မင်းဘာသင်ခန်းစာရလိုက်လဲ
Vol. 54 Ch. 800
"အကိုတိုင်..ထပါဦး"
လူတစ်ယောက် သူ့နာမည်ခေါ်နေသံကို တိုင်ပုဖန် ခပ်သဲ့သဲ့ကြားရသည်။
ဘယ်သူခေါ်နေသနည်း။ ဘာကြောင့် ထိုမျှဆူညံနေသနည်း။
သူကြိုးစား၍ မျက်လုံးဖွင့်ကြည့်သည်။ လုယန်၏မျက်နှာကြီးက သူ့ရှေ့တွင်ဝဲနေသည်ကို မြင်ရသည်။
သတိရလာသည်ကိုမြင်သဖြင့် လုယန် နည်းနည်းနောက်ဆုတ်လိုက်သည်။
တိုင်ပုဖန် ခေါင်းခါသည်။ တစ်ခုခုမေ့သွားသလို ခံစားရသည်။ ခုနက ဘာဖြစ်သွားသည်မသိ။ သူဘာကြောင့်မေ့သွားသည်ကို စဉ်းစားမရ။
"ညီလေးလု၊ မင်းတို့ဘာလိုချင်လို့လဲ"
လုယန်က သူ့နောက်ဘက်မှ ကြိုးတုပ်ထားသည့် လူတန်းကြီးကိုပြသည်။ မပွင့်တပွင့်ပြုံးရင်း ကြွားလုံးထုတ်သည်။
"အကိုတိုင်၊ ကျုပ်ခုနကပဲ စွန့်စားခန်းထွက်ခဲ့တယ်။ ရှေးမသေမျိုးလေးယောက်ရယ်၊ အိပ်ပျော်နေတဲ့ ရှေးဟောင်းမသေမျိုးတွေရယ်၊ ပထမအင်ပါယာချန်ရယ်၊ ပထမအင်ပါယာယုရယ်၊ ပထမနိုင်ငံ့ဆရာ၊ ပထမအင်ပါယာရှားရယ် အားလုံးဖမ်းမိခဲ့တယ်။
အခု မဟာခေတ်အပြိုင်အဆိုင်ကာလမှာ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက သေချာပေါက်အနိုင်ရမှာပါ"
"ဘာရယ်"
.....
တိုင်ပုဖန်၏မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး ထထိုင်သည်။ ရွံစရာကောင်းသည့် လုယန်မျက်နှာကို မျက်လုံးပြူး၍စိုက်ကြည့်နေသည်။
ထို့နောက် မုန်ကျင်းကျိုးတို့လူစုကိုကြည့်သည်။ ခုနကကြိုးတုပ်ထားသည့် ရှေးမသေမျိုးများ အားလုံးပျောက်သွားသည်။
"ဪ...အိပ်မက်မက်တာပဲ"
တိုင်ပုဖန် ကြက်သီးထနေသည်။ အိပ်မက်ထဲမှမြင်ကွင်းများကို ပြန်တွေးမိသည်။ အိပ်မက်ဖြစ်၍သာ တော်သေးသည်။
မဟာအကြီးအကဲသည် အိပ်မက်မှော်ပညာတွင် ကျွမ်းကျင်သည်။ သူလည်း အိပ်မက်မှော်ပညာတစ်ချို့ တတ်ကျွမ်းသည်။
အိပ်မက်ဆိုးမမက်သည်မှာ နှစ်ပေါင်းရာချီ၍ကြာမြင့်ခဲ့ပြီဖြစ်သည်။
"အကိုတိုင်၊ အဆင်ပြေရဲ့လား"
လုယန် စိုးရိမ်တကြီးမေးသည်။ အကိုတိုင်၏စိတ်ဓာတ်တည်ငြိမ်မှုက အားနည်းလှသည်။ အကယ်၍ အကိုတိုင်အသတ်ခံရမည့် အန္တရာယ်သာမရှိလျှင် ပဲပြာအရှင်အကြောင်း ထုတ်ပြောလိုက်ချင်သည်။
တိုင်ပုဖန်၏ မှတ်ဉာဏ်များ တဖြေးဖြေးပြန်ပေါ်လာသည်။ သတိမလစ်မီက လုယန်ပြောခဲ့သည့်စကားများကို တိုင်ပုဖန်ပြန်သတိရလာသည်။
"လုယန်၊ မင်းတကယ်ဂြိုလ်မွှေတာပဲ။ အရှေ့ပင်လယ်မှာ မသေမျိုးတစ်ဝက်တွေမရှိဘူးလို့ပြောကြတယ်။ အခု အဲဒီကိုမင်းသွားတယ်။ မသေမျိုးတစ်ဝက်တွေပေါ်လာတယ်။ နှစ်ယောက်တောင်သေသွားတယ်။
မသေမျိုးတိုက်ပွဲမပေါ်ခဲ့တာ နှစ်သုံးသောင်းကြာပြီကွ။ အခု အရှေ့ပင်လယ်မှာဖြစ်ခဲ့တာတွေက တကယ့်သမိုင်းဝင်အဖြစ်တွေပဲ။ ဒီဖြစ်ရပ်တွေအားလုံး မင်းနဲ့ဆက်စပ်နေတယ်လို့ ငါ့ကိုပြောနေတာလား"
တိုင်ပုဖန် အမှတ်မထင်ချီးကျူးလာသဖြင့် လုယန် နည်းနည်းရှက်သွားသည်။
"အဲလောက်ကြီး ထူးဆန်းတာတော့လည်း မဟုတ်ပါဘူး..."
တိုင်ပုဖန် စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ထားရသည်။
"မင်းတို့ငါ့ကို သေချာပြောကြစမ်း။ အရှေ့ပင်လယ်မှာ နှစ်ရက်သုံးရက်သွားပျော်တဲ့ခရီးမှာ မသေမျိုးတိုက်ပွဲကြီးက ဘယ်လိုဖြစ်လာတာလဲ"
အများဆုံးတွေ့ကြုံခဲ့သူဖြစ်သည့်လုယန်က အဖြစ်အများစုကို ဒိုင်ခံရှင်းပြသည်။ မုန်ကျင်းကျိုးတို့က ဇာတ်လမ်းဝင်ဖြည့်ပေးသည်။
အဖြစ်အပျက်များကို တိုင်ပုဖန် ရှင်းလင်းစွာနားလည်လာသည်။ လုယန်တို့ပြောပုံအတိုင်းဆိုလျှင် အရှေ့ပင်လယ်မှ ပြဿနာများသည် လုယန်ကိုအပြစ်တင်၍မရ။
ကံတိုက်ဆိုင်မှုသက်သက်သာဖြစ်သည်။
ထိုသတင်းအချက်အလက်များသည် ရွှေကဲ့သို့ အဖိုးတန်သည်။ ထိုဖြစ်ရပ်များကြောင့် ကျင့်ကြံသူလောကတစ်ခုလုံး ဂယက်ထသွားလိမ့်မည်။
သို့သော် ဖြစ်စဉ်အသေးစိတ်ကို နားလည်သူဆို၍ လုယန်တို့သာရှိသည်။ တစ်ခြားလူများက အပေါ်ယံလောက်သာ မြင်ခဲ့ကြလိမ့်မည်။
မစ်ရှင်ခန်းမတာဝန်ခံရှာထူးကို လုယန်ထံ သူလွှဲပေးချင်လာသည်။
သူ့နဖူးပေါ်လက်တင်လိုက်သည်။ ခေါင်းကိုက်လာသည်။ ဂြိုလ်ကောင်ငါးယောက်ကို နှင်ထုတ်လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ။ အခြေအနေကို ငါသဘောပေါက်ပြီ။ ငါအခု နည်းနည်းအနားယူချင်တယ်"
အရှေ့ပင်လယ်နှင့်ပတ်သက်သည့် အချက်အလက်များကို သူသေချာပြန်သုံးသပ်ဖို့ အချိန်လိုသည်။
လုယန်တို့ထွက်သွားပြီးနောက် သူတင်ပျဉ်ခွေ၍ အသက်ရှူနှုန်း ထိန်းညှိလိုက်သည်။ အရှေ့ပင်လယ်အဖြစ်အပျက်များကို စိတ်ထဲတွင် သူအကြိမ်ကြိမ် ပြန်တွေးသည်။ နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။
"ကံအကြောင်းတိုက်ဆိုင်တာဆိုရင်တောင် ဖြစ်ပျက်ခဲ့သမျှအားလုံးက ယုံနိုင်စရာရှိလို့လားကွ"
"ဘုန်း"
ဒေါသကြောင့် သူ့စွမ်းအင်ရောင် ကောင်းကင်သို့ထိုးထွက်သွားသည်။
စုစည်းခြင်းအလတ်တန်းဆင့်သို့ ချက်ချင်းရောက်သွားသည်။
....
တာအိုလမ်းစဉ်ဂိုဏ်း လူသစ်ရွေးပွဲပြီးဆုံးခဲ့သည်မှာ တစ်လကြာပြီဖြစ်သည်။ တပည့်သစ်လေးယောက်တို့ အကြီးအကဲအသီးသီးထံ တပည့်ခံကြသည်။
တာအိုရှင်ရှန်ထန်က ပင်လယ်တာအိုသခင်၏တပည့် ဖြစ်လာသည်။ ကုကျန်ယဲ့က မဟာအကြီးအကဲတပည့်၊ ကျောက်ရှင်းအာက လောင်ပါး၏တပည့်၊ ကျွန်းဖျင်က စတုတ္ထအကြီးအကဲ၏တပည့် ဖြစ်လာသည်။
မဟာအကြီးအကဲက ဘယ်ရောက်နေမှန်းမသိ။ တစ်နေရာရာမှ ခေါင်းတလားထဲတွင် အိပ်နေလောက်သည်။ ထို့ကြောင့် ဆရာတာဝန်ကို တိုင်ပုဖန်ယူရသည်။
ကုကျန်ယဲ့ကို တောင်တန်းနောက်ဘက် ကွင်းပြင်တစ်ခုတွင် သင်ပြနေသည်။
စိတ်ခံစားချက်ကို ပြောင်းလဲပေးဖို့သာဖြစ်သည်။
"ငါတို့က မစ်ရှင်ခန်းမကိုပဲ တာဝန်ယူရတာမဟုတ်ဘူး။ အပြစ်ပေးရတဲ့တာဝန်ကိုလည်း ယူထားရတယ်။ အရေးကြီးဆုံးက ပြဿနာမဖြစ်အောင်ရှောင်ဖို့ပဲ။
မင်းကငါတို့မျိုးဆက်ထဲဝင်လာပြီဆိုတော့ ဘာပြဿနာမှမဖြစ်အောင် စည်းမျဉ်းတွေကို သေချာလိုက်နာရမယ်"
"ဟုတ်ကဲ့ အကိုကြီး"
ကုကျန်ယဲ့က အရိုးခံမျက်နှာဖြင့် တင်ပျဉ်ခွေထိုင်၍ စိတ်ဝင်တစား နားထောင်နေသည်။
"ဆိုးဝါးတဲ့ဥပမာကိုပြရရင် လုယန်လိုမျိုးပေါ့။ သူမစ်ရှင်ထွက်တိုင်း ပြဿနာတစ်ခုခုတော့ဖြစ်တယ်။ အစကတော့ သိပ်မဆိုးသေးဘူး။
ထာဝရဂိုဏ်းနဲ့ ပတ်သက်ရုံတာတို့ဘာတို့ပဲရှိတာ။ ဒါပေမယ့် နောက်တော့ ယင်ကျိုးပွဲတော်တက်တယ်။ စုစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်၊ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နဲ့တွေ့တယ်။
နောက်ပိုင်း အရိုင်းနယ်မြေကိုသွားတယ််။ ကူးဖြတ်ခြင်းအဆင့်ရှေးဟောင်းကျင့်ကြံသူသုံးယောက်နဲ့ တိုးတယ်။...သိပ်မကြာသေးခင်က အရှေ့ပင်လယ်ကနေ သူပြန်လာတယ်။ အရှေ့ပင်လယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ သူနဲ့မပတ်သက်ဘူးလို့ ပြောလို့မရဘူး"
တိုင်ပုဖန် လုယန်၏အရှုပ်တော်ပုံများကို စာရင်းပြုစုခဲ့သည်။ လုယန်ပြန်လာတိုင်း သူသေမတတ်လန့်ရသည်။
"ညီလေးကု၊ ဒီဖြစ်ရပ်တွေကို နားထောင်ပြီးတော့ မင်းဘာသင်ခန်းစာရလိုက်လဲ"
ကုကျန်ယဲ့မျက်လုံးတွင် လေးစားအားကျရိပ်များ တောက်ပနေသည်။
"လူစွမ်းကောင်းအစစ်ဟာ ဒီလိုဖြစ်ရမယ်"
တိုင်ပုဖန် "..."
အခုချိန် ဒီကောင့်ကို တစ်ခြားတစ်ယောက်နဲ့လဲလိုက်ရင် ရလောက်ဦးမလား...
....
လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်လာသည်။ ယွမ်ကျိနှင့်အောင်းလင်းတို့ လက်ဖက်ရည်သောက်နေကြသည်။ အောင်းလင်းက ခြေနှစ်ချောင်းချိတ်လျက် ရဲရဲတင်းတင်း သက်တောင့်သက်သာထိုင်နေသည်။
"ကျွန်မတို့ဂိုဏ်းမှာ အကြီးအကဲနတ်မယ်နဲ့ အကြီးအကဲလျန်ယိက ဧည့်သည်အကြီးအကဲအဖြစ် ဝင်ထားပြီးပါပြီ။ အကြီးအကဲအောင်းလင်းရော ဒီရာထူးကို စိတ်ဝင်စားမလားမသိဘူး"
'သောက်ရေးထဲ၊ လျန်ယိက ငါ့ရှေ့ကဦးသွားပြန်ပြီပေါ့...'
အောင်းလင်း မကျေမနပ်ဖြစ်သွားသည်။ ဘာကြောင့် လျန်ယိထက်အရင် သူမနိုးထခဲ့သည်မသိ။
ခြေတစ်လှမ်းနောက်ကျခြင်းသည် အရာရာတိုင်းတွင် နောက်ကျခြင်းဖြစ်သည်။ ယခုချိန် ဧည့်သည်အကြီးအကဲဖြစ်လျှင်ပင် ကျန်းလျန်ယိထက် ဂျူနီယာကျတော့မည်။
"ဒါဆို ဧည့်သည်အကြီးအကဲဖြစ်ရင် ဘယ်လိုအကျိုးအမြတ်တွေ ရမှာလဲ"
"အများကြီးရှိတာပေါ့။ ဥပမာ ကျွန်မတို့ဂိုဏ်းမှာ ရှင်သဘောကျတဲ့ပစ္စည်းတစ်ခုခုရှိရင် ယူလို့ရတယ်"
"အိုး...ဒါတော့ မဆိုးဘူးပဲ"
အောင်းလင်းအကြည့်က ယခုမှရောက်လာသည့် လုယန်ဆီရောက်သွားပြီး မပွင့်တပွင့်ပြုံးနေသည်။
လုယန်စိတ်ထဲ လေးလံလာသလိုခံစားရသည်။
"မောင်လေးလုက သက်မဲ့ပစ္စည်းမဟုတ်ပါဘူး"
ယွမ်ကျိ သတိပေးသည်။
"ဒါပေမယ့် ဂိုဏ်းမှာ မသေမျိုးတစ်ဝက်တစ်ချို့ဖမ်းထားတယ်။ သူတို့ပိုင်တဲ့ပစ္စည်းတွေကို သိမ်းယူထားတယ်။ အခုအားလုံး ရတနာတိုက်ထဲမှာ ထားပါတယ်။
အဲဒီ့ထဲက ရှင်နှစ်သက်ရာပစ္စည်းတစ်ခု ရွေးနိုင်ပါတယ်"
လုယန်ကို ငါးစာအဖြစ်အသုံးချ၍ မသေမျိုးတစ်ဝက်အဆင့်များကို မျှားခေါ်နိုင်ခဲ့သဖြင့် တာအိုလမ်းစဉ်ဂိုဏ်းက နဂါးမျိုးနွယ်ထက် ချမ်းသာလာသည်။
"ဒါမှမဟုတ် ကျွန်မတို့ဂိုဏ်းအတွက် အကျိုးပြုရင် ကျိုးဆောင်မှတ်တွေရမယ်။ အဲဒါတွေနဲ့ 'တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်'ကို လဲလှယ်လို့ရယ်။ ယာယီဂိုဏ်းချုပ်လုပ်ခွင့်ရှိတယ်။
ဂိုဏ်းထဲကလူအားလုံး ယာယီဂိုဏ်းချုပ်ရဲ့အမိန့်ကို လိုက်နာရတယ်"
"ဧည့်သည်အကြီးအကဲတွေရော လိုက်နာရသလား"
"ဧည့်သည်အကြီးအကဲတွေလည်း အတူတူပဲပေါ့"
အောင်းလင်း သူ့ပေါင်သူရိုက်လိုက်သည်။
"ဒါဆိုလုပ်မယ်"
"ငါရောကျိုးဆောင်မှတ်တွေ ရမှာလား"
နတ်မယ် ရုတ်တရက်စိတ်ကူးရလာသည်။ သူကျိုးဆောင်မှတ်သည်မှာ အတော်ကြာပြီဖြစ်သည်။
"နတ်မယ်က ကျွန်မတို့ဂိုဏ်းအတွက် အများကြီးအကျိုးဆောင်ခဲ့တာပဲ။ ကျိုးဆောင်မှတ်တွေရထားတာပေါ့"
"ဒါဆို 'တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်'နဲ့ လဲချင်တယ်"
နတ်မယ်မျက်လုံးများ အရောင်တောက်လာသည်။
ယွမ်ကျိက အံ့ဩဟန်မပြ။
"နတ်မယ်က ဂိုဏ်းချုပ်လုပ်ခွင့် ဘယ်လောက်ကြာကြာလိုချင်လို့လဲ။ တစ်နှစ်စာလဲချင်လား နှစ်နှစ်စာလဲချင်လား.."
တာအိုလမ်းစဉ်ဂိုဏ်းက မသေမျိုးတစ်ဝက်တစ်ချို့ ဖမ်းမိခဲ့သည်။ နတ်မယ် များစွာအကျိုးဆောင်ခဲ့သည်။ ထို့ကြောင့် သူရထားသည့် ကျိုးဆောင်မှတ်ကလည်း များပြားသည်။
"တစ်နှစ်ဆိုအဆင်ပြေပါတယ်"
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"ဒါဆို ဒီနေ့ကစပြီး..."
"နေဦး...နေဦး။ ငါက ကြိုလဲထားရုံပါ။ လောလောဆယ် ယာယီဂိုဏ်းချုပ် မလုပ်ချင်သေးဘူး"
ပြီးခဲ့သည့်နှစ်ကြိမ်က သူယာယီဂိုဏ်းချုပ်ဖြစ်ဖြစ်ချင်း ဓာတ်ငါးမျိုးဂိုဏ်းနှင့် နှီးနှောဖလှယ်ပွဲပြင်ဆင်ခဲ့ရသည်။ နှစ်နှစ်သိန်းပြည့်ဂိုဏ်းနှစ်ပတ်လည်ပွဲကို စီစဉ်ခဲ့ရသည်။
ထိုနှစ်ပွဲလုံး အတော်ခက်ခဲသည်။ လုယန်သာ ကူညီမပေးလျှင် သူ့အတော်ပင်ပန်းခဲ့လိမ့်မည်။
ဤတစ်ကြိမ် ဂိုဏ်းချုပ်လုပ်လျှင် အချိန်အခါကောင်းကို ရွေးချင်သည်။
ယွမ်ကျိလည်း အံ့အားသင့်သွားသည်။
သူဂရုမစိုက်မိသည့်အချိန်အတွင်း နတ်မယ်၏ဉာဏ်ရည်က များစွာတိုးတက်လာသောကြောင့်ဖြစ်သည်။
**********************************