← Chapters

လုရှန်ယွမ် ဒုက္ခရောက်ပြီ

Vol. 24 Ch. 354

လုရှန်ယွမ် ဒုက္ခရောက်ပြီ

Vol. 24 Ch. 354

ဝှူး ! ဝှူး ! ဝှူး

လုရှန်ယွမ်၏ ပုံရိပ်မှာ ယခင်ကထက် ပိုမိုမြန်ဆန်စွာ ဝေဝါးသွားပြီး စင်မြင့်ထက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ဟိုတစ်ကွက် ဒီတစ်

ကွက် ပေါ်လာသည်။

သူသည် ဘယ်၊ ညာ၊ အထက်၊ အောက် နေရာအနှံ့သို့ လျှင်မြန်စွာ ခုန်ပျံကူးလူးနေပြီး သူ၏ ရွေ့လျားမှုနှုန်းသည် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည်။

(သူက ငါ့တိုက်ကွက်ကို ကြိုတင်ခန့်မှန်းနိုင်တယ် ဆိုရင်တောင်မှ မတုံ့ပြန်နိုင်လောက်တဲ့အထိ ငါ့ရဲ့အရှိန်ကို မြှင့်တင်ပစ်မယ်)

ယခုတစ်ကြိမ်တွင်မူ သူသည် ရှေ့တည့်တည့်မှ ဝင်ရောက်လာသည်။

သာမန်လူများအတွက်မူ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် လမ်းကြောင်းဖြစ်သော်လည်း ပိုင်ကျီဟန်၏ အကြည့်ရှေ့တည့်တည့်မှ တိုက်ခိုက်ခြင်းသည် မည်သူမျှ မမျှော်လင့်ထားသည့် အရပ်မျက်နှာပင် ဖြစ်သည်။

လုရှန်ယွမ်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

(အခုပဲ..မင်း တုံ့ပြန်နိုင်ရင် တုံ့ပြန်ကြည့်စမ်း)

သူသည် လေထုကို ခွဲနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ဓားကို တည့်တည့်ထိုးသွင်းလိုက်စဉ်

ဖြန်း

ပြတ်သားပြီး ကရုဏာမဲ့သော ရိုက်သံတစ်သံ ကွင်းအတွင်း ထပ်မံထွက်ပေါ်လာသည်။

ထို့နောက်—

ဘုန်း

လုရှန်ယွမ်သည် လေထဲတွင် လွင့်ထွက်သွားပြီး အကြိမ်ကြိမ် ပတ်ချာလည်ကာ ကြွေပြားများပေါ်သို့ မျက်နှာနှင့် စိုက်လျက်သား ကျသွားပြန်သည်။

"...သူ... သူ နောက်တစ်ခါ ပါးရိုက်ခံလိုက်ရပြန်ပြီ..."

"မဖြစ်နိုင်တာ.. နှစ်ခါရှိပြီ... နှစ်ခါတောင်... ပြီးတော့ ပိုင်ကျီဟန်က ဒါကို အလေးအနက်ထားပုံတောင် မပေါ်ဘူး။"

"လုရှန်ယွမ်က ဘာလို့ ရှေ့တည့်တည့်က တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာလဲ? ပိုင်ကျီဟန်ကလည်း အရမ်းမြန်တယ်ဆိုတာ သူ မသိဘူးလား?"

အကြီးအကဲများပင် မှင်သက်စွာ ကြည့်နေကြသည်။ သူတို့အားလုံးသည် ပိုင်ကျီဟန်၏ အရှိန်ကို အသိအမှတ်ပြုထားကြသူများ ဖြစ်သဖြင့် နောက်ကျောမှ တိုက်ခိုက်ခြင်းထက် ပြန်လည်တိုက်ခိုက်ရန် ပိုလွယ်ကူသော ရှေ့တည့်တည့်မှ တိုက်ခိုက်ခြင်းကို လုံးဝရှောင်ကြဉ်ကြမည် ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ၎င်းမှာ ပိုင်ကျီဟန်ကို အငိုက်မိစေမည်ဟု ထင်မှတ်ထားသော လုရှန်ယွမ်၏ မဆင်မခြင် လောင်းကြေးထပ်မှုပင် ဖြစ်သည်။

လုရှန်ယွမ်သည် တစ်ဖန် ဆွံ့အသွားရပြန်သည်။ တစ်ကြိမ်ဆိုလျှင် ကံကောင်း၍ဟု ဆိုနိုင်သော်လည်း ယခုမှာ ဒုတိယအကြိမ် ဖြစ်နေပြီ မဟုတ်ပါလော။

"ပြီးတော့... ဒီပါးရိုက်ချက်က ဘာလို့ ဒီလောက်တောင် နာနေရတာလဲ?"

လုရှန်ယွမ် တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိသွားသည်။ ပိုင်ကျီဟန်၏ ပါးရိုက်

ချက်သည် သူ ကျင့်ကြံခြင်းမပြုမီ အချိန်များကို ပြန်လည်သတိရစေလောက်အောင် နာကျင်လွန်းလှသည်။

ကျင့်ကြံသူတစ်ဦး ဖြစ်လာကာ သန်မာလာပြီးနောက်တွင် ထိုကဲ့သို့ နာကျင်မှုမျိုးမှာ အစွမ်းထက်သော နည်းစနစ်များကြောင့်သာ ဖြစ်လေ့ရှိပြီး သာမန်ပါးရိုက်ချက်တစ်ခုကြောင့် မဖြစ်နိုင်ပေ။

၎င်းမှာ ပိုင်ကျီဟန်၏ သာလွန်သော ခွန်အား သို့မဟုတ် သူ၏လက်ဖဝါးကို ချီဖြင့် မြှင့်တင်ထားခြင်းကြောင့်သာ မဟုတ်ဘဲ အချိန်ကိုက် တိုက်ခိုက်လိုက်ခြင်းကြောင့်လည်း ဖြစ်သည်။

အရှိန်အဟုန်ပြည့် တိုက်ခိုက်မှုတစ်ခုကို မစတင်မီ လူတစ်ဦး၏ ချီစွမ်းအင်များသည် ရှေ့သို့ ခဏတာ တိုးထွက်သွားလေ့ရှိပြီး ထိုအချိန်တွင် ဟာကွက်အချို့ ဖြစ်ပေါ်တတ်သည်။

သာမန်အားဖြင့် ထိုဟာကွက်များသည် အလွန်တိုတောင်းလှသဖြင့် အရေးမပါလှပေ။

သို့သော် တိုက်ခိုက်သူနှစ်ဦးကြား အဆင့်အတန်းကွာဟချက် အလွန်ကြီးမားနေပါက တစ်ဖက်လူသည် ထိုဟာကွက်ကို အသုံးချကာ သာမန်ကာကွယ်ရေးစနစ်များ မတောင့်ခံနိုင်လောက်သော ပြင်းထန်သည့် တန်ပြန်တိုက်စစ်ကို ဆင်နွှဲနိုင်သည်။

ပိုင်ကျီဟန်သည် သူ၏ ချီစွမ်းအင်များ ဟန်ချက် အပျက်ဆုံးဖြစ်နေသည့် အခိုက်အတန့်လေးတွင် အတိအကျ ရိုက်နှက်လိုက်ခြင်းဖြစ်သည်။

ပြီးပြည့်စုံသော တန်ပြန်တိုက်စစ်ပင်

ထိုသို့သော အချိန်ကိုက် ပါးရိုက်ချက်သည် ပြင်းထန်သော လက်သီးချက်တစ်ခုထက်ပင် ပို၍ နာကျင်စေသည်။

ထို့ကြောင့်ပင် လုရှန်ယွမ်သည် မိမိထက် သန်မာသူများ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန်ခြင်းထက်ပင် ပို၍ နာကျင်မှုကို ခံစားနေရခြင်း ဖြစ်သည်။

လုရှန်ယွမ်သည် ပြန်လည်ထရပ်ရန် ကြိုးစားရင်း လက်များ တုန်ရင်နေကာ နာကျင်မှုထက် အရှက်ရမှုက ပို၍ ပြင်းထန်နေသည်။

ဒုတိယအကြိမ် ပါးရိုက်ခံရမှုကြောင့် နားထဲတွင် အသံများ မြည်ဟည်းနေဆဲ ဖြစ်ပြီး ပါးပြင်မှာလည်း မီးဖြင့် အပူပေးခံထားရသကဲ့သို့ ပူလောင်နေသည်။

သို့သော် အဆိုးရွားဆုံး နာကျင်မှုမှာ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ပေ။ ၎င်းမှာ တဖြည်းဖြည်း ချဉ်းကပ်လာသည့် အသက်ရှူကျပ်မတတ် အမှန်တရားကို သိရှိနားလည်သွားခြင်းပင် ဖြစ်သည်။

(သူ့ရဲ့ အရှိန်က... ငါနဲ့ တန်းတူပဲလား... မဟုတ်ဘူး— ပိုမြန်နေတာလား?)

သူ၏ မာနတရားများသည် တစ်စစီ ကြေမွသွားပြီး အပိုင်းအစတိုင်းသည် ရင်ဘတ်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်နေသကဲ့သို့ ခံစားရသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး..."

သူသည် သွားများကို ကြိတ်ထားလွန်းသဖြင့် အသံပင် ထွက်ပေါ်လာသည်။

(ငါက လုရှန်ယွမ်ပဲ... ဝိညာဉ်ခွဲခြမ်းစိတ်ဖြာအဆင့်မှာ အမြန်ဆုံးလူ... မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ငါ နိုင်သေးတယ်)

သူ၏ တုန်ရင်မှုများ ရပ်တန့်သွားသည်။ ဒေါသများက တည်ငြိမ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် လွဲမှားပြီး မျှော်လင့်ချက်မဲ့နေသော ဆုံးဖြတ်ချက်များ တောက်ပလာသည်။

"မင်းရဲ့ အရှိန်က ကောင်းနေတော့ကော ဘာဖြစ်လဲ?"

သူသည် အက်ကွဲသောအသံဖြင့် ပြောရင်း တံတွေးထွေးလိုက်သည်။

"အဲ့ဒါက ငါ့ကို အနိုင်ယူဖို့ လုံလောက်ပြီလို့ မင်းထင်နေတာလား?"

သူသည် ဓားကို မြေကြီးထဲသို့စိုက်ချလိုက်သည်။

လေထုတစ်ခုလုံး တုန်ခါသွားသည်။

စင်မြင့်ပတ်ပတ်လည်မှ လူများသည် အံ့သြတကြီး ဖြစ်သွားကြသည်။

"ဒါက...”

"သူ အဲ့ဒီနည်းစနစ်ကို သုံးတော့မှာလား”

"ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ မြေကမ္ဘာအဆင့် လှုပ်ရှားမှုပညာရပ် — ကောင်းကင်

ပျံသန်းခြင်းခြေလှမ်းများ “

လုရှန်ယွမ်၏ ခြေထောက်အောက်ရှိ မြေပြင်သည် အက်ကွဲသွားပြီး သူ၏ပတ်ပတ်လည်တွင် အလင်းတန်းများ စုစည်းလာသည်။ သူ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ပေါ့ပါးသွားပြီး ချီစွမ်းအင်များမှာ အထွတ်အထိပ်သို့ မြင့်တက်လာသည်။

"ကောင်းကင်ပျံသန်းခြင်းခြေလှမ်းများ”

လုရှန်ယွမ်၏ အရှိန်မှာ ထိုးတက်သွားသည်။

သူ၏ပုံရိပ်မှာ ဝေဝါးသွားပြီးနောက်

ပျောက်ကွယ်သွားတော့သည်။

ဝှူး

လေထုကို အသံထက်မြန်သောနှုန်းဖြင့် ခွဲထွက်လိုက်သည့် ပေါက်ကွဲသံနှင့်အတူ သူသည် ပိုင်ကျီဟန်၏ နောက်ကျောတွင် တစ်မျိုး၊ ရှေ့တည့်တည့်တွင် တစ်မျိုး၊ အထက်ကောင်းကင်တွင် တစ်မျိုး ရုတ်တရက် ပေါ်လာသည်။

ဗလာသန့်စင်ခြင်းအဆင့်ရှိ အကြီးအကဲများပင်လျှင် လုရှန်ယွမ်၏ လှုပ်ရှားမှုကို ခြေရာခံနိုင်ရန် အပြင်းအထန် အာရုံစိုက်လိုက်ကြရသည်။

"ဒါက လုရှန်ယွမ်ရဲ့ အစွမ်းကုန်ပဲ”

"သူက အရင်ကထက်တောင် ပိုမြန်လာတာပဲ”

ထိုစဉ်

လုရှန်ယွမ်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေသည့် အသံသည် လေထဲတွင် ဟိန်းထွက်လာသည်။

"ပိုင်ကျီဟန်— ဒါကိုမှ မင်း ကျော်လွန်နိုင်ဦးမလား ကြည့်ကြတာပေါ့”

သူ တိုက်ခိုက်လိုက်ချေပြီ။

မြေကမ္ဘာအဆင့်ရှိ အရှိန်မြှင့်တင်မှုဖြင့် အစွမ်းကုန် ထိုးနှက်လိုက်ခြင်းဖြစ်ရာ ဓားသွားသည် အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင်လျှင် ပုံပျက်ရှုံ့တွသွားသည်။

သူသည် အောင်ပွဲကို အသေအချာ ခံစားလိုက်ရသည်။ ဧကန်မုချ နိုင်ပြီဟု သူယုံကြည်သည်။

၎င်းသည် အဆင့်မြင့်ဆုံး လှုပ်ရှားမှုပညာရပ်တစ်ခု ဖြစ်ရုံသာမက လုရှန်ယွမ်သည် ဤပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားသူ ဖြစ်သဖြင့် သူ့အဆင့်အတန်းတွင် သူသည် အမြန်ဆုံး ကျင့်ကြံသူ ဖြစ်နေခြင်းပင်။

"အရိပ်ကိုးပါး စီးဆင်းနေတဲ့အလင်းဓား”

ပိုင်ကျီဟန်သည် ထိုနည်းစနစ်ကို အသုံးပြုလိုက်သော်လည်း လက်ထဲတွင် ဓားမရှိသဖြင့် ၎င်းမှာ မပြည့်စုံပေ။

သို့သော် သူသည် အပြည့်အဝ တိုက်ခိုက်ရန် မလိုအပ်ဘဲ အရှိန်ကိုသာ လိုအပ်ခြင်းဖြစ်သည်။

ပိုင်ကျီဟန်သည် ဤတိုက်ပွဲကို အမြန် အဆုံးသတ်ရန် ရည်ရွယ်ချက်မရှိပေ။

သူသာ အမှန်တကယ် အဆုံးသတ်ချင်ပါက လုရှန်ယွမ် သတိလစ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ဤသည်မှာ အရှိန် သို့မဟုတ် အောင်ပွဲအတွက် မဟုတ်ဘဲ သင်ခန်းစာပေးရန်သာ ဖြစ်သည်။

လုရှန်ယွမ်နှင့် နောက်ကွယ်မှ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့ သည် သူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ပိုင်ကျီဟန်သည် ဤတိုက်ပွဲကို ရက်စက်ပြီး

မေ့မရနိုင်သော သင်ခန်းစာတစ်ခု ဖြစ်စေရန် ရည်ရွယ်ထားသည်။

သူသည် ကောင်းကင်ဓားဂိုဏ်း၏ နိုင်ငံရေးရှုပ်ထွေးမှုများကိုလည်းကောင်း၊ ဂိုဏ်းခေါင်းဆောင် ဆန့်ကျင်ရေးအဖွဲ့၏ အကွက်ချစီစဉ်မှုများကိုလည်းကောင်း ဂရုမစိုက်ပေ။

သူတို့သည် သူ့ကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ထိုအချက်ကပင် လုံလောက်နေပြီ ဖြစ်သည်။

သူသည် လုရှန်ယွမ်ကို အနိုင်ယူရုံသာမက လုရှန်ယွမ် အမြဲဂုဏ်ယူနေခဲ့သည့် အရှိန်အဟုန်ဆိုသော အရည်အချင်းအပေါ် ယုံကြည်မှု အပြီးတိုင် ပျက်စီးသွားအောင် အရှက်ခွဲပစ်မည် ဖြစ်သည်။

ဝှူး— ဝှူး— ဝှူး

ကွင်းအတွင်း၌ ပုံရိပ်ယောင်များသည် ဝေဝါးသွား၏ ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲများပင်လျှင် လိုက်လံကြည့်ရှုရန် ရုန်းကန်နေရသည်။

လုရှန်ယွမ်၏ ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လက်ခနဲ၊ လက်ခနဲ ပေါ်လာပြီး ကောင်းကင်ပျံသန်းခြင်းခြေလှမ်းများ၏ အစွမ်းဖြင့် သူ၏ အရှိန်သည် ယခင်ကထက် ပိုမိုလွန်ကဲလာသည်။

(နောက်ဆုံးတော့... အခု ငါ သူ့ကို ကျော်ဖြတ်နိုင်ပြီ)

သူသည် သွားကိုကြိတ်ကာ တွေးလိုက်သည်။

သို့သော် သူသည် အလွန်အရေးကြီးသော အချက်တစ်ချက်ကို မေ့လျော့နေခဲ့သည်

တိုက်ခိုက်ရေးနှင့် မဟာဗျူဟာကျွမ်းကျင်မှုကြောင့် ကျော်ကြားသော ပိုင်မျိုးနွယ်စုတွင် မည်သည့်အရှိန်နှင့်မျှ မယှဉ်နိုင်သော ပညာရပ်များ ရှိနေခြင်းပင်။

အရိပ်ကိုးပါးစီးဆင်းနေသော အလင်းဓားသည် လျင်မြန်ပြီး ခန့်မှန်းရခက်သော တိုက်ကွက်များကြောင့် လူသိများသော်လည်း ၎င်း၏ အစွမ်းကုန်စွမ်းဆောင်ရည်အတွက် မယုံနိုင်လောက်သော လှုပ်ရှားမှုအရှိန် လိုအပ်

သည်။

၎င်းကို ပိုင်ကျီဟန်က ကျွမ်းကျင်ပိုင်နိုင်ထားပြီး ဖြစ်သည်။

လုရှန်ယွမ်၏ အားသာချက်သည် ကောင်းကင်ပျံသန်းခြင်း ခြေလှမ်းများအရ သန့်စင်သော လှုပ်ရှားမှုပညာရပ်ဖြစ်ပြီး တိုက်ခိုက်မှုအပေါ် မမူတည်ဘဲ အရှိန်ကိုသာ မြှင့်တင်ပေးခြင်း ဖြစ်သည်။

သီအိုရီအရဆိုလျှင် ၎င်းသည် အရိပ်ကိုးပါး စီးဆင်းနေသောအလင်းဓား၏ လှုပ်ရှားမှုအပိုင်းနှင့် ယှဉ်နိုင်သင့်သည်။

သို့သော် ပိုင်ကျီဟန်၏ အခြေခံအရှိန်သည် လုရှန်ယွမ်ထက် များစွာ သာလွန်နေပြီး ဖြစ်သည်။ ထို့ကြောင့် နည်းစနစ်များ သုံးလိုက်သည့်တိုင် လုရှန်ယွမ်အနေဖြင့် ရင်ပေါင်တန်းနိုင်ရန်သာ မျှော်လင့်နိုင်ပြီး ကျော်တက်ရန်မှာ မဖြစ်နိုင်ပေ။

သူတို့နှစ်ဦး ထိပ်တိုက်တွေ့လိုက်သည့်အခါ ချီ စွမ်းအင်မုန်တိုင်းတစ်ခု စင်မြင့်ထက်တွင် ပေါက်ကွဲသွားသည်။ သူတို့၏ ပုံရိပ်ယောင်များသည် ရာနှင့်ချီ၍ ထပ်မံပွားများလာပြီး သာမန်မျက်စိဖြင့် မလိုက်နိုင်အောင် မြန်ဆန်လှသည်။ ကွင်းပြင်ကြီးတစ်ခုလုံးမှာလည်း သူတို့၏ တိုက်ခိုက်မှုအရှိန်ကြောင့် တုန်ခါနေပုံရသည်။

လုရှန်ယွမ်၏ ဓားသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက် ဝေ့ဝဲနေသည်။ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်ဓားဂိုဏ်း၏ ပြိုင်ဘက်ကို ဖိနှိပ်နိုင်သော ဒေါသမာန်များ ပါဝင်သည်။ သို့သော် ပိုင်ကျီဟန်ကမူ ထိုနေရာတွင် ရှိနေပြီးသား ဖြစ်သည်။ အမြဲတမ်း တစ်လှမ်းဦးနေပြီး အမြဲတမ်း အသာစီးရသော နေရာတွင် ရှိနေသည်။

ဖြန်း

ရှုပ်ထွေးနေသော တိုက်ပွဲကြားမှ ပြတ်သားပြီး အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

လုရှန်ယွမ်၏ ကမ္ဘာကြီးမှာ ချာချာလည်သွားချေသည်။

သူသည် ထိန်းမနိုင်သိမ်းမရ လွင့်ထွက်သွားပြီး စင်မြင့်ကြွေပြားများပေါ်သို့ ပြင်းထန်စွာ ကျသွားသဖြင့် ကြည့်ရှုသူများပင် ရင်တုန်သွားရသည်။

ဖုန်မှုန့်များ လွင့်စင်သွားခြင်းသည် ပိုင်ကျီဟန်၏ သာလွန်မှုကို နောက်တစ်ကြိမ် သက်သေပြလိုက်ခြင်းပင်။ အတွေ့အကြုံရင့် အကြီးအကဲများပင် ဘာဖြစ်သွားသည်ကို အကဲဖြတ်ရန် ခက်ခဲနေကြသည်။ အကြောင်းမှာ သူတို့နှစ်ဦးလုံး၏ အရှိန်သည် မြန်လွန်းနေသောကြောင့် ဖြစ်သည်။

သို့သော် ရလဒ်ကတော့ ရှင်းလင်းနေပါသည်။ ပိုင်ကျီဟန်သည် လုရှန်ယွမ်ထက် များစွာ ပိုမြန်နေပြီး နှစ်ဦးလုံး နည်းစနစ်များ သုံးလိုက်သော်လည်း ရလဒ်မှာ ပြောင်းလဲမသွားပေ။

လုရှန်ယွမ်သည် ထရန် ကြိုးစားနေပြီး ပိုင်ကျီဟန်၏ လက်ဝါးရိုက်ချက်ကြောင့် ပါးပြင်ပေါ်တွင် မီးလောင်နေသကဲ့သို့ နာကျင်နေသည်။

(ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ? ကောင်းကင်ပျံသန်းခြင်းခြေလှမ်းတွေကို သုံးတာတောင်... ငါက နှေးနေတုန်းပဲလား... ငါ... မဖြစ်နိုင်ဘူး...)

သို့သော် သူ၏ မာနတရားများကြားတွင် ခေါင်းမာသော အရှုံးမပေးလိုစိတ်က ငြင်းဆန်နေဆဲ ဖြစ်သည်။

"ငါ... ငါ နိုင်သေးတယ်”

All Chapters