← Chapters

အခန်း (၁၂၇၁-၁၂၇၃)

Vol. 87 Ch. 1271-1273

အခန်း (၁၂၇၁-၁၂၇၃)

Vol. 87 Ch. 1271-1273

အခန်း (၁၂၇၁) Taobao ဝက်ဘ်ဆိုက်

“၂၀၀၂ ခုနှစ်ရဲ့ပထမဆုံးနှင်းတွေဟာ... အရင်ကထက် ပိုနောက်ကျပြီးမှ ကျလာခဲ့တယ်...” ဟူသော သီချင်းသံမှာ စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းမှ ဖုန်းခေါ်ဆိုသံအဖြစ် မြည်လာသည်။

“ဟယ်လို... ညွှန်ကြားရေးမှူးမာ၊ ဘာကိစ္စရှိလို့လဲ။ ဟုတ်ကဲ့... ကောင်းပါပြီ၊ ကျွန်တော် သိပါပြီ”

၂၀၀၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မာယွင် သည် ဖုန်းယွီနှင့် ကျုံးချင်းရှန်တို့အား Taobaoဝက်ဘ်ဆိုက်၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

Taobaoဝက်ဘ်ဆိုက်သည် Alibabaမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံကာ တည်ထောင်ထားသည့် ဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ၎င်းသည် C2C (Consumer-to-Consumer)ဟုခေါ်သည့် ပုဂ္ဂလိက အချင်းချင်း ကူးသန်းရောင်းဝယ်ရေး ပုံစံကို အသုံးပြုထားရာ လူတိုင်းသည် ဆိုင်ပိုင်ရှင် ဖြစ်လာနိုင်သလို၊ လူတိုင်းသည်လည်း ဝယ်ယူသူများ ဖြစ်လာနိုင်သည့် ပုံစံမျိုး ဖြစ်သည်။

မူလက Alibabaသည် B2B(Business-to-Business) ဟုခေါ်သော လုပ်ငန်းအချင်းချင်း လက်ကားရောင်းဝယ်ရေးကိုသာ လုပ်ဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် C2B ပုံစံကိုလည်း စမ်းသပ်ခဲ့သည်။ ယခုနှစ်သို့ ရောက်သည့်အခါမှသာ C2C ပုံစံ အွန်လိုင်းဈေးဝယ်စင်တာကို စတင်ရန် အချိန်ကျပြီဟု ၎င်းတို့ ယူဆခဲ့ကြသည်။ ဤပုံစံသည် B2C(Business-to-Consumer)ထက် ပိုမိုအားသာချက် ရှိသည်မှာ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံရန် မလိုခြင်းပင် ဖြစ်သည်။

မတတ်နိုင်ပေ။ Alibaba၏ ရန်ပုံငွေမှာလည်း အနည်းငယ် အကျပ်အတည်း ရှိနေသည်။ ဝက်ဘ်ဆိုက်တစ်ခု၏ အဆောက်အအုံကို တည်ဆောက်ရန်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည် ရောင်းချသူများထံမှ ဆိုင်ခန်းငှားရမ်းခ ကောက်ခံရန် အစီအစဉ်မရှိသဖြင့် အစောပိုင်းကာလတွင် အရှုံးခံရန်လည်း ကြိုတင်ပြင်ဆင်ထားရသည်။

အမှန်စင်စစ် ဤငှားရမ်းခမှာ ၎င်းတို့၏ အဓိက အမြတ်ရပေါက် မဟုတ်ဘဲ Alipay သာ ဖြစ်သည်။ Alipayသည် ဖုန်းယွီ၊ ကီရီလန်ကို နှင့် Alibabaတို့ ပူးပေါင်းဖော်ဆောင်ထားသည့် ငွေပေးချေမှု ဆော့ဖ်ဝဲလ် ဖြစ်သည်။ Alibaba၏ ရှယ်ယာမှာ နည်းပါးသော်လည်း ၎င်းမှရရှိမည့် အမြတ်အစွန်းမှာမူ မနည်းလှပေ။

အခြားမပြောနှင့်၊ ဝယ်ယူသူ ငွေလွှဲချိန်မှ ရောင်းချသူ ငွေထုတ်ယူနိုင်ချိန်အထိသည် ပုံမှန်အားဖြင့် တစ်ပတ်ခန့် ကြာမြင့်တတ်သည်။ စောစီးစွာ ငွေထုတ်ယူသူများကို တွက်ချက်လျှင်ပင် ပျမ်းမျှ ၄ ရက်မှ ၅ ရက်ခန့် ငွေသည် Alipay အကောင့်ထဲတွင် ရှိနေမည် ဖြစ်သည်။ ဤသည်ကို “ငွေကြေးလည်ပတ်မှု ကြန့်ကြာချိန်”ဟု ခေါ်ဆိုနိုင်သည်။

ဤငွေများမှ အတိုးရယူရုံဆိုလျှင် အဆင့်နိမ့်လွန်းလှသည်။ အခြားနေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့်ပင် ငွေအမြောက်အမြား ရှာဖွေနိုင်မည် ဖြစ်သည်။ ထို့ပြင် ရောင်းချသူအများစုမှာလည်း ငွေကို ချက်ချင်းမထုတ်ဘဲ မိမိတို့၏ Alipay အကောင့်ထဲတွင်သာ ထားရှိတတ်ကြသဖြင့် Alipayအတွက် ငွေကြေးစီမံခန့်ခွဲရန် နေရာလွတ် အကြီးအကျယ် ရရှိစေသည်။

ထို့ပြင် ဝယ်ယူသူ၏ သုံးစွဲမှုမှတ်တမ်းပေါ် မူတည်၍ ကြော်ငြာများ ပေးပို့ခြင်းမှလည်း အမြတ်ရရှိနိုင်သည်။ ကျစ်ထုန်းချားနှင့် ဝမ်ဖုဝန်ဆောင်မှု စသည်တို့မှလည်း အမြတ်ထုတ်နိုင်သည်။

အရေးကြီးဆုံးအချက်မှာ အရင်ဘဝက AliWangWangဆော့ဖ်ဝဲလ်သည် တရုတ်နိုင်ငံတွင် QQ နှင့် MSN ပြီးလျှင် အသုံးအများဆုံး ဆော့ဖ်ဝဲလ် ဖြစ်ခဲ့ပြီး NetEase၏ Pao Pao ထက်ပင် အသုံးပြုသူ ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။

အသုံးပြုသူဦးရေ တိုးတက်လာသည့်အခါ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးမှ အမြတ်ထုတ်နိုင်သည့် နည်းလမ်းများစွာ ရှိလာမည်ဖြစ်ရာ ဤသည်မှာ Alibaba၏ အားအကောင်းဆုံး အချက်ဖြစ်သလို Alibaba ရှယ်ယာများကို လူများ ဝိုင်းဝန်းဝယ်ယူကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။ နောင်တွင် ဤအသုံးပြုသူများကို အခြေခံ၍ B2C စနစ်ဖြစ်သော “Taobaoစင်တာ” (နောင်တွင် 'ထျန်းမောင်း'-Tmall ဟု အမည်ပြောင်းလဲခဲ့သူ)ကိုလည်း တိုးချဲ့နိုင်မည် ဖြစ်သည်။

နောင်တွင် ဤဝက်ဘ်ဆိုက်တစ်ခုတည်းမှ Taobao၊ eTaoနှင့် Taobaoစင်တာ ဟူ၍ သုံးခုခွဲထွက်သွားမည်ဖြစ်ပြီး တစ်ခုချင်းစီမှာ အောင်မြင်မှု ရရှိကြမည်ဖြစ်သည်။ သုံးစွဲသူများ၏အချက်အလက်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့်ယှဉ်လျှင် ဆိုင်ခန်းငှားရမ်းခဆိုသည်မှာ အသေးအဖွဲမျှသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ မာယွင်က Taobaoဝက်ဘ်ဆိုက်အား သုံးနှစ်အတွင်း ဆိုင်ခန်းငှားရမ်းခ အခမဲ့ပေးရန် ဆုံးဖြတ်လိုက်သည်။ ဆိုလိုသည်မှာ အနည်းဆုံး သုံးနှစ်အတွင်း Taobaoသည် ငွေရှာနိုင်မည် မဟုတ်ပေ။ လက်ရှိတွင် အရေးကြီးဆုံးမှာ အသုံးပြုသူများ၊ ရောင်းချသူများနှင့် ဝယ်ယူသူများကို ဆွဲဆောင်ရန်သာ ဖြစ်သည်။

မာယွင်တို့သည် Taobaoဝက်ဘ်ဆိုက်သည် အနာဂတ်တွင် အာရှ၏ အကြီးဆုံး လက်လီအရောင်းစင်တာ ဖြစ်လာပြီး “ထိုက်ဟွာ စူပါမားကတ် အုပ်စု” ကိုပင် ကျော်တက်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ သို့သော် ဖုန်းယွီကမူ ဤအချက်ကို သဘောမတူပေ။

ထိုက်ဟွာ စူပါမားကတ်များသည် ရွှေတန်ဖိုးရှိသော နေရာများတွင် ရှိနေသလို၊ ပတ်ဝန်းကျင်ရှိ စီးပွားရေး အဆောက်အအုံများကိုလည်း ဖော်ဆောင်ကာ စီးပွားရေးဂေဟစနစ်တစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ အရင်ဘဝက ထိပ်တန်းစူပါမားကတ်များသည် အချင်းချင်း အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုဘဝတွင်မူ ထိုက်ဟွာမှာ တစ်ဦးတည်း ကြီးစိုးထားခြင်း ဖြစ်သည်။

Walmart နှင့် Carrefour တို့ပင် တရုတ်ဈေးကွက်သို့ အောင်မြင်စွာ မဝင်ရောက်နိုင်ခဲ့ပေ။ ၎င်းတို့တွင် ဆိုင်ခွဲအချို့ ရှိသော်လည်း ရောင်းအားမှာ မပြောပလောက်ပေ။ စူပါမားကတ်တစ်ခုသည် ဆိုင်ခွဲအမြောက်အမြားဖြင့် ကွန်ရက်မချိတ်ဆက်နိုင်ပါက အဖွဲ့ဝင်ကတ်စနစ်ဖြင့် ငွေရှာရန် မလွယ်ကူသလို၊ ပစ္စည်းမှာယူရာတွင်လည်း ကုန်ကျစရိတ်ကို မလျှော့ချနိုင်ပေ။

ယမန်နှစ်က ထိုက်ဟွာ၏ အရောင်းပမာဏမှာ ယွမ် ဘီလီယံ ၃၀ ကျော် ရှိခဲ့ရာ ဤကိန်းဂဏန်းကို Taobaoအနေဖြင့် သုံးနှစ်အတွင်း ကျော်တက်နိုင်ရန်မှာ မသေချာပေ။ ထို့ပြင် ထိုက်ဟွာသည် မြို့ကြီးများအပြင် တတိယ၊ စတုတ္ထတန်းစား မြို့များသို့လည်း ဆက်လက် တိုးချဲ့နေသေးသည်။ Taobaoဝက်ဘ်ဆိုက် ပေါ်ထွက်လာခြင်းက ရိုးရာလက်လီအရောင်းကို ထိခိုက်စေနိုင်သော်လည်း အကြီးစား စူပါမားကတ်များ အရှုံးပေါ်သွားသည်ဟူ၍ မရှိပေ။ လူအများစုမှာ ပစ္စည်းကို ကိုယ်တိုင်မြင်တွေ့၊ ကိုင်တွယ်ပြီး ဝယ်ယူရသည်ကို နှစ်သက်ကြဆဲ ဖြစ်သည်။

အမှန်စင်စစ် ဖုန်းယွီသာ အလိုရှိပါက ထိုက်ဟွာအား အသုံးချပြီး Taobao၏ တိုးတက်မှုကို နှစ်နှစ်ခန့် နောက်ကျအောင် လုပ်ဆောင်နိုင်သော်လည်း သူကမူ ထိုသို့လုပ်မည် မဟုတ်ပေ။ “လက်ဝါးရော လက်ဖမိုးရောက အသားချည်းပဲ” မဟုတ်ပါလား။ ဘယ်ကပဲရရ ငွေကတော့ သူ့အိတ်ထဲကိုပဲ ဝင်မှာဖြစ်သည်။

အခမ်းအနားစင်ပေါ်တွင် မာယွင်က တက်ကြွစွာ စကားပြောနေသည်။

“ကျွန်တော်တို့ရဲ့ Taobaoဝက်ဘ်ဆိုက်က လူတိုင်းကို ဆိုင်ဖွင့်ဖို့နဲ့ စျေးဝယ်ဖို့ ဖိတ်ခေါ်ပါတယ်။ ပထမသုံးနှစ်အတွင်းမှာ ဆိုင်ခန်းငှားရမ်းခ လုံးဝ အခမဲ့ ဖြစ်သလို ဝယ်ယူသူတွေဆီကလည်း ဘာအခကြေးငွေမှ ကောက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ Alipay စနစ်က ဝယ်ယူသူတွေရဲ့ အကျိုးစီးပွားကို အပြည့်အဝ အကာအကွယ် ပေးထားပါတယ်။ နောင်ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ဟာ အလုပ်အကိုင် အခွင့်အလမ်း တစ်သန်းလောက်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်...”

စင်အောက်တွင် သတင်းထောက်များစွာ ရောက်ရှိနေကြသည်။ ၎င်းတို့သည် မာယွင်ကြောင့်တင်မကဘဲ ကျုံးချင်းရှန်၊ လျူချွမ်းကျစ်၊ မားဟွားထန်၊ တင်းလေ့၊ ဝမ်ကျစ်ရှီး၊ ကျန်းချောင်ယန်နှင့် ရှီတာ့ကျူစသည့် ထိပ်တန်းသူဌေးကြီးများ တက်ရောက်မည်ဟု ကြားသိထားကြသောကြောင့် ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖုန်းယွီလည်း လာနိုင်သည်ဟု သတင်းထွက်နေသဖြင့် သတင်းထောက်များမှာ ပို၍ပင်စိတ်လှုပ်ရှားနေကြသည်။ မည်သူမဆို ဖုန်းယွီ၏မျက်နှာကို ဓာတ်ပုံရိုက်နိုင်ပါက ရာထူးတိုး၊ လစာတိုးဖို့မှာ အိပ်မက်မဟုတ်တော့ပေ။

ဖုန်းယွီသည် တကယ်ပင် ရောက်ရှိနေသော်လည်း ထောင့်တစ်နေရာတွင်သာ အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ ဤလူငယ်လေးမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေသည်ကို မည်သူမျှ မသိကြပေ။ ဘေးမှ လူအချို့ကမူ နေကာမျက်မှန်တပ်ထားသည့် ဖုန်းယွီအား Alibabaမှ ဝန်ထမ်းတစ်ဦး သို့မဟုတ် လုံခြုံရေးဝန်ထမ်းတစ်ဦးဟုပင် ထင်မှတ်နေကြလေသည်။

******

အခန်း (၁၂၇၂) တစ်လသာ

မာယွင်သည် သူ၏အရင်ဘဝကထက် ပို၍စောစီးစွာ Taobao ဝက်ဘ်ဆိုက်ကို ဖော်ဆောင်နိုင်ခဲ့သည်။ ဤသို့ စောစီးစွာ လုပ်ဆောင်နိုင်ခြင်းမှာ ဖုန်းယွီ၏ အကြံပေးချက်များကြောင့်လည်း ပါဝင်သလို၊ အခြားသော အဓိက အကြောင်းရင်းတစ်ခုမှာ ထိုအချိန်တွင် တရုတ်နိုင်ငံ၌ C2Cစနစ်ကို ကျင့်သုံးနေသည့် အွန်လိုင်းကုမ္ပဏီကြီးတစ်ခု ရှိနေနှင့်ပြီးဖြစ်၍ ဖြစ်သည်။ အကယ်၍ နောက်ကျမှ စတင်မည်ဆိုပါက ထိုပြိုင်ဘက်နောက်သို့ တကောက်ကောက် လိုက်နေရမည့် အခြေအနေကို မာယွင် စိုးရိမ်ခဲ့သည်။

ထို C2C အွန်လိုင်းကုမ္ပဏီမှာ “eBay EachNet”ဟု အမည်ရပြီး ဟားဗတ်တက္ကသိုလ်မှ ပြန်လာသည့် တရုတ်လူမျိုး နှစ်ဦးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် eBayထံမှ ရင်းနှီးမြှုပ်နှံမှုများကို ရယူကာ ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လပိုင်းကပင် eBay သည် ငွေအမြောက်အမြား ထပ်မံထုတ်ယူကာ EachNetတည်ထောင်သူနှစ်ဦး လက်ထဲရှိ ရှယ်ယာအများစုကို ဝယ်ယူခဲ့သဖြင့် အဓိက ရှယ်ယာရှင်ကြီး ဖြစ်လာခဲ့သည်။ တည်ထောင်သူနှစ်ဦးထံတွင် ရှယ်ယာအနည်းငယ်သာ ကျန်ရှိတော့ပြီး အခြားသော ရှယ်ယာရှင်တစ်ဦးမှာ Sinaဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကတည်းက Sinaနှင့် EachNet တို့သည် မဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ကြော်ငြာပေးခြင်း၊ အားပေးကူညီခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

သို့သော် Sina ဥက္ကဋ္ဌ ဝမ်ကျစ်ရှီးမှာ အလွန်ပါးနပ်သူ ဖြစ်သည်။ သူသည် EachNet တွင် ရင်းနှီးမြှုပ်နှံခဲ့သော်လည်း EachNet ၏ ရှယ်ယာလဲလှယ်မှု ကမ်းလှမ်းချက်ကိုမူ ငြင်းပယ်ခဲ့သည်။ သူသည် Sina တွင် ရှိနေသည့် သူ၏ ရှယ်ယာများကို ထပ်မံအကျော့ခံမခံလိုတော့ပေ၊ အကြောင်းမှာ ဤသည်မှာ သူ၏ အနာဂတ်အတွက် အဓိကကျသော လုပ်ငန်းဖြစ်သောကြောင့် ဖြစ်သည်။

eBayက EachNet ကို လုံးဝဥဿုံ ထိန်းချုပ်လိုက်သည့်အခါ မာယွင်သည် ဈေးကွက်ကို အလုခံရမည် စိုးရိမ်သဖြင့် သူ၏ C2C အွန်လိုင်းဈေးဝယ်စင်တာကို အမြန်ဆုံး စတင်လိုက်ခြင်း ဖြစ်သည်။ သူသည် မိမိတို့၏ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု၊ အခမဲ့ ဆိုင်ဖွင့်နိုင်ခွင့်နှင့် ကုမ္ပဏီ၏ ငွေကြေးအင်အားတို့ဖြင့် eBay EachNet ကို သေချာပေါက် ကျော်တက်နိုင်မည်ဟု ယုံကြည်နေသည်။

eBay၏ အဓိကရှယ်ယာရှင်မှာ ဖုန်းယွီ၏ သူငယ်ချင်းဖြစ်သူ ရုရှားသူဌေးကြီး ကီရီလန်ကိုဖြစ်သည်ကိုလည်း မာယွင် သိရှိထားသည်။ eBay က EachNet ကို ဝယ်ယူစဉ်က ဖုန်းယွီ မသိရှိခဲ့သော်လည်း၊ သိခဲ့လျှင်ပင် သူက တားဆီးမည်မဟုတ်ပေ။ တစ်ချက်မှာ ဤသည်မှာ ကီရီလန်ကို၏ စီးပွားရေးဖြစ်၍ ဝင်ရောက်လုယူရန် မလိုအပ်ခြင်းကြောင့်ဖြစ်ပြီး၊ အခြားတစ်ချက်မှာမူ Taobao၏ စီးပွားရေးပုံစံသည်သာ နောက်ဆုံးတွင် အောင်မြင်မည်ဟု ဖုန်းယွီ အခိုင်အမာ ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။ eBay EachNet ၏ ပုံစံမှာ သာမန်မျှသာ ဖြစ်သည်ဟု သူယူဆထားသည်။

ယခုအချိန်တွင် eBay EachNet ၏ ဝန်ဆောင်ခမှာ မနည်းလှပေ။ ထို့ပြင် ၎င်းတို့ အဓိကထားသည့် ငွေပေးချေမှုမှာ PayPalဖြစ်ပြီး၊ Alipayကိုလည်း တွဲဖက်ထားသော်လည်း PayPalမှာ ဝန်ဆောင်ခ ကောက်ခံသည့် စနစ်ဖြစ်သည်။

နှစ်ဖက်စလုံး၏ အဓိကလုပ်ငန်းမှာ တကယ်တမ်းတွင် ကွဲပြားနေသည်။ eBay EachNetသည် လေလံစနစ်ကို အဓိကထားပြီး၊ Taobaoဝက်ဘ်ဆိုက်မှာမူ တိုက်ရိုက်ရောင်းချမှုကို အဓိကထားသည်။ သို့သော် အနာဂတ်တွင်မူ ၎င်းတို့နှစ်ဦးစလုံးသည် ပုံစံအားလုံးကို စမ်းသပ်လုပ်ဆောင်ကြပေလိမ့်မည်။

လောလောဆယ်တွင် မည်သည့်ပုံစံက ပိုကောင်းမည်ကို မည်သူမျှ အပြတ်မပြောနိုင်သေးပေ။ eBay EachNetသည် ပြည်ပတွင် အောင်မြင်မှု ရရှိထားသော်လည်း Taobao၏ ပုံစံမှာမူ အောင်မြင်မှု မရသေးသည့်အပြင် ငွေကို ရေလိုသုံးရသည့် ပုံစံဖြစ်နေသည်။

eBay EachNet ၏ အကြီးမားဆုံး အားသာချက်မှာ ပြည်ပရှိ eBay နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် eBay EachNet အသုံးပြုသူများသည် ပြည်ပမှ အသုံးပြုသူများနှင့် တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပြည်ပရှိ eBay တွင် အသုံးပြုသူဦးရေမှာ သန်းတစ်ရာကျော် ရှိနေပြီ ဖြစ်သည်။

တရုတ်ပြည်တွင်းတွင်လည်း eBay EachNet ၏ အသုံးပြုသူဦးရေမှာ သုံးသန်းကျော် ရှိနေပြီဖြစ်ရာ ဤသည်မှာ အခြားသူများထက် များစွာသာလွန်နေသည့် ကိန်းဂဏန်း ဖြစ်သည်။

ဤကဲ့သို့ eBay EachNet ၏ အသုံးပြုသူဦးရေ များပြားနေခြင်းကြောင့်လည်း မာယွင်က”အခမဲ့ ဆိုင်ဖွင့်နိုင်ခွင့်ဟူသော ကတိကို ပေးခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီ၏ အရင်ဘဝတွင်လည်း Tmallစင်တာ ပေါ်လာသည့်တိုင်အောင် Taobaoဝက်ဘ်ဆိုက်မှာ ဆက်လက် အခမဲ့ဖြစ်နေခဲ့သည်။ (နောင်တွင် အတုအပပစ္စည်း ရောင်းသူများကို ရှင်းလင်းရန်အတွက်မှသာ အခကြေးငွေ စတင်ကောက်ခံခဲ့ခြင်း ဖြစ်သည်)။

ဘာပဲဖြစ်ဖြစ် Taobaoဝက်ဘ်ဆိုက်သည် ဆိုင်ခန်းငှားရမ်းခမှ ငွေရှာရန် အစကတည်းက မရည်ရွယ်ခဲ့ပေ။ အထူးဝန်ဆောင်မှုပေးသည့် Taobaoဝမ်ဖုကို အသုံးပြုသူများထံမှသာ အခကြေးငွေ မြင့်မားစွာ ကောက်ခံမည်ဖြစ်ပြီး သာမန်ဆိုင်ခန်းများကိုမူ လုံးဝ အခမဲ့ပေးထားမည် ဖြစ်သည်။

...

“ညွှန်ကြားရေးမှူးမာ... ခင်ဗျားကတော့ 'နောက်ဆုံးတိုက်ပွဲ'ဆင်နွှဲမယ့် အရှိန်အဟုန်မျိုး ရှိနေတာပဲနော်” ဝမ်ကျစ်ရှီးက စနောက်လိုက်သည်။

“ဒါက eBay EachNet ကို ရင်ဆိုင်ဖို့အတွက်ပဲလေ။ ဒါပေမဲ့ ခင်ဗျားကိုတော့ အကုန်ပြောလို့ မရဘူး... Sina က eBay EachNet ရဲ့ ရှယ်ယာရှင် ဖြစ်နေတုန်းပဲ မဟုတ်လား” မာယွင်က တမင်တကာ စလိုက်သည်။

“ဟားဟားဟား... အဲဒီ ရှယ်ယာအနည်းငယ်လေးက တစ်နှစ်နေမှ ဘယ်လောက်ရမှာမို့လို့လဲ။ အခု ကျွန်တော်တို့ Sina က ခင်ဗျားတို့ Alibabaနဲ့ မဟာဗျူဟာမြောက် မဟာမိတ် ဖြစ်နေပြီပဲဟာ” ဝမ်ကျစ်ရှီးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ယခင်က Sina အတွက် ဝင်ငွေလမ်းကြောင်း ပိုများစေရန် EachNet တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သော်လည်း EachNet မှာ ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ ပြီးခဲ့သည့်လက eBay၏ ဝယ်ယူမှု ကမ်းလှမ်းချက်ကို သူ လက်ခံခဲ့မည်ဆိုပါက ငွေအမြောက်အမြား ရရှိနိုင်မည် ဖြစ်သည်။

သို့သော် သူသည် ပြန်လည်စဉ်းစားပြီးနောက် ရှယ်ယာများကို ဆက်လက် ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ eBay EachNet သည် ပြည်ပအသုံးပြုသူများနှင့် အရောင်းအဝယ် လုပ်နိုင်ခြင်းက အလားအလာ အလွန်ကောင်းသည်ဟု သူ ယူဆထားသည်။

“ညွှန်ကြားရေးမှူးမာ... ခင်ဗျားက သုံးနှစ်တောင် ငွေအရှုံးခံမလို့လား။ တကယ်ပဲ တစ်ပြားမှ မကောက်ဘူးလား” ဟု တင်းလေ့ က သိချင်စိတ်ဖြင့် မေးသည်။

“အာမခံကြေးကိုတော့ ကောက်ရမှာပေါ့။ ဒါမှသာ လိမ်လည်မှုတွေကို တားဆီးနိုင်မှာလေ။ ဆိုင်ခန်းငှားရမ်းခကိုတော့ တကယ်ပဲ မကောက်ပါဘူး။ ဒါပေမဲ့ နောင်ကျရင် သူတို့က ကြော်ငြာချင်ရင်ပဲဖြစ်ဖြစ်၊ အထူးဝန်ဆောင်မှုတွေကို သုံးချင်ရင်ပဲဖြစ်ဖြစ် အဲဒီအခါကျမှ ဝန်ဆောင်ခ ကောက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော် အာမခံပါတယ်... ပေးရတဲ့ ငွေနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုကို ရစေရမယ်”

ကျုံးချင်းရှန်က မာယွင်ကို ပြုံးရင်း လက်ညှိုးထိုးကာ ဆိုလိုက်သည်။ “ခင်ဗျားရဲ့ ဒီနည်းလမ်းက eBay EachNet ကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာပဲ။ အွန်လိုင်းကနေ စီးပွားရှာချင်တဲ့ တစ်ဦးချင်း လုပ်ငန်းရှင် အအများစုဟာ Taobaoဝက်ဘ်ဆိုက်ကိုပဲ ရွေးချယ်ကြတော့မှာ သေချာတယ်”

တစ်ဦးချင်း လုပ်ငန်းရှင်များသည် ပုံမှန်အားဖြင့် အရင်းအနှီး မများလှပေ။ အရင်းအနှီးများပါက အပြင်မှာ ဆိုင်ဖွင့်ကြမည်သာ ဖြစ်သည်။ Taobaoဝက်ဘ်ဆိုက်တွင်မူ အာမခံကြေးသာ ပေးရပြီး ဆိုင်ပိတ်သည့်အခါ ထိုငွေကို ပြန်လည် ထုတ်ယူနိုင်သည်။ eBay EachNet တွင်မူ ဆိုင်ခန်းခ ပေးရသည့်အပြင် ၎င်းတို့ အဓိကထားသည့် PayPal ငွေပေးချေမှုမှာလည်း ဝန်ဆောင်ခ ပေးရသဖြင့် အဆင်မပြေလှပေ။

Taobaoဝက်ဘ်ဆိုက်သည် ရောင်းချသူများအတွက် “ဝင်ရောက်နိုင်မည့် အတားအဆီးကို လျှော့ချပေးလိုက်ခြင်း ဖြစ်ရာ ဤသည်မှာ အကြီးမားဆုံးသော အားသာချက် ဖြစ်သည်။

“အမှန်တော့ ခင်ဗျားတို့ ပြိုင်ဆိုင်နေစရာ မလိုပါဘူး။ တစ်ခါတည်း ပေါင်းစည်းလိုက်ရင်မကောင်းဘူးလား။ အဲဒီ eBayရဲ့ ရှယ်ယာရှင်ကြီးက ရုရှားသူဌေးကြီး မဟုတ်လား။ သူနဲ့ မန်နေဂျာဖုန်းက အတော်လေး ရင်းနှီးတာပဲ။ ဒီ Alipay ကိုတောင် သူတို့နှစ်ယောက် ပူးပေါင်းဖော်ဆောင်ခဲ့တာ မဟုတ်လား” ကျန်းချောင်ယန်က ပြုံးလျက် ပြောသည်။

“ပေါင်းစည်းမယ်။ ပေါင်းစည်းပြီးရင် ဘယ်သူက အဓိကဖြစ်ပြီး ဘယ်သူက အရန်ဖြစ်မှာလဲ။ ပိုင်ဆိုင်မှုအရ ကြည့်ရင်တော့ eBay က သေချာပေါက် ပိုအားကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Alibaba အုပ်စုဟာ eBay EachNet ထက် ပိုပြီး အလားအလာ ရှိပါတယ်” မာယွင်က အခိုင်အမာ ပြောဆိုလိုက်သည်။

“အလားအလာ ဟုတ်လား။ သူတို့မှာ အခု အသုံးပြုသူ သုံးသန်းကျော် ရှိနေပြီးတော့ တဟုန်ထိုး တိုးတက်နေတာနော်။ ခင်ဗျားတို့မှာတော့ အသုံးပြုသူက သုညပဲ ရှိသေးတာ။ ပြီးတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်က တည်ဆောက်ပြီးလို့ အသုံးပြုနေတာ ကြာပြီ၊ ခင်ဗျားတို့က ခုမှ တည်ဆောက်ပြီးလို့ စမ်းသပ်မောင်းနှင်နေဆဲ အဆင့်ပဲ ရှိသေးတယ် မဟုတ်လား”

“နောက်တစ်ခုက ခင်ဗျားတို့မှာ အသုံးပြုသူ လုံးဝ မရှိသေးဘူး။ ဆိုင်အသစ် ဖွင့်တာပဲ၊ ခင်ဗျားက ဘယ်လောက်ပဲ ကောင်းအောင် ပြောပြော ဝယ်သူမရှိရင် အလကားပဲ။ ခင်ဗျားက ရောင်းမယ့်သူတွေကို ဆွဲဆောင်တဲ့နေရာမှာ အားသာပေမဲ့၊ ဝယ်မယ့်သူတွေကို ဆွဲဆောင်တဲ့နေရာမှာကော eBay EachNet ထက် သေချာပေါက် သာပါ့မလား” မားဟွားထန် က မေးခွန်းထုတ်လိုက်သည်။

“ဒီအချက်ကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်။ ဒါကြောင့်လည်း လူကြီးမင်းတို့အားလုံးကို ဒီကို ဖိတ်ကြားရတာပေါ့။ လူကြီးမင်းတို့အားလုံးဟာ ကျွန်တော်တို့ Alibaba အုပ်စုရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေ ဖြစ်ကြတဲ့အတွက် Taobaoဝက်ဘ်ဆိုက်ကို လူသိများအောင် ကြော်ငြာပေးဖို့ လူကြီးမင်းတို့ကိုပဲ အားကိုးရမှာပါ။ လူကြီးမင်းတို့ရဲ့ အကူအညီနဲ့ဆိုရင် ကျွန်တော်တို့ Taobaoဟာ ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာပါတယ်”

“ဒါ့အပြင် ကျွန်တော်တို့ဟာ အပြန်အလှန် စကားပြောဆိုနိုင်တဲ့ ဆော့ဖ်ဝဲလ်

တစ်ခုကိုလည်း ဖော်ဆောင်နေပါတယ်။ အဲဒါကို ဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး လောလောဆယ်တော့ AliWangWangလို့ အမည်ပေးထားပါတယ်။ ဒါမှသာ ဝယ်သူနဲ့ ရောင်းသူကြားမှာ ဆက်သွယ်ရတာ ပိုပြီးလွယ်ကူမြန်ဆန်လာမှာ ဖြစ်သလို၊ ရောင်းသူကလည်း ဝယ်သူကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မှာပါ”

မာယွင်၏ စကားကို ကြားလိုက်ရသည့်အခါ မားဟွားထန် မျက်မှောင်ကြုတ်လိုက်မိသည်။ “ဘာလဲ... Alibabaက ကျွန်တော်တို့ရဲ့ OQ ကို အသုံးမပြုနိုင်လို့လား”

တင်းလေ့ကလည်း ဘေးမှ ဝင်ပြောသည်။ “ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ Pao Paoကို သုံးရင်လည်း ရတာပဲလေ”

မာယွင်က ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ “မိတ်ဆွေတို့... ဒါကိုတော့ အများကြီး ပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ကျွန်တော်တို့က ဝယ်သူတွေရဲ့ ပြောစကားတွေကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးရမှာဖြစ်လို့ ကိုယ်တိုင်ဖော်ဆောင်တာက အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲလ်က သူငယ်ချင်းဖွဲ့ဖို့၊ စကားပြောဖို့ မဟုတ်ဘဲ စီးပွားရေးအရ ဆက်သွယ်ဖို့ သီးသန့်ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ ထုတ်ကုန်တွေနဲ့ ပြိုင်ဆိုင်မှု မရှိနိုင်ပါဘူး။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ကို သုံးတဲ့သူက မိတ်ဆွေတို့ရဲ့ ဆော့ဖ်ဝဲလ်တွေကိုလည်း ဆက်သုံးနိုင်တာပဲ မဟုတ်လား”

“ညွှန်ကြားရေးမှူးမာ... ခင်ဗျားက ဒီလောက်အထိ ယုံကြည်မှု ရှိနေတာဆိုတော့၊ Taobaoရဲ့ အသုံးပြုသူဦးရေဟာ eBay EachNet ကို ကျော်တက်ဖို့ ဘယ်လောက်ကြာမယ်လို့ ထင်ပါသလဲ” တင်းလေ့က ပြုံးလျက် မေးလိုက်သည်။

မာယွင်၏မျက်နှာတွင် အလွန်အမင်း ယုံကြည်မှုရှိသော အမူအရာ ပေါ်လွင်လာပြီး ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်လေတော့သည်။

“တစ်လဆိုရင် လုံလောက်ပါတယ်”

...

******

အခန်း (၁၂၇၃) ဝှစ်မန်း

“Taobao”ဝက်ဘ်ဆိုက် စတင်တည်ထောင်လိုက်ပြီဖြစ်ကြောင်း သတင်းကြားသိရသည်နှင့် တစ်ပြိုင်နက်၊ အဝေးရောက် အမေရိကန်ပြည်ထောင်စုရှိ “eBay”၏ အမှုဆောင်အရာရှိချုပ် မစ္စဝှစ်မန်းသည် မော်တုမြို့သို့ ချက်ချင်းပင် ပျံသန်းလာခဲ့လေသည်။ တရုတ်ဈေးကွက်သည် မြောက်အမေရိကပြီးလျှင် သူမ အမျှော်လင့်ဆုံးသော ဈေးကွက်ဖြစ်ပြီး၊ ဤဈေးကွက်ကိုသာ သိမ်းပိုက်နိုင်ပါက ကုမ္ပဏီအတွက် နှစ်စဉ် ကြီးမားသော အမြတ်အစွန်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု သူမ အခိုင်အမာ ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲအဆင့်မှာသာ ရှိနေသေးသဖြင့် တစ်ဦးကျဝင်ငွေမှာ မမြင့်မားလှသော်လည်း၊ မြို့ပြနေပြည်သူများ၏ ဝင်ငွေမှာမူ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ အရေးကြီးဆုံးအချက်မှာ တရုတ်နိုင်ငံတွင် လူဦးရေ အလွန်များပြားခြင်းပင် ဖြစ်သည်။ “အသင့်အတင့် ချမ်းသာသော မိသားစု”စံနှုန်းအရ ကြည့်လျှင် တစ်နှစ်ဝင်ငွေ၏ ထက်ဝက်ကို စားဝတ်နေရေးအတွက် သုံးစွဲပြီး၊ ကျန်ထက်ဝက်ကို ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အပန်းဖြေမှုများတွင် သုံးစွဲနိုင်သည့် မိသားစုဦးရေမှာ တရုတ်နိုင်ငံတွင် မနည်းလှပေ။

မြောက်အမေရိကရှိ လူဦးရေ၏ သုံးပုံတစ်ပုံသည် eBayအသုံးပြုသူများ ဖြစ်သည်ဟု ဆိုစေကာမူ အရေအတွက်မှာ သန်းဂဏန်းအချို့သာ ရှိသည်။ သို့သော် သန်းပေါင်းတစ်ထောင်ကျော်သော တရုတ်လူဦးရေ၏ အပုံနှစ်ဆယ်ပုံ တစ်ပုံမျှသည်ပင် မြောက်အမေရိက ဈေးကွက်တစ်ခုလုံးနှင့် ညီမျှနေသည် မဟုတ်ပါလား။

ဝှစ်မန်းနှင့်အတူ ကီရီလန်ကိုလည်း လိုက်ပါလာခဲ့သည်။ သူသည် အမေရိကန်တွင် ထူးထူးခြားခြား လုပ်စရာမရှိသဖြင့် တရုတ်နိုင်ငံသို့ တစ်ပတ်လှည့်လည် လည်ပတ်ပြီးမှ မော်စကိုသို့ ပြန်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သီးသန့်လေယာဉ်တစ်စင်းသည် မော်တုလေဆိပ်တွင် ဆင်းသက်လာပြီးနောက် ကီရီလန်ကိုနှင့်ဝှစ်မန်းတို့သည် လေယာဉ်ပေါ်မှ ဆင်းသက်လာကြလေသည်။ ဖုန်းယွီသည် သူငယ်ချင်းဟောင်းကို ကြိုဆိုရန် အောက်တွင် ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းနေခဲ့သည်။

“ဖုန်း... မင်း ငါ့ဆီကို မလာတာ ဘယ်လောက်တောင် ကြာပြီလဲ” ကီရီလန်ကိုက ဖုန်းယွီကို အားရပါးရ ဖက်လိုက်လေသည်။

“ငါ ပြောပြီးသားပဲလေ၊ ငါ့မိန်းမ ကိုယ်ဝန်ရှိနေလို့ ဒီရက်ပိုင်း ပြည်တွင်းမှာပဲ နေရမှာ။ ပြီးတော့ ငါမလာရင်လည်း မင်း လာလို့ရတာပဲ မဟုတ်လား” ဖုန်းယွီက ပြန်လည်ချော့မော့လိုက်သည်။

“မင်္ဂလာပါ မစ္စတာဖုန်း၊ ကျွန်မက ဝှစ်မန်းပါ၊ eBayရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ပါ” ဝှစ်မန်းက ဖုန်းယွီ့ထံသို့ ညာဘက်လက်ကို ကမ်းပေးရင်း မိတ်ဆက်လိုက်သည်။

ဤကဲ့သို့သော ဒဏ္ဍာရီဆန်သည့် အမျိုးသမီး အဆင့်မြင့်အရာရှိနှင့် ဆုံတွေ့ရခြင်းကို ဖုန်းယွီလည်း အတော်လေး စိတ်ဝင်စားမိသည်။ အကယ်၍ သူမသည် ကီရီလန်ကို၏ ကုမ္ပဏီတွင် အလုပ်လုပ်နေသူ မဟုတ်ပါက သူမအား Amazonသို့ ဆွဲဆောင်ခေါ်ယူရန် သူ ကြိုးစားမိမည်မှာ သေချာသည်။ အရင်ဘဝက လူအများက eBay၏ အောင်မြင်မှုနောက်ကွယ်တွင် ဝှစ်မန်း၏ ကြိုးပမ်းမှုများ ရှိနေကြောင်း ပြောဆိုခဲ့ကြသလို၊ ကုမ္ပဏီ၏ ရှယ်ယာရှင်များကလည်း ထိုအချက်ကို အသိအမှတ်ပြုထားကြသည်။

ဝှစ်မန်းသည် သူမ၏ ရာထူးသက်တမ်း မကုန်ဆုံးမီတွင်လည်း သူမ၏ ယခင်ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဆက်ခံသူအဖြစ် ကိုယ်တိုင် ရွေးချယ်ပေးခဲ့သဖြင့် eBay သည် ဆက်လက် တိုးတက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် HPသို့ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲကာ စိန်ခေါ်မှုအသစ်များကို ရှာဖွေခဲ့သူ ဖြစ်သည်။

“မင်္ဂလာပါ မစ္စဝှစ်မန်း။ အကယ်၍ ခင်ဗျားသာ ကီရီလန်ကိုရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတာ မဟုတ်ရင်၊ ကျွန်တော့်ကုမ္ပဏီကို ရောက်လာဖို့ ကျွန်တော် အစောကြီးကတည်းက တောင်းဆိုမိမှာပါ” ဖုန်းယွီက ဝှစ်မန်းအပေါ် သူ၏ အထင်ကြီးလေးစားမှုကို မဖုံးကွယ်ဘဲ ပြောလိုက်သည်။

“အခုလို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာဖုန်း။ ကျွန်မ eBayမှာ အလုပ်လုပ်ရတာ အရမ်းပျော်ပါတယ်။ ပြီးတော့ eBayကို ကမ္ဘာလုံးဆိုင်ရာ လက်လီအရောင်းလောကရဲ့ ထိပ်တန်းကုမ္ပဏီကြီးဖြစ်အောင် လုပ်နိုင်မယ်လို့လည်း ကျွန်မ ယုံကြည်မှု အပြည့်ရှိပါတယ်” ဝှစ်မန်းက မေးစေ့ကို ပင့်ကာ သူမ၏ ဂုဏ်ယူဝံ့ကြွမှုကို ပြသလိုက်လေသည်။

“ဖုန်း... ငါ ပြောသားပဲ၊ သူမကို မင်း ဘယ်လိုမှ ဆွဲဆောင်လို့ ရမှာမဟုတ်ဘူး” ကီရီလန်ကိုက ဘေးမှနေ၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

အစပိုင်းတွင် ကီရီလန်ကိုသည် ဝှစ်မန်းကို အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် အထင်သေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ဤအမျိုးသမီးသည် သာမန်မဟုတ်ဘဲ အမျိုးသားအများစုထက်ပင် သာလွန်ကြောင်း၊ စီမံခန့်ခွဲမှုပိုင်းတွင်လည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြောင်း သူ သိရှိသွားခဲ့သည်။ “eBay” ယနေ့ကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်းမှာ သူမ၏ စွမ်းဆောင်ရည်ကြောင့်ပင် ဖြစ်သည်။

ကီရီလန်ကိုသည်လည်း ဖုန်းယွီ့ထံမှ သင်ယူထားသဖြင့် လက်အောက်ငယ်သားများကို ရက်ရက်ရောရော ဆက်ဆံတတ်သည်။ ဝှစ်မန်းအား ပေးအပ်ထားသည့် ရှယ်ယာဆုလာဘ်များမှာ အလွန်မြင့်မားလှရာ၊ သူမ ရာထူးသက်တမ်း ကုန်ဆုံးချိန်တွင် အနည်းဆုံး ဒေါ်လာ သန်းတစ်ရာ တန်ဖိုးရှိသော “eBay” ရှယ်ယာများကို ရရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ ကြီးမားသော ကုမ္ပဏီကြီးများမှ CEO များပင် မရရှိနိုင်သည့် ခံစားခွင့်မျိုး ဖြစ်သည်။

“ဟားဟားဟား... ငါ့မှာလည်း အရည်အချင်းရှိတဲ့ စီမံခန့်ခွဲမှု အဖွဲ့ရှိနေတာပဲမို့ မင်းနဲ့ မလုတော့ပါဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ သူမက မင်းဆီမှာ အလုပ်လုပ်ရတာ ပျင်းသွားလို့ ပတ်ဝန်းကျင်အသစ် ပြောင်းချင်တယ်ဆိုရင်တော့ ငါ့ဆီကို အချိန်မရွေး ကြိုဆိုနေပါတယ်”

ဝှစ်မန်းသည် ဖုန်းယွီက ကီရီလန်ကိုနှင့် သူမအား နောက်ပြောင်နေခြင်းဟု အစက ထင်မှတ်ခဲ့သော်လည်း၊ ဖုန်းယွီ၏ အမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်ကို မြင်သောအခါမှ ဖုန်းယွီသည် သူမအား တကယ်ပင် အထင်ကြီးနေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် သူမ၏ အတွင်းစိတ်ထဲတွင်လည်း အတိုင်းမသိ ပီတိဖြစ်မိလေသည်။

သူတို့သည် လေဆိပ်တွင် အကြာကြီး ရပ်မနေဘဲ ဖုန်းယွီက ကားပေါ်သို့ ဖိတ်ခေါ်လိုက်သည်။ ကီရီလန်ကိုနှင့် ဝှစ်မန်းတို့သည် ထိုက်ဟွာ holding၏ Songjiangအမျိုးအစား အဆင့်မြင့် အထူးထုတ် လုပ်ထားသော ကားရှည်ကြီးပေါ်သို့ တက်လိုက်ကြသည်။ ဤကားမှာ ကီရီလန်ကို၏ မင်္ဂလာဆောင်ကားထက် အနည်းငယ် ရိုးရှင်းသော်လည်း ရှေ့နှင့် နောက်တွင် Songjiang S-Class ဇိမ်ခံကား နှစ်စီးက လိုက်ပါစောင့်ရှောက်ပေးနေသည်။ ဤကားမှာ လက်ရှိ Songjiang၏ အဆင့်အမြင့်ဆုံး မော်ဒယ်ဖြစ်ပြီး ယခင်က အော်ဒါမှာယူသူများကိုသာ သီးသန့် ထုတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ထုတ်လုပ်မှု ပမာဏကို အနည်းငယ် တိုးမြှင့်ထားသည်။

“ဒီအဆောက်အအုံကြီးက မစ္စတာဖုန်းရဲ့ပိုင်ဆိုင်မှုလား” ဝှစ်မန်းသည် မော်တုမြို့ရှိ “ဖုန်းယွီ အဆောက်အအုံ”ကို မော့ကြည့်ရင်း မေးလိုက်သည်။ တရုတ်လူမျိုးများသည် အိမ်ခြံမြေ ဝယ်ယူစုဆောင်းရသည်ကို နှစ်သက်ကြသည်ဟု ကြားဖူးသော်လည်း၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဖုန်းယွီပင်လျှင် ထိုအကျင့်မှ မကင်းဘဲ အဆောက်အအုံများကို တစ်လုံးပြီးတစ်လုံး ဝယ်ယူနေသည်ကို မြင်သောအခါ သူမ အံ့သြမိသည်။

“ဒါက ထိုက်ဟွာ holdingရဲ့ ပိုင်ဆိုင်မှုပါ။ အထဲမှာ အများစုက ထိုက်ဟွာရဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ ရုံးခန်းတွေရှိသလို၊ တခြား နိုင်ငံတကာ ကုမ္ပဏီတွေက ငှားရမ်းထားတဲ့ ရုံးခန်းတွေလည်း ရှိပါတယ်။ ဥပမာ ခင်ဗျားတို့ရဲ့ 'eBay EachNet'ရုံးခန်းကလည်း ဒီအဆောက်အအုံထဲမှာပဲ ရှိတာလေ၊ ဒါကို ခင်ဗျား သိပြီးသား မဟုတ်လား”

ဝှစ်မန်းသည် သေချာပေါက် သိရှိပါသည်။ “eBay” က “EachNet” တွင် ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာအများစုကို ဝယ်ယူစဉ်က သူမ ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်တွင် ဒေါ်လာ ၁၆၀ သန်းကျော် ကုန်ကျခဲ့သဖြင့် သူမအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ စိစစ်ခဲ့ရခြင်း ဖြစ်သည်။

ဖုန်းယွီ၏ရုံးခန်းသို့ ရောက်သောအခါ၊ ကီရီလန်ကိုသည် သူစိမ်းပြင်ပြင် မဟုတ်ဘဲ ဘားကောင်တာသို့ ကိုယ်တိုင် သွားရောက်ကာ အရက်တစ်ပုဒ်ကို ဖောက်လိုက်လေသည်။ ဝှစ်မန်းသည် ဘေးမှနေ၍ သိချင်စိတ်ဖြင့် စူးစမ်းကြည့်နေမိသည်။ ဖုန်းယွီ၏ ရုံးခန်းတွင် အတွင်းရေးမှူး တစ်ယောက်မျှပင် မရှိပါလား။

ဖုန်းယွီသည် သူ၏ ရုံးခန်းထဲတွင် သူတစ်ပါး ဝင်ရောက်နှောင့်ယှက်သည်ကို မကြိုက်ကြောင်း သူမ မသိပေ။ ပုံမှန်အားဖြင့် သူ မခေါ်ဘဲ မည်သူမျှ ဝင်ခွင့်မရှိပေ။ အကယ်၍ အတွင်းရေးမှူးကသာ သူသည် ရုံးခန်းထဲတွင် အွန်လိုင်းဂိမ်း ကစားနေသည်ကို မြင်သွားပါက သူ၏ အရှိန်အဝါမှာ ပျက်စီးသွားပေလိမ့်မည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးသည် သာမန် ဝန်ထမ်းများကဲ့သို့ ရုံးချိန်အတွင်း ခိုးပြီး ဂိမ်းဆော့နေသည်မှာ မသင့်တော်သည် မဟုတ်ပါလား။ ကီရီလန်ကိုသည် ဖုန်းယွီ၏ ဤအကျင့်ကို သိရှိထားသဖြင့် မိမိဘာသာ လိုအပ်သည်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

“မစ္စဝှစ်မန်း... ခင်ဗျား ဘာသောက်မလဲ၊ ကျွန်တော် လူခေါ်ပြီး ပြင်ခိုင်းလိုက်မယ်”

ကီရီလန်ကိုက အရက်တစ်ခွက်ကို ဝှစ်မန်း၏ ရှေ့တွင် ချပေးရင်း ဝင်ပြောလိုက်သည်။ “မလိုပါဘူး၊ ဒီအရက်ကို သူမ သေချာပေါက် ကြိုက်မှာပါ” ကီရီလန်ကိုသည် ဝှစ်မန်းအပေါ် ကျေနပ်မိသည့် အခြားအချက်တစ်ခုမှာ သူမသည်လည်း အရက်အနည်းငယ် သောက်တတ်ခြင်းပင် ဖြစ်သည်။ များများစားစား မဟုတ်သော်လည်း ကီရီလန်ကိုအတွက်မူ ဤသည်မှာ သူမအား အထင်ကြီးစရာ တစ်ခု ဖြစ်စေသည်။

အရက်သောက်တတ်တဲ့သူဆိုရင် လူကောင်းပဲ ဖြစ်ရမယ်။ ဤသည်မှာ ကီရီလန်ကို၏ အတွေးအခေါ်ထဲမှ အရေးကြီးဆုံး စကားတစ်ခွန်း ဖြစ်သည်။

ဖုန်းယွီက ပခုံးတွန့်ပြလိုက်ပြီး မိမိဘာသာ လက်ဖက်ရည်တစ်အိုးကိုသာ ဖျော်လိုက်သည်။ တကယ့်ကို “အချင်းချင်း တူရာစုကြသည်” ဆိုသလိုပင်၊ ဝှစ်မန်းပင်လျှင် အရက်သောက်တတ်သည်မှာ မယုံနိုင်စရာပင်။

“မစ္စတာဖုန်း... ရှင့်ရဲ့ရုံးခန်းက ထင်သလောက် မကြီးဘူးပဲနော်” ဝှစ်မန်းသည် ရုံးခန်းကို ဝေ့ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။

“ကျွန်တော် ဒီမှာ ခဏခဏ လာပြီး အလုပ်လုပ်လေ့ မရှိပါဘူး၊ ဒါကြောင့် ရုံးခန်းကို အနည်းငယ် သေးအောင် ထားထားတာပါ။ ဒီလောက် ကျယ်ဝန်းတဲ့ နေရာကြီးက ဖြုန်းတီးရာ ရောက်လွန်းပါတယ်”

ဖုန်းယွီ၏ ရုံးခန်းသည် ကျုံးချင်းရှန်၏ရုံးခန်းထက်ပင် သေးငယ်လှသည်။ အစပိုင်းတွင် ကျုံးချင်းရှန်က အားနာနေခဲ့သော်လည်း၊ ဖုန်းယွီက သူသည် အမြဲတမ်း လာနေသူမဟုတ်သဖြင့် ကိစ္စမရှိကြောင်းနှင့် ကျုံးချင်းရှန်သည်သာ တစ်နှစ်ပတ်လုံး ဤနေရာတွင် အလုပ်လုပ်ရမည်ဖြစ်၍ ကျယ်ဝန်းသင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီသည် ကျုံးချင်းရှန်အတွက် ထိုက်တန်သော ခံစားခွင့်များကို ပေးအပ်ထားခြင်းလည်း ဖြစ်သည်။

“ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးက ဒီလောက်အထိ ခြိုးခြံချွေတာတတ်မယ်လို့ တကယ်ကို မထင်ထားမိဘူး”

“ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတာ နာမည်တစ်ခုမျှသာပါ။ ကျွန်တော့်ကုမ္ပဏီတွေရဲ့ အတိုင်းအတာက ဘီလ်ဂိတ်စ်ရဲ့ မိုက်ခရိုဆော့ဖ်ကိုလည်း မမီသေးသလို၊ တခြားသော ထိပ်တန်း ကုမ္ပဏီကြီးတွေကိုလည်း မကျော်နိုင်သေးပါဘူး။ တစ်နေ့နေ့မှာ ကျွန်တော့်ကုမ္ပဏီတွေက သူတို့ကို ကျော်တက်သွားတဲ့အခါကျမှ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ဘွဲ့ကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါ့မယ်။ အဲဒီအချိန်ကျရင် ကျွန်တော့်ကုမ္ပဏီက ရှယ်ယာရှင်တွေနဲ့ အဆင့်မြင့် အရာရှိတွေအားလုံးဟာလည်း ကမ္ဘာ့သူဌေးကြီးများ စာရင်းမှာ ပါဝင်လာကြမှာပါ!”

...

******

All Chapters