အခန်း (၅၄၈)
Vol. 55 Ch. 548
ထို့နောက် တုပိုင်သည် မကောင်းမှုဒုစရိုက်အားလုံး၏ အရင်းအမြစ်တစ်ခု ဖြစ်သော ဘိန်းမည်းများကို ရှာတွေ့ခဲ့လေ၏။ ပိဿာချိန် ထောင်ပေါင်းများစွာ ရှိလေသည်။
“သခင်ကြီးတုပိုင်က ပိုင်ဆယ်မြို့ကို သိမ်းပိုက်လိုက်တာကြောင့် ပို့ဆောင်ရေးလမ်းကြောင်းတွေ ကြန့်ကြာသွားပြီး ၊ မိစ္ဆာသီး ပိဿာချိန် ခုနစ်သိန်းလောက်ကို သယ်ထုတ်ဖို့ အချိန်မမီလိုက်တာပါ...” ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးက ရှင်းပြလေသည်။
တုပိုင်က မေးလိုက်သည်။ “ဒါက မိစ္ဆာနဂါး စခန်း တစ်ခုတည်းကဟာလား... ကျန်တဲ့ စခန်း ၁၂ ခုမှာရော ရှိသေးလား...”
“ရှိပါတယ်...” အမျိုးသမီးက ပြန်ဖြေ၏။ “ဒါပေမဲ့ ဒီလောက်တော့ မများဘူး...”
တုပိုင်က ထပ်မေးလိုက်သည်။ “မင်းက မိုအောက်ရဲ့ မိန်းမလား...”
အမျိုးသမီးက ပြန်ဖြေသည်။ “ဟုတ်ပါတယ်... အတင်းအကြပ် လုယူပေါင်းသင်းခံရတဲ့ မိန်းမပါ...”
တုပိုင်က မေးပြန်သည်။ “အရင်တုန်းက မင်း ဘာလုပ်လဲ...”
အမျိုးသမီးသည် မျက်စောင်းလေး ထိုးလိုက်ပြီး ပြောလေ၏။ “ပြည့်တန်ဆာရုံက ထိပ်တန်း အလှမယ်ပါ... သခင်ကြီးလို လူမျိုးကို တွေ့ရင် ကျွန်မတို့လို လူမျိုးက အရမ်း သဘောကျတာ...”
တုပိုင် ကြောင်အမ်းသွားလေသည်။ သူအကျီဆယ်ခံလိုက်ရပြီဖြစ်၏။
တုပိုင်သည် မီးနတ်ဘုရား စစ်သည် ၁၀၀၀ နှင့် ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည် ၁၀၀၀ ကို ချက်ချင်း စေလွှတ်ပြီး ၊ ကျန်ရှိသော သူပုန်စခန်း ၁၂ ခုကို အမြန်ဆုံး ဝင်ရောက်စီးနင်းစေကာ ၊ ငွေကြေးနှင့် ဘိန်းများ အားလုံးကို သိမ်းဆည်းရန် အမိန့်ပေးလိုက်သည်။
နှစ်ရက် ကြာပြီးနောက် မိုမိသားစု တပ်ဟောင်းများ ပိုင်ဆိုင်သော ရွှေ ၊ ငွေ နှင့် ဘိန်းများ အားလုံးသည် တုပိုင်၏ ရှေ့မှောက်သို့ ရောက်ရှိလာလေ၏။
သူ ဘောစိဖြစ်သွားပြီဖြစ်သည်။.စုစုပေါင်း ရွှေတုံး တစ်သိန်းကျော် ၊ ငွေတုံး သုံးသန်းခွဲကျော် နှင့် ဘိန်းမည်း ပိဿာချိန် တစ်သန်း သုံးသိန်းကျော် သိမ်းဆည်းရမိခဲ့သည်။
သူ၏ မူလ စစ်တပ်ချဲ့ထွင်ရေး စီမံချက်တွင် မိုမိသားစု တပ်ဟောင်း နှစ်သောင်းကို သိမ်းသွင်းရန်သာ ရည်မှန်းထားခဲ့ပြီး ၊ ပစ္စည်းသိမ်းဆည်းရမိရန် သိပ်ပြီး မမျှော်လင့်ထားခဲ့ပေ။
သို့သော် ယခုကဲ့သို့ အံ့မခန်း ပမာဏကို သိမ်းဆည်းရမိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
မူလက တုပိုင် စိတ်ပူနေခဲ့ရသည်။ မကြာမီ သူ၏ စစ်တပ်အင်အားသည် တစ်သိန်းနီးပါး ဖြစ်လာတော့မည်။ တစ်နှစ်လျှင် စစ်သည်လစာနှင့် စရိတ်စကသည် ငွေတုံး ၁.၅ သန်းကျော် ကုန်ကျမည် ဖြစ်ရာ ၊ သူ၏ လက်ထဲရှိ ငွေများမှာ ကုန်ခါနီး ဖြစ်နေ၏။ ဧကရာဇ်ကို အားကိုးရအောင်လည်း ဧကရာဇ်သည် အကျိုးနည်းစွာဖြင့် သူ့ထက်ပင် ပိုမွဲနေသေးသည်။
ယခုတော့ တစ်ချက်တည်းနှင့် ဌေးသွားပြီဖြစ်သည်။ သိမ်းဆည်းရမိသော ရွှေနှင့် ငွေများသည် အနည်းဆုံး နှစ်နှစ်စာ စစ်စရိတ်အတွက် လုံလောက်လေသည်။
‘ဒီဘိန်းတွေကို ဘယ်လို လုပ်မလဲ...’ ဤအရာများကား ဧရာမ ငွေပုံကြီးပင် ဖြစ်ပေတော့သည်။ တုပိုင်အနေဖြင့် မြောက်ဘက်ရှိ ရွှေကူအင်ပါယာ၏ အကြွင်းအကျန်များကို ရောင်းစားနိုင်သလို ၊ အရှေ့ယင်းအင်ပါယာ ဂျပန်ကိုလည်း တမင်သက်သက် ရောင်းစားနိုင်သည်။
‘ဒါပေမဲ့... တကယ်လို့ တာ့နင်အင်ပါယာ နယ်မြေထဲ ပြန့်နှံ့သွားရင် ဘယ်လိုလုပ်မလဲ...’
သို့သော် တစ်ဖက်က ကြည့်ပြန်လျှင်လည်း ၊ ဤအရာသည် ဆေးဝါးတစ်မျိုးပင်... အနည်းငယ်သာ သုံးစွဲလျှင် အကိုက်အခဲပျောက်ဆေးအဖြစ် သုံး၍ ရသေးသည်။
“မိစ္ဆာသီး စိုက်ထားတဲ့ တောင်တွေ အကုန်လုံးကို မီးရှို့ပစ်လိုက်...”
တုပိုင် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ဝုန်းးး။ ချက်ချင်းပင် ပတ်ဝန်းကျင် တောင်တန်းများပေါ်ရှိ ဘိန်းခင်းများ အားလုံး မီးရှို့ဖျက်ဆီးခံလိုက်ရလေသည်။
ထို့နောက် တုပိုင်သည် တိရစ္ဆာန်များ ၊ လှည်းများနှင့် မြင်းလှည်းများ အားလုံးကို အသုံးပြုကာ ပစ္စည်းများကို သယ်ဆောင်စေသည်။
မိုမိသားစု တပ်ဟောင်းမှ အညံ့ခံထားသော သုံ့ပန်း ၁၅,၀၀၀ စလုံးသည် ကူလီများ ဖြစ်သွားကြပြီး ၊ တစ်ယောက်လျှင် ပစ္စည်း ပိဿာချိန် ၁၅၀ ကျော် ထမ်းပိုးသယ်ဆောင်ကြရသည်။
မီးနတ်ဘုရား စစ်သည် ၃၀၀၀ နှင့် ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည် ၃၀၀၀ မှာမူ ကိုယ်ပိုင် လက်နက်နှင့် ပစ္စည်းကိရိယာများမှလွဲ၍ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ သယ်ဆောင်စရာ မလိုဘဲ ၊ သုံ့ပန်း ၁၅,၀၀၀ ကို အစောင့်အကြပ် လိုက်ပါကြရသည်။
ထိုသို့ဖြင့် တုပိုင် လာစဉ်က အဝတ်ပင်မပါဘဲ ဖင်တုံးလုံးဖြင့် ဖြစ်သော်လည်း ၊ ပြန်ချိန်တွင်မူ လူအင်အား နှစ်သောင်းကျော်နှင့် ၊ ကြီးမားလှသော ရွှေငွေရတနာများ ၊ ရိက္ခာများကို သယ်ဆောင်ကာ ပြန်လာခဲ့လေတော့သည်။
ဘုရင်မင်းနေပြည်တော်၌ ရိက္ခာဂိုဒေါင်များ မီးရှို့ခံရပြီးနောက် ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် လက်ကျန်ရိက္ခာသည် ရက် ၂၀ စာခန့်သာ ကျန်ရှိတော့သည်။ နေ့စဉ်နှင့်အမျှ လူများ သေဆုံးနေကြပြီး ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများသည် သူတို့၏ ငယ်ရွယ်သော မိသားစုဝင်များ အသက်ဆက်နိုင်ရေးအတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေကြသည်။
ရိက္ခာပိတ်ဆို့မှုသည် ဆက်လက် တည်ရှိနေပြီး ပိုမို ဆိုးရွားလာနေသည်။ နောက်ထပ် သတင်းဆိုးကြီးတစ်ခုလည်း ရောက်ရှိလာလေ၏။ ဖန်းမိသားစု၏ ပင်လယ်ရပ်ခြား အင်ပါယာ စစ်တပ်၏ အင်အား နှစ်သောင်းသည် ထျန်ကျင်း ဆိပ်ကမ်းတွင် ကမ်းတက်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ထျန်ကျင်းဒေသတွင် စစ်သည်အင်အား ၅ သောင်းကျော် ရှိနေပြီ ဖြစ်သည်။
သေချာပေါက် ဤစစ်သည် ၅ သောင်းသည် မြို့တော်ကို တိုက်ခိုက်ရန် မဟုတ်ဘဲ ၊ မြို့တော်ကို သိမ်းပိုက်ထိန်းချုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဧကရာဇ် နတ်ရွာစံပြီး ၊ အိမ်ရှေ့စံက အလျှော့ပေးလိုက်သည်နှင့် အိမ်ရှေ့စံသည် ဧကရာဇ် ဖြစ်လာလိမ့်မည်။ အကယ်၍ အိမ်ရှေ့စံက အလျှော့မပေးလျှင် ယန်မင်းသားက နန်းတက်ပေလိမ့်မည်။
သို့သော် အိမ်ရှေ့စံပဲ ဖြစ်ဖြစ် ၊ ယန်မင်းသားပဲ ဖြစ်ဖြစ် ၊ ရုပ်သေးရုပ် ဧကရာဇ်သာ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် မြို့တော်တစ်ခုလုံးကို စစ်ဘက်အပါအဝင် ဖန်းမိသားစုက အပြည့်အဝ ထိန်းချုပ်ထားလိမ့်မည်။ မင်းသမီးနင်းရွှဲ့၏ စစ်တပ်နှင့် လီလျန်တင်း၏ အစောင့်တပ်ဖွဲ့များ အားလုံး လက်နက်ဖြုတ်သိမ်းခြင်း ခံရပြီး ဖျက်သိမ်းခံရပေလိမ့်မည်။
နန်းတော်အတွင်း၌ ဧကရာဇ်သည် စိတ်ဓာတ်ကျနေပုံ မပေါ်ဘဲ ၊ ထူးခြားသော စိတ်လှုပ်ရှားမှုမျိုး ရှိနေလေသည်။
သူသည် ဖန်းကျိုး ထံမှ စာတစ်စောင် ထပ်မံ ရရှိခဲ့သည်။
စာထဲတွင် အမတ်ချုပ်ဟောင်း ဖန်းကျိုးသည် ကမ်းလှမ်းချက်များကို ရေးသားထားသည်။
ဧကရာဇ် အနေဖြင့် ဘေးကင်းစွာ နန်းစွန့်နိုင်ပြီး ၊ နန်းစွန့်ဧကရာဇ် အဖြစ် ဂုဏ်ကျက်သရေနှင့် ပြည့်စုံစွာ နေထိုင်နိုင်မည်။ အိမ်ရှေ့စံသည် ဧကရာဇ် ဖြစ်လာမည်။ မင်းသမီးနင်းရွှဲ့၏ တပ်သစ်ကို ဖျက်သိမ်းရမည် ဖြစ်ပြီး ၊ မင်းသမီးနင်းရွှဲ့သည် ဖန်းကျန်ကျစ် နှင့် လက်ထပ်ရမည်။ အိမ်ရှေ့စံသည် လက်ရှိဇနီးကို ကွာရှင်းပြီး ၊ ဖန်းမိသားစု၏ သမီး ဖန်းချင်းယီ နှင့် လက်ထပ်ရမည်။ လီလျန်တင်း၏ အစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းရမည် ဖြစ်ပြီး ၊ လီလျန်တင်းသည် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့မှုဖြင့် သေဒဏ်ခံရမည်။
ဧကရာဇ်က ဤအချက်များကို သဘောတူလိုက်သည်နှင့် မြို့တော် ပိတ်ဆို့မှုကို ချက်ချင်း ရုပ်သိမ်းပေးမည် ဟု ဆိုထားသည်။
ဧကရာဇ်သည် ဖန်းကျိုး၏ စာကို မျက်နှာသေဖြင့် ဆွဲဆုတ်ပစ်လိုက်လေ၏။ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာနေသည်။
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်သည် ဧကရာဇ်၏ အမိန့်ကို ထပ်မံ လျစ်လျူရှုလိုက်ပြီး ၊ စစ်သည် ၈ သောင်းကို ဦးဆောင်ကာ ရွှီကျိုးစီရင်စုသို့ ဝင်ရောက်ပြီးနောက် ခြေတစ်လှမ်းမျှ ရှေ့မတိုးတော့ပေ။
ထို့အပြင် သူသည် တုပိုင်၏ ရွှေတုံး တစ်သောင်းကို လက်ခံရယူပြီးနောက် ၊ တုပိုင်၏ သံတမန်ကို မောင်းထုတ်လိုက်ပြီး ၊ လူသိရှင်ကြား စွပ်စွဲပြောဆိုခဲ့သည်။ တုပိုင်သည် အိမ်တော်ထိန်းလေးသာ ဖြစ်ကြောင်း ၊ ကျန့်ရှီးနယ်စား ဆိုသည်မှာ လူပြက်တစ်ကောင်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဤသည်မှာ စိချွမ်းမှ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်က ဖန်းမိသားစုကို မျက်နှာလုပ်ပြလိုက်ခြင်း ဖြစ်ကြောင်း ဧကရာဇ် သိလိုက်သည်။
ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်တပ်သည်လည်း ဟူနန်ပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် ချက်ချင်းပင် နေမကောင်းဟု အကြောင်းပြကာ ရပ်တန့်လိုက်သည်။ အနောက်ဘက်မှနေ၍ ကွေ့ကျိုးပြည်နယ်ကို တိုက်ခိုက်ခြင်း မပြုသလို ၊ တောင်ဘက်သို့ ဆင်းပြီး တုပိုင်နှင့် ပူးပေါင်းရန်လည်း ဆန္ဒမရှိပေ။
စစ်ဘုရင် နှစ်ဦးစလုံး၏ သဘောထားမှာ ရှင်းလင်းလှသည်။ သူတို့သည် လက်ပိုက်ကြည့်နေကြမည် ဖြစ်ပြီး ၊ တုပိုင် ကျဆုံးသွားသည်ကို စောင့်ကြည့်နေကြမည်။ လီရူဟိုင်က စစ်သည် ၃ သိန်းကျော် စုစည်းပြီး မိုးကြိုးမုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် တုပိုင်ကို ချေမှုန်းပစ်မည့် အချိန်ကို စောင့်မျှော်နေကြသည်။
ရွှမ်ချန်နယ်စားမင်း စစ်ထွက်လာစေရန်အတွက် ဧကရာဇ်သည် အကောင်းရော အဆိုးရော နည်းလမ်းပေါင်းစုံ သုံးခဲ့ရသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးကို စေလွှတ်ပြီး လုကျန့်၏ မိသားစုကို ဖမ်းဆီးစေခဲ့သလို ၊ စစ်စရိတ် ငွေတုံး ၃ သိန်းကိုလည်း ပေးပို့ခဲ့ရသည်။
ထိုငွေတုံး ၃ သိန်းသည် ဧကရာဇ်၏ လက်ထဲတွင် နောက်ဆုံး ကျန်ရှိသော ငွေများ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက လီဝမ်ဟွေ့ ဆက်သခဲ့သော ငွေများ ဖြစ်သည်။
မူလက ဤငွေများသည် မင်းသမီးနင်းရွှဲ့၏ တပ်သစ်အတွက် လစာပေးရန် ဖြစ်သော်လည်း ၊ လုကျန့်ထံ ပေးပို့လိုက်ရသဖြင့် မင်းသမီးနင်းရွှဲ့၏ တပ်သစ်သည် လစာငတ်သွားခဲ့ရသည်။ လီလျန်တင်း၏ အစောင့်တပ်ဖွဲ့လည်း လစာငတ်နေခဲ့ရသည်။
ယခုအခါ ဧကရာဇ်သည် ကြွက်များပင် ထွက်ပြေးရလောက်အောင် မွဲတေနေပြီ ဖြစ်သည်။ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ငွေရပြီးနောက် စစ်သားတစ်ယောက်ကိုမျှ မတိုက်ခိုက်ဘဲ ၊ ဟူနန်ပြည်နယ်တွင် အေးဆေးစွာ အနားယူနေလေသည်။ ဘယ်လက်ဖြင့် ဧကရာဇ်၏ ငွေကို ယူပြီး ၊ ညာလက်ဖြင့် ဖန်းမိသားစု၏ ငွေကို ယူကာ ပျော်ရွှင်နေလေသည်။
မြို့တော်ရှိ ဧကရာဇ်အပေါ် သစ္စာရှိသော စစ်တပ်သည် လစာငွေ နှစ်လကျော် မရရှိသော်လည်း ၊ ပုန်ကန်မှု မဖြစ်ပွားသလို ဖရိုဖရဲလည်း မဖြစ်ပေ။
အဘယ်ကြောင့်ဆိုသော် မြို့တော်တွင် သူတို့သည် အစားအသောက် အများဆုံး ရရှိသော လူတန်းစား ဖြစ်သောကြောင့်ပင်။ ဧကရာဇ်သည် တစ်နေ့လျှင် ၃ လျန်သာ စားသော်လည်း ၊ သူတို့သည် ၇ လျန်စားရသည်။
လစာ မရသော်လည်း သူတို့သည် အခွင့်ထူးခံ လူတန်းစား ဖြစ်နေဆဲပင်။
မျက်မှောက်တွင် ရင်ဆိုင်နေရသော မျှော်လင့်ချက်မဲ့သည့် အခြေအနေကို ကြည့်ရင်း ၊ ဧကရာဇ်သည် တည်ငြိမ်နေသယောင် ရှိသော်လည်း ၊ ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့သဖြင့် မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်နေလေ၏။
“တုပိုင်ရဲ့ နယ်မြေချဲ့ထွင်မှု အရှိန်အဟုန်က ကောင်းမွန်ပါတယ်... လက်ရှိ အခြေအနေက ကြောက်စရာ ကောင်းသယောင် ထင်ရပေမဲ့ ၊ ပြီးခဲ့တဲ့ တစ်ခေါက် တုပိုင် နိုင်ခဲ့သလို ဒီတစ်ခေါက်လည်း သူ ရှုံးချင်မှ ရှုံးမှာပါ...”
ဧကရာဇ်က ခိုင်မာစွာ ပြောလိုက်သည်။
ထိုအချိန်၌ အိမ်ရှေ့စံသည် သည်းမခံနိုင်တော့ဘဲ ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
“ခမည်းတော်... တုပိုင် ပျောက်နေတာ နှစ်လရှိနေပြီ... လီဝမ်ဟွေ့က စိတ်မပူပါဘူးလို့ ပြောနေပေမဲ့ လူထောင်ပေါင်းများစွာ လွှတ်ပြီး ရှာနေတယ်... ပြီးတော့ ကျန့်ကော်နယ်စားမင်း နဲ့ ရွှမ်ချန်နယ်စားမင်းတို့က တမင်သက်သက် လွှတ်ပေးထားလို့ လီရူဟိုင်က စစ်သည် ၃ သိန်းကျော် စုစည်းပြီးပြီ... အချိန်မရွေး ပိုင်ဆယ်မြို့ကို တိုက်ခိုက်လာနိုင်တယ်... တုပိုင် မရှိရင် ပိုင်ဆယ်မြို့က ခေါင်းဆောင်မဲ့ နဂါး ဖြစ်နေမှာ... သောင်းဂဏန်းလောက် ရှိတဲ့ စစ်တပ်နဲ့ ဘယ်လိုလုပ်...”
ဧကရာဇ်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားပြီး လီလျန်တင်းကို လှမ်းကြည့်ကာ မေးလိုက်သည်။
“တကယ်လား...”
“တကယ်ပါ...” လီလျန်တင်းက မျက်နှာပျက်စွာဖြင့် ဖြေလေ၏။ “ကျွန်တော်မျိုး အရှင်မင်းကြီးကို မလျှောက်တင်ရဲခဲ့လို့ပါ...”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team