← Chapters

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း။ ၂၄၀

ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းဘေးမှ မြေကွက်လပ်တွင်...

"မင်း တကယ်ပဲ စမ်းကြည့်ချင်တာ သေချာလား"

လုချွမ်းသည် သူ၏ရှေ့တွင် ရှိနေသော ကျောက်လင်းကို ကြည့်ကာ စာရွက်ပေါ်တွင် ရေးသား၍ မေးမြန်းလိုက်သည်။

ခုနလေးတင် ချီချီလေးထံမှတစ်ဆင့် ကျောက်လင်း၏ စိတ်ကူးကို ကြားသိလိုက်ရသောအခါ လုချွမ်းမှာ အတော်ပင် အံ့ဩသွားမိသည်။

ဒီအမျိုးသမီးက ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ချင်စိတ်တွေ ပေါက်နေရတာလဲ။ လွတ်လပ်ခွင့်ရသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း တိုက်ပွဲဝင်ရန် စဉ်းစားနေ၏။ အချိန်အတော်ကြာ မလှုပ်ရှားရဘဲ ငြိမ်နေရသဖြင့် ကိုယ်လက်များ ယားယံနေ၍လော သို့မဟုတ် စွမ်းအားစမ်းချင်၍လောဟု သူ တွေးတောနေမိသည်။

"ဟုတ်တယ် လုချွမ်း။ ကျွန်မရဲ့ ခွန်အားတွေ မကြာခင်ကပဲ တိုးတက်လာခဲ့လို့ လက်ရည်စမ်းဖို့ ပြိုင်ဘက်တစ်ယောက် လိုနေတာ။ ရှင်ခိုင်းထားတဲ့ ဆင့်ကဲဇွန်ဘီတွေက ကျွန်မအတွက် အကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်မှာပါ"

ဇွန်ဘီဘုရင်၏ မေးခွန်းကို ကျောက်လင်းက ရိုးသားစွာပင် ပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်တယ် ဖေဖေ။ အန်တီ ကျောက်လင်းရဲ့ ခွန်အားတွေ တိုးတက်လာလို့ ပြိုင်ဘက်တစ်ယောက် တကယ်လိုအပ်နေတာ။ ဖေဖေ ကူညီပေးပါနော်"

ကျိရုရွှယ်သည် လုချွမ်း၏ လက်ကိုဆွဲကာ လှုပ်ယမ်းရင်း ဝင်ရောက်ပြောဆိုပေးသည်။ ကျောက်လင်း၏ အကြံကို ကျိရုရွှယ်ကလည်း သဘောတူသည်မှာ အမှန်ပင်။ အဆင့်တက်ရုံနှင့် မလုံလောက်ဘဲ လက်တွေ့တိုက်ပွဲဝင် ကျွမ်းကျင်မှုမှာလည်း လိုက်ပါတိုးတက်နေရန် လိုအပ်

သည်။

အကယ်၍ အဆင့်သာမြင့်ပြီး တိုက်ပွဲအတွေ့အကြုံ မရှိပါက ခြေလက်မသန်စွမ်းသူတစ်ဦးကဲ့သို့ ဖြစ်နေမည်ဖြစ်ကာ ဆင့်ကဲပြောင်းလဲမှု လမ်းစဉ်တွင် ရှည်ရှည်ဝေးဝေး သွားနိုင်လိမ့်မည် မဟုတ်ပေ။

"ကောင်းပြီလေ။ ဒါပေမဲ့ ငါ့ရဲ့ ဆင့်ကဲဇွန်ဘီက တိုက်ပွဲအတွင်းမှာ ညှာတာမှာ မဟုတ်ဘူး။ အကယ်၍ မင်း ထိခိုက်ဒဏ်ရာရသွားရင် ငါ့ကို အပြစ်မတင်နဲ့"

စာရွက်ပေါ်တွင် လုချွမ်းက ထိုသို့ရေးသားရင်း သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားကာ ပြုံးယောင်သန်းသွားသည်။ ဤအမျိုးသမီးက တိုက်ခိုက်ချင်သည်မှာ ကောင်းသော ကိစ္စပင်။ သူ၏ ဓားသိုင်းနှင့် တိုက်ခိုက်ရေး နည်းစနစ်များကို လေ့ကျင့်ရန်

အတွက် သူမကို အသုံးဝင်သော ကိရိယာတစ်ခုအဖြစ် သူ အသုံးချနိုင်ပေလိမ့်မည်။

"ကျေးဇူးအများကြီး တင်ပါတယ်"

လုချွမ်း သဘောတူလိုက်သည်ကို မြင်သောအခါ ကျောက်လင်း၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားပြီး အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

လုချွမ်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ရှူး... ခနဲ အသံနှင့်အတူ ဝေးကွာသော နေရာမှ လူရိပ်တစ်ခုမှာ လျှပ်စီးအလား ပြေးဝင်လာတော့သည်။ မျက်စိတစ်

မှိတ်အတွင်းမှာပင် လျှပ်စီး ၁ သည် သူတို့ရှေ့၌ ပေါ်လာခဲ့ပြီ ဖြစ်သည်။

အန္တရာယ်ရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည့် လျှပ်စီး ၁ ကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး လက်နှစ်

ဖက်ကလည်း တိုက်ပွဲဝင်ဓားမြှောင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ပြင်ဆင်လိုက်တော့သည်။

ထို့နောက် လုချွမ်းသည် ချီချီလေးကို ဘေးကင်းရာသို့ ခေါ်ဆောင်သွားပြီး တိုက်ကွင်းကို ရှင်းလင်းပေးလိုက်သည်။ နောက်တစ်ခဏ၌ လုချွမ်းသည် လျှပ်စီး ၁ ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲထွက်သကဲ့သို့ ပြေးထွက်သွားစေ၏။ ၎င်း၏ လက်ထဲမှ သံမဏိဓားရှည်မှာ လေထုကို ဖြတ်သန်းကာ ကျောက်လင်းထံသို့ ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်တော့သည်။

ထက်မြက်လှသော ဓားအလင်းတန်းမှာ ခေါင်းပေါ်သို့ ကျရောက်လာရာ ကျောက်လင်း၏ အရေပြားပင် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်။ သို့သော် သူမ၏ အကြည့်များမှာ စူးရှသွားပြီး ဓားမြှောင်ကို တင်းတင်းဆုပ်ကာ ဓားအလင်းတန်းကို မကြောက်မရွံ့ ရင်ဆိုင်တိုးဝင်လိုက်သည်။

ခဏချင်းမှာပင် လူရိပ်နှစ်ခုမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြတော့သည်။

ဂလန်…

နားကွဲမတတ် ပြင်းထန်လှသော သတ္တုချင်း ထိခိုက်သံနှင့်အတူ ကျောက်လင်းသည် လျှပ်စီး ၁ ၏ သံမဏိဓားကို သူမ၏ ဓားမြှောင်ဖြင့် အားကုန်သုံး၍ ခုခံတားဆီးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသော်လည်း အောက်ခြေမပျက်အောင် ထိန်းထားနိုင်ခဲ့သည်။

ထို့နောက် ကျောက်လင်းသည် လျင်မြန်စွာပင် ဘေးသို့ တိမ်းရှောင်လိုက်ပြီး ဘယ်ဘက်လက်ရှိ ဓားမြှောင်ကို လျှပ်စီးအလား အရှိန်ဖြင့် လျှပ်စီး ၁ ထံသို့ ပြန်လည်ဝှေ့ယမ်း လိုက်သည်။ အေးစက်သော ဓားအလင်းတန်းမှာ လေထဲ၌ လင်းလက်သွား၏။

ဘုန်း….

အရေးကြီးသော အချိန်၌ လျှပ်စီး ၁ ၏ လက်ထဲမှ သံမဏိဓားမှာ ပြန်လည်ကာကွယ်သည့် အနေအထားသို့ ရောက်ရှိလာပြီး ထိုတိုက်ကွက်ကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။ ထို့နောက် သန်မာလှသော ၎င်း၏ ခန္ဓာကိုယ်ဖြင့် ကျောက်လင်းကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ရာ ကျောက်လင်းမှာ တုံ့ပြန်ရန် အချိန်မရဘဲ နောက်သို့ လွင့်ထွက်သွားပြီး နာကျင်မှုကြောင့် ညည်းတွားသံပင် ထွက်ပေါ်လာတော့သည်။

အခွင့်အရေးကို လက်မလွှတ်ဘဲ လျှပ်စီး ၁ သည် လျှပ်စစ်စီးဆင်းသကဲ့သို့ အရှိန်ဖြင့် ရှေ့သို့ တိုးဝင်လာပြန်သည်။ တစ်ချက်ခုန်လိုက်ရုံဖြင့် လူရိပ်ပင် မမြင်ရတော့ဘဲ အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။

ကျောက်လင်းသည် သူမ၏ မျက်နှာမှာ ဖြူလျော့နေသော်လည်း မျက်ဝန်းများတွင်မူ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ဝင်းလက်နေ၏။ သူမသည် လျှပ်စီး ၁ ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ပွဲဝင်ဓားမြှောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုများဖြင့် လျှပ်စီး ၁ နှင့် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်တော့သည်။

ဂလန်…ဂလန်…ဂလန်…

နှစ်ဦးသားမှာ အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး သတ္တုချင်း ထိခိုက်မိသံများမှာ ပတ်ဝန်းကျင်၌ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေသည်။ သို့သော်လည်း ကျောက်လင်းသည် အဆင့် ၃ သို့ ရောက်ရှိခဲ့ပြီဆိုသော်ငြား လက်ရှိတိုက်ခိုက်ရေးစွမ်းရည်မှာ လျှပ်စီး ၁ ကို ယှဉ်နိုင်စွမ်း မရှိသေးပေ။ တိုက်ပွဲကြာလာသည်နှင့်အမျှ လျှပ်စီး ၁ ၏ ဖောက်ထွက်ရန် ခက်ခဲသော သံမဏိဓားအရှိန်အောက်တွင် သူမမှာ တဖြည်းဖြည်း အသာစီးပေးလိုက်ရတော့သည်။

ဘုန်း…

ခေတ္တအကြာတွင် ကျောက်လင်း၏ ခန္ဓာကိုယ်၌ ဓားခြစ်ရာ ဒဏ်ရာအချို့ ရရှိသွားပြီးနောက် လျှပ်စီးအလား မြန်ဆန်လှသော လျှပ်စီး ၁ ၏ ကိုယ်လုံးဖြင့် တိုက်ရိုက်ဝင်တိုက်ခြင်းကို ခံလိုက်ရသည်။ ၎င်းသည် သူမ၏ ရင်ဘတ်တည့်တည့်သို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားခြင်းပင်။

“အား...”

ကျောက်လင်းသည် နာကျင်မှုကြောင့် တစ်ချက်အော်ဟစ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော အားဒဏ်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည်။ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်ကာ အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးနောက်မှသာ ရပ်တန့်သွားတော့သည်။

လျှပ်စီး ၁ ၏ ဆင့်ကဲပြောင်းလဲမှုမှာ ခွန်အားကို အဓိကထားခြင်း မဟုတ်သော်လည်း ၎င်း၏ အခြေခံရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာမူ အဆင့် ၃ သို့ ခုမှစတင်ဝင်ရောက်လာသော ကျောက်

လင်ထက် များစွာ သာလွန်နေဆဲပင်။

ကျောက်လင်းကို အနိုင်ယူပြီးနောက် လျှပ်စီး ၁ မှာ လုချွမ်း၏ ထိန်းချုပ်မှုဖြင့် ရပ်တန့်သွားခဲ့သည်။ ဤအချိန်တွင် မြေပြင်ပေါ်၌ လဲလျောင်းနေသော ကျောက်လင်းကို ကြည့်ရင်း လုချွမ်းမှာ သူမ၏ ခွန်အားကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ ကျန်းနန်မြို့ခရိုင်တွင် ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက သူမ၏ စွမ်းအားမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

မီတာရာဂဏန်းအကွာတွင် ကျောက်လင်းသည် ခက်ခဲစွာ ပြန်လည်ထိုင်ထလိုက်သည်။ မျက်နှာမှာ ဖြူလျော့နေပြီး နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စိမ့်ထွက်နေ၏။ ရှုပ်ထွေးနေသော ဆံပင်များကြောင့် သူမ၏ ပုံစံမှာ အတော်ပင် နွမ်းနယ်နေပုံရသည်။ ကျောက်လင်းသည် ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ရှေ့တွင် မတ်တပ်ရပ်နေသော လျှပ်စီး ၁ ကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များမှာ ယခင်အတိုင်း တောက်လောင်နေဆဲပင်။

ထင်ရှားသည်မှာ... ခုနက ရှုံးနိမ့်မှုက သူမကို စိတ်ဓာတ်ကျအောင် မလုပ်နိုင်ခဲ့ပေ။

“အန်တီ ကျောက်လင်း... အဆင်ပြေရဲ့လား။ အန်တီ ဒဏ်ရာရနေပြီ တိုက်ပွဲကို ဒီမှာတင် ရပ်သင့်ပြီလို့ သမီးထင်တယ်”

ကျောက်လင်း တိုက်ခိုက်လိုစိတ် ပြင်းပြနေဆဲဖြစ်သည်ကို မြင်သောအခါ ကျိရုရွှယ်က စိုးရိမ်တကြီးဖြင့် အမြန်ဝင်ရောက် ဖျောင်းဖျလိုက်သည်။

တိုက်ပွဲစွမ်းရည် လေ့ကျင့်ပေးခြင်းက ကောင်းသောကိစ္စဖြစ်သော်လည်း ပြန်လည်ကုသ၍မရနိုင်သည်အထိ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတွန်းအားပေးမိရန် အရေးကြီးလှသည်။

"သတ်"

မထင်မှတ်ထားဘဲ ကျောက်လင်းသည် ဟိန်းဟောက်ကာ ရှေ့သို့ တစ်ကျော့ပြန် တိုးဝင်လာပြန်သည်။ သူမသည် တိုက်ပွဲအရူးအမူးဖြစ်နေသူတစ်ဦးအလား သူမ၏ တိုက်ပွဲဝင်ဓားမြှောင်ဖြင့် လျှပ်စီး ၁ ကို ဦးတည်တိုက်ခိုက်တော့သည်။

သူမက ဆက်တိုက်ချင်သေးတယ်ဆိုရင်လည်း အဆုံးထိ လိုက်ပေးရတာပေါ့။

၎င်းကိုမြင်သော် လုချွမ်းသည် ပြုံးလိုက်ပြီး အလျှော့မပေးဘဲ လျှပ်စီး ၁ ကို တိုက်ရိုက်ထိန်းချုပ်ကာ သူမ၏ တိုက်ခိုက်မှုကို တုံ့ပြန်စေလိုက်သည်။ ခဏချင်းမှာပင် နှစ်ဦးသား နောက်ထပ် တိုက်ပွဲတစ်ခုအတွင်းသို့ ကျရောက်သွားကြပြန်၏။ လျှပ်စီး ၁ ၏ ဖမ်းရခက်သော လှုပ်ရှားမှုများနှင့် အနှိုင်းမဲ့ဓားသိုင်းအောက်တွင် ကျောက်လင်းမှာ အကြိမ်ကြိမ် နောက်ဆုတ်နေရသော်လည်း ပြင်းပြင်းထန်ထန် ဆက်လက်ခုခံနေဆဲပင်။

ယခုအချိန်တွင် နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး လေ့ကျင့်ရေးကိရိယာများအဖြစ်သာ သဘောထားနေကြတော့သည်။

မိနစ်အနည်းငယ်အကြာတွင် လေထုထဲ၌ ဆူညံနေသော သတ္တုချင်းရိုက်ခတ်သံများမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ အားကုန်သုံး၍ တိုက်ခိုက်ခဲ့သော ကျောက်လင်းမှာ မြေပြင်ပေါ်၌ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေရပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကို ပြင်းပြင်းရှူနေရသည်။ သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအမြောက်အမြား ရှိနေသော်လည်း နက်ရှိုင်းသော ဒဏ်ရာများမဟုတ်ပေ။ သို့သော်လည်း သွေးများမှာ အဝတ်အစားပေါ်တွင် နီရဲစွာ စွန်းထင်နေခဲ့ပြီဖြစ်သည်။

တစ်ဖက်တွင်မူ လျှပ်စီး ၁ သည် ထင်းရှူးပင်တစ်ပင်အလား တိုက်ပွဲကွင်းပြင်၌ မတ်မတ်ရပ်နေဆဲဖြစ်ကာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သတိမထားမိလောက်သော သွေးစွန်းရာအချို့သာ ရှိနေတော့သည်။

"ဒီမိန်းမတော့ တကယ်ပဲ ရူးနေပြီ"

ပြင်းထန်သော တိုက်ပွဲကြောင့် လုချွမ်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ်၌ လဲနေသော ကျောက်လင်းကိုကြည့်ကာ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။

……

ခြံဝင်း၏ ဂိတ်တံခါးကြီးများမှာ ကျယ်လောင်စွာ ပွင့်သွားပြီး ယာဉ်တန်းတစ်ခုမှာ ကျန်းနန်မြို့ခရိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားခဲ့သည်။ လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဧရာမဇွန်ဘီ ၁ က ဂိတ်တံခါးများကို ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

အားကစားကွင်းအတွင်းရှိ ရာနှင့်ချီသော ဇွန်ဘီများကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများတွင် ကျေနပ်သည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။ နောက်ဆုံးတွင် တတိယအကြိမ်မြောက် ဆင့်ကဲဇွန်ဘီများကို စတင်ရိတ်သိမ်းရန် အသင့်ဖြစ်ခဲ့ပြီဖြစ်သည်။

ပုံမှန်အတိုင်းပင် အစပိုင်း၌ အဆင့် ၁ ဆင့်ကဲဇွန်ဘီအချို့ကို အားကစားကွင်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာစေပြီးနောက် ဧရာမဇွန်ဘီ ၁ နှင့် ရုပ်သေးဇွန်ဘီအချို့က ဝင်ရောက်

သတ်ဖြတ်ကာ အဆင့် ၁ အမြုတေအားလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုအမြုတေများကို အသုံးပြု၍ အဆင့် ၂ ဇွန်ဘီများအဖြစ် ပြောင်းလဲစေကာ အဆင့် ၂ အမြုတေများကို ပြန်လည်ရယူပြီး အတူပါလာသော အဆင့် ၂ ရုပ်သေးဇွန်ဘီများကို ကျွေးမွေး၍ အဆင့်မြှင့်တင်စေသည်။

နောက်ဆုံးတွင် လုချွမ်းသည် စုစုပေါင်း အဆင့် ၃ အမြုတေ ၁၀ ခု ကို ရရှိခဲ့သည်။

တွန့်ဆုတ်နေခြင်းမရှိဘဲ စိတ်လှုပ်ရှားနေသော လုချွမ်းသည် ယာဉ်တန်းကို ခြံဝင်းသို့ ချက်ချင်းပြန်ခေါ်ခဲ့သည်။ ခြံဝင်းသို့ ရောက်ရှိသောအခါ အဆင့် ၃ အမြုတေများကို လျှပ်စီး ၁ ၊ မီးလျှံ ၂ နှင့် တာဖန်းတို့ကို အစဉ်လိုက် ကျွေးမွေးလိုက်ရာ လုချွမ်းသည် အဆင့် ၄ ဆင့်ကဲရုပ်သေးဇွန်ဘီ ၃ ကောင် ကို အောင်မြင်စွာ ထပ်မံရရှိလိုက်တော့သည်။

All Chapters