← Chapters

ပိုင်ထျန်းဟမ်၏ စစ်မိန့်

Vol. 24 Ch. 360

ပိုင်ထျန်းဟမ်၏ စစ်မိန့်

Vol. 24 Ch. 360

"ဒါက လက်ရှိဖြစ်နေတဲ့ အခြေအနေပဲ”

အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အရေးကြီးသော အချက်အလက်အားလုံးကို ရှင်းပြပြီးနောက် ပိုင်ထျန်းဟမ်က နိဂုံးချုပ်လိုက်သည်။

မိစ္ဆာသားရဲများသည် အင်ပါယာအတွင်း ဆက်လက်သောင်းကျန်းနေဆဲဖြစ်သဖြင့် အချိန်မှာ အလွန်အရေးကြီးလှသည်။ ၎င်းတို့အနေဖြင့် ချက်ချင်းပြင်ဆင်ကြရန် လိုအပ်သည်။

အင်ပါယာအနှံ့ရှိ ဂိုဏ်းနှင့် မျိုးနွယ်စုတိုင်းသည် တံခါးပိတ်ကျင့်ကြံနေသူများအပါအဝင် ၎င်းတို့၏ တပည့်များနှင့် အကြီးအကဲများအားလုံးကို ဆင့်ခေါ်ထားကြပြီဖြစ်သည်။

ပိုင်မျိုးနွယ်စုသည်လည်း ထူးမခြားနားပင်။ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန် အပါအဝင် လူတိုင်းနီးပါးကို စုစည်းနိုင်ခဲ့သည်။

ပိုင်ကျီဟန်သည် ကြယ်ကြွေအင်ပါယာမှ ပြန်လာစဉ်က အသေးစား သားရဲလှိုင်းတစ်ခုကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။

သူသည် ၎င်းကို အလွယ်တကူပင် ကိုင်တွယ်

နိုင်ခဲ့သော်လည်း အဆင့်မြင့်သားရဲလှိုင်းနှင့် နှိုင်းယှဉ်ပါက ထိုသို့သော ထိတွေ့တိုက်ပွဲလေးများမှာ အရေးမပါလှကြောင်း သူသိထားသည်။

ယခုကျူးကျော်မှု၏ အတိုင်းအတာ၊ အရေအတွက်နှင့် ခွန်အားတို့မှာ လုံးဝခြားနားသော အဆင့်တွင် ရှိနေသည်။

သူသည် အတွေးထဲ၌ မျက်လွှာချလိုက်မိသည်။

ရုတ်တရက် ပေါ်ပေါက်လာသည့် အကြီးစား သားရဲလှိုင်း... ၎င်းနောက်တွင် ကပ်လျက်လိုက်လာသည့် မိစ္ဆာကျင့်ကြံသူများ၏ သတိပေးချက်။

(ဒါဟာ တကယ်ပဲ မိစ္ဆာကျင့်ကြံသူတွေက အခြေအနေကို အခွင့်ကောင်းယူလိုက်တာလား၊ ဒါမှမဟုတ် တစ်ခုခု ပိုရှိနေတာလား?)

လောလောဆယ်တွင် လူအများစုက သားရဲလှိုင်းကို အင်မော်တယ်အဆင့် မိစ္ဆာသားရဲတစ်ကောင်က ထိန်းချုပ်နေသည်ဟု ယုံကြည်နေကြသည်။

ထိုသို့သော သတ္တဝါများသည် ဤမျှကြီးမားသော လှိုင်းလုံးကြီးကို အမိန့်ပေးနိုင်သည့်အပြင် တိုက်ခိုက်မှုများကို စနစ်တကျ ပေါင်းစပ်ညှိနှိုင်းနိုင်သည့် ခွန်အားနှင့် ဉာဏ်ရည်မျိုး ရှိကြပေသည်။

မသေမျိုးဧကရာဇ်၏ အမွေအနှစ်စမ်းသပ်ပွဲ အတွင်း၌ မိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာသားရဲများကို ထိန်းချုပ်နေသည်ကို သူမြင်တွေ့ခဲ့ရသည်။

၎င်းတို့၏ ပုံပန်းသဏ္ဌာန်မှာ မိစ္ဆာစစ်စစ်များနှင့် တူညီပြီး ယနေ့ခေတ် မိစ္ဆာကျင့်ကြံသူများနှင့် ကွာခြားသော်လည်း ဤသားရဲလှိုင်းသည် မိစ္ဆာကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေနိုင်သည့် အခွင့်အလမ်းက ရှိနေဆဲပင် ဖြစ်သည်။

သို့သော် ထိုဖြစ်နိုင်ခြေမှာ နည်းပါးလှသည်။ အကယ်၍ ၎င်းတို့တွင် ထိုကဲ့သို့သော နည်းလမ်းမျိုးသာ ရှိပါက ယခုအချိန်အထိ စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ ဤသားရဲလှိုင်းကို အင်မော်တယ်အဆင့် မိစ္ဆာသားရဲတစ်ကောင်က ဦးဆောင်သည်ဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူများက ကိုယ်တိုင်ထိန်းချုပ်ထားသည်ဖြစ်စေ အင်ပါယာအနေဖြင့် ၎င်းကို ရင်ဆိုင်ဖြေရှင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း ပိုင်ကျီဟန် သိထားသည်။

ပိုင်ထျန်းဟမ်က ဆက်လက်ပြောကြားလေ၏

"မျိုးနွယ်စုအားလုံးက ခုနစ်ရက်အတွင်းမှာ သူတို့ရဲ့ အင်အား ၆၀ ကနေ ၇၀ ရာခိုင်နှုန်းထက်မနည်း အသုံးပြုရမယ်။ ငါတို့လည်း ချွင်းချက်မရှိဘူး။"

ခန်းမအတွင်း တိုးတိုးတိတ်တိတ် ပြောသံများ ပျံ့နှံ့သွားသည်။

ထိုမျှလောက်သော အင်အားကို စုစည်းထုတ်နုတ်ခြင်းသည် ပိုင်မျိုးနွယ်စု ၏ ဌာနချုပ်ကို အကာအကွယ်မဲ့စေပြီး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိစေနိုင်သည်။

မမျှော်လင့်ဘဲ တိုက်ခိုက်ခံရပါက ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားနိုင်သည်။

သို့သော် ၎င်းတို့၏ အန္တရာယ်အရှိဆုံးရန်သူဖြစ်သည့် လီ-ကျောက် မဟာမိတ်သည်လည်း အလားတူ အင်အားပမာဏကို ထုတ်နုတ်ရမည်ဖြစ်ရာ အလစ်အငိုက် တိုက်ခိုက်ခံရနိုင်ခြေမှာ လျော့နည်းသွားသည်။

အင်ပါယာတော်ဝင်မိသားစုသည် အဖွဲ့အစည်းတိုင်း၏ အင်အားနှင့် လူဦးရေစာရင်းကို တိကျစွာ မှတ်တမ်းတင်ထားသဖြင့် အရေအတွက်ကို လိမ်လည်တင်ပြခြင်းမှာ ပညာရှိရာမရောက်ပေ။

ထို့ပြင် အင်အားကို လိမ်လည်ဖုံးကွယ်ရန် ကြိုးပမ်းသည့် မျိုးနွယ်စုမှာ အလွန်နည်းပါးသည်။ လူအများစုသည် အင်ပါယာကို အမျက်ထွက်စေမည့် အန္တရာယ်ထက် မိမိတို့၏ အင်အားကို ထုတ်ဖော်ပြသကာ နိုင်ငံရေးဩဇာကို မြှင့်တင်ရန်အတွက် စစ်အင်အားအလုံးအရင်း စေလွှတ်ခြင်းကိုသာ ပိုမိုနှစ်သက်ကြသည်။

ပိုင်ထျန်းဟမ်သည် သူ၏ရှေ့တွင် ရပ်နေသော အကြီးအကဲများနှင့် တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ငါတို့ရဲ့ အင်အား ၇၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်မကကို စစ်မြေပြင်ကို ပို့ဆောင်

မယ်။"

အချို့သောသူများမှာ မျက်လုံးများ ပြူးကျသွားကြသည်။

"ဒါဟာ အင်ပါယာရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့သက်သက် မဟုတ်ဘူး" သူက ခိုင်မာစွာ ပြောလိုက်သည်။ "စစ်မြေပြင်မှာ ငါတို့ရဲ့ အင်အား ပိုများလေလေ၊ ငါတို့ရဲ့ ဩဇာအာဏာ ပိုကြီးမားလေလေပဲ။ အဲဒီထက် ပိုအရေးကြီးတာက... အကယ်၍ သားရဲလှိုင်း တိုက်ခိုက်နေတုန်းမှာ လီ-ကျောက် မျိုးနွယ်စု ဒါမှမဟုတ် တခြား ရန်လိုတဲ့ အဖွဲ့အစည်းတွေက ငါတို့ကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားလာရင် ငါတို့ဘက်က အကာအကွယ်မဲ့ ဖြစ်မနေစေဖို့ပဲ။"

ပြင်ပကပ်ဘေးများ ဆိုက်ရောက်လာခြင်းသည် အတွင်းပိုင်းမှ ပြိုင်ဆိုင်မှုများကို ဘယ်သောအခါမှ ပျောက်ကွယ် မသွားစေနိုင်ကြောင်း လူတိုင်း ကောင်းကောင်းနားလည်ကြသည်။

မေ့လျော့ပေါ့ဆမိသော အခိုက်အတန့်လေးတစ်ခုကပင် ပိုင်မျိုးနွယ်စု ကို ပျက်စီးသွားစေနိုင်သည်။

သို့သော်လည်း အချို့သော မျက်နှာများပေါ်တွင် စိုးရိမ်မှုရိပ်များ ဖြတ်ပြေးသွားကြသည်။

ဤမျှကြီးမားသော အင်အားကို တစ်ပြိုင်နက်တည်း စေလွှတ်ခြင်းမှာ...

အကယ်၍ အကျအဆုံးများလွန်းသွားပါက သားရဲလှိုင်းနှင့် မိစ္ဆာကျင့်ကြံသူများကို အနိုင်ရရှိလျှင်ပင် အားနည်းသွားသော ၎င်းတို့အား လီ-ကျောက် မျိုးနွယ်စုက ဝါးမြိုပစ်ရန် အခွင့်အရေး ဖြစ်သွားနိုင်သည်။

ပိုင်ထျန်းဟမ်သည် ၎င်းတို့၏ စိုးရိမ်မှုများကို သတိပြုမိလိုက်သည်။

သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး

"အလွန်အကျွံ စိုးရိမ်နေစရာ မလိုဘူး။"

သူ၏ အသံမှာ မျှော်လင့်မထားသော စိတ်သက်သာရာရမှုကို ဆောင်ကြဉ်းပေးလိုက်သည်။

"ငါတို့ရဲ့ မဟာအကြီးအကဲတွေလည်း ငါတို့နဲ့အတူ ပါဝင်ကြလိမ့်မယ်။"

ထိုအခါ တီးတိုးပြောသံများ ပိုမိုထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်မူ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ပိုင်ရမ်တစ်ယောက်တည်းနှင့်ပင် မည်သည့်ခြိမ်းခြောက်မှုကိုမဆို နှိမ်နင်းနိုင်စွမ်းရှိပြီး သူသည် မဟာအကြီးအကဲများထဲတွင် အင်အားအကြီးဆုံးပင် မဟုတ်သေးကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် မဟာအကြီးအကဲများ ပါဝင်မည်ဟု သိလိုက်ရခြင်းသည် သူတို့အား ယုံကြည်မှုနှင့် သတ္တိများ ပြည့်နှက်သွားစေသည်။

ပိုင်ထျန်းဟမ်က ဆက်လက်ပြော၏ “ငါတို့ အနည်းဆုံး မဟာအကြီးအကဲ ၅ယောက်ကို စေလွှတ်မယ်။ ဆွေးနွေးနေတုန်းဆိုပေမဲ့ ငါတို့ရဲ့ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်တွေ ပါဝင်လာမယ်ဆိုတာကိုတော့ သိထားကြပါ။ ဒါကြောင့် မင်းတို့ စိုးရိမ်စရာ သိပ်မရှိပါဘူး။"

ဤအရေအတွက်မှာ မျိုးနွယ်စုဝင်များကို စိတ်အေးစေရန်သက်သက် မဟုတ်ဘဲ အမှန်တကယ် လိုအပ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။

အကယ်၍ မိစ္ဆာကျင့်ကြံသူများက သူတို့၏ အစွမ်းထက်ဆုံး စစ်သူကြီးများကို စေလွှတ်ပါက ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများသာလျှင် ၎င်းတို့ကို ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

ဥပမာအားဖြင့် ပိုင်ထျန်းဟမ်သည် ၎င်း၏အသက်အရွယ်နှင့်ဆိုလျှင် မှတ်လောက်သားလောက်စဟာ အောင်မြင်မှုဖြစ်သည့် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အထွတ်အအိပ်သို့ ရောက်ရှိနေသော်လည်း ပထမစက္ကန့်မှစ၍ အစွမ်းကုန် မတိုက်ခိုက်ခဲ့သော ကုံးယောင်ကဲ့သို့ အဆင့်ရှိသူတစ်ဦးကို တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ထက်ပို၍ ခုခံနိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။ ထို့ပြင် ခန့်မှန်းချက်များသာ မှန်ကန်ခဲ့ပြီး အင်မော်တယ်အဆင့် မိစ္ဆာသားရဲတစ်ကောင်သည် သားရဲလှိုင်းကို တကယ် ဦးဆောင်နေပါက အင်အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦးတောင်မှ ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။

ထိုကဲ့သို့သော ရန်သူမျိုးကို အင်မော်တယ်အဆင့် ပညာရှင် အများအပြား၏ ပေါင်းစပ်အားထုတ်မှုဖြင့်သာ သုတ်သင်နိုင်

မည်ဖြစ်သည်။

သဘာဝကျကျပင် ၎င်းသည် လီ နှင့် ကျောက် မျိုးနွယ်စုများ အပါအဝင် အခြားသော မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများသည်လည်း ၎င်းတို့၏ အင်မော်တယ်အဆင့် ပညာရှင်များကို စေလွှတ်ကြလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား ပိုင်မျိုးနွယ်စုသည် ယုံကြည်မှုရှိနေဆဲဖြစ်သည်။ ထိုဒေသရှိ အဓိကအင်အားစုအားလုံးထဲတွင် သူတို့၏ မဟာအကြီးအကဲများသည် အစွမ်းထက်ဆုံးဟု ယူဆကြသည်။

မိစ္ဆာသားရဲ၊ မိစ္ဆာကျင့်ကြံသူ သို့မဟုတ် လီ-ကျောက် မျိုးနွယ်စု ဖြစ်ပါစေ၊ ၎င်းတို့ ဖြေရှင်းနိုင်ရမည်ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ စစ်မြေပြင်သို့ ဆင်းလာချိန်တွင် ကြောက်ရွံ့မှုအတွက် နေရာမရှိတော့ပေ။

လူငယ်တပည့်များသည် ကိုယ်ကို မတ်လိုက်ကြသည်။ မဟာအကြီးအကဲများပင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနေကြပြီဆိုလျှင် ၎င်းတို့ကဲ့သို့ မျိုးဆက်သစ်များအနေဖြင့် လာမည့်မုန်တိုင်းကို တွန့်ဆုတ်နေရန် သို့မဟုတ် ရှောင်လွှဲနေရန် အခွင့်အရေးမရှိတော့ပေ။

ပိုင်ထျန်းဟမ်၏ အသံမှာ ပိုမိုကျယ်လောင်လာပြီး တည်ငြိမ်ပြတ်သားလာသည်။

"ဟင်း..ဒါ့အပြင် လာမယ့်တိုက်ပွဲမှာ ကြီးမားတဲ့ စွမ်းဆောင်ရည်ပြနိုင်တဲ့သူတွေကို... ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်" သူက ကြေညာလိုက်သည်။

တင်းမာနေသော လေထုသည် ချက်ချင်း ပြောင်းလဲသွားသည်။ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော တပည့်များသည် ယခုအခါ မထိန်းချုပ်နိုင်သော ထက်သန်မှု အရိပ်အယောင်များကို ပြသလာကြသည်။

"ဒီသားရဲလှိုင်းဟာ ကပ်ဘေးတစ်ခုပဲ၊" ပိုင်ထျန်းဟမ်က ဆက်ပြောသည်။ "ဒါပေမဲ့ ဒါဟာ မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးလည်း ဖြစ်တယ်။ အင်ပါယာက စောင့်ကြည့်နေတယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေတယ်။ ငါတို့ရဲ့ ပိုင်မျိုးနွယ်စု ကို အတောက်ပဆုံး တောက်ပတဲ့အဖွဲ့ ဖြစ်လာအောင် လုပ်ကြစို့”

သူ၏အသံမှာ ခန်းမတစ်ခုလုံး၌ အရှိန်အဟုန်ဖြင့် ပဲ့တင်ထပ်သွားသည်။

လူငယ်တပည့်အချို့သည် စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူပွက်လာကာ လက်သီးများကို တင်းတင်းဆုပ်လိုက်ကြသည်။ ဂုဏ်သိက္ခာနှင့် ဆုလာဘ်များဟူသော အတွေးသည် သူတို့၏ အစောပိုင်း တွန့်ဆုတ်မှုများကို လောင်ကျွမ်းပစ်လိုက်သည်။

ပိုင်ထျန်းဟမ်သည် အကြီးအကဲများနှင့် တပည့်များအားလုံး၏ မျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူတို့၏ ယုံကြည်မှုရှိပြီး ပြတ်သားသော အမူအရာများကို မြင်

လိုက်ရသောအခါ သူ ပြုံးလိုက်မိသည်။

"ကဲ... အစွမ်းကုန် ကြိုးစားကြ”

All Chapters