← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

အပိုင်း(၃၁၇)

လင်ကျဲသည် ရွှေပန်းသီးအစား ထိုကျောက်တုံးအပိုင်းအစကို ကောက်ယူလိုက်ကာ လေးနက်သော လေသံဖြင့်…

"တစ်ခါတလေမှာ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ အမြင်အားဖြင့် တန်ဖိုးကြီးနေသလား ဆိုတာပေါ်မှာ မမူတည်ဘူး၊ သူ့မှာပါတဲ့ နောက်ဆက်တွဲ တန်ဖိုးပေါ်မှာပဲ မူတည်တာ…’

"လူတွေလည်း ဒီလိုပါပဲ၊ တစ်ယောက်ယောက်ရဲ့ မွေးဖွားလာမှုက သူ့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတာ မဟုတ်ဘူး… ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပဲ ထိန်းချုပ်နိုင်တာ… သူတစ်ပါးကို အားကိုးနေတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက ပိုကောင်းပါတယ်”

ဤသို့ ပြောဆိုလိုက်ခြင်းမှာ ပြောင်းပြန် စိတ်ပညာ ကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် ဗေဒင်ဆရာတစ်ယောက်က လာပြီး - "မင်းရဲ့ နဖူးမှာ အမှောင်ရိပ် သန်းနေတယ်၊ မင်း အသက်ရှည်ရှည် မနေရတော့ဘူး… ငါ့မှာ ဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တဲ့ ဆေးရှိတယ်..." ဟု ပြောပါက မည်သည့် ဆင်ခြင်တုံတရားရှိသူမဆို ထိုလူလိမ်နှင့် ဝေးဝေးနေပေလိမ့်မည်။

သို့သော်လည်း… ထိုဗေဒင်ဆရာက ကျောခိုင်းထွက်သွားရင်း "ဒီလို ကံကြမ္မာမျိုးနဲ့ဆိုရင်တော့... ဟူး... မျှော်လင့်ချက် မရှိတော့ပါဘူး၊ တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူး..." ဟု ရေရွတ်သွားပါက လူတို့သည် ထိုသူ၏ နောက်သို့ လိုက်ကာ အကူအညီတောင်းခံရန် ဖြစ်နိုင်ခြေ ပိုများသည်။

လင်ကျဲ ပြောလိုက်သည်မှာလည်း ဒုတိယ အချက်နှင့် ဆင်တူသည်။

သူ ပြောလိုက်သည်မှာ ကျိကျစ်ရှို့အနေဖြင့် မိမိကိုယ်မိမိ ကယ်တင်ရန် မိမိကိုယ်မိမိ အားကိုးရန် ဖြစ်သည်။ သို့သော် သူမတွင်သာ နည်းလမ်းရှိခဲ့ပါက ယခုကဲ့သို့ အသည်းအသန် လာရောက် အကူအညီတောင်းပါမည်လော။

ထို့ကြောင့် ဤ 'လှည့်ကွက်' မှာ သူတို့နှင့် အကွာအဝေးတစ်ခုကို ထိန်းထားရင်း သူတို့အား မျှော်လင့်ချက် တစ်ဝက်တစ်ပျက်ဖြင့် ဆွဲဆောင်ထားခြင်းပင် ဖြစ်သည်...။

ကျိကျစ်ရှို့သည် မျက်နှာပျက်သွားကာ အလျင်အမြန် ခေါင်းညိတ်လိုက်၏။

"ကျွန်မ နားလည်ပါပြီ… ဒီတောင်းဆိုမှုက တကယ်ကို လွန်သွားမှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မကတော့ ဘယ်လို တန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ပါပဲ..."

ကျိကျစ်ရှို့၏ မျက်လုံးများမှာ လင်ကျဲ၏ လက်ထဲမှ ကျောက်တုံးအပိုင်းအစဆီသို့ ရောက်ရှိနေသည်။ သူမသည် ရင်ထဲ၌ တိတ်တဆိတ် အံ့သြနေမိသည်။

'မစ္စဝာာလင်ဆီကနေ ဒါကိုပဲ မျှော်လင့်နိုင်တာပါ… တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက ဂမ္ဘီရအစွမ်း အမြင့်မားဆုံးနဲ့ တန်ဖိုးအရှိဆုံး ပစ္စည်းကို တန်းပြီး ရွေးထုတ်နိုင်ခဲ့တယ်…'

လင်ကျဲမှာမူ ကျိကျစ်ရှို့၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။

'ငါက ကျောက်တုံးလေးကိုပဲ ယူလိုက်တာပါ… ဒီကောင်မလေးက ဘာလို့ ရွှေပန်းသီးကို သူ ခိုးယူသွားသလိုမျိုး စိုက်ကြည့်နေရတာလဲ…’

သို့သော်လည်း အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင်မှ သူ သဘောပေါက် သွားတော့သည်။

'ဪ... ဟုတ်သားပဲ၊ ငါ့လက်ထဲမှာ အင်ဒရူး ပေးသွားတဲ့ ပတ္တမြားကြီး ရှိနေသေးတာပဲ… သူက အဲ့တာကို ကြည့်နေတာ နေမယ်'

"ကောင်းပြီလေ… ဘယ်လို တန်ဖိုးမျိုးလဲဆိုတာက အရေးမကြီးပါဘူး… ခင်ဗျားက ကျွန်တော့ အတွက်တော့ သူစိမ်းမှ မဟုတ်တာ…"

လင်ကျဲက ပြုံးရင်း ပတ္တမြားကြီးကို ကိုင်ကာ ယမ်းပြလိုက်သည်။

"ခုနက အင်ဒရူးဆိုတဲ့လူ လာတောင်းပန်သွားတယ်… သူက လက်ဖြစ် နာရီလေးတစ်ခုနဲ့ ဒီပတ္တမြားကြီးကို ပေးသွားတယ်လေ”

ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်သည်

"ဒါနဲ့ ခင်ဗျား ဂျရုမ်းကို သိလားဗျ…”

ကျိကျစ်ရှို့မှ ခဏမျှ တန့်သွားပြီးမှ ပြန်ဖြေသည်။

"ဟုတ်ကဲ့၊ အမှန်တရားအသင်းတော်က ဌာနခွဲ ဒုတိယအကြီးအကဲ တစ်ယောက်ပါ၊ မကြာသေးခင်ကပဲ သေဆုံးသွားခဲ့ပါတယ်..."

လင်ကျဲက ပြုံးလိုက်၏။

"ဟုတ်တယ်၊ အင်ဒရူးက ဒီပတ္တမြားကို 'ဂျရုမ်း' လို့ နာမည်ပေးထားတယ်… အဲဒါက ရယ်စရာမကောင်းဘူးလား…"

…

‘အင်ဒရူးက ဒီပတ္တမြားကို 'ဂျရုမ်း' လို့ အမည်ပေးထားတယ်…’

ကျိကျစ်ရှို့၏ အသက်ရှူသံများ ရပ်တန့်သွားကာ ကျောရိုးတစ်လျှောက် အေးစိမ့်မှုများ ဖြတ်ပြေးသွား၏။ သူမ၏ ခန္ဓာကိုယ်မှာလည်း အလိုလို တောင့်တင်းသွားခဲ့သည်။

မစ္စဝာာလင်၏ လက်ထဲမှ အနီရောင် ကျောက်မျက်ကို ကြည့်ရင်း ကြောက်ရွံ့မှုများက သူမ၏ နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသကဲ့သို့ပင်။

မြူခိုးများ ကင်းစင်သွားသကဲ့သို့ ယခင်က သူမ သတိမထားမိခဲ့သော အသေးစိတ်အချက်အလက်များမှာ ရုတ်တရက် ရှင်းလင်းသွားတော့သည်။

ထိုအနီရောင် ကျောက်မျက်မှာ အမှန်စင်စစ် အီသာစွမ်းအင် အမြောက်အမြား ပါဝင်နေသည့် အလွန်သန့်စင်သော ဖလော်ဆိုဖာ ကျောက်တုံး တစ်ခု ဖြစ်နေသည်။ သို့သော် ၎င်းမှာ လတ်ဆတ်လွန်းနေသေးသဖြင့် သွေးနံ့နှင့် သက်စောင့်အားတို့၏ အငွေ့အသက်ပင် ဖျော့ဖျော့လေး ကျန်ရှိနေဆဲ ဖြစ်သည်။

ထို့နောက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အမှန်တရား တစ်ခုကို သူမ သဘောပေါက်သွား၏။

‘အဲဒီ ဖလော်ဆိုဖာ ကျောက်တုံးက ဂျရုမ်းပဲ…’

သူမ ခဲယဉ်းစွာဖြင့် ဖခင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဖခင်ဖြစ်သူလည်း တောင့်တောင့်ကြီး ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျိပိုတုံ၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူရော်နေပြီး သူ၏ နဖူးပေါ်မှ အေးစက်သော ချွေးစက်များကိုပင် သုတ်ရန် မဝံ့မရဲ ဖြစ်နေသည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် အားကိုးရာမဲ့မှုများမှာ အထင်အရှား ပေါ်လွင်နေသည်။

သူသည် သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း သဘာဝလွန် စွမ်းအားရှင်များ၏ လောကအကြောင်းကို ထိုလောကသား အများစုထက်ပင် ပိုမို သိရှိထားသူ ဖြစ်သည်။ သူသည် လူမိုက်တစ်ယောက် မဟုတ်သဖြင့် ဆိုင်ရှင် ဆိုလိုသည့်အချက်ကို ချက်ချင်းပင် နားလည်လိုက်သည်။

ဆိုင်ရှင်က "ဘယ်လို တန်ဖိုးမျိုးလဲဆိုတာက အရေးမကြီးပါဘူး" ဟု ပြောခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ ဆော့ကစားနေသော ကျောက်မျက်မှာ အမှန်တကယ်တော့ လူတစ်ယောက်၏ အသက်ဖြစ်ကြောင်း အလွန်ပင် ပေါ့ပေါ့ပါးပါး ထောက်ပြခဲ့သည်။

စာအုပ်ဆိုင်ရှင်က "မင်းတို့ ငါ့ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ရင် မင်းတို့ ပေးဆပ်ရမယ့် တန်ဖိုးက အခု မင်းတို့ မြင်နေရတဲ့အတိုင်းပဲ ဖြစ်လိမ့်မယ်" ဟု သွယ်ဝိုက်ပြီး ဆိုလိုနေခြင်းပင်။

'ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးလဲ… သူက ခွန်အားကြီးရုံတင် မဟုတ်ဘူး၊ သူပြောတဲ့ စကားလုံးတွေကတင် ဒီလောက်အထိ ဖိအားပေးနိုင်တဲ့ ဒြပ်မဲ့ အရှိန်အဝါမျိုးကို ဖန်တီးနိုင်တာလား...'

ကျိပိုတုံသည် နော်ဇင် ကို အမှန်တကယ် ထိန်းချုပ်ထားသော ဗဟိုခရိုင်မှ လူကုံထံများကို မြင်တွေ့ရစဉ်ကထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသော ခံစားချက်မျိုးကို ရရှိနေမိသည်။

ဤသည်မှာ သာမန် သဘာဝလွန် စွမ်းအားရှင်များအား ရင်ဆိုင်ရခြင်းနှင့် မတူပါချေ။

ကျိပိုတုံသည် သဘာဝလွန် စွမ်းအားရှင် အများအပြားနှင့် ထိတွေ့ဖူးခဲ့ပြီး အများစုမှာ သူတို့၏ အရှိန်အဝါကို တိုက်ရိုက် ထုတ်လွှတ်ကာ သူကဲ့သို့သော သာမန်လူများကို ခြိမ်းခြောက်ရန် အရိုးရှင်းဆုံး ခွန်အားကို အသုံးပြုလေ့ရှိကြသည်။ ၎င်းမှာ တောရိုင်းတိရစ္ဆာန်တို့၏ နိယာမကဲ့သို့ပင်။ ဗီဇစိတ် အရ တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုတို့က လူတစ်ဦး၏ ဆင်ခြင်တုံတရားနှင့် ဂုဏ်သိက္ခာကို တိုက်ရိုက် ဖျက်ဆီးပစ်လိမ့်မည်။ သံသယဖြစ်စရာမလိုအောင်ပင် ဤသည်မှာ လူများကို ဒူးထောက်လာစေရန် အလွန်ပင် ထိရောက်သော နည်းလမ်းဖြစ်သည်။

သို့သော်လည်း… သူ၏ ရှေ့တွင်ရှိနေသူမှာမူ ထိုသူများနှင့် မတူချေ။ သူ့ထံမှ မည်သည့် သဘာဝလွန် အရှိန်အဝါမျှ ထွက်မနေသော်လည်း သူပြောသမျှ စကားတိုင်းမှာ စာတန်၏ တိုးတိုးလေး ရေရွတ်သံကဲ့သို့ပင်။ ၎င်းမှာ မမြင်ရသော ရေဘဝဲလက်တံတစ်ခုကဲ့သို့ လူတစ်ဦး၏ စိတ်အာရုံ အစိတ်အပိုင်းတိုင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ကြောက်ရွံ့မှုကြောင့် အသက်ရှူကျပ်သွားစေသလိုမျိုးပင်…။

စကားလုံး အနည်းငယ်ကတင် သူ၏ စိတ်ဓာတ် ကာကွယ်ရေးတံတိုင်းများကို ရိုက်ချိုးပစ်နိုင်သည်။

ကျိပိုတုံသည် ထိုအနီရောင် ကျောက်မျက်ကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။

ကျောက်မျက်အတွင်း၌ အရေခွံမရှိဘဲ တွန့်လိမ်နေသော အလောင်းတစ်ခုကို မြင်နေရသည့် အလား သူ ခံစားနေမိသည်။

၎င်း၏ အတွင်းကလီစာများနှင့် အရိုးများမှာ အသားစိုင်များအဖြစ်သို့ တွန့်လိမ်နေရန် အတင်းအကြပ် စေခိုင်းခံထားရပြီး အသံတိတ် ထိတ်လန့်ဖွယ် ငိုကြွေးသံများကို ပြင်ပလောကသို့ ထုတ်လွှတ်ရန် ကြိုးစားနေသကဲ့သို့ပင်...။

ကျိကျစ်ရှို့သည် ခေါင်းကို ပြန်လှည့်လိုက်၏။ ထိုအခါ… သူမ၏ ဖခင်မှာ စိတ်လွတ်သွားပုံရပြီး ဝိညာဉ် ထွက်သွားသကဲ့သို့ပင် ရုတ်တရက် ဝေဝေဝါးဝါး ဖြစ်သွားသည်ကို သူမ ခံစားလိုက်ရသည်။

ဤသည်မှာ စစ်မှန်သည့် သတိပေးချက်ပင်…။

ပိုမို မြင့်မားသော ဂမ္ဘီရစွမ်းအားများ၏ ရှေ့မှောက်တွင် ဟာမစ် လက်စွပ်၏ ကာကွယ်နိုင်စွမ်းမှာ အသုံးမဝင်တော့ချေ။

ယခုအချိန်က အလောတကြီး လုပ်ဆောင်ရမည့် အချိန်မဟုတ်ပေ။ အကယ်၍ သူတို့သာ ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာနိုင်မည်ဆိုပါက ကျိပိုတုံလည်း သေချာပေါက် အဆင်ပြေသွားမည် ဖြစ်သည်။

ကျိကျစ်ရှို့၏ နှုတ်ခမ်းအစုံမှာ တောင့်တင်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။

"ရယ်စရာကောင်းလိုက်တာ၊ တကယ်ကို ရယ်ရပါတယ်၊ လူတစ်ယောက်က ကျောက်မျက်တစ်ခုအဖြစ် ဘယ်လိုများ ပြောင်းလဲသွားနိုင်မှာလဲ… တကယ့်ကို ကောင်းတဲ့ ဟာသတစ်ခုပါပဲ..."

"ဟုတ်ပ…"

လင်ကျဲက ခေါင်းညိတ်လိုက်၏။

"ဒါပေမဲ့ ဒီဂျရုမ်းကတော့ ဒါမျိုးနဲ့ ထိုက်တန်ပါတယ်…"

ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကဲ့သို့သော လက်ဝါးကြီးအုပ် ကုမ္ပဏီကြီးတစ်ခုသည် စာအုပ်ဆိုင်ငယ်လေး၏ ပိုင်ရှင်ထက် ပို၍ သတင်းအချက်အလက် စုံလင်မည်မှာ သေချာလှသည်။

အမှန်တရားအသင်းတော်မှ ဌာနခွဲ ဒုတိယအကြီးအကဲ တစ်ဦး သေဆုံးသွားခြင်းကို သိရှိလိုက်သည်နှင့် အဖွဲ့အစည်း အသီးသီးက ချက်ချင်း သတင်းရရှိကြမည်သာ ဖြစ်သည်။ ကျိကျစ်ရှို့၏ တုံ့ပြန်မှုနှင့် အဖြေကို ကြည့်ခြင်းအားဖြင့် လင်ကျဲမှာ ထိုသို့ဖြစ်ကြောင်း သေချာသွားခဲ့သည်။

‘ဒါဆိုရင် ရှင်းပြရတာ သိပ်ပြီး အားစိုက်စရာ မလိုတော့ဘူးပေါ့…’

***

အပိုင်း(၃၁၈)

လင်ကျဲသည် အင်ဒရူးနှင့် ပြောဆိုခဲ့သော စကားများထဲမှ သဘာဝလွန် ဆိုင်ရာ အချက်အလက်များကို ဖယ်ထုတ်လိုက်ကာ အတင်းအဖျင်း ပြန်လည် ပြောပြခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် လူယုတ်မာ ဂျရုမ်း၏ လုပ်ရပ်များကို ဝေဖန်ခဲ့ပြီး စာအုပ်ကဖေးတွင် အလုပ်လုပ်နေသော မိန်းကလေး ပရိုင်မာ အပေါ် အလွန်အမင်း စာနာမိကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် သူသည် အင်ဒရူး၏ ဟာသဉာဏ်နှင့် ပတ်သက်ပြီး သူ၏ သုံးသပ်ချက်ကို ထပ်မံ ပြောကြားလိုက်လေသည်။

"သူက တကယ့်ကို ဟာသဉာဏ် ရှိတယ်လို့ သခင်မလေးကျိ မထင်ဘူးလား… ကျွန်တော်က တံခါးအတွက် လျော်ကြေးပေးဖို့ ဂျရုမ်းကို ခေါ်ခဲ့ပါလို့ပဲ ပြောလိုက်တာကို သူက ဒီပတ္တမြားဟာ ဂျရုမ်းရဲ့ ပြန်ဆပ်မှုပါလို့ ပြောခဲ့တာလေ..."

"တံခါးအတွက်... လျော်ကြေး…”

မှင်တက်သွားသည့် ကျိကျစ်ရှို့သည် စာအုပ်ဆိုင်၏ သစ်သားတံခါးကို လှည့်ကြည့်လိုက်သည်။ ၎င်းမှာ အကောင်းအတိုင်း ရှိနေသေးပုံရသော်လည်း ပြုပြင်ထားသော အစအနများကိုမူ မြင်တွေ့နေရဆဲ ဖြစ်သည်။

လင်ကျဲမှာ ထိုအကြောင်းကို စဉ်းစားမိရုံနှင့်ပင် စိတ်တိုသွားကာ ရှင်းပြလိုက်သည်။

"ကျွန်တော် မွန်းကို တံခါးပြင်ခိုင်းထားတာပါ… ဒါပေမဲ့ အဲဒီတုန်းကတော့ ဂျရုမ်းကြောင့် တံခါးမှာ အပေါက်ကြီး တစ်ခု ဖြစ်သွားခဲ့တာ…"

လင်ကျဲက အပေါက်မှာ မည်မျှ ကြီးမားကြောင်း လက်နှစ်ဖက်ဖြင့် ပြသကာ ညည်းညူလိုက်သည်။

"ဒီလောက်အထိ ကြီးတဲ့ အပေါက်ကြီးလေ... အဲဒါကို ပြင်ဖို့အတွက် ပိုက်ဆံတွေ ဘယ်လောက်တောင် မတရား ကုန်သွားရသလဲ သခင်မလေးကျိ စဉ်းစားကြည့်ပါဦး… ပြောပါဦး၊ သူ ငါ့ကို လျော်ကြေးပေးသင့်တယ် မဟုတ်ဘူးလား…"

ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်သည်။

"ပေးသင့်ပါတယ်"

'ဒါဆို ဂျရုမ်းက ဒီလိုနည်းနဲ့ မစ္စဝာာလင်ကို ပြစ်မှားခဲ့တာပေါ့… ဒါက သူနဲ့ တကယ်ကို ထိုက်တန်ပါတယ်...'

လင်ကျဲက သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ သူက သေသွားပြီဆိုတော့ ကျွန်တော်ပဲ ကိုယ့်ဘာသာ ပေးလိုက်ရတာပေါ့... ဪ၊ အသုံးမကျတဲ့ ကိစ္စတွေကို အတင်းပြောနေမိလို့ ဆောရီးပဲ… ခင်ဗျား တောင်းဆိုချင်တဲ့ အကူအညီက ဘာလဲ"

ကျိကျစ်ရှို့က စိတ်ကို တည်ငြိမ်အောင် ပြန်လည် စုစည်းလိုက်ကာ လေးနက်သော အမူအရာကို ဆင်မြန်းလိုက်၏။ အရေးကြီးဆုံး အခိုက်အတန့်မှာ ဆိုက်ရောက်လာခဲ့လေပြီ။

မစ္စတာလင်သည် သူတို့၏ လုပ်ဆောင်ချက်များကို ကျေနပ်ပုံရသည်။ သို့မဟုတ်ပါက ဤမေးခွန်းကို သူ မေးလိမ့်မည် မဟုတ်ချေ။

သူမသည် အသက်ကို ဝဝရှူလိုက်ကာ လေးနက်စွာ ပြောလိုက်၏။

"ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကို ကိုယ်စားပြုပြီး ကျွန်မတို့ မစ္စဝာာလင်ဆီကနေ ခွင့်ပြုချက်တစ်ခု တောင်းခံချင်ပါတယ်… အဲဒါကတော့ စာအုပ်ဆိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပြီး မစ္စဝာာလင်ရဲ့ ခွင့်ပြုချက်ဘောင်အတွင်းကနေ စာအုပ်တွေကို ဈေးကွက်တင် ရောင်းချပေးချင်လို့ပါ”

“...”

လင်ကျဲမှာ အံ့အားသင့်သွားမိ၏။ လွန်ခဲ့သော အချိန်အတန်ကြာက သူမ လာရောက်စဉ်တွင် ဤအကြောင်းကို သူ အနည်းငယ် စကားစပ်မိခဲ့သည်ကို မှတ်မိလိုက်သည်။ သို့သော်လည်း ထိုစဉ်က ကျိကျစ်ရှို့သည် ရိုးလ် သယံဇာတကို ကိုယ်စားမပြုနိုင်သေးသဖြင့် လင်ကျဲလည်း ထဲထဲဝင်ဝင် မဆွေးနွေးခဲ့ပေ။

ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကဲ့သို့သော အဖွဲ့အစည်းမျိုးကသာ စာအုပ်များကို ဖြန့်ချိပေးမည်ဆိုပါက... ၎င်းမှာ သေချာပေါက် ကောင်းမွန်သော အရာပင်။

လင်ကျဲ အမြဲတစေ စိုးရိမ်နေရသော ဖောက်သည် မရှိသည့် ပြဿနာမှာ ချက်ချင်းပင် ပြေလည်သွားမည်ဖြစ်ကာ သူလည်း ငွေကြေးအတွက် နောက်ထပ် ပူပန်နေရန် မလိုတော့ချေ။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ အနှစ်သက်ဆုံး အလုပ်ဖြစ်သော ထူးဆန်းသည့် ဖောက်သည်များနှင့် စကားပြောခြင်း၊ သူတို့ကို ဘဝသင်ခန်းစာများ ပေးခြင်းနှင့် စာအုပ်ရောင်းခြင်း အမည်ခံ၍ သူတို့၏ ပြဿနာများကို ဖြေရှင်းပေးခြင်းတို့မှာ ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ပြင် ထည့်သွင်းစဉ်းစားရမည့် အခြားအချက်တစ်ခုလည်း ရှိသေးသည်။

သူ၏ စာအုပ်စင်ပေါ်ရှိ စာအုပ်အားလုံးမှာ ရောင်းချ၍ မရနိုင်ခြင်းပင်။

ကမ္ဘာနှစ်ခုကြားရှိ ယဉ်ကျေးမှုနှင့် ပထဝီဝင်ဆိုင်ရာ ကြီးမားသော ခြားနားချက်များကြောင့် အချို့သော အကြောင်းအရာများကို ဤနေရာမှ လူများက နားလည်နိုင်မည် မဟုတ်ပေ၊ ၎င်းမှာ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

ဤအရာကို ဖြေရှင်းရန်အတွက် လင်ကျဲသည် စာအုပ်များကို သူကိုယ်တိုင် တစ်အုပ်ချင်းစီ စစ်ဆေးရမည်ဖြစ်ကာ မည်သည့် စာအုပ်များကို ရောင်းချမည်နည်းဆိုသည်ကို ရွေးချယ်ရမည် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှပေလိမ့်မည်။

သူ တွေဝေနေစဉ်မှာပင် ဟောင်းနွမ်းနေသော သားရေသေတ္တာအတွင်းရှိ အရိပ်မှာ ရုတ်တရက် အသက်ဝင် လာကာ ပုံစံမဖော်နိုင်သော ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သေတ္တာထဲမှ ရွှေပန်းသီးကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်လိုက်သကဲ့သို့ ဖြစ်သွားသည်ကို သူ မြင်လိုက်ရသည်။

'ဘလက်ကီ…'

လင်ကျဲသည် မျက်လုံးကို အကြိမ်ကြိမ် ပွတ်ကြည့်လိုက်၏။ သူ၏ စိတ်အာရုံက ထိုအရာမှာ သူ မတွေ့ရတာ ကြာပြီဖြစ်သော ဘလက်ကီပင် ဖြစ်ကြောင်း ပြောပြနေသည်။

…

ခရီးဆောင်သေတ္တာ၏ အမှောင်ထုအတွင်းမှ ထိုလက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လင်ကျဲမှာ အတော်လေး အံ့အားသင့်သွားမိသည်။

ဘလက်ကီကို သူ နောက်ဆုံးတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော လအနည်းငယ်က ဖြစ်သည်။

ဘလက်ကီသည် အမြဲတမ်း ရုတ်တရက် ပျောက်ကွယ်သွားတတ်သည့် အလေ့အထ ရှိသည်။ လင်ကျဲမှာလည်း ထိုအချက်ကို ကျင့်သားရနေပြီ ဖြစ်သဖြင့် ယခင်တစ်ခေါက် သူ့ကို ကူညီပြီးနောက်တွင် ဘလက်ကီမှာ သူ၏ ပုန်းအောင်းရာ နေရာသို့ ပြန်သွားပြီဟုသာ မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဘလက်ကီ ရုတ်တရက် ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

လင်ကျဲသည် စားပွဲပေါ်တွင် တင်ထားသော တောက်ပနေသည့် ရွှေပန်းသီးကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းအစုံမှာ တွန့်သွားတော့သည်။

'ဘလက်ကီက ပန်းသီးတစ်လုံးအတွက်နဲ့ ပြန်လာတာလား…'

‘ဒါနဲ့... ဒီရွှေပန်းသီးက တကယ်ပဲ စားလို့ရတာလား…’

ပန်းသီးကိုယ်တိုင်က ပုံမှန်မဟုတ်သော်လည်း ၎င်းကို စားသုံးချင်နေသည့်သူမှာလည်း ပုံမှန်မဟုတ်သည်မှာ အမှန်ပင်။

ဤယုတ္တိဗေဒအတိုင်း တွေးတောလိုက်ပြီးနောက် လင်ကျဲသည် သူ့ ရှေ့မှ မြင်ကွင်းကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

ထိုကဲ့သို့ ဖြစ်သွားပြီ ဖြစ်လေရာ လက်ဆောင်ကို ငြင်းပယ်ပြီး ပြန်ပေးမည့် သူ၏ အစီအစဉ်မှာလည်း အသုံးမဝင်တော့ပါချေ။

ဘဝလမ်းပြ စကားလေး အနည်းငယ် ပြောပေးရုံနှင့် မည်သူကမှ ဤမျှလောက် တန်ဖိုးကြီးသော ပစ္စည်းများကို ကျေးဇူးတင်စကားအဖြစ် ပေးလိမ့်မည် မဟုတ်ပေ။

ဤသို့ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သိသာထင်ရှားလှသော လမ်းခင်းမှုတစ်ခု ဖြစ်သည်။ လင်ကျဲသည်လည်း ဤမျှ ရက်ရောသော လက်ဆောင်ကို ရရှိပြီးမှ ဘာမှ ပြန်မလုပ်ပေးဘဲ နေတတ်သူ မဟုတ်ပေ။

ယခု လက်ဆောင်ကို မတတ်သာဘဲ လက်ခံလိုက်ရခြင်းမှာ ကျိကျစ်ရှို့၏ တောင်းဆိုချက် ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အနေဖြင့် စာအုပ်ဆိုင်၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ကို တစ်ပြိုင်နက်တည်း သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

ထို့ပြင် သူသည် အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သော စိတ်ရှုပ်စရာ ကိစ္စရပ်များကိုလည်း ကိုင်တွယ်ဖြေရှင်းရပေဦးမည်။

'တကယ့်ကို စိတ်ပျက်စရာပဲ... ဘလက်ကီက ဒီလောက်အထိ အစားကြီးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…'

လင်ကျဲ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

'ဒီရွှေပန်းသီးတစ်လုံးတည်းကိုပဲ လက်ခံလိုက်ရင် ရတာပဲ… ခင်ဗျားတို့ရဲ့ စေတနာကိုတော့ ငါ လက်ခံပါတယ်၊ ဒါပေမဲ့ ကိုယ်စားလှယ် ရောင်းချခွင့်ကိုတော့ ကျွန်တော် မပေးနိုင်ဘူး လို့ ပြောပြီး ကျန်တာတွေကို ပြန်ပေးလိုက်မယ်… မိန်းကလေးကျိကလည်း နားလည်ပေးလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်…’

သို့သော်လည်း ပုံစံမရှိသော အရိပ်မည်းကြီးသည် ရုတ်တရက် လှုပ်ခါသွားကာ ပိုမို ကြီးထွားလာပြီး ခရီးဆောင်သေတ္တာထဲရှိ ကျန်ရှိသော ပစ္စည်းအားလုံးကို သေမင်း၏ လက်တံများကဲ့သို့ တင်းတင်းကြပ်ကြပ် ဖုံးအုပ်လိုက်လေတော့သည်။

လင်ကျဲ "..."

'ငါ မှားသွားတယ်… ဒီကောင်က အစားကြီးတာတင် မဟုတ်ဘူး… ဘယ်တော့မှ ဗိုက်မဝတဲ့ မိစ္ဆာတစ်ကောင်ပဲ… သူက ငါ့ထက်တောင် ပိုပြီး ဆိုးနေသေးတယ်’

***

All Chapters