← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁) ဘာ.... ဒါ ကျန်းဝူကျိ လက်ချက်လား

"ဒါ... သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ထိုက်ရွှီကျိ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤ ဂျပန်လူပု တစ်အုပ်သည် ရည်ရွယ်ချက် မကောင်းကြသည်မှာ သိသာလှသည်။ သူတို့အဖွဲ့မှာ ပင်လယ်ပြင်တွင် လပေါင်းများစွာ ခက်ခဲစွာ ဖြတ်သန်းလာခဲ့ရသည့်အပြင်၊ ကုန်းပေါ်ရောက်ရောက်ချင်း လေပြင်း၊ မိုးသည်းနှင့် ငလျင်ဒဏ်တို့ကို ဆက်တိုက်ခံစားထားရသည်။ လက်ရှိတွင် သူတို့၏ သိုင်းပညာစွမ်းအားမှာ အထွတ်အထိပ်အဆင့်၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ရာ တိုက်ခိုက်ရန် လုံးဝမသင့်တော်သော အခြေအနေဖြစ်သည်။

၎င်းတို့ထဲမှ ဂျပန်စကား တတ်ကျွမ်းသူအချို့က ရှေ့သို့တက်ကာ စကားပြောဆို ဆက်သွယ်ရန် ကြိုးစားကြသည်။ သို့သော် စကားတစ်ခွန်းမျှပင် မပြောရသေးမီမှာပင် အနီးရှိ ဂျပန်လူပုတစ်ဦးက လှံဖြင့် ဒေါသတကြီး ထိုးလိုက်ရာ၊ ရှေ့သို့ထွက်လာသူ၏ လက်မောင်းတွင် ဒဏ်ရာရကာ သွေးများ စီးကျလာတော့သည်။

ထိုသိုင်းသမားမှာလည်း အလစ်အငိုက် အတိုက်ခံရသဖြင့် အလွန်ဒေါသထွက်သွားပြီး ခါးမှဓားကို ဆွဲထုတ်ကာ 'ရွှပ်' ခနဲ မြည်အောင် ဝှေ့ယမ်းလိုက်ရာ၊ ထိုဂျပန်လူပု၏ ခေါင်းမှာ ကိုယ်နှင့်ကွာပြီး သဲသောင်ပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။

"ဝါး..... ဝါး ဝါး!"

ဤအဖြစ်က ဂျပန်လူပုများကို ပို၍ ဒေါသထွက်စေသည်။ သူတို့သည် ခွေးရူးများကဲ့သို့ အော်ဟစ်ကာ မျက်လုံးများ နီမြန်းလျက် ရှေ့သို့ တိုးလာကြသည်။

"တိုက်ကြ!"

အဖွဲ့ခေါင်းဆောင် ထိုက်ရွှီကျိ တွေဝေမနေတော့ဘဲ ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ အမိန့်ပေးလိုက်သည်။ ဤဂျပန်လူပုများသည် စကားပြော၍ ရသည့် လူသားများ မဟုတ်ဘဲ သားရဲများသာ ဖြစ်ကြောင်း သူ နားလည်သွားပြီ ဖြစ်သည်။

သူတို့၏ သိုင်းပညာစွမ်းအားမှာ အားနည်းနေသော်လည်း ဤဂျပန်လူပုများထက်တော့ အဆပေါင်းများစွာ သာလွန်ဆဲပင်။ ကိုယ်ခန္ဓာ တည်ဆောက်ပုံအရလည်း ဟန်လူမျိုး သိုင်းသမားများသည် ဂျပန်လူပုများထက် ပို၍ ထွားကျိုင်း သန်မာကြသည်။ ကလဲ့စားချေရန် လာသည့် အဖွဲ့ဝင် ၄၀၀ ကျော်မှာ ယခုအခါ အချင်းချင်း ရဲဘော်ရဲဘက်များအဖြစ် စုစည်းကာ ဂျပန်လူပုများကို စတင် သတ်ဖြတ်ကြတော့သည်။

"ညီအစ်ကိုတို့! သူတို့ကို ဝိုင်းထားကြ! လက်နက်ရှိတဲ့သူတွေ ရှေ့ဆုံးက ထွက်တိုက်! ပြီးရင် သတင်းစုံစမ်းဖို့အတွက် လူနှစ်ယောက်လောက်ကို အရှင်ဖမ်းထားမယ်!" ဟု ထိုက်ရွှီကျိက အော်ဟစ် အမိန့်ပေးရင်း ဂျပန်နှစ်ဦးကို ဓားဖြင့် ထိုးသတ်လိုက်သည်။

"ကောင်းပါပြီ!"

လူအုပ်ကြီးသည် ထိုက်ရွှီကျိ၏ အမိန့်အတိုင်း လှုပ်ရှားကြသည်။ ဓားသမား ချိုး က သူ၏ ဓားကြီးကို ဝေ့ယမ်းကာ ရှေ့ဆုံးမှ တိုက်ခိုက်နေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်းတွင် ဂျပန်လူပုများမှာ ကိုယ်တစ်ပိုင်း ပြတ်ကာ သေဆုံးကုန်ကြသည်။ သူ၏ ခွန်အားမှာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားသော်လည်း အတွင်းအား အကုန်အမြန်လှသဖြင့် မကြာမီ ပင်ပန်းလာသည်။

တစ်ချိန်တည်းမှာပင် အခြားသိုင်းသမားများလည်း သူတို့၏ စွမ်းရည်များကို ထုတ်ပြကြသည်။ ဓားနှစ်လက်ကိုင် အမျိုးသမီးတစ်ဦးသည် လိပ်ပြာတစ်ကောင်အလား ပျံဝဲရင်း ဂျပန်အများအပြားကို သတ်ဖြတ်နေသလို၊ လက်ဝှေ့ပညာရှင် တစ်ဦးကလည်း တစ်ချက်ထိုးလိုက်တိုင်း ဂျပန်လူပုများ၏ ဒွါရခုနစ်ပေါက်မှ သွေးထွက်ကာ သေဆုံးစေသည်။

ဂျပန်လူပုများမှာ ခွေးရူးများကဲ့သို့ အသက်မနှမြောဘဲ တိုက်ခိုက်ကြသဖြင့် တိုက်ပွဲမှာ ပြင်းထန်လာပြီး သိုင်းသမား ၂၀ ကျော် ထပ်မံ သေဆုံးခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် ဂျပန်လူပုအားလုံးကို သတ်ဖြတ်နိုင်ခဲ့ပြီး စုံစမ်းရန်အတွက် သုံးဦးကို အရှင်ဖမ်းမိလိုက်သည်။

ထိုက်ရွှီကျိက "ညီအစ်ကို ဟယ် ၊ သူတို့ ဘာလို့ ငါတို့ကို တိုက်တာလဲဆိုတာ မေးကြည့်ပေးပါဦး" ဟု ဆိုသည်။

ဂျပန်စကား ကျွမ်းကျင်သူ ညီအစ်ကိုဟယ်က ရှေ့သို့တက်ကာ မေးမြန်းသော်လည်း ဂျပန်သုံးဦးမှာ သွေးအိုင်ထဲတွင် စိုက်ကြည့်နေရုံမှအပ ဘာမျှ မပြောကြပေ။ စောစောက ဒဏ်ရာရထားသော ညီအစ်ကိုဟယ်သည် ဒေါသထွက်ကာ ဂျပန်တစ်ဦး၏ လက်ကို ဓားဖြင့် 'ရွှပ်' ခနဲ ဖြတ်လိုက်သည်။

"အားးး!"

ဂျပန်လူပုက နာကျင်စွာ အော်ဟစ်ရင်း "အရူး" ဟု ဆဲဆိုသည်။

ညီအစ်ကိုဟယ်က "အရူး ဟုတ်လား" ဟု ဆိုကာ ထိုသူ၏ ခြေလက် လေးဖက်လုံးကို ခုတ်ဖြတ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး ထိုဂျပန်မှာ နာကျင်လွန်းသဖြင့် မေ့လဲသွားတော့သည်။ ကျန်နှစ်ဦးမှာမူ ထိတ်လန့်သွားကြသည်။

"ငါ့မေးခွန်းကို ဖြေစမ်း၊မဟုတ်ရင် မင်းတို့ကို အသားတုံးတွေ ဖြစ်သွားအောင် တစ်စစီ လှီးပစ်မယ်" ဟု ညီအစ်ကိုဟယ်က ခြိမ်းခြောက်လိုက်ရာ ဂျပန်တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် အကြောင်းစုံကို ဗလုံးဗထွေး ပြောပြတော့သည်။

ထိုက်ရွှီကျိက "ညီအစ်ကိုဟယ်၊ ဘာဖြစ်တာလဲ" ဟု မေးရာ ညီအစ်ကိုဟယ်၏ မျက်နှာမှာ အလွန်အံ့ဩနေသည့် အမူအရာ ဖြစ်နေသည်။

"အကြောင်းရင်းကတော့ ကျန်းဝူကျိနဲ့ သူ့အဖွဲ့ဟာ ဒီဂျပန်မြေမှာ တစ်နှစ်ကျော်ပတ်လုံး မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့လို့ပဲ။ သူတို့ ဂျပန်လူမျိုး အမြောက်အမြားကို သတ်ခဲ့လို့ ဂျပန်တွေက ငါတို့ တရုတ်ပြည်က လူတွေကို မြင်ရင် ကြောက်လည်းကြောက်၊ မုန်းလည်း မုန်းနေကြတာ။ အခု ငလျင်လှုပ်တာဟာ ငါတို့ကြောင့် ဘေးဆိုးသယ်လာတာလို့ သူတို့ ထင်နေကြတာပဲ။ ငါတို့ အခြေအနေ မကောင်းတာ မြင်တော့ သူတို့က ဒေါသဖြေတဲ့အနေနဲ့ လာတိုက်ကြတာ"

“ဘာ...ကျန်းဝူကျိက မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့တာလား”

ထိုက်ရွှီကျိတို့ အံ့ဩသွားကြသည်။ ဤ 'မိုင်း' ကို ကျန်းဝူကျိက အမြော်အမြင်ရှိရှိ ထောင်ထားခဲ့လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ပေ။

ညီအစ်ကိုဟယ်က ဆက်ပြောသည်မှာ "ဒါတင်မကသေးဘူး... သူတို့ပြောအရဆိုရင် ကျန်းဝူကျိတို့အဖွဲ့က အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်နဲ့ ကြောက်စရာကောင်းတဲ့ လူသန်ကြီးတစ်ယောက်ကို ထားခဲ့တယ်တဲ့။ အဲဒီလူက နေရာအနှံ့မှာ လူတွေသတ်ပြီး မကောင်းမှုတွေ လုပ်နေလို့ သူတို့ ဧကရာဇ်ကတောင် အဲဒီလူကို ဖမ်းသတ်ဖို့ အမိန့်ထုတ်ထားရတယ်တဲ့"

ထိုက်ရွှီကျိတို့ မျက်လုံးများ ဝင်းပသွားသည်။ "အဲဒီ ရွှေရောင်ဆံပင်နဲ့ လူသန်ကြီးဆိုတာ လူယုတ်မာ ရှဲ့ရွှန်း ပဲ ဖြစ်ရမယ်!"

"အတိအကျပဲ!"

အားလုံး ဝမ်းသာသွားကြသည်။ ဂျပန်ကျွန်းသို့ လာရခြင်း၏ အဓိကရည်မှန်းချက် ဖြစ်သော ရှဲ့ရွှန်း ၏ သတင်းကို နောက်ဆုံးတော့ ရပြီ မဟုတ်ပါလား။

ဓားသမား ချိုး က "ညီအစ်ကိုဟယ်၊ ကျန်းဝူကျိက ငါတို့ကို လှည့်စားဖို့အတွက် ဒီလူကို တမင်ထားခဲ့တာလား ဆိုတာပါ သေချာအောင် မေးကြည့်ပါဦး" ဟု ဆိုသည်။

ညီအစ်ကိုဟယ်က ထိုဂျပန်ကို ထပ်မံစစ်ဆေးပြီးနောက် "သူ့ပြောအရဆိုရင် ရှဲ့ရွှန်း ရဲ့ သတင်းကို လွန်ခဲ့တဲ့ လခွဲလောက်က ဒီကျွန်းစုရဲ့ တစ်နေရာမှာ တွေ့ခဲ့ရတယ်တဲ့"

ဤစကားကြောင့် ထိုက်ရွှီကျိတို့ စိတ်အေးသွားရသည်။ လွန်ခဲ့သည့် လခွဲက ဆိုလျှင် ရှဲ့ရွှန်း သည် ဤဂျပန်ပြည်တွင်းတွင် ရှိနေဆဲ ဖြစ်ရမည်မှာ သေချာသည်။

ထိုက်ရွှီကျိက "ညီအစ်ကိုဟယ်၊ ရှဲ့ရွှန်း အကြောင်းကို ပိုစုံစမ်းပေးပါ။ ငါတို့ ဒီမှာ ရက်အနည်းငယ် နားကြမယ်။ သိုင်းပညာ ပြန်ကောင်းလာတာနဲ့ အဲဒီ လူယုတ်မာ ရှဲ့ရွှန်း ကို လိုက်လံ နှိမ်နင်းကြတာပေါ့!" ဟု အားတက်သရော အမိန့်ပေးလိုက်တော့သည်။

အခန်း (၂၄၂) လေညှင်းထိတွေ့သော မိုးကုတ်စက်ဝိုင်းနှင့် ဂရုဏာတရား

နှစ်လတာ ကာလ ကုန်လွန်လေပြီ။

ကျန်းဝူကျိသည် အအေးဓာတ်ကိန်းဝပ်နေသော ကျောက်စိမ်းခုတင်ပေါ်တွင် ထိုင်လျက် မျက်လုံးနှစ်ဖက်ကို တင်းတင်းစေ့ပိတ်ထားသည်။ သူ၏ ထွက်သက်ဝင်သက်မှာ ရှည်လျားနက်ရှိုင်းလှပြီး ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများမှာလည်း အနှိုင်းမဲ့နယ်ပယ်တစ်ခုသို့ ရောက်ရှိနေသကဲ့သို့ တရွေ့ရွေ့ စီးဆင်းနေ၏။

ကျန်းဝူကျိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖြူလွှလွှ အငွေ့အသက်များ ဝန်းရံလျက်ရှိရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်နေသည်မှာ ဖော်ပြ၍ပင် မရနိုင်ပေ။

ခဏအကြာတွင် ကျန်းဝူကျိသည် လက်ဟန်ကို အသာအယာ ပြောင်းလဲလိုက်ပြီး လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ ခန္ဓာကိုယ်ပတ်လည်ရှိ အဖြူရောင်အငွေ့အသက်များ ကွယ်ပျောက်သွားပြီးနောက် သူ၏မျက်လုံးများ ပွင့်လာရာ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။ သူ၏ အငွေ့အသက်မှာလည်း အဆင့်မြင့်ဆရာကြီးတစ်ပါးကဲ့သို့ တည်ငြိမ်လှပေသည်။

ရန်ယောင်ချင်းက ပြုံးလျက် "လွန်ခဲ့တဲ့ နှစ်လလုံး ရှင်က နေ့ညမပြတ် ကျင့်ကြံခဲ့တာပဲ။ အခုဆိုရင် ရှင့်ရဲ့အတွင်းအားက အရင်ကထက် အဆပေါင်းများစွာ သန်မာလာပြီ။ ကျွန်မအထင်တော့ ကျန်းဆန်းဖုန်းနဲ့ မယှဥ်နိုင်ရင်တောင်မှ သိပ်တော့ မကွာခြားတော့ဘူး ထင်တယ်" ဟု ဆိုလေသည်။

ကျန်းဝူကျိက အသာအယာ ခေါင်းညိတ်လိုက်သည်။ ယခုအခါ သူ၏ အမူအရာမှာ ပိုမိုတည်ငြိမ်ရင့်ကျက်လာပြီး လှုပ်ရှားမှုတိုင်းတွင် သိုင်းပညာရှင်ကြီးတစ်ဦး၏ အရှိန်အဝါများ ကိန်းဝပ်နေပြီ ဖြစ်သည်။

မိမိ၏ အတွင်းအား အဆင့်အတန်းမှာ လွန်ခဲ့သော နှစ်လနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ သန်မာလာသည်ကို သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေသည်။ ၎င်းမှာ အမှန်တကယ်ပင် အဆင့်အတန်း မြင့်မားသွားသော ခုန်ပျံကျော်လွှားမှု တစ်ခုပင် ဖြစ်၏။

သိုင်းပညာရပ်များတွင်လည်း သူသည် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့သည်။ ကိုးယင်ကျမ်းနှင့် ရှေးဟောင်းဂူသင်္ချိုင်း သိုင်းပညာရပ်များကို အသေအချာ လေ့လာဆည်းပူးခဲ့ပြီးနောက် အကုန်လုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားလေပြီ။

ရှေးဟောင်းဂူသင်္ချိုင်း၏ သိုင်းပညာရပ်များသည် ယခုအချိန်တွင် သူ့အတွက် အားအင်များစွာ တိုးပွားစေသည်မဟုတ်သော်လည်း ခေတ်အဆက်ဆက်က အင်အားကြီး ပုဂ္ဂိုလ်ကြီးများ ဖန်တီးခဲ့သည့် ပညာရပ်များဖြစ်ရာ သူ၏ အမြင်များကို ပိုမိုကျယ်ပြန့်စေခဲ့သည်။ သို့သော် ကိုးပါးယင်ကျမ်း၏ နက်နဲမှုကမူ ကျန်းဝူကျိအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဥ်းပေးခဲ့ပေသည်။

တစ်ခါတစ်ရံတွင် ရန်သူနှင့် ရင်ဆိုင်ရာ၌ ဆန်းပြားသော သိုင်းကွက်များစွာ မလိုအပ်ပေ။ သိုင်းပညာကို အတိုင်းအတာတစ်ခုအထိ နားလည်သွားပါက အရိုးရှင်းဆုံး သိုင်းကွက်များနှင့် အရိုးရှင်းဆုံး လက်နက်များသည်ပင် အကြီးမားဆုံးသော ဖျက်ဆီးအားကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

"မြက်ပင်၊ သစ်သား၊ ဝါးပင်နဲ့ ကျောက်ခဲတွေဟာလည်း ဓားတွေ ဖြစ်နိုင်တယ်" ဟု ဒုဂူချီပိုင် ပြောခဲ့သည့် နယ်ပယ်သို့ သူ ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် ကျန်းဝူကျိ၏ အတွင်းအား ကျင့်ကြံမှုမှာ တစ်နေရာ၌ တန့်နေသကဲ့သို့ ဖြစ်နေသည်။ သူသည် အကြောင်းရင်းကို မသိသဖြင့် ခေတ္တမျှ ဘေးဖယ်ထားလိုက်ရလေသည်။

ဤနှစ်လတာအတွင်း ကျင့်ကြံမှုက ကျန်းဝူကျိအတွက် မမျှော်လင့်ထားသော တိုးတက်မှုများကို ရရှိစေခဲ့သည်။ ထိုအကြောင်းကို တွေးမိသောအခါ ကျန်းဝူကျိသည် ရန်ယောင်ချင်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မိမိ၏ မိန်းမပျိုများထဲတွင် ရန်ယောင်ချင်းသည် သူ့အတွက် လက်ရှိအချိန်၌ အကျိုးကျေးဇူး အများဆုံး ပေးနိုင်သူ ဖြစ်သည်ဟု ဆိုရမည် ဖြစ်၏။

ရှေးဟောင်းဂူသင်္ချိုင်းရှိ သိုင်းပညာရပ်များဖြင့်ဆိုလျှင် ကျန်းဝူကျိသည် သိုင်းပညာ လုံးဝမတတ်မြောက်ထားလျှင်ပင် သူ၏ ပါရမီဖြင့် သုံးနှစ်မှ ငါးနှစ်ခန့် ကျင့်ကြံရုံဖြင့် အပြင်လောကသို့ ထွက်ခွာသည့်အခါ ရွှမ်မင်အဖိုးကြီးနှစ်ယောက်ကဲ့သို့ ကျွမ်းကျင်သူများကို အလွယ်တကူ အနိုင်ယူနိုင်ပြီး သိုင်းလောက၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

"ဘာလဲ... ကျွန်မကို ဒီလိုကြည့်နေတာ ကျေးဇူးတင်ချင်လို့လား"

ရန်ယောင်ချင်းက ကျန်းဝူကျိကို ပြုံးလျက် ကြည့်သည်။ သူ၏ အကြည့်ထဲတွင် ကျေးဇူးတင်ရိပ်များကို မြင်တွေ့ရသဖြင့် သူမက စချင်လာမိသည်။

ကျန်းဝူကျိသည် ချက်ချင်းပင် ရှေ့သို့ တလှမ်းတိုးလိုက်ရာ ရန်ယောင်ချင်း၏ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။ ထို့နောက် သူမ၏ ခါးလေးကို အသာအယာ ပွေ့ချီလိုက်ပြီး "ဟုတ်တယ်၊ ကျေးဇူးတင်မလို့ပဲ။ကျွန်တော့်မှာ ပေးစရာ သိပ်မရှိတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ပေးဆပ်လိုက်တော့မယ်လေ၊ ဘယ်လိုလဲ" ဟု ပြုံးလျက် ဆိုလိုက်သည်။

ရန်ယောင်ချင်းမှာ လန့်သွား၏။ သူမသည် ကျန်းဝူကျိနှင့် အနည်းဆုံး အတောင်နှစ်ဆယ်ခန့် ကွာဝေးနေသော်လည်း သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် သူမ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ချေ။

ဤတွေ့ရှိမှုက ရန်ယောင်ချင်းကို အလွန်အံ့အားသင့်စေသည်။ သူမသည် မိမိကိုယ်မိမိ သိုင်းပညာ အလွန်မြင့်မားသူဟု ယူဆထားပြီး ဤလောကတွင် ကျန်းဆန်းဖုန်းနှင့် ကျန်းဝူကျိတို့မှလွဲလျှင် သူမနှင့် ယှဉ်နိုင်သူ မရှိဟု ယုံကြည်ထားခဲ့သည်။ ကျန်းဆန်းဖုန်းမှာ ပြောနေစရာပင် မလိုပေ။ သူမသည် ကျန်းဝူကျိနှင့် ယခင်က လက်ရည်စမ်းခဲ့ဖူးရာ ကျန်းဝူကျိ၏ သိုင်းပညာမှာ ယခုအခါ အဆပေါင်းများစွာ သန်မာလာသော်လည်း မိမိအနေဖြင့် တစ်ကွက်မျှပင် မခုခံနိုင်လောက်အောင် ဖြစ်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုမူ သူမ အမှားကြီး မှားသွားလေပြီ။

ကျန်းဝူကျိ၏ ခုနက လှုပ်ရှားမှုမှာ ဝူတန်ဂိုဏ်း၏ တိမ်လွှာလှေကား ပညာကို ရှေးဟောင်းဂူသင်္ချိုင်း၏ ကိုယ်ဖော့ပညာနှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပြီး သာမန်ထက် သာလွန်သော အဆင့်သို့ ရောက်ရှိနေသဖြင့် သူမပင် မသိလိုက်ရခြင်း ဖြစ်ပေသည်။

ရှေးဟောင်းဂူသင်္ချိုင်းသည်လည်း ကိုယ်ဖော့ပညာတွင် အလွန်နာမည်ကြီးလှသည် မဟုတ်ပါလား။ သိုင်းလောကတစ်ခုလုံးတွင် ဝူတန်ဂိုဏ်း၏ တိမ်လွှာလှေကားမှလွဲ၍ ကျန်သည့် မည်သည့်ဂိုဏ်းကိုမဆို ယှဉ်နိုင်စွမ်း ရှိပေသည်။

ရန်ယောင်ချင်းသည် ကျန်းဝူကျိ၏ ပွေ့ချီခြင်းကို ခံရသောအခါ အနည်းငယ် ရှက်သွေးဖြာသွားသည်။ သူမ၏ ကိုယ်နှင့် စိတ်သည် ကျန်းဝူကျိ၏ ပိုင်ဆိုင်မှု ဖြစ်နေပြီဖြစ်ရာ မည်သည့်အရာကိုမဆို ပြုမူနိုင်သော်လည်း လွန်ခဲ့သော နှစ်လလုံးတွင် ကျန်းဝူကျိသည် သိုင်းပညာ တိုးတက်ရေးအတွက်သာ အာရုံစိုက်နေခဲ့သဖြင့် မည်သည့် မတော်တရော် အပြုအမူကိုမျှ မလုပ်ခဲ့ပေ။

သူမသည်လည်း ကျန်းဝူကျိကို အပြည့်အဝ ထောက်ခံခဲ့ပြီး သူမကိုယ်တိုင်လည်း သိုင်းပညာကို လေ့လာနေခဲ့ခြင်း ဖြစ်သည်။ နှစ်ဦးစလုံးမှာ ရည်မှန်းချက် တူညီကြပြီး တိုးတက်မှုများလည်း အသီးသီး ရရှိခဲ့ကြ၏။

ကျန်းဝူကျိ၏ မျက်လုံးများထဲတွင်လည်း ပြင်းပြသော ဆန္ဒများ တောက်လောင်နေသည်။ သူသည် ရန်ယောင်ချင်းကို မထိတွေ့ခဲ့ရသည်မှာ သိုင်းပညာအပေါ် အလွန်အာရုံစိုက်နေခဲ့သောကြောင့် ဖြစ်၏။

ဤနှစ်လအတွင်း သူသည် တတ်နိုင်သမျှ ကဏ္ဍစုံတွင် မိမိကိုယ်မိမိ အစွမ်းကုန် တွန်းအားပေးခဲ့သဖြင့် သိုင်းပညာမှာ သိသာထင်ရှားသော အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူသည် ယခင်ကထက် မနှိုင်းယှဉ်နိုင်အောင် သန်မာလာခဲ့ပြီ ဖြစ်သည်။

ဤသို့ အောင်မြင်မှုများ ရရှိပြီးချိန်တွင် မိမိကိုယ်မိမိ ဆုလာဘ်တစ်ခု ပေးသင့်သည် မဟုတ်ပါလား။

ထိုအကြောင်းကို တွေးမိရင်း ကျန်းဝူကျိက ခပ်တိုးတိုး ရယ်လိုက်ပြီး "ယောင်ယောင်၊ ကျွန်တော် မအောင့်ထားနိုင်တော့ဘူး။ ကျွန်တော် ယောင်ယောင်ကို သိပ်ချစ်တာပဲ။ ကျွန်တော်တို့တွေက သိုင်းလောကသားတွေပဲလေ၊ ရှုပ်ထွေးတဲ့ စည်းကမ်းတွေ အများကြီး မလိုပါဘူး။ ဒီမှာပဲလက်ထက်ပြီး တစ်သက်လုံး မခွဲဘဲ နေကြရအောင်လား" ဟု ဆိုလေသည်။

နောက်ပြောင်သလို စတင်ခဲ့သော်လည်း အဆုံးသတ်တွင် ကျန်းဝူကျိ၏ လေသံမှာ အလွန်တည်ကြည်လေးနက်သွားပြီး အမှန်တကယ် ချစ်မြတ်နိုးကြောင်း ပေါ်လွင်နေပေသည်။

သူသည် အလှအပကို မြတ်နိုးသူဖြစ်ရာ ရန်ယောင်ချင်း၏ လှပကျော့ရှင်းသော အသားအရေ၊ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် နတ်သမီးတစ်ပါးကဲ့သို့ အရှိန်အဝါတို့မှာ သူ့ကို ဖမ်းစားထားနိုင်ခဲ့သည်။ သူစိမ်းများအတွက် သူမမှာ အေးစက်သော်လည်း သူ့အတွက်မူ သူမသည် ပူပြင်းသော မီးတောက်ကဲ့သို့ စိတ်အားထက်သန်သူ ဖြစ်သည်။ ဤကဲ့သို့ ကွဲပြားခြားနားမှုများကို ကျန်းဝူကျိ မည်သို့လျှင် မချစ်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းဝူကျိ၏ ဖွင့်ဟဝန်ခံမှုကို ကြားရသောအခါ ရန်ယောင်ချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး သူမ၏ လည်ပင်းနှင့် နားရွက်လေးများပင် နီရဲလာလေသည်။

သူမ၏ နှလုံးသားမှာ ကျန်းဝူကျိထံသို့ ရောက်ရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်၏။ ဤအချိန်သည် အနည်းငယ် ရုတ်တရက် ဆန်နေသော်လည်း သူမက အဆင်သင့် ဖြစ်နေခဲ့သည်။ သူမသည် ရှက်သွေးဖြာနေသော်လည်း အံ့ဩမနေခဲ့ပေ။

ရန်ယောင်ချင်းသည် ခေါင်းလေးကို ကျန်းဝူကျိ၏ ပုခုံးပေါ်သို့ အသာအယာ မှီတင်လိုက်ပြီး "ရှင့် သဘောအတိုင်းပါပဲ" ဟု ခပ်တိုးတိုး ဆိုလိုက်သည်။

ဒါသည် သူမ၏ သဘောတူညီချက်ပင် ဖြစ်၏။

ကျန်းဝူကျိမှာ အလွန်ဝမ်းသာသွားပြီး ရန်ယောင်ချင်းကို ပွေ့ချီလျက် သူမကို နက်နက်ရှိုင်းရှိုင်း နမ်းရှုတ်လိုက်သည်။

"အို"

ကျန်းဝူကျိ၏ အနမ်းများကြောင့် ရန်ယောင်ချင်း၏ ကိုယ်လေးမှာ တုန်ယင်သွားသည်။ ယခင်ကလည်း ဤသို့ အနမ်းခံခဲ့ရဖူးသော်လည်း ယခုအခါတွင်မူ ကျန်းဝူကျိ၏ တိုက်ရိုက် ဝန်ခံမှုကြောင့် သူမ၏ နှလုံးသားမှာ ရှက်စိတ်နှင့်အတူ မျှော်လင့်ချက်များလည်း ပြည့်နှက်နေ၏။ ဝူကျိ၏ ရုတ်တရက် တိုက်စစ်ကြောင့် သူမအနေဖြင့် ခံနိုင်ရည် ရှိရန် ခဲယဉ်းနေပေသည်။

ကျန်းဝူကျိသည် စိတ်အားထက်သန်စွာဖြင့် ရန်ယောင်ချင်းကို အတွင်းခန်းဆီသို့ ပွေ့ချီသွားလေသည်။

ရန်ယောင်ချင်းသည် ပုံမှန်အားဖြင့် ရှေးဟောင်းဂူသင်္ချိုင်း၏ အစဉ်အလာအတိုင်း ကြိုးတစ်ချောင်းပေါ်တွင် ဟန်ချက်ထိန်းအိပ်စက်သော်လည်း ၎င်းမှာ အအေးဓာတ်ကိန်းဝပ်သော ကျောက်စိမ်းခုတင်နှင့် နီးသဖြင့် ကျန်းဝူကျိကို အမြဲကြည့်ရှုနိုင်ရန်သာ ဖြစ်သည်။

အမှန်တကယ်တွင် အတွင်းခန်း၌ ကောင်းမွန်သော သစ်သားဖြင့် ပြုလုပ်ထားသော ခုတင်ကြီးတစ်လုံး ရှိပေသည်။ ရန်ယောင်ချင်းသည် သိုင်းမကျင့်သည့် အခါများတွင် ထိုနေရာ၌ အနားယူလေ့ရှိပြီး အလွန်သက်သောင့်သက်သာ ရှိလှပေသည်။

ကျန်းဝူကျိက သူမကို ထိုနေရာသို့ ခေါ်ဆောင်သွားခြင်း၏ ရည်ရွယ်ချက်မှာ ထင်ရှားလှ၏။ ဤအခန်းတွင် အအေးဓာတ်ကိန်းဝပ်သော ကျောက်စိမ်းခုတင်နှင့် ကြိုးတစ်ချောင်းသာ ရှိရာ ၎င်းတို့မှာ သူတို့၏ ရည်ရွယ်ချက်အတွက် မသင့်တော်ပေ။

အရာရာတွင် အံဝင်ခွင်ကျ ရှိရမည်ဖြစ်ရာ သင့်တော်သော ခုတင်မှာ ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

သူတို့နှစ်ဦးသည် နူးညံ့သော ခုတင်ပေါ်သို့ ရောက်ရှိသွားသောအခါ အသိုက်သို့ ပြန်လာသော ပျံလွှားငှက်များကဲ့သို့ပင် သူတို့၏ ချစ်ခြင်းမေတ္တာများကို အပြည့်အဝ ဖော်ထုတ်ကြလေတော့သည်။

ရန်ယောင်ချင်းသည် နတ်နန်းမှ နတ်သမီးတစ်ပါးကဲ့သို့ပင် သူမ၏ လူသားဆန်သော နှလုံးသားမှာ လှုပ်ခတ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် မိမိကိုယ်မိမိ သူ၏ဇနီးအဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။

သို့သော် သူမ၏ အပြုအမူများမှာ အနည်းငယ် အနေခက်နေသကဲ့သို့ ရှိ၏။ အခြားတစ်ဖက်တွင် ကျန်းဝူကျိမှာမူ မည်သည့် ဝန်လေးမှုမျှ မရှိဘဲ ရန်ယောင်ချင်းအပေါ် ထားရှိသော သူ၏ ချစ်ခြင်းမေတ္တာများကိုသာ ပုံအောပေးဆပ်လျက် သူမနှင့် တစ်သက်လုံး အတူရှိနေချင်သည့် ဆန္ဒများကို ဖော်ပြနေလေသည်။

"ယောင်ယောင်၊ ကျွန်တော်တို့တွေ ဘယ်တော့မှ မခွဲကြေးနော်"

ကျန်းဝူကျိသည် သူမ၏ ဖြူစင်နူးညံ့သော အသားအရေလေးကို အသာအယာ နမ်းလိုက်သည်။ ရန်ယောင်ချင်းကလည်း စိတ်အားထက်သန်စွာ တုန့်ပြန်ခဲ့၏။

သူတို့နှစ်ဦး စတင်သိကျွမ်းချိန်မှ ယခုကဲ့သို့ ချစ်သူများ ဖြစ်လာသည်အထိ ခရီးလမ်းမှာ ဤအခိုက်အတန့်လေးတွင် အရာအားလုံး ပေါင်းစည်းသွားလေပြီ။

မွှေးပျံ့သော ကန့်လန့်ကာများကို ချလျက် မောင်မယ်တို့၏ ချစ်ရေးကို ဆွေးနွေးကြရာတွင် သူမသည် ညတာတိုမည်ကို စိုးရိမ်လျက် မျက်ခုံးလေးများပင် တွန့်ချိုးနေမိသည်။ ကျန်းဝူကျိကိုလည်း အိပ်ရာထဲသို့ အရင်ဝင်ကာ နွေးထွေးအောင်လုပ်ရန် တိုက်တွန်းနေမိ၏။

ထို့နောက်တွင်မူ သူမသည် ကျန်ရှိနေသော လက်မှုလုပ်ငန်းများကို သိမ်းဆည်းလိုက်ပြီး ပိုးထည်ဝတ်ရုံများကို ချွတ်ကာ အဆုံးမဲ့သော ချစ်ခြင်းအိုင်ထဲတွင် မြုပ်ဝင်သွားလေတော့သည်။ မောင့်၏ ချစ်စဖွယ် မျက်နှာလေးကို ရံဖန်ရံခါ ကြည့်ရှုနိုင်ရန် ခုတင်ဘေးရှိ ဆီမီးအလင်းကိုလည်း ထွန်းညှိထားခဲ့ပေသေးသည်။

နုပျိုလှပသော သူမ၏ ခါးလေးကို ကျန်းဝူကျိက ပွေ့ဖက်ထားလျက် သူမ၏ အရွယ်မှာလည်း နုပျိုတုန်းအရွယ်ပင် ရှိသေးသည်။ အချစ်သစ်၏ ထိတွေ့မှုအောက်တွင် ကျန်းဝူကျိနှင့်အတူ သံယောဇဥ်ကြိုးများဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားလေပြီ။

All Chapters