← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃) ဝူတန်သို့ ခရီးဆန့်ခြင်း

သိုင်းပညာရှင်တို့သည် သာမန်လူထက် ခန္ဓာကိုယ်ကြံ့ခိုင်မှု သာလွန်ကြသည်မှာ အထူးပြောနေစရာပင် မလိုပေ။

လောကတွင် ရှားပါးလှသည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သော ရန်ယောင်ချင်းသည်လည်း သာမန်မိန်းကလေးများထက် များစွာပို၍ ခံနိုင်ရည်ရှိသူ ဖြစ်သည်။

ကျောက်မိန်သည် လွန်ခဲ့သောရက်က ကျန်းဝူကျိနှင့် ချစ်ဗျူဟာခင်းပြီးနောက် နောက်တစ်နေ့တွင် အိပ်ရာမှပင် မထနိုင်ဘဲ ကျန်းဝူကျိ ကွမ်မင်တောင်ထိပ်မှ ထွက်ခွာသွားသည်ကိုပင် လိုက်လံပို့ဆောင်နိုင်ခြင်း မရှိခဲ့ချေ။

သို့သော် ရန်ယောင်ချင်းမှာမူ ထိုသို့မဟုတ်ပေ။ နောက်တစ်နေ့တွင် ခြေထောက်များ အနည်းငယ် တောင့်တင်းနေသည်မှလွဲ၍ သူမမှာ လုံးဝပင် နေကောင်းလျက်ရှိသည်။ ခြေထောက်များ တောင့်တင်းနေသည့်တိုင်အောင် သူမသည် ကိုယ်ဖော့ပညာကို အသုံးပြု၍ သွားလာနိုင်ရာ ယခင်ကထက်ပင် ပိုမိုကျော့ရှင်းနေသကဲ့သို့ ရှိနေတော့သည်။

အမှန်တကယ် အိပ်ရာမှ မထချင်ဘဲ ဖြစ်နေသူမှာ ကျန်းဝူကျိသာ ဖြစ်၏။ သူသည် ရှေးဟောင်းဂူသင်္ချိုင်းရှိ ခုတင်ကြီးပေါ်တွင် ကိုယ်လက်ဆန့်လျက် လဲလျောင်းနေမိသည်။

နှစ်လတာမျှ ပြင်းထန်စွာ လေ့လာကျင့်ကြံခဲ့ရခြင်းမှာ ခန္ဓာကိုယ်အရ မပင်ပန်းသော်လည်း အနားမရခဲ့သည့်အတွက် စိတ်ပိုင်းဆိုင်ရာတွင်မူ အနည်းငယ် နွမ်းလျနေခဲ့သည်။ ထို့ပြင် တစ်နေရာတည်းတွင် နှစ်လတာမျှ ပိတ်မိနေပြီး တိုးတက်မှု အနည်းငယ်သာ ရှိနေချိန်တွင် မည်မျှပင် စိတ်ရှည်သူဖြစ်ပါစေ စိတ်မွန်းကျပ်မှုကို ခံစားရမည်သာ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ထိုမွန်းကျပ်မှု အားလုံးကို မနေ့ကပင် ဖျောက်ဖျက်နိုင်ခဲ့လေပြီ။ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို စုစည်းထားခြင်းမှာ အကျိုးမရှိသည် မဟုတ်ပါလား။

"ရှင် မနေ့က စိတ်တိုင်းကျရဲ့လား" ဟု ရန်ယောင်ချင်းက ကျန်းဝူကျိ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် သူ၏ ရင်ဘတ်ကို အသာအယာ ပွတ်သပ်ရင်း မေးလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ စွဲမက်ဖွယ်ကောင်းနေပြီး အသံမှာလည်း ချိုသာလှသည်။

ကျန်းဝူကျိက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်တို့နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးလိုက်တဲ့ အဖော်တွေပဲလေ" ဟု ပြောလိုက်သည်။

ရန်ယောင်ချင်းက ခပ်တိုးတက်တိုး ရယ်လိုက်ရာ သူမ၏ ဖြူစင်လှသော ပါးပြင်လေးများတွင် ရှက်သွေးဖြာကာ နီမြန်းသွားပြီး ပိုမိုလှပချစ်စဖွယ် ဖြစ်သွားလေသည်။ ကျန်းဝူကျိသည် သူမကို ရင်ခွင်ထဲ၌ ပွေ့ဖက်ထားရင်း အတိုင်းထက်အလွန် ကျေနပ်နေမိ၏။

ရန်ယောင်ချင်း၏ ရုပ်ရည်၊ ကိုယ်လုံးနှင့် အရှိန်အဝါတို့မှာ ထိပ်တန်းအဆင့်တွင် ရှိနေရုံသာမက အေးစက်သော အလှနတ်သမီးလေးတစ်ဦးက အမှန်တကယ် ချစ်မိသွားသည့်အခါ ပြင်းပြသော ချစ်ခြင်းမေတ္တာများ ဖြစ်ပေါ်လာပုံမှာ သူ့ကို ရူးသွပ်စေလောက်ပေသည်။

"ကောင်းကင်က ဖန်တီးပေးထားတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ရှင်ကတော့ ခွေးရူးတစ်ကောင်လို ကျွန်မကို ကိုက်နေတာပဲ။ ကျွန်မကို ကိုက်သတ်လိုက်ရင် နောက်ထပ် ရန်ယောင်ချင်းတစ်ယောက် ဘယ်မှာသွားရှာမလဲ" ဟု ရန်ယောင်ချင်းက နှာခေါင်းလေးရှုံ့ကာ ကျန်းဝူကျိ၏ ရင်ဘတ်ကို လက်ကလေးဖြင့် အသာအယာ ထုရိုက်လျက် စိတ်ကောက်ပြလေသည်။

ကျန်းဝူကျိက အားရပါးရ ရယ်မောလိုက်ပြီး "ချစ်တာလွန်သွားတော့လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူးလေ။ ဘာပြောစရာ ရှိဦးမှာလဲ။ ယောင်ယောင်ကို ဒီလောက်တောင် ချစ်အောင် ဘယ်သူက လုပ်ခိုင်းလို့လဲ။ အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တော့" ဟု ဆိုလိုက်သည်။

ရန်ယောင်ချင်းက စိတ်မကျေနပ်ဟန်ဖြင့် ကျန်းဝူကျိ၏ ပုခုံးကို လှမ်းကိုက်လိုက်တော့သည်။

"အား...အား" ဟု ကျန်းဝူကျိက အော်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကာကွယ်ရေး အတွင်းအားများမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ပြန်ထိန်းလိုက်နိုင်သည်။

"မဆော့ပါနဲ့တော့.... ကျွန်တော့်ရဲ့ ကာကွယ်ရေးအတွင်းအားက ယောင်ယောင်ကို တုံ့ပြန်မိသွားရင် ယောင်ယောင်ပဲ ခံရမှာပေါ့" ဟု ကျန်းဝူကျိက အားကိုးရာမဲ့စွာ ပြောရင်း ရန်ယောင်ချင်း၏ ချောမွတ်လှသော ကျောပြင်လေးကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်သည်။

ရန်ယောင်ချင်းက မကျေနပ်ဟန်ဖြင့် "ဒါဆိုရင် ကျွန်မကို ပိုပြီးတော့တောင် ကျေးဇူးတင်သင့်တာပေါ့။ ကျွန်မတို့ ရှေးဟောင်းဂူသင်္ချိုင်းက အအေးဓာတ်ကိန်းဝပ်တဲ့ ကျောက်စိမ်းခုတင်သာ မရှိရင် ရှင့်ရဲ့ အတွင်းအားတွေက အခုလို ခဏလေးအတွင်းမှာ အဆပေါင်းများစွာ ဘယ်တိုးလာပါ့မလဲ။ ဒီလိုမျိုး တန်ဖိုးကြီး ရတနာရှိလို့သာ ကျန်းဆန်းဖုန်း အဘိုးကြီးကို ရှင်က မှီနိုင်ဖို့ အခွင့်အရေး ရတာပေါ့" ဟု ပြောလိုက်သည်။

ကျန်းဝူကျိက ရယ်မောလိုက်ပြီး "အမှန်ပါပဲ.... ကျွန်တော်ကလည်း ကျေးဇူးတင်မလို့ လုပ်နေတာပါ။ ဒါကြောင့်လည်း ယောင်ယောင်ကို ဒီလောက်ချစ်တာပေါ့။ တခြားအကြောင်းတွေ ခေတ္တဖယ်ထားရင်တောင် ဒါတစ်ခုတည်းနဲ့တင် ကျေးဇူးတင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ တို့တွေက လင်မယားတွေ ဖြစ်နေပြီပဲ။ ကျေးဇူးတင်စကားတွေ မလိုပါဘူး။ ကျွန်တော့်မှာရှိသမျှ အရာအားလုံးကို ယောင်ယောင်အတွက် အပြည့်အဝ ပေးဆပ်နေတာကပဲ ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုပေါ့" ဟု ဆိုလိုက်သည်။

ရန်ယောင်ချင်းက ဘာမှပြန်မပြောတော့ဘဲ ခေါင်းလေးကို ကျန်းဝူကျိ၏ ရင်ဘတ်ပေါ်သို့ မှီတင်လျက် ငြိမ်သက်စွာ အနားယူနေလေသည်။ သူမ၏ ဘဝတစ်လျှောက်တွင် သိုင်းကျင့်စဉ်များကို တစ်ခါမျှ ပျက်ကွက်ခြင်း မရှိခဲ့ဖူးသော်လည်း ယနေ့တွင်မူ ကျန်းဝူကျိကြောင့် ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့ရခြင်း ဖြစ်သည်။ ရန်ယောင်ချင်းအတွက်မူ ယခုအချိန်တွင် ဤလောကရှိ မည်သည့်အရာကမျှ ကျန်းဝူကျိလောက် အရေးမကြီးတော့ချေ။

ယခင်ကလည်း ဤသို့ပင် ဖြစ်ခဲ့ဖူးသည်။ သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး နှလုံးသားချင်း မနီးစပ်သေးမီ အချိန်ကပင် ရန်ယောင်ချင်းသည် ကျန်းဝူကျိကို ရှေးဟောင်းဂူအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။ ဂိုဏ်း၏ ရှေးရိုးစည်းကမ်းများအရ ဂူအရှင်သခင်၏ ဇနီး သို့မဟုတ် ခင်ပွန်းသာလျှင် ဂူအတွင်းသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ထိုအချိန်ကပင် ရန်ယောင်ချင်းသည် ကျန်းဝူကျိအပေါ် အလွန်သဘောကျနေခဲ့ပြီဟု ဆိုနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ရန်ယောင်ချင်းက ရုတ်တရက် "ကျွန်မကတော့ ရှင့်ကို ကိုယ်ရောစိတ်ပါ ပေးအပ်လိုက်ပြီ။ ရှင်က ကျွန်မကို သစ္စာဖောက်လို့ မရဘူးနော်။ ဒါမှမဟုတ်ရင်တော့ ကျွန်မက အလွတ်ပေးမှာ မဟုတ်ဘူး။ ရှေးဟောင်းဂူသင်္ချိုင်းရဲ့ စည်းကမ်းမှာတော့ လူတစ်ယောက်ရဲ့ ခံစားချက်ကို လိမ်ညာတဲ့ လူယုတ်မာဆိုရင် တစ်မိသားစုလုံးကို အပြတ်ရှင်းရမယ်လို့ ရှိတယ်" ဟု ပြောလိုက်သည်။

"ခြောက်လှန့်နေတာလား" ဟု ကျန်းဝူကျိက ရယ်မောရင်း "ကျွန်တော့်ဘဝမှာ အလှအပကို အမြတ်နိုးဆုံးဆိုတာ သိသားပဲ။ အခု ယောင်ယောင်က ကျွန်တော့်အတွက် အရေးအကြီးဆုံး ဖြစ်နေတာကို ဘယ်လိုများ စွန့်ပစ်နိုင်ပါ့မလဲ။ တကယ်တော့ ယောင်ယောင်ကသာ ကျွန်တော့်ကို စွန့်ခွာသွားမယ်ဆိုရင် ကျွန်တော်က လုံးဝသဘောတူမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ယောင်ယောင်ကို ကျွန်တော့်ဘေးမှာပဲ တွဲချည်ထားမှာ။ တစ်ဖဝါးမှ မခွာစေဘဲ တစ်နေ့လုံး ကျွန်တော့်ကိုပဲ ကြည့်နေအောင် လုပ်ထားမယ်။ ယောင်ယောင် စိတ်ညစ်သွားမလားပဲ" ဟု ကျီစယ်လိုက်သည်။

သူ့စကားကို နားထောင်ပြီးနောက် ရန်ယောင်ချင်း၏ စိတ်မှာ လုံးဝတည်ငြိမ်သွားတော့သည်။ ကျန်းဝူကျိသည် ကတိကဝတ်ကို အလွယ်တကူ ပေးတတ်သူမဟုတ်ကြောင်း သူမသိသဖြင့် ထိုစကားများကြောင့် သူမ၏ စိုးရိမ်မှုများ အကုန်ကွယ်ပျောက်သွားလေပြီ။

အမှန်အတိုင်း ပြောရလျှင် ရန်ယောင်ချင်း၏ သိုင်းပညာမှာ အလွန်မြင့်မားလှရာ ကျန်းဆန်းဖုန်းနှင့် ကျန်းဝူကျိတို့မှလွဲလျှင် သူမကို မည်သူမျှ မနိုင်ပေ။ ထို့ပြင် သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါတို့မှာလည်း ထိပ်တန်းဖြစ်သည်။ ကျောက်မိန်၊ ရှောင်ကျောက်နှင့် အခြားသူများတွင်လည်း ကိုယ်စီအားသာချက်များ ရှိကြသော်လည်း အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် ဤသိုင်းလောကတွင် သိုင်းပညာမြင့်မားမှုက အခြားအရည်အချင်းများထက် ပို၍အရေးကြီးလှသည်။

ထို့ကြောင့် ရန်ယောင်ချင်းသည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသည်။ ကျန်းဝူကျိအနေဖြင့် သူမကဲ့သို့ မိန်းကလေးတစ်ဦးကို လက်လွှတ်ရမည်ဆိုပါက သူ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုသာ ဖြစ်လိမ့်မည်။ သို့သော် ဒါတွေက စိတ်ကူးသက်သက်သာ ဖြစ်သည်။ ကျန်းဝူကျိက ထိုသို့လုပ်မည်မဟုတ်ကြောင်း သူမ သိပါသည်။ သို့သော်လည်း မိန်းကလေးတစ်ယောက်၏ စိတ်မှာ တစ်ခါတစ်ရံတွင် မရေရာမှုများ ဖြစ်ပေါ်တတ်ရာ သေချာသော ကတိစကားတစ်ခုကို ကြားရမှသာ လုံးဝ စိတ်အေးနိုင်ခြင်း ဖြစ်သည်။

ခဏမျှ ကျီစယ်ပြီးနောက် ကျန်းဝူကျိက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး "ယောင်ယောင် တို့တွေ ဝူတန်ဂိုဏ်းဆီကို ခရီးတစ်ခုလောက် သွားကြရင် ဘယ်လိုလဲ" ဟု မေးလိုက်သည်။

ရန်ယောင်ချင်းက အံ့ဩသွားပြီး "ဝူတန်ကို ဘာသွားလုပ်မှာလဲ" ဟု မေး၏။

ကျန်းဝူကျိက ရယ်မောရင်း "ကျွန်တော့်ရဲ့ သိုင်းပညာတွေက အခုဆိုရင် အများကြီး တိုးတက်လာပြီ။ ဒါပေမဲ့ တစ်နေရာမှာတော့ တန့်နေသလို ခံစားနေရတယ်။ ဒါကြောင့် အဘိုးကို သွားမေးကြည့်ချင်သလို ကျွန်တော့်ရဲ့ သိုင်းပညာက အဘိုးနဲ့ယှဉ်ရင် ဘယ်လောက်ကွာခြားသေးလဲဆိုတာကိုလည်း သိချင်တယ်" ဟု ပြောလိုက်သည်။

ရန်ယောင်ချင်းက ဒါကိုကြားတော့ သဘောပေါက်သွားပြီး ပြုံးလျက် "ဒုတိယအချက်က ပိုပြီး အဓိကကျမယ် ထင်တယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ရှင့်ရဲ့အတွင်းအားက အဆပေါင်းများစွာ တိုးလာပြီး ရှင်ကလည်း အားအင်အပြည့်နဲ့ လူငယ်တစ်ယောက်ပဲလေ။ ကျန်းဆန်းဖုန်း အဘိုးကြီးက အစွမ်းထက်တယ်ဆိုပေမဲ့ သူက အသက်လည်း အတော်ကြီးနေပြီဆိုတော့ ရှင့်ကို နိုင်ပါဦးမလား မသိဘူး" ဟု ဆိုလေသည်။

ယောင်ယောင်ကတော့ အဖိုး ကျန်းဆန်းဖုန်း အကြောင်း ဘာမှမသိသေးဘူးပဲ ဟု ကျန်းဝူကျိက စိတ်ထဲက တွေးနေမိသည်။

အကယ်၍ ကျန်းဆန်းဖုန်းကို သာမန်သိုင်းလောကသားများ၏ စံနှုန်းနှင့် ကြည့်မည်ဆိုပါက သူသည် အိုမင်းမစွမ်း ဖြစ်နေပြီဟု ထင်ရပေလိမ့်မည်။ သိုင်းလောကတွင် အင်အားချင်းယှဥ်ပါက အသက်အရွယ်က စကားပြောသည်' ဟု ဆိုရိုးရှိသည်။ သင်၏ သိုင်းကွက်များ မည်မျှဆန်းပြားစေကာမူ၊ အတွင်းအား မည်မျှကြီးမားစေကာမူ ခံနိုင်ရည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် လူငယ်ကို မယှဉ်နိုင်သည်မှာ သဘာဝပင်။

သို့သော် ကျန်းဆန်းဖုန်းမှာမူ ထိုဥပဒေသ၏ အပြင်ဘက်တွင် ရှိနေသူ ဖြစ်သည်။

ကျန်းဆန်းဖုန်း အဘိုးကြီး ကျင့်ကြံနေသည်မှာ သာမန်သိုင်းပညာ မဟုတ်တော့ဘဲ နတ်မင်းတစ်ပါးကဲ့သို့ မသေနိုင်သော ကျင့်စဉ်မျိုးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းဝူကျိသည် ကျန်းဆန်းဖုန်းနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးရာ အခြားအိုမင်းနေသော သိုင်းပညာရှင်ကြီးများနှင့် မတူဘဲ သူသည် အမြဲတမ်း တက်ကြွလန်းဆန်းနေပြီး လူငယ်တစ်ဦးဖြစ်သော ကျန်းဝူကျိထက်ပင် အားအင်ပိုရှိနေသည်ကို တွေ့ရသည်။

ဒါသည် သာမန်သဘာဝနှင့် လုံးဝဆန့်ကျင်နေပေသည်။ ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျန်းဆန်းဖုန်းသည် လူသားတို့၏ နယ်ပယ်ကို ကျော်လွန်ပြီး နတ်ဘုရားတို့၏ နယ်ပယ်ကို ထိတွေ့နေပြီ ဖြစ်ခြင်းပင်။ ဤလောကတွင် မသေနိုင်သော နတ်ဘုရား ဖြစ်လာရန်မှာ မဖြစ်နိုင်သော်လည်း လူသားတို့၏ စိတ်ကူးကို ကျော်လွန်သည့် သက်တမ်းရှည်မှုနှင့် အစွမ်းများကို ပိုင်ဆိုင်ထားခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကျန်းဝူကျိ အမြဲတမ်း ရှာဖွေနေခဲ့သည်မှာလည်း ထိုအရာမျိုးပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ အာဏာနှင့် စိုးမိုးမှုများမှာ ခဏတာမျှသာ ဖြစ်သော်လည်း ထာဝရအသက်ရှည်မှုမှာသာ အစစ်အမှန် ဖြစ်သည် မဟုတ်ပါလား။

ဥပမာအားဖြင့် ဒုဂူချီပိုင်နှင့် ဟွမ်ရှန်းတို့မှာ ထိုခေတ်က မည်မျှကျော်ကြားခဲ့ပါစေ ယခုအခါတွင်မူ မြေမှုန့်အဖြစ်သာ ကျန်ရစ်တော့သည်။

ကျန်းဝူကျိ လုပ်ချင်သည်မှာ ထိုအရာအားလုံးကို ပြောင်းလဲပစ်ရန်ပင်။

ယခု သူ၏ သိုင်းပညာအဆင့်အတန်းနှင့်ဆိုလျှင် ကျန်းဆန်းဖုန်းမှလွဲ၍ သူ မေးမြန်းစရာ လူမရှိတော့ပေ။

သို့သော် သူ အများကြီး စဉ်းစားမနေတော့ပါ။ မည်သို့ပင်ဖြစ်စေ ကျန်းဆန်းဖုန်းမှာ သူ၏ အဘိုးအရင်းကဲ့သို့ ချစ်ခင်ရသူ ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်သွားရောက် မေးမြန်းရုံသာ ရှိတော့သည်။ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော သိုင်းပါရဂူကြီးဖြစ်သော ကျန်းဆန်းဖုန်း၏ အတွေ့အကြုံများမှာ မည်သူ့အတွက်မဆို များစွာ အကျိုးရှိမည်မှာ ဧကန်မလွဲပင်။

ထို့ပြင် ကျန်းဝူကျိတွင် အနည်းငယ် စပ်စုချင်သော စိတ်လည်း ရှိနေသည်။ ဆုန့်ချင်းရှူး တစ်ယောက် ဒီအချိန်မှာ ဘာတွေလုပ်နေမလဲဆိုတာကို သူ သိချင်နေမိသည်။ အားနေသည့် အချိန်တွင် သူ့ကို သွားရောက်နှိပ်စက်ခြင်းမှာလည်း အချိန်ဖြုန်းရန် နည်းလမ်းကောင်း တစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။

အခန်း ( ၂၄၄) ကျိုးကျစ်လော့နှင့် ဆုံစည်းခြင်း၊ ရှေးဟောင်းဂူသင်္ချိုင်းနှင့် အော့မေ့ဂိုဏ်းတို့၏ အစပြုရာ

ရန်ယောင်ချင်းသည် ကျန်းဝူကျိ၏ ဝူတန်တောင်သို့ သွားရန် အကြံပြုချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလေသည်။ မူလကပင် သူမ၌ ရှေးဟောင်းဂူသင်္ချိုင်းမှ အပြင်သို့မထွက်ရဟူသော တင်းကျပ်သည့် စည်းကမ်းမရှိပေ။ သို့မဟုတ်ပါက ယခင်က ရှီဟော်လုံကို ကူညီခဲ့လိမ့်မည်မဟုတ်ချေ။ ယခုအခါ သူမသည် ကျန်းဝူကျိ၏ ဇနီး ဖြစ်လာခဲ့ပြီဖြစ်ရာ ကျန်းဝူကျိ ပြောသမျှကိုသာ နားထောင်တော့သည်။ သူမအတွက်မူ ကျန်းဝူကျိနှင့် အတူရှိနေရလျှင်ပင် အရာအားလုံး ပြည့်စုံနေပြီဖြစ်၏။

သူတို့နှစ်ဦးသည် လိုအပ်သည်များကို ပြင်ဆင်ပြီးနောက် နောက်တစ်နေ့တွင် ရှေးဟောင်းဂူသင်္ချိုင်းမှ ထွက်ခွာ၍ ဝူတန်တောင်သို့ ဦးတည်ခဲ့ကြသည်။ တောင်အောက်သို့ မဆင်းမီ ရန်ယောင်ချင်းသည် ချွမ်ကျန်းဂိုဏ်းကို လက်ရှိအုပ်ချုပ်နေသော ချင်းကျင်ကျီထံသို့ သွားရောက်အသိပေးခဲ့သည်။ ချင်းကျင်ကျီသည်လည်း ကန့်ကွက်ခြင်းမရှိသည့်အပြင် ခရီးစရိတ်အဖြစ် ငွေစအချို့ပင် ပေးသော်လည်း ရန်ယောင်ချင်းက ငြင်းပယ်ခဲ့ပြီး ကျန်းဝူကျိနှင့်အတူ ကျုံးနန်တောင်အောက်သို့ ဆင်းလာခဲ့လေသည်။

တောင်အောက်သို့ ရောက်သည်နှင့် သူတို့နှစ်ဦးသည် ဝူတန်တောင်ရှိရာသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။ သို့သော် တောင်ဘက်သို့ ခရီးမိုင် တစ်ရာခန့်အကွာ မြို့နှစ်မြို့ကို ဖြတ်ကျော်ပြီးနောက်တွင် မထင်မှတ်ထားသော လူဟောင်းတစ်ယောက်နှင့် ဆုံတွေ့ရလေသည်။

ထိုသူမှာ မည်သူနည်း။

ထိုမိန်းကလေးသည် လမင်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ကိုယ်လုံးလေးပေါ်တွင် တိမ်တိုက်တစ်ခု လွှမ်းခြုံထားသကဲ့သို့ နူးညံ့လှပနေသည်။ သူမ၏ ခြေလှမ်းတိုင်းမှာ ပေါ့ပါးလှပပြီး ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသော်လည်း လေထဲတွင် ဝေ့ယမ်းနေသော မိုးကုတ်စက်ဝိုင်းမှ မိုးမခပင်လေးကဲ့သို့ နွဲ့နှောင်းလှပလျက်ရှိသည်။

သူမ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့ဝင်းပနေပြီး ပါးပြင်ပေါ်ရှိ ပန်းနုရောင်အသွေးမှာ နွေဦးခက်ဖျားမှ မက်မွန်ပွင့်လေးများအလား မြင်သူငေးလောက်အောင် လှပသည်။ သူမ၏ မျက်ခုံးအစုံမှာ နွေဦးတောင်တန်းများကဲ့သို့ ထင်ရှားပြီး မျက်ဝန်းအစုံမှာ ဆောင်းဦးရေကန်ကဲ့သို့ ကြည်လင်တောက်ပကာ ပုံပြင်ပေါင်းများစွာကို ဝှက်ဖုံးထားသယောင် ရှိနေသည်။ နှာတံလေးမှာ စင်းလုံးချောဖြစ်ပြီး နှုတ်ခမ်းလွှာလေးများမှာ မှည့်ဝင်းနေသော ချယ်ရီသီးလေးများနှယ် နီမြန်းနေ၏။ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များသည် ကျောပြင်ထက်တွင် ရေတံခွန်ကဲ့သို့ စီးကျနေပြီး ပါးပြင်နှစ်ဖက်သို့ ဝဲကျနေသော ဆံမြိတ်လေးများက သူမ၏ အလှကို ပိုမိုပီပြင်စေသည်။

ထိုမျှလောက် လှပသော မိန်းကလေးမှာ နတ်သမီးတစ်ပါးနှင့်ပင် တူလှသဖြင့် ကျန်းဝူကျိမှာ အံ့အားသင့်ကာ ရပ်တန့်သွားမိသည်။ ထို့နောက် ဝမ်းသာအားရဖြင့် ရှေ့သို့တိုးကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"ကျစ်လော့ ၊ မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"

မှန်ပေသည်၊ ထိုထူးကဲလှပသော မိန်းကလေးမှာ ကျိုးကျစ်လော့ပင် ဖြစ်၏။ ကျန်းဝူကျိနှင့် အခြားသူများ ကွမ်မင်တောင်ထိပ်သို့ ပြန်သွားပြီးနောက် ကျိုးကျစ်လော့သည် ထိုနေရာတွင် ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို ကျင့်ကြံခဲ့သည်။ ထို့နောက် သီလရှင် မြဲ့ကြွယ်၏ ဆင့်ခေါ်မှုကြောင့် အော့မေ့တောင်သို့ ပြန်သွားခဲ့ရာ မဆုံတွေ့ရသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ကျန်းဝူကျိမှာ အံ့ဩနေမိသည်။ ဤနေရာမှာ အလယ်ပိုင်းဒေသဖြစ်ပြီး ဘာရှုဒေသ မဟုတ်ပေ။ ကျိုးကျစ်လော့က အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။

ကျိုးကျစ်လော့သည်လည်း ကျန်းဝူကျိကို မြင်သဖြင့် ဝမ်းသာသွားသော်လည်း ကျန်းဝူကျိ၏ ဘေးတွင် ရှိနေသော ရန်ယောင်ချင်းကို သတိပြုမိသွားသည်။ ရန်ယောင်ချင်း၏ အလှအပနှင့် ကိုယ်နေဟန်ထားမှာ သူမထက်ပင် မနိမ့်ကျလှသဖြင့် ကျိုးကျစ်လော့၏ မျက်နှာမှာ အနည်းငယ် ပျက်သွားလေသည်။

ကျိုးကျစ်လော့က စိတ်ကောက်သည့်လေသံဖြင့် ပြောလိုက်သည်။

"ရှင့်ကို လာရှာတာပေါ့။ ကျမရဲ့ ဝူကျိအစ်ကိုက ကျမနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ လွမ်းနေမှာပဲလို့ ထင်နေတာ။ အခုတော့ အချစ်သစ်နဲ့ တွေ့နေပြီဆိုတော့ ကျမကပဲ အလိုက်မသိသလို ဖြစ်သွားပြီထင်တယ်"

သူမ၏ စကားအဆုံးတွင် အသံမှာ အလွန်ဝမ်းနည်းနေသကဲ့သို့ ဖြစ်နေသဖြင့် ကြည့်ရသူအပေါင်းမှာ သနားစရာကောင်းလှသည်။

ကျန်းဝူကျိက ရယ်မောလျက် ပြောလိုက်သည်။

"ကဲပါ ကျစ်လော့ရယ်၊ မနောက်ပါနဲ့တော့။ ငါက မိန်းမရှုပ်တယ်ဆိုတာ မင်းလည်း သိသားပဲ။ ဒါနဲ့ မင်း အရင်က မသိခဲ့တဲ့ ဒီမိန်းကလေး ရန်က မင်းတို့ အော့မေ့ဂိုဏ်းနဲ့ တော်တော်လေး ပတ်သက်မှုရှိတယ်"

"ဟင်၊ ဘယ်လို ပတ်သက်တာလဲ" ဟု ကျိုးကျစ်လော့က ရန်ယောင်ချင်းကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

ကျန်းဝူကျိက ပြုံးလျက် မေးလိုက်ပြန်သည်။

"ကျစ်လော့၊ မင်းတို့ အော့မေ့ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဂိုဏ်းဆရာကြီးက ဘယ်သူလဲ ဆိုတာ မင်း သိလား"

ကျိုးကျစ်လော့က ကျန်းဝူကျိကို ထူးဆန်းသလို ကြည့်ကာ ဖြေလိုက်သည်။

"ဝူကျိအစ်ကိုကလည်း ဘာတွေ လာမေးနေတာလဲ။ အော့မေ့ဂိုဏ်းကို တည်ထောင်ခဲ့တာ သူရဲကောင်းမ ကောရှန့် ဆိုတာ လူတိုင်း သိတာပဲလေ"

"ဟုတ်တာပေါ့"

ကျန်းဝူကျိက လက်ခုပ်တီးလျက် ပြောလိုက်သည်။

"ဒါဆိုရင် ကောရှန့် တစ်သက်လုံး ချစ်မြတ်နိုးခဲ့ရတဲ့သူက ဘယ်သူလဲ ဆိုတာကော မင်း သိလား"

ကျိုးကျစ်လော့က ခပ်အေးအေးပင် ဖြေလိုက်သည်။

"ဒါလည်း လူတိုင်းသိတဲ့ ကိစ္စပဲလေ။ သူရဲကောင်း ရန်ကော် ပေါ့။ 'မင်းမွေးတော့ ငါက ကြီးနေပြီ၊ ငါမွေးတော့ မင်းက အိုနေပြီ' ဆိုတဲ့ ပုံပြင်လိုမျိုးပေါ့။ ဒါနဲ့ မိန်းကလေး ရန်နဲ့ ဘာဆိုင်လို့လဲ... ဟင်"

ကျိုးကျစ်လော့ စကားပြောနေရင်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အလန့်တကြား အော်ဟစ်လိုက်မိသည်။ ကျန်းဝူကျိက ဘာမှမပြောဘဲ သူမကို ပြုံး၍သာ ကြည့်နေလေသည်။

ကျိုးကျစ်လော့က ပါးစပ်လေးကို အုပ်ကာ အံ့ဩတကြီး မေးလိုက်သည်။

"ရန်... ဒီမိန်းကလေး ရန်က သူရဲကောင်းကြီးနဲ့ ပတ်သက်နေတာလား"

"မှန်တယ်၊ မင်း တော်တော် ဉာဏ်ကောင်းတာပဲ။ ဒီမိန်းကလေး ရန်ယောင်ချင်းက သူရဲကောင်း ရန်ကော်ရဲ့ မျိုးဆက်ပဲ"

ကျန်းဝူကျိက နောက်ဆုံးတွင် ထုတ်ဖော်ပြောလိုက်သည်။ ကျိုးကျစ်လော့၏ ဉာဏ်မှာ အမှန်တကယ်ပင် ထက်မြက်လှပေသည်။ အခြားသူသာဆိုလျှင် ဤမျှ မြန်မြန်ဆန်ဆန် ရိပ်မိလိမ့်မည်မဟုတ်ချေ။

ကျိုးကျစ်လော့မှာ ရိပ်မိပြီးသား ဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရသည့်အခါ အံ့ဩသွားမိသည်။

"ဒါက တကယ်ကို ပတ်သက်နေတာပဲ။ ဒါပေမဲ့ ဒီပတ်သက်မှုက နည်းနည်းတော့ ထူးဆန်းသလိုပဲနော်။ ကျမတို့ ဂိုဏ်းဆရာကြီး ကောရှန့်သာ သိရင် တော်တော်လေး ခေါင်းကိုက်သွားမှာပဲလို့ ခံစားနေရတယ်"

"ဟားဟား၊ ကောရှန့်က ကလေးတစ်ယောက်လို စိတ်သဘောထားဖြူစင်တာပဲ။ ဒီလို ကိစ္စလေးကို စိတ်ထဲ ထားပါ့မလား"

ကျန်းဝူကျိက ရယ်မောကာ ဆက်ပြောလိုက်သည်။

"တကယ်တော့ ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဝူတန်ဂိုဏ်း၊ ရှေးဟောင်းဂူသင်္ချိုင်းနဲ့ အော့မေ့ဂိုဏ်းတို့က အမြဲတမ်း ဆက်နွှယ်နေကြတာ။ အရင်က ကောရှန့်က သူရဲကောင်းကြီးကို ချစ်ခဲ့ပေမဲ့ မရခဲ့ဘူး။ ငါ့ရဲ့ ဆရာဖိုးဖိုး ကျန်းဆန်းဖုန်းကလည်း ကောရှန့်ကို ချစ်ခဲ့ပေမဲ့ မရခဲ့ဘူး။ ဒါကြောင့် ငါ့ဆရာဖိုးဖိုးနဲ့ သူရဲကောင်းကြီးက ပြိုင်ဘက်တွေလို့တောင် ပြောလို့ရတယ်။

အခုတော့ ငါက ကံကောင်းလို့ ဇနီးတွေ အများကြီး ရနေပြီ။ ရှေးဟောင်းဂူသင်္ချိုင်းက ရန်ယောင်ချင်းရော၊ အော့မေ့ဂိုဏ်းက ကျိုးကျစ်လော့ရော ငါ့မိန်းမတွေ ဖြစ်လာကြပြီ။ ငါကလည်း ဝူတန်ဂိုဏ်းရဲ့ မျိုးဆက်ဆိုတော့ ဆရာဖိုးဖိုးရဲ့ ဆုံးရှုံးမှုတွေကို ငါကပဲ အစားထိုး ဖြည့်ဆည်းပေးလိုက်သလို ဖြစ်နေတာပေါ့"

ထိုထူးဆန်းလှသော အတွေးအခေါ်ကို ကြားရသည့်အခါ ရန်ယောင်ချင်းနှင့် ကျိုးကျစ်လော့တို့နှစ်ဦးလုံး အောင့်သက်သက် ဖြစ်သွားကြသည်။ သို့သော် သူ၏ ယုတ္တိအတိုင်း စဉ်းစားကြည့်လျှင်လည်း ကျန်းဝူကျိမှာ အမှန်တကယ်ပင် အမြတ်ထွက်နေသည်ဟု ဆိုရမည်ဖြစ်၏။

"လျှောက်ပြောနေပြန်ပြီ" ဟု ရန်ယောင်ချင်းက မျက်စောင်းလေး ထိုးလျက် ပြောလိုက်သည်။

ကျိုးကျစ်လော့ကလည်း နှုတ်ခမ်းလေးမဲ့ကာ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်" ဟု ဆိုလေသည်။

ကျန်းဝူကျိက ရယ်မောကာ "ဘာဖြစ်လဲ၊ ငါ လျှောက်ပြောတာပဲဖြစ်ဖြစ်၊ အထင်ကြီးတာပဲဖြစ်ဖြစ် ဘယ်သူက တားမှာလဲ။ ငါ့လို မိန်းမရှုပ်တဲ့လူကိုမှ မင်းတို့ အလှလေးနှစ်ယောက်က ချစ်မိနေတာကိုး။ ငါသာ မင်းတို့ကို ဆရာဖိုးဖိုးနဲ့ ပေးတွေ့ရင် သူ တော်တော်လေး ဝမ်းသာသွားမှာ အသေအချာပဲ" ဟု ပြောလိုက်သည်။

ဤသည်မှာ လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။ ကျန်းဝူကျိ၏ အဆင့်အတန်းနှင့်ဆိုလျှင် မိန်းမအနည်းငယ် ပိုရှိနေခြင်းမှာ ကိစ္စမဟုတ်ပေ။ အထူးသဖြင့် ကျိုးကျစ်လော့မှာ အော့မေ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ရန်ယောင်ချင်းမှာ ရှေးဟောင်းဂူသင်္ချိုင်း၏ အရှင်သခင်မ ဖြစ်ရာ သာမန်မိန်းကလေးများနှင့် များစွာ ကွာခြားလှသည်။ ကျန်းဝူကျိ ဤမျှ စွမ်းဆောင်နိုင်သည်ကို ကျန်းဆန်းဖုန်းသာ သိလျှင် အားရပါးရ ရယ်မောမိမည်မှာ အမှန်ပင်။

ကျန်းဝူကျိသည် ပြောပြီးသည်နှင့် တစ်ဖက်တွင် ရန်ယောင်ချင်း၊ တစ်ဖက်တွင် ကျိုးကျစ်လော့တို့ကို ရင်ခွင်ထဲသို့ တစ်ပြိုင်နက် ဆွဲသွင်းဖက်ထားလိုက်ပြီး ရယ်မောလျက် မေးလိုက်သည်။

"ပြောစမ်းပါဦး အလှလေးတို့ရယ်၊ မင်းတို့ထဲက ဘယ်သူက ငါ့ကို ထားခဲ့နိုင်မှာလဲ"

ဤနေရာမှာ မြို့ငယ်လေးတစ်ခု၏ လမ်းမပေါ်တွင် ဖြစ်သည်။ လူသွားလူလာ အလွန်မများသော်လည်း အနည်းငယ်တော့ ရှိနေ၏။ ရုတ်တရက် ကျန်းဝူကျိ၏ ဖက်လဲတကင်း လုပ်ခြင်းကို ခံလိုက်ရသဖြင့် မိန်းကလေးနှစ်ဦးလုံး အလန့်တကြား အသက်ရှူမှားသွားကြသည်။ ယောက်ျားပီသသော အနံ့အသက်များကြောင့် သူတို့၏ မျက်နှာလေးများမှာ နီမြန်းသွားကြလေသည်။

သို့သော် သူတို့၏ တုံ့ပြန်ပုံမှာ မတူညီကြပေ။ ရန်ယောင်ချင်းကတော့ ခပ်ပြုံးပြုံးလေးနှင့်ပင် ကျန်းဝူကျိ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီတွယ်နေပြီး အလွန်နူးညံ့သိမ်မွေ့နေသည်။

ကျိုးကျစ်လော့မှာမူ မျက်နှာလေး နီမြန်းလျက် "ဝူကျိအစ်ကိုရယ်၊ လူတွေ အများကြီး ကြည့်နေကြတာကို။ တော်တော်လေး ရှက်စရာကောင်းတယ်" ဟု တိုးတိုးလေး ဆိုလေသည်။

ကျန်းဝူကျိကတော့ ရန်ယောင်ချင်းမှာ သူ့ကို လက်ခံပြီးကတည်းက စည်းကမ်းများကို ဂရုမစိုက်တော့သည်ကို နားလည်သော်လည်း ကျိုးကျစ်လော့မှာမူ အခြားသူများ၏ အမြင်ကို ဂရုစိုက်နေဆဲဖြစ်သည်ကို သိရှိလိုက်ပေသည်။

All Chapters