← Chapters

ဦးလေးကြီး လုရှန်ယွမ်

Vol. 24 Ch. 351

ဦးလေးကြီး လုရှန်ယွမ်

Vol. 24 Ch. 351

"ပိုင်ကျီဟန်တစ်ယောက် နောက်ပြောင်နေတာတော့ မဟုတ်ပါဘူးနော်?"

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန် ပေါ်လာမည်ကို စောင့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ပိုင်ကျီဟန်သည် လုရှန်ယွမ်ကဲ့သို့သော လူမျိုးကို ကြောက်ရွံ့မည့်သူမဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။

သို့သော် သူသည် ဤတိုက်ပွဲကို အလေးအနက်မထားဘဲ ပေါ့ဆနေမည်ကိုလည်း သူမ စိုးရိမ်နေမိသည်။

ပိုင်ကျီဟန်အတွက်မူ ဤသည်မှာ အရေးမပါသော ကိစ္စလေးတစ်ခု ဖြစ်နိုင်သော်လည်း ကျန်ရှိသူများအတွက်မူ ဤတိုက်ပွဲသည် ကောင်းကင်ဓားဂိုဏ်းအတွင်း သြဇာအာဏာ အပြောင်းအလဲဖြစ်စေနိုင်သည့် အရေးကြီးသော တိုက်ပွဲတစ်ခု ဖြစ်နေသည်။

ချူကျီယန်လည်း အသေအချာ မပြောနိုင်ချေ။

ကျန်ရှိနေသောသူများမှာမူ စိတ်ထဲမှ စတင်၍ ရေတွက်နေကြသည်။

အသက်ရှူအကြိမ် ၁၀ ကြိမ်။

တစ်ကြိမ်စီ ကုန်ဆုံးသွားတိုင်း ပိုမိုလေးလံလာသကဲ့သို့ ခံစားရသည်။

ငါးကြိမ်မြောက် အရောက်တွင် လူအုပ်ကြီး၏ တီးတိုးပြောသံများမှာ မငြိမ်မသက် ဖြစ်လာသည်။

ခုနစ်ကြိမ်မြောက် အရောက်တွင်မူ တိုးတိုးပြောသံများသည် လှောင်ပြောင်သံများအဖြစ် ပြောင်းလဲသွားသည်။

"သူ တကယ်ပဲ ထွက်ပြေးသွားပုံရတယ်"

"သူ တကယ်ပဲ ထွက်မလာရဲဘူးပဲ..."

ဂိုဏ်းခေါင်းဆောင်အုပ်စုဝင်များပင်လျှင် နိုင်ငံရေးအရ သူတို့အပေါ် ကျရောက်လာတော့မည့် ရိုက်ခတ်မှုကို ကြိုတင်သိရှိနေသကဲ့သို့ လက်လျှော့လိုက်သော မျက်နှာအမူအရာများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အကြီးအကဲ ဝူဟမ်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာပြီး ကျေနပ်အားရနေသည်။

တိုက်ပွဲ အမှန်တကယ် မဖြစ်ပွားခဲ့သဖြင့် လုရှန်ယွမ် တိုက်ခိုက်အနိုင်ယူလိုက်သလောက် အကျိုးသက်ရောက်မှု မရှိနိုင်သော်လည်း ဤမျှနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

လူအများ ကြောက်ရွံ့ရသော ပိုင်ကျီဟန်ပင်

လျှင် လုရှန်ယွမ်ကို စိန်ခေါ်ပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို တပည့်အားလုံး သိသွားကြပေလိမ့်မည်။

ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအုပ်စု၏ သြဇာအာဏာမှာလည်း ယှဉ်ပြိုင်သူမရှိ ဖြစ်လာတော့မည်။

လုရွှမ်ယွမ်ကမူ...

အေးစက်၍ သာလွန်သူတစ်ယောက်၏ အကြည့်ဖြင့် ဗလာဖြစ်နေသော ဝင်ပေါက်လမ်းကို စိုက်ကြည့်နေသည်။

ရှစ်ကြိမ်မြောက်။

ဘာမှ ထူးမလာသေးပေ

ကိုးကြိမ်မြောက်။

သူ၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးညွတ်သွားသည်။

သူက အထင်သေးမှုများ အပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

"ဒါ ပိုင်ကျီဟန်ပဲလား။ တကယ်ကို လိုက်ဖက်ပါတယ်။ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ... သူရဲဘောကြောင်တဲ့သူဟာ သူရဲဘောကြောင်တဲ့သူပဲ။"

လုရှန်ယွမ်သည် ထင်ရှားနေသော ရလဒ်ကို ကြေညာရန် လက်တစ်ဖက်ကို မြှောက်လိုက်

သည်။

"ပေါ်မလာတဲ့ စိန်ခေါ်သူဆိုတာ—"

သူ၏အသံသည် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ပေါ်လာသည်။

"—ဘာမှ မဟုတ်တဲ့—"

သူ စကားမဆုံးခင်ပေ

ထိုအချိန်အတိအကျမှာပင်...

ပရိသတ်အားလုံးသည် အခြားတစ်ဖက်သို့ လှည့်ကြည့်ရင်း အံ့အားသင့်ကာ အသံများ ထွက်ပေါ်လာသည်။

ဖတ်

လမ်းလျှောက်လာသည့် ခပ်မှန်မှန် ခြေသံတစ်ခုသည် လမ်း၏ အဆုံးမှ ပဲ့တင်ထပ်လာသည်။

ဖြည်းဖြည်းနှင့် မှန်မှန်ပင်

တစ်ဂိုဏ်းလုံးက သူ့ကို စောင့်နေသည်ကို ဂရုမစိုက်သည့်အလား အလျင်မလိုဘဲ လျှောက်လှမ်းလာခြင်း ဖြစ်သည်။

စကားသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။

လူပေါင်းထောင်ချီ၏ ခေါင်းများသည် ထိုဘက်သို့ လှည့်သွားကြသည်။

အကြီးအကဲများလည်း စကားပြောခြင်းကို ရပ်လိုက်ကြသည်။ လူတိုင်းသည် သူ၏ နောက်ကွယ်တွင် အတင်းအဖျင်း ပြောနိုင်ကြသော်လည်း သူ၏ ရှေ့မှောက်တွင်မူ ထိုစကားများကို မြိုချလိုက်ကြရုံမှတစ်ပါး အခြားမရှိချေ။

အကြောင်းမှာ ပိုင်ကျီဟန်သည် တစ်စုံတစ်ဦးအပေါ် လက်စားချေရန် ကြံစည်ပြီဆိုလျှင် သူ့ကို မည်မျှပင် အထင်သေးနေပါစေ၊ အသက်ဘေးအတွက် မကြောက်ဘဲ မနေနိုင်သောကြောင့်ပင်။

ပိုင်ကျီဟန်သည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် စိန်ခေါ်ပွဲစင်မြင့်ဆီသို့ လျှောက်လှမ်းလာသည်။ အကြည့်အားလုံးမှာ သူ့ထံသို့ ကျရောက်နေသည်။

သူသည် သာမန်အတိုင်းပင် လျှောက်လှမ်းလာပြီး သူ၏ ခြေလှမ်းတိုင်းသည် တိတ်ဆိတ်နေသော်လည်း ယခင်က ဆူညံသံအားလုံးထက် ပို၍ ကျယ်လောင်နေသကဲ့သို့ ရှိသည်။

ပိုင်ကျီဟန်သည် စင်မြင့်သို့ တက်ရာလမ်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး သူ၏ ဝတ်ရုံစများမှာ လေအဝေ့တွင် အသာအယာ လွင့်ပျံနေသည်။

အလျင်လိုခြင်း မရှိ၊ တင်းမာနေခြင်း မရှိ၊ တောင်းပန်လိုသည့် အရိပ်အယောင်ပင် အနည်းငယ်မျှ မရှိပေ။

နောက်ဆုံးတွင် သူသည် စင်မြင့်၏ အစွန်းသို့ ရောက်ရှိလာပြီး ပွဲကြည့်စင်ပေါ်ရှိ ထောင်ပေါင်းများစွာသော တပည့်များ၊ အကြီးအကဲများ၊ တောင်ထိပ်သခင်များနှင့် ခန်းမသခင်များကို ပျင်းရိပျင်းတွဲ အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

သူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အပြင် ပျင်းရိနေပုံပင် ပေါက်နေသည်။

ထို့နောက်

ပိုင်ကျီဟန်သည် ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး ကျယ်လောင်လွန်းခြင်းလည်း မရှိ၊ တိုးလွန်းခြင်းလည်း မရှိသော အသံဖြင့် စကားပြောလိုက်သော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"ဟင်? ဒီမှာ လူတွေအများကြီး စုနေကြလိမ့်မယ်လို့ ငါ မထင်ထားဘူး။"

ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော စိတ်ပျက်သံဖြင့် ပြောလိုက်ပြန်သည်။

"ကောင်းကင်ဓားဂိုဏ်းက လူတွေမှာ အားလပ်ချိန်တွေ ဒီလောက်တောင် ပိုနေကြတာလား။"

လေထုတစ်ခုလုံး အေးခဲသွားသည်။

"အပြင်တပည့်တွေ၊ အတွင်းတပည့်တွေ၊ အဓိကတပည့်တွေ... ပြီးတော့ အကြီးအကဲတွေပါ ပါသေးတယ်။"

စကားကို ခဏရပ်ပြီး သူပြောလိုက်သည့် စကားများအား လူတွေ၏ နားထဲ စွဲသွားအောင် လုပ်လိုက်သည်။

"အားလုံးက ကျင့်ကြံခြင်းကို မလုပ်ကြဘဲ ဒီမှာ လာရပ်ကြည့်နေကြတာလား”

လူအုပ်ကြီးထဲတွင် ဒေါသတကြီး အော်ဟစ်သံများ ပေါက်ကွဲထွက်လာသည်။

"သူ အခု ဘာပြောလိုက်တာလဲ?”

"ငါတို့ ဒီကို ရောက်နေတာ သူကြောင့်လေ— ဘယ်လိုတောင် ငါတို့ကို အပြစ်တင်ရဲတာလဲ?”

"သူ ရူးနေတာလား? တစ်ဂိုဏ်းလုံးက သူ့ကို မုန်းသွားအောင် လုပ်နေတာလား?”

သူ့ကို ထောက်ခံသူများပင်လျှင် မယုံနိုင်လောက်အောင် မှင်သက်သွားကြသည်။

ကျင့်ကြံခြင်းနှင့် လေ့ကျင့်ခြင်းကိုသာ အမြဲတမ်း အာရုံစိုက်တတ်သော ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့သည်ပင် ယနေ့တွင် ပိုင်ကျီဟန်ကို အားပေးရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယခုမူ— သူက လာရောက်ကြည့်ရှုသူ အားလုံးကို စော်ကားလိုက်လေပြီ။

၎င်းတို့၏ အချိန်များကို စတေး၍ သူ့ကို လာရောက်အားပေးခဲ့ကြသော်လည်း အစော်ကားခံရသည့်အခါ သူတို့ပါ အနည်းငယ် ဒေါသထွက်သွားကြသည်။

အကြီးအကဲ အချို့၏ မျက်နှာများမှာလည်း သိသိသာသာ ပျက်ယွင်းသွားပြီး မျက်မှောင်ကြုတ်သွားကြသည်။

"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ”

"သူ့မှာ လူကြီးလူကောင်းကို ရိုသေမှု မရှိဘူးလား?”

"ငါတို့ကိုတောင် ဆုံးမရဲတယ်ပေါ့?”

တောင်ထိပ်သခင်မ ချင်းလန်သည်ပင်လျှင် ပိုင်ကျီဟန်၏ ထိုနားမခံသာသော ပါးစပ်ကို မည်သို့ ပြုပြင်ပေးရမည်နည်းဟု တွေးတောရင်း နားထင်ကို ပွတ်နေမိသည်။

အကြီးအကဲ ဝူဟမ်နှင့် ကျန်ရှိသူများ မည်မျှ စော်ကားခံရသလို ခံစားရမည်ကို ပြောနေစရာပင် မလိုတော့ချေ။

သူတို့အနေဖြင့် လုရှန်ယွမ် ပိုင်ကျီဟန်၏ ပါးစပ်ကို ပိတ်ပစ်မည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။

ပိုင်ကျီဟန်— သူသည် သူတို့ ဤနေရာသို့ ရောက်လာရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။

သူသာ လုရှန်ယွမ်ကို စိန်မခေါ်ခဲ့လျှင် မည်သူမျှ ဤနေရာတွင် ရှိနေကြမည် မဟုတ်ပေ။

သို့သော်လည်း ယခုမူ သူကိုယ်တိုင်ကြောင့် ရောက်လာရသူများကို သူကပင် အလုပ်မကြိုးစားကြဟု ဝေဖန်နေလေသည်။

လုရှန်ယွမ်အဖို့မှာမူ—

မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားပြီး နဖူးပေါ်ရှိ သွေးကြောများမှာလည်း တဒိတ်ဒိတ် တုန်လာသည်။

ဤမျှလောက် မာန်မာနထောင်လွှားသော ကောင်စုတ်သည် လူအများရှေ့တွင် သူ့ကို စိန်ခေါ်ခဲ့ပြီး နောက်ကျမှ ရောက်လာသည့်အပြင် သူ့ကို လာကြည့်ကြသည့် လူများကိုပါ စော်ကားသေးသည်။

ယခုလည်း သူကိုယ်တိုင်ကပင် စိတ်အနှောင့်အယှက် ဖြစ်နေရသည့်အလား ဟန်ဆောင်နေသေးသည်။

လုရှန်ယွမ်၏ ဝိညာဉ်စွမ်းအားများသည် ဒေါသကြောင့် ပေါက်ကွဲထွက်လာပြီး လေထုကိုပင် လှိုင်းလုံးများကဲ့သို့ ဖြတ်သန်းသွားသည်။

သူ ဒေါသထွက်နေရခြင်းမှာ ပိုင်ကျီဟန်သည် သူ့ကို တိုက်ခိုက်ရန် အာရုံမစိုက်ဘဲ အခြားအရာများကိုသာ အာရုံရောက်နေသောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်သည် သူ့ကိုသာ အာရုံစိုက်နေမည်ဟု မျှော်လင့်ထားသော်လည်း ဤတိုက်ပွဲကို အရေးမပါသော ဘေးထွက်ကိစ္စတစ်ခုကဲ့သို့ သဘောထားနေလေသည်။

"ပိုင်ကျီဟန်..မင်း ငါ့ကို စောင့်ခိုင်းရဲတယ်ပေါ့..မြန်မြန်လာပြီး အရှုံးကို လက်ခံလိုက်စမ်း”

ပိုင်ကျီဟန်သည် နောက်ဆုံးတွင် စင်မြင့်၏ အလယ်ဗဟိုရှိ လုရှန်ယွမ်ထံသို့ အကြည့်ကို လွှဲလိုက်သည်။

သူတို့၏ အကြည့်ချင်းသည် ပထမဆုံးအကြိမ် ဆုံတွေ့သွားကြသည်။

ထို့နောက်တွင်မူ...

ပိုင်ကျီဟန်၏ မျက်ခုံးများမှာ ဖြည်းဖြည်းချင်း တွန့်ချိုးသွားသည်။

ရန်လိုခြင်းကြောင့် မဟုတ်။

ဒေါသကြောင့်လည်း မဟုတ်ပေ။

တကယ်ကို... နားမလည်နိုင်အောင် ဇဝေဇဝါ ဖြစ်နေခြင်းပင်။

သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လုရှန်ယွမ်ကို စိတ်မသက်မသာ ဖြစ်လောက်အောင် အကြာကြီး စိုက်ကြည့်

နေသည်။

ထို့နောက် တမင်တကာပင် သူ၏ ဘယ်

ဘက်သို့ ကြည့်လိုက်သည်။

ညာဘက်သို့ ကြည့်သည်။

သူ့နောက်ကျောကိုလည်း လှည့်ကြည့်သည်။

နောက်ဆုံးတွင် လုရှန်ယွမ်ထံသို့ ပြန်ကြည့်လိုက်ပြန်သည်။ အခုထိ ဇဝေဇဝါ ဖြစ်နေဆဲပင်။

သူ၏ နှုတ်ခမ်းသည် အနည်းငယ် တွန့်ချိုးသွားပြီး အပြစ်ကင်းစင်သော နားမလည်ဟန် အပြည့်ဖြင့် မေးလိုက်သည်။

"ဘာလို့ လုရှန်ယွမ်က အခုထိ ရောက်မလာသေးတာလဲ?"

တစ်ဂိုဏ်းလုံးရှိ လူများသည် အံ့အားသင့်လွန်းသဖြင့် အသက်ပင် အရှူမှားသွားကြသည်။ လုရှန်ယွမ်၏ မျက်နှာမှာလည်း ဆတ်ခနဲ အေးခဲသွားသည်။

ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ လုရှန်ယွမ်ကို ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။

"ဦးလေးကြီး... သူ့ကို မြင်မိသေးလား? ကျွန်တော် ဒီနေ့ လုရှန်ယွမ်ဆိုတဲ့ ဂိုဏ်းတူတပည့်တစ်ယောက်နဲ့ တိုက်ဖို့ ရှိလို့ပါ။"

ဦးလေးကြီး

ထိုစကားလုံးသည် ဥက္ကာခဲတစ်ခုကဲ့သို့ ကျရောက်လာသည်။

တပည့်များသည်လည်း ရင်ဘတ်ကို ထိမှန်သွားသကဲ့သို့ အံ့အားသင့်ကာ ရေရွတ်နေကြသည်။

"ဦး-ဦးလေးကြီး၊ သူ အခုပဲ—“

“သူ လုရှန်ယွမ်ကို ဦးလေးကြီးလို့ ခေါ်လိုက်တာလား”

"သူက လုရှန်ယွမ်ကို တမင်တကာ လှောင်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲ မသိတာလား?"

လုရှန်ယွမ်၏ လက်များသည် ပြင်းထန်သော ဒေါသကြောင့် တုန်ရီနေသည်။

ပိုင်ကျီဟန်သည် သူ၏ အသက်အရွယ်ကို လှောင်ပြောင်လိမ့်မည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ အကြောင်းမှာ ပိုင်ကျီဟန်သည် ယခင်ကလည်း ထိုအကြောင်းပြချက်ကို သုံး၍ သူ့ကို စိန်ခေါ်ခဲ့ခြင်းကြောင့်ပင်။

သူသည် တိုက်ပွဲမစခင် စိတ်ကို ပြင်ဆင်ထားခဲ့သည် - ‘ငါ့အသက်ကြီးတာကို လှောင်လိမ့်မယ်... စိတ်ထိန်းစမ်း၊ စိတ်ထိန်းစမ်း' ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးထားခဲ့သည်။

ဒါပေမဲ့ အခုဟာကတော့

သူ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေချေပြီ။

မျက်နှာကို ဗြောင်ကျကျ ရိုက်လိုက်ခြင်းပင်။

မဟုတ်သေးပေ

မျက်နှာကို ရိုက်ရုံတင်မကဘဲ နောက်ကနေ ကန်ပြီး အရှင်လတ်လတ် မြေမြှုပ်လိုက်သလိုပင် ခံစားလိုက်ရသည်။

လုရှန်ယွမ်၏ မေးရိုးများသည် တဆတ်ဆတ် တုန်ရီနေပြီး သူ၏ ဝိညာဉ်စွမ်းအားများမှာလည်း ထိန်းမနိုင်သိမ်းမရ မြင့်တက်လာကာ ခြေထောက်အောက်ရှိ ကြွေပြားများမှာပင် အက်ကွဲကုန်သည်။

"မင်း..." သူက အံကြိတ်၍ လေတိုးသံဖြင့် ပြောလိုက်သည်။ "...မင်း သေတွင်းထဲကို ကိုယ်တိုင် ဆင်းနေတာပဲ”

"ဦးလေးကြီး... ဘာလို့ ဒေါသထွက်နေတာလဲ?"

ပိုင်ကျီဟန်သည် တကယ်ကို အံ့အားသင့်သွားပုံ ပေါက်နေသည်။ ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"သခင်လေး ပိုင်ကျီဟန်။အဲဒီ ဦးလေးကြီးက လုရှန်ယွမ်ပါခင်ဗျ”

"အို?" ပိုင်ကျီဟန်က အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။ "ခင်ဗျားက လုရှန်ယွမ်လား? တောင်းပန်ပါတယ်ဗျာ။ ခင်ဗျားပုံစံက နည်းနည်း... ရင့်ကျက်လွန်းနေလို့ပါ။"

သူသည် လုရှန်ယွမ်ကို စစ်ဆေးနေသည့်

အလား မျက်မှောင်ကြုတ်ကြည့်လိုက်၏

"သိတယ်မလား— ဒီမှာလည်း အရေးအကြောင်းတွေ၊ ဟိုမှာလည်း အရေးအကြောင်းတွေနဲ့... ကျွန်တော်ကတော့ ခင်ဗျားကို ပွဲလာကြီးကြပ်တဲ့ အကြီးအကဲ တစ်ယောက်လို့ တကယ် ထင်သွားတာ။"

အံ့သြတုန်လှုပ်သံများ ထပ်မံ ပေါက်ကွဲထွက်လာပြန်သည်။

တပည့်အချို့သည် ထိတ်လန့်သွားကြပြီး အချို့မှာမူ ဤအခြေအနေအရ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။

ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့ပင်လျှင် တပြိုင်နက်တည်း မျက်နှာလွှဲလိုက်မိကြသည်။

ဤသည်မှာ ပိုင်ကျီဟန်၏ စွမ်းရည်ပင် ဖြစ်သည်။ တိုက်ပွဲမစတင်မီ စကားလုံးများဖြင့်ပင် ပြိုင်ဘက်ကို အသေသတ်နေခြင်း ဖြစ်သည်။

လုရှန်ယွမ်သည် သူ၏ သတ်ဖြတ်လိုစိတ်ကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

"မင်း... အရှက်မရှိတဲ့... မာနခဲ... ပိုင်ကျီဟန်”

သူ၏ ဝိညာဉ်စွမ်းအားများသည် အပြင်သို့ ပေါက်ကွဲထွက်လာပြီး စင်မြင့်တစ်ခုလုံးကို တုန်ခါသွားစေသည်။

သို့သော် ပိုင်ကျီဟန်မှာမူ ကလေးတစ်ယောက် ဂျီကျနေသည်ကို ကြည့်နေသည့်အလား ပျင်းရိပျင်းတွဲဖြင့် နောက်သို့ အသာအယာ မှီလိုက်သည်။

သူက ခပ်ဖွဖွ သက်ပြင်းချလိုက်၏

"ဪ...တောင်းပန်ပါတယ်”

ပိုင်ကျီဟန်က တောင်းပန်လိုက်သည်။

ပိုင်ကျီဟန်သည် သူ၏ စော်ကားမှုမှာ လွန်သွားပြီဖြစ်၍ နောက်ဆုံးတွင် တောင်းပန်လိုက်ပြီဟု လူတိုင်းက ထင်လိုက်ကြသည်။

သို့သော်လည်း

"လုရှန်ယွမ်က ရောက်မလာသေးဘူး ထင်လို့ ကျွန်တော်က သူ့ကို စောင့်နေတာပါ။ သူ ကြောက်ပြီး ကျွန်တော့်ရဲ့ စိန်ခေါ်မှုကို လက်မခံရဲတော့ဘူးလို့တောင် ထင်မိသေးတယ်။"

ပိုင်ကျီဟန်သည် တကယ်ကို ရိုးသားစွာ ပြောနေသည့်ပုံစံဖြင့် ဆက်ပြောလိုက်သည်။

"ဒိုင်လူကြီး ဦးလေးကြီးက လုရှန်ယွမ်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မတွေးမိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ခင်ဗျားက ဒီလောက်အထိ အိုနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားလို့ပါ။"

ပိုင်ကျီဟန်၏ စကားလုံးများသည် လုရှန်ယွမ် အနာပေါ်သို့ ဆားဖြင့် ပက်လိုက်သကဲ့သို့ အထိနာစေသည်။ လုရှန်ယွမ်၏ နဖူးပေါ်ရှိ သွေးကြောများသည် မြေပုံတစ်ခု ဆွဲ၍ရလောက်အောင်ပင် ဖောင်းတက်နေသည်။

ပိုင်ကျီဟန်သည် မိနစ်ပိုင်းအတွင်းမှာပင် ဤမျှလောက်အထိ ရန်စနေပြီး မည်သို့ အသက်ရှင်နေနိုင်မည်နည်းဟု ပရိသတ်များအဖို့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

မုန်းတီးမှု၊ ဒေါသ၊ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု— ထိုအရာအားလုံး၏ အလယ်ဗဟိုတွင်မူ ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရပ်နေပြီး ထူးဆန်းသော အင်းဆက်တစ်ကောင်ကို ကြည့်နေသည့်အလား လုရှန်ယွမ်ကို စိုက်ကြည့်နေသည်။

တင်းမာမှုများသည် ပေါက်ကွဲတော့မည့် မုန်တိုင်းတစ်ခုကဲ့သို့ လေးလံလာသည်။

စိန်ခေါ်ပွဲပင် မစရသေးသော်လည်း လုရှန်ယွမ်မူ သူ၏ တည်ငြိမ်မှုအားလုံးကို ဆုံးရှုံးနေချေပြီ။

All Chapters