အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇) ဂျပန်ကျွန်းသို့ ရောက်ရှိခြင်းနှင့် ရုပ်ဆိုးလှသော ဂျပန်များ
ရက်ပေါင်းများစွာ ပင်လယ်ခရီးနှင်ပြီးနောက် ကျန်းဝူကျိနှင့် အဖွဲ့သားများသည် ဂျပန်ကျွန်းသို့ ဆိုက်ရောက်လာကြသည်။ သူတို့၏ ကြီးမားလှသော စစ်သင်္ဘောကြီး ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဒေသခံများမှာ အုပ်စုလိုက် လာရောက်ကြည့်ရှုကြပေသည်။
လက်ရှိ ဂျပန်တို့၏ အခြေအနေနှင့် ယှဉ်လျှင် ဤစစ်သင်္ဘောကြီးမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ အနည်းဆုံးတော့ ဂျပန်တစ်ကျွန်းလုံးတွင် ဤမျှကြီးမားသော အရာမျိုး မရှိနိုင်ချေ။ ကျန်းဝူကျိနှင့် အဖွဲ့သားများသည် အနီးအနားရှိ ဂျပန်များကို ကြည့်ကာ အံ့ဩမှင်သက်နေကြသည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဤဂျပန်များသည် အလွန်ပင် အရုပ်ဆိုးလွန်းနေခြင်းကြောင့် ဖြစ်သည်။ အားလုံးတော့ မဟုတ်သော်လည်း အများစုမှာ ရှေ့သွားခေါခြင်း၊ ဆံပင်ကို ခွက်မှောက်ထားသကဲ့သို့ ညှပ်ထားခြင်းနှင့် ကုန်းကုန်းကွကွ ဖြစ်နေခြင်းတို့ကြောင့် ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေပေသည်။
အဆိုးဆုံးမှာ ဂျပန်များသည် အလွန်ပင် အရပ်ပုလွန်းခြင်းပင် ဖြစ်သည်။ ကျန်းဝူကျိကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဂျပန်များကို 'ဂျပုပင်လယ်ဓားပြ' ဟု ခေါ်ဝေါ်ကြသည်ကို သိသော်လည်း အပြင်တွင် လူကိုယ်တိုင် မြင်ဖူးခြင်းမှာ ယခုက ပထမဆုံး ဖြစ်သည်။
ယောက်ျားအများစုမှာ အရပ် ငါးပေဝန်းကျင်သာ ရှိကြပြီး အရပ်ရှည်သည်ဆိုသူမှာပင် ငါးပေ သုံးလက်မခန့်သာ ရှိပေသည်။ အမျိုးသမီးများမှာမူ ပို၍ပင် ဆိုးရွားလှသည်။ လေးပေခွဲဝန်းကျင်သာ ရှိကြပြီး ငါးပေရှိသူမှာ အမျိုးသမီးများထဲတွင် ဘီလူးမကြီးကဲ့သို့ ဖြစ်နေပေသည်။
ယခုခေတ် အလယ်ပိုင်းဒေသရှိ ဟန်လူမျိုးများသည် ကျန်းဝူကျိကဲ့သို့ အရပ်မရှည်သော်လည်း ယောက်ျားများမှာ ငါးပေခွဲကျော် သာသာရှိကြသဖြင့် ဂျပန်များထက် ပို၍ အရပ်ရှည်ပြီး ရုပ်ရည်မှာလည်း ပို၍ ကြည့်ကောင်းကြပေသည်။ ဂျပန်တို့၏ ပုံပန်းသဏ္ဌာန်မှာ မျိုးရိုးဗီဇ မမှန်ကန်သော သတ္တဝါများကဲ့သို့ ခံစားရစေသည်။
ဗဟုသုတ ကြွယ်ဝလှသော ရန်ရှောင်ပင်လျှင် ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာပျက်နေတော့သည်။
"ဂိုဏ်းချုပ်... ဒီဂျပန်တွေက တကယ်ကို သိမ်ဖျင်းတဲ့ လူမျိုးတွေပဲ။ အများစုက အရုပ်ဆိုးပြီး ဘာမှ အနှစ်သာရ မရှိတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်"
ရန်ရှောင်က ခေါင်းကို ခါယမ်းကာ အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။ ကျန်းဝူကျိကမူ ဤအရာကို အရေးမစိုက်ပေ။ သူသည် ဂျပန်များအပေါ် မည်သည့် ခံစားချက်ကောင်းမှ မရှိချေ။ ကြည့်ကောင်း သည်ဖြစ်စေ၊ အရုပ်ဆိုးသည်ဖြစ်စေ သူ့မျက်လုံးထဲတွင် တိရစ္ဆာန်အုပ်စုနှင့် မခြားပေ။ သူသည် ဤလူမျိုး၏ ပင်ကိုယ်အားနည်းချက်များကို ကောင်းစွာ သိရှိထားသည်။
"ကဲ... သင်္ဘောပေါ်က ဆင်းပြီး လိုအပ်တဲ့ ရိက္ခာတွေ သွားယူကြရအောင်"
ကျန်းဝူကျိက စကားအများကြီး မပြောချေ။ ဤခရီးစဉ်မှာ ပြဿနာများကို အရှေ့ဘက်သို့ လွှဲပြောင်းရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ သူက ရုတ်တရက် သတိရသွားပြီး လှမ်းခေါ်လိုက်သည်။
"ရှောင်ချိုက်... သွားကြစို့"
မည်သူမျှ ပြန်မထူးသဖြင့် ကျန်းဝူကျိက သတိဝင်လာပြီး ပြန်ပြောလိုက်သည်။
"ရွှီခွန်း... ငါတို့နဲ့ လိုက်ခဲ့။ ရောက်ပြီ"
သင်္ဘောပေါ်တွင် ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် သူသည် ရွှီခွန်းကို 'ရှောင်ချိုက်' ဟု မသိစိတ်က ခေါ်မိသွားခြင်း ဖြစ်သည်။ ဤသည်မှာ ရိုင်းစိုင်းရာ ရောက်သဖြင့် နောက်မှ သူ၏ အမှားအတွက် တစ်ခုခု ပြန်ပေးလျော်ရမည်ဟု တွေးလိုက်သည်။
(ရှောင်ချိုက် - အသုံးမကျတဲ့ကောင်လေး)
ရွှီခွန်းသည် အမြန်ပြေးလာပြီး “ဝူး....ဝူး..” ဟု အော်ဟစ်ကာ နှုတ်ဆက်လိုက်သည်။ ယခုအချိန်တွင် သူသည် ရှဲ့ရွှန်းအဖြစ် အပြည့်အဝ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ မျက်နှာပေါ်ရှိ အမာရွတ်များကြောင့် သူ၏ မူလရုပ်ရည်ကို မမှတ်မိနိုင်တော့ဘဲ ကြည့်ရသည်မှာ အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သို့သော် ကျန်းဝူကျိ၏ ရှေ့တွင်မူ သူသည် အလွန်ပင် ရိုကျိုးနေပေသည်။
ဝေယိရှောက်က မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ထဲမှာ ဂျပန်စကား ပြောတတ်သူ မရှိဘူး။ အကယ်၍ ညှိနှိုင်းလို့ မရဘဲ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လို့မရရင် ဘယ်လိုလုပ်မလဲ"
အခြားသူများကလည်း ခေါင်းညိတ်ကာ ထောက်ခံကြသည်။ ရန်ရှောင်နှင့် ဖန့်ယောင်တို့မှာ ဗဟုသုတ များသော်လည်း ဂျပန်စကားကိုမူ မတတ်ကြချေ။ ဆက်သွယ်ရေး အခက်အခဲ ရှိနိုင်သည် မဟုတ်ပါလား။
ကျန်းဝူကျိက သူတို့ကို အံ့ဩစွာ ကြည့်ပြီး ပြောလိုက်သည်။
"ငါ ဘယ်တုန်းက ပစ္စည်းတွေ ဝယ်မယ်လို့ ပြောလို့လဲ"
အားလုံးမှာ ကြောင်သွားကြသည်။ ဝေယိရှောက်က နားမလည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။
"မဝယ်ရင် သူတို့က ဒီအတိုင်း ပေးပါ့မလား"
ကျန်းဝူကျိက သဘာဝကျကျပင် ပြန်ပြောလိုက်သည်။
"ဘာလို့ ဝယ်ရမှာလဲ၊ ဘာလို့ တောင်းရမှာလဲ။ ငါတို့ လုယက်မှာပေါ့။ ဒီအတိုင်း လုတာမျိုး မဟုတ်ဘဲ အားလုံးရှေ့မှာ လူသိရှင်ကြား လုမှာ။ လုလည်းလုမယ်၊ သတ်လည်း သတ်မယ်။ အားလုံး ပြီးသွားရင် ရွှီခွန်းကို ဒီမှာ ထားခဲ့ပြီး ငါတို့ ပြန်ကြမယ်"
ရန်ရှောင်သည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒီဂျပန်တွေက ကျွန်တော်တို့ကို ဘာမှ မစော်ကားသေးဘူးလေ။ ဒါက တကယ်ပဲ လိုအပ်လို့လား"
မင်ဂိုဏ်းသားများသည် ပုံမှန်အားဖြင့် စည်းကမ်းမဲ့စွာ ပြုမူတတ်ကြသော်လည်း ကျန်းဝူကျိ၏ အကြံအစည်မှာ အလွန်ပင် ပြင်းထန်လွန်းသည်ဟု သူတို့ ခံစားရသည်။ အကြောင်းမဲ့ သတ်ဖြတ်ခြင်းမှာ မကောင်းလှချေ။ အနီးအနားတွင် ဂျပန် ရာဂဏန်းခန့် ရှိနေပြီး ရွာထဲတွင်လည်း အများအပြား ရှိဦးမည် ဖြစ်သည်။ အားလုံးကို သတ်ပစ်လျှင် လူသတ်ပွဲကြီး ဖြစ်သွားပေလိမ့်မည်။
ကျန်းဝူကျိက ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"မင်းတို့က ဒီဂျပန်တွေ ဘယ်လောက် ယုတ်မာတယ်ဆိုတာ မသိသေးလို့ပါ။ ဘာမှ စိတ်မပူနဲ့၊ ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ။ ဂျပန်တွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘူး။ ငါတို့ ဒီမှာ ဆူဆူပူပူ ဖြစ်အောင် လုပ်လိုက်ရင် ဂျပန်တွေက ငါတို့ကို ကြောက်လည်း ကြောက်မယ်၊ မုန်းလည်း မုန်းသွားလိမ့်မယ်။ အဲဒီအခါကျမှ ကလဲ့စားချေချင်တဲ့သူတွေ ရောက်လာရင် သူတို့ အချင်းချင်း တိုက်ကြခိုက်ကြလိမ့်မယ်။ အဲဒါ ငါ တကယ် လိုချင်တဲ့ အရာပဲ"
ကျန်းဝူကျိ၏ ရှင်းပြချက်ကို ကြားရသောအခါမှ အားလုံးက နားလည်သွားပြီး ခေါင်းညိတ်ကြတော့သည်။ ဤသည်မှာ ဘေးဒုက္ခကို အရှေ့ဘက်သို့ လွှဲပြောင်းရန် အကွက်ချခြင်း ဖြစ်ပေသည်။ ရန်ရှောင်တို့သည်လည်း ကျန်းဝူကျိ၏ အမိန့်ကို နာခံကြတော့သည်။
ထို့ကြောင့် သင်္ဘောကို ဆိုက်ကပ်ပြီးနောက် အားလုံးသည် ကုန်းပေါ်သို့ တက်လာခဲ့ကြသည်။ ထိုအချိန်တွင် ဂျပန်အများအပြားမှာ စုရုံးရောက်ရှိနေပြီး နားမလည်နိုင်သော ဘာသာစကားဖြင့် ဆူညံစွာ ပြောဆိုနေကြသည်။ သို့သော် သူတို့၏ အကြည့်များတွင် ကျန်းဝူကျိတို့အပေါ် ကြောက်ရွံ့ခြင်းနှင့် အံ့ဩခြင်းများ ပြည့်နှက်နေပေသည်။
အကြောင်းမှာ အရပ်အမောင်းနှင့် အရှိန်အဝါ ကွာခြားချက်ကြောင့် ဖြစ်သည်။ ကျန်းဝူကျိမှာ အရပ် ခြောက်ပေကျော်ရှိပြီး သန်မာထွားကြိုင်းလှသည်။ ရွှီခွန်းနှင့် ကျိုးလောင်စန်းတို့မှာလည်း ကျန်းဝူကျိထက် မနိမ့်သော အရပ်အမောင်းများ ရှိကြပေသည်။ ရန်ရှောင်တို့မှာ ၎င်းတို့လောက် အရပ်မရှည်သော်လည်း ငါးပေခွဲကျော် ရှိကြပြီး ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
ဂျပန်ပုလေးများသည် ကျန်းဝူကျိတို့ကို ကြည့်ကာ ကြောက်ရွံ့နေကြသည်။ အရပ်ပုသူများသည် အရပ်ရှည်သူများကို သဘာဝအရ ကြောက်ရွံ့တတ်ကြသည် မဟုတ်ပါလား။
ဂျပန်တစ်စုသည် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ဝိုင်းရံထားကြသည်။ ထိုသူမှာ အခြားဂျပန်များထက် အရပ်အနည်းငယ် ပိုရှည်ပြီး အဝတ်အစားမှာလည်း ပို၍ ကောင်းမွန်ပေသည်။ ကျန်းဝူကျိတို့ နီးကပ်လာသည်ကို မြင်သောအခါ ထိုသူသည် တောင်ဝှေးကို ယူကာ မြေကြီးပေါ်တွင် စာသားအချို့ ရေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ"
"ဟင်... ဟန်စာ ရေးတတ်တဲ့သူ ရှိနေပါလား"
ကျန်းဝူကျိမှာ အနည်းငယ် အံ့ဩသွားရသည်။ သူက တိုက်ရိုက် သောင်းကျန်းရန် ပြင်ဆင်ထားသော်လည်း ထိုသူက စာရေးပြလိုက်သဖြင့် ခေတ္တ တန့်သွားသည်။
"မင်း ဟန်စကား ပြောတတ်သလား"
ကျန်းဝူကျိ၏ မေးခွန်းကို ထိုသူက ခေါင်းခါပြကာ လက်ဟန်ခြေဟန်ဖြင့် သူ စကားမပြောတတ်ကြောင်း၊ စာသာ ရေးတတ်ကြောင်း ပြသလိုက်သည်။ ရန်ရှောင်က ပြောလိုက်သည်။
"ဂိုဏ်းချုပ်... တန်မင်းဆက်တုန်းက ဂျပန်တွေဟာ အလယ်ပိုင်းဒေသရဲ့ ယဉ်ကျေးမှုကို အသေအချာ လေ့လာခဲ့ကြတယ်။ အများအပြားက ဟန်စာကို သင်ယူခဲ့ကြတာပါ။ ဒီအဘိုးကြီးက သူ့ဘိုးဘေးတွေဆီကနေ ဟန်စာကို လက်ဆင့်ကမ်း သင်ယူထားပုံရတယ်၊ ရေးတော့ ရေးတတ်ပေမဲ့ ပြောတော့ မပြောတတ်ဘူး ထင်တယ်"
ကျန်းဝူကျိက ခေါင်းညိတ်ကာ ရှေ့သို့ တိုးသွားလိုက်သည်။ အဘိုးကြီးက စာရေးရန် သစ်သားချောင်းကို ကမ်းပေးသော်လည်း ကျန်းဝူကျိက ငြင်းပယ်လိုက်သည်။ ထို့နောက် သူသည် လက်ညှိုးဖြင့် လေထဲတွင် ဝေ့ယမ်းကာ မြေကြီးပေါ်သို့ စာသားများ ရေးထည့်လိုက်သည်။
ဤသည်မှာ လက်ညှိုး သိုင်းပညာ၏ နက်နဲသော အစွမ်းပင် ဖြစ်သည်။ ကျန်းဝူကျိက မြေကြီးပေါ်တွင် ရေးလိုက်သည်မှာ
"အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ် ကျန်းဝူကျိ"
အဝေးမှနေ၍ မြေကြီးပေါ်တွင် စာရေးပြလိုက်သော ဤအစွမ်းကို မြင်သောအခါ ဂျပန်များမှာ အလွန်ပင် ထိတ်လန့် အံ့ဩသွားကြတော့သည်။
အခန်း (၂၀၈) သတ်ကြစမ်း..... ဂျပန်တွေကို လုံးဝ ကရုဏာ မထားကြနဲ့
ဂျပန်ရွာစားသည်လည်း အလွန်ပင် ထိတ်လန့်သွားရပေသည်။ မိမိရှေ့မှ အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နှင့် နတ်သားတစ်ပါးကဲ့သို့သော ပုဂ္ဂိုလ်မှာ ဤမျှလောက် နက်နဲသော အစွမ်းများ ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့မိချေ။ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူသည် မြေကြီးပေါ်တွင် ထပ်မံ၍ စာရေးလိုက်ပြန်သည်။
"အရှင်က ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲ ဘာများ မိန့်ကြားလိုပါသလဲ"
ကျန်းဝူကျိကလည်း စာပြန်ရေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
ဂျပန်ရွာစားက "ကျွန်တော်မျိုးကတော့ ဒီဒေသရဲ့ ရွာစား ဖူဂျီဝါရာ ဂိုဆန် ဖြစ်ပါတယ်။ အရှင့်ရဲ့ ရည်ရွယ်ချက်ကို မိန့်ကြားပေးပါ မဟုတ်ရင်တော့ ကျွန်တော်မျိုးတို့ အသက်ပေးပြီး ခုခံရပါလိမ့်မယ်" ဟု ရေးသားလိုက်သည်။
သူသည် ရွာစားတစ်ယောက် ဖြစ်သဖြင့် စာရေးတတ်ခြင်းမှာ မထူးဆန်းချေ။ ဤကျွန်းပေါ်ရှိ ရွာစားဆိုသည်မှာ သာမန်လူများ မဟုတ်ကြဘဲ သူတို့၏ စစ်ဘုရင်ခေတ်ဆိုသည်မှာလည်း ရွာစားအချင်းချင်း တိုက်ခိုက်နေကြခြင်းသာ ဖြစ်ပေသည်။ သို့သော် ကျန်းဝူကျိကို အံ့ဩစေသည်မှာ ဤအဘိုးကြီးက သူ့ကို ပြန်လည် ခြိမ်းခြောက်ဝံ့နေခြင်းပင် ဖြစ်သည်။
ကျန်းဝူကျိသည် စကားအများကြီး ပြောမနေတော့ဘဲ ရန်ရှောင်နှင့် အခြားသူများကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"သတ်ကြစမ်း.... ဂျပန်တွေကို လုံးဝ ကရုဏာ မထားနဲ့။ အသက်ရှင်နေတဲ့သူတစ်ယောက်မှ မကျန်စေနဲ့"
၎င်းသည် ရိုးရှင်းလှသော အမိန့်တစ်ခုပင် ဖြစ်သည်။ ရန်ရှောင်နှင့် အဖွဲ့သားများသည်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ လျင်မြန်စွာ လှုပ်ရှားကာ စတင် တိုက်ခိုက်ကြတော့သည်။
ရန်ရှောင်သည် ဂျပန်ရွာစား၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ရွာစားသည် ရုတ်တရက် တိုက်ခိုက်ခံရသဖြင့် အလိုအလျောက်ပင် ပြန်လည် ကာကွယ်လိုက်ပေသည်။ လက်ဝါးချင်း ထိတွေ့သွားသောအခါ ရန်ရှောင်မှာ အနည်းငယ် အံ့ဩသွားရသည်။ ဤအဘိုးကြီးမှာ အားနည်းပုံ ပေါ်သော်လည်း အတွင်းအား အနည်းငယ် ရှိနေခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုအတွင်းအားလေးမှာ ရန်ရှောင်၏ လက်ဝါးအရှိန်နှင့် ယှဉ်လျှင် ပင်လယ်ပြင်ကြီးထဲသို့ ရေတစ်ပေါက် ချလိုက်သကဲ့သို့သာ ရှိပေသည်။ ရန်ရှောင်၏ လက်ဝါးမှာ အဟန့်အတားမရှိ ဆက်လက် ကျဆင်းသွားပြီး ရွာစား၏ လက်မောင်းနှင့် ဦးခေါင်းမှာ ကြေမွသွားကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ဝေယိရှောက်နှင့် အခြားသူများသည်လည်း အနီးနားရှိ ဂျပန်များကို လိုက်လံ သတ်ဖြတ်ကြတော့သည်။ ဂျပန်များသည် ဤလူစိမ်းများထံတွင် ရတနာများ ပါလာလိမ့်မည်ဟု ထင်မှတ်ကာ လုယက်ရန် ကြံစည်နေခဲ့ကြသော်လည်း ယခုမူ သူတို့ကိုယ်တိုင် အသတ်ခံနေရချေပြီ။
ဂျပန်တို့၏ ခန္ဓာကိုယ်မှာ သေးငယ်လွန်းသဖြင့် ဝေယိရှောက်နှင့် ယင်းထျန့်ကျိန်းတို့ကဲ့သို့သော သိုင်းပညာရှင်ကြီးများကို ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။ ကြောင်က ကြွက်ကို ဖမ်းသကဲ့သို့သာ ရှိပေသည်။ ဝေယိရှောက်သည် သူ၏ ကိုယ်ဖော့ပညာဖြင့် ဟိုဟိုဒီဒီ ပျံဝဲကာ လက်တစ်ချက်လှုပ်ရုံဖြင့် လူတစ်ယောက်၏ အသက်ကို နှုတ်ယူနေပေသည်။
ယင်းထျန့်ကျိန်းမှာမူ လူအိုသော်လည်း ပညာမအိုသေးဘဲ လင်းယုန်ခြေသည်းသိုင်းဖြင့် ဂျပန်များကို တစ်ယောက်ပြီးတစ်ယောက် ဇာတ်သိမ်းပေးနေသည်။ ဒိုက်ချီစီမှာမူ အနည်းငယ် ပို၍ သိမ်မွေ့ကာ ရွှေကြာပန်း လက်နက်ပုန်းများကို အသုံးပြု၍ လူမသိ သူမသိ သတ်ဖြတ်နေသည်။
ရွှေစင်အလံမှူး ကျွမ်းကျန့်မှာမူ အလွန်ပင် ခွန်အားကြီးမားလှသည်။ သူသည် ဂျပန်တစ်ယောက်ကို ဖမ်းဆီးကာ ကိုယ်ထည်ကို နှစ်ပိုင်းပြတ်အောင် ဆွဲဖြဲပစ်လိုက်ရာ သွေးများမှာ ကောင်းကင်သို့ ပန်းထွက်သွားတော့သည်။ ဤသည်ကို မြင်သောအခါ ကျန်းဝူကျိက အလွန် ကျွမ်းကျင်လှသည်ဟု ချီးမွမ်းမိသည်။ သိုင်းပညာ မြင့်မားလာသောအခါ မဖြစ်နိုင်သောအရာများမှာ ဖြစ်နိုင်လာတတ်ပေသည်။
ဥပမာအားဖြင့် မနေ့ညက ကျိုးကျစ်လော့ကို ခြေထောက်တစ်ဖက်တည်းဖြင့် ဇောက်ထိုးဆွဲကာ တစ်ညလုံး အလုပ်ပေးခဲ့သော်လည်း နောက်တစ်နေ့တွင် သူမမှာ ဘာမှမဖြစ်သကဲ့သို့ ရှိနေခြင်းမှာ သိုင်းပညာ၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ကျန်းဝူကျိသည် နောင်တွင် ကျောက်မိန်၊ ရှောင်ကျောက်နှင့် ယင်းလီတို့ကိုလည်း သိုင်းပညာ သေချာသင်ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါလျှင် သူ၏ အတွင်းအားများ ပိုမို နက်နဲလာသောအခါ သူ၏ ကာမဆန္ဒများကို သူတို့က တောင့်ခံနိုင်မည် မဟုတ်ချေ။
ကျောက်မိန်သည် ကျန်းဝူကျိ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဘာဖြစ်တာလဲ ဂိုဏ်းချုပ်ကြီးကျန်း အခုရော ဘာမကောင်းတဲ့ အကြံတွေ ထုတ်နေပြန်ပြီလဲ"
ကျန်းဝူကျိက သူမကို တစ်ချက် ကြည့်ကာ "မိန်းမတွေရဲ့ လှည့်ကွက်ထဲမှာ မနစ်မွန်းသွားအောင် ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေတာပါ" ဟု ပြန်ပြောလိုက်သည်။
ကျောက်မိန်က နှာခေါင်းရှုံ့ကာ "ဒါဆိုရင်လည်း ပြောပြပါဦး မိန်းမတွေရဲ့ လှည့်ကွက်ထဲ မနစ်အောင် ဘယ်လိုလုပ်ရမှာလဲ" ဟု မေးလိုက်သည်။
ကျန်းဝူကျိသည် ဘယ်ဘက်ရှိ ကျောက်မိန်နှင့် ညာဘက်ရှိ ရှောင်ကျောက်တို့ကို လက်မောင်းဖြင့် သိမ်းဖက်လိုက်ပြီး "လွယ်ပါတယ် ဘေးဘယ်ညာမှာ မိန်းမတစ်ယောက်စီ ရှိနေရင် ဘယ်ဘက်ကိုမှ ယိမ်းယိုင်မသွားတော့ဘူးလေ" ဟု ပြောလိုက်သည်။
ကျောက်မိန်မှာ ဘာပြန်ပြောရမှန်း မသိတော့ချေ။ ကျန်းဝူကျိ၏ အတွေးများကို သူမ မမှန်းဆနိုင်သကဲ့သို့ သူ၏ အရှက်မရှိသော စကားများမှာလည်း သူမကို ဆွံ့အသွားစေသည်။ အထူးသဖြင့် ယောက်ျား မိန်းမ ကိစ္စများတွင် ကျန်းဝူကျိ၏ အဖြေများမှာ အမြဲတမ်းပင် လျှို့ဝှက်ချက်များ ပါဝင်နေတတ်ပေသည်။
ကျောက်မိန် မသိနိုင်သော အချက်မှာ ကျန်းဝူကျိ၏ ကျွန်မလေးများဖြစ်သော ဝူချင်းရင်နှင့် ဟွေ့ယွဲ့ တမန်တော်တို့မှာ ဘာကြောင့် ဤမျှအထိ ကျန်းဝူကျိအပေါ် ရူးသွပ်နေရသနည်း ဆိုသည်ပင် ဖြစ်သည်။
"ဂိုဏ်းချုပ် အားလုံး ပြီးသွားပါပြီ"
ဝေယိရှောက်သည် ကျန်းဝူကျိ၏ ရှေ့သို့ အမြန်ဆုံး ရောက်ရှိလာကာ ပြုံးလျက် သတင်းပို့လိုက်သည်။ ကျန်းဝူကျိက ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နေရာအနှံ့တွင် ဂျပန်တို့၏ အလောင်းများမှာ ပြန့်ကျဲနေပေသည်။
"ကောင်းပြီ ရိက္ခာတွေ စုဆောင်းကြ ရွှီခွန်းကို ဒီမှာ ထားခဲ့ပြီးရင် ငါတို့ သင်္ဘောပေါ်တက်ပြီး ထွက်ခွာကြမယ်"
ကျန်းဝူကျိသည် ဤနေရာတွင် ကြာကြာမနေလိုသဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ထို့နောက် ကျန်းဝူကျိသည် ရွှီခွန်းကို ကြည့်ကာ "မင်းကတော့ ဒီမှာပဲ နေခဲ့တော့ မင်းရဲ့ ဘဝကို ဘယ်လို ဖန်တီးမလဲဆိုတာ မင်းအစွမ်းအပေါ်မှာပဲ မူတည်တယ် မင်း ဒီမှာ ဘုရင်လုပ်မလား ဂျပန်တွေရဲ့ အသတ်ခံရမလားဆိုတာ ငါ စိတ်မဝင်စားဘူး သိပြီလား" ဟု ပြောလိုက်သည်။
ရွှီခွန်းသည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ ကျန်းဝူကျိ၏ ဘေးတွင် နေရခြင်းမှာ အလွန် ဖိအားများလှသဖြင့် ဤနေရာတွင် လွတ်လပ်စွာ နေရခြင်းမှာ သူ့အတွက်တော့ နတ်ပြည်ပင် ဖြစ်တော့သည်။ ကျန်းဝူကျိက သူ့ကို သိုင်းပညာအချို့ သင်ပေးထားသဖြင့် ဤကျွန်းပေါ်တွင် သူ ကောင်းကောင်း အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသည်။
မကြာမီတွင် ရန်ရှောင်တို့သည် လိုအပ်သော ရိက္ခာများကို သင်္ဘောပေါ်သို့ အကုန် သယ်ယူပြီးသွားကြသည်။
"ဂိုဏ်းချုပ် ကျွန်တော်တို့ သင်္ဘောပေါ်မှာ ရိက္ခာတွေက အပြန်ခရီးအတွက် လုံလောက်နေပါပြီ ဘာလို့ ဒီဂျပန်တွေဆီက ပစ္စည်းအနည်းအကျဉ်းကို လုနေရတာလဲ"
ရန်ရှောင်က နားမလည်နိုင်သဖြင့် မေးမြန်းလိုက်သည်။ ကျန်းဝူကျိက သူ့ကို ထူးဆန်းစွာ ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ အခုချက်ချင်း ပြန်မယ်လို့ ဘယ်သူပြောလဲ"
ရန်ရှောင်နှင့် အခြားသူများမှာ အံ့အားသင့်သွားပြီး "ဒါဆိုရင် ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ" ဟု မေးကြသည်။
ကျန်းဝူကျိ၏ အကြည့်မှာ ကမ်းရိုးတန်းတစ်လျှောက်သို့ ရောက်ရှိသွားပြီး ကောက်ကျစ်သော အပြုံးတစ်ခုနှင့်အတူ "ဂျပန်တွေ ငါတို့ဆီက ရွာတွေကို လုယက်သလိုမျိုး ငါတို့ကလည်း သူတို့ကို ပြန်လုပ်ပေးရမှာပေါ့ သူတို့လည်း လုယက်ခံရတဲ့ အရသာကို သိသွားအောင်လို့လေ" ဟု မိန့်ကြားလိုက်ပေသည်။