အခန်း (၅၄၅)
Vol. 55 Ch. 545
“သံတမန်မင်း…”
မိုအောက်က အရိုအသေပြုကာ လျှောက်တင်လိုက်သည်။
“သံတမန်မင်းဆီက သတင်းရရချင်းပဲ ကျွန်တော်တို့ စခန်း ၁၃ ခုလုံးက လူတွေ အကုန်ထွက်လာခဲ့တာပါ... စုစုပေါင်း လူအင်အား တစ်သောင်းနှစ်သောင်းလောက် ရှိမယ်ဗျ... အခုဆို ဒီချိုင့်ဝှမ်းမှာ ပိတ်ဆို့ကွင်းကို အကောင်းဆုံး ပြင်ဆင်ပြီးသွားပါပြီ... တုပိုင်ရဲ့ သင်းကွပ်ထားတဲ့စစ်တပ်သာ ရောက်လာတာနဲ့ ဒီချိုင့်ဝှမ်းထဲ ဝင်လာအောင် စောင့်ပြီး ၊ ဝင်လာတာနဲ့ အကုန်သေအောင် သတ်ပေးပါ့မယ်...”
တုယွမ်သည် ဤနေရာ၏ ပထဝီအနေအထားကို လေ့လာကြည့်လိုက်ရာ ၊ ချုံခိုတိုက်ခိုက်ရန် အလွန်သင့်လျော်သော မဟာဗျူဟာမြောက် နေရာကောင်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရန်သူသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာသည်နှင့် ဧရာမ ကျောက်တုံးကြီးများဖြင့် အဝင်လမ်းကြောင်းကို ပိတ်ဆို့ပစ်မည်။ ပြီးနောက် အမြင့်ပိုင်းမှနေ၍ မြှားမိုးရွာချကာ ပစ်ခတ်မည် ၊ သစ်လုံးကြီးများနှင့် ကျောက်တုံးများကို လှိမ့်ချတိုက်ခိုက်မည် ဖြစ်၏။ မည်မျှပင် ထူးချွန်သော တပ်ဖွဲ့ဖြစ်နေပါစေ ၊ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ဘဲ ၊ စစ်တပ်တစ်ခုလုံး မြေဩစာ ဖြစ်သွားရပေလိမ့်မည်။
တုယွမ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“အဆိပ်ငွေ့ကို တတ်နိုင်သလောက် သုံးပါ... ပြီးတော့ ဝံပုလွေမြင်း ၃၀၀ ကို မသေအောင် ဂရုစိုက်ပါ... အဲဒါတွေကို ကျွန်တော်တို့ လိုချင်တယ်...”
မိုအောက် မျက်မှောင်ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဤဝံပုလွေမြင်းများကို လိုချင်မက်မောနေသောကြောင့် ဖြစ်သည်။ ဤဝံပုလွေမြင်းများသာ မိမိလက်ထဲ ရှိပါက ၊ တောင်တန်းများထဲတွင် မည်သူကများ သူ့ကို ယှဉ်နိုင်မည်နည်း။ လွတ်လပ်စွာ သွားလာနိုင်မည် မဟုတ်ပါလော။
တုယွမ်က မိုအောက်၏ အတွေးကို ရိပ်မိသကဲ့သို့ လေသံမာမာဖြင့် ဆိုလိုက်သည်။
“ဘာလဲ... ကျွန်တော်တို့ ဖန်းအုပ်စုက ခင်ဗျားတို့ကို ပြုစုပျိုးထောင်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီနော်... ဒါက မိဖုရားမိုဟန် ကိုယ်တိုင်ရေးပေးထားတဲ့ စာ... ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ကို ခြွင်းချက်မရှိ သစ္စာရှိရမယ် ဆိုတဲ့ အမိန့်ပဲ...”
“ဒါက အပေးအယူလေဗျာ...”
မိုအောက်က မျက်နှာချိုသွေးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့က သံတမန်မင်းတို့အတွက် မိစ္ဆာသီး ဘိန်းသီး စိုက်ပေးတယ်... သံတမန်မင်းတို့က ကျွန်တော်တို့ကို စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးတယ်... ကောင်းပါပြီလေ... ဝံပုလွေမြင်း ၃၀၀ က သံတမန်မင်းတို့ အပိုင်ပေါ့...”
ထို့နောက် မိုအောက်က လောဘရောင်သန်းနေသော မျက်လုံးများဖြင့် ဆက်ပြောသည်။
“ကြားရသလောက်... ကျွန်တော့်ရဲ့ မိစ္ဆာနဂါး စခန်းကို လာတိုက်တဲ့ စစ်တပ်ခေါင်းဆောင်က မိန်းမတစ်ယောက် ဆို... အရပ်ရှည်ရှည်နဲ့ အရမ်းလှတယ် ဆို... ဒါဆို အဲဒီမိန်းမကိုတော့ ကျွန်တော် ယူမယ်ဗျာ... ကျွန်တော် သူ့ကို တစ်ညလုံး မအိပ်ရအောင် လုပ်ပြမယ်...”
တုယွမ် ပြုံးလိုက်ပြီး ဆိုလေ၏။
“သူ့နာမည်က ဖူဟုန်ပင်း... တကယ် လှပါတယ်... ခင်ဗျား သူ့ကို နေ့တိုင်း တစ်ညလုံး မအိပ်ရအောင် လုပ်လည်း သူ ခံနိုင်ရည် ရှိပါတယ်...”
“ဟားဟားဟား...” မိုအောက် သဘောကျစွာ ရယ်မောလိုက်ပြီး မေးလိုက်သည်။ “သံတမန်မင်း... ကျွန်တော့်သမီး အခြေအနေ ဘယ်လိုရှိလဲဗျ...”
တုယွမ်သည် သူ၏ခါးကို ပွတ်သပ်လိုက်ပြီး ညည်းတွားလိုက်သည်။ “မဆိုးပါဘူး... နည်းနည်း ရိုင်းတာကလွဲရင်ပေါ့... ကျွန်တော့်ခါးတောင် ကျိုးလုနီးပါး ဖြစ်သွားသေးတယ်...”
“ဟားဟားဟား...” မိုအောက်က လက်ခုပ်တီးကာ ပြောလိုက်သည်။
“သံတမန်တုက စာပေပညာရှင် ဆိုပေမဲ့ ၊ စာပေသမားတွေလို ပျော့ညံ့ညံ့ မဟုတ်ဘူးပဲ... ကျွန်တော်နဲ့ စရိုက်တူတယ်... ကောင်းပြီ... ဆုံးဖြတ်လိုက်ပြီ... ဖူဟုန်ပင်း ဆိုတဲ့ မိန်းမကို ဖမ်းမိရင် ကျွန်တော်တို့နှစ်ယောက် အတူတူ သုံးကြတာပေါ့... ဟားဟားဟား...”
တုယွမ်က ခေါင်းညိတ်လိုက်သည်။ “ကောင်းတာပေါ့ဗျာ... ဒီလောက်လှတဲ့ မိန်းမကို တုပိုင်က မိန်းမစိုး ဖြစ်နေလို့ မသုံးနိုင်တာ နှမြောစရာပဲ... ကျွန်တော်တို့နှစ်ယောက်ကပဲ သူ့အစား သုံးပေးလိုက်တာပေါ့...”
ဝုန်းးး။ ထိုအချိန်၌ အစိမ်းရောင် ဝတ်စုံဝတ်ထားသော ကင်းထောက်စစ်သည်တစ်ဦး အလောတကြီး ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။
“ခေါင်းဆောင်ကြီး... ရန်သူတွေက မိစ္ဆာနဂါး စခန်းနဲ့ လီ ၁၀၀ ဝန်းကျင်ကို ရောက်နေပါပြီ...”
မိုအောက်က ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ “ဟားဟား... လာပြီ... လာကြပြီဟေ့... အားလုံး ချုံခိုဖို့ ပြင်ကြ...”
ခဏချင်း၌ပင် မိုမိသားစု တပ်ဟောင်းများမှ လူတစ်သောင်းနှစ်သောင်းခန့်ရှိသော တောင်ပေါ်သူပုန်များသည် နေရာအသီးသီးတွင် အသံတိတ် နေရာယူလိုက်ကြလေသည်။
မရေမတွက်နိုင်သော သစ်လုံးကြီးများ ၊ ကျောက်တုံးကြီးများနှင့် လေးမြှားများ အားလုံး အသင့်အနေအထား ရှိနေကြပြီ ဖြစ်၏။ ဖူဟုန်ပင်းနှင့် သူမ၏ စစ်တပ် ချိုင့်ဝှမ်းထဲ ဝင်လာသည်နှင့် ပိုက်ကွန်ထဲသို့ ငါးဝင်လာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မိုအောက်က လက်ထောက်တစ်ဦးကို လှမ်းပြောလိုက်သည်။
“မီးနတ်ဘုရားဘာသာ ပလ္လင်ခွဲဆီ လူလွှတ်ပြီး မေးကြည့်စမ်း... သူတို့ စစ်တပ်လွှတ်လိုက်ပြီလားလို့... တကယ်လို့ မလွှတ်ဘူးဆိုရင်တော့ တုပိုင်ရဲ့ စစ်တပ်ကို ငါတို့ပဲ တစ်ယောက်တည်း ဝါးမြိုလိုက်တော့မယ်...”
မိုအောက်သည် မြွေမြီးကောင် ခေါင်းနှစ်လုံးကဲ့သို့ နှစ်ဖက်ခွစားတတ်သူ ဖြစ်သည်။ တစ်ဖက်တွင် ဖန်းမိသားစုနှင့် ပူးပေါင်းထားသလို ၊ အခြားတစ်ဖက်တွင် လီမိသားစုနှင့်လည်း လက်ဝါးချင်းရိုက် ပူးပေါင်းထားလေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ မိစ္ဆာအဆီဘိန်းများ ရောင်းမထွက်မည်ကို ပူစရာ မလိုချေ။
တစ်နာရီကျော် ကြာပြီးနောက် ဖူဟုန်ပင်း ဦးဆောင်သော စစ်သည် သုံးထောင်၏ ပုံရိပ်များသည် မြူခိုးများကြားမှ ဝိုးတဝါး ပေါ်ထွက်လာပြီး တဖြည်းဖြည်း နီးကပ်လာလေ၏။
သူတို့သည် မိုမိသားစု တပ်ဟောင်းများ ထောင်ချောက်ဆင်ထားသော ပိတ်ဆို့ကွင်းနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။
မိုအောက်သည် ဝံပုလွေမြင်းပေါ်တွင် စီးနင်းလိုက်ပါလာသော ဖူဟုန်ပင်းကို လှမ်းမြင်လိုက်ရသည်နှင့် ၊ သူမ၏ ပြိုင်ဘက်ကင်း အလှအပကြောင့် တံတွေးများပင် မြိုချမိလိုက်လေသည်။
“ဟဲဟဲ... အလှလေး... မကြာခင် မင်းက ငါ့အပိုင် ဖြစ်တော့မယ်... မပူပါနဲ့ ကိုကြီးက ညင်သာပါမယ်... အဟေးဟေးဟေး”
ဖူဟုန်ပင်း၏ စစ်တပ်သည် ပိတ်ဆို့ကွင်းထဲသို့ ပိုမို နီးကပ်လာသည်ကို မြင်သောအခါ တုယွမ်၏ နှလုံးခုန်သံများ ဒုန်းဒုန်းမြည်ကာ မြန်ဆန်လာလေသည်။
သူ အောင်မြင်မှု ရတော့မည်။ ကောင်းကင်ပေါ်သို့ ခြေတစ်လှမ်းတည်းဖြင့် တတ်နိုင်တော့ပေမည်။
ဤတိုက်ပွဲတွင် တုပိုင်၏ အဓိက အထူးတပ်ဖွဲ့ဝင် သုံးထောင်ကို အလွယ်တကူ ချေမှုန်းနိုင်လိုက်သည်နှင့် ၊ သူသည် တုမိသားစု၏ မျိုးဆက်သစ် လူငယ်များကြားတွင် ထူးချွန်ပြောင်မြောက်သူအဖြစ် နာမည်ကျော်ကြားလာပေလိမ့်မည်။
ဖူဟုန်ပင်း ဦးဆောင်သော စစ်သည် သုံးထောင်ကျော်သည် ချိုင့်ဝှမ်းထဲသို့ ရောက်ရှိလာပြီး ရန်သူ၏ ပိတ်ဆို့ကွင်း ဝင်ပေါက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
မိုအောက်က စိတ်မရှည်စွာ ရေရွတ်လိုက်သည်။ “ဘာလို့ မီးနတ်ဘုရား စစ်တပ်က အခုထိ ရောက်မလာသေးတာလဲ... မလာရင် ဒီပွဲကို ငါတစ်ယောက်တည်းပဲ တိုက်လိုက်တော့မယ်...”
ဝုန်းးး။ ထိုအချိန်၌ ကင်းထောက်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး အော်ဟစ်ပြောဆိုလိုက်သည်။
“ခေါင်းဆောင်ကြီး... ခေါင်းဆောင်ကြီး... မီးနတ်ဘုရား စစ်သည် သုံးထောင် ရောက်လာပါပြီ... ကျွန်တော်တို့ရဲ့ အနောက်ဘက်တည့်တည့်မှာပါ...”
မိုအောက် ရယ်မောလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ... ငါတို့ ပူးပေါင်းပြီး တုပိုင်ရဲ့ အဓိကတပ်ဖွဲ့ သုံးထောင်ကို ဝါးမြိုလိုက်ကြစို့... ဖူဟုန်ပင်း ဆိုတဲ့ အလှလေး... မင်းက ငါ့အပိုင်ပဲ... ဒီည မင်းကို တစ်ညလုံး မအိပ်ရအောင် လုပ်ပေးမယ်... ဟားဟားဟား...”
ထိုအချိန်၌ တုယွမ်သည် ကံတရား နတ်ဘုရားမ၏ မျက်နှာသာပေးမှုကို ခံနေရသည်ဟု ခံစားလိုက်ရလေ၏။
**--**--**--**--**--**--**--**
စိချွမ်းပြည်နယ်ကား လူဦးရေ ထူထပ်သိပ်သည်းသကဲ့သို့ သယံဇာတ ပေါကြွယ်ဝလှသော ဒေသတစ်ခု ဖြစ်ပေသည်။ လီရူဟိုင်၏ မဟာဗျူဟာတွင် စိချွမ်းပြည်နယ်ကို သိမ်းပိုက်ရေးသည် ထိပ်တန်း ဦးစားပေး ဖြစ်ခဲ့သည်။
စစ်မီးလျှံများ တောက်လောင်နေသော ဤခေတ်ကာလကြီး၌ လူဦးရေသည် အဖိုးတန်ဆုံးသော အရင်းအမြစ်တစ်ခု မဟုတ်ပါလော။
အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်လာမှုကြောင့် သတ္တဝါမျိုးစိတ်အချို့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သလို ၊ ရေကြောင်းကုန်သွယ်ရေး ထွန်းကားလာမှုကြောင့် သီးနှံအမျိုးအစားသစ်များလည်း တရုတ်ပြည်သို့ ကြိုတင် ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် တာ့နင်အင်ပါယာ၏ လူဦးရေသည် သမိုင်းကြောင်းမှ မင်မင်းဆက်ထက် ပိုမို များပြားလေသည်။ စိချွမ်းပြည်နယ်၏ လူဦးရေသည်လည်း သန်း ၂၀ ကျော် ရှိနေပြီ ဖြစ်၏။
လီရူဟိုင်သာ စိချွမ်းပြည်နယ်ကို သိမ်းပိုက်နိုင်လိုက်ပါက ၊ သူ၏ တာ့ယန်တိုင်းပြည်သည် နယ်မြေအကျယ်အဝန်း အဆမတန် ကျယ်ပြန့်လာမည်ဖြစ်ပြီး ၊ လူဦးရေ သန်း ၅၀ ကျော်အထိ ရှိလာမည် ဖြစ်သည်။ ထိုအခါ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့အပြင် စိချွမ်းကို သိမ်းပိုက်နိုင်လိုက်ပါက ၊ လီရူဟိုင်သည် ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်ခံရမည့် အခြေအနေမှ လွတ်မြောက်သွားမည် ဖြစ်ပြီး ၊ မဟာဗျူဟာမြောက် ခံစစ်အသာစီး ရရှိသွားမည် ဖြစ်သည်။ ခံစစ်အတွက် စိတ်ချရသလို ၊ ထိုးစစ်ဆင်မည် ဆိုပါကလည်း ဟူကွမ် နှင့် ရှန်ရှီး ကဲ့သို့သော တာ့နင်အင်ပါယာ၏ အချက်အချာကျသော ဒေသများကို တိုက်ရိုက် ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
တာ့နင်အင်ပါယာသည် စိချွမ်းပြည်နယ်တွင် စစ်သည်အင်အား သိန်းချီ ရှိသော်လည်း ၊ အများစုမှာ အရည်အသွေး ညံ့ဖျင်းသော တပ်ဖွဲ့များသာ ဖြစ်သည်။ ကျန့်ကော်နယ်စားမင်း၏ စစ်သည် ခြောက်သောင်းသာလျှင် စစ်မှန်သော လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ကြ၏။
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ ပိုင်နက်သည် ကျန့်ကော် ဖြစ်သော်လည်း ၊ သူ၏ ရာထူးမှာ စိချွမ်း ရေတပ်စစ်သူကြီးဖြစ်သဖြင့် စိချွမ်းပြည်နယ် တစ်ခုလုံးသည် သူ၏ ကာကွယ်ရေး နယ်မြေ ဖြစ်လေသည်။
အခြားသော စစ်ဘက်ခေါင်းဆောင်များကဲ့သို့ပင် သူသည်လည်း ဖန်းမိသားစုထံမှ ငွေကြေးရယူထားပြီး ၊ ကုန်သွယ်ရေး အကျိုးစီးပွားများစွာ ရှိသဖြင့် ဧကရာဇ်၏ အမိန့်ကို သိပ်ပြီး နာခံလေ့ မရှိပေ။
သို့သော် သူသည် ပုန်ကန်လိုသူတော့ မဟုတ်ပေ။ ဧကရာဇ်၏ အမိန့်ကို ဂရုမစိုက်သော်လည်း ၊ ဖန်းမိသားစုကိုလည်း သိပ်ပြီး ခင်တွယ်လေ့ မရှိပြန်ချေ။ စိချွမ်းပြည်နယ်တွင် ဘုရင်တစ်ပါးကဲ့သို့ အုပ်စိုးနေသည်မှာ ကြာပြီ ဖြစ်သဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သော အချိန်က ကျန်းနန်နယ်စားမင်းသည် စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းလာစဉ်က ၊ ကျန့်ကော်နယ်စားမင်းကို စစ်သည် နှစ်သောင်း စေလွှတ်ကူညီရန် ဧကရာဇ်ထံ လျှောက်တင်ခဲ့ဖူးသည်။ ရလဒ်အနေဖြင့် ကျန်းဝမ်ကျောက်က ဧကရာဇ်ထံ စစ်စရိတ် ငွေတုံး နှစ်သန်း တောင်းခံခဲ့လေသည်။ စစ်စရိတ်ရမှ စစ်တပ်ထွက်မည်ဟု ဆို၏။
စစ်သည် နှစ်သောင်းအတွက် ငွေတုံး နှစ်သန်း ဟုတ်လား။ ဓားပြတိုက်လျှင်ပင် ဤမျှလောက် အမြတ်မထွက်ပေ။
ထို့ကြောင့် ကျန်းနန်နယ်စားမင်းက အကူအညီ တောင်းသည့် ကိစ္စ ပျက်ပြယ်သွားခဲ့ရသည်။ သို့သော် စစ်မထွက်မီ ကျန်းနန်နယ်စားမင်း ကိုယ်တိုင် စိချွမ်းပြည်နယ်သို့ သွားရောက်ပြီး ၊ မိမိကိုယ်ကို ညီငယ်ဟု နှိမ့်ချခေါ်ဝေါ်ကာ ကျန့်ကော်နယ်စားမင်းကို တွေ့ဆုံခဲ့သည်။ လီမိသားစု ပုန်ကန်လာပါက စစ်ကူလွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
ထိုအချိန်က ကျန်းဝမ်ကျောက်သည် မိမိကိုယ်ကို အထင်ကြီးစိတ် ကျေနပ်သွားသဖြင့် သဘောတူခဲ့သည်။
သို့သော် လီမိသားစု အမှန်တကယ် ပုန်ကန်သောအခါ ကျန်းဝမ်ကျောက်သည် မလှုပ်မယှက် နေခဲ့လေသည်။ သူ၏ စစ်တပ်သည် ရွှမ်ချန်နယ်စားမင်းထက် ပိုနီးသော်လည်း ၊ ဧကရာဇ်၏ အမိန့်တော် ဘယ်နှခု ရောက်ရောက် နားပိတ်ထားခဲ့၏။ လီရူဟိုင် ကွေ့ကျိုး နှင့် ယွန်းနန် ပြည်နယ်များကို သိမ်းပိုက်သွားသည်ကို လက်ပိုက်ကြည့်နေခဲ့သည်။
လတ်တလော ရောက်ရှိလာသော အမိန့်တော်တွင် ဧကရာဇ်သည် ကျန်းဝမ်ကျောက်ကို အလွန် ပြင်းထန်သော လေသံဖြင့် ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်ထွက်ရန် အမိန့်ပေးခဲ့သည်။
ရလဒ်အနေဖြင့် ကျန်းဝမ်ကျောက်သည် စစ်သည် ရှစ်သောင်းကို ဦးဆောင်ကာ မဟာဗျူဟာကျသော ရွှီကျိုးမြို့သို့ ရွှေ့ပြောင်း တပ်စွဲလိုက်၏။
ရွှီကျိုး၏ တည်နေရာသည် ကွေ့ကျိုး နှင့် ယွန်းနန် ပြည်နယ်များနှင့် အလွန် နီးကပ်လေသည်။ ကျန်းဝမ်ကျောက် စစ်ထွက်လာခြင်းမှာ ဧကရာဇ်၏ စကားကို ရုတ်တရက် နားထောင်သွားခြင်းကြောင့် မဟုတ်ပေ။ လီကျန်းသည် ကွေ့ကျိုးပြည်နယ်ကို လျင်မြန်စွာ သိမ်းပိုက်လိုက်ပြီး ၊ စစ်တပ်အင်အား အလွန်အမင်း တိုးပွားလာသောကြောင့် ဖြစ်သည်။ ကျန့်ကော်နယ်စားမင်းသည် စိချွမ်းပြည်နယ်ကို သူ၏ ကိုယ်ပိုင်ပိုင်နက်အဖြစ် သတ်မှတ်ထားရာ ၊ လီမိသားစုက ကွေ့ကျိုး နှင့် ယွန်းနန် ကို သိမ်းပိုက်သည့်ကိစ္စအား သူ ဂရုမစိုက်သော်လည်း ၊ စိချွမ်းကို လာထိမည် ဆိုလျှင်တော့ လုံးဝ လက်ခံမည် မဟုတ်ပေ။
ယခုအခါ လီကျန်း၏ စစ်တပ်သည် စိချွမ်းနယ်စပ်သို့ ချဉ်းကပ်လာပြီ ဖြစ်ရာ ၊ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်သည် သေချာပေါက် တားဆီးရပေမည်။
ဤသည်မှာ စစ်ဘုရင်များနှင့် နယ်တစ်ခွင်ကို စိုးမိုးထားသော ဘုရင်ငယ်များ၏စံပုံစံ စိတ်ဓာတ်ပင် ဖြစ်သည်။ မောက်မာပြီး အမြော်အမြင် နည်းပါးကြသည်။
ကျန့်ကော်နယ်စားမင်းသည် ရွှီကျိုးတွင် တပ်စွဲလိုက်ပြီးနောက် လီရူဟိုင်လည်း အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သို့သော် အိမ်ရှေ့စံ လီကျန်းသည် အရှိန်ရနေပြီ ဖြစ်ပြီး ပြည်နယ်နှစ်ခုကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သဖြင့် ၊ အရှိန်အဝါ မကျဆင်းလိုဘဲ ကျန်းဝမ်ကျောက်ကို ရင်ဆိုင်ရန် စစ်တပ်ကို ဦးဆောင်လာခဲ့သည်။
လီရူဟိုင် နှင့် တုပိုင်တို့၏ ဆွေးနွေးပွဲ မပျက်ပြားမီက ၊ တာ့ယန်တိုင်းပြည်သည် တုပိုင်ကို ချေမှုန်းရန် အင်အားအားလုံး စုစည်းလိုသဖြင့် လီကျန်း၏ အဓိကတပ်မကြီး ၁ သိန်းခွဲကို တောင်ဘက်သို့ ပြန်လည် ဆုတ်ခွာစေခဲ့သည်။ လီကျန်းသည် စစ်သည် ၆ သောင်းကိုသာ ဦးဆောင်ပြီး ကျန့်ကော်နယ်စားမင်း၏ စစ်တပ် ၈ သောင်းနှင့် ရင်ဆိုင်ထားခဲ့သည်။
စစ်ပွဲကြီး မဖြစ်ပွားသော်လည်း လူရာဂဏန်းခန့် ပါဝင်သော တိုက်ပွဲငယ်လေးများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၊ နိုင်လိုက်ရှုံးလိုက် ရှိခဲ့ကြသည်။
သို့သော် အစမှအဆုံးတိုင်အောင် ကျန်းဝမ်ကျောက်သည် နယ်စပ်ကို ဖြတ်ကျော်ပြီး တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
ထိုအကြောင်းကို သိရသောအခါ လီရူဟိုင်သည် မထီမဲ့မြင် ပြုကာ ဆိုလေ၏။
“အိမ်စောင့်ခွေး တစ်ကောင်ပါကွာ... ဂရုစိုက်စရာ မလိုပါဘူး...”
ရုတ်တရက် သူသည် ကျားပေါက်လေး တုပိုင်ကို သတ်ဖြတ်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် လီရူဟိုင်သည် ယွန်းနန်ပြည်နယ်ကို စောင့်ကြပ်နေသော လီရူဟု ကို စစ်သည် ၅ သောင်း ဦးဆောင်ပြီး တောင်ဘက်သို့ ပြန်ဆင်းလာရန် အမိန့်ပေးလိုက်သည်။
ဤသို့ဖြင့် လီရူဟိုင်၏ စစ်တပ်အင်အားသည် ၃ သိန်းကျော်အထိ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ယခုအခါ ဤစစ်သည် ၃ သိန်းကျော်သည် တာ့ယန် ဘုရင်မင်းနေပြည်တော်တွင် ဆက်လက် စုဝေးနေကြပြီး ၊ တုပိုင်နှင့် အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်ပွားတော့မည် ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team