← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း(122)

ကျင်းယန်တစ်ယောက် ပြင်ဆင်မှုမဲ့သွားခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပြောင်းပြန်လှန်သွားပြီး မြေပြင်‌ပေါ်သို့ ကျောနှင့်ပြုတ်ကျသွားလေ၏။

ကျယ်လောင်သောအသံနှင့် ဖုန်မှုန့်များကပျံတက်လာခဲ့သည်။

ဧရာမသားရဲကြီးက မြေပြင်ပေါ်သို့လဲကျသွားခဲ့သောကြောင့် သူ့ကိုချက်ချင်း ထမရပ်နိုင်အောင် ပြုလုပ်နေလေသည်။

သူ၏နှလုံးသားထဲ သတိပေးသံများ မြည်ဟည်းသွား၏။ သူ ဂရုစိုက်မှုမဲ့သွားကြောင်းကို သတိပြုမိခဲ့ပေ၏။

မှန်ပေသည်။ သိပ်မဝေးသည့် နေရာမှတိုက်ခိုက်ရန် ဟန်ပြင်ထားသော အဆင့်ငါးသန္ဓေပြောင်းနွားက အခွင့်အရေးကိုမြင်ပြီးနောက် ကျင်းယန်၏ရှေ့သို့ တဟုန်ထိုးပြေးတက်လာ၏။

ထိုနွား၏ခေါင်းပေါ်မှ အနီရောင်ဂျိုများမှာ ပျစ်ခဲသွားသည့်သွေးများနှင့် ပြောင်လက်နေလေသည်။

ရုတ်တရက်အမှောက်ခံလိုက်ရသော အာဖရိကန်ကျားသစ်မှာလည်း ထရပ်ရန်ရုန်းကန်နေရ၏။

အရှိန်မြင့်မြင့်ဖြင့် လာနေသော သန္ဓေပြောင်းနွားကို မြင်လိုက်ရသည့်အချိန်တွင် သူ၏နှလုံးသွေးကြောများက တင်းမာသွားသည်။ သူက ကျင်းယန်ကို ကယ်တင်ရန်အတွက် တဟုန်ထိုးပြေးလာခဲ့သော်ငြား အလွန်နောက်ကျသွား၏။

အလွန်အမင်း နီးကပ်သော အကွာအဝေးသို့ ရောက်နေသောကြောင့် သန္ဓေပြောင်းတိရစ္ဆာန်က အားအနည်းငယ်သာ အားထုတ်လိုက်လျှင် ကျင်းယန်၏အဆုံးသတ်က ကျိုထိုက်နှင့် တူညီသွားလိမ့်မည်ပင်။

သူ၏ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် သေဆုံးလိမ့်မည်ဖြစ်သည်။

ကျင်းယန်က သူ့နောက်မှ လေးလံသောအသက်ရှုသံကို ခံစားနိုင်၏။

သူ၏မျက်လုံးများကို အသာအယာပိတ်၁ုံးလိုက်ပြီး အဝတ်အစားအောက်မှ သူ၏‌ကျောပြင်ပေါ်တွင်

ရွှေရောင်အကြေးခွံများ ထွက်ပေါ်လာခဲ့ကာ သူ၏နောက်ကျောတစ်ခုလုံးတွင် သံချပ်ကာတစ်လွှာနှယ် တင်းကြပ်စွာရစ်ပတ်နေခဲ့သည်။ သူ၏‌ အပြင်ဘက်တွင် ပေါ်နေသော လည်ပင်းနောက်ဘက်တွင်လည်း ရွှေရောင်အစင်းများ ပေါ်လာခဲ့လေသည်။

သူ မရပ်တန့်နိုင်မှတော့ ထိပ်တိုက်သာရင်ဆိုင်နိုင်တော့ပေမည်။

အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ တိုက်ခိုက်မှုကို သူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်ဖြစ်‌သည့် ထူးဆန်းသော ရွှေရောင်အကြေးခွံများဖြင့် ခုခံနိုင်မည်လားဆိုသည်ကိုတော့ သူ မသိချေ။

သူ၏ဘဝက အရိုင်းဆန်သော ကျေးလက်ဒေသဖြစ်သည့် ဤနေရာတွင် ရပ်တန့်သွားပြီး ဆိုးဝါးသောသေခြင်းတရားနှင့် သေမည်လားဆိုသည်ကိုမသိနိုင်ပေ။

ဤအခိုက်အတန့်တွင် ကျင်းယန်၏စိတ်ထဲ အတွေးအများအပြား ဖြတ်သွားလေသည်။

မြို့တော်Bမှ သူ၏ညီမဖြစ်သူ၊ သူကလေးတုန်းက ခံစားခဲ့ရသော ဒုက္ခနှင့် နစ်နာမှုများနှင့် သူ၏ဘဝမှ မှတ်ဉာဏ်များအားလုံး….

သို့သော်ငြား သူ၏ခေါင်းထဲမှ ပို၍ပေါက်ကွဲထွက်လာ‌သော ဒီရေလှိုင်းများမှာ အိပ်ပျော်နေသော သို့မဟုတ် လဲလျောင်းနေသော အမွှေးပွပွလုံးလေး၊ သူ့ကိုချိုမြစွာ ပြုံးနေသော ကလေးမလေးသာဖြစ်နေခဲ့လေ၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် မျှော်လင့်ထားသော ပြင်းထန်သည့်တိုက်ခိုက်မှုနှင့် နာကျင်မှုများ ကျရောက်မလာဘဲ သူ၏နားစည်ကို ပေါက်ထွက်သွားစေလုနီးပါး နာကျင်မှုအပြည့်နှင့် အူသံတစ်သံကသာ လေထဲပဲ့တင်ထပ်သွားလေသည်။

ကျင်းယန်နောက်သို့လှည့်လိုက်လျှင် အလွန်ကြီးမားပြီး ပုံပျက်နေသော တိရစ္ဆာန်တစ်ကောင်ဒမျက်နှာတစ်ခုကို မြင်လိုက်ရသည်။

သန္ဓေပြောင်းနွား၏ ကြက်သွေးရောင်ဂျိုများက သူ၏နောက်ကျောတွင် လက်တစ်ကမ်းအကွာသာ ရှိနေလေသည်။

ထိုအရာသည်က အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်ဖြစ်သည်။

မျှော်လင့်ထားသကဲ့သို့ သူ့ကို သေစေနိုင်သော ရိုက်ချက်ကို မပေးခဲ့ဘဲ သန္ဓေပြောင်းနွား၏ခန္ဓာကိုယ်က ရုတ်တရတ်ရပ်တန့်သွားက် နာကျင်မှုဖြင့် အော်ပြီးနောက် ကမန်းကတန်း ရုန်းကန်လာလေ၏။

ကျင်းယန် သူ့၏နောက်မှ အခြေအနေကို ရိပ်ခနဲမြင်လိုက်ရပြီး‌နောက် တောင့်ခဲသွားရသည်။

ကောင်းကင်မှ ဖုန်မှုန့်များမှာ ဖြည်းညှင်းစွာလွင့်ပြယ်သွားပြီး သူ၏နောက်မှ ဖုန်မှုန့်များကလည်း လေညှင်းကြောင့် အဝေးသို့ လွင့်သွားကာ ဖုန်မှုန့်အခိုးအငွေ့ထဲတွင်ဖုန်းကွယ်နေသော မြင်ကွင်းက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

သန္ဓေပြောင်းနွားက ခန္ဓာကိုယ်ရှေ့ပိုင်းကို ရက်စက်သော်ငြား ကြောက်ရွံ့သောအမူအရာနှင့် မြှောက်နေခဲ့လေ၏။

သွေးများစွန်းထင်နေသော ရှည်လျားပြီး အမွှေးပွပွ နားရွက်တစ်စုံကိုလည်း မြင်လိုက်ရသည်။

ထို့နောက် လုံးဝိုင်းပြီး ဖြူဖွေးသော မျက်နှာလေးက ကျင်းယန်၏အမြင်အာရုံထဲသိာ့ ဝင်ရောက်လာလေ၏။

တစ်နည်းအားဖြင့် သန္ဓေပြောင်းနွားက ကျင်းယန်ဆီဦးတည်‌နေကြောင်းကို မြင်လိုက်ရသည့်အတွက် ယင်ရိလျိုက သစ်ကိုင်း‌ပေါ်မှ ခုန်ချလာပြီး လျှင်မြန်စွာရွေ့လျားနေသော နွား၏ နောက်ကျောပေါ်သို့ ခုန်ဆင်းလိုက်သည်။

သူမ၏နူးညံ့ပြီး သေးသွယ်ကျစ်လျစ်သည့် လက်ထိပ်တွင် ရှည်လျား၊ချွန်ထက်သော လက်သည်းများက လက်ချောင်းထဲမှ ချွန်မြသောဓားသွားများနှယ် ဆန့်ထွက်လာပြီး သန္ဓေပြောင်းနွား၏ လည်ချောင်းထဲသို့ အကြင်အနာကင်းမဲ့စွာ အားဖြင့်ထိုးသွင်းလိုက်လေ၏။

သူမ၏မျက်နှာပေါ်သို့ သွေးပျစ်ပျစ်များ ချက်ချင်းပင် ပက်ဖြန်းသွားပြီး သူမ၏ဆံပင်၊ မျက်နှာနှင့် သန့်ရှင်းသော ပန်းရောင်ဝတ်စုံလေးကို အနီရောင်ခြယ်သွားစေခဲ့သည်။

ယခင်က သစ်ပင်ထိပ်ဖျားရှိစဥ်က သူမ၏အကြောက်တရားနှင့် တုံ့ဆိုင်းမှုများက လှည့်ဖြားမှုတစ်ခုနှင့်သာ တူပုံရပြီး ယခုအချိန်မှသာ သူမ၏စရိုက်အစစ်အမှန်ကို ပြသခဲ့ကာ သန္ဓေပြောင်းနွားပင်လျှင် လှည့်ဖြားခံလိုက်ရလေ၏။

ဤအခိုက်အတန့်၌ ကလေးမလေးက အနီရောင်ဖြင့် ဖုံးလွှမ်းနေလျက် သူမ၏မျက်လုံးထဲတွင် ခမ်းနားကြီးကျယ်ပြီး ခိုင်မာသောမီးတောက်များနှင့်သာ ဖုံးလွှမ်းနေခဲ့သည်။

ယင်ရိလျို၏ လက်သည်းများက ကျင်းယန်မြင်ဖူးသမျှ အရာအားလုံးထဲတွင် အချွန်ထက်ဆုံးအရာဖြစ်ပြီး အဆင့်ငါးသန္ဓေပြောင်းနွား၏ အရေပြားကပင် မခုခံနိုင်ဘဲ သန္ဓေပြောင်းနွား၏လည်ချောင်းကို အကြင်နာကင်းမဲ့စွာ ဖြတ်တောက်ပစ်ခဲ့သည်။

ပြင်းထန်သောနာကျင်မှုနှင့် ကျရောက်အံ့ဆဲဆဲ သေခြင်းတရားကို ကြောက်ရွံ့မှုက အဆင့်ငါးသန္ဓေပြောင်းသားရဲ၏ နောက်ဆုံးသောရုန်းကန်မှုကို လှုံ့‌ဆော်ခဲ့၏။ သန္ဓေပြောင်းနွား၏မျက်လုံးထဲ ဒေါသများဖြတ်ခနဲလက်သွားပြီး ကြမ်းရှ၍ဒေါသထွက်နေသော ဦးနှောက်လှိုင်းများနှင့်အတူ ဟိန်းဟောက်မှုကို ယင်ရိလျို ကြားနိုင်လေသည်။

“ဘာလို့လဲ?! မင်းက သားရဲတစ်ကောင်ပဲလေ!”

သန္ဓေပြောင်းနွား၏ဂျိုများက ကလေးမလေးဆီသို့ ဦးတည်၍ ခွေ့လိုက်သော်ငြား အသက်ရှုရန် အချိန်ရလိုက်သည့် ကျင်းယန်က လက်သီးကိုမြှောက်ပြီး သူ့ခွန်အားအားလုံးကို အသုံးပြုလိုက်ကာ သန္ဓေပြောင်းနွား၏ ခေါင်းအနောက်ဘက်ကို ချိုင့်ဝင်သည်အထိ ထိုးပစ်လိုက်၏။

ပြူးထွက်နေသော မျက်လုံးများနှင့် နွား၏မျက်နှာကို ယင်ရိလျို မြင်လိုက်ရသည်။

သူမ ရှေ့သို့ခုန်တိုး၍ သူမ၏လက်ကို နွား၏ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်ကာ လက်သီးဆုပ်လိုက်ပြီး အတွင်းအင်္ဂါများကို နူးညံ့ပျော့အိသည်အထိ မွှေနှောက်လိုက်လေ၏။

သန္ဓေပြောင်းတိရစ္ဆာန်၏မျက်စံများက ဖြည်းညှင်းစွာ မှိန်ဖျော့သွားပြီး ခန္ဓာကိုယ် ဖြည်းညှင်းစွာ လဲကျသွားသည်အား ယင်ရိလျို စောင့်ကြည့်လျက် ဤသန္ဓေပြောင်းနွားကို ပထမဆုံးအနေဖြင့် စကားပြောလိုက်သည်။

“ရှင်မှားတယ်.. ကျွန်မကလူသားပဲ”

ကလေးမလေးက အလွန်ပုပြီး ဤလူထွားကြီးများကြားတွင် အလွန်အရေးမပါပုံဖြစ်နေသော်ငြား သွေးများစိုရွှဲနေသော အလောင်းများကြားတွင် အမူအရာကင်းမဲ့သော မျက်နှာနှင့် ရပ်နေသည့် သူမကို လက်ရှိနေရာမှ မည်သူကမှ ချည့်နဲ့သောပန်းပွင်တစ်ပွင့်နှယ် ယူဆမည်မဟုတ်ချေ။

အဝေးမှ စောင့်ကြည့်နေသော ကျောင်းမောင်နှမမှာ တံတွေးမြိုချလိုက်မိသည်။

သူတို့နဲ့အတူ နေ့နေ့ ညည အတူရှိနေခဲ့တဲ့ နူးညံ့ပြီးချစ်စရာကောင်းတဲ့ ယုန်လေးက တကယ်တော့ ဒီတောင်တောင် ရက်စက်ကြမ်းကြုတ်တာလား?

============

အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ သေဆုံးခြင်းက လူသားနှင့်သားရဲကြားက တိုက်ပွဲ၏အဆုံးသတ်ဖြစ်သည်။

အဆင့်လေးသန္ဓေပြောင်းလူဝံက နောက်ဆုံးကြမ်းရမ်းသော ရုန်းကန်မှုများပြီးနောက် နောက်ဆုံးတွင် အော်ညည်းပြီး မြေပြင်ပေါ် လဲကျသွားခဲ့၏။

ဆင့်ကဲပြောင်းလဲသူများ၏နောက်သို့ လိုက်နေသည့် ပြန့်ကျဲနေသော သန္ဓေပြောင်းတိရစ္ဆာန်များကလည်း သူတို့ဘုရင်၏ကျရှုံးမှုကို အာရုံခံမိပုံရသည်။ သူ

တို့က ဦးတည်ရာ ပျောက်သွားပြီးနောက် ချွမ်းရုန် အခြေစိုက်စခန်း ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်လှိုင်းကလည်း ဖြည်းညှင်းစွာဖြင့် စတင်ကျဲပါးလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ?”

အသက်လုပြေးနေရသော ဆင့်ကဲပြောင်းလဲသူများမှာ မတုံ့ပြန်နိုင်ခင် သူတို့၏နောက်မှ သန္ဓေပြောင်းတိရစ္ဆာန်များက တဖြည်းဖြည်းနှင့် စတင်လှည့်ပြီး ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရလေ၏။

တစ်စုံတစ်ခုက သူတို့၏နောက်မှ လိုက်ဖမ်းနေသည့်နှင့်ပင်တူလေသည်။ အခိုက်အတန့်တစ်ခုမျှ လူတိုင်းက ကြောက်အသွားကြ၏။

ကျီးကန်းဆင့်ကဲပြောင်းလဲမှုနှင့် အမျိုးသားက တောင်ပံများကို အားထုတ်လျက်ခတ်လိုက်ပြီး သူ့ဘေးမှထင်းရှုးပင်ကြီးဆီ ပျံသွားလိုက်သည်။

သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက် အဝေးမှ ကျုံးရှိရာအရပ်ဆီ လှမ်းကြည့်လိုက်သော်ငြား သူမြင်နိုင်သည့်အရာအားလုံးမှာ အပင်ထိပ်ဖျား အထပ်ထပ်သာ ဖြစ်နေခဲ့၏။

ယခင်က မြင်နိုင်သော လေးမီတာမြင့်သည့် သတ္တဝါကြီးနှင့် အဝေးမှပင် ကြားနိုင်သော ကောင်းကင်အက်ကွဲဖွယ် တိရစ္ဆာန်ဟိန်းသံများကို အားလုံးလည်း ပျောက်သွားပြီး အခြေစိုက်စခန်းအပြင်ဘက်မှ သစ်တောထဲတွင် တိတ်ဆိတ်မှုများ ပြန်လည်ရရှိလာခဲ့သည်။

ကျီးကန်းဆင့်ကဲပြောင်းလဲမှုနှင့် အမျိုးသားက တစ်စုံတစ်ခုကို အာရုံခံနိုင်ပုံရ၏။

သူ၏တောင်ပံကို ပြင်းပြင်းခတ်လိုက်ပြီး အောက်ဘက် ပျံသန်းသွားလျက် ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်သည်။

“ငါတို့ လုပ်နိုင်ခဲ့ပြီ! အဲဒီနေရာမှာ သန္ဓေပြောင်းတိရစ္ဆာန်တွေ ထပ်မရှိတော့ဘူး ဘော့စ်နဲ့ တခြားလူတွေနိုင်သွားကြပြီ”

“ဘုရားရေ ငါနောက်ဆုံးတော့ နားနိုင်ပြီပဲ ငါ အရမ်းပင်ပန်းနေပြီ…”

“ဘော့စ်က အကောင်းဆုံးပဲ ငါတို့အခြေစိုက်စခန်းက အခု နွေဦးအသစ်ရောက်ပြီလို့ ကြေညာနိုင်ပြီ ဟားဟား”

“….”

တောထဲတွင် ပြန့်ကျဲနေခဲ့သော ဆင့်ကဲပြောင်းလဲသူများလည်း တဖြည်းဖြည်း သတင်းကိုကြားခဲ့ရပြီး သူတို့ကြားတွင် ပျော်ရွှင်မှုက တောမီးနှယ် ပျံ့နှံ့သွားခဲ့၏။

အသက်ရှင်နေသော လူတိုင်း၏မျက်နှာတွင် ကပ်ဘေးတစ်ခု လွတ်မြောက်နိုင်သဖြင့် စိတ်သက်သာရာရမှုများ ပြသနေခဲ့သည်။

အသံကျယ်ကျယ် အားပေးသံများ အရပ်မျက်နှာအားလုံးမှ ထွက်လာခဲ့သဖြင့် သစ်တောထဲမှ ငှက်များကို လန့်သွားစေခဲ့၏။

ကျုံးဘေး၌ ရုန်ကျင်းဖင်းက လူသားအသွင် ပြန်ပြောင်းခဲ့သည်။

သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများအားလုံးက လုံးလုံးလျားလျား စုတ်ပြဲသွားပြီး အပေါ်ပိုင်းဗလာဖြစ်နေသော သူ၏ကျောပြင်၊ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်မှ သွေးသံရဲရဲ ဒဏ်ရာများဖြင့် ကြည့်ရသည်မှာ အလွန်အရိုင်းဆန်နေခဲ့၏။

ကျောင်းချီယန်လည်း လူသားအသွင် ပြန်ပြောင်းခဲ့ကာ အံ့ကြိတ်၍ သူ၏ရင်ဘက်ကိုကိုင်ထားခဲ့သည်

သူ့၏နောက်ကျောမှ အဝတ်စမျှင်များကို သူ၏ကျောပြင်မှ ပြန်ပွင့်သွားသော ဒဏ်ရာကို ထိသွားမည့်အရေးအား ခွင့်မပြုရဲချေ။ သူ၏အစ်မ ကျောင်းစီဟွေ့က အလွန်အကျွံပင်ပန်းမှုကြောင့် ချွေးပေါက်များမှ သွေးများစိမ့်ထွက်နေခဲ့သည်။

သူမက သွေးများကိုပင် မသုတ်နိုင်သောကြောင့် အလွန်အမင်း ဒုက္ခရောက်ပုံပေါ်လေ၏။

မောင်နှမနှစ်ယောက်က တစ်ယောက်၏ စုတ်ပြတ်သပ်နေသော အသွင်အပြင်ကို တစ်ယောက်ကြည့်လျက် မနေနိုင်ဘဲ ကျယ်ကျယ်လောင်လောင် ရယ်မိကြလေသည်။

သူတို့နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် ကပ်ဘေးတစ်ခုကို ဖြတ်သန်း ရှင်သန်နိုင်သဖြင့် စိတ်သက်သာရာရသည့် အမူအရာကို ပြသနေခဲ့ကြ၏။

*

All Chapters