲ့သည်။

သို့ပေမယ့် ရှချောင်ကော ဂျန်ဖန်းနောက်ကို ရင်းရင်းနှီးနှီး လိုက်သွားတာမြင်တော့ သူအတော်လေး မသက်မသာခံစားလိုက်ရ၏။

အံ့ကြိတ်ပြီး သူမနောက်မှလိုက်လာခဲ့လိုက်သည်။

ထောင့်နား၌ ကြီးမာသည့်ရွက်ဖျင်တဲကြီးတစ်ခုရှိနေ၏။

အထဲ၌ ဘာမှရှိမနေပေ။

ဂျန်ဖန်း အံံ့အားသင့်သွား၏။

"မင်းသားရဲက ဘယ်မှာလဲ..."

နန်းကုန်းရှောင်ယွင် တဲထဲသို့ ညင်သာစွာခေါ်လိုက်သည်။

"ဖြူလေး, နင့်ကိုကြည့်ဖို့ ငါသူငယ်ချင်းတွေခေါ်လာတယ်...."

ဂျန်ဖန်း အကြည့်အောက်မှာပဲ....

လေထု ရုတ်တရက် တုန်ခါသွားပြီး အဖြူရောင်ကြေးခွံတွေနှင့် နွားလေးတစ်ကောင်ပေါ်လာခဲ့သည်။

လက်စသတ်တော့ ၎င်းက ကိုယ်ဖျောက်နိုင်တာဖြစ်သည်။

ဂျန်ဖန်း အံ့အားသင့်သွားပြီး ချက်ချင်းပဲ စိတ်လှုပ်ရှားသွား၏။

ဤသားရဲက သံသယရှိစရာမလိုအောင် တာဝန်အတွက် အကောင်းဆုံးစီးနင်းသားရဲပင်။

ဒါ့ပေါ့။ နွားလေးလို့ခေါ်ရတာ အရွယ်ရောက်နွားတွေနှင့်ယှဥ်ပြီး ခေါ်တာဖြစ်သည်။

၎င်းက သုံးဇန်လောက်မြင့်ပြီး သေချာပေါက် မသေးပေ။

သို့ပေမယ့်...

ဤအခိုက်အတန့်၌ မြေပြင်ပေါ်မှာ အားနည်းစွာ လဲလျောင်းနေခဲ့သည်။

နန်းကုန်းရှောင်ယွင်ကိုမြင်တော့ အမြီးကို အားအင်ချိနဲ့စွာဝှေ့ယမ်းပြလိုက်သည်။

ထို့နောက် ကလေးတစ်ယောက်အသံဖြင့် ပြောလိုက်သည်။

"သခင်... ဖြူလေးတော့ မရတော့ဘူးထင်တယ်..."

ဂျန်ဖန်း သူ၏ချီကြည့်ရှုခြင်းမျက်လုံးကို အသက်သွင်းပြီး ၎င်း၏အတွင်းအင်္ဂါတွေကို စစ်ဆေးကြည့်လိုက်သည်။

ရှချောင်ကောပြောသလိုပင် သူ့နှလုံးက အက်ရာများစွာရှိနေပြီး သွေးတွေအဆက်မပြတ်ယိုစိမ့်နေခဲ့သည်။

သူက မှတ်ချက်ပေးလိုက်၏။

"ဒီလိုနှလုံးဒဏ်ရာနဲ့ သူခုချိန်ထိ အသက်ရှင်နေတာ အံ့အားသင့်စရာပဲ..."

"ဒါပေမယ့် ဒီအခြေအနေအရတော့ သူ့ရဲ့ကိုယ်ပိုင်ပြန်လည်ကုသနိုင်စွမ်းအပေါ်မှီခိုရင် အလုပ်မဖြစ်လောက်ဘူး...."

ထိုအရာကိုကြားသည့်အခါ နန်းကုန်းရှောင်ယွင် နောက်တစ်ကြိမ် ဝမ်းနည်းလာ၏။

သူမ တစ်ဖက်လှည့်ပြီး လန်ဖေးယန်ကို မကျေမနပ်ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"နင်ငါ့ကို ပြန်လည်ရှင်သန်ဆေးရောင်းလို့မရဘူးလား..."

"တစ်လုံးထဲတောင်မရဘူးလား...."

ထိုအခိုက်အတန့်၌ ဖြူလေးကိုကယ်နိုင်သည့်တစ်ခုတည်းသောပစ္စည်းမှာ ဒဏ္ဍာရီလာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးသာဖြစ်၏။

သူမ အရင်ချိန်တွေကို ပြန်တွေးမိလိုက်၏။

အသင်္ချေဓားဂိုဏ်း ပြန်လည်ရှင်သန်ဆေး ၃ လုံးကို ၆သိန်းဖြင့်ဝယ်ခဲ့တာကြားခဲ့စဥ်...

သူမ ဟက်ဟက်ပက်ပက်ရယ်ခဲ့ပြီး အသင်္ချေဓားဂိုဏ်း ရူးသွားပြီး အလကားဖြုန်းတီးသည်ဟု ထင်ခဲ့၏။

သို့ပေမယ့် ထိုအရာက မကြာသေးခင် နေဝင်မြို့၌ တုန်လှုပ်စရာကိစ္စမဖြစ်ပွားခင်ထိပင်။

ထိုအခါမှသာ အသင်္ချေဓားဂိုဏ်း ဘယ်လောက်အမျှော်အမြင်ရှိလဲဆိုတာ သူမသိသွားခဲ့သည်။

All Chapters