မသေမျိုး နတ်ဘုရားခန္ဓာ၏ အစွမ်း
Vol. 26 Ch. 364
"ဘုန်း"
သွေးအလိမ်းလိမ်းဖြင့် ကုရှို့ကို နတ်ဆိုးအုပ်စုကြီးက ဝိုင်းရံထားသည်။ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သည့် အမူအရာ ပေါက်နေပြီး သူ၏ လက်သီးချက်များမှာ ပြိုင်ဘက်ကင်းလှသည်။ သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်းဒုတိယအဆင့်သာ ရှိသော်လည်း ဧကရာဇ်အစွန်းရောက် မသေမျိုးကျမ်း နှင့် ဧကရာဇ်အစွန်းရောက် အုပ်စိုးသူလက်သီး တို့ကြောင့် တူညီသောအဆင့်ရှိ ကျင့်ကြံသူများမှာ သူ့ကို ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။
"သတ်လိုက်စမ်း"
"ကောင်းကင်နတ်ဆိုး မြင့်မြတ်နယ်မြေ ဆီကို သတင်းပို့ပြီးပြီ။ မကြာခင်မှာ နတ်ဆိုးတပ်မှူးကိုယ်တိုင် ရောက်လာတော့မှာ"
သံတစ္ဆေ နတ်ဆိုးဗိုလ်ချုပ်က ဟိန်းဟောက်လိုက်သည်။ သူ၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်မှ ကြွက်သားများသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် တုန်ခါနေသည်။ သို့သော် ဤကဲ့သို့သော ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင်ပင် ကုရှို့က ပြင်းထန်သော ဖိအားများကို ပေးနိုင်စွမ်း ရှိနေသည်။
ဒါကို မြင်သော် သံတစ္ဆေ နတ်ဆိုးဗိုလ်ချုပ် ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။ နတ်ဘုရားအသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်ရှိသော လူသားတစ်ဦးက ဆဋ္ဌမအဆင့်ရှိသော သူ့ကိုပင် အသည်းအသန် ခုခံနေရအောင် လုပ်နိုင်ခြင်းမှာ မယုံနိုင်စရာပင်။ အကယ်၍ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက သူသည် ကုရှို့ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။
"ဒါဟာ လူသား ပါရမီရှင်ပဲ"
ရှေးယခင်ကတည်းက နတ်ဆိုးနှင့် လူသားမှာ မပြေလည်သော ရန်ငြိုးများ ရှိခဲ့ကြသည်။ ဤကဲ့သို့သော လူသားပါရမီရှင်ကို အသက်ရှင်လျက် လွှတ်ပေး၍ မဖြစ်ပေ။ ၎င်းအပြင် ဤကာလအတွင်း ဤလူသားကြောင့် နတ်ဆိုးများစွာ သေဆုံးခဲ့ရသဖြင့် မြင့်မြတ်နယ်မြေတစ်ခုလုံး၏ ဒေါသမှာ ပေါက်ကွဲနေပြီ ဖြစ်သည်။
ယခင်က တာအိုနန်းတော်အဆင့်ရှိ နတ်ဆိုးတပ်မှူးများ ကိုယ်တိုင် လိုက်လံဖမ်းဆီးခဲ့သော်လည်း ကုရှို့မှာ အမြဲတမ်း လွတ်မြောက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူတို့က အကွက်ချ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကုရှို့သည် မိမိကိုယ်ကို ကာကွယ်ရန်ထက် ရန်သူကို သေအောင် သတ်ရန်သာ အာရုံစိုက်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရနေပြီး သွေးများ စီးကျနေသော်လည်း သူကတော့ အရေးမစိုက်ပေ။ သူ၏ လက်သီးချက်တိုင်းမှာ နတ်ဆိုးတစ်ကောင်စီ၏ အသက်ကို ယူဆောင်သွားသည်။
"ဘုန်း"
လက်သီးတစ်ချက်ဖြင့် နတ်ဆိုးတစ်ကောင်၏ ဦးခေါင်းကို ပေါက်ကွဲစေပြီးနောက် နောက်ပြန်ကန်ချက်ဖြင့် ခေါင်းမပါသော အလောင်းကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် ကုရှို့သည် ရှေ့သို့ တိုးသွားကာ သံတစ္ဆေ နတ်ဆိုးဗိုလ်ချုပ် ဆီသို့ ဦးတည်လိုက်တော့သည်။
နတ်ဆိုးဗိုလ်ချုပ်၏ လက်သည်းများက ဟင်းလင်းပြင်ကို ဖြတ်ကာ ကုရှို့၏ ရင်ဘတ်ကို ထိုးဖောက်ရန် ကြိုးစားသည်။ ကုရှို့က မရှောင်တိမ်းဘဲ လက်သည်းများကို သူ၏ ရင်ဘတ်ထဲသို့ အဝင်ခံလိုက်သည်။ နတ်ဆိုးဗိုလ်ချုပ် အံ့ဩသွားချိန်တွင်...
"သေစမ်း"
ကုရှို့၏ မျက်နှာမှာ ရက်စက်စွာ တွန့်လိမ်သွားပြီး သူ၏ သွေးနှင့် စွမ်းအားများဖြင့် ထူးခြားသော ပုံရိပ်တစ်ခုကို ဖော်ဆောင်ကာ နတ်ဆိုးဗိုလ်ချုပ်၏ ဦးခေါင်းကို အင်အားအပြည့်ဖြင့် ထိုးနှက်လိုက်သည်။
"ရူးနေတဲ့ကောင် - - - "
"ဘုန်း"
နတ်ဆိုးဗိုလ်ချုပ် စကားမဆုံးမီမှာပင် ဦးခေါင်းမှာ ကြေမွသွားတော့သည်။ ချက်ချင်းပင် ကုရှို့သည် နတ်ဆိုးဗိုလ်ချုပ်၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ အင်အားဖြင့် ဆွဲဖြဲလိုက်ရာ ထိုနတ်ဆိုးမှာ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားလေသည်။
သွေးစွန်းနေသော နတ်ဆိုးအမြုတေကို ထုတ်ယူပြီးနောက် ကုရှို့သည် ကျန်ရှိသော နတ်ဆိုးများကို ဆက်လက် တိုက်ခိုက်သည်။ သွေးအလိမ်းလိမ်းဖြင့် ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသော သူ့ကို ကြည့်ပြီး ကျန်ရှိသော နတ်ဆိုးများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထိုနေရာသို့ ရောက်ရှိလာသည်။ တာအိုနန်းတော် အဆင့်ရှိ နတ်ဆိုးတပ်မှူးကြီးသည် စစ်တလင်းကို ကြည့်ကာ မျက်နှာ ညိုမည်းသွားသည်။ သူသည် ထွက်ပြေးနေသော နတ်ဆိုးတစ်ကောင်ကို ဖမ်းယူကာ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လိုက်သည်။
"ဒုတိယအဆင့်နဲ့ ဆဋ္ဌမအဆင့် နတ်ဆိုးဗိုလ်ချုပ်ကို သတ်နိုင်တယ်... နတ်ဆိုးအုပ်စုကြီးထဲကနေလည်း ဖောက်ထွက်နိုင်တယ် ဒီကလေးကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး။ နောင်မှာ နတ်ဆိုးနယ်မြေအတွက် ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်"
ဤကဲ့သို့သော ပါရမီရှင်များကို ကြီးထွားခွင့် ပေးလိုက်ပါက နောင်တွင် နတ်ဆိုးများစွာ သေဆုံးရပေလိမ့်မည်။ သမိုင်းတစ်လျှောက်တွင်လည်း ကုရှို့ကဲ့သို့သော ထူးခြားသည့် လူသားများမှာ အသက်ရှင်ကျန်ရစ်ပါက အနည်းဆုံး သူတော်စင် အဆင့်သို့ ရောက်ရှိသွားတတ်ကြသည်။
တပ်မှူးကြီးသည် ချက်ချင်းပင် သတင်းပို့ကျောက်တုံးမှတစ်ဆင့် အကြောင်းကြားလိုက်ပြီး ကုရှို့ချန်ထားခဲ့သော အစအနများကို လိုက်လံရှာဖွေတော့သည်။ ကုရှို့သေကိုသေရမည်။