နတ်မယ်၏တပ်ဖွဲ့
Vol. 54 Ch. 802
နတ်ဝိညာဉ်အလတ်တန်းဆင့်တစ်ယောက်အနေဖြင့် နတ်ဆိုးနယ်မြေနှင့်အရှေ့ပင်လယ်နှစ်ခုလုံး၏သခင်အဖြစ် တာဝန်ယူနိုင်မည်မဟုတ်ဟု လုယန်တွေးနေသည်။
"အိုး..ဒါက ရှောင်လင်းနဲ့လျန်ယိရဲ့ စေတနာပဲလေ။ နတ်ဆိုးနယ်မြေနဲ့အရှေ့ပင်လယ်ကို အုပ်ချုပ်ဖို့လောက်က အသေးအဖွဲကိစ္စတွေပါ။ နင်လက်ခံလိုက်ပါလား"
နတ်မယ်က ပုံမှန်လေသံဖြင့်ပြောသည်။
"နင်လက်မခံရဲရင် နင့်ဆီက ငါလက်လွှဲယူမှာပေါ့"
မှန်သည်။ လုယန် လက်မခံရဲသော်လည်း လက်ခံရဲသူများရှိနေသည်။
လုယန်တွေးသည်။ ကောင်းကင်ရုံးတော်သခင်၊ မီးနိုင်ငံတည်ထောင်သူအင်ပါယာဖြစ်သည့်နတ်မယ်အတွက် နတ်ဆိုးနယ်မြေနှင့်အရှေ့ပင်လယ်သခင်အဖြစ်တာဝန်ယူဖို့ကိစ္စသည် ဘာမှပြောပလောက်သည့်ကိစ္စမဟုတ်။
"ခင်ဗျားလက်ခံလိုက်ရင်တောင် တကယ်ရောအုပ်ချုပ်နိုင်လို့လား"
ရှေးဟောင်းခေတ်အတွင်းက နတ်မယ်သည် အုပ်ချုပ်စီမံရသည်ကို မနှစ်သက်။ မသေမျိုးလေးယောက်က သူ့ကိုအတင်းပေးထားသည့် မြောက်ပိုင်းကြယ်ကမ္ဘာတစ်ခုသာ အုပ်ချုပ်သည်။
မြောက်ပိုင်းကြယ်ကမ္ဘာကိုပေးကြသည်ကလည်း နတ်မယ်ကို နေရာတကာ လမ်းသလားမနေဘဲ အိမ်ယာအတည်တကျဖြစ်အောင် ရည်ရွယ်ချင်းဖြစ်မည်ဟု လုယန်ခန့်မှန်းသည်။
"အုပ်ချုပ်ရတာ ဘာတွေဒီလောက်ခက်ခဲလို့လဲ။ ရှောင်လင်းနဲ့လျန်ယိကို စီမံခိုင်းရင်ရတာပဲ"
နတ်မယ်သည် အုပ်ချုပ်ရေးပညာမကျွမ်းကျင်သော်လည်း လူများကိုအသုံးချရာတျွင် ကျွမ်းကျင်သည်။
"မသေမျိုးအမ၊ အမနေတဲ့နေရာကို လိုက်ကြည့်လို့ရမလား"
ကျန်းလျန်ယိကမေးသည်။
"ရပါတယ်၊ ရပါတယ်"
နတ်မယ်က မငြင်း။
အောင်းလင်းနှင့်ကျန်းလျန်ယိက ဝိညာဉ်အာရုံခွဲထွက်၍ လုယန်၏သိစိတ်နယ်မြေထဲဝင်သွားသည်။
"လာကြ၊ လာကြ။ လွတ်လွတ်လပ်လပ်နေပါ။ ထိုင်ကြဦး"
နတ်မယ်က မသေမျိုးတစ်ဝက်နှစ်ယောက်ကို နွေးထွေးစွာကြိုဆိုသည်။ သိစိတ်နယ်မြေမှ ပင်လယ်ရေများကို ရှင်းထုတ်ထားပြီးဖြစ်သည်။ ယခု အရင်လို နူးညံ့ညင်သာသည့်အသွင်အပြင် ပြန်ရောက်နေသည်။
နံရံနှင့်ကပ်၍ခင်းထားသည့် ကုတင်တစ်လုံးရှိသည်။ စားပွဲများ ကုလားထိုင်များ တစ်ခြားပရိဘောဂများရှိသည်။
လုယန်စကားတစ်ခွန်းမှမပြောဘဲ ထိုမြင်ကွင်းအားလုံးကို အသံတိတ်ကြည့်နေသည်။
ထိုနေရာသည် ဘယ်သူပိုင်သည့်သိစိတ်နယ်မြေမှန်းမသိတော့။
ဝင်ထိုင်ကြပြီးနောက် ကျန်းလျန်ယိက ယခုတစ်ခေါက် ဂိုဏ်းသို့လာလည်သည်မှာ အောင်းလင်းကို နှုတ်ဆက်ရုံသက်သက်မဟုတ်ကြောင်း ပြန်သတိရလာသည်။
"အရှေ့ပင်လယ်မသေမျိုးတိုက်ပွဲက ဘာတွေဖြစ်သွားတာလဲ။ ရှောင်လင်း၊ မင်းကိုသတ်ဖို့ကြိုးစားတာ ဘယ်သူလဲ"
အောင်းလင်း မျက်မှောင်ကျုံ့၍ ခဏစဉ်းစားသည်။
"ဒီကိစ္စက အတော်ရှုပ်ထွေးတယ်။ အားလုံးပြောပြလိုက်ရင် နင့်အတွက်အန္တရာယ်ရှိတယ်။ ဒီတော့ ပြောသင့်တာလောက်ပဲ ငါပြောပြမယ်။
ငါ့ယောက်ျားနဲ့ လူသတ်သမားတို့ တိုက်ပွဲပြီးသွားတော့ နင်ကအိပ်သွားတယ်။ ငါက မီးနိုင်ငံတည်ထောင်ဖို့ ငါ့ယောက်ျားကို ကူညီခဲ့တယ်.."
"ခဏနေဦး"
အောင်းလင်းစကားမဆုံးမီ ကျန်းလျန်ယိက တားသည်။
"အဲဒီတုန်းက ငါတို့နှစ်ယောက်လုံး သေဟန်ဆောင်ပညာကိုပြိုင်တူသုံးကြဖို့ သဘောတူထားခဲ့တာမဟုတ်ဘူးလား"
....
မဟာရှားတော်ဝင်နန်းတော်။
ကျန်းပင်ကန်း လယ်လုပ်ငန်းပြီးဆုံးပြီးနောက် ခွေးခြေခုံတစ်ခုတွင်ထိုင်၍ ချွေးသုတ်ရင်း လာလည်သူကို မော့ကြည့်သည်။
"မိတ်ဆွေယွမ်၊ ဘာကိစ္စများရှိလို့လဲ"
ယွမ်ကျိ လက်ဝါးအရွယ်အိတ်တစ်လုံး အင်္ကျီလက်ထဲမှထုတ်သည်။ အိတ်ကိုဖွင့်လိုက်သည်။ အနုစိတ်သွန်းလုပ်ထားသည့် နဂါးပုံလက်ကောက်တစ်ခုပေါ်လာသည်။
လက်ကောက်၏ဒီဇိုင်းကို ကျန်းပင်ကန်း သဘောကျသွားသည်။
"အင်း..တကယ်အဆင့်မြင့်တဲ့လက်ရာပဲ။ ဘယ်သူလုပ်ထားတာလဲ"
"ယင်ထန်မသေမျိုးဖန်တီးခဲ့တဲ့ မသေမျိုးရတနာပါ။ မသေမျိုးတွေရဲ့ စွမ်းအားပြည့်တိုက်ခိုက်တာကို လေးငါးကြိမ်ခုခံနိုင်တယ်"
"ဟား..တကယ်ထူးခြားတဲ့ပစ္စည်းပဲ"
မသေမျိုးရတနာတစ်ခုကို ထိုအဆင့်ထိသွန်းလုပ်နိုင်သည်ဆိုလျှင် ထိပ်တန်းလက်ရာအစစ်ဖြစ်သည်။
"လက်ကောက်ထဲမှာ ဘာမှမရှိတော့ဘူးပဲ။ ကျုပ်ကိုစွမ်းအားပြန်ဖြည့်ပေးစေချင်လို့လား"
"ဟုတ်ပါတယ််"
"ကောင်းပြီလေ၊ ဒါဆိုကျုပ်ဒါကို လေ့လာကြည့်ဦးမယ်"
ကျန်းပင်ကန်းက နဂါးပုံလက်ကောက်ကို သူ့လက်ထဲတွင်လှည့်ပတ်၍ နှစ်ကြိမ်သေချာစစ်ဆေးသည်။
လက်ကောက်ကိုလေ့လာရင်း သူကြားထားသည့် သတင်းအကြောင်း စုံစမ်းသည်။
"မိတ်ဆွေယွမ်၊ အရှေ့ပင်လယ်မှာ မင်းနဲ့ရင်ဆိုင်ခဲ့တဲ့လူက ဘယ်သူလဲ။ ရှေးဟောင်းမသေမျိုးလေးယောက်ထဲကလား"
မသေမျိုးများသည့် မေ့လျော့စေသည့်စွမ်းအားမျိုး ပိုင်ဆိုင်ကြသည်။ လူအများက အရှေ့ပင်လယ်တွင် မသေမျိုးတိုက်ပွဲဖြစ်ခဲ့ကြောင်းသာ မှတ်မိကြသည်။ တိုက်ခိုက်ခဲ့သည့်လူများအကြောင်း မမှတ်မိ။
ယွမ်ကျိ ခေါင်းခါသည်။
"သူက ရှေးဟောင်းခေတ်က မသေမျိးတစ်ယောက်ပါ။ ဒါပေမယ့် မသေမျိုးလေးယောက်ထဲကတော့ မဟုတ်ဘူး။ သူ့ဇစ်မြစ်ကို အများကြီးပြောပြဖို့မသင့်ဘူး။ ရှင်သိတာများလွန်းရင် သူက ရှင့်ကိုပါသတ်လိမ့်မယ်"
"ဪ...ကျုပ်က အဲဒီ့မသေမျိုးကိုမယှဉ်နိုင်ဘူးလို့ မိတ်ဆွေယွမ်က ထင်တာလား"
ကျန်းပင်ကန်း အသံထွက်လာသည်။ သူ့လေသံတွင် မာနရိပ်နည်းနည်းပါသည်။
သူသည် နှစ်တစ်သိန်းကြာအောင် မယိုင်လဲခဲ့သည့် မဟာရှားနိုင်ငံကိုတည်ထောင်ခဲ့သည့် အင်ပါယာတစ်ယောက်ဖြစ်၍ သူ့စွမ်းဆောင်ရည်က ကြီးမားသည်။ ဉာဏ်ရည်မြင့်မား၍သာမဟုတ်။ စွမ်းအားကြီးသောကြောင့်လည်းဖြစ်သည်။
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ ရှင်သူ့ကိုမနိုင်ဘူး"
"ဟုတ်ပါပြီလေ၊ မနိုင်ဘူးဆိုလည်း မနိုင်ဘူးပေါ့"
ညှိုးခြောက်သွားသည့် ခရမ်းပင်တစ်ပင်ကဲ့သို့ ကျန်းပင်ကန်း ခေါင်းငိုက်စိုက်ကျသွားသည်။ လက်တွေ့အမှန်တရားကို လက်ခံလိုက်သည်။
စွမ်းအင်ဖြည့်ထားသည့် နဂါးပုံလက်ကောက်ဖြင့် ယွမ်ကျိ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်လာသည်။ လုယန်၊ အောင်းလင်း၊ ကျန်းလျန်ယိတို့ မြေပေါ်တွင် လဲလျောင်းနေသည်ကို မြင်ရသည်။
လုယန်နဖူးကို လက်ဖြင့်တို့၍ သိစိတ်နယ်မြေမှ လူအားလုံးကို အပြင်သို့ခေါ်ထုတ်လိုက်သည်။
"အမယွမ် ပြန်လာပြီပေါ့"
လုယန် ဝမ်းသာအားရနှုတ်ဆက်သည်။ ခိုင်မာသည့် ကျောထောက်နောက်ခံတစ်ခုရထားသည့်အတွက် ကျေးဇူးတင်မိသည်။
ဒုက္ခပေးသည့် ပဲဝါအရှင်ကို ထည့်မပြောသေး။ နဂါးနှင့်ဖီးနစ်ဘိုးဘေးနှစ်ယောက်ကို သူတစ်ယောက်တည်း ရင်ဆိုင်နေရသည်ကပင် ခက်ခဲလွန်းသည်။
ခုနက သိစိတ်နယ်မြေတွင် ထိုဘိုးဘေးနှစ်ယောက် တိုက်ခိုက်တော့မလို နှစ်ကြိမ်ဖြစ်ခဲ့သည်။
ယွမ်ကျိက အောင်းလင်းကို နဂါးလက်ကောက်ပေးသည်။ ထို့နောက် ကျန်းလျန်ယိကို လှည့်မေးသည်။
"အကြီးအကဲလျန်ယိ၊ ရှင်က အကြီးအကဲအောင်းလင်းနဲ့တွေ့ချင်လို့ ဒီကိုလာတာလား"
ကျန်းလျန်ယိ နှာခေါင်းတစ်ချက်ရှုံ့သည်။
"ငါဘာလို့သူ့ကို တွေ့ချင်ရမှာလဲ။ ဒီကိုလာတာ အရှေ့ပင်လယ်ကကိစ္စ သိချင်လို့ပါ"
"ဪ"
လုယန်ကိုယ်ထဲမှ စိတ်အားထက်သန်မှုအပြည့်ဖြင့် ထွက်လာပြီးနောက် နတ်မယ်က လူအင်အားကို စတင်ရေရွတ်သည်။
"ငါရယ်၊ ဒုခေါင်းဆောင်ရယ်၊ ရှောင်လင်းရယ်၊ လျန်ယိရယ်...အင်း...လူအားလုံးစုံပြီပဲ"
"ဘယ်လူတွေစုံတာလဲ"
နတ်မယ်စကားက အဆက်အစပ်မရှိသဖြင့် လုယန်တွေးမရ။
"ရှောင်ယွမ်ကိုစိန်ခေါ်ဖို့ ငါတို့အဖွဲ့သားတွေ အားလုံးစုံပြီလေ"
လုယန် "..."
နေပါဦး..နတ်မယ်။ ခင်ဗျားတို့ သေကြောင်းကြံတဲ့ကိစ္စ ဘာလို့ကျုပ်ကို ဆွဲထည့်နေတာလဲ...
နတ်မယ် ဟန်ပါပါလက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ရှောင်ယွမ်နှင့်ရင်ဆိုင်ဖို့ သူ့စွမ်းအားအပြည့်အဝ ပြန်မရသေးသော်လည်း ယခု အောင်းလင်းနှင့်လျန်ယိတို့ တပ်ကူရှိသည်။
ဗျူဟာရှင် ဒုခေါင်းဆောင်လည်းရှိသည်။ ရှောင်ယွမ်နှင့်တိုက်ခိုက်ဖို့ အင်အားမျှလောက်သည်။
နတ်မယ်က တိုက်ခိုက်ရန်အချက်ပြတော့မည်ကို မြင်သဖြင့် လုယန် အမြန်ကြားဖြတ်ပြောသည်။
"နေပါဦး၊ နေပါဦး၊ နေပါဦး နတ်မယ်။ ခဏစိတ်ငြိမ်အောင်ထိန်းပါဦး"
"ငါစိတ်ငြိမ်ပါတယ်"
နတ်မယ်က မာန်ပါပါဖြင့်ပြောသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး။ စဉ်းစားကြည့်ပါဦး။ ကျုပ်တို့..အင်း...ခင်ဗျားတို့ အမယွမ်နဲ့ တိုက်ခိုက်ဖို့အသင့်မဖြစ်သေးဘူးလေ။ လူတစ်ယောက်လိုသေးတယ်"
"တစ်ယောက်...ဘယ်သူကျန်သေးလို့လဲ"
လုယန် စေတနာဖြင့်သတိပေးသည်။
"မသေမျိုးတစ်ဝက်ဖြစ်တဲ့ တ-ခေါင်းဆောင်လေ။ သူက အရေးကြီးတဲ့လူပဲ"
နတ်မယ်က သူ့နဖူးသူဖျတ်ခနဲရိုက်၍
"ဪ ဟုတ်သားပဲ။ ငါသူ့ကိုမေ့နေတာ"
ကောင်းကင်ဂိတ်တောင်ထိပ်သည် ဈေးလမ်းအသားကင်ဆိုင်နှင့် မဝေးလှ။ ထာဝရအရှင်ကို သူအဝေးမှထိန်းချုပ်နိုင်သည်။
အသားကင်ဆိုင်တွင် ရောင်းရငွေတွက်နေသည့် ထာဝရအရှင် ရုတ်တရက် ထိန်းချုပ်ခံလိုက်ရသည်။
သူ့နောက်မှ လူတစ်ယောက် လှမ်းဆွဲသကဲ့သို့ ပုစွန်ကွေးတစ်ခုလို သူနောက်ပြန်လွင့်သွားပြီး ကောင်းကင်ဂိတ်တောင်ထိပ်သို့ရောက်လာသည်။
တောင်ထိပ်မှလူစုကိုကြည့်၍ သူအံ့အားသင့်သွားသည်။
ဘာတွေဖြစ်နေသည်မသိ။
"ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ဂါရဝပြုပါတယ်။ ခေါင်းဆောင်၊ ကျုပ်ကိုခေါ်လိုက်တာလား"
ထာဝရအရှင် သတိထား၍ မေးလိုက်သည်။ သူ့စိတ်ထဲတွင် လေးလံနေသည်။
နတ်မယ် ခေါင်းငြိမ့်အတည်ပြုသည်။
"ဒီနေ့ ရှောင်ယွမ်ကိုစိန်ခေါ်ဖို့ ငါဆုံးဖြတ်ထားတယ်။ နည်းဗျူဟာလည်း စဉ်းစားထားပြီးပြီ။ ထာဝရမျိုးဆက်အဖွဲ့ဝင်အနေနဲ့ နင်လည်းတိုက်ခိုက်ရမယ်"
ခေါင်းဆောင်ဖြစ်၍ ဆုလာဘ်နှင့်ပြစ်ဒဏ်အကြောင်း သူရှင်းလင်းအောင်ပြောဖို့လိုသည်။
"ဒါနင်တိုးတက်ဖို့ အခွင့်အရေးပဲ။ ရှေ့တော်ပြေးအနေနဲ့ ရှောင်ယွမ်ရဲ့စွမ်းအားကို သွားစမ်းသပ်ပါ။ နင်သူ့ကိုနိုင်အောင်တိုက်နိုင်ရင် ခေါင်းဆောင်ရာထူးပေးမယ်"
"ဟာ"
******************************