← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇) ကျုံးနန်တောင်သို့ ရောက်ရှိခြင်း

နောက်တစ်နေ့တွင် ကျန်းဝူကျိသည် လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာခဲ့သည်။ ဒါဟာ ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ ကြီးမားလှသော အကျိုးကျေးဇူးကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။

မွန်ဂိုမလေး ကျောက်မိန်သည်လည်း သူမ၏ စရိုက်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အရိုင်းဆန်သည့် သဘာဝရှိပြီး သူမသည် အမြဲတမ်း ဦးဆောင်တတ်ကာ မီးတောက်ကဲ့သို့ ပြင်းပြသူ ဖြစ်သည်။ သို့သော် ကိုးပါးနေဝန်း အလင်းစွမ်းအင် ပိုင်ရှင် ကျန်းဝူကျိကဲ့သို့သော အစွမ်းထက်သူနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ သူမ၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူမသည် အချိန်အနည်းငယ်ကြာအောင်သာ ခံနိုင်ရည်ရှိခဲ့ပြီး နောက်ဆုံးတွင်တော့ အကြိမ်ကြိမ် အရှုံးပေးကာ အသနားခံခဲ့ရလေတော့သည်။

ယခုအခါ ကျန်းဝူကျိမှာ လန်းဆန်းနေပြီး ဘာမှမဖြစ်ခဲ့သည့်အလား ကုတင်ပေါ်မှ ဆင်းကာ မျက်နှာသစ်ပြီး ကျန်းမာသန်စွမ်းလျက် ရှိနေပေသည်။ ကျောက်မိန်ကတော့ ကုတင်ပေါ်မှ မထနိုင်သေးချေ။

ကျန်းဝူကျိသည် သူမကို သနားသဖြင့် ကျောက်မိန်အား ဂရုစိုက်ရန် ရှောင်ကျောက်ကို သေချာမှာကြားခဲ့ပြီးမှ စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့သည်။ သူ၏ အမျိုးသမီးများထဲတွင် ရှောင်ကျောက်မှာ သူ အယုံကြည်ရဆုံးသူ ဖြစ်သည်။ သူမသည် အလွန်ပင် ဉာဏ်ကောင်းပြီး သစ္စာရှိလှရာ မည်သူနှင့်မျှ အစားထိုး၍ မရသော မိန်းကလေးပင် ဖြစ်ပေသည်။

ရှောင်ကျောက်နှင့် ရှိနေချိန်မှသာ ကျန်းဝူကျိသည် သူ၏ သတိထားမှုများကို လျှော့ချကာ သူမ၏ ပြုစုယုယမှုကို ငြိမ်သက်စွာ ခံယူရင်း စိတ်အပန်းဖြေရာ နေရာတစ်ခုအဖြစ် မှတ်ယူနိုင်ခြင်း ဖြစ်သည်။ နှမြောစရာ တစ်ခုမှာ ရှောင်ကျောက်သည် အရွယ်ငယ်သေးသဖြင့် ကျန်းဝူကျိအနေဖြင့် သူမအပေါ် မည်မျှပင် စိတ်ဝင်စားပါစေ လက်ရှိအချိန်တွင်တော့ လက်ရှောင်ထားရဆဲ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ သူ၏ ရမ္မက်ဆန္ဒများအတွက် ဝူချင်းရင်နှင့် ဟွေ့ယွဲ့ သံတမန်တို့ ရှိနေပေသည်။ တစ်ဦးမှာ စိတ်အားထက်သန်စွာ နာခံတတ်သူဖြစ်ပြီး နောက်တစ်ဦးမှာလည်း အရပ်ရှည်ရှည်နှင့် လှပသူဖြစ်ရာ နှစ်ဦးစလုံးမှာ ထူးချွန်သော အမျိုးသမီးများ ဖြစ်ကြသည်။ ယခုအခါ ကျောက်မိန်ပါ ထပ်တိုးလာသဖြင့် ကျန်းဝူကျိအနေဖြင့် ထိုကိစ္စရပ်များအတွက် စိုးရိမ်စရာ မလိုတော့ချေ။

အနည်းဆုံးတော့ သူသည် အခန်းပေါင်း ထောင်ချီသွားသည့်တိုင်အောင် လူပျိုဘဝက မကျွတ်သေးသည့် တချို့သော ဇာတ်လိုက်များကဲ့သို့ မဟုတ်ပေ။ ကျန်းဝူကျိအတွက်မူ လုပ်ဆောင်ရမည့် အချိန်ရောက်လျှင် တွန့်ဆုတ်နေမည်မဟုတ်ချေ။

ယခုအချိန်အထိ သူ မသိမ်းပိုက်ရသေးသည်မှာ ကျိုးကျစ်လော့ တစ်ယောက်တည်းသာ ရှိတော့သည်။ သို့သော်လည်း ဒါဟာ အချည်းနှီးတော့ မဟုတ်ခဲ့ချေ။ သူက သူမကို မသိမ်းပိုက်ရသေးသော်လည်း ကျိုးကျစ်လော့ သူ့ကို သိမ်းပိုက်ခဲ့ပြီးပြီ ဖြစ်သည်။ ရန်ပုဟွေ့နှင့် ပတ်သက်၍မူ သူ မလှုပ်ရှားရသေးခြင်းမှာ အလုပ်များနေသောကြောင့်ဖြစ်ပြီး ဒါတွေဟာ အနာဂတ်တွင် ဖြေရှင်းရမည့် ကိစ္စများသာ ဖြစ်ပေသည်။

လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ဆောင်ရန် အချိန်အနည်းငယ် လိုအပ်သေးသည်။ လောကကြီး လုံးဝ တည်ငြိမ်သွားသည့်အခါတွင် ရှောင်ကျောက်လည်း အရွယ်ရောက်လာမည်ဖြစ်ပြီး ကျိုးကျစ်လော့၏ ကိစ္စမှာလည်း ပြေလည်သွားမည် ဖြစ်ရာ ထိုအခါတွင်တော့ မည်သည့် အတားအဆီးမျှ ရှိတော့မည်မဟုတ်ချေ။

ဤခရီးစဉ်တွင် ကျန်းဝူကျိ၏ အဓိက ရည်ရွယ်ချက်မှာ အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးကို သွားတွေ့ရန် ဖြစ်သည်။ သူမ၏ နတ်သမီးတစ်ပါးကဲ့သို့ အေးစက်လှပသော အမူအရာ၊ ထူးကဲသော အလှတရားနှင့် ကိုယ်လုံးကိုယ်ပေါက်တို့မှာ ကျန်းဝူကျိကို ဆွဲဆောင်ရန် လုံလောက်လှပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းဝူကျိသည် သူ၏ ဝါသနာကို ဘယ်တော့မှ ဖုံးကွယ်မထားခဲ့ချေ။ သူသည် မိန်းကလေးများကို သဘောကျသူ ဖြစ်သည်။ သို့သော် သူ၏ စည်းမျဉ်းတစ်ခုမှာ ပတ်သက်မှုတစ်ခု စတင်ပြီးလျှင် ထိုသူကို ဘယ်တော့မှ ပစ်မထားခြင်းပင်။ သူသည် တာဝန်မယူဘဲ ထွက်သွားမည့်သူ မဟုတ်ချေ။ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ပြီးလျှင် တစ်သက်လုံး ပေါင်းသင်းမည့်သူ ဖြစ်သည်။

ဤခေတ်ကာလတွင် သူသည် လူကောင်းတစ်ယောက်ဟု ဆိုနိုင်ပေသည်။ အနည်းဆုံးတော့ ကျန်းဝူကျိ ကိုယ်တိုင်က ထိုသို့ပင် ယူဆထားသည်။ သူသည် ဟန်ဆောင်ကောင်းသည့် လူတော်လူကောင်းများထက် အများကြီး ပိုကောင်းပေသည်။

ကျန်းဝူကျိသည် ရန်ရှောင်နှင့် အခြားသူများကို ညွှန်ကြားချက်များ ပေးပြီးနောက် ရှောင်ကျောက်နှင့် အခြားသူများ၏ လွမ်းဆွတ်တမ်းတနေသော အကြည့်များကြားမှ ကွမ်မင်တောင်ကို စွန့်ခွာကာ ကျုံးနန်တောင်သို့ တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့လေသည်။ ဒါဟာ ကျန်းဝူကျိအနေဖြင့် သိုင်းပညာ အထွတ်အထိပ် ရောက်ပြီးနောက် တစ်ယောက်တည်း သိုင်းလောကထဲသို့ ပထမဆုံးအကြိမ် လှည့်လည်ခြင်း ဖြစ်ရာ အလွန်ပင် ထူးခြားဆန်းသစ်နေပေသည်။

သူ့တွင် သိုင်းပညာလည်း ရှိသည်၊ စရိုက်လည်း ကောင်းသည်၊ ငွေကြေးလည်း ပြည့်စုံသဖြင့် သူ၏ ခရီးလမ်းမှာ အလွန်ပင် သက်သောင့်သက်သာ ရှိပြီး မည်သည့်ပြဿနာမျှ မရှိခဲ့ချေ။

ခရီးတစ်လျှောက်တွင် ကျန်းဝူကျိ သတိထားမိသည်မှာ မင်ဂိုဏ်းသားများသည် ယခုအခါ နေရာအနှံ့တွင် ရှိနေကြခြင်းပင် ဖြစ်သည်။ သူ ရောက်ရှိသမျှ မြို့ကြီးတိုင်းတွင် အနည်းဆုံး မင်ဂိုဏ်းသား အချို့ကို တွေ့ရပြီး အချို့နေရာများတွင် စနစ်တကျ ဖွဲ့စည်းထားသည်ကိုပင် တွေ့ရသည်။

အမှန်စင်စစ် သူတို့အများစုမှာ သတင်းအချက်အလက် စုဆောင်းရန်အတွက်သာ အာရုံစိုက်ထားကြပြီး အချို့မှာ လူနှစ်ဦး သုံးဦးခန့်ဖြင့် လူသိမခံဘဲ နေထိုင်နေကြသူများ ဖြစ်သည်။ ဤသည်မှာ သတင်းစုဆောင်းရာတွင် အလွန်ပင် ထိရောက်လှပေသည်။

ကျန်းဝူကျိက ဒါကို မြင်သောအခါ ကျေနပ်စွာ ခေါင်းငြိမ့်မိသည်။ သူသည် ဤမင်ဂိုဏ်းသားများကို အနာဂတ်တွင် အသုံးချနိုင်မည့် အစီအစဉ်များကို တွေးတောနေမိသည်။ သူတို့သည် သတင်းထောက်လှမ်းရေး အဖွဲ့အစည်းကြီးတစ်ခုအဖြစ် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

တစ်လကျော် ခရီးနှင်ပြီးနောက်တွင် ကျန်းဝူကျိသည် ကျုံးနန်တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ အမှန်စင်စစ် သူသာ အမြန်ဆုံး သွားမည်ဆိုလျှင် ဤမျှ ကြာမြင့်မည်မဟုတ်ချေ။ သို့သော် သူသည် အလျင်စလို မသွားဘဲ ရှုခင်းကြည့်သကဲ့သို့ ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။ ငွေကုန်သွားသည့်အခါတွင်တော့ ဒေသခံ အကျင့်ပျက် ခြစားနေသော အရာရှိများနှင့် မြေရှင်များထံမှ သိမ်းယူလေ့ရှိရာ အမြဲတမ်း အောင်မြင်လေ့ရှိသည်။

ကျန်းဝူကျိသည် ဤသို့လုပ်ဆောင်ရန် စိတ်ထဲတွင် ဘာအတားအဆီးမျှ မရှိချေ။ ယွမ်မင်းဆက်နှောင်းပိုင်းတွင် လောကကြီးမှာ ရှုပ်ထွေးနေပြီး အကျင့်ပျက် ခြစားမှုများမှာ အလွန်အမင်း ဆိုးရွားနေသည်။ ယွမ်နန်းတော်သည်လည်း လောကကြီးကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘဲ လွှတ်ထားခဲ့ရာ နေရာအတော်များများတွင် အရာရှိများပင် မရှိတော့ချေ။

သို့သော် အရာရှိများ မရှိခြင်းမှာ အာဏာမရှိခြင်း မဟုတ်ချေ။ အာဏာရှိသူများမှာ အများအားဖြင့် ကိုယ်ကျင့်တရား မရှိကြသည့် မြေရှင်များနှင့် ဒေသခံ သူဌေးကြီးများသာ ဖြစ်ကြသည်။ ကျန်းဝူကျိအနေဖြင့် သူတို့ကို ပစ်မှတ်ထားခြင်းမှာ လုံးဝ တရားမျှတသည်ဟု ခံစားမိသည်။

ရှေ့မှ ရှေးဟောင်းတောင်ထိပ်များကို မြင်လိုက်ရသည့်အခါ ကျန်းဝူကျိသည် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ဤနေရာသည် သိုင်းလောက၏ အမြင့်မြတ်ဆုံး မြေနေရာ ဖြစ်ခဲ့သည်။ ချွမ်ကျန်းဂိုဏ်း၏ ထွန်းကားမှုမှာ ဝမ်ချုံယန်က 'ကမ္ဘာပေါ်တွင် အတော်ဆုံး' ဟူသော ဘွဲ့ကို ရရှိခဲ့စဉ်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ချွမ်ကျန်း ခုနစ်ဖော်သည် ဝမ်ချုံယန်ကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း သူတို့သည် သိုင်းလောကတွင် ပြိုင်ဘက်ကင်းသော ဆရာကြီးများ ဖြစ်ခဲ့ကြသည်။ ထို့ပြင် ထိပ်တန်းဆရာကြီး ငါးဦး ကိုပင် ကျော်လွန်နိုင်သော ကျိုးပိုထုံ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးလည်း ရှိခဲ့သေးသည်။

ထိုအချိန်က ချွမ်ကျန်းဂိုဏ်းသည် သူရဲကောင်းကြီး ကော်ကျန့်၊ မြောက်ပိုင်းသူတောင်းစား ဟုန်ချိကုန်းနှင့် အရှေ့ပိုင်း မြေရှင် ဟွမ်ယောင်ရှီးတို့ကဲ့သို့သော ထိပ်တန်းအင်အားစုများနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ကြသည်။ ထိုစဉ်က သိုင်းလောက၏ ထိပ်တန်းအင်အားစုများမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသဖြင့် ချွမ်ကျန်းဂိုဏ်း၏ အရှိန်အဝါမှာ ပြောမပြနိုင်အောင် ကြီးမားခဲ့သည်။

အမှန်တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက သိုင်းလောကတွင် ဆက်သွယ်မှုများမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးသော ဆွေမျိုးများကဲ့သို့ ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်နှင့်တော့ အလွန်ပင် ကွဲပြားလှပေသည်။

ယခုအခါတွင်တော့ ကျန်းဝူကျိသည် ဝူတန်၊ မင်ဂိုဏ်းနှင့် အော့မေ့ဂိုဏ်းတို့နှင့်သာ ဆက်နွှယ်မှု ရှိတော့သည်။ တခြားသော အဖွဲ့အစည်းများနှင့်တော့ ဆက်ဆံရေး မရှိသလောက်ဖြစ်ပြီး အများစုမှာ ရန်သူများပင် ဖြစ်နေကြရာ ထိုစဉ်က အခြေအနေနှင့် နှိုင်းယှဉ်၍ မရတော့ချေ။

ကျန်းဝူကျိသည် တွေးတောရင်း တောင်ပေါ်သို့ တက်လာခဲ့သည်။

ချွမ်ကျန်းဂိုဏ်းသားများသည် အလုပ်ကြိုးစားကြဆဲ ဖြစ်သည်မှာ သိသာလှသည်။ တောင်တက်လမ်းမှာ သန့်ရှင်းသပ်ရပ်နေသော်လည်း တောင်ပေါ်သို့ တက်သူ အလွန်နည်းပါးနေသည်မှာ ထင်ရှားပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေပေသည်။

"ရပ်လိုက်ပါ.... ချွမ်ကျန်းဂိုဏ်းက ပြင်ပလူတွေကို လက်မခံဘူး။ ကျေးဇူးပြုပြီး ပြန်လှည့်ပါ"

ကျန်းဝူကျိ တောင်ဝက်ခန့် ရောက်သောအခါ တည်ငြိမ်ပြီး ရှင်းလင်းလှသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ဤသူ၏ အတွင်းအားမှာ မနည်းလှသည်မှာ သေချာသည်။ အသံမှာ အဝေးမှ လာသော်လည်း ကျန်းဝူကျိ၏ နားထဲတွင်တော့ ဘေးနားက ပြောနေသည့်အလား ရှင်းလင်းစွာ ကြားနေရပေသည်။

ကျန်းဝူကျိ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ ထိုသူ၏ အတွင်းအား မည်မျှပင် မြင့်မားပါစေ၊ သူ့ထက် မြင့်နိုင်ပါ့မလား။ သူက စကားမပြောသော်လည်း ထိုသူ ဘယ်နေရာမှာ ရှိနေသည်ကို အစကတည်းက သိရှိပြီးသား ဖြစ်သည်။

"ပုန်းကွယ်မနေပါနဲ့..... အနောက်မြောက်ဘက်က သစ်ကိုင်းပေါ်မှာ ရှိနေတဲ့သူ။ ငါ မင်းကို ပြောနေတာ။ အောက်ဆင်းလာခဲ့ပြီး စကားပြောစမ်း"

ကျန်းဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ သူ၏ အသံမှာ မကျယ်လှသော်လည်း အနောက်မြောက်ဘက်ရှိ သစ်ကိုင်းပေါ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး ထိုသူ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်သွားလေတော့သည်။

"ဟင်.... ဘယ်လို စွမ်းရည်မျိုးလဲ"

အနောက်မြောက်ဘက်မှ အံ့သြသံတစ်ခု ထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခု ခုန်ဆင်းလာသည့် အသံကို ကြားလိုက်ရသည်။ ခဏအကြာတွင် ထိုသူသည် ကျန်းဝူကျိ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ကျန်းဝူကျိသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော တာအိုဂိုဏ်းသားတစ်ဦးကို မြင်လိုက်ရသည်။

ဤသူသည် အရပ်ရှည်ပြီး ပိန်သွယ်ကာ ပါးသိုင်းမွေး ခပ်ကျဲကျဲဖြင့် တာအိုဂိုဏ်းသားတို့၏ အရှိန်အဝါ ရှိသော်လည်း သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေပေသည်။ သူ၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေပြီး အဝတ်အစားများမှာ သန့်ရှင်းသော်လည်း ဟောင်းနွမ်းနေသည်။ သူ၏ ခါးတွင် အရက်ဘူးတစ်ဘူး ချိတ်ထားပြီး မျက်နှာမှာလည်း နီမြန်းနေရာ အခုတင် အရက်သောက်ထားသည်မှာ ထင်ရှားလှသည်။

အမှန်အတိုင်း ပြောရလျှင် ဤသူ၏ အသွင်အပြင်ကို မတွေ့ရမီက ထိုတည်ငြိမ်ပြီး ရှင်းလင်းသော အသံကိုသာ ကြားခဲ့မည်ဆိုလျှင် သူသည် အလွန်ပင် စည်းကမ်းကြီးသော တာအိုဆရာကြီး တစ်ဦးဟု ထင်မှတ်စရာပင်။ သို့သော် သူ၏ ယခု ပုံစံကို မြင်လိုက်ရသည့်အခါတွင်တော့ ထိုဆရာကြီးဟူသော ပုံရိပ်မှာ လုံးဝ ပျက်စီးသွားရလေတော့သည်။

အခန်း (၂၁၈) ချွမ်ကျန်းဂိုဏ်းမှ ချင်းကျင်ကျီ

ကျန်းဝူကျိသည် တာအိုဂိုဏ်းသား၏ မသင့်တော်လှသော အမူအရာကို မြင်လိုက်ရသည့်အခါ စကားပင် မပြောနိုင်တော့ဘဲ ဆွံ့အသွားရပေသည်။ ဤသူ့ထံတွင် တာအိုဆရာကြီးတစ်ဦး၏ အရှိန်အဝါမျိုး အနည်းငယ်မျှပင် မတွေ့ရချေ။

သို့သော် ထိုတာအိုဂိုဏ်းသားမှာ ကျန်းဝူကျိ၏ အထင်သေးမှုကို သတိမထားမိဘဲ ကျန်းဝူကျိအား အကဲခတ်သည့်ဟန်ဖြင့် အကြိမ်အနည်းငယ် ကြည့်ရှုလေသည်။ ထို့နောက် သူက တခိခိ ရယ်မောလိုက်ပြီး "မဆိုးဘူးကွ မင်းကို ကြည့်ရတာ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမှာကို အတွင်းအားက တော်တော်နက်ရှိုင်းတာပဲ။ အမူအရာကလည်း ခန့်ညားထည်ဝါနေတော့ သာမန်လူတော့ မဟုတ်တာ သေချာတယ်" ဟု ဆိုသည်။

"မြှောက်ပင့်ပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်းဝူကျိကလည်း အနည်းငယ် စိတ်ဝင်စားသွားပြီး "မင်းက ချွမ်ကျန်းဂိုဏ်းက တာအိုဂိုဏ်းသားတစ်ယောက်လား" ဟု မေးလိုက်သည်။

ထိုတာအိုဂိုဏ်းသားက ခေါင်းငြိမ့်ပြကာ "ငါ့ရဲ့ နဂိုနာမည်က သိပ်နားထောင်လို့မကောင်းလို့ ပြောမနေတော့ပါဘူး။ တာအိုကျင့်ကြံတဲ့ ငါ့ရဲ့ တာအိုဘွဲ့ကတော့ ချင်းကျင်ကျီလို့ ခေါ်တယ်။ ကောင်းကင်အာဏာ ကြယ်စု တည်နေရာကို တာဝန်ယူထားရတဲ့သူပေါ့။ အဲဒါကြောင့် ငါ့ရဲ့ ညီအစ်ကို တွေက တစ်ခါတလေ ထျန်းချွမ်ကျီလို့လည်း ခေါ်ကြတယ်" ဟု ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့်အခါ ကျန်းဝူကျိမှာ အနည်းငယ် အံ့သြသွားရပေသည်။ ဤဖရိုဖရဲ ဖြစ်နေသော တာအိုဂိုဏ်းသားမှာ ဤမျှ ထူးခြားသော အဆင့်အတန်းရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ကောင်းကင်အာဏာ ကြယ်စု တည်နေရာဆိုသည်မှာ ထျန်းကန်းပေ့တုံ ကြယ်စင်ခုနစ်ဖော် သိုင်းကွက်၏ အဓိက တည်နေရာ ခုနစ်ခုထဲမှ တစ်ခု ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဤနေရာကို တာဝန်ယူခဲ့သူမှာ နာမည်ကျော် ချူချိုးကျိပင် ဖြစ်ပေသည်။

တာအိုဘွဲ့နှင့် ပတ်သက်၍မူ ထူးထူးခြားခြား ပြောစရာမရှိချေ။ အချို့မှာ နဂိုနာမည်ကို သုံးသလို အချို့မှာ ဘွဲ့နာမည်ကို သုံးတတ်ကြသည်။ ဥပမာအားဖြင့် ချူချိုးကျိ၏ ဘွဲ့မှာ ချန်ချွန်းကျီ ဖြစ်ပြီး မာယွီ၏ ဘွဲ့မှာ တန်းယန်ကျီ ဖြစ်သည်။ သို့သော် သူတို့မှာ ထိုဘွဲ့နာမည်များဖြင့် လူသိနည်းကြခြင်းသာ ဖြစ်ပေသည်။

ကျန်းဝူကျိ၏ အံ့သြသွားသော မျက်နှာကို မြင်သောအခါ ချင်းကျင်ကျီ၏ မျက်လုံးများ ဝင်းလက်သွားပြီး "မင်းက ငါပြောတာကို နားလည်တယ်ပေါ့" ဟု ဆိုသည်။

ကျန်းဝူကျိက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ထျန်းကန်းပေ့တုံ၊ ကောင်းကင်အာဏာ ကြယ်စု၊ ကြယ်ခုနစ်လုံးထဲက တစ်လုံးပဲဟာ။ ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ" ဟု ဆိုသည်။

"ကောင်းတယ်"

ချင်းကျင်ကျီက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး "ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို စွမ်းရည်မျိုး ရှိနေကတည်းက မင်းရဲ့ အမြင်က သာမန်မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ငါ ခန့်မှန်းတာ မှန်တာပဲ" ဟု ဆိုသည်။

ထို့နောက် ချင်းကျင်ကျီသည် လက်ဟန်ခြေဟန်များဖြင့် ထပ်မံရယ်မောကာ " ငါက ခိုးပြီး အရက်သောက် အသားစားမိလို့ ဂိုဏ်းတူအစ်ကိုက တောင်စောင့်ဖို့ တစ်လ အပြစ်ပေးခံထားရတာ။ အခုမှ တစ်ဝက်ပဲ ရှိသေးတယ်၊ အရမ်းပျင်းဖို့ကောင်းတာပဲ။ ဒီမနက်မှ တောင်အောက်ကို ခိုးဆင်းပြီး အရက်နဲ့ အသား သွားဝယ်စားခဲ့တာ တကယ့်ကို ကောင်းလိုက်တာ။ အခုတော့ အချိန်လည်း နည်းနည်းနှောင်းနေပြီဆိုတော့ မင်း ငါနဲ့အတူ အရက်တစ်ခွက်လောက် သောက်မလား။ မင်း ဘာကိစ္စနဲ့ လာတယ်ဆိုတာ ပြောပြပါ။ ချွမ်ကျန်းဂိုဏ်းကို သွားချင်တာဆိုရင်လည်း ငါ လမ်းပြပေးပြီး မိတ်ဆက်ပေးပါ့မယ်" ဟု ဆိုလေသည်။

ဤသူကို ကြည့်ရသည်မှာ တကယ့်ကို ပေါ့ပျက်ပျက် ပုံစံမျိုး ဖြစ်နေပေသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ထိုနေရာကို တာဝန်ယူခဲ့သော ချူချိုးကျိသည်လည်း စိတ်မြန်လက်မြန်ရှိပြီး အရာရှိဆိုးများနှင့် လူဆိုးများကို သတ်ဖြတ်လေ့ရှိရာ တာအိုဂိုဏ်းသားတစ်ဦးထက် သိုင်းလောကသူရဲကောင်းတစ်ဦးနှင့် ပို၍ တူညီနေခဲ့ပေသည်။

ချင်းကျင်ကျီအနေဖြင့် သာမန်ဆိုလျှင် လူစိမ်းများကို တွေ့ခွင့်မပေးသော်လည်း ယခု ကျန်းဝူကျိအား ခွင့်ပြုပေးနေခြင်းမှာ ကျန်းဝူကျိ၏ သိုင်းပညာ မြင့်မားသည်ကို သိသောကြောင့် ဖြစ်ပေသည်။ သာမန်လူသာဆိုလျှင် သူ တောင်ပေါ်သို့ ဆက်တက်ခွင့် ပေးမည်မဟုတ်ချေ။

ကျန်းဝူကျိက စကားအရှည်ကြီး မပြောလိုတော့သဖြင့် "ငါ ချွမ်ကျန်းဂိုဏ်းကို သွားမှာမဟုတ်ဘူး။ ဂူအောင်းသုသာန်ကို သွားမှာမို့ မင်းနဲ့ အရက်သောက်ဖို့ အချိန်မရှိဘူး" ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဟင်"

ပြုံးရွှင်နေသော ချင်းကျင်ကျီမှာ ဤစကားကို ကြားလိုက်ရသည့်အခါ မျက်နှာပျက်သွားပြီး "မင်းက ဂူအောင်းသုသာန်ကို ဘာသွားလုပ်မလို့လဲ" ဟု မေးလေသည်။

"မေးစရာလိုသေးလို့လား.... ငါက တစ်စုံတစ်ယောက်ကို လာရှာတာပေါ့။ ဂူအောင်းသုသာန်ရဲ့ ပိုင်ရှင်နဲ့ ငါက သိကျွမ်းတဲ့ ဆက်ဆံရေး ရှိတယ်၊ အဲဒါကြောင့် အလည်လာတာ"

ကျန်းဝူကျိက လက်ဝေ့ယမ်းပြပြီး ထိုသူအား လမ်းမပိတ်ရန် အချက်ပြကာ တောင်ပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ သို့သော် ချင်းကျင်ကျီမှာ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကျန်းဝူကျိ၏ ရှေ့သို့ ရောက်ရှိလာကာ တည်ကြည်သော အမူအရာဖြင့် "မင်း ဒီစကားတွေကို ပေါ့ပေါ့တန်တန် မပြောပါနဲ့။ အခုအချိန်မှာ ဂူအောင်းသုသာန်ထဲမှာ လူရှိနိုင်ပါဦးမလား။ မင်း လူလိမ်တွေရဲ့ လှည့်ဖြားတာ ခံလိုက်ရတာ မဟုတ်လား" ဟု ဆိုသည်။

ကျန်းဝူကျိက မျက်လုံးလှန်ကြည့်ကာ "မင်းက ငါ့ကို သရဲပုံပြင်တွေ လာပြောနေတာလား။ လူမရှိဘူး ဟုတ်လား။ ငါကိုယ်တိုင် တွေ့ဖူးလား မတွေ့ဖူးလားဆိုတာ ဘယ်လိုလုပ် ငါ မသိဘဲ နေမလဲ။ မြန်မြန် ဖယ်စမ်းပါ။ ငါ မင်းလို ဖရိုဖရဲ ဖြစ်နေတဲ့ တာအိုဂိုဏ်းသားနဲ့ စကားပြောနေဖို့ အချိန်မရှိဘူး" ဟု ဆိုသည်။

ချင်းကျင်ကျီက မဖယ်ပေးဘဲ "ကောင်လေး.... ငါတို့ ချွမ်ကျန်းဂိုဏ်းနဲ့ ဂူအောင်းသုသာန်ရဲ့ ဆက်ဆံရေးက အလွန်ပဲ ထူးခြားပါတယ်။ တကယ်လို့ မင်းက ဂူအောင်းသုသာန်ထဲက လူတွေရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်ဖို့ ကြံစည်နေတာဆိုရင်တော့ ငါ တားရပါလိမ့်မယ်" ဟု ခိုင်ခိုင်မာမာ ပြောလိုက်သည်။

ကျန်းဝူကျိက လှောင်ပြုံးပြုံးကာ "ခုနကတော့ ဂူအောင်းသုသာန်မှာ လူမရှိဘူး ပြောပြီး အခုကျတော့ ကျင့်ကြံသူတွေကို မနှောင့်ယှက်ပါနဲ့တဲ့လား။ တကယ့်ကို ရှေ့နောက်မညီတဲ့ စကားတွေပဲ။ ငါ ထပ်ပြောမယ်။ ငါ မင်းကို ဂရုမစိုက်ချင်ဘူး၊ အဲဒါကြောင့် ငါ့ရှေ့မှာ လာပြီး ရှုပ်မနေနဲ့တော့" ဟု ဆိုသည်။

ထို့နောက် ကျန်းဝူကျိသည် ချင်းကျင်ကျီအား ဖယ်ထုတ်ရန် လက်ဖြင့် အသာအယာ တွန်းလိုက်သည်။ သို့သော် ချင်းကျင်ကျီ၏ ခန္ဓာကိုယ်မှာ နောက်သို့ အနည်းငယ် လွင့်မျောသွားပြီးနောက် တည်ငြိမ်စွာဖြင့် "တကယ်လို့ မင်းက ဇွတ်တက်သွားမယ်ဆိုရင်တော့ ငါ တကယ်ပဲ တားရပါလိမ့်မယ်" ဟု ဆိုပြန်သည်။

"စကားတွေ များလိုက်တာ။ တားချင်ရင်လည်း တိုက်ကွက်ထုတ်စမ်းပါ"

ကျန်းဝူကျိသည်လည်း စိတ်မရှည်တော့သဖြင့် "ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့တော့ ငါ့ကို တားဖို့ အရည်အချင်း မရှိပါဘူး။ ငါ့ကို စကားပြောဖို့တောင် အရည်အချင်း မရှိဘူး။ မင်း ချွမ်ကျန်းဂိုဏ်းက ဆရာကြီးတွေ အကုန်လုံးကို ခေါ်လာပြီး ထျန်းကန်းပေ့တုံ သိုင်းကွက်နဲ့ တိုက်ခိုက်တာကမှ ပိုကောင်းဦးမယ်။ အခုခေတ် ချွမ်ကျန်းဂိုဏ်းရဲ့ ထျန်းကန်းပေ့တုံ သိုင်းကွက်က ဘယ်လောက် စွမ်းမလဲဆိုတာ ငါလည်း သိချင်နေတာ" ဟု ဆိုလိုက်သည်။

ကျန်းဝူကျိ ပြောလိုက်သော စကားမှာ သူ၏ စိတ်ရင်းအမှန်အတိုင်း ပြောခြင်းသာ ဖြစ်သော်လည်း ချင်းကျင်ကျီ၏ နားထဲတွင်တော့ တစ်မျိုး ဖြစ်သွားခဲ့ပေသည်။ ချင်းကျင်ကျီက မျက်နှာပျက်သွားပြီး "စကားကြီး စကားကျယ် ပြောလိုက်တာ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာ အနည်းငယ် ရှိတာနဲ့ ကြွားဝါနေတာပဲ။ ဒါဆိုရင်လည်း မင်းမှာ ဘယ်လို စွမ်းရည်မျိုး ရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့" ဟု ဆိုသည်။

ထိုသို့ပြောပြီးနောက် ချင်းကျင်ကျီသည် လျင်မြန်စွာ လှုပ်ရှားကာ ကျန်းဝူကျိအား လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ သူ၏ အရှိန်မှာ မြန်ဆန်ပြီး လက်ဝါးအားမှာလည်း တည်ငြိမ်လှရာ သိုင်းလောကတွင် ထိပ်တန်းအဆင့်၌ ရှိသည်မှာ သေချာပေသည်။

"မဆိုးဘူး။ ငါ မင်းကို အထင်သေးခဲ့မိတယ်"

ကျန်းဝူကျိက အနည်းငယ် ချီးကျူးလိုက်ပြီးနောက် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက် ထဲမှ တောရိုင်းထဲက နဂါးတိုက်ပွဲ ဟူသော တိုက်ကွက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ ဤတိုက်ကွက်မှာ တည်ငြိမ်ပြီး တိကျလှရာ ချင်းကျင်ကျီ၏ လက်ဝါးနှင့် အတိအကျ ထိတွေ့သွားလေတော့သည်။

ကျန်းဝူကျိမှာ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေသော်လည်း ချင်းကျင်ကျီမှာမူ နောက်သို့ လွင့်ထွက်သွားပြီး နောက်ဘက်ရှိ သစ်ပင်တစ်ပင်နှင့် သွားရောက်တိုက်မိမှ ရပ်တန့်သွားသည်။ ပြင်းထန်သော တန်ပြန်အားကြောင့် သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သစ်ရွက်များ ဖုံးလွှမ်းလျက် အလွန်ပင် သနားစရာကောင်းသော ပုံစံ ဖြစ်သွားခဲ့သည်။

ကျန်းဝူကျိက သူ၏ အားအကုန် မသုံးခဲ့သဖြင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် ဤသူမှာ လက်ဝါးတစ်ချက်တည်းနှင့်ပင် သေဆုံးသွားနိုင်ပေသည်။ ကျန်းဝူကျိမှာ လူသတ်သမား မဟုတ်ပေ။ ချင်းကျင်ကျီမှာ အကြောင်းမရှိဘဲ လာရောက် နှောင့်ယှက်နေသော်လည်း သေဒဏ်ပေးရလောက်သည့် အပြစ်မျိုး မဟုတ်ချေ။ လမ်းမပိတ်ရုံသာ ဆုံးမလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုလက်ဝါးတစ်ချက်မှာပင် သူ ခံစားရရန် လုံလောက်လှပေသည်။ ပြင်းထန်သော ဒဏ်ရာမရလျှင်ပင် အတော်ကြာအောင် နေရထိုင်ရ ခက်ခဲနေပေလိမ့်မည်။

"မင်း ငါ့ကို တားလို့မရဘူးလို့ ပြောပြီးသားပဲ။ အခုတော့ ခေါင်းမာလိုက်တာ"

ကျန်းဝူကျိက ခေင်းခါယမ်းကာ တောင်ပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားသည်။

"နေဦး"

ချင်းကျင်ကျီက ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် မြေပြင်မှ လူးလဲထလိုက်သည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်နေပြီး "နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်လား။ မင်းက သူတောင်းစားဂိုဏ်းကလား" ဟု မေးလိုက်သည်။

ကျန်းဝူကျိက နှာမှုတ်လိုက်ပြီး "သူတောင်းစားဂိုဏ်းလား။ ငါ့လို ချောမောခန့်ညားတဲ့သူမျိုး သူတောင်းစားဂိုဏ်းမှာ ဘယ်လိုလုပ် ရှိမှာလဲ" ဟု ဆိုသည်။

ချင်းကျင်ကျီမှာ အနည်းငယ် အသက်ရှူမှားသွားရပေသည်။ ဤလူငယ်မှာ ကြွားဝါနေသည်ဟု ထင်ရသော်လည်း သူပြောသည်မှာလည်း မှန်ကန်နေပေသည်။ သူတောင်းစားဂိုဏ်းတွင် ဤမျှ ခန့်ညားထည်ဝါပြီး သိုင်းပညာ မြင့်မားသောသူ မရှိနိုင်ချေ။

"နေဦး.... ဒီလို အရှိန်အဝါနဲ့ သိုင်းပညာ"

ချင်းကျင်ကျီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ ယနေ့ခေတ် သိုင်းလောကတွင် ဤမျှ ငယ်ရွယ်ပြီး ဤမျှ စွမ်းအားကြီးမားသောသူမှာ တစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလား။ ချင်းကျင်ကျီက ရုတ်တရက် အော်ဟစ်လိုက်သည်မှာ "မင်းက မင်ဂိုဏ်းချုပ် ကျန်းဝူကျိ မဟုတ်လား" ဟူ၍ ဖြစ်ပေတော့သည်။

All Chapters