အခန်း (၁၂၉)
Vol. 13 Ch. 129
အခန်း(129)
သူတို့သုံးယောက် ယခင်က ရဟတ်ယာဥ် ရပ်နားသည့်နေရာသို့ သွားခဲ့ကြပြီး အနက်ရောင်ဝံပုလွေမှာ သူတို့နောက်မှ တွန့်ဆုတ်စွာလိုက်လာလေ၏။။
ဝံပုလွေလေးမှာ ထိုပျံသန်းသည့် ‘သတ္တုငှက်ကြီး’ထဲတွင် ရှိနေစဥ်က မြေပြင်ပေါ်သို့ စက္ကန့်တိုင်းတွင် ပြုတ်ကျသွားနိုင်သည့် လေထဲတွင် တွဲလောင်းကျနေသည့်နှယ် ခံစားချက်ကိုမမေ့သေးချေ။
လေယာဥ်များက ဝံပုလွေလေး မုန်းသည့် နံပါတ်တစ်အရာ ဖြစ်လာသည့်ဟုပင် ပြော၍ရသည်။
တရားဝင် လုပ်ငန်းဝတ်စုံကို ဝတ်ဆင်ထားသည့် ကွေ့ပင်းပိုင်က လူယုံအနည်းငယ်ကို ခေါ်လာပြီး စောင့်ဆိုင်းသည့်ဧရိယာတွင် သူတို့ကို လာတွေ့ခဲ့၏။
သူက ကျင်းယန်နှင့် ရုန်ကျင်းဖင်းကို လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်စကားနှင့် စကားအနည်းငယ်ကို ပြောခဲ့သည်။
သူတို့ အဆောက်အအုံမှ ငုံ့ကြည့်လိုက်လျှင် ချွမ်းရုန်အခြေစိုက်စခန်းတွင် လျှောက်ပတ်သွားနေသော လူဦးရေမှာ အရင်ကထက် သိသာစွာများပြားလာသည်ကိုမြင်နိုင်လေ၏။
မြို့တော်B မှ ရဟတ်ယာဥ်က အရင်ဆုံး ရောက်ခဲ့သည်။ အသင်းဝင်အားလုံးက လေယာဥ်ထဲသို့ ဝင်သွားတော့မည့်အခိုက်တွင် ရုန်ကျင်းဖင်းက ကျင်းယန်ကိုဖက်ရန် ရှေ့သို့တိုးလာသော်ငြား တစ်ဖက်မှ အမျိုးသားက မျက်မှောင်ကြုတ်ပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်လေ၏။
ကျင်းယန်က ခေါင်းငုံ့ပြီး သူ၏လက်မောင်းထဲတွင် အိပ်နေသော ဖက်ထုပ်ဖြူလေးကို ညွှန်ပြကာ ရုန်ကျင်းဖင်းကို တစ်ချက်ကြည့်လိုက်သည်။
ရုန်ကျင်းဖင်းလည်း ချက်ချင်း နားလည်သွားရ၏။ သူ ကူကယ်ရာမဲ့စွာသာ ပြုံးလိုက်နိုင်ပြီး ကျင်းယန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေ၏။
“မင်းက တကယ့်ကို တုန်နေအောင်ချစ်တဲ့ အဖေတစ်ယောက်ပဲ.. မြို့တော်B ကိုသွားဖို့ ဆုံးဖြတ်ခဲ့ရင် ငါ့ကို ဆက်သွယ်ဖို့မမေ့နဲ့နော်”
ကျင်းယန် လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများက အနည်းငယ်မှောင်မိုက်နေခဲ့သည်။
“ကျွန်တော် လုပ်မှာပါ”
မြို့တော်B မှ ရဟတ်ယာဥ်က လေညှင်းတစ်သုတ်နှင့် တက်သွားပြီး အဝေးကိုတဖြည်းဖြည်း ပျံသန်းသွားချိန်တွင် ယင်ရိလျို မျက်နှာကိုရှုံ့ပြီး ကျင်းယန်၏လက်မောင်းထဲ လူးလွန့်လိုက်လေ၏။
တခဏကြာပြီးနောက် သူမ၏ အမွှေးပွပွ ခေါင်းလေးကို မော့ကြည့်လိုက်သည်။
သူမက ယုန်နားရွက်လေးကို ခါပြီး ကျင်းယန်၏လက်မောင်းထဲ အသိုက်ဖွဲ့လျက် ဘေးပတ်လည်ကို ပြန်ကြည့်လိုက်ပြီးနောာ် ကျင်းဖင်းအသင်းက မရှိတော့ကြောင်းကို သတိထားမိခဲ့လေ၏။
မြင်ကွင်းမှ ပျောက်ကွယ်တော့မည့် ရဟတ်ယာဥ်ကို မြင်လျှင် သူတို့ ထွက်သွားပြီးဖြစ်ကြောင်းကို သိလိုက်ရသည်။
သူမ ပျင်းရိစွာသမ်းဝေပြီး ရွှေပေါင်လုံးကြီး၏ နွေးထွေးသောလက်မောင်းထဲ ပြန်အိပ်တော့မည့်အချိန်တွင် ကောင်းကင်မှ အစိမ်းရောင်အစက်အပြောက်တစ်ခုမှာ တဖြည်းဖြည်း ပိုကျယ်လောင်လာသည့် တဂျိန်းဂျိန်းမြည်သံနှင့်အတူ ပို၍ နီးကပ်လာလေ၏။
ရဟတ်ယာဥ်က စောင့်ဆိုင်းဧရိယာတွင် ဖြည်းညင်းစွာဖြင့် ဆင်းသက်လာခဲ့သည်။
လေယာဥ်ပေါ်မှ လေယာဥ်မှူးတစ်ယောက် ဆင်းလာပြီး ကျင်းယန်နှင့် ကျောင်းမောင်နှမကို ပြုံးပြလာခဲ့လေ၏။ ထိုအချိန်မှသာ ဤ
တစ်ဖက်လူက သူတို့ကို ဤနေရာသို့ လိုက်ပို့ခဲ့သည့် လေယာဥ်မှူးဖြစ်နေသေးကြောင်းကို သူတို့ သဘောပေါက်သွားကြသည်။
“လူတိုင်းပဲ ငါတို့ထပ်တွေ့ကြပြီ.. ဒီတစ်ကြိမ်လည်း ငါတို့တွေ ကောင်းမွန်တဲ့ ပူးပေါင်းမှုရှိဖို့ မျှော်လင့်ပါတယ်”
ကျောင်းချီယန် အားရပါးရပြုံးပြီး းနောက်လိုက်၏။
“ဒီအကြိမ်တော့ ပြဿနာထဲကို ပြေးမဝင်ကြရအောင်”
ယာဥ်မောင်းက ကျင်းယန်နှင့်လက်ဆွဲနှုတ်ဆက်ပြီးနောက် သူ၏အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူပြီး သူ့ကိုလက်လွှဲပေးလိုက်သည်။
“ဒါက ဗိုလ်ချုပ်ကြီးလီဆီက စာပဲ.. မင်းကိုယ်တိုင် ဖွင့်ဖတ်သင့်တယ်လို့ သူ ပြောလိုက်တယ်”
ကျင်းယန် မျက်ခုံးတို့ကို တွန့်ချိုး၍ စာကိုလက်ခံလိုက်၏။ စာအိတ်ပေါ်၌ လီကျန်ကျောင်း၏နာမည်ကို နက်မှောင်ပြီး ကြော့ရှင်းသော လက်ရေးဖြင့်ရေးထားပြီး ‘အရေးပေါ်မစ်ရှင်အတွက် ချိန်းဆိုမှုစာ’ ဟူသော စာတစ်ကြောင်း ရှိနေသည်။
ယင်ရိလျို မော့ကြည့်လိုက်သည့်အခိုက် ကျင်းယန်က လက်ထဲမှ စာအိတ်ကို တိတ်တဆိတာ ဖွင့်နေသည်ကို မြင်လိုက်ရလေ၏။
သူမ၏မျက်နှာကို လက်ဖဝါးလေးဖြင့်ပွတ်ပြီးနောက် ကျင်းယန်၏ပုခုံးပေါ် ခုန်တက်လိုက်ကာ သူနှင့်အတူတူ စာကိုဖတ်လိုက်သည်။
“ဒီအရေးပေါ်မစ်ရှင်က အထူးလျှို့ဝှက်ချက်ဖြစ်ပြီး ပန်းတိုင်က မြို့တော်Mနဲ့ Wပဲ..
မြို့နှစ်မြို့ကြားနယ်နမိတ်မှာရှိတဲ့ ဧရာမသစ်ပင်တွေက ဉာဏ်ရည်မြင့် သက်ရှိ တစ်ခုအဖြစ် ကြီးထွားလာပြီး တချိန်တည်းမှာပဲ သစ်တော်ငယ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီ..
မြို့တော်B သုတေသနဌာနက လူတွေက ကမ္ဘာပျက်ကပ်ရဲ့ အရင်းအမြစ်တွေက အဲဒီနေရာမှာ ပုန်းနေတယ်လို့ သံသယရှိနေပြီး..
အဲဒီအရင်းအမြစ်က ကမ္ဘာပျက်ကပ်ကို ဖြစ်ပွားစေခဲ့တဲ့ ဆင့်ကဲပြောင်းလဲမှုကို ဓာတ်ကူးမှုနဲ့ဓာတ်ပြုစေတာရဲ့ ဇာစ်မြစ်လို့ ထင်နေကြတယ်..
အခု ဧရာမသစ်ပင်ကြီးကို စူးစမ်းအဖြေရှာဖို့ မြို့တော်Bက နှစ်သင်း၊ မြို့တော်Zက နှစ်သင်းနဲ့ တခြားအခြေစိုက်စခန်းအကြီးတွေ တစ်ခုချင်းဆီက တစ်သင်းစီ စုစုပေါင်း အသင်းရှစ်သင်းစေလွှတ်ခဲ့ပြီးပြီ..
ဒါပေမဲ့ အသင်းသုံးသင်းက လုံးလုံးလျားလျား အမြစ်ပြတ်သုတ်သင် ခံလိုက်ရပြီး တခြားအသင်းငါးသင်းက အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ခြုံခိုတိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိခဲ့ရတယ်..
မြို့နှစ်မြို့ကြားမှာ လိုင်းကို ပိတ်ဆို့နေတဲ့ အထူးသံလိုက်စက်ကွင်းတစ်ခု ရှိနေတယ်.. စစ်ကူတောင်းတဲ့ နောက်ဆုံးမက်ဆေ့ချ်ကို မြို့တော်B “ချန်ဟုန်အသင်း”ရဲ့ ရှေးဖြစ်ဟောသူက ပေးပို့ခဲ့တယ်.. အခုတော့ အသင်းငါးသင်းလုံးနဲ့ အဆက်အသွယ်ပျက်နေခဲ့ပြီ..
အထူးမစ်ရှင်တွေမှာ ပါဝင်ဖို့ဆိုရင် ထုတ်ဖော်ခြင်းမပြုဆိုတဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးဖို့လိုတယ်..
ပါဝင်တဲ့အသင်းအသီးသီးက အထူးကုသိုလ်အသင်းအနေနဲ့ အမှတ်ပေးခြင်းခံရမယ်.. အထူးချွန်ဆုံးအသင်းက မြို့တော်Bရဲ့အထူး တိုက်ခိုက်ရေးအင်အားစုနဲ့ ပေါင်းစည်းရမှာဖြစ်ပြီး အမြင့်ဆုံး အထူးအခွင့်အရေးတွေ ဖြည့်ဆည်းပေးခြင်းခံရမယ်..
အသင်းမှာ လုပ်ဆောင်ချက် လွတ်လပ်မှု မြင့်မားတဲ့အတိုင်းအတာရှိပြီး ဗဟိုအစိုးရကနေ တိုက်ရိုက် ခေါ်ဆောင်ခြင်းခံရလိမ့်မယ်..
ဒီမစ်ရှင်းက အထူးအဆင့်ပဲ.. ရှူးယန်အသင်းက လက်ခံခဲ့ရင် လေယာဥ်မှူးက မင်းတို့ကို မြို့နှစ်မြို့ကြားက လွှဲပြောင်းဌာနဆီ တိုက်ရိုက်ပို့ပေးပါလိမ့်မယ်..
အထောက်အပံ့ပစ္စည်းတွေနဲ့ လက်နက်ကိရိယာတွေကို ပြင်ဆင်ပြီးပြီ.. မင်းမစ်ရှင်ကို လက်မခံရင် ထုတ်ဖော်ခြင်းမပြုဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး စာကိုဖျက်ဆီးလိုက် မင်းတို့ကို မြို့တော်Z ဆီ တိုက်ရိုက်ပြန်ပို့မှာပဲ..
ကျေးဇူးပြုပြီး သေချာလေး စဥ်းစားပေးပါ”
စာကိုဖတ်ပြီးနောက် ကျင်းယန် အသက်ရှူထုတ်ပြီး ယင်ရိလျို၏ အိပျော့ပျော့ လက်ဖဝါးဖုလေးကို ညှစ်လိုက်ကာ ခေါင်းငုံ့ပြီး တည်ငြိမ်စွာ မေးလိုက်၏။
“ထုထု မင်းဘယ်လိုထင်လဲ?”
စာထဲမှ အကြောင်းအရာအရ ဤမစ်ရှင်က အလွန်အမင်း ခက်ခဲပြီး အန္တရာယ်များကြောင်း မြင်တွေ့နိုင်လေသည်။
ထိုနေရာတွင် လိုင်းမရှိချေ။ အပင်များက တောအုပ်တစ်ခုအသွင် အရိုင်းဆန်စွာကြီးထွားနေကြပြီး ဉာဏ်ရည်မြင့်ဧရာမသစ်ပင်ကြီးက ချေမှုန်းရန် ခက်ခဲလေ၏။
စေလွှတ်ထားသည့် အသင်းရှစ်သင်းမှ သုံးသင်းသည် အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီး ခက်ခဲမှုက သားရဲလှိုင်းကို ပြန့်ကျဲသွားစေခြင်းထက် နှစ်ဒီဂရီပိုမြင့်မားသည်။
သို့သော်ငြား မစ်ရှင်ဆုလာဒ်ကလည်း အလွန်ဆွဲဆောင်မှုရှိ၏။ ပထမဆုံးအနေဖြင့် မြို့တော်Bတွင် နေထိုင်ခွင့်နှင့် အမှတ်အရေအတွက်မှာ အသင်းအတွက် ကမ္ဘာပျက်ကပ်အတွင်း ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်လုံး အစားအစာနှင့် နေထိုင်ရာအတွက် ပူပန်စရာမရလိုအောင် သေချာစေနိုင်သည်။
လူသားမျိုးနွယ်များ ကျန်ရှိသရွေ့ မြို့တော်Bကလည်း ကျန်ရှိနေမည်ဖြစ်၏။ ထိုနေရာက သူတို့အတွက် အလုံခြုံဆုံးဖြစ်သည်။
ဒုတိယအနေဖြင့် ကမ္ဘာပျက်ကပ်၏ လျှို့ဝှက်ချက်များကို နက်နက်နဲနဲ စူးစမ်းရှာဖွေနိုင်ခြင်းက လူတိုင်းအတွက် သေစေနိုင်လောက်သော ဖြားယောင်းမှုဖြစ်၏။
အတိအကျပြောရလျှင် လောကကြီးတွင် ပြောင်းလဲသွားသည့်အရာကို လူသားမျိုးနွယ်က မသိသောကြောင့် သူတို့က ဤကဲ့သို့ ရှုံးနိမ့်နေရခြင်းဖြစ်သည်။
“ချန်ဟုန်”အသင်းနှင့် ရှေးဖြစ်ဟောသူဆိုသော စာကိုမြင်လိုက်ရသည့်အတွက် ယင်ရိလျို၏ နှလုံးခုန်နှုန်းက စည်းချက်တစ်ချက် လွဲသွားခဲ့၏။
ဤအသင်းက ဇာတ်လိုက်၏အသင်းဖြစ်ပြီး ‘ရှေးဖြစ်ဟောသူ’က သဘာဝအလျှောက်ပင် နောက်တစ်ကြိမ်ပြန်လည်မွေးဖွားခဲ့သော လျှို့ကျန်းသာဖြစ်လေသည်။
သူတို့က ထိုနေရာတွင် ရှိနေကတည်းက လျှို့ကျန်းက တစ်စုံတစ်ခုကိုသိပြီး ထိုနေရာတွင် အလွန်အရေးကြီးသော လျှို့ဝှက်ချက်များရှိနေကြောင်း ဆိုလိုနေ၏။
သူမ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ဆုံးဖြတ်ပိုင်ခွင့်ကို ကျင်းယန်ကိုသာ ပေးလိုက်သည်။
ဇာတ်လိုက်များ ရှိနေသည့် မည်သည့်နေရာမဆို အခွင့်အလမ်းကောင်းများ ရှိနေမည်ဖြစ်ကြောင်းကို သူမ သိသော်လည်း သူမ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုကြောင့် အသင်းတစ်ခုလုံးကို အန္တရာယ်ရှိသော အခြေအနေထဲသို့ မတွန်းပို့ချင်ချေ။
ထုထုကို သူ၏လက်မောင်းထဲတွင် ကိုင်ထားလျက် ကျင်းယန် ကျောင်းမောင်နှမနှင့် အနက်ရောင်ဝံပုလွေကို ခေါင်မိုး၏တခြားတစ်ဖက်ဆီ လှမ်းခေါ်လိုက်ကာ စာထဲမှမစ်ရှင်ကို အကြမ်းဖျင်းရှင်းပြကာ သူတို့ကို ရွေးချယ်ခွင့်ပြုခဲ့၏။
“သေသေချာချာ စဥ်းစားကြ.. ဒါက သေရေးရှင်ရေး ကိစ္စပဲ”
ကျောင်းစီဟွေ့ ကျင်းယန်၏ အမူအရာကင်းမဲ့သော မျက်နှာကို ကြည့်၍ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီးနောက် မေးခဲ့သည်။
“ကျင်းကော၊ ရှင် ဆုံးဖြတ်ချက် ချပြီပြီလား?”
ကျင်းယန် ခေါင်းငြိမ့်ခဲ့၏။ ဤအထူးမစ်ရှင်ကို ထုထုနှင့်အတူ လက်ခံရန် သူ ဆုံးဖြတ်ပြီးပြီဖြစ်သည်။
သူ၏မူလအစီအစဥ်မှာ ကျောင်းမောင်နှမကို မြို့တော်Bဆီသို့ သွားမည့် သူ့၏အစီအစဥ်အကြောင်း ပြောရန်ဖြစ်၏။ သူတို့သာ ဆန္ဒမရှိလျှင် သူတို့၏ကွဲပြားသော လမ်းများဆီသို့ သွားနိုင်သည်။
နောက်ဆုံး၌ ကျင်းရူမန်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင် မြို့တော်Bရှိ သုတေသနဌာနတစ်ခုလုံးနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်၏။
သူ့၏ကိုယ်ပိုင် မိသားစုအရေးအခင်းကြောင့် ကျောင်းမောင်နှမကို ဆွဲမသွင်းချင်ချေ။
ထိုမတိုင်ခင် အရေးပေါ်မစ်ရှင်က အလွန်တိုက်ဆိုင်စွာဖြင့် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျင်းယန် ပိုစိတ်ဝင်စားသည့် အကြောင်းအရာမှာ အထူးတိုက်ခိုက်ရေးအင်အားစု၏ အထူးအခွင့်အရေးများဖြစ်သည်။
သူ မြို့တော်Bမှ အထူးတိုက်ခိုက်ရေးအင်အားစုထဲ ဝင်သွားလျှင် မြို့တော်B၏ အထက်နေရာအဆင့်ဆီသို့ တစ်ချက်တည်း ဖောက်ဝင်ခြင်းဖြင့် တူညီလိမ့်မည်ဖြစ်၏။
ထိုအခြင်းအရာက မြို့တော်B ထဲကို ဝင်ပြီး ခေါင်းမပါသည့် ယင်ကောင်နှယ် ရည်ရွယ်ချက်မရှိ လျှောက်ပတ်ပြေးနေခြင်းထက် များစွာ ပိုမြန်လေသည်။
*