ငါဘာလို့ ဒီကိုလာခဲ့တာပါလိမ့်
Vol. 54 Ch. 798
အရှေ့ပင်လယ်မှလူများ မသေမျိုးနှစ်ယောက် သူတို့မြင်ကွင်းမှပျောက်သွားသည်ကိုကြည့်၍ သက်ပြင်းလေးပင်စွာချကြသည်။
"သူတို့သွားပြီ။ သွားကြပြီ"
ထိုသို့ စိတ်ထဲတွင်တွေးမိသည်။ မသေမျိုးတိုက်ပွဲ၏ဖိအားက ပြင်းထန်လွန်းသည်။ တိုက်ပွဲနေရာတွင် အရာအားလုံးစုတ်ပြတ်သတ်လျက် ကျန်ခဲ့သည်။
သေမျိုးနှင့်မသေမျိုးကြားကွာခြားချက်ကို ရှင်းလင်းစွာမြင်ရသည်။
"ရှေးဟောင်းခေတ်ကတည်းကစလို့ ဒါဟာ ပထမဆုံးဖြစ်ဖူးတဲ့ မသေမျိုးတိုက်ပွဲဖြစ်လိမ့်မယ်"
ကူးဖြတ်ခြင်းအဆင့်အကြီးအကဲများပင် သေမင်းတံခါးဝမှ လွတ်လာသလို ခံစားရသည်။ သမိုင်းဝင်မည့် တိုက်ပွဲ၏ထူးခြားချက်ကို သူတို့သတိထားမိသည်။
ကံကြမ္မာက ထူးဆန်းလွန်းသည်ထင်သည်။ နှစ်သုံးသိန်းတွင်တစ်ကြိမ်သာဖြစ်သည့်တိုက်ပွဲကို သူတို့မြင်ခွင့်ရခဲ့သည်။
ဘေးတွင်ရပ်နေသည့်ယွမ်ကျိကို အောင်းလင်းကျိတ်၍ ကျေးဇူးတင်မိသည်။ ယွမ်ကျိထုတ်ပြသည့်စွမ်းအားက ရှေးဟောင်းခေတ်မှပုဂ္ဂိုလ်များကိုပင် ပြိုင်ဆိုင်နိုင်လောက်သည့်စွမ်းအားဖြစ်သည်။ မသေမျိုးအမ(နတ်မယ်)နှင့် ယှဉ်နိုင်လောက်သည့် စွမ်းအားမျိုးဖြစ်သည်။
မုန်ကျင်းကျိုးလည်း လုယန်တို့နှစ်ယောက်နှင့်ခရီးထွက်တိုင်း အံ့ဖွယ်ကိစ္စများ ကြုံတွေ့ရသည့်အဖြစ်ကိုတွေးရင်း အံ့ဩနေသည်။
သခင်စစ်လောင်မာက မွေးနေ့ပွဲတက်မိသည်ကို နောင်တရနေသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို မြင်လိုက်ကတည်းက သူချက်ချင်းလှည့်ထွက်ပြေးခဲ့သင့်သည်။
နှစ်သောင်းချီကြာအောင် တည်ငြိမ်အေးချမ်းခဲ့သည့် အရှေ့ပင်လယ်သည် လုယန်တို့ရောက်လာမှ လှိုင်းထန်လှုပ်ရှားလာသည်။ နဂါးဘိုးဘေးအောင်းလင်းနိုးထလာသည်။ မသေမျိုးများပေါ်လာသည်။
"အခုအခြေအနေအတိုင်းဆို ငါကျင့်ကြံသည်ဖြစ်စေ မကျင့်ကြံသည်ဖြစ်စေ ဘာမှမထူးလောက်တော့ပါဘူး"
လောင်မာ သူ့ဘာသာရေရွတ်နေသည်။ အစက ကူးဖြတ်ခြင်းအဆင့်ရောက်အောင် သူကြိုးစားကျင့်ကြံနိုင်လျှင် အရည်အချင်းမီသည့်ကာကွယ်သူတစ်ယောက် ဖြစ်လာမည်ဟုထင်ခဲ့သည်။
သို့သော်ယခု ကူးဖြတ်ခြင်းအဆင့်ရောက်သည့်တိုင် မုန်မျိုးရိုးကောင်လေးကိုကာကွယ်ဖို့ သူအရည်အချင်းမီဦးမည့်ပုံမပေါ်။
မွေ့နေ့ရှင် နဂါးအင်ပါယာက ရှေ့ထွက်လာပြီး လူအုပ်ထံ လက်နှစ်ဘက်ဆုပ်၍ အရိုအသေပြုသည်။
"ဧည့်သည်တော်တို့။ ဒီနေ့ ထင်မှတ်မထားတဲ့ကိစ္စတွေ ဖြစ်သွားတယ်။ ကျုပ်တို့ဘက်က ကောင်းကောင်းဧည့်မခံနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ အားလုံးနားလည်ပေးကြဖို့ တောင်းဆိုပါတယ်"
နဂါးမျိုးနွယ်အနေဖြင့် ဧည့်သည်များကို နေရာထိုင်ခင်းစီစဉ်မပေးနိုင်တော့။ မသေမျိုးတစ်ဝက်များ၊ မသေမျိုးအစစ်များ တိုက်ခိုက်ခဲ့သဖြင့် နဂါးနန်းတော် အပျက်စီးပုံဘဝရောက်သွားသည်။ ရွှေငွေရတနာများ ပင်လယ်ကြမ်းပြင်တွင် ပြန့်ကျဲနေသည်။
နန်းတော်ပြန်တည်ဆောက်ဖို့ ဘယ်လောက်ကြာဦးမည်မသိ။
သို့သော် အရှေ့ပင်လယ်အပေါ် နဂါးမျိုးနွယ်၏ လွှမ်းမိုးမှုဩဇာကတော့ လျော့ပါးသွားမည်မဟုတ်။ အောင်းလင်းပြန်လာပြီဖြစ်၍ သူတို့အဆင့်အတန်းက ပိုမြင့်မားလာသည်။
အတော်များများက အောင်းလင်းကို အရိုအသေပေးချင်ကြသည်။ သို့သော် နဂါးအင်ပါယာကိုယ်တိုင် ရှေ့ထွက်လာပြီး သူတို့ကို ပြန်ဖို့ပြောနေသဖြင့် ဆက်နေလည်း ဘာမှထူးမည်မဟုတ်။
ပွဲကြည့်ရုံသက်သက်လာသည့် ဟေးယုအရှင်ကိုလည်း ရှောက်မိန်လီက ဆွဲခေါ်သွားသည်။
လူရှင်းသွားသည်။ နဂါးမျိုးနွယ်၊ တာအိုလမ်းစဉ်ဂိုဏ်းနျှင့် ဂိုဏ်းသခင်လေးလုသ ကျန်ခဲ့သည်။
"ဘိုးဘေး၊ ရှင်က ကောင်းကင်ရုံးတော်ဂိုဏ်းဝင်ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး"
အောင်းယာ စိတ်လှုပ်ရှားနေသည်။ အောင်းလင်းအပေါ်လေးစားမှုက ထင်ရှားစွာပေါ်လွင်နေသည်။
မသေမျိုးတစ်ဝက်အဆင့် တိုက်ခိုက်စွမ်းအားတွင် နံပတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ နဂါးမျိုးနွယ်တို့ ဂုဏ်ယူရသူဖြစ်သည်။
"ဘိုးဘေးနဲ့သခင်လေးလုကို အောင်းယာဂါရဝပြုပါတယ်။..ကျွန်မမိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်မရဲ့ တာအိုလက်တွဲဖော် ပင်လယ်တာအိုသခင်ဖန်ဝူယာပါ"
အောင်းယာစကားက တိကျရှင်းလင်းသည်။ လက်ထပ်မင်္ဂလာထုံးတမ်းဓလေ့များကို သူအရေးမစိုက်။ ဖန်ဝူယာသည် သူနှင့် ယင်ယန်တာအိုကျင့်ကြံပြီးဖြစ်သည်။ ထို့ကြောင့် သူ့တာအိုလက်တွဲဖော်ဖြစ်သည်။
ပင်လယ်တာအိုသခင် လက်နှစ်ဘက်ဆုပ်၍ ရိုရိုသေသေဂါရဝပြုသည်။
"နောက်မျိုးဆက်ဖန်ဝူယာ နဂါးဘိုးဘေးကို ဂါရဝပြုပါတယ်"
ပင်လယ်တာအိုသခင်နှင့် အောင်းလင်းတို့နှစ်ယောက်လုံး မသေမျိုးတစ်ဝက်အဆင့်များဖြစ်သည်။ ပုံမှန်အားဖြင့် 'တာအိုမိတ်ဆွေ'ဟု သုံးနှုံးနိုင်သည်။ သို့သော် လက်ရှိအခြေအနေအရ ဂျူနီယာနေရာတွင်သာ ဖန်ဝူယာနေသည်။
သို့တိုင်အောင် စိတ်ထဲတွင်ကျိတ်၍ သူဂုဏ်ယူနေသည်။
မုန်ကျင်းကျိုးက ဖန်ဝူယာကို အမြင်ကတ်ဟန်ဖြင့်ကြည့်သည်။
..ဘိုးဘေး၊ ခင်ဗျားမျက်နှာကအပြုံးက ဖုံးမနိုင်ဖိမရပေါ်နေပါလား...ဒါတောင် ကျုပ်လိုတစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ကို အားကျတယ်တဲ့လား...
"ဝူယာ၊ နင်အရိုအသေပြုရမယ့်လူ ကျန်သေးတယ်လေ"
အောင်းယာက ဖန်ဝူယာကို တီးတိုးပြောသည်။
ဖန်ဝူယာ ကြောင်တက်တက်ဖြစ်သွားသည်။
အောင်းယာက ဂိုဏ်းသခင်လုဆီ မေးငေါ့ပြသည်။ ထိုလူသည် နဂါးဘိုးဘေး၏ အကိုကြီးဖြစ်သည်။ ဝါစဉ်အရ သူတို့ထက်မြင့်သည်။
ဖန်ဝူယာ မျက်နှာပျက်သွားသည်။
...ငါကသူ့ကို ဦးညွှတ်အရိုအသေပြုရမယ်ပေါ့...
အောင်းယာအတင်းတိုက်တွန်းနေသဖြင့် ဖန်ဝူယာ မချိပြုံးပြုံး၍ လုယန်ကို ဦးညွှတ်အရိုအသေပြုလိုက်ရသည်။
"နောက်မျိုးဆက်ဖန်ဝူယာ ဂိုဏ်းသခင်လုကို ဂါရဝပြုပါတယ်"
ဂိုဏ်းသို့ပြန်ရောက်လျှင် သေချာပေါက်ကြွားလုံးထုတ်နိုင်ပြီဟု လုယန်တွေးနေသည်။
"ဘိုးဘေး၊ ကျုပ်တို့မျိုးနွယ်မှာ ကူးဖြတ်ခြင်းအဆင့်အကြီးအကဲနှစ်ယောက် ရှိပါသေးတယ်။ သူတို့နဲ့တွေ့ချင်သေးလား"
နဂါးအင်ပါယာက အောင်းလင်း၏မျက်နှာရိပ်ကို အကဲခတ်ပြီး သတိထား၍ မေးလိုက်သည်။
အောင်းလင်းနှင့် တွေ့ဖို့အခွင့်အရေးက ရှားပါးသည်။ ထိုအကြီးအကဲနှစ်ယောက်က တံခါးပိတ်ကျင့်ကြံနေသည်။ ထို့ကြောင့် သူတို့အတွက် နဂါးအင်ပါယာ စိတ်မကောင်းဖြစ်မိသည်။
"နောက်ထပ် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေ ရှိသေးတယ်ပေါ့။ မဆိုးပါဘူး...အရှေ့ပင်လယ်မှာ နင်တို့အတော်အဆင်ပြေနေပုံပဲ"
အောင်းလင်း နည်းနည်းအံ့အားသင့်သွားသည်။ မသေမျိုးတစ်ဝက်အဆင့်များ တစ်ယောက်မှမရှိသော်လည်း ကူးဖြတ်ခြင်းအဆင့် ငါးယောက်ရှိနေသဖြင့် ထိပ်တန်းအင်အားစုဟု သတ်မှတ်နိုင်သည်။
လုယန်ခန့်မှန်းချက်အရ နဂါးမျိုးနွယ်ထက် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ပိုများသည်မှာ မဟာရှားနိုင်ငံသာရှိလောက်သည်။
မဟုတ်သေး။ သေချာတွေးကြည့်လျှင် ယခု နတ်ဆိုးနိုင်ငံကိုလည်း သူတို့ထည့်တွက်ရတော့မည်။
အောင်းလင်း၏ခွင့်ပြုချက်ရပြီးနောက် နဂါးအင်ပါယာ နဂါးနန်းတော် အတွင်းပိုင်းဆီသို့သွားသည်။ အိပ်စက်နေသည့် အကြီးအကဲနှစ်ယောက်ကို နှိုးသည်။ လွန်ခဲ့သည့် နှစ်နှစ်သောင်းနှင့် နှစ်သုံးသောင်းက အိပ်စက်ခဲ့သူများဖြစ်သည်။
နဂါးမျိုးနွယ်၏ အဓိကအကျဆုံး ပုဂ္ဂိုလ်များဖြစ်သည်။
နဂါးနန်းတော်အပျက်အစီးများကို ဖယ်ရှား၍ ရေအောက်ခန်းဆောင်တစ်ခုထဲသို့ ဝင်သည်။ သလင်းရောင် မှော်စက်ဝန်းကာထားသည့် သလင်းအိမ်သုံးခုစီစဉ်ထားသည်။ တစ်ခုက ဟာလာဟင်းလင်းဖြစ်နေသည်။ အရင်က ထိုနေရာတွင် အောင်းယာအိပ်စက်ခဲ့သည်။
နောက်ထပ် သလင်းအိမ်နှစ်ခုတွင် လူအသွင်ဖြင့်အိပ်စက်နေသည့် နဂါးနှစ်ကောင်ရှိသည်။
နဂါးအင်ပါယာ လျှို့ဝှက်မှော်စွမ်းအားတစ်ခု အသက်သွင်းလိုက်သည်။ သလင်းမျက်နှာပြင်မှ မှော်အမှတ်အသားများ အရောင်လက်လာသည်။
"ရွှီး ရွှီး"
သလင်းအိမ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ အကြီးအကဲနှစ်ယောက် ဖြေးညှင်းစွာနိုးထလာသည်။
"ငါတို့ကို ဘယ်သူလာနှိုးတာလဲကွ။ နဂါးမျိုးနွယ် သေရေးရှင်ရေးကြုံနေလို့လား"
နဂါးမျိုးနွယ် သေရေးရှင်ရေးကြုံမှသာနှိုးဖို့ သူတို့မှာထားသည်။
နဂါးအင်ပါယာ လေးလေးစားစားရှင်းပြသည်။
"အကြီးအကဲတို့၊ နဂါးမျိုးနွယ် သေရေးရှင်ရေးမကြုံပါဘူး။ အကြီးအကဲတို့နဲ့တွေ့ချင်တဲ့လူတစ်ယောက်ရှိလို့ လာနှိုးရတာပါ"
အကြီးအကဲနှစ်ယောက် ဒေါသတကြီးအော်လိုက်သည်။
"အဓိပ္ပါယ်မရှိတာကွာ။ ငါတို့အဆင့်အတန်းကို မင်းနားမလည်ဘူးလား။ ခေါ်တွေ့ချင်တိုင်းတွေ့လို့ရမလား။ ငါတို့ကိုတွေ့ချင်တာ ဘယ်သူလဲ"
"ငါပါ"
အောင်းလင်း ပုံမှန်လေသံဖြင့်ပြောသည်။ ကူးဖြတ်ခြင်းအဆင့်နဂါးနှစ်ကောင်ကို စိုက်ကြည့်သည်။
"မင်းကဘာကောင်-"
အကြီးအကဲနှစ်ယောက် ရုတ်တရက် ဆဲဆိုရန်ပြင်ပြီးမှ ကျောက်ရုပ်လိုဖြစ်သွားသည်။ အောင်းလင်းကိုမြင်လိုက်ရသဖြင့် မျက်နှာများဖြူရော်လာသည်။
"အောင်း...အောင်း...အောင်း...အောင်းလင်း။ နဂါးဘိုးဘေးအောင်းလင်းလား"
နောက်ဝါကျတစ်ခုသာမပါလျှင် အော်ချင်ရာအော်နေကြသည်ဟု လုယန်ထင်မိသည်။
"မင်းတို့ ငြင်းစရာရှိလား"
အောင်းလင်းက မေးသည်။
အကြီးအကဲနှစ်ယောက် သခင်းကုတင်ပေါ်မှ ချက်ချင်းဆင်းပြီး မျက်နှာလိုမျက်နှာရ ပြုံးလိုက်သည်။
"ဘိုးဘေးနဲ့တွေ့ခွင့်ရတာ ဂုဏ်ယူစရာကိစ္စပါ။ ငြင်းတဲ့လူမှန်သမျှ ကျုပ်တို့ကိုယ်တိုင် မေ့မျောသွားအောင်ရိုက်ပစ်မယ်"
သူ့မျိုးဆက်များ အလိုက်သိကြသဖြင့် အောင်းလင်းအတော်ကျေနပ်သွားသည်။
နဂါးအင်ပါယာက အကြီးအကဲနှစ်ယောက်ကို ပြုံး၍ကြည့်နေသည်။
"အကြီးအကဲတို့၊ ဘိုးဘေးက ခင်ဗျားတို့ကို တွေ့ချင်ရုံသက်သက်ပါပဲ။ တစ်ခြားအကြောင်းမရှိပါဘူ။ အခု ပြန်အနားယူလို့ရပါပြီ"
အကြီးအကဲများက နဂါးအင်ပါယာကို ဒေါသဖြင့်စိုက်ကြည့်သည်။
...ဘိုးဘေးနိုးထလာမှန်းသိပြီးမှတော့ ဘယ်သူကဆက်အိပ်မှာလဲကွ...
"ကောင်းကင်ရုံးတော်ကို ငါခဏပြန်ဦးမယ်။ ငါ့မိတ်ဆွေတွေဆီ သွားလည်ပြီးရင် ငါပြန်လာမယ်"
အောင်းလင်းက နဂါးမျိုးနွယ်တွင် ကြာကြာမနေဘဲ ဂိုဏ်းသခင်လုနှင့်အတူ ထွက်သွားသည်။
ဖန်ဝူယာလည်း အောင်းယာကီု စိတ်မပါ့တပါနှုတ်ဆက်၍ တာအိုလမ်းစဉ်ဂိုဏ်းဝင်များနှင့်အတူ ထွက်သွားသည်။
နဂါးနန်းတော်မှ နှစ်ဖွဲ့ခွဲ၍ ထွက်သည်။ အပြင်ရောက်ပြီးနောက် ပြန်စုစည်းသည်။ လုယန် ကိုယ်ပွားခန္ဓာကို သိမ်းလိုက်သည်။
နတ်မယ်ပြန်ပြောပြသည့် အဖြစ်အပျက်များကို အောင်းလင်းနားထောင်သည်။ အများစုက တာအိုလမ်းစဉ်ဂိုဏ်းအကြောင်းဖြစ်သည်။ နတ်မယ်ချီးကျူးနေသည့် ထိုဂိုဏ်းကို အောင်းလင်း သွားလည်ချင်စိတ်ပေါ်လာသည်။
မိန်းမလှတစ်ယောက် ပြန်လာသည်။ လုယန် အပြေးသွား၍ အရိုအသေပေးသည်။
"အမယွမ် ပြန်လာပြီလား။ ဟိုမသေမျိုးက..."
ယွမ်ကျိက တည်ငြိမ်သည့်လေသံဖြင့် ပြန်ဖြေသည်။
"ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးသွားတယ်။...ရှောင်လုနဲ့ ဘိုးဘေးအောင်းလင်း၊ ကျွန်မနဲ့အတူလိုက်ခဲ့ပါ။ ကျွန်မရင်ဆိုင်ခဲ့ရတဲ့လူအကြောင်း အသေးစိတ်ရှင်းပြပါဦး"
ထိုမသေမျိုးမိန်းမ၏ဇစ်မြစ်ကို သူသိချင်သည်။
လူသုံးယောက်၏သဏ္ဌာန်က အဝေးသို့ ပျောက်ကွယ်သွားသည်။ ဖန်ဝူယာ ငေးကြောင်၍ ကျန်ရစ်ခဲ့သည်။
အရှေ့ပင်လယ်မျှ သူ့အတွေ့အကြုံများကို ပြန်သုံးသပ်သည်။ လုယန်ကို ကာကွယ်ပေးရသခြင့် မသေမျိုးတိုက်ကွက် တစ်ချက်မိခဲ့သည်။ ထို့နောက် ဂျူနီယာအဖြစ် လုယန်ကို ဦးညွှတ်အရိုအသေပေးခဲ့ရသည်။
"ငါက အရှေ့ပင်လယ်ကို လွှမ်းမိုးနိုင်တဲ့လူ ဖြစ်ခဲ့သင့်တာမဟုတ်ဘူးလား"
**********************************