← Chapters

တိုင်ပုဖန် - အရှေ့ပင်လယ်ကို အပျော်တမ်းသွားလည်ကြတာဆိုလားလို့

Vol. 54 Ch. 799

တိုင်ပုဖန် - အရှေ့ပင်လယ်ကို အပျော်တမ်းသွားလည်ကြတာဆိုလားလို့

Vol. 54 Ch. 799

လူမနေသည့်ကျွန်းတစ်ခုပေါ်တွင် လူလေးယောက် တော်ဝင်ထိုင်ခုံလေးခုဖြင့် ဝိုင်းဖွဲ့ထိုင်နေကြသည်။

ထိုလေးယောက်၏စွမ်းအားက ကြောက်စရာကောင်းသည်။ မသေမျိုးနီးပါးအဆင့်ရှိသည်။

ယွမ်ကျိက နတ်မယ်၊ အောင်းလင်းနှင့် လုယန်တို့ပြောသည့်စကားများကို ငြိမ်သက်စွာနားထောင်နေသည်။ နောက်ဆုံးတွင် သူမှတ်ချက်ပေးသည်။

"ဒါဆို ရှေးဟောင်းခေတ်မသေမျိုးလေးယောက်က အကြီးအကဲနတ်မယ်ကို ပြန်အသက်သွင်းဖို့ကြိုးစားရာကနေ အမှားအယွင်းတစ်ချို့ကြောင့် ဖျက်ဆီးခြင်းအရိယဖလပိုင်တဲ့နတ်မယ်တစ်ယောက်ကို အသက်သွင်းမိတယ်ပေါ့။

ဒီမသေမျိုးက မီးနိုင်ငံအကြောင်းကိုဖျောက်ဖျက်ဖို့ကြိုးစားနေတဲ့လူ ဖြစ်နိုင်တယ်ပေါ့"

ယွမ်ကျိမျက်နှာတွင် တွေးမရသည့်အရိပ်မျိုးပေါ်နေသည်။ သူ့မောင်လေးလုသည် မီးနိုင်ငံကိစ္စများကို လုံးဝဝင်မစွက်ဖက်တော့ပါဟုပြောခဲ့သည်။

ယခု တစ်လသာရှိသေးသည်။ ဘာကြောင့် မီးနိုင်ငံအကြောင်းဖျောက်ဖျက်ချင်သည့် မသေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်မသိ။

"ရှောင်ယွမ်၊ ဒီကိစ္စတော့ ငါ့ကိုအပြစ်တင်လို့မရဘူး။ မြူတွေက ငါတို့ကို အမှတ်မထင်လွှမ်းခြုံသွားတယ်။ နဂါးပုံလက်ကောက်က နဂါးပုလဲရဲ့သော့ဖြစ်တာကိုလည်း မသိခဲ့ဘူး။

ရှောင်လင်းရဲ့ သာမန်ပစ္စည်းတစ်ခုပဲထင်လို့ ဒုခေါင်းဆောင်ကို ငါကောက်ခိုင်းလိုက်တာပါ"

နတ်မယ်က လုယန်ကိုကာကွယ်သည်။ မသေမျိုးတိုက်ပွဲနယ်မြေဟောင်းသို့ တမင်လေ့လာရေးထွက်ခဲ့ကြောင်း ထုတ်မပြော။

ယွမ်ကျိက သူ့စကားကို အံ့ဩဟန်မပြ။

"အဲလိုပြောဖို့ ရှင့်ကိုဘယ်သူသင်ပေးတာလဲ"

"ဒုခေါင်းဆောင်လေ"

ယွမ်ကျိ ဘာမှမပြောဘဲ လုယန်ကို အေးစက်စက်တစ်ချက်စိုက်ကြည့်သည်။

နတ်မယ်နှင့် နောက်ထပ်လုံးဝပူးပေါင်းကြံစည်မှုမပြု‌‌တော့ဟု လုယန်ဆုံးဖြတ်သည်။ စကားပေါက်ကြားဖို့ လွယ်လွန်းသည်။

ဘေးတွင်ငြိမ်ထိုင်နေသည့် အောင်းလင်းက ယွမ်ကျိနှင့် နတ်မယ်ကို တစ်လှည့်စီအကဲခတ်ရင်း ထူးဆန်းသည့်မှတ်ချက်ပေးသည်။

"ထူးဆန်းတယ်၊ ရှင်တို့နှစ်ယောက် ပုံစံချင်းနည်းနည်းတူသလိုပဲ"

နဂါးဘိုးဘေး အမြင်အာရုံအားနည်းနေပြီဟု လုယန်ယူဆသည်။ နတ်မယ်ရော ယွမ်ကျိပါ သူ့နည်းသူ့ဟန်ဖြင့် ပြိုင်ဘက်ကင်းအလှပိုင်ရှင်များဖြစ်သည်။ သို့သော် တစ်ယောက်က ရူးကြောင်ကြောင်နိုင်သည်။ နောက်တစ်ယောက်က ဉာဏ်ထက်သည်။ ဘာမှတူစရာမရှိ။

"ရုပ်ချင်းတူတာကိုပြောတာမဟုတ်ဘူး...အင်း..ဘယ်လိုပြောရမှန်းတော့မသိဘူး။ ဒါပေမယ့် ရှင်တို့နှစ်ယောက် နည်းနည်းတူနေတာတော့ အမှန်ပဲ"

အောင်းလင်းလည်း ထပ်ရှင်းမပြတတ်။

ယွမ်ကျိက တည်ငြိမ်သည့်လေသံဖြင့်

"အကြီးအကဲအောင်းလင်း စိတ်ထင်လို့ဖြစ်မှာပါ။ ကျွန်မနဲ့အကြီးအကဲနတ်မယ်က လုံးဝမတူပါဘူး"

"ဟုတ်လား"

ကိုယ့်ဗီဇအသိစိတ်ကိုယ် အောင်းလင်းအမြဲတမ်းယုံကြည်ခဲ့သည်။

"စိတ်ထင်တာပါ"

"အင်း ဟုတ်ပါပြီလေ"

မူလအကြောင်းအရာကို သူတို့ဆက်ဆွေးနွေးကြသည်။

"ပဲပြာအရှင်ရဲ့ လုပ်ရပ်တွေကိုကြည့်ရင် သူ့ကိုသိတဲ့လူမှန်သမျှ သူ့အမဲလိုက်ကွင်းထဲကို ရောက်သွားတယ်ထင်တယ်"

လုယန် သုံးသပ်သည်။

"နေပါဦး နေပါဦး။ ဘာလို့သူ့ကို ပဲပြာလို့ခေါ်တာလဲ"

လုယန်သုံးနှုန်းသည့်နာမည်ကို နတ်မယ်အလိုမကျဖြစ်သွားသည်။

ထိုနာမည်သည် ထည်ဝါမှုမရှိဟု ယွမ်ကျိလည်း ယူဆသည်။ အင်အားကြီးလူတစ်ယောက်နာမည်နှင့်မတူ။

"ဒါဆို ဘယ်လိုခေါ်ကြမလဲ။ ဖျက်ဆီးခြင်းမသေမျိုးလို့ခေါ်မလား"

လုယန်လည်း အခက်တွေ့နေသည်။ သူတို့ဆက်ဆွေးနွေးဖို့ နာမည်တစ်ခုခုတော့ သုံးရသည်။

"မဖြစ်ဘူး...မဖြစ်ဘူး။ ဒီလောက်ထည်ဝါခံ့ညားတဲ့နာမည်မျိုး သူနဲ့မထိုက်တန်ဘူး"

နတ်မယ်က ကန့်ကွက်ပြန်သည်။ ထိုနာမည်က သူ့အရှိန်အဝါကို ခိုးယူထားသလို ခံစားရသည်။

လုယန် အောင်းလင်းကိုလှည့်မေးသည်။

"ဘိုးဘေး၊ မီးနိုင်ငံခေတ်တုန်းက ပဲပြာအရှင်မှာ နာမည်တစ်ခုခုရှိလား"

"သူက မီးနိုင်ငံရဲ့ ကောင်းကင်ရုံးတော်သခင်ပဲ။ နာမည်မရှိဘူး။ ဒါပေမယ့် ကောင်းကင်ရုံးတော်ရည်ရွယ်ချက်က မသေမျိုးအမကို အသက်ပြန်သွင်းဖို့ဆိုတော့ သူ့ကိုလည်း ပဲဝါအရှင်လို့ခေါ်ရင် အဆင်ပြေလောက်ပါတယ်"

"ထားလိုက်ပါတော့။ သူ့ကို ပဲပြာအရှင်လို့ပဲ ခေါ်ကြတာပေါ့"

နတ်မယ်က ချက်ချင်းစကားချုပ်သည်။

ယွမ်ကျိ တွေးတွေးဆဆပြောသည်။

"ဒီအတိုင်းဆို ကျွန်မလည်း သူအမဲလိုက်မယ့် ပစ်မှတ်ပဲပေါ့"

လုယန် အခြေအနေကိုသုံးသပ်သည်။ ယခုသူတို့လေးယောက်လုံး အန္တရာယ်ရှိနေသည့်သဘောဖြစ်သည်။

...မဟုတ်သေး...ယွမ်ကျိက ပဲပြာကို အနိုင်ယူနိုင်စွမ်းရှိသည်။ နတ်မယ်က ပြန်ရှင်သန်နိုင်စွမ်းရှိသည်။ ဘိုးဘေးအောင်းလင်းက နဂါးပုံလက်ကောက်အကာအကွယ်ရှိသည်။

သို့ဆိုလျှင် သူတစ်ယောက်သာ အန္တရာယ်အများဆုံးဖြစ်သည်။

ပဲပြာ၏စရိုက်သည် နတ်မယ်လို အားကြီးကိုသာစိန်ခေါ်၍ အားနည်းသူကို စိတ်မဝင်စားသူမျိုးဖြစ်ပါစေဟုသာ သူဆုတောင်းရသည်။

"အကြီးအကဲအောင်းလင်း ကျွန်မကိုယုံကြည်ရင် နဂါးပုံလက်ကောက်ကို ပေးလို့ရတယ်။ ဒါကိုစွမ်းအားပြန်ဖြည့်ပေးနိုင်တဲ့ လူတစ်ယောက်ကို ကျွန်မသိတယ်"

"ရော့ပါ"

ယွမ်ကျိကို အောင်းလင်းယုံကြည်သည်။

ယွမ်ကျိ လက်ကောက်ကိုသိမ်းလိုက်သည်။

"ဒါနဲ့..မသေမျိုးအမက ငါးမျိုးနွယ်ဆိုတာ ကျွန်မလုံးဝမသိခဲ့ဘူး။ ကျွန်မယောက်ျားကလည်း ဒီအကြောင်း ပြောမပြဖူးဘူး"

အရှေ့ပင်လယ်ခရီးစဉ်တစ်လျှောက်လုံး နတ်မယ်သည် ရေသူမအသွင်ဖြင့်သာနေခဲ့သည်.

လုယန် "..."

နတ်မယ်၊ ခင်ဗျား အသွင်ပြန်ပြောင်းပြီး ကျုပ်ခေါင်းထဲကပင်လယ်ရေတွေကိုပါ ထုတ်ပေးလို့မရဘူးလား...

....

အစက ဖန်ဝူယာအနေဖြင့် လူအားလုံးကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ခေါ်သွားလျှင်ရသည်။ သို့သော် လုယန်တို့က မဟာရှားမှ ထွက်လာသည့်မှတ်တမ်းရှိသည်။

ပြန်ဝင်သည့်မှတ်တမ်းမရှိလျှင် ရှင်းပြရခက်မည်။ ထို့‌ကြောင့် လုယန်တို့ ပုံမှန်လမ်းကြောင်းအတိုင််း ဝင်ရသည်။

ယွမ်ကျိနှင့်ဖန်ဝူယာက လေဟာနယ်အရိယဖလစွမ်းအားသုံး၍ ပြန်သွားကြသည်။ အဝင်အထွက်မှတ်တမ်းမရှိ။ ထို့ကြောင့် တရားဝင်စာရွက်စာတမ်းမလို။

အောင်းလင်းကတော့ နောက်ခံထူးခြားသူဖြစ်၍ လူရှေ့သူရှေ့ထွက်ဖို့ အဆင်မပြေ။

လုယန်တို့ စာရွက်စာတမ်းကိစ္စများလုပ်ပြီးနောက် ပင်လယ်တာအိုသခင် နယ်စပ်ကိုဖြတ်သည်။ လေဟာနယ်လမ်းကြောင်းတစ်ခု ဖွင့်သည်။ လမ်းကြောင်းတစ်ဘက်အဆုံးက တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သည်။

"အရှေ့ပင်လယ်မှာ ဖြစ်ခဲ့တာတွေက အများကြီးပဲ။ မောင်လေးတိုင်ပုဖန်က သတင်းအချက်အလက်ကိစ္စတွေ ဦးစီးနေတာ။ အရှေ့ပင်လယ်ကအကြောင်းတွေ မသိလောက်သေးဘူး။

မင်းတို့ငါးယောက်က ကိုယ်တိုင်ကြုံခဲ့တဲ့လူတွေဆိုတော့ သူ့ကိုသွားသတင်းပို့လိုက်ကြပါ"

ယွမ်ကျိက ညွှန်ကြားသည်။ ထို့နောက် အောင်းလင်းကိုခေါ်၍ ကောင်းကင်ဂိတ်တောင်ထိပ်သို့သွားသည်။

လုယန်တို့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မစ်ရှင်ခန်းမသို့သွားကြသည်။ မစ်ရှင်ခန်းမသို့ မကြာခဏလာဖူးသူများဖြစ်၍ တိုင်ပုဖန်အခန်းကို တန်းသွားသည်။

"အကိုတိုင်၊ အထဲမှာရှိလား"

လုယန် တံခါးကိုအသာခေါက်သည်။

"ဝင်ခဲ့ပါ"

သူတို့ငါးယောက်ကိုမြင်သည်နှင့် တိုင်ပုဖန် ရယ်မော၍ပြောသည်။

"မင်းတို့ လောင်မာနဲ့အတူပျော်ဖို့ အရှေ့ပင်လယ်ကိုသွားကြတာမဟုတ်လား။ အခု ပြန်လာတာမြန်လှချည်လား။ ပင်လယ်တာအိုသခင်က ပြန်ခေါ်လာတာလား"

နဂါးပုလဲကိုလုယန်ပြန်ပေးဆွဲသွားကြောင်း တိုင်ပုဖန်သတင်းကြားသည်။ ပင်လယ်တာအိုသခင်ကလည်း သူ့ကိုရှာဖို့ အရှေ့ပင်လယ်သို့လိုက်သွားသည်။

လုယန် ခေါင်းငြိမ့်သည်။ မှန်သည်။ သူ့ကိုပြန်ခေါ်လာသူမှာ ပင်လယ်တာအိုရှင်ဖြစ်သည်။

လုယန်၏တုံ့ဆိုင်းဆိုင်းအမူအရာကိုကြည့်၍ တိုင်ပုဖန် စနောက်ပြန်သည်။

"အရှေ့ပင်လယ်မှာ ပြဿနာကြုံခဲ့လို့ ငါနဲ့ဆွေးနွေးဖို့ လာကြတာလား"

"ဟုတ်ပါတယ်"

လုယန် စကားကိုသေချာသတိထားသည်။ သူပြောမည့်အကြောင်းအရာတိုင်းကို အကိုတိုင် ချောချောမွေ့မွေ့လက်ခံနိုင်အောင် အကောင်းဆုံးကြိုးစားသည်။

အတိတ်အတွေ့အကြုံအရ အကိုတိုင်သည့် ကျင့်စဉ်အဆင့်မြင့်သော်လည်း စိတ်ဓာတ်သိပ်မခိုင်မာ။ ထိတ်လန့်လွယ်သူဖြစ်သည်။

"အဖြစ်က ဒီလိုပါ။ အစက အရှေ့ပင်လယ်မှာ ပျော်ပျော်နေမလို့ပါပဲ။ အရှေ့ပင်လယ်ရဲ့ ထူးခြားချက်တွေကိုလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။ တိုက်တာခိုက်တာမျိုးတွေပေါ့.

ဒါပေမယ့် စိတ်မပူပါနဲ့။ ကျုပ်တို့က ဓာတ်ငါးမျိုးဂိုဏ်းနာမည်ကို သုံးခဲ့တာပါ။ ကျုပ်တို့ဂိုဏ်း နာမည်မပျက်စေရပါဘူး"

လုယန်က နည်းနည်းရှက်ဟန်ဖြင့် သူ့ခေါင်းသူပွတ်၍ ပြောနေသည်။

"နောက်တော့ ထင်မှတ်မထားတာလေးတွေ နည်းနည်းဖြစ်သွားတယ်။ နဂါးဘိုးဘေးအောင်းလင်းကို ကျုပ်မတော်တဆ နှိုးမိတယ်။ ဘိုးဘေးအောင်းလင်းက ကျုပ်ကို 'အကိုကြီး'လို့ အတင်းခေါ်တယ်။

ဒီတော့ ပင်လယ်တာအိုသခင်ဘိုးဘေးကလည်း ကျုပ်ကို'အကြီးအကဲ'အဖြစ် အရိုအသေပေးလိုက်ရတယ်။

ပြီးတော့ ဖန်လိုင်ကျွန်းက တောင်သုံးလုံးအရှင်က နဂါးအိုအင်ပါယာကိုပူးကပ်ဖို့ ကြိုးစားတယ်။ ကံကောင်းထောက်မလို့ ဘိုးဘေးအောင်းလင်းက သူ့ကိုတားလိုက်နိုင်တယ်။

အဲဒီ့နောက်တော့ မဟာချန်သခင်တစ်ယောက် ပေါ်လာတယ်။ ဘိုးဘေးအောင်းလင်းက နှစ်ယောက်လုံးကို တစ်ကိုယ်တော်အနိုင်ယူလိုက်တယ်။

ပြီးတော့ ရုတ်တရက် မသေမျိုးတစ်ယောက်ပေါ်လာတယ်။ ဘိုးဘေးအောင်းလင်းကို တိုက်ခိုက်တယ်။ ဒါပေမယ့် ဘိုးဘေးကို သူမသတ်နိုင်ခဲ့ပါဘူး။

တောင်သုံးလုံးအရှင်နဲ့ မဟာချန်သခင်တို့နှစ်ယောက်ပဲ ကြားကနေအချောင်သေသွားကြတယ်။ အဲဒီ့မသေမျိုးကို ဘယ်သူမှမယှဉ်နိုင်တာသိလို့ အမယွမ်က လာကူညီတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်တယ်"

လုယန် သက်ပြင်းတစ်ချက်ချသည်။

"ဒါပေမယ့်လည်း အဲဒီ့မသေမျိုးကို ကျုပ်တို့မဖမ်းလိုက်နိုင်ဘူး။ ဒဏ်ရာအပြင်းအထန်သွားပေမယ့် နောက်ဆုံးတော့ သူလွတ်သွားတယ်။ တကယ်ဆိုးတာပဲ"

စကားဆုံးသွားချိန်တွင် တိုင်ပုဖန် တဟားဟားအော်ရယ်သည်။

"ညီလေးလု၊ မင်းက တကယ်စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်း တကယ်ကောင်းတာပဲ"

"အကိုတိုင် ကျုပ်ပြောတာမယုံဘူးလား။ အခုဘိုးဘေးအောင်းလင်းလည်း ကျုပ်တို့ဂိုဏ်းကိုရောက်နေတယ်။ အမယွမ်နဲ့ လက်ဖက်ရည်သောက်နေတယ်။ ကျုပ်ပြောတာတွေကို သူသက်သေခံနိုင်ပါတယ်"

တိုင်ပုဖန် ပြုံးနေဆဲဖြစ်သည်။ သို့သော် သူ့မျက်လုံးများ ဗလာဖြစ်သွားသည်။

"အကိုတိုင်...အကိုတိုင်"

လုယန် နှစ်ကြိမ်အော်ခေါ်၍ တိုင်ပုဖန်မျက်နှာရှေ့တွင် လက်ကိုနှစ်ကြိမ်ယမ်းလိုက်သည်။

သို့သော် ဘာတုံ့ပြန်မှုမှမရှိ။

တိုင်ပုဖန်ပုခုံးကို သူအကဲစမ်း၍ပုတ်ကြည့်လိုက်သည်။ တိုင်ပုဖန် တစ်ချက်ယိုင်သွားပြီး စားပွဲပေါ်သို့ ဘုန်းခနဲလဲပြိုသွားသည်။

လုယန် နည်းနည်းလန့်သွားသည်။

သူအံ့ဩနေသည်။ သူတကယ်အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းပြောခဲ့ခြင်းဖြစ်သည်။

အကိုတိုင်၏ စိတ်လှုပ်ရှားမှုက ဘာကြောင့်ထိုမျှပြင်းထန်နေသနည်း။

All Chapters