← Chapters

-င်ဝနှင့် တိုက်ခိုက်ခြင်း

Vol. 17 Ch. 235

-င်ဝနှင့် တိုက်ခိုက်ခြင်း

Vol. 17 Ch. 235

“ဟမ် အားလုံးပဲ အာရုံစိုက်မယ်။ တစ်ခုခု ချဉ်းကပ်လာပုံပဲ။” ဓားအင်မော်တယ်လင်းရှောင်သည် သူလုပ်ဆောင်နေသည့်အရာအား ရပ်တံ့လိုက်ပြီးနောက် အဝေးတစ်နေရာသို့ စိုက်ကြည့်လိုက်သည်။

အခြားသော ကျင့်ကြံသူများအားလုံးသည်လည်း သိလိုစိတ်ဖြင့် တူညီသည့် ဦးတည်ရာသို့ ကြည့်လိုက်ကြသည်။

အပြာရောင်အလင်းလုံးတစ်ခုသည် အလွန်မြင့်မားသည့် အရှိန်ဖြင့် သူတို့ထံ လွင့်စင်လာနေခြင်း ဖြစ်သည်။

အပြာရောင်အလင်းလုံး သူတို့ထံ ရောက်ရှိလုနီးသည့် အချိန်မှသာလျှင် ထိုအလင်းလုံး မည်မျှကြီးမားသည်ကို သိရှိရာတော့သည်။

ခလွပ်

တောင်တစ်လုံးသဖွယ် ကြီးမားလှသည့် အလင်းလုံးကြီးသည် မြေပြင်အား ပြင်းထန်စွာ တုန်ကာ အက်ကွဲသွားစေသည်။

ကြီးများပြင်းထန်သည့် အော်ရာများ ထွက်ပေါ်လာပြီးနောက် ယင်း၏ဒေါသပမာဏအား ပြသနေလေသည်။

ပုရွက်ဆိတ် ၁၆ ကောင်သည် နောက်ခြေများထောက်ဖြင့် လမ်းလျှောက်လာပြီးနောက် ရှေ့ခြေများမှ အလွန်အားကောင်းသည့်အော်ရာများ ဖော်ထုတ်ထားကြသည်။

အပြာရောင်ပုရွက်ဆိတ်များထဲမှ တစ်ကောင်သည် သက်ပြင်းချလိုက်ပြီးနောက် သူ့လက်ထဲရှိ အက်ကွဲနေသည့် အပြာရောင်ပုတီးစေ့အား ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။ “ဒီသီးသန့်ပုတီးစေ့ကို အခုလိုအခြေအနေမျိုးမှာ သုံးလိုက်ရမယ်လို့ ဘယ်သူထင်မှာလဲ။”

ပုရွက်ဆိတ်ဘုရင်မသည် မချိတင်ကဲအသံဖြင့် အော်ဟစ်လိုက်ပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။ “သနားဖို့ကောင်းလိုက်တဲ့ ငါ့ကလေးတွေ။ အဲဒီ လူသားကျင့်ကြံသူတွေ.. အားလုံး.. သေရမယ်။”

ပုံစံအရွယ်အစား မျိုးမျိုးနှင့် ပုရွက်ဆိတ် ၁၆ ကောင်သည် ပုရွက်ဆိတ်ဘုရင်မ၏ မချိတင်ကဲ အော်ဟစ်မှုအပြီးတွင် ကြောက်မက်ဖွယ်ရာ အော်ရာအသီးသီး ထုတ်ဖော်လိုက်ကြပြီး ဓားအင်မော်တယ်လင်းရှောင်ထံသို့ ပြေးဝင်လာကြသည်။ အခြားသူများမှာ စကားတစ်လုံးမျှပင် မဆိုလိုက်နိုင်ချေ။

ရုတ်တရက်ဆိုသလို အလွန်ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။

ထိုပုရွက်ဆိတ် ၁၆ ကောင်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပြီး ကောင်းကင်အား အလွယ်တကူ မွှေနှောက်ပစ်နိုင်သည်။

သူတို့အားလုံးထဲတွင် အပြာရောင်ပုရွက်ဆိတ်ကြီးမှာ သိသိသာသာပင် စွမ်းအားကြီးလေသည်။ ယင်း၏ လက်မောင်းများသည် နတ်ဘုရားလက်နက်ကဲ့သို့ ထက်မြိလှပြီး ဆရာတစ်ဦး တိုက်ခိုက်လာသည့် ဓားဆန္ဒအား ခုတ်ပိုင်းလိုက်ပြီးနောက် တစ်ချက်တည်းနှင့် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ ရရှိသွားစေသည်။

ထို့နောက်တွင် ထိုအပြာရောင်ပုရွက်ဆိတ်ကြီးသည် လူသားကျင့်ကြံသူအဖွဲ့တွင် အစွမ်းအထက်ဆုံးသော ကျင့်ကြံသူဖြစ်သည့် ဓားအင်မော်တယ်လင်းရှောင်နှင့် ရင်ဆိုင်တိုက်ခိုက်လေသည်။ သို့သော်လည်း ရှုံးနိမ့်မည့်ပုံ မရှိချေ။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ဆရာ ၁၀ ဦးမှအပ အဖွဲ့ထဲမှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသာ တစ်ရာကျော်သည် ကျန်ရှိနေသည့် ပုရွက်ဆိတ်ကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်ကြလေသည်။

ထိုစိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ အားလုံးတို့သည် အထူးချွန်ဆုံးသော ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် သူတို့အားလုံး၏ ခွန်အားများ ပေါင်းစပ်ကာ ဝင်္ကပါတစ်ခုအဖြစ်ပေါင်းစပ်အသုံးပြုလိုက်ကြသည်အခါတွင် ပုရွက်ဆိတ်ကြီးများနှင့် စွမ်းအင်ကွာခြားမှုအား လျှော့ချလိုက်နိုင်သည်။

ပုရွက်ဆိတ်ဘုရင်မသည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်လေသည်။ သူမ၏ ထူးခြားသည့် မျိုးပွားစွမ်းရည်မှအပ အခြားသော အသိအမှတ်ပြုရလောက်သည့် အချက်မှာ သူမ၏ ကိုယ်ထည်မှာ အလွန်အမင်း ထူထဲလွန်းခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း၌ ကျင့်ကြံသူများသည် ပုရွက်ဆိတ်ဘုရင်မအား အဆက်မပြတ် တိုက်ခိုက်ကြလေသည်။ သို့သော်လည်း အစွမ်းအထက်ဆုံးသော အင်မော်တယ်မန္တန်သည်ပင်လျှင် ပုရွက်ဆိတ်ဘုရင်မ၏ ကိုယ်ထည်အား ထိုးဖောက်နိုင်ခြင်း မရှိချေ။

နှစ်ဖက်စလုံးမှာ သေရေးရှင်ရေးအတွက် တိုက်ခိုက်နေကြခြင်းဖြစ်ကာ ရုတ်တရက်ဆိုသလို ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်လာပြီးနောက် မြေပြင်မှာလည်း တုန်ခါလာလေသည်။

ကျင့်ကြံသူများအားလုံးမှာ တုန်လှုပ်သွားမိကြသည်။ ပုရွက်ဆိတ်ဘုရင်မ မီးဖွားတော့မည် ဖြစ်သည်။

ဤသို့သော အခြေအနေမျိုးတွင် သူမသည် မီးဖွားရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ထိုမျှလောက် ထက်သန်သည့် လုံ့လဝီရိယနျင့် အာရုံစူးစိုက်နိုင်စွမ်း။

အနီရောင်ပုရွက်ဆိတ်ကြီး တစ်ကောင်သည် မီးတောက်နဂါး ၉ ကောင်အား ပစ်လွှတ်လိုက်ပြီးနောက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူအများအပြားအား နောက်ဆုတ်ရန် ဖိအားပေးလေသည်။

ရွှမ်ယွမ်ချန်၏ ဆံပင်မှာ တိုက်ခိုက်မှုကြောင့် အနည်းငယ် ပုံပျက်သွားပြီး သူ၏ဦးခေါင်းအား အန်လင်းဘက်သို့ လှည့်ကာဖြင့် “အတန်းဖော်အန်လင်းရေ မင်းရဲ့ မျက်လုံးတွေကို ဝေ့ကြည့်ပြီး ပုရွက်ဆိတ်ဘုရင်မရဲ့ ခံစစ်ကို ထိုးဖောက်နိုင်မယ့်နေရာကို ရှာနိုင်မလား။”

ရွှမ်ယွမ်ချန်၏ တောင်းဆိုမှုကြောင့် အန်လင်းခေါင်းငုံ့လိုက်မိသည်။ အဲဒီ မျက်လုံးဝေ့ကြည့်တယ်ဆိုတာ ဘာသောက်လုပ်ကြီးလဲ။ နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ကို ပြောနေတာများလား။ ပိုပြီးသင့်တော်တဲ့ စကားလုံးလေးဘာလေး သုံးပေးပါဗျ။

လုံခြုံသည့်နေရာတစ်ခုအထိ ဆုတ်ခွာလိုက်ပြီးနောက်တွင် နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား အသက်သွင်းလိုက်သည်။

နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်အား အသုံးပြုလိုက်သည့် အချိန်မှာပင် သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်ဘုရင်မသည် ဖျက်ဆီးမရနိုင်သည့် ခံစစ်ကြီးသဖွယ် မြင်နေဆဲ ဖြစ်သည်။

သို့သော်လည်း ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဂရုတစိုက် ကြည့်ရှုစစ်ဆေးပြီးသည့်နောက်တွင် အန်လင်းမျက်နှာ၌ ထူးဆန်းသည့်အမူအရာတစ်ခု ပေါ်လာသည်။

“အတန်းဖော် အန်လင်းရေ ဘာတွေတွေ့လိုက်လဲ။” ရွှမ်ယွမ်ချန်မှာ စိုးရိမ်ကြီးစွာဖြင့် မေးလာသည်။

“အင်း အားနည်းချက် တစ်ခုတော့ ရှိတယ်..” အန်လင်းမှာ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်ပြီး လူတိုင်းအား ပြောကြားရန် ဆုံးဖြတ်လိုက်သည်။ “အားလုံးပဲ ကျွန်တော်ပြောတာလေး ခဏလောက် နားထောင်ပေးပါ။ ပုရွက်ဆိတ်ဘုရင်မရဲ့ ပျော့ကွက်က ဥ ဥတဲ့ အပေါက်ပဲ။”

အန်လင်း၏ စကားအား နားထောင်ပြီးသည့်နောက်တွင် လူတိုင်း၏မျက်နှာတွင် ကိုးရိုးကားယား အမူအရာများ ပေါ်လာလေသည်။

စုချန်းရန်နှင့် စုရှောင်လန်တို့ကဲ့သို့သော အချို့သော အမျိုးသမီးကျင့်ကြံသူများမှာ ရှက်သွေးဖြာလာကြသော်လည်း သူ၏စကားများအား သေချာမှတ်သားလျက် ရှိကြသည်။

ပုရွက်ဆိတ်ဘုရင်မ၏ -င်ဝတွင် တိုက်ပွဲဖြစ်ပွားတော့မည် ဖြစ်သည်။

ပထမဦးစွာ တိုက်ခိုက်လာသူမှာ ဓားအင်မော်တယ် လင်းရှောင် ဖြစ်သည်။ အပြာရောင်ပုရွက်ဆိတ်ကြီးထံ အယောင်ပြတိုက်ခိုက်လိုက်ပြီးနောက် ပုရွက်ဆိတ်ဘုရင်မ၏ --င်ထံသို့ ပြေးဝင်သွားလေသည်။ ပေတစ်ထောင်ခန့်ရှိသည့် အဖြူရောင်အလင်းတန်းဖြင့် ဓားတစ်လက် ဖန်တီးလိုက်ပြီးနောက် ပုရွက်ဆိတ်ဘုရင်မ၏ -င်ဝအား ထိုးစိုက်လိုက်လေသည်။

“အမေ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။”

အပြာရောင်ပုရွက်ဆိတ်ကြီးသည် အော်ဟစ်လိုက်ပြီးနောက် ထူးဆန်းသည့်နည်းစနစ်အား သုံးကာဖြင့် ယင်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအဆီအနှစ်အား ထွက်ပေါ်လာစေပြီး သူ၏အရှိန်နှုန်းအား တိုးမြှင့်လိုက်လေသည်။ အပြာရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ယင်းသည် အဖြူရောင်ဓားလင်းတန်း ရောက်ရှိမလာခင်မှာပင် ပုရွက်ဆိတ်ဘုရင်မ၏ -င်ဝရှေ့တွင် နေရာယူထားလိုက်သည်။

ဝုန်း

ဓားလင်းတန်းသည် အပြာရောင်ပုရွက်ဆိတ်၏ လက်သီးချက်ကြောင့် ပြိုကွဲသွားရသည်။ ဓားအင်မော်တယ်လင်းရှောင်သည်ပင်လျှင် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။

“အမေ့ရဲ့ -င်ကို ကာကွယ်ရမယ်။” အပြာရောင်ပုရွက်ဆိတ်ကြီးသည် အေးစက်သည့် အမူအရာဖြင့် ဓားအင်မော်တယ် လင်းရှောင်၏ရှေ့တွင် ဂုဏ်ယူစွာ မတ်တတ်ရပ်နေလေသည်။ သူတို့တိုက်ခိုက်မှုများအားလုံးကို ကာကွယ်ပေးမည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ဆရာများသည် ပုရွက်ဆိတ်ဘုရင်မအား တိုက်ခိုက်ရန် ကြိုးစားလာကြသော်လည်း အခြားပုရွက်ဆိတ်ကြီးများ၏ နှောင့်ယှက်ခြင်းအား ခံလိုက်ကြရသည်။

ဒိန်း ဂျိမ်း

မြေပြင်ပေါ်သို့ ရာနှင့်ချီသည့် ဥကြီးများ စီးကျလာပြန်သည်။ ပုရွက်ဆိတ်ဘုရင်မ မီးဖွားခြင်း မပြီးဆုံးသေးပေ။

“အစ်ကိုကြီး ချန်ရေ.. ဆရာတွေ အားလုံးက ပုရွက်ဆိတ်တွေကို ရင်ဆိုင်နေကြတာမို့ ပုရွက်ဆိတ်ဘုရင်မကို တိုက်ခိုက်ဖို့ အခွင့်အရေး မရနိုင်တော့ဘူး။ ကျွန်တော်တို့ တိုက်ခိုက်ဖို့ ကြိုးစားကြည့်ရင်ကော။ ကျွန်တော့်ရဲ့ ဂမ်ဒမ် တစ် နဲ့ ဂမ်ဒမ် နှစ်က အတော်လေး တိုက်ခိုက်နိုင်စွမ်း မြင့်မားတယ်လေ။ သူတို့တိုက်ခိုက်နေတုန်းမှာ ကျွန်တော်တို့က ခံစစ်ကို ချိုးဖျက်ပစ်နိုင်လိမ့်မယ်။” အန်လင်းသည် ရွှမ်ယွမ်ချန်ထံသို့ စိတ်ဖြင့် ဆက်သွယ်လိုက်သည်။

ရွှမ်ယွမ်ချန်၏မျက်လုံးများ အရောင်လက်လာသည်။ “ငါ့မှာလည်း နျူကလိယဗုံးအသေးစားတစ်ခု ရှိနေသေးတယ်။ သူ့ရဲ့ပေါက်ကွဲအားက တန်ပေါင်းသောင်းကျော်နဲ့ ညီမျှတယ်။ အဲဒီပေါက်ထဲကို ပစ်ထည့်လိုက်မယ်ဆိုရင်…”

အန်လင်းသည် ရွှမ်ယွမ်ချန်၏ စကားများကြော့် အနည်းငယ် ကြောင်အသွားပြီး သူ့မျက်နှာတွင် ဆိုးယုတ်သည့်အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် အန်လင်းနှင့် ရွှမ်ယွမ်ချန်တို့ တက်ကြွလာကြလေသည်။

ဆရာများအားလုံးသည် ပုရွက်ဆိတ်ဘုရင်မ၏ -င်ဝအား တိုက်ခိုက်ရန် ကြိုးစားလျက်ရှိကြသည်။

မြေပြင်ပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် ဥကြီးများ အက်ကွဲလာနေပြီ ဖြစ်သည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ပုရွက်ပျံ ရာပေါင်းများစွာ လေထဲသို့ ပျံတက်လာကြသည်။ လိုဏ်ခေါင်းသဏ္ဌာန် ပါးစပ်ကြီးများ ဖွင့်ဟကာဖြင့် ကျင့်ကြံသူများထံ ပြေးဝင်သွားလေသည်။

ထိုအချိန်အတွင်းမှာပင် ပုရွက်ဆိတ်ဘုရင်မ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်လာပြသည်။ နောက်တစ်သုတ် မွေးဖွားခါနီးလာပြန်ပြီ ဖြစ်သည်။

“ဖာခ့် ဒီပုရွက်ဆိတ်ဘုရင်မက အရမ်းကို စွမ်းဆောင်ရည်ကောင်းတဲ့ ဝက်လိုပဲ။ အသက်တောင်မရှူဘဲ မွေး မွေးနိုင်လွန်းတယ်။” အန်လင်းမှာ မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။

“ဝက်တွေက အဲလိုမျိုး မစွမ်းဆောင်နိုင်ဘူး။ ဒီပုရွက်ဆိတ်ဘုရင်မက ရွေ့လျားနေတဲ့ စစ်သားထုတ်စက်ရုံနဲ့တူယ်။ တတ်နိုင်သမျှ မြန်မြန်လေး သတ်ပစ်ရမယ်။” ရွှမ်ယွမ်ချန် ပြောလေသည်။

အန်လင်းနှင့် ရွှမ်ယွမ်ချန်တို့သည် ပုရွက်ဆိတ်ဘုရင်မနှင့် တဖြည်းဖြည်းချင်း နီးကပ်လာကြလေသည်။ ပုရွက်ပျံအနည်းငယ်သည် သူတို့နှစ်ဦးထံ ပျံသန်းလာကြသည်။

အန်လင်းနှင့် ရွှမ်ယွမ်ချန်တို့ တိုက်ခိုက်ရန် ပြင်စဉ်မှာပင် မီးနဂါးတစ်ကောင်သည် ပုရွက်ပျံများအား မီးမြိုက်လိုက်ကာဖြင့် မီးပင်လယ်တစ်ခု ဖန်တီးလိုက်သည်။

ပုရွက်ပျံများ၏ အတောင်ပံများမှာ ပျက်စီးနိုင်သည့်အတွက် မီးတောက်များနှင့် တွေ့သည့်အချက် မချိတင်ကဲဖြစ်ကာဖြင့် စူးစူးဝါးဝါး အော်ဟစ်ကြကာ အချိန်တိုလေးအတွင်းမှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

အန်လင်းလှည့်ကြည့်လိုက်သည့်အခါတွင် လှပသည့် မိန်းမပျိုတစ်ဦးအား မြင်တွေ့လိုက်ရသည်။ သူမ၏ ပတ်လည်ရှိ မီးတောက်များမှာ အရောင်အသွေး စုံလင်လှပသည့် လိပ်ပြာများနှင့်ပင် တူလေသည်။

“စုရှောင်လန် နင်ဒီမှာ ဘာလုပ်နေတာလဲ။” အန်လင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“နင်တို့နှစ်ယောက်က တစ်ခုခုကို ကြံစည်နေပုံရလို့ ငါလာကြည့်တာ။” စုရှောင်လန်မှာ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလေသည်။

အန်လင်းမှာ ရယ်မောလိုက်ပြီးနောက် “ငါတို့က ပုရွက်ဆိတ်ဘုရင်မရဲ့ -င်ကို ထိုးနှက်ပြီး တိုက်ခိုက်ကြမလို့လေ။ နင့်လိုမိန်းကလေးက ဘယ်လိုလုပ်မှာတဲ့တုန်း။”

“မိန်းကလေးတွေက မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။” စုရှောင်လန် ခွန်းတုံ့ပြန်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အတွေးတစ်ခု ပေါ်လာသည်ကြောင့် သူမမျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ နီမြန်းလာလေသည်။ “မကောင်းတဲ့အကောင်”

ပုရွက်ဆိတ်ဘုရင်မ၏ -င်အရှေ့တွင် အဖြူရောင်ပုရွက်ဆိတ်ကြီးတစ်ကောင်သည် အလွန်ပြင်းထန်သည့် အော်ရာများ ထုတ်ဖော်ကာဖြင့် ရှိနေလေသည်။

“မင်းတို့လို့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် အမှိုက်လေးတွေက အမေ့ကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာရဲတယ်ပေါ့။ သေချင်နေကြတာပဲ။”

သူ၏လက်မောင်းများ ဆန့်လိုက်ပြီးနောက် အလွန်ချွန်ထက်သည့် ရေခဲချွန်များစွာသည် အန်လင်းတို့ထံ ပျံသန်းလာလေသည်။ ရေခဲချွန် တစ်ခုချင်းစီတိုင်းတွင် နေမင်း၏အလင်း ရောင်ပြန်နေပြီး သေစေနိုင်လောက်သည်အထိ ပြင်းထန်လေသည်။

“ဂမ်ဒမ် တစ်နဲ့ ဂမ်ဒမ် နှစ် တိုက်ခိုက်မယ်။” အန်လင်း အောလိုက်သည်။

သိုလှောင်လက်စွပ် အရောင်လက်လာပြီး ဂမ်ဒမ် နှစ်ကောင်သည် လူတိုင်း၏ရှေ့တွင် အိုင်းယွန်းခုခံတားဆီးဝင်္ကပါအား အသက်သွင်းလိုက်လေသည်။

ရေခဲချွန်များ ဝင်္ကပါနှင့် ဝင်တိုက်မိပြီးနောက် ရေခဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားကြသော်လည်း အကာအကွယ်ဝင်္ကပါမှာမူ ထိခိုက်မှုမရှိဘဲ ကျန်ရစ်နေလေသည်။

“ဖမ်းချုပ်လိုက်”

အန်လင်း၏ ညွှန်ကြားချက်အား ရရှိပြီးနောက်တွင် ဂမ်ဒမ်နှစ်ကောင်သည် အဖြူရောင်ပုရွက်ဆိတ်အား တုံ့ဆိုင်းခြင်းမရှိဘဲ ဖမ်းချုပ်ထားလိုက်ပြီးနောက် အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် ပုရွက်ဆိတ်ဘုရင်မ၏ -င်ထံသို့ ပြေးဝင်သွားကြသည်။

စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများထံတွင် ဤသို့သော ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဂမ်ဒမ်များ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင် အဖြူရောင်ပုရွက်ဆိတ်မှာ ချက်ချင်းဆိုသလို လှုပ်ရှားလိုက်လေသည်။

“ခရမ်းပိတ်လှောင်အစီအရင်”

ခရမ်းရောင်ကုဗတုံးတစ်ခု ရုတ်တရက် ပေါ်လာပြီး အဖြူရောင်ပုရွက်ဆိတ်အား ပိတ်လှောင်လိုက်ပြီးနောက် လှုပ်ရှားမှုများအား ကန့်သတ်ပစ်လိုက်သည်။

“အမေ့ကို ကယ်ကြ။” အဖြူရောင်ပုရွက်ဆိတ်သည် လျှပ်စစ်လှိုင်းများမှတဆင့် အခြားပုရွက်ဆိတ်များအား အကြောင်းကြားလိုက်သည်။

သို့သော်လည်း သူတို့သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ အဆင့်နိမ့်ကျင့်ကြံသူများထံ ကြည့်လိုက်ကြသည့်အခါ ထိုကျင့်ကြံသူများသည် ခံစစ်အား ချိုးဖောက်ကာဖြင့် ပုရွက်ဆိတ်ဘုရင်မ၏ -င်ဝသို့ ရောက်ရှိနေကြပြီး ဖြစ်လေသည်။

ရွှမ်ယွမ်ချန်သည် နျူကလိယဒုံးကျည် ချိတ်တွယ်ထားသည့် အလင်းဓားတစ်ခု ပစ်လွှတ်လိုက်ပြီးဖြစ်သည်။

အန်လင်းသည် တောင်ခွင်းလျှပ်စီးလက်သီးဖြင့် ထိုးနှက်လိုက်ပြီး စုရှောင်လန်သည်လည်း ထိုတစ်နေရာတည်းကိုပင် မီးတောက်နဂါးဖြင့် မီးမြှိုက်လိုက်လေသည်။

ထို့နောက်တွင် သူတို့သုံးဦးစလုံးသည် မြန်ဆန်စွာ ဆုတ်ခွာခဲ့ကြသည်။

အန်လင်း၏ အသိပေးချက်အား နားထောင်ပြီးသည့်နောက် ကျင့်ကြံသူအားလုံးတို့သည် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။

“အမေ့...” ပုရွက်ဆိတ်ကြီးများသည် ဓားပျံနှင့် ချိတ်တွယ်လျက်ရှိသည့် နျူကလိယဒုံးကျည်အား မြင်တွေ့လိုက်ရသည့်အခါ ရေခဲမြစ်အတွင်း ပြုတ်ကျသွားသလို ခံစားမိလိုက်သည်။

“ဂမ်ဒမ် တစ် နဲ့ ဂမ်ဒမ် နှစ် ငါတို့ကို ကာကွယ်မယ်။”

ဂမ်ဒမ် နှစ်ကောင်သည် သူတို့သုံးဦးထံ ပျံသန်းရောက်ရှိလာပြီးနောက် အကာအကွယ်အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

ဝုန်း

အကန့်အသတ်မဲ့သည့် စွမ်းအားများနှင့် နားကွဲလုတမျှ ပေါက်ကွဲမှုကြီး ထွက်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြန်ပြီ ဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်တွင် ရွှေရောင်အလင်းတန်းနှင့် ဖုံးလွှမ်းသွားပြီးနောက် မှိုပွင့်သဏ္ဌာန် တိမ်တိုက်သည် အကန့်အသတ်မဲ့သည့် အဖျက်အဆီးစွမ်းအားများဖြင့် ကောင်းကင်သို့ မြင့်တက်လာပြန်သည်။

ပုရွက်ဆိတ်ကြီးများမှာလည်း ကြောက်မက်ဖွယ်ရာ မှိုပွင့်တိမ်တိုက်အား ပြန်လည်တွေးတောမိလိုက်ကြလေသည်။

***

All Chapters