← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅) ကျစ်လော့ မင်းရဲ့ဆရာ မြဲ့ကြွယ် အသတ်ခံရတာကို မမြင်ချင်ဘူး မဟုတ်လား

ရင်ခွင်ထဲရှိ ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့သော မိန်းကလေးမှာ တစ်ကိုယ်လုံး ပျော့ခွေလာပြီး ပို၍ပင် ပူရှိန်းလာသည်ကို ခံစားလိုက်ရသောအခါ ကျန်းဝူကျိသည် ဆက်လက်၍ အောင့်အီးမထားနိုင်တော့ချေ။ ၎င်းသည် ခေါင်းကိုငုံ့ကာ ကျိုးကျစ်လော့၏ ကိုယ်ပေါ်မှ သင်းပျံ့သော ရနံ့ကို တဝကြီး ရှူရှိုက်လိုက်ပြီးနောက် သူမ၏ နားနားသို့ ကပ်ကာ ခပ်တိုးတိုး ရယ်မောလျက် ပြောလိုက်သည်။

"ဘယ်လိုလဲ ကျစ်လော့ မင်းလည်း ဆက်ပြီး အောင့်ထားလို့ မရတော့ဘူး မဟုတ်လား။ ငါ မီးမှိတ်လိုက်ရမလား"

ထိုသို့ပြောရင်း ကျန်းဝူကျိ၏ လက်များမှာ ငြိမ်သက်စွာ မနေတော့ချေ။ ၎င်းသည် အတွေ့အကြုံရှိသူ ဖြစ်သဖြင့် ခဏအတွင်းမှာပင် ကျိုးကျစ်လော့ကို မနေနိုင်မထိုင်နိုင် ဖြစ်အောင် စနောက်လိုက်ပေသည်။

"တော်ပါတော့"

ကျန်းဝူကျိ၏ လက်ကြီးများက သူမ၏ကိုယ်ပေါ်တွင် လှုပ်ရှားလာသည်ကို ခံစားလိုက်ရသောအခါ ကျိုးကျစ်လော့သည် ဆက်၍ သည်းမခံနိုင်တော့ချေ။ သူမ၏ မျက်နှာလေးမှာ နီမြန်းလာပြီး အသက်ရှူသံများ မြန်လာကာ ၎င်းကို ရပ်တန့်ရန် တောင်းဆိုလိုက်ရသည်။ သူမသည် ကျန်းဝူကျိကို ခပ်ဖွဖွ တွန်းဖယ်လိုက်ပေသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ရေညှစ်လိုက်လျှင်ပင် ထွက်လာတော့မတတ် နီရဲနေချေပြီ။ သူမသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ဒီလိုမျိုး မလုပ်ပါနဲ့ ဝူကျိအစ်ကို...... ကျွန်မ အစ်ကိုနဲ့ အဲဒီလိုမျိုး မပတ်သက်ပါဘူးလို့ ဆရာ့ကို ကတိပေးထားခဲ့တယ် "

သူမသည် စကားကို ဆုံးအောင် မပြောနိုင်ချေ။ ထိုအချိန်တွင် ကျိုးကျစ်လော့၏ ခြေထောက်များမှာ အားမရှိသကဲ့သို့ ဖြစ်နေပြီး အကယ်၍ ကျန်းဝူကျိကသာ ဆက်၍ ဖိအားပေးလာလျှင် ဆရာဖြစ်သူကို ပေးထားသော ကတိကို ဖောက်ဖျက်မိတော့မည်ကို သူမ သိရှိနေသည်။ ကျန်းဝူကျိသည် ထိုစကားကို ကြားသောအခါ မျက်လုံးအစုံကို လှန်ကြည့်လိုက်မိသည်။ ထိုသီလရှင်အိုကြီး မြဲ့ကြွယ်သည် အရေးကြီးသော အချိန်ရောက်တိုင်း သူ၏ အကြံအစည်များကို လာရောက် ဖျက်ဆီးနေပါလားဟု တွေးတောမိသည်။ သူသည် သီလရှင်အိုကြီးကို အလိုလိုက်ရန် စိတ်မကူးထားချေ။ ကျန်းဝူကျိက တိုက်ရိုက်ပင် ပြောလိုက်သည်

"ငါတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတဲ့ ချစ်သူတွေပဲ။ အဲဒီ သီလရှင်အိုကြီးနဲ့ ဘာဆိုင်လို့လဲ။ သူ့ကို ဂရုမစိုက်နဲ့။ သူ ပြောစရာရှိရင် ငါ့ဆီကို တိုက်ရိုက်လာပြောခိုင်းလိုက်"

ထိုသို့ပြောရင်း ကျိုးကျစ်လော့ကို ရင်ခွင်ထဲသို့ အတင်းအကြပ် ဆွဲသွင်းကာ ပိုင်ဆိုင်ရန် ကြိုးစားလိုက်သည်။ ကျိုးကျစ်လော့သည် အသက်ရှူမှားသွားပြီးနောက် ခဏကြာ ရုန်းကန်ကာ ခေါင်းခါလျက် ပြောလိုက်ပြန်သည်။

"ဝူကျိအစ်ကို မလုပ်ပါနဲ့...... ဒါက ဆရာ့ရဲ့ ဆန္ဒတင် မဟုတ်ပါဘူး ကျွန်မကိုယ်တိုင်ရဲ့ ဆန္ဒလည်း ပါပါတယ်။ တရားဝင် လက်မထပ်ရသေးခင်မှာတော့ အစ်ကိုနဲ့ ဒီလိုမျိုး မဖြစ်ချင်သေးဘူး"

မဖြစ်ချင်ဘူး ဟုတ်လား။ ကျိုးကျစ်လော့သည် စိတ်ပါဝင်စားနေသည်မှာ သိသာလှသော်လည်း မိမိကိုယ်မိမိ အတင်းအကျပ် ထိန်းချုပ်နေသည်ကို မြင်သောအခါ ကျန်းဝူကျိ သက်ပြင်းချလိုက်မိသည်။ ကောင်းပြီလေ သူသည် မိမိ၏ အမျိုးသမီးများကို အလေးထားသူ ဖြစ်သည် မဟုတ်ပါလား။ သို့သော် ဤကိစ္စမှာ ဖြေရှင်းရ လွယ်ကူလှသည်။ ပြန်ရောက်သွားလျှင် ကျိုးကျစ်လော့ကို တရားဝင် လက်ထပ်လိုက်ရုံသာ ရှိသည်။ ဤသည်မှာ ကြီးမားသော ပြဿနာ မဟုတ်ချေ။ ကျန်းဝူကျိက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကောင်းပြီ ကျစ်လော့ မင်းက ငါ့ဘဝရဲ့ အချစ်ဆုံးသူပဲ။ ငါ မင်းကို ဘယ်တော့မှ အကျပ်မကိုင်ပါဘူး။ ငါ မင်းကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူးဆိုတာလည်း မင်း သိပါတယ်။ ဒါကြောင့် ငါတို့ ပြန်ရောက်တာနဲ့ လက်ထပ်ကြမယ်"

ထိုသို့ ပြောလိုက်ချိန်တွင် ကျန်းဝူကျိ၏ သရုပ်ဆောင် အရည်အချင်းများမှာ အလိုလို ထွက်ပေါ်လာပြီး အလွန် ဝမ်းနည်းပူဆွေးနေသည့် ပုံစံမျိုးကို ဖမ်းလိုက်သည်။ ကျိုးကျစ်လော့သည် အပျိုစင်လေးတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေတွင် အနှောင့်အယှက် ကြုံရခြင်းမှာ မည်မျှ နေရခက်စေသည်ကို နားလည်ပေသည်။ သို့သော် သူမ၏ စိတ်နေစိတ်ထားမှာ အစဉ်အလာကို လေးစားသူဖြစ်သဖြင့် ခွင့်မပြုနိုင်ခြင်း ဖြစ်သည်။ သူမက အားနာသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး ဝူကျိအစ်ကိုရယ်။ ကျွန်မလည်း ဒီလိုမျိုး မဖြစ်စေချင်ပါဘူး။ အကယ်၍ အစ်ကို တကယ်ပဲ သည်းမခံနိုင်တော့ဘူးဆိုရင် ဝူချင်းရင်း ဒါမှမဟုတ် ဟွေ့ယွဲ့တမန်တော်ကို"

သူမသည် ထိုအမျိုးသမီးများကို ကျန်းဝူကျိထံသို့ စေလွှတ်ရန် ပြောမည့်ဆဲဆဲမှာပင် မိမိ၏ အမျိုးသားကို အခြားသူထံ တွန်းပို့ခြင်းမှာ အလွန်မိုက်မဲသော အပြုအမူဖြစ်သည်ဟု ခံစားလိုက်ရသဖြင့် စကားကို ဆက်မပြောတော့ချေ။ ကျိုးကျစ်လော့က မိမိအပေါ် ဂရုစိုက်သည်ကို မြင်ရသောအခါ ကျန်းဝူကျိ ကျေနပ်သွားပြီးနောက် ယုတ်မာသော အပြုံးတစ်ခု ပြုံးလိုက်သည်။ ၎င်း၏ မျက်နှာပေါ်တွင် မကောင်းသော အပြုံးတစ်ခု ပေါ်လာကာ ကျိုးကျစ်လော့၏ တစ်ကိုယ်လုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"တခြားလူ ရှာစရာ မလိုပါဘူး။ ငါတို့ နောက်ဆုံးအဆင့်အထိ မသွားနိုင်ရင်တောင် ငါ ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ငါ့အမြင်မှာတော့ တခြားနည်းလမ်း ငါးခု ကျန်သေးတာပဲ"

"နည်းလမ်း ငါးခု ဟုတ်လား" ကျိုးကျစ်လော့မှာ ဇဝေဇဝါ ဖြစ်သွားရသည်။ နည်းလမ်း ငါးခုဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ သူမသည် ကျန်းဝူကျိကို နားမလည်နိုင်သော မျက်နှာလေးဖြင့် ကြည့်နေမိသည်။ ကျန်းဝူကျိသည် တပည့်များကို လမ်းညွှန်ရာတွင် ကျွမ်းကျင်သော ဆရာကောင်းတစ်ဦး ဖြစ်ပေသည်။ ကျိုးကျစ်လော့ နားမလည်သည်ကို မြင်သောအခါ ၎င်းက ရှင်းပြလိုက်သည်။

"ဥပမာဆိုရင် မင်းရဲ့ လက်တွေ ခြေထောက်တွေ ပြီးတော့ မင်းရဲ့ ပါးစပ် အဲဒီနောက်မှာတော့"

ထိုသို့ပြောရင်း ကျန်းဝူကျိသည် ကျိုးကျစ်လော့၏ နားနားသို့ ကပ်ကာ ကျန်ရှိသော နည်းလမ်းများကို ခပ်တိုးတိုး ပြောပြလိုက်သည်။ ကျိုးကျစ်လော့သည် ထိုနည်းလမ်း ငါးခု၏ အဓိပ္ပာယ်ကို နားလည်သွားသောအခါ မျက်နှာလေးမှာ ရဲရဲနီသွားတော့သည်။ သူမက "ဝူကျိအစ်ကို အစ်ကိုက တကယ်ကို အရှက်မရှိတာပဲ" ဟု ပြောလိုက်သည်။

"အရှက်မရှိတာ ဟုတ်လား။ ငါ ပြောပြီးပြီလေ ချစ်သူတွေကြားမှာ ဒါက သဘာဝပဲ။ အဲဒီ သီလရှင်အိုကြီး မြဲ့ကြွယ်လို လူသားဆန်မှု မရှိတာကမှ တကယ့်ကို ဝမ်းနည်းစရာကောင်းတာ။ သူကိုယ်တိုင်လည်း ချစ်သူနဲ့ ကွဲခဲ့ရပြီးတော့ သူ့တပည့်ကိုလည်း လက်ထပ်ခွင့် မပေးဘူး သူတပါးရဲ့ ကောင်းမှုတွေကို ဖျက်ဆီးနေတာ။ သူက လူကောင်းမဟုတ်ဘူး။ သူ့ကို နောက်တစ်ခါ ထပ်တွေ့ရင် ငါ သူ့ကို ပါးရိုက်ရလိမ့်မယ်"

ကျန်းဝူကျိသည် မြဲ့ကြွယ်၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဖော်ပြလိုက်သည်။ ဤနာကျည်းမှုမှာ ပင်လယ်ကဲ့သို့ နက်ရှိုင်းလှပေသည်။ ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ လေသံမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် အမြန်ပင် ပြောလိုက်သည်။

"မလုပ်ပါနဲ့ ဝူကျိအစ်ကို။ ကျွန်မရဲ့ ဆရာက စိတ်ထား တင်းမာတဲ့လူပါ။ အကယ်၍ အစ်ကိုက သူ့ကို တကယ်ပဲ ရိုက်နှက်ခဲ့ရင် သူ ဆက်ပြီး အသက်ရှင်ချင်တော့မှာ မဟုတ်ဘူး"

ကျန်းဝူကျိကမူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သူ အသက်ရှင်တာ မရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်းကြောင့်သာ မဟုတ်ရင် အဲဒီ ခေါင်းမာတဲ့ သီလရှင်အိုကြီးကို ငါ လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ ကြာလှပြီ"

ကျိုးကျစ်လော့သည် နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်လိုက်မိသည်။ ကျန်းဝူကျိက ဆရာဖြစ်သူကို မုန်းတီးနေသည့်အပေါ် သူမ စိုးရိမ်မိသည်။ ဆရာမြဲ့ကြွယ်က သူမနှင့် ကျန်းဝူကျိတို့၏ ပတ်သက်မှုကို နှောင့်ယှက်သည်ကို သူမ မကြိုက်သော်လည်း ဆရာမှာ ဆရာပင် ဖြစ်ပေသည်။ ဆရာမြဲ့ကြွယ်သည် သူမအပေါ်တွင် အလွန် ကျေးဇူးကြီးမားခဲ့သူ ဖြစ်သဖြင့် တစ်သက်လုံး ဆပ်၍ ကုန်နိုင်မည် မဟုတ်ချေ။

"ဝူကျိအစ်ကို ကျွန်မမျက်နှာကို ထောက်ပြီး ဆရာ့အပေါ် ဘာမှ မလုပ်ဖို့ ကတိပေးလို့ ရမလား"

ကျိုးကျစ်လော့မှာ ထိတ်လန့်နေမိသည်။ ကျန်းဝူကျိသည် ဆရာမြဲ့ကြွယ်ကို တကယ်ပဲ သတ်ပစ်လိမ့်မည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။ သူမ သိရှိထားသော ကျန်းဝူကျိမှာ ထိုကဲ့သို့ ပြုလုပ်နိုင်သော စွမ်းအားရှိသူဖြစ်ကြောင်း သူမ သံသယမရှိချေ။ ဤစကားကို ကြားသောအခါ ကျန်းဝူကျိသည် စိတ်ထဲမှ ဝမ်းသာသွားပြီး ၎င်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"မသတ်ဘဲ ထားဖို့ကလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတစ်ယောက်ရဲ့ တန်ဖိုးက တပည့်အပေါ်မှာ မူတည်တယ်။ မင်း ဘာတွေ လုပ်ပြမလဲဆိုတာကိုလည်း ငါ ကြည့်ရဦးမယ်"

ကျိုးကျစ်လော့၏ စိုးရိမ်နေသော အကြည့်များအောက်တွင် ကျန်းဝူကျိသည် သူမကို ခပ်ဖွဖွ ပွေ့ချီလိုက်သည်။ သူမ၏ လှပချောမောသော မျက်နှာလေးမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှပေသည်။ ၎င်းသည် သူမ၏ ပါးပြင်နှစ်ဖက်ကို နမ်းရှိုက်လိုက်ပြီးနောက် ပါးစပ်ကိုပါ အားပါပါ စုပ်ယူလိုက်သည်။ နမ်းပြီးနောက် ကျန်းဝူကျိက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

"ကျစ်လော့ မင်းရဲ့ ဆရာ မြဲ့ကြွယ် ငါ့လက်ချက်နဲ့ အသတ်ခံရတာကို မမြင်ချင်ဘူး မဟုတ်လား။ အခု ငါ့ရဲ့ စိတ်တွေက အရမ်းတက်ကြွနေတာ။ နည်းလမ်းတွေကိုလည်း ငါ ပြောပြပြီးပြီ။ ဆရာမြဲ့ကြွယ် အသက်ရှင်ဖို့က မင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တော့တယ်"

ထိုသို့ပြောပြီး ကျန်းဝူကျိသည် ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ ကျိုးကျစ်လော့သည် ကျန်းဝူကျိက သူမကို တမင်တကာ စနောက်နေခြင်းဖြစ်ပြီး အတင်းအကျပ် ခြိမ်းခြောက်မည် မဟုတ်ကြောင်း သိရှိသော်လည်း ကျန်းဝူကျိက ဆရာမြဲ့ကြွယ်ကို တကယ်ပဲ သတ်မလား မသတ်ဘူးလားဆိုသည်ကိုမူ လောင်းကြေး မထပ်ရဲချေ။

အရေးကြီးဆုံးအချက်မှာ ကျန်းဝူကျိ၏ သရုပ်ဆောင်မှုများကို ကျိုးကျစ်လော့သည် ငြင်းပယ်ခြင်း မရှိသည့်အပြင် ကျေနပ်နေခြင်းပင် ဖြစ်သည်။ သူမသည်လည်း စိတ်ကူးနက်နဲပြီး သရုပ်ဆောင်ရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။

"ဟုတ်ကဲ့ပါ ဝူကျိအစ်ကို"

ကျိုးကျစ်လော့၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရင်သွားပြီး ကျန်းဝူကျိ၏ စကားကို နာခံမှုရှိသော အစေခံမလေးတစ်ဦးကဲ့သို့ ပြန်လည် ဖြေကြားလိုက်သည်။ ကျန်းဝူကျိက သူမကို တကယ် ခြိမ်းခြောက်နေခြင်း မဟုတ်ကြောင်း သိသော်လည်း ကျိုးကျစ်လော့၏ လေသံမှာ ဇာတ်ကောင်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားပြီး ကျန်းဝူကျိနှင့် အပေးအယူ တည့်နေတော့သည်။ ကျိုးကျစ်လော့၏ စွမ်းဆောင်ရည်ကို မြင်ရသောအခါ ကျန်းဝူကျိသည်လည်း ဝမ်းမြောက်သွားရသည်။ ၎င်းသည် အစေခံတစ်ဦးကို ခေါ်ယူသကဲ့သို့ လက်ဟန်ပြလိုက်သည်။

ကျိုးကျစ်လော့သည် ရိုသေစွာ လျှောက်လှမ်းလာပြီး "ဝူကျိအစ်ကို ကျစ်လော့က အစ်ကို့ကို သိပ်ချစ်တာပဲ" ဟု တိုးတိုးလေး ပြောလိုက်သည်။ ဤစကားမှာမူ သရုပ်ဆောင်နေခြင်း မဟုတ်ချေ။ သူမသည် ဇာတ်ကောင်ထဲသို့ ရောက်ရှိနေသော်လည်း ဤသည်မှာ သူမ၏ ရင်ထဲမှ အစစ်အမှန် ခံစားချက်ပင် ဖြစ်ပေသည်။

တစ်ညတာအတွင်းမှာပင် ၎င်းတို့နှစ်ဦးမှာ ပြဇာတ်အဖွဲ့တစ်ခုကဲ့သို့ ဖြစ်သွားကြသည်။ ကျိုးကျစ်လော့အတွက်မူ ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။ ဂိုဏ်းချုပ်ရာထူးကို ရရှိပြီးနောက်ပိုင်းတွင် သူမ၏ စီနီယာ အစ်မများကို ကိုင်တွယ်ခဲ့သော နည်းလမ်းများကို မသုံးဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ သူမ၏ အရည်အချင်းဟောင်းများမှာ ပြန်လည် ထက်မြက်လာချေပြီ။ ကျန်းဝူကျိအတွက်မူ ပြောစရာပင် မလိုတော့ချေ။ ၎င်းသည် မိန်းမမက်သူတစ်ဦး ဖြစ်သဖြင့် ဤအခြေအနေကို အပြည့်အဝ ပျော်ရွှင်နေတော့သည်။

ပင်လယ်လေမှာ ပြင်းထန်လှသဖြင့် အခန်းအတွင်း၌ပင် လေတိုးသံများကို ကြားနေရပေသည်။ လေတိုးသံများကြားတွင် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့သည် ၎င်းတို့၏ ဝိညာဉ်များကို အပြန်အလှန် ပေါင်းစပ်လိုက်ကြတော့သည်။ ၎င်းတို့အတွက် လက်ထပ်ပွဲ ကျင်းပရန်သာ ကျန်ရှိတော့ပေသည်။ ကျိုးကျစ်လော့သည် လိမ္မာသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ကျန်းဝူကျိသည်လည်း အလွန်ပင် ကျေနပ်အားရနေတော့သည်။

အခန်း (၂၀၆) ငါ့မှာ အဆောင်အယောင် မိဖုရားတွေ ရှိနေတာကို ဖုံးကွယ်ဖို့ လိုလို့လား

နောက်တစ်နေ့တွင် ကျန်းဝူကျိသည် စိတ်ကြည်လင်လန်းဆန်းစွာဖြင့် အိပ်ရာမှ ထလာခဲ့သည် ဖြစ်သည်။ ရေအလံတော်တပ်ဖွဲ့၏ တပည့်များမှာ သင်္ဘောမောင်းနှင်ရာတွင် အမှန်တကယ်ပင် ကျွမ်းကျင်ကြပေသည်။တစ်လမ်းလုံးတွင် ပင်လယ်ပြင်မှာ တည်ငြိမ်အေးချမ်းနေပြီး ခရီးစဉ်မှာ အလွန်ပင် ချောမွေ့နေချေသည်။

ဤသည်မှာ ရေအလံတပ်မှူး ထန်ယန်ကိုယ်တိုင် ဦးစီးမောင်းနှင်နေခြင်းကြောင့်လည်း ဖြစ်ပေသည်။ ၎င်း၏ စွမ်းဆောင်ရည်မှာ ယခင်က အမှုထမ်းခဲ့ဖူးသည့် တပည့်များထက် အဆပေါင်းများစွာ သာလွန်သဖြင့် တပ်ဖွဲ့မှူးတစ်ယောက် ဖြစ်ထိုက်ပေသည်။

နံနက်စာကို ရိုးရှင်းစွာ စားသောက်ပြီးနောက် ကျန်းဝူကျိသည် ကိုယ်လက်အကြောဆန့်ကာ သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်လာခဲ့သည်။ ကုန်းပတ်ပေါ်တွင် လူအများအပြား မရှိသေးဘဲ ကျောက်မိန်၊ ယင်းလီ၊ ရှောင်ကျောက်နှင့် မျက်နှာပျက်နေသော ဒိုက်ချီစီတို့သာ ရှိနေကြပေသည်။ ဒိုက်ချီစီသည် ကျန်းဝူကျိပေးထားသော ဆေးလုံးကို ပါးစပ်ထဲတွင် ငုံထားဆဲပင် ဖြစ်သည်။

မူလက သူမသည် ထိုဆေးလုံး၏ ထူးဆန်းသော အရသာကြောင့် ကျန်းဝူကျိ၏ ဆေးပညာအပေါ် သံသယရှိခဲ့သော်လည်း ကျန်းဝူကျိကို မလွန်ဆန်ရဲသဖြင့် အတင်းအကျပ် မျိုချခဲ့ရသည်။ သို့သော် ဆေးလုံးမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်နှင့် တပြိုင်နက် အေးမြသော ခံစားချက်မှာ အဆုတ်ထဲအထိ ပျံ့နှံ့သွားပြီး အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေခဲ့သည်။

ဆေးလုံးတစ်လုံး ကုန်သွားသောအခါ သူမ၏ အဆုတ်ထဲတွင် တစ်ခါမျှ မကြုံဖူးသော သက်သာမှုကို ခံစားရပြီး ချောင်းဆိုးခြင်းများလည်း သိသိသာသာ လျော့နည်းသွားချေသည်။ ထိုအချိန်မှစ၍ သူမသည် ကျန်းဝူကျိ၏ ဆေးပညာကို အကြွင်းမဲ့ ယုံကြည်သွားကာ နေ့စဉ် ဆေးသောက်ရန် ဝန်မလေးတော့ပေ။

ကျန်းဝူကျိ ကုန်းပတ်ပေါ်သို့ ရောက်လာသည်နှင့် ကျောက်မိန်က လှောင်ပြောင်သော လေသံဖြင့် ဆိုလာသည်။

“ဒီနေ့တော့ အားအင်တွေ ပြည့်ဝနေပါလား။ မနေ့ညက တစ်ခုခုများ မကောင်းတာ လုပ်ခဲ့သေးလား”

ပုံမှန်ဆိုလျှင် ကျောက်မိန်နှင့် ကျိုးကျစ်လော့တို့သည် အားလပ်ချိန်တိုင်း ကုန်းပတ်ပေါ်တွင် ရှုခင်းကြည့်ရင်း စကားများ အပြိုင်အဆိုင် ပြောလေ့ရှိကြသော်လည်း ယနေ့တွင်မူ ကျိုးကျစ်လော့ ပေါ်မလာချေ။ မနေ့ညက ကျန်းဝူကျိနှင့်အတူ အခန်းထဲသို့ ဝင်သွားပြီးကတည်းက သူမ ပြန်ထွက်မလာသည်ကို ကျောက်မိန် သိရှိထားပေသည်။ အထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကိုလည်း ခန့်မှန်းရသည်မှာ မခက်ခဲလှချေ။ ကျောက်မိန်သည် ကျန်းဝူကျိကို မြင်သည်နှင့် မျက်စောင်းထိုးကာ ကဲ့ရဲ့လိုက်ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် မနေ့ညကတည်းက ကျောက်မိန်၏ စိတ်ထဲတွင် မအီမသာ ဖြစ်နေခဲ့သည်။ သူမသည် အခြားသူများကို ဂရုမစိုက်သော်လည်း ကျိုးကျစ်လော့ကိုမူ ပြိုင်ဘက်ဟု သတ်မှတ်ထားသဖြင့် သူမထက် အသာရသွားသည်ကို မခံမရပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။ မင်းသမီးတစ်ပါး ဖြစ်သော သူမက ကျိုးကျစ်လော့၏ နောက်သို့ ရောက်သွားရသည်မှာ မခံချင်စရာ ဖြစ်နေပေသည်။

ကျန်းဝူကျိသည် ကျောက်မိန်၏ ဒေါသထွက်နေသော မျက်နှာကို မြင်သောအခါ အခြေအနေကို ရိပ်မိလိုက်သည်။ ၎င်းက ချက်ချင်းပင် ရှင်းပြလိုက်သည်။

“မိန်မိန် ကျစ်လော့နဲ့ ငါ့ကြားမှာ မင်းထင်သလို ဘာမှ မဖြစ်ခဲ့ပါဘူး။ အခြေအမြစ်မရှိတာတွေ လျှောက်မပြောပါနဲ့”

ကျောက်မိန်က နှာခေါင်းရှုံ့ကာ ဆိုသည်။

“ဘာလဲ ဂိုဏ်းချုပ်ကြီးကျန်းက အခု ကျွန်မကို လိမ်ချင်နေတာလား”

ကျောက်မိန်သာမက ယင်းလီ၊ ဒိုက်ချီစီနှင့် နာခံမှုအရှိဆုံးဖြစ်သော ရှောင်ကျောက်ပင်လျှင် ကျန်းဝူကျိ၏ စကားကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေကြပေသည်။ ကျန်းဝူကျိသည် ၎င်းတို့၏ သံသယရှိသော အကြည့်များကို မြင်သောအခါ အနည်းငယ် စိတ်တိုသွားပြီး မျက်လုံးအစုံကို လှန်ကြည့်ကာ ဆိုလိုက်သည်။

“ဘာလဲ မင်းတို့အားလုံး ငါ့ကို သံသယရှိနေတာလား။ ငါ့ကို ဘယ်လိုလူလို့ ထင်နေကြလို့လဲ။ ငါ ကျန်းဝူကျိက အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့အတွက် ဘယ်တုန်းက ဖုံးကွယ်ခဲ့ဖူးလို့လဲ။ ငါ လိမ်ပြောဖို့ လိုအပ်သလား”

ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ရှောင်ကျောက်နှင့် ယင်းလီတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းပြောသည်မှာ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ ကျန်းဝူကျိသည် ယခင်ကလည်း အမျိုးသမီးများနှင့် ပတ်သက်မှုကို ဖုံးကွယ်ခြင်း မရှိခဲ့သဖြင့် ယခုလည်း ဖုံးကွယ်စရာ အကြောင်းမရှိချေ။

ကျောက်မိန်ကမူ သံသယ မကင်းသေးဘဲ မေးမြန်းလိုက်သည်။

“တကယ်ပဲ ဘာမှ မဖြစ်ခဲ့ဘူးလား။ ဒါဆို ဘာလို့ ရှင့်ရဲ့ မျက်နှာက ဒီလောက်တောင် ကြည်လင်နေရတာလဲ။ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်”

ကျန်းဝူကျိက ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ဝန်ခံလိုက်သည်။

“အဲဒါတော့ မှန်တယ်။ ငါတို့ အတူတူ အိပ်စက်ခဲ့တာမျိုး မရှိပေမဲ့ တခြား နည်းလမ်းတွေနဲ့တော့ အကုန်လုံး ဖြစ်ပျက်ခဲ့ပြီးပြီ”

ထိုသို့ တည့်တည့်တိုးတိုး ဝန်ခံလိုက်သောအခါ ကျောက်မိန်မှာ စကားပင် ဆက်မပြောနိုင်တော့ချေ။ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ကြားတွင် မည်သို့သော ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူမ စိတ်ကူးထဲတွင် ပုံဖော်ကြည့်နိုင်ပေသည်။ ကျောက်မိန်သည် သက်ပြင်းချကာ ဆိုလိုက်သည်။

“ကျွန်မကတော့ အရာအားလုံးကို စွန့်လွှတ်ပြီး ရှင့်နောက်ကို လိုက်လာခဲ့တာ။ အခု ကျွန်မအစ်ကိုကလည်း အနောက်ဘက်ဒေသမှာ စစ်တိုက်နေရပြီ။ ကျွန်မကတော့ ရှင့်ရဲ့လူ ဖြစ်သွားပြီ။ ကျွန်မရဲ့ ရွေးချယ်မှုက မှန်လား မှားလားဆိုတာတောင် မသိတော့ပါဘူး”

“အဲဒါကတော့ မှန်တာပေါ့။ ငါတို့ရဲ့ အစီအစဉ်တွေက ဒီလောက်တောင် ရှင်းလင်းနေတာကို ဒီလို သဝန်တိုတဲ့ ကိစ္စလေးနဲ့ မေ့လျော့ပစ်တော့မလို့လား”

ကျန်းဝူကျိက ကျောက်မိန်၏ အပြုအမူကို အပြစ်တင်လိုက်သည်။ ကျောက်မိန်က မျက်စောင်းထိုးကာ ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ဆိုသည်။

“ရှင်က တကယ်ကို မိန်းမမက်တဲ့လူပဲ။ ရှန်းမင်းဆက်က ကျိုးမင်းကြီးလို လူစားမျိုး။ ရှင်က လူကောင်းတစ်ယောက် လုံးဝ မဟုတ်ဘူး”

“အဲဒီလိုဆိုရင်တော့ မင်းက တကျီ ပေါ့”

(တရုတ်ရာဇဝင်ထဲတွင် တကျီ ဆိုသည်မှာ ကျိုးမင်းကြီးကို တိုင်းပြည်ရေးကိစ္စများကို အာရုံ မစိုက်နိုင်လောက်အောင် ဖမ်းစားနိုင်သော အလှပိုင်ရှင် တစ်ဦးဖြစ်သည်)

ကျန်းဝူကျိက ရယ်မောကာ ဆိုလိုက်သည်။ ၎င်းသည် ပုံပြင်ဟောင်းများကို ကိုးကား၍ နောက်ပြောင်ပြောဆိုနေသဖြင့် ကျောက်မိန်တို့မှာ နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေကြပေသည်။

ကျန်းဝူကျိက ရယ်မောနေစဉ်တွင် ရန်ပုဟွေ့ ကုန်းပတ်ပေါ်သို့ ရောက်လာသည်။ သူမသည် ထူးဆန်းသော အခြေအနေကို မြင်သောအခါ အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။

“ဝူကျိအစ်ကို ဘာတွေ ရယ်နေတာလဲ။ ပြီးတော့ ဒီနေ့ ကျစ်လော့အစ်မ ဘာလို့ မလာတာလဲဟင်”

“အော် မင်းရဲ့ ကျစ်လော့အစ်မက လက်တွေ ခြေထောက်တွေ နည်းနည်း နာနေလို့ပါ။ ပါးစပ်ကလည်း နည်းနည်း ရောင်နေပြီး ရင်ဘတ်ကလည်း အောင့်နေတယ်လို့ ပြောတယ်။ ပင်လယ်လေနဲ့ မတည့်လို့ ဖြစ်မှာပါ။ ငါ ဆေးပေးထားပြီးပြီမို့ နောက်ရက်ဆို သက်သာသွားပါလိမ့်မယ်”

ကျန်းဝူကျိက ပြုံးလျက် ရှင်းပြလိုက်သည်။ ရန်ပုဟွေ့သည် ကျန်းဝူကျိကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သဖြင့် ခေါင်းညိတ်ကာ ဆိုသည်။

“အဲဒီလိုလား။ ဒါဆိုရင် နောက်တစ်ခါ ပင်လယ်ထွက်ရင် ကျစ်လော့အစ်မကို မခေါ်ပါနဲ့တော့။ သူ ဒုက္ခရောက်မှာ စိုးလို့ပါ”

သူမ၏ ရိုးသားလွန်းသော စကားကြောင့် ကျောက်မိန်တို့မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ ရန်ပုဟွေသည် အမှန်တကယ်ပင် ရိုးအလှပေသည်။ ပင်လယ်လေနှင့် မတည့်လျှင် အခုမှ ဘာကြောင့် ဖြစ်ရမည်နည်းဆိုသည်ကိုပင် သူမ မစဉ်းစားမိချေ။ ကျန်းဝူကျိနှင့် ငယ်သူငယ်ချင်း ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် သူမ၏ ဉာဏ်ရည်မှာ ကျန်းဝူကျိ၏ အိပ်ရာဘေးတွင် ရှိနေရန်ပင် မလုံလောက်ချေဟု ကျောက်မိန်တို့က တွေးတောမိကြတော့သည်။

All Chapters